(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၄၈)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
နွေရာသီဆိုသည့်အတိုင်း နေ့တစ်၀က်
မကျိုးသေးတာတောင် ရန်ကုန်ရဲ့အပူချိန်ဟာ
တဟိန်ဟိန်ဖြစ်နေလေပြီ။
သစ်လွင်ပူပြင်းသောနေရောင်ခြည်သည်
လေပြေတွေကို တိုးတိုက်ပြီးအခန်းထဲသို့
၀င်ရောက်လာခဲ့၍ ပြူတင်းပေါက်
လိုက်ကာတွေကို ချဖို့ပြူတင်းတံခါးအနားသို့
သွားလိုက်စဉ် အောက်ထပ်သို့အမှတ်မထင်
ကြည့်လိုက်မိလေသည်။
ခြံတစ်ခုလုံးက စိမ်းစိုလှပနေပြီး မြင်ရတာ
စိတ်အေးချမ်းနေပေမဲ့ အမြင်အာရုံထဲသို့
၀င်လာသောအရာကြောင့် မျက်ခုံးတွေကို
တွန့်ကြုံ့လိုက်မိသည်။
ဂိုထောင်ထဲကနေထုတ်လာသော ကားလေးထဲမှ
ဦးမင်းဒင်ဆိုသည့်လူကြီးက ထွက်လာပြီး
အန်တီခိုင်မိုးမြင့်ကို ကားတံခါးဖွင့်ပေးနေသည်။
ဘာကြောင့်မှန်းမသိပေမဲ့ အဲ့ဒီ့လူကြီးကို
မြင်နေရရင် အလိုလိုကြောက်စိတ်၀င်လာမိတယ်။
သူ့ရုပ်ကိုတော့ မရင်းနှီးပေမဲ့သူ့အသံက
ဝိုင်းလေးကို ခြောက်ခြားစိတ်ဖြစ်ပေါ်စေတာ
အမှန်ပဲ။
"မမဝိုင်းလေး..နေပူနေတာကိုလိုက်ကာတွေ
မချဘူးလား.."
နောက်ဘက်ဆီမှာ ကြည်ကြည်၏အသံကြားတော့မှ
ဝိုင်းလေး လိုက်ကာကိုချပစ်လိုက်သည်။
ကြည်ကြည့်ကို လှည့်ကြည့်လိုက်တော့
လက်ထဲမှာ မာလာရှမ်းကောထည့်ထားသည့်
ပန်းကန်ကို ကိုင်ထားပြီးဝိုင်းလေးကို
ပြုံးပြနေလေသည်။
"မာလာရှမ်းကောလုပ်တာက မြန်လှချည်လား.."
"အခုချိန်က အားလုံးချက်ပြုတ်ပြီးတဲ့အချိန်
ဆိုတော့ အန်တီခင်မြက
ချက်ချင်းလုပ်ပေးလိုက်တာလေ..
နည်းနည်းတော့ပူနေသေးတယ်နော်.."
"ကျေးဇူးပါပဲ ကြည်ကြည်ရယ်..
အောက်ထပ်ကို ဆင်းစားချင်ပေမဲ့
ဒေါ်အေးသန်းတို့နဲ့ မတွေ့ချင်လို့လေ.."
ဝိုင်းလေးလည်း ခုံမှာ၀င်ထိုင်လိုက်ပြီး
တူကိုကိုင်ကာ ပြောလိုက်တော့
ကြည်ကြည်ကလည်း သဘောပေါက်စွာ
ခေါင်းညိမ့်ပြလာသည်။
ဒီအိမ်မှာ ကျန်တဲ့လူတွေကဝိုင်းလေးနဲ့
အဆင်ပြေပေမဲ့ အဆင်မပြေတာကတော့
ဒေါ်အေးသန်းတို့တူ၀ရီးရယ်၊ဒေါ်ခိုင်မိုးမြင့်ရယ်နှင့်
မချစ်သက်လျှာသာ ဖြစ်လေသည်။
ဒီလူတွေကတော့ ဘယ်ဘ၀ကအညှိုးတွေ
ကြောင့်လည်း မသိပါဘူး။
ကိုယ့်ဘာသာ အေးဆေးနေတာတောင်
အလကားသပ်သပ် မျက်မုန်းကျိုးနေကြလေရဲ့။
"ကြည်ကြည်နားလည်ပါတယ်..ခုဏကတောင်
မာလာရှမ်းကောကို မမကအခန်းထဲအထိ
ယူလာပေးခိုင်းလို့ဆိုပြီး အတင်းပြောနေကြတာလေ
အန်တီခိုင်မိုးမြင့်ရဲ့ ယောက်ျားဘက်နဲ့
အမျိုးတော်တယ်ဆိုပြီး စောင့်ကြွားစောင့်ကြွား
တအားလုပ်ကြတာ..ကြည့်လို့ကိုမရဘူး..
ကြည့်နေ အစ်ကိုလေးနဲ့ကိုတိုင်ပြောပစ်မယ်.."
"အဲ့လိုတော့ သူများထမင်းအိုးကို
တုတ်နဲ့မထိုးပါနဲ့ဟယ်..မကောင်းပါဘူး
အခုတောင် ဘာမှမလုပ်ပဲအမုန်းခံနေရတာ
ကိုမင်းစက်ကသာ သူတို့ကိုအလုပ်ဖြုတ်လိုက်ရင်
အကြောင်းမဲ့သပ်သပ် ပိုမုန်းခံနေရပါအုံးမယ်.."
"မုန်းလည်း..ဘာအရေးလည်းမမရယ်..
သူတို့လိုလူတွေ မုန်းလည်းမုန်းပါစေပေါ့..
အခုဆို အစ်ကိုလေးမင်းစက်က
မမကိုအရမ်းဂရုစိုက်နေတာပဲလေ..
သူတို့ကိုအလုပ်မပြုတ်စေချင်တာနဲ့ပဲ
ဒီအိမ်ကိုလာတိုင်း စိတ်ဒုက္ခရောက်နေရမှာပေါ့.."
"ထားလိုက်ပါဟာ..ငါ့စိတ်ကိုက
ကိုယ့်ကြောင့် သူများဒုက္ခရောက်ရမှာမျိုးကို
မဖြစ်စေချင်တာ..လူတစ်ကိုယ်စိတ်တစ်မျိုးပဲလေ
ကိုယ်နဲ့ အစေးမကပ်တိုင်း လိုက်ဒုက္ခပေးရင်
ကိုယ်ပဲငရဲရမှာပေါ့.."
"အင်းပါမေတ္တာရှင်မကြီးရယ်..
ကဲ..ကြည်ကြည့်ကိုဘာခိုင်းအုံးမလဲ..
ပန်းကန်ကိုစောင့်ပြီး ယူသွားပေးရမလား.."
"ဘာမှမလိုပါဘူး ဒါပေမဲ့မေးစရာတာ့ရှိတယ်.."
"ဘာမေးမလို့လဲ..မမဝိုင်းလေးရဲ့.."
မာလာရှမ်းကောစားနေသည့် တူကိုချလိုက်ပြီး
ကြည့်ကြည့်မျက်နှာကို သေချာလေး
ကြည့်လိုက်သည်။
ကြည်ကြည်ကလည်း မမဝိုင်းလေး၏
မျက်၀န်းညိုလေးတွေက်ု ပြန်စိုက်ကြည့်ရင်း
မေးလာမည့်အရာကို စောင့်မျှော်နေမိလေသည်။
မမရဲ့မျက်၀န်းတွေက တစ်ခုခုကိုစိုးရိမ်ထိတ်လန့်
နေသည်ဟု ကြည်ကြည်ဘာကြောင့်
ခံစားမိတာပါလိမ့်။
"..ဦးမင်းဒင်က..ထောင်ကျဖူးတယ်လို့
ကြည်ကြည်ပြောခဲ့တယ်နော်.."
"မနက်ကပဲကြည်ကြည့်ကို..မမမေးလို့
ဖြေပြီးပြီလေ..ဘာဖြစ်လို့လဲမမရဲ့"
"ဦးမင်းဒင်က ဘာအမှုနဲ့ထောင်ကျဖူးတာလဲ
ကြည်ကြည်သိလား.."
"ရန်ဖြစ်ပြီးရိုက်မှုတဲ့မမရဲ့..ကြည်ကြည်လည်း
သေချာတော့မသိပါဘူး..
အန်တီခင်မြပြောပြတာ..ဘာလဲ..မမက
ကြည်ကြည့်လိုပဲ အဲ့လူကြီးကိုကြောက်နေလို့လား.."
"ဟုတ်တယ်..သူ့မျက်နှာကြီးက
ကြောက်စရာကြီးနော်..မျက်နှာမှာလည်း
အမာရွတ်ကြီးနဲ့ဆိုတော့ သူ့ရုပ်ကိုတွေ့တာနဲ့
လန့်နေမိတာ.."
"အဲ့တာတော့ မမနဲ့ကြည်ကြည်ကတူသွားပြီး
အဲ့လူကြီးစရောက်တည်းက
ကြည်ကြည်လည်းကြောက်လို့ တစ်ခါမှ
စကားသွားမပြောဖူးဘူး.."
"အမေတို့ကဘာလို့များ နောက်ကြောင်းရာဇ၀င်
မရှင်းတဲ့လူကို အလုပ်ခန့်ရတာလဲမသိဘူး.."
"အန်တီခိုင်မိုးမြင့်ကြောင့်ပေါ့မမရဲ့..
ဒေါ်အေးသန်းနဲ့အမျိုးတော်တယ်ဆိုတော့
အန်တီခိုင်မိုးမြင့်ကလည်း အလုပ်ပေးဖို့
အန်တီရတနာကို တိုက်တွန်းလိုက်တာလေ..
မဟုတ်ရင် ဘယ်လိုလုပ်ပြီးဒီလိုသူဌေးအိမ်မှာ
သူ့လိုထောင်ထွက်တစ်ယောက်ကို..
အလုပ်ပေးမှာလဲ.."
အင်း..ဒီလူကြီးသာဒီမှာအလုပ်
ဆက်လုပ်နေမယ်ဆိုရင် ဝိုင်းလေးတော့
ဒီအိမ်ကို သိပ်လာဖြစ်တော့မယ်မထင်ဘူး။
ကိုယ့်အိမ်က အလုပ်သမားကိုကြောက်စရာ
ဘာအကြောင်းမှမရှိပေမဲ့ အတိတ်မှာ
ခြောက်ခြားစရာအဖြစ်တွေ ရှိနေခဲ့တော့
ဒီလူကြီးရဲ့ အသံကိုကြားရုံနဲ့တင်
မေ့လဲသွားခဲ့ရမှန်း ကိုယ်သာအသိဆုံး။
ဒါပေမဲ့ ကိုကိုကလည်းအလုပ်သွားပြီဆိုတော့
ဒီနေ့တစ်နေ့လုံး ဒီအခန်းထဲမှာပဲ
အချိန်ဖြုန်းမိလိမ့်မည်ထင်သည်။
ကိုကိုကလည်း ပြန်လာမယ်ဆိုပြီး
နေ့လည်ဆယ့်နှစ်နာရီထိုးသည်အထိ
ပြန်မလာသေးတော့ ဝိုင်းလေးလည်း
ဖွားဖွားနု၏အခန်းထဲသို့ အလည်သွားလိုက်ကာ
ဇာတ်ကားတွေသာ ထိုင်ကြည့်နေလိုက်သည်။
"မမဝိုင်းလေးရေ..မမဝိုင်းလေး.."
ဇာတ်ကားကြည့်နေပါတယ်ဆိုနေမှ
ကြည်ကြည်မက ခြေသံတရှပ်ရှပ်နှင့်
အလျားတိုက်ပြေးလာပြီး အခန်းထဲသို့
၀င်လာတော့သည်။
"ဟဲ့ကြည်ကြည်..ဘာဖြစ်လာတာလဲ.."
"ခြံထဲမှာ ဖိုးသားက..စာကလေးငှက်
အကောင်ငါးဆယ်ကို လွှတ်တော့မလို့တဲ့
အဲ့ဒါ ကြည်ကြည်နဲ့အတူ
သွားကြည့်ရအောင်လို့ လာခေါ်တာ.."
"ဟဲ့..အကောင်ငါးဆယ်တောင်ဘာလုပ်ဖို့လဲ.."
ဖွားဖွားနုကပါ ဇာတ်ကားကြည့်နေရာမှ
ထမေးလိုက်လေသည်။
ကြည်ကြည်ကတော့ ငှက်လွှတ်တာကို
တစ်ခါမှ မမြင်ဖူးတော့ အလွန်ကိုမှ
စိတ်အားထက်သန်နေပုံရတယ်။
"အန်တီခိုင်မိုးမြင့်ကလွတ်ခိုင်းတာတဲ့..
ဗေဒင်သွားတွက်ရင်းနဲ့ ဒီရက်ပိုင်းမိသားစုထဲက
တစ်ယောက်ယောက် အချုပ်အနှောင်ခံရကိန်း
မြင်တယ်ဆိုလို့ ယတြာချေတဲ့အနေနဲ့
ငှက်အကောင်ငါးဆယ်ကို ကိုယ့်ခြံထဲကနေ
လွှတ်ပေးရမယ်ဆိုလို့လေ.."
"ဟုတ်လား..အဲ့ဒါဆိုငါလည်းလိုက်ကြည့်မယ်
ငှက်လွှတ်ဖူးပေမဲ့ တစ်ခါမှအဲ့လောက်
အများကြီးလွှတ်တာ မတွေ့ဖူးဘူး..
ဖွားဖွားနု သမီးလိုက်သွားအုံးမယ်နော်.."
"အေး..အေး..အရမ်းတော့အနားမကပ်နဲ့နော်.."
"ဟုတ်ကဲ့ပါ..."
ဖွားဖွားနုကိုခွင့်တောင်းပြီးသည်နှင့်
ကြည်ကြည့်ရဲ့လက်ကို ဆွဲကာအောက်ထပ်သို့
ပြေးဆင်းလာခဲ့လိုက်သည်။
ဒီအိမ်မှာ ဝိုင်းလေးကဘယ်သူ့ကိုမဆို
ကိုယ့်ရပ်ဆွေရပ်မျိုးကဲ့သို့ ဆက်ဆံပေးတတ်တော့
ကြည်ကြည်ကလည်း ဝိုင်းလေးကိုဆို
ဘာကိစ္စပဲရှိရှိ လာပြောတတ်ပြီး
အစ်မအရင်းတစ်ယောက်လို
သဘောထားလေသည်။
နှစ်ယောက်သား ခြံထဲသို့ဆင်းလာကြပြီး
ဖိုးသားရပ်နေသော နေရာသို့
သွားကြည့်လိုက်မိကြသည်။
ဖိုးသားကတော့ ငှက်တွေထည့်ထားသော
သံဇကာလှောင်အိမ်ကြီးကိုကိုင်ပြီး
ဖွင့်ချဖို့လုပ်နေလေရဲ့။
"ဖိုးသား..ငှက်တွေကိုလွှတ်တော့မှာလား.."
ဝိုင်းလေးက ဖိုးသား၏အနောက်မှာဆိုတော့
သူ့ပခုံးကိုပုတ်ပြီးမေးလိုက်မိသည်။
ဘာကြောင့်ရယ်မသိ ဝိုင်းလေးကိုတွေ့တာနဲ့
ကောင်လေးရဲ့ မျက်နှာကအမြဲ
ပန်းရောင်ပြောင်းသွားတတ်ပြီး
အခုလည်း ဘာစကားမှပြောမလာပဲ
ခေါင်းသာညိမ့်ပြနေတော့သည်။
"တို့လွှတ်ကြည့်လို့ရမလား.."
"ရပါတယ်..ဒါပေမဲ့သတိတော့ထားနော်.."
"အင်းပါ..စိတ်ချ.."
ငှက်တွေအများကြီးကို တစ်ခါမှမလွှတ်ဖူးတော့
ဖိုးသားရဲ့လက်ထဲက ငှက်လှောင်အိမ်ကို
ယူလိုက်ပြီးနောက် စိတ်လှုပ်ရှားလာသည်။
"လွှတ်တော့လေ..မမရဲ့..ကြည့်ချင်လှပြီ..
ကြည်ကြည်က လုပ်စရာတွေရှိသေးတယ်..
"အေးပါဟယ်.."
ကြည်ကြည်ကလည်း အတင်းတိုက်တွန်းနေတော့ဝိုင်းလေးလည်း ငှက်လှောင်အိမ်ကို
ဖွင့်ဖို့လုပ်လိုက်သည်။
ငှက်ကလေးတွေကတော့ လွတ်လပ်မှုကို
အင်မတန်လိုလားနေပြီး
အသံတွေဆာထွက်နေအောင်အထိ
ရုန်းကန်အော်ဟစ်နေကြလေသည်။
လှောင်အိမ်တံခါးလေးကိုမဖွင့်ခင်မှာ
စိတ်ထဲကနေ တိုင်တည်နေမိတာကတော့
*ငှက်လေးတွေရေ..မင်းတို့ကိုငါ့လက်နဲ့ကိုယ်တိုင်
အချုပ်အနှောင်ကနေ လွတ်မြောက်အောင်
လုပ်ပေးသလိုပဲ..အကယ်၍ငါလည်း
တစ်ချိန်ချိန်မှာ မင်းတို့လိုအခက်အခဲမျိုးနဲ့
ရက်ဆိုင်ရမယ်ဆိုရင်..ငါ့ကိုလည်းလွတ်မြောက်အောင် ကယ်တင်နိုင်မဲ့သူရှိလာပါစေလို့
ငါဆုတောင်းလိုက်ပါတယ်*
စိတ်ထဲကနေသာ ဆုတောင်းလိုက်ပြီး
ငှက်လှောင်အိမ်ကို ဖွင့်လိုက်စဉ်မှာ..
"အား.."
ငှက်တွေက တဝေါဝေါနဲ့ပျံထွက်နေ၍
ရင်ထိတ်ပြီး အနောက်သို့ ခြေယိုင်သွားပေမဲ့
ပစ်ကျရမည့်အစား တစ်စုံတစ်ယောက်၏
ဖမ်းထိန်းပေးခြင်းကို ခံလိုက်ရလေသည်။
"အဆင်ပြေရဲ့လားမမ.."
အနီးကပ်ကြားလိုက်ရသည့် အသံတိုးတိုး
မျှင်မျှင်လေးကြောင့် မျက်လုံးတွေကို
မှိတ်ထားမိရာမှ ဖွင့်ကြည့်လိုက်တော့
ဝိုင်းလေးကို ကျောဘက်ဆီမှ
ဖမ်းထိမ်းပေးထားသူမှာ ဖိုးသားဖြစ်နေမှန်း
သိလိုက်ရလေသည်။
"ဖိုးသား..မင်းအဲ့ဒါဘာလုပ်နေတာလဲ..!!!"
တစ်ဆက်ထဲမှာ မိုးကြိုးပစ်ချလိုက်သလို
ဟိန်းထွက်သွားသည့် အသံကြီးက
ပေါ်ထွက်လာပြီး ဝိုင်းလေးရဲ့လက်ကို
လာဆွဲခေါ်လိုက်သည့် ဟိုလူကြီး။
မျက်နှာကြီးက အလိုမကျသလိုတွန့်ကြုံ့နေပြီး
ဖိုးသားကိုလည်း ဆူငေါက်နေလေသည်။
ဟိုကလေးကတော့ ခေါင်းလေးငုံ့ပြီး
အပြစ်ပေးခံရမည်ထင်၍ ကြောက်နေရှာသည်။
"ဖိုးသား..မင်းခုဏက
ဘာအပြစ်လုပ်လိုက်တယ်ထင်လဲ.."
သူ့ရင်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို
တိုက်ရိုက်မပြောပဲ ဖိုးသားကို
အသားတွေတောင် ပေါက်ထွက်သွားမတက်
အကြည့်နှင့် ရာဇသံပေးလိုက်တော့
ဖိုးသားခမျာ ကြောက်ဒူးတုန်လာတော့သည်။
လက်တစ်ဖက်ကို မေဝိုင်းလေး၏
ခါးပေါ်မှာ တင်ထားပြီးကျန်လက်တစ်ဖက်ကို
ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်ထားကာ
ခပ်မတ်မတ်ရပ်နေသော သူ့ပုံစံက
မာဖီးယားဂုဏ်ချုပ်ကြီးအလားမှတ်ရသည်။
"ကျွန်တော်တောင်းပန်ပါတယ် အစ်ကိုလေးရယ်
ကျွန်တော်တမင်ရည်ရွယ်ပြီး
လုပ်တာမဟုတ်ရပါဘူး..မမကငှက်လွှတ်ရင်း
လန့်ပြီးလဲမလိုဖြစ်လို့ ကျွန်တော်က
ကူညီလိုက်မိတာပါ.."
"ရည်ရွယ်တာဖြစ်ဖြစ် တမင်လုပ်တာဖြစ်ဖြစ်
ငါ့ဥယျာ်ထဲက ပန်းကလေးကို
လိပ်ပြာလာနားရင်တောင် ငါမကြိုက်ဘူး..
အထုပ်ပြင်ပြီး ဒီအိမ်ထဲကနေသာ
ထွက်သွားလိုက်တော့.."
သူကအရပ်ရှည်တော့ အောက်မေးရိုးမှတစ်ဆင့်
သူ့မျက်နှာကို ဝိုင်းလေးမော့ကြည့်လိုက်မိသည်။
ဖိုးသားဆိုတာ သူမွေးမှသူ့သားအရွယ်လောက်
ရှိသည့် ဆယ့်ခြောက်နှစ်သားလေးပါ။
အလုပ်ထုတ်ရတဲ့ သူ့ရဲ့ရည်ရွယ်ချက်က
ဝိုင်းလေးကို ဖိုးသားတစ်ယောက်
ကိုင်ထိန်းပေးလိုက်လို့ဆိုတာ သေချာတယ်။
သူ့အသက်အရွယ်နဲ့ ကလေးတစ်ယောက်ကို
အဲ့လောက်တောင် သ၀န်တိုစရာလား။
ဒါက သူများကိုတမင်အနိုင်ကျင့်နေတာပဲ။
"ကိုမင်းစက်..ရှင်အဲ့လိုမပြောသင့်ဘူး
သူများတကာက ကူညီလည်းပေးရသေးတယ်
အလုပ်လည်းဖြုတ်ခံရအုံးမယ်ဆိုတော့..
ရှင့်ကိုယ်ရှင် တရားတယ်လို့ထင်ရဲ့လား..
"ကိုယ်မကြိုက်ဘူးကွာ..မေ့အသားကို
ဘယ်သူထိတာမှ ကိုယ်မကြိုက်ဘူး
အခုသူက မေ့အသားကိုထိကိုင်လိုက်တယ်..
ဒါကြောင့်..ကိုယ်သူ့ကိုမမြင်ချင်တော့ဘူး.."
မဟုတ်သေးပါဘူး။
သူကဘာလို့ အဲ့လောက်ဒေါသကြီးနေရတာလဲ။
ဖိုးသားကလည်း ဘာအမှားမှလုပ်လိုက်တာလည်း
မဟုတ်ဘူး။
"ရှင်ဘယ်လိုဖြစ်နေတာလဲ..ပြောလေကဲလေပါလား
ဝိုင်းလေးရဲ့ခန္ဓာကိုယ်ကို ရှင်ပိုင်တယ်များ
မှတ်နေလား..လမ်းလျှောက်ရင်းတောင်
တစ်ယောက်နဲ့တစ်ယောက် တိုက်မိတတ်တာပဲကို
လူကြီးဖြစ်ပြီး ကလေးကိုဘာလို့
အနိုင်ကျင့်နေရတာလဲ..ဖိုးသားကရှင်မွေးရင်
ရှင့်သားအရွယ်လောက်ပဲ ရှိတယ်နော်.."
"မေ..မင်းဘာလို့ကိုယ့်စိတ်ကို
နားမလည်ရတာလဲ.."
"ရှင်ကရော ဘာလို့ကလေးနဲ့တောင်တုပြီး
သ၀န်လိုက်တိုနေရတာလဲ..."
"တိုတယ်ကွာ..ကိုယ့်မိန်းမကိုယ်ချစ်လို့
သ၀န်တိုတာဘာဖြစ်လဲ..ဖိုးသားနဲ့တင်မဟုတ်ဘူး
ဘယ်ကောင်နဲ့မှ အတူရှိနေတာကို
ကိုယ်မကြိုက်ဘူးကွာ..ရှင်းပြီလား.."
"ကိုယ့်မိန်းမကိုယ်ချစ်လို့.."ဆိုသည့်စကားမှာတင်
ဝိုင်လေးအဖို့ ပြောစရာမဲ့အောင်
စွံ့အသွားရလေသည်။
သူ့ပြောတဲ့စကားက လူတစ်ယောက်ကို
သိပ်ချစ်ကြောင်း ၀န်ခံနေတယ်ဆိုပေမဲ့
သူ့လေသံကတော့ တစ်ယောက်ထဲ
မောင်ပိုင်စီးလိုတဲ့ အလိုလောဘတွေပါ၀င်နေတယ်။
မသိရင် ဝိုင်းလေးကိုတောင်
ဝါးမျိုထားတော့မဲ့ အတိုင်းပဲ။
"နောက်ပြီး မေ့ကို..ကိုယ်မပိုင်ဘူးဆိုတဲ့
စကားမျိုး နောက်တစ်ခါထပ်မပြောပါနဲ့..
ကိုယ့်ကိုလည်း မေပိုင်သလို
မေ့ကိုလည်း ကိုယ်ပိုင်တယ်..
မေ့အသားကို ကိုယ်ကလွဲပြီးဘယ်သူမှ
ထိခွင့်၊ကိုင်ခွင့်..နမ်းခွင့်မရှိဘူး..
ဒါကိုယ်ထုတ်တဲ့ဥပဒေပဲ.."
"သူများတွေရှိနေတယ်လေ..ဘာစကားတွေ
လျှောက်ပြောနေတာလဲ.."
နားရှက်စရာ စကားကြီးကြောင့်
သူ့လက်မောင်းကို ပိတ်ရိုက်ပစ်လိုက်မိလေသည်။
နှစ်ယောက်တည်းဆို ကိစ္စမရှိပါဘူး။
အခုဟာက ကြည်ကြည်တို့၊ဖိုးသားတို့
ရှိနေတယ်လေ။
ဘာမှမဟုတ်တာလေးကို တအားပုံကြီးချဲ့တာပဲ။
သူ့ဘေးနားမှာ ဆက်နေရင်နောက်ထပ်
စည်းလွတ်ဝါးလွတ် စကားမျိုးတွေ
ထပ်ကြားဖို့ရာ နားမခံသာနိုင်တော့၍
ထိုနေရာမှ ပြေးထွက်လာခဲ့လိုက်သည်။
မင်းစက်အာဏာကလည်း ချက်ချင်းဆိုသလို
မေဝိုင်းလေး၏ အနောက်သို့ပြေးလိုက်သွားပြီး
လမ်းတစ်၀က်မှာတင် မေ့ရဲ့လက်ကို
ဖမ်းဆွဲထားလိုက်သည်။
"တကယ်လို့ ဖိုးသားကိုအလုပ်မထုတ်စေချင်ရင်
ဒီအိမ်မှာ မနေရဘူး...
အခုချက်ချင်းကိုယ့်အိမ်ကို ပြန်လိုက်ခဲ့တော့.."
ပါးစပ်ကလည်းပြောရင်း ဝိုင်းလေးရဲ့လက်ကိုပါ
အတင်းဆွဲနေပြန်သည်။
"ဘာဖြစ်နေတာလဲ..ပြန်ရမယ်ဆိုရင်တောင်
ဖွားဖွားနုတို့ကို နှုတ်ဆက်ရမယ်လေ.."
"မလိုပါဘူးကွာ..နောက်မှဖုန်းဆက်လိုက်လည်း
ရပါတယ်.."
"ရှင်နဲ့တော့ တကယ်မလွယ်ပါလား.."
နောက်ဆုံးမှာ ဝိုင်းလေးပဲသူ့ကို
အလျှော့ပေးရပြန်သည်။
သူဝိုင်းလေးကို သိပ်ချစ်မှန်းသူ့အပြုအမူတွေကနေ
သိနိုင်ပေမဲ့ သူ့အချစ်ကနူးညံ့ငြင်သာမှုမရှိဘူး။
ဝိုင်းလေး လိုအပ်တဲ့ချစ်ခြင်းက
ဒီလိုမျိုးမှ မဟုတ်ပဲ။
တစ်ယောက်နဲ့တစ်ယောက်
ယုံကြည်ပေးပြီး ၊စာနာမှုတွေနဲ့အချင်းချင်း
ဖေမတာမျိုးပဲ ဖြစ်စေချင်တယ်။
သူ့အချစ်ကတော့ အပြောင်းအလဲမြန်လွန်းတယ်လို့
ခံစားမိတာပဲသိတယ်။
တစ်ခါတလေမှာ အရမ်းနူးညံ့ပြတယ်။
တစ်ခါတလေ လောဘကြီးပြီး
ကန့်သတ်၊ချုပ်ခြယ်မှုတွေများတယ်။
တစ်ခါတလေကြတော့ တဖက်သတ်ဆန်လွန်းပြီး
ယုံကြည်ပေးမှုအားနည်းတယ်။
ဘယ်အရာမဆို ချက်ချင်းလက်ငင်း
ထလုပ်တတ်တဲ့ သူ့အကျင့်စရိုက်အတိုင်း
ဝိုင်းလေးရဲ့ ခံစားချက်ဖြစ်တည်မှု
အားလုံးကိုလည်း ရေသွန်လိုက်သလို
ဝေါခနဲ သူ့ဘက်ကိုစီးကျလာမယ်လို့
ထင်နေပုံပါပဲ။
ဝိုင်းလေးလည်း သူ့ကိုချစ်ပါတယ်။
ဒါပေမဲ့ အပြည့်အ၀တော့မယုံကြည်နိုင်သေးဘူး။
စိတ်ထဲမှာ သူ့ရဲ့ချစ်တယ်ဆိုတဲ့
ခံစားချက်က ဟုန်းကနဲထတောက်တဲ့မီးလို
အချိန်တန်ရင် အရှိန်သတ်သွားမယ်လို့ပဲ
ထင်နေမိတယ်။
🌹🌹🌹🌹🌹🌹🌹
"မျက်နှာကြီးက..ဘာဖြစ်နေတာလဲ.."
"ဘာမှမဖြစ်ဘူး.."
"သေချာလို့လား.."
"သိရဲ့သားနဲ့ ဘာတွေလျှောက်မေးနေတာလဲ
ကိုယ့်ကားကိုသာ ဂရုစိုက်ပြီးမောင်းစမ်းပါ.."
ကိုယ့်မိန်းမက ဘာလေးပဲမေးလိုက်မေးလိုက်
မျက်စောင်းတခဲခဲနဲ့ ရန်ပြန်တွေ့နေတော့
သူလည်း ဘယ်လိုမှမနေတတ်တော့ပေ။
ထို့ကြောင့် အိမ်ကိုရောက်ခါနီးနေပေမဲ့ လမ်းဘေး၌
ကားကို ထိုးရပ်ပစ်လိုက်သည်။
"မနက်ကအထိ အဆင်ပြေနေရဲ့သားနဲ့ကွာ
ဟိုကောင်ဖိုးသား ၀င်ရှုပ်တာနဲ့ပဲ
ပြဿနာတွေက အတုံးလိုက်၊အတစ်လိုက်
တတ်တော့တာပဲ.."
"အံ့ဩပါရဲ့ ပြဿနာကိုဖိုးသားက
အရင်စရှာတာလား..ရှင်ကအရင်စရှာတာလား..
ဖိုးသားကကူညီပေးတာပါလို့
ဒီလောက်ပြောနေတာကို ဘာလို့
နားမလည်ရတာလဲ.."
"နားလည်တယ်..ဒါပေမဲ့ကိုယ့်စိတ်ထဲမှာ
မေနဲ့ပတ်သတ်ရင် နည်းနည်းလေးမှ
အစွန်းအထင်းမခံနိုင်ဘူး.."
"အဲ့လိုစိတ်မျိုးနဲ့ဆို ဝိုင်းလေးတို့နှစ်ယောက်
ဘယ်လိုလုပ်ပြီး ရှေ့ဆက်လို့ရတော့မှာလဲ
တစ်ယောက်ကိုတစ်ယောက်
နားမလည်ပေးနိုင်ရင်
သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို
ဘယ်လိုလုပ်ပြီး တည်ဆောက်လို့ရမှာလဲ
ပြောစမ်းပါအုံး..မြန်မာနိုင်ငံမှာ
ယောက်ျားတွေ သန်းနဲ့ချီပြီးရှိနေတာကို
တွေ့တဲ့လူနဲ့ လိုက်သမှုတ်နေရင်
ဝိုင်းလေးအနေခက်တယ်ရှင့်..သိရဲ့လား..
အဲ့လိုပြောနေတည်းက ဝိုင်းလေးရဲ့သိက္ခာကို
စော်ကားလိုက်တာနဲ့ အတူတူပဲ
နောက်ပြီးဖိုးသားက ကလေးပဲရှိသေးတဲ့ဥစ္စာ.."
"ဘာကလေးလည်း..မင်းကယောက်ျားတွေ
အကြောင်းကို ဘယ်လောက်သိလို့လဲ..
မြွေမြွေခြင်းပဲ ခြေမြင်တယ်ကွ.."
"ရှင်တို့ဘာသာ ခြေပဲမြင်မြင်
လက်ပဲမြင်မြင် ဝိုင်းလေးစိတ်မ၀င်စားဘူး.."
"စိတ်မ၀င်စားရင်လည်း နေတော့ကွာ.."
"နေမယ်..နေမယ်..အခုချက်ချင်း
အမေ့အိမ်ကိုပြန်ပို့ ရှင်နဲ့လည်းမပေါင်းနိုင်တော့ဘူး
အဟင့်..မနေ့ညကတော့အမျိုးမျိုး
ပလီပလာနဲ့ကတိတွေလျှောက်ပေးပြီး
အခုကြတော့ လူကိုအော်လားငေါက်လားနဲ့
အမေ့အိမ်ကိုပဲ ပြန်ပို့ပေးတော့
ရှင်နဲ့ လုံး၀မပေါင်းနိုင်တော့ဘူး.."
"ဟာကွာ..ဘာလို့ငိုနေရတာလဲ.."
မေကငိုနေတော့ သူ့စိတ်ထဲမှာဘယ်လိုမှ
မခံသာတော့၍ ကားစတီယာရင်ကိုသာ
ပိတ်ထုချလိုက်မိလေသည်။
မေ့ကိုမျက်ရည်ထပ်မကျစေချင်ခဲ့ပေမဲ့
မေ့အသားကို အခြားလူတစ်ယောက်က
ထိတာကို မြင်လိုက်ရတော့
စိတ်ထဲမှာ ဒူးရင်းသီးကိုဖင်ခုထိုင်ထားသလို
ဖြစ်နေတာအမှန်ပဲ။
မေ့ခံစားချက်ကို နားလည်ပေမဲ့ ၀င်းနဲ့ကိစ္စက
ဖြစ်ထားတော့ အလားတူအဖြစ်မျိုးကို
ထပ်အဖြစ်မခံနိုင်ဇောနဲ့ စကားတွေအများကြီး
ပြောမိသွားတယ်။
အခုတော့ မေငိုလေပြီ။
ဘယ်လိုလုပ်ရပါ့မလဲ။
နောက်ဆုံးတော့ သက်ပြင်းမောကိုသာချလိုက်မိပြီး
မေ့ရဲ့ခါးပတ်ကို ဆွဲဖြုတ်ပစ်လိုက်သည်။
ပြီးနောက် မေ့ကိုယ်လေးအား ကိုယ့်ဘက်သို့
ဆွဲ့လှည့်စေလိုက်တော့သည်။
မေက မျက်ရည်ဝိုင်းနေသော
မျက်၀န်းတွေနဲ့ မော့ကြည့်လာခဲ့ပေမဲ့
သဘောတူတူ၊မတူတူ ထိုမျက်၀န်းဝိုင်းလေးကိုသာ
သူ့နှုတ်ခမ်းပါးတွေနှင့် ဖိကပ်ပစ်လိုက်မိလေသည်။
မျက်ရည်ရဲ့အရသာဟာ ငန်ကျိကျိလေးမှန်း
သူအခုမှပဲသိတော့တယ်။
ဒါပေမဲ့ ထိုအရသာကိုသူမရွံပါဘူး။
ဘာကြောင့်လဲဆို အရာအားလုံးဟာ
မေ့ဆီကနေ ဆင်းသက်လာခဲ့လို့လေ။
"ဘာလုပ်တာလဲ..ကျွန်မကိုလွှတ်ပေး.."
"လေသံကြီးကလည်းမာလိုက်တာကွာ..
ကိုယ့်မိန်းမကို ကိုယ်နမ်းတာပဲ
ခွင့်မပြုဘူးလား.."
ဟော..အခုကြတော့သူ့လေသံက ပျော့သွားပြန်ပြီ။
တကယ်ကို တတ်လည်း၊တတ်နိုင်လွန်းတယ်။
မာယာတွေကလည်း များလိုက်တာ။
သူကလေသံပျော့တော့ ကိုယ်ကလည်း
မမာနိုင်တော့ဘူးလေ။
အစတည်းက ဒီယောက်ျားကိုမကွဲနိုင်လို့ပဲ
အလျော့ပေးပြီး ပြန်ပေါင်းမိနေတော့
အခက်သားလား။
ကိုယ့်ဘက်က ချိုသည်ခါးသည်
ဘာမှတုန့်ပြန်မလာတော့ ကားထဲမှာတောင်
မရှောင် သူ့ရင်ခွင်ကျယ်ကြီးထဲသို့
ဆွဲခေါ်ပြန်လေသည်။
"ကွဲမယ်ကွာမယ်တော့ မပြောပါနဲ့ကွာ..
နောက်ပြီး မျက်ရည်လည်းမကျပါနဲ့..
မေငိုရင် ကိုယ်လုံးဝ..မခံစားနိုင်ဘူး..
အခုလည်း ကိုယ်သ၀န်တိုပြီး
ဖြစ်ချင်တာတွေ အရမ်းများသွားတာပါ..
မေ့ကို ကိုယ်အရမ်းချစ်တယ်..
ဒါကို..မေသိစေချင်တယ်ကွာ.."
"သိပါတယ်..ဒါပေမဲ့ကိုကို့အနေနဲ့
ဝိုင်းလေးဘက်က ပြောလာတာကိုမစောင့်ပဲ
ထင်ချင်သလိုထင်၊တွေးချင်သလို
တွေးတာမျိုးတော့ မဖြစ်စေချင်ဘူး..
ဝိုင်းလေးရဲ့စကားကိုလည်း
နားထောင်စေချင်တယ်..
ဝိုင်းလေးကို ယုံကြည်ပေးစေချင်တယ်.."
"ဟုတ်ပါပြီကွာ..မိန်းမစကားကိုဒီနေ့ကစပြီး
တသွေမသိမ်း လိုက်နာပေးပါ့မယ်..
ကျေနပ်ပြီလား.."
"ပြောတာပဲ..ပြီးတော့မှတစ်မျိုးပြောင်းရင်
ဘယ်လိုအပြစ်ပေးရမှာလဲပြော.."
"ကွဲမဲ့၊ကွာမဲ့ကိစ္စကလွဲပြီး
ကြိုက်တဲ့အပြစ်ပေးလို့ရတယ်.."
"တကယ်နော်..ကိုယ့်စကားကိုယ်တည်ရမယ်.."
"ဘုရားစူး..မိုးကြိုးပစ်ကွာ.."
မင်းစက်အာဏာဆိုတဲ့လူကြီးက
လက်သုံးချောင်းထောင်ပြီး လာကျိန်ဆိုပြနေတော့
နည်းနည်းတော့ ရယ်ချင်မိသား။
ဘာပဲဖြစ်ဖြစ် စိတ်အေးချမ်းသွားတာတော့အမှန်ပဲ။
နှစ်ဦးသား ရန်ပြည်ငြိမ်းသွားပြီဆိုတော့
ကားမောင်းနေရင်းတောင် လက်ကလေး
တွဲထားမိကြလေသည်။
"ကိုကို.ခြံရှေ့မှာ ကားတစ်စီးရပ်ထားတယ်
ဘယ်သူ့ကားလည်း မသိဘူးနော်.."
ခြံတံခါးရှေ့တည့်တည့်မှာ ကားတစ်စီးက
ပိတ်ရပ်ထား၍ ဝိုင်းလေးတို့ကားက
ခြံထဲသို့ တန်း၀င်လို့မရတော့ပေ။
ဝိုင်းလေးတို့နှစ်ယောက်သား
ကားပေါ်မှ ဆင်းလိုက်ကြသည်နှင့်
တစ်ဖက်ကားတံခါးကလည်း ပွင့်လာခဲ့ပြီး
ကားပေါ်မှ မိန်းမငယ်လေးတစ်ယောက်
ဆင်းပြေးလာတာကို တွေ့လိုက်ရလေသည်။
"ဘယ်သူပါလိမ့်.."ဟုစိတ်ထဲမှာ
ရေရွတ်မိယုံရှိသေး..။
ထိုမိန်းကလေးက ကိုယ့်ယောက်ျားကို
ပြေးဖက်လိုက်ရဲ့ နှလုံးသွေးတွေတောင်
ဆောင့်ခုန်မိတော့မတက်ဖြစ်သွားရလေသည်။
ရုတ်တရက် အခြေအနေကြောင့်
ကိုကိုလည်း တားချိန်မရလိုက်ပဲ
ကြောင်တောင်တောင် ဖြစ်နေစဉ်မှာ
ထိုမိန်းကလေးက အပြုံးမျက်လုံးလေးနှင့်
မော့ကြည့်လာပြီး အသံချိုချိုလေးနှင့်
ပြောလိုက်သည်က...
"ကိုကို..စနိုးတို့မတွေ့ရတာကြာပြီနော်..."
*ဟင်..ကိုကိုတဲ့..ဒီအသုံးအနှုန်းက
ဝိုင်လေးနဲ့ကိုမင်းစက်ကြားမှာ
ချစ်စနိုးနဲ့ ခေါ်တဲ့အသုံးအနှုန်းလေးပဲ..
အခြားသူတွေရှိတဲ့အချိန်ဆို ရှက်လို့မခေါ်ရဲတဲ့
အသုံးအနှုန်းကို ဒီမိန်းကလေးကတော့
ဝိုင်းလေးရဲ့ အရှေ့မှာတောင် အားပါးတရ
ခေါ်လိုက်လေရဲ့..
*စနိုးတဲ့..*
သူကကိုကိုနဲ့ဘယ်လိုပတ်သတ်တာလဲ...???*
အခန်း(၄၉)ဆက်ရန်*
စာရေးသူ..ဆောင်းငွေ့ဝေ
🌹🌹🌹🌹🌹🌹🌹🌹
မင်းစက်အာဏာအလှည့်ပြီးတော့
မဝိုင်းအလှည့်ပေါ့🤭
==================
============================
အခန္း(၄၈)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
ေႏြရာသီဆိုသည့္အတိုင္း ေန႔တစ္၀က္
မက်ိဳးေသးတာေတာင္ ရန္ကုန္ရဲ႕အပူခ်ိန္ဟာ
တဟိန္ဟိန္ျဖစ္ေနေလၿပီ။
သစ္လြင္ပူျပင္းေသာေနေရာင္ျခည္သည္
ေလေျပေတြကို တိုးတိုက္ၿပီးအခန္းထဲသို႔
၀င္ေရာက္လာခဲ့၍ ျပဴတင္းေပါက္
လိုက္ကာေတြကို ခ်ဖို႔ျပဴတင္းတံခါးအနားသို႔
သြားလိုက္စဥ္ ေအာက္ထပ္သို႔အမွတ္မထင္
ၾကည့္လိုက္မိေလသည္။
ၿခံတစ္ခုလုံးက စိမ္းစိုလွပေနၿပီး ျမင္ရတာ
စိတ္ေအးခ်မ္းေနေပမဲ့ အျမင္အာ႐ုံထဲသို႔
၀င္လာေသာအရာေၾကာင့္ မ်က္ခုံးေတြကို
တြန႔္ႀကဳံ႕လိုက္မိသည္။
ဂိုေထာင္ထဲကေနထုတ္လာေသာ ကားေလးထဲမွ
ဦးမင္းဒင္ဆိုသည့္လူႀကီးက ထြက္လာၿပီး
အန္တီခိုင္မိုးျမင့္ကို ကားတံခါးဖြင့္ေပးေနသည္။
ဘာေၾကာင့္မွန္းမသိေပမဲ့ အဲ့ဒီ့လူႀကီးကို
ျမင္ေနရရင္ အလိုလိုေၾကာက္စိတ္၀င္လာမိတယ္။
သူ႔႐ုပ္ကိုေတာ့ မရင္းႏွီးေပမဲ့သူ႔အသံက
ဝိုင္းေလးကို ေျခာက္ျခားစိတ္ျဖစ္ေပၚေစတာ
အမွန္ပဲ။
"မမဝိုင္းေလး..ေနပူေနတာကိုလိုက္ကာေတြ
မခ်ဘူးလား.."
ေနာက္ဘက္ဆီမွာ ၾကည္ၾကည္၏အသံၾကားေတာ့မွ
ဝိုင္းေလး လိုက္ကာကိုခ်ပစ္လိုက္သည္။
ၾကည္ၾကည့္ကို လွည့္ၾကည့္လိုက္ေတာ့
လက္ထဲမွာ မာလာရွမ္းေကာထည့္ထားသည့္
ပန္းကန္ကို ကိုင္ထားၿပီးဝိုင္းေလးကို
ၿပဳံးျပေနေလသည္။
"မာလာရွမ္းေကာလုပ္တာက ျမန္လွခ်ည္လား.."
"အခုခ်ိန္က အားလုံးခ်က္ျပဳတ္ၿပီးတဲ့အခ်ိန္
ဆိုေတာ့ အန္တီခင္ျမက
ခ်က္ခ်င္းလုပ္ေပးလိုက္တာေလ..
နည္းနည္းေတာ့ပူေနေသးတယ္ေနာ္.."
"ေက်းဇူးပါပဲ ၾကည္ၾကည္ရယ္..
ေအာက္ထပ္ကို ဆင္းစားခ်င္ေပမဲ့
ေဒၚေအးသန္းတို႔နဲ႔ မေတြ႕ခ်င္လို႔ေလ.."
ဝိုင္းေလးလည္း ခုံမွာ၀င္ထိုင္လိုက္ၿပီး
တူကိုကိုင္ကာ ေျပာလိုက္ေတာ့
ၾကည္ၾကည္ကလည္း သေဘာေပါက္စြာ
ေခါင္းညိမ့္ျပလာသည္။
ဒီအိမ္မွာ က်န္တဲ့လူေတြကဝိုင္းေလးနဲ႔
အဆင္ေျပေပမဲ့ အဆင္မေျပတာကေတာ့
ေဒၚေအးသန္းတို႔တူ၀ရီးရယ္၊ေဒၚခိုင္မိုးျမင့္ရယ္ႏွင့္
မခ်စ္သက္လွ်ာသာ ျဖစ္ေလသည္။
ဒီလူေတြကေတာ့ ဘယ္ဘ၀ကအညႇိဳးေတြ
ေၾကာင့္လည္း မသိပါဘူး။
ကိုယ့္ဘာသာ ေအးေဆးေနတာေတာင္
အလကားသပ္သပ္ မ်က္မုန္းက်ိဳးေနၾကေလရဲ႕။
"ၾကည္ၾကည္နားလည္ပါတယ္..ခုဏကေတာင္
မာလာရွမ္းေကာကို မမကအခန္းထဲအထိ
ယူလာေပးခိုင္းလို႔ဆိုၿပီး အတင္းေျပာေနၾကတာေလ
အန္တီခိုင္မိုးျမင့္ရဲ႕ ေယာက္်ားဘက္နဲ႔
အမ်ိဳးေတာ္တယ္ဆိုၿပီး ေစာင့္ႂကြားေစာင့္ႂကြား
တအားလုပ္ၾကတာ..ၾကည့္လို႔ကိုမရဘူး..
ၾကည့္ေန အစ္ကိုေလးနဲ႔ကိုတိုင္ေျပာပစ္မယ္.."
"အဲ့လိုေတာ့ သူမ်ားထမင္းအိုးကို
တုတ္နဲ႔မထိုးပါနဲ႔ဟယ္..မေကာင္းပါဘူး
အခုေတာင္ ဘာမွမလုပ္ပဲအမုန္းခံေနရတာ
ကိုမင္းစက္ကသာ သူတို႔ကိုအလုပ္ျဖဳတ္လိုက္ရင္
အေၾကာင္းမဲ့သပ္သပ္ ပိုမုန္းခံေနရပါအုံးမယ္.."
"မုန္းလည္း..ဘာအေရးလည္းမမရယ္..
သူတို႔လိုလူေတြ မုန္းလည္းမုန္းပါေစေပါ့..
အခုဆို အစ္ကိုေလးမင္းစက္က
မမကိုအရမ္းဂ႐ုစိုက္ေနတာပဲေလ..
သူတို႔ကိုအလုပ္မျပဳတ္ေစခ်င္တာနဲ႔ပဲ
ဒီအိမ္ကိုလာတိုင္း စိတ္ဒုကၡေရာက္ေနရမွာေပါ့.."
"ထားလိုက္ပါဟာ..ငါ့စိတ္ကိုက
ကိုယ့္ေၾကာင့္ သူမ်ားဒုကၡေရာက္ရမွာမ်ိဳးကို
မျဖစ္ေစခ်င္တာ..လူတစ္ကိုယ္စိတ္တစ္မ်ိဳးပဲေလ
ကိုယ္နဲ႔ အေစးမကပ္တိုင္း လိုက္ဒုကၡေပးရင္
ကိုယ္ပဲငရဲရမွာေပါ့.."
"အင္းပါေမတၱာရွင္မႀကီးရယ္..
ကဲ..ၾကည္ၾကည့္ကိုဘာခိုင္းအုံးမလဲ..
ပန္းကန္ကိုေစာင့္ၿပီး ယူသြားေပးရမလား.."
"ဘာမွမလိုပါဘူး ဒါေပမဲ့ေမးစရာတာ့ရွိတယ္.."
"ဘာေမးမလို႔လဲ..မမဝိုင္းေလးရဲ႕.."
မာလာရွမ္းေကာစားေနသည့္ တူကိုခ်လိုက္ၿပီး
ၾကည့္ၾကည့္မ်က္ႏွာကို ေသခ်ာေလး
ၾကည့္လိုက္သည္။
ၾကည္ၾကည္ကလည္း မမဝိုင္းေလး၏
မ်က္၀န္းညိဳေလးေတြက္ု ျပန္စိုက္ၾကည့္ရင္း
ေမးလာမည့္အရာကို ေစာင့္ေမွ်ာ္ေနမိေလသည္။
မမရဲ႕မ်က္၀န္းေတြက တစ္ခုခုကိုစိုးရိမ္ထိတ္လန႔္
ေနသည္ဟု ၾကည္ၾကည္ဘာေၾကာင့္
ခံစားမိတာပါလိမ့္။
"..ဦးမင္းဒင္က..ေထာင္က်ဖူးတယ္လို႔
ၾကည္ၾကည္ေျပာခဲ့တယ္ေနာ္.."
"မနက္ကပဲၾကည္ၾကည့္ကို..မမေမးလို႔
ေျဖၿပီးၿပီေလ..ဘာျဖစ္လို႔လဲမမရဲ႕"
"ဦးမင္းဒင္က ဘာအမႈနဲ႔ေထာင္က်ဖူးတာလဲ
ၾကည္ၾကည္သိလား.."
"ရန္ျဖစ္ၿပီး႐ိုက္မႈတဲ့မမရဲ႕..ၾကည္ၾကည္လည္း
ေသခ်ာေတာ့မသိပါဘူး..
အန္တီခင္ျမေျပာျပတာ..ဘာလဲ..မမက
ၾကည္ၾကည့္လိုပဲ အဲ့လူႀကီးကိုေၾကာက္ေနလို႔လား.."
"ဟုတ္တယ္..သူ႔မ်က္ႏွာႀကီးက
ေၾကာက္စရာႀကီးေနာ္..မ်က္ႏွာမွာလည္း
အမာ႐ြတ္ႀကီးနဲ႔ဆိုေတာ့ သူ႔႐ုပ္ကိုေတြ႕တာနဲ႔
လန႔္ေနမိတာ.."
"အဲ့တာေတာ့ မမနဲ႔ၾကည္ၾကည္ကတူသြားၿပီး
အဲ့လူႀကီးစေရာက္တည္းက
ၾကည္ၾကည္လည္းေၾကာက္လို႔ တစ္ခါမွ
စကားသြားမေျပာဖူးဘူး.."
"အေမတို႔ကဘာလို႔မ်ား ေနာက္ေၾကာင္းရာဇ၀င္
မရွင္းတဲ့လူကို အလုပ္ခန႔္ရတာလဲမသိဘူး.."
"အန္တီခိုင္မိုးျမင့္ေၾကာင့္ေပါ့မမရဲ႕..
ေဒၚေအးသန္းနဲ႔အမ်ိဳးေတာ္တယ္ဆိုေတာ့
အန္တီခိုင္မိုးျမင့္ကလည္း အလုပ္ေပးဖို႔
အန္တီရတနာကို တိုက္တြန္းလိုက္တာေလ..
မဟုတ္ရင္ ဘယ္လိုလုပ္ၿပီးဒီလိုသူေဌးအိမ္မွာ
သူ႔လိုေထာင္ထြက္တစ္ေယာက္ကို..
အလုပ္ေပးမွာလဲ.."
အင္း..ဒီလူႀကီးသာဒီမွာအလုပ္
ဆက္လုပ္ေနမယ္ဆိုရင္ ဝိုင္းေလးေတာ့
ဒီအိမ္ကို သိပ္လာျဖစ္ေတာ့မယ္မထင္ဘူး။
ကိုယ့္အိမ္က အလုပ္သမားကိုေၾကာက္စရာ
ဘာအေၾကာင္းမွမရွိေပမဲ့ အတိတ္မွာ
ေျခာက္ျခားစရာအျဖစ္ေတြ ရွိေနခဲ့ေတာ့
ဒီလူႀကီးရဲ႕ အသံကိုၾကား႐ုံနဲ႔တင္
ေမ့လဲသြားခဲ့ရမွန္း ကိုယ္သာအသိဆုံး။
ဒါေပမဲ့ ကိုကိုကလည္းအလုပ္သြားၿပီဆိုေတာ့
ဒီေန႔တစ္ေန႔လုံး ဒီအခန္းထဲမွာပဲ
အခ်ိန္ျဖဳန္းမိလိမ့္မည္ထင္သည္။
ကိုကိုကလည္း ျပန္လာမယ္ဆိုၿပီး
ေန႔လည္ဆယ့္ႏွစ္နာရီထိုးသည္အထိ
ျပန္မလာေသးေတာ့ ဝိုင္းေလးလည္း
ဖြားဖြားႏု၏အခန္းထဲသို႔ အလည္သြားလိုက္ကာ
ဇာတ္ကားေတြသာ ထိုင္ၾကည့္ေနလိုက္သည္။
"မမဝိုင္းေလးေရ..မမဝိုင္းေလး.."
ဇာတ္ကားၾကည့္ေနပါတယ္ဆိုေနမွ
ၾကည္ၾကည္မက ေျခသံတရွပ္ရွပ္ႏွင့္
အလ်ားတိုက္ေျပးလာၿပီး အခန္းထဲသို႔
၀င္လာေတာ့သည္။
"ဟဲ့ၾကည္ၾကည္..ဘာျဖစ္လာတာလဲ.."
"ၿခံထဲမွာ ဖိုးသားက..စာကေလးငွက္
အေကာင္ငါးဆယ္ကို လႊတ္ေတာ့မလို႔တဲ့
အဲ့ဒါ ၾကည္ၾကည္နဲ႔အတူ
သြားၾကည့္ရေအာင္လို႔ လာေခၚတာ.."
"ဟဲ့..အေကာင္ငါးဆယ္ေတာင္ဘာလုပ္ဖို႔လဲ.."
ဖြားဖြားႏုကပါ ဇာတ္ကားၾကည့္ေနရာမွ
ထေမးလိုက္ေလသည္။
ၾကည္ၾကည္ကေတာ့ ငွက္လႊတ္တာကို
တစ္ခါမွ မျမင္ဖူးေတာ့ အလြန္ကိုမွ
စိတ္အားထက္သန္ေနပုံရတယ္။
"အန္တီခိုင္မိုးျမင့္ကလြတ္ခိုင္းတာတဲ့..
ေဗဒင္သြားတြက္ရင္းနဲ႔ ဒီရက္ပိုင္းမိသားစုထဲက
တစ္ေယာက္ေယာက္ အခ်ဳပ္အေႏွာင္ခံရကိန္း
ျမင္တယ္ဆိုလို႔ ယၾတာေခ်တဲ့အေနနဲ႔
ငွက္အေကာင္ငါးဆယ္ကို ကိုယ့္ၿခံထဲကေန
လႊတ္ေပးရမယ္ဆိုလို႔ေလ.."
"ဟုတ္လား..အဲ့ဒါဆိုငါလည္းလိုက္ၾကည့္မယ္
ငွက္လႊတ္ဖူးေပမဲ့ တစ္ခါမွအဲ့ေလာက္
အမ်ားႀကီးလႊတ္တာ မေတြ႕ဖူးဘူး..
ဖြားဖြားႏု သမီးလိုက္သြားအုံးမယ္ေနာ္.."
"ေအး..ေအး..အရမ္းေတာ့အနားမကပ္နဲ႔ေနာ္.."
"ဟုတ္ကဲ့ပါ..."
ဖြားဖြားႏုကိုခြင့္ေတာင္းၿပီးသည္ႏွင့္
ၾကည္ၾကည့္ရဲ႕လက္ကို ဆြဲကာေအာက္ထပ္သို႔
ေျပးဆင္းလာခဲ့လိုက္သည္။
ဒီအိမ္မွာ ဝိုင္းေလးကဘယ္သူ႔ကိုမဆို
ကိုယ့္ရပ္ေဆြရပ္မ်ိဳးကဲ့သို႔ ဆက္ဆံေပးတတ္ေတာ့
ၾကည္ၾကည္ကလည္း ဝိုင္းေလးကိုဆို
ဘာကိစၥပဲရွိရွိ လာေျပာတတ္ၿပီး
အစ္မအရင္းတစ္ေယာက္လို
သေဘာထားေလသည္။
ႏွစ္ေယာက္သား ၿခံထဲသို႔ဆင္းလာၾကၿပီး
ဖိုးသားရပ္ေနေသာ ေနရာသို႔
သြားၾကည့္လိုက္မိၾကသည္။
ဖိုးသားကေတာ့ ငွက္ေတြထည့္ထားေသာ
သံဇကာေလွာင္အိမ္ႀကီးကိုကိုင္ၿပီး
ဖြင့္ခ်ဖို႔လုပ္ေနေလရဲ႕။
"ဖိုးသား..ငွက္ေတြကိုလႊတ္ေတာ့မွာလား.."
ဝိုင္းေလးက ဖိုးသား၏အေနာက္မွာဆိုေတာ့
သူ႔ပခုံးကိုပုတ္ၿပီးေမးလိုက္မိသည္။
ဘာေၾကာင့္ရယ္မသိ ဝိုင္းေလးကိုေတြ႕တာနဲ႔
ေကာင္ေလးရဲ႕ မ်က္ႏွာကအၿမဲ
ပန္းေရာင္ေျပာင္းသြားတတ္ၿပီး
အခုလည္း ဘာစကားမွေျပာမလာပဲ
ေခါင္းသာညိမ့္ျပေနေတာ့သည္။
"တို႔လႊတ္ၾကည့္လို႔ရမလား.."
"ရပါတယ္..ဒါေပမဲ့သတိေတာ့ထားေနာ္.."
"အင္းပါ..စိတ္ခ်.."
ငွက္ေတြအမ်ားႀကီးကို တစ္ခါမွမလႊတ္ဖူးေတာ့
ဖိုးသားရဲ႕လက္ထဲက ငွက္ေလွာင္အိမ္ကို
ယူလိုက္ၿပီးေနာက္ စိတ္လႈပ္ရွားလာသည္။
"လႊတ္ေတာ့ေလ..မမရဲ႕..ၾကည့္ခ်င္လွၿပီ..
ၾကည္ၾကည္က လုပ္စရာေတြရွိေသးတယ္..
"ေအးပါဟယ္.."
ၾကည္ၾကည္ကလည္း အတင္းတိုက္တြန္းေနေတာ့ဝိုင္းေလးလည္း ငွက္ေလွာင္အိမ္ကို
ဖြင့္ဖို႔လုပ္လိုက္သည္။
ငွက္ကေလးေတြကေတာ့ လြတ္လပ္မႈကို
အင္မတန္လိုလားေနၿပီး
အသံေတြဆာထြက္ေနေအာင္အထိ
႐ုန္းကန္ေအာ္ဟစ္ေနၾကေလသည္။
ေလွာင္အိမ္တံခါးေလးကိုမဖြင့္ခင္မွာ
စိတ္ထဲကေန တိုင္တည္ေနမိတာကေတာ့
*ငွက္ေလးေတြေရ..မင္းတို႔ကိုငါ့လက္နဲ႔ကိုယ္တိုင္
အခ်ဳပ္အေႏွာင္ကေန လြတ္ေျမာက္ေအာင္
လုပ္ေပးသလိုပဲ..အကယ္၍ငါလည္း
တစ္ခ်ိန္ခ်ိန္မွာ မင္းတို႔လိုအခက္အခဲမ်ိဳးနဲ႔
ရက္ဆိုင္ရမယ္ဆိုရင္..ငါ့ကိုလည္းလြတ္ေျမာက္ေအာင္ ကယ္တင္ႏိုင္မဲ့သူရွိလာပါေစလို႔
ငါဆုေတာင္းလိုက္ပါတယ္*
စိတ္ထဲကေနသာ ဆုေတာင္းလိုက္ၿပီး
ငွက္ေလွာင္အိမ္ကို ဖြင့္လိုက္စဥ္မွာ..
"အား.."
ငွက္ေတြက တေဝါေဝါနဲ႔ပ်ံထြက္ေန၍
ရင္ထိတ္ၿပီး အေနာက္သို႔ ေျခယိုင္သြားေပမဲ့
ပစ္က်ရမည့္အစား တစ္စုံတစ္ေယာက္၏
ဖမ္းထိန္းေပးျခင္းကို ခံလိုက္ရေလသည္။
"အဆင္ေျပရဲ႕လားမမ.."
အနီးကပ္ၾကားလိုက္ရသည့္ အသံတိုးတိုး
မွ်င္မွ်င္ေလးေၾကာင့္ မ်က္လုံးေတြကို
မွိတ္ထားမိရာမွ ဖြင့္ၾကည့္လိုက္ေတာ့
ဝိုင္းေလးကို ေက်ာဘက္ဆီမွ
ဖမ္းထိမ္းေပးထားသူမွာ ဖိုးသားျဖစ္ေနမွန္း
သိလိုက္ရေလသည္။
"ဖိုးသား..မင္းအဲ့ဒါဘာလုပ္ေနတာလဲ..!!!"
တစ္ဆက္ထဲမွာ မိုးႀကိဳးပစ္ခ်လိုက္သလို
ဟိန္းထြက္သြားသည့္ အသံႀကီးက
ေပၚထြက္လာၿပီး ဝိုင္းေလးရဲ႕လက္ကို
လာဆြဲေခၚလိုက္သည့္ ဟိုလူႀကီး။
မ်က္ႏွာႀကီးက အလိုမက်သလိုတြန႔္ႀကဳံ႕ေနၿပီး
ဖိုးသားကိုလည္း ဆူေငါက္ေနေလသည္။
ဟိုကေလးကေတာ့ ေခါင္းေလးငုံ႔ၿပီး
အျပစ္ေပးခံရမည္ထင္၍ ေၾကာက္ေနရွာသည္။
"ဖိုးသား..မင္းခုဏက
ဘာအျပစ္လုပ္လိုက္တယ္ထင္လဲ.."
သူ႔ရင္ထဲမွာ ဘာေတြျဖစ္ေနသလဲဆိုတာကို
တိုက္႐ိုက္မေျပာပဲ ဖိုးသားကို
အသားေတြေတာင္ ေပါက္ထြက္သြားမတက္
အၾကည့္ႏွင့္ ရာဇသံေပးလိုက္ေတာ့
ဖိုးသားခမ်ာ ေၾကာက္ဒူးတုန္လာေတာ့သည္။
လက္တစ္ဖက္ကို ေမဝိုင္းေလး၏
ခါးေပၚမွာ တင္ထားၿပီးက်န္လက္တစ္ဖက္ကို
ေဘာင္းဘီအိတ္ကပ္ထဲသို႔ ထည့္ထားကာ
ခပ္မတ္မတ္ရပ္ေနေသာ သူ႔ပုံစံက
မာဖီးယားဂုဏ္ခ်ဳပ္ႀကီးအလားမွတ္ရသည္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အစ္ကိုေလးရယ္
ကြၽန္ေတာ္တမင္ရည္႐ြယ္ၿပီး
လုပ္တာမဟုတ္ရပါဘူး..မမကငွက္လႊတ္ရင္း
လန႔္ၿပီးလဲမလိုျဖစ္လို႔ ကြၽန္ေတာ္က
ကူညီလိုက္မိတာပါ.."
"ရည္႐ြယ္တာျဖစ္ျဖစ္ တမင္လုပ္တာျဖစ္ျဖစ္
ငါ့ဥယ်ာ္ထဲက ပန္းကေလးကို
လိပ္ျပာလာနားရင္ေတာင္ ငါမႀကိဳက္ဘူး..
အထုပ္ျပင္ၿပီး ဒီအိမ္ထဲကေနသာ
ထြက္သြားလိုက္ေတာ့.."
သူကအရပ္ရွည္ေတာ့ ေအာက္ေမး႐ိုးမွတစ္ဆင့္
သူ႔မ်က္ႏွာကို ဝိုင္းေလးေမာ့ၾကည့္လိုက္မိသည္။
ဖိုးသားဆိုတာ သူေမြးမွသူ႔သားအ႐ြယ္ေလာက္
ရွိသည့္ ဆယ့္ေျခာက္ႏွစ္သားေလးပါ။
အလုပ္ထုတ္ရတဲ့ သူ႔ရဲ႕ရည္႐ြယ္ခ်က္က
ဝိုင္းေလးကို ဖိုးသားတစ္ေယာက္
ကိုင္ထိန္းေပးလိုက္လို႔ဆိုတာ ေသခ်ာတယ္။
သူ႔အသက္အ႐ြယ္နဲ႔ ကေလးတစ္ေယာက္ကို
အဲ့ေလာက္ေတာင္ သ၀န္တိုစရာလား။
ဒါက သူမ်ားကိုတမင္အႏိုင္က်င့္ေနတာပဲ။
"ကိုမင္းစက္..ရွင္အဲ့လိုမေျပာသင့္ဘူး
သူမ်ားတကာက ကူညီလည္းေပးရေသးတယ္
အလုပ္လည္းျဖဳတ္ခံရအုံးမယ္ဆိုေတာ့..
ရွင့္ကိုယ္ရွင္ တရားတယ္လို႔ထင္ရဲ႕လား..
"ကိုယ္မႀကိဳက္ဘူးကြာ..ေမ့အသားကို
ဘယ္သူထိတာမွ ကိုယ္မႀကိဳက္ဘူး
အခုသူက ေမ့အသားကိုထိကိုင္လိုက္တယ္..
ဒါေၾကာင့္..ကိုယ္သူ႔ကိုမျမင္ခ်င္ေတာ့ဘူး.."
မဟုတ္ေသးပါဘူး။
သူကဘာလို႔ အဲ့ေလာက္ေဒါသႀကီးေနရတာလဲ။
ဖိုးသားကလည္း ဘာအမွားမွလုပ္လိုက္တာလည္း
မဟုတ္ဘူး။
"ရွင္ဘယ္လိုျဖစ္ေနတာလဲ..ေျပာေလကဲေလပါလား
ဝိုင္းေလးရဲ႕ခႏၶာကိုယ္ကို ရွင္ပိုင္တယ္မ်ား
မွတ္ေနလား..လမ္းေလွ်ာက္ရင္းေတာင္
တစ္ေယာက္နဲ႔တစ္ေယာက္ တိုက္မိတတ္တာပဲကို
လူႀကီးျဖစ္ၿပီး ကေလးကိုဘာလို႔
အႏိုင္က်င့္ေနရတာလဲ..ဖိုးသားကရွင္ေမြးရင္
ရွင့္သားအ႐ြယ္ေလာက္ပဲ ရွိတယ္ေနာ္.."
"ေမ..မင္းဘာလို႔ကိုယ့္စိတ္ကို
နားမလည္ရတာလဲ.."
"ရွင္ကေရာ ဘာလို႔ကေလးနဲ႔ေတာင္တုၿပီး
သ၀န္လိုက္တိုေနရတာလဲ..."
"တိုတယ္ကြာ..ကိုယ့္မိန္းမကိုယ္ခ်စ္လို႔
သ၀န္တိုတာဘာျဖစ္လဲ..ဖိုးသားနဲ႔တင္မဟုတ္ဘူး
ဘယ္ေကာင္နဲ႔မွ အတူရွိေနတာကို
ကိုယ္မႀကိဳက္ဘူးကြာ..ရွင္းၿပီလား.."
"ကိုယ့္မိန္းမကိုယ္ခ်စ္လို႔.."ဆိုသည့္စကားမွာတင္
ဝိုင္ေလးအဖို႔ ေျပာစရာမဲ့ေအာင္
စြံ႕အသြားရေလသည္။
သူ႔ေျပာတဲ့စကားက လူတစ္ေယာက္ကို
သိပ္ခ်စ္ေၾကာင္း ၀န္ခံေနတယ္ဆိုေပမဲ့
သူ႔ေလသံကေတာ့ တစ္ေယာက္ထဲ
ေမာင္ပိုင္စီးလိုတဲ့ အလိုေလာဘေတြပါ၀င္ေနတယ္။
မသိရင္ ဝိုင္းေလးကိုေတာင္
ဝါးမ်ိဳထားေတာ့မဲ့ အတိုင္းပဲ။
"ေနာက္ၿပီး ေမ့ကို..ကိုယ္မပိုင္ဘူးဆိုတဲ့
စကားမ်ိဳး ေနာက္တစ္ခါထပ္မေျပာပါနဲ႔..
ကိုယ့္ကိုလည္း ေမပိုင္သလို
ေမ့ကိုလည္း ကိုယ္ပိုင္တယ္..
ေမ့အသားကို ကိုယ္ကလြဲၿပီးဘယ္သူမွ
ထိခြင့္၊ကိုင္ခြင့္..နမ္းခြင့္မရွိဘူး..
ဒါကိုယ္ထုတ္တဲ့ဥပေဒပဲ.."
"သူမ်ားေတြရွိေနတယ္ေလ..ဘာစကားေတြ
ေလွ်ာက္ေျပာေနတာလဲ.."
နားရွက္စရာ စကားႀကီးေၾကာင့္
သူ႔လက္ေမာင္းကို ပိတ္႐ိုက္ပစ္လိုက္မိေလသည္။
ႏွစ္ေယာက္တည္းဆို ကိစၥမရွိပါဘူး။
အခုဟာက ၾကည္ၾကည္တို႔၊ဖိုးသားတို႔
ရွိေနတယ္ေလ။
ဘာမွမဟုတ္တာေလးကို တအားပုံႀကီးခ်ဲ႕တာပဲ။
သူ႔ေဘးနားမွာ ဆက္ေနရင္ေနာက္ထပ္
စည္းလြတ္ဝါးလြတ္ စကားမ်ိဳးေတြ
ထပ္ၾကားဖို႔ရာ နားမခံသာႏိုင္ေတာ့၍
ထိုေနရာမွ ေျပးထြက္လာခဲ့လိုက္သည္။
မင္းစက္အာဏာကလည္း ခ်က္ခ်င္းဆိုသလို
ေမဝိုင္းေလး၏ အေနာက္သို႔ေျပးလိုက္သြားၿပီး
လမ္းတစ္၀က္မွာတင္ ေမ့ရဲ႕လက္ကို
ဖမ္းဆြဲထားလိုက္သည္။
"တကယ္လို႔ ဖိုးသားကိုအလုပ္မထုတ္ေစခ်င္ရင္
ဒီအိမ္မွာ မေနရဘူး...
အခုခ်က္ခ်င္းကိုယ့္အိမ္ကို ျပန္လိုက္ခဲ့ေတာ့.."
ပါးစပ္ကလည္းေျပာရင္း ဝိုင္းေလးရဲ႕လက္ကိုပါ
အတင္းဆြဲေနျပန္သည္။
"ဘာျဖစ္ေနတာလဲ..ျပန္ရမယ္ဆိုရင္ေတာင္
ဖြားဖြားႏုတို႔ကို ႏႈတ္ဆက္ရမယ္ေလ.."
"မလိုပါဘူးကြာ..ေနာက္မွဖုန္းဆက္လိုက္လည္း
ရပါတယ္.."
"ရွင္နဲ႔ေတာ့ တကယ္မလြယ္ပါလား.."
ေနာက္ဆုံးမွာ ဝိုင္းေလးပဲသူ႔ကို
အေလွ်ာ့ေပးရျပန္သည္။
သူဝိုင္းေလးကို သိပ္ခ်စ္မွန္းသူ႔အျပဳအမူေတြကေန
သိႏိုင္ေပမဲ့ သူ႔အခ်စ္ကႏူးညံ့ျငင္သာမႈမရွိဘူး။
ဝိုင္းေလး လိုအပ္တဲ့ခ်စ္ျခင္းက
ဒီလိုမ်ိဳးမွ မဟုတ္ပဲ။
တစ္ေယာက္နဲ႔တစ္ေယာက္
ယုံၾကည္ေပးၿပီး ၊စာနာမႈေတြနဲ႔အခ်င္းခ်င္း
ေဖမတာမ်ိဳးပဲ ျဖစ္ေစခ်င္တယ္။
သူ႔အခ်စ္ကေတာ့ အေျပာင္းအလဲျမန္လြန္းတယ္လို႔
ခံစားမိတာပဲသိတယ္။
တစ္ခါတေလမွာ အရမ္းႏူးညံ့ျပတယ္။
တစ္ခါတေလ ေလာဘႀကီးၿပီး
ကန႔္သတ္၊ခ်ဳပ္ျခယ္မႈေတြမ်ားတယ္။
တစ္ခါတေလၾကေတာ့ တဖက္သတ္ဆန္လြန္းၿပီး
ယုံၾကည္ေပးမႈအားနည္းတယ္။
ဘယ္အရာမဆို ခ်က္ခ်င္းလက္ငင္း
ထလုပ္တတ္တဲ့ သူ႔အက်င့္စ႐ိုက္အတိုင္း
ဝိုင္းေလးရဲ႕ ခံစားခ်က္ျဖစ္တည္မႈ
အားလုံးကိုလည္း ေရသြန္လိုက္သလို
ေဝါခနဲ သူ႔ဘက္ကိုစီးက်လာမယ္လို႔
ထင္ေနပုံပါပဲ။
ဝိုင္းေလးလည္း သူ႔ကိုခ်စ္ပါတယ္။
ဒါေပမဲ့ အျပည့္အ၀ေတာ့မယုံၾကည္ႏိုင္ေသးဘူး။
စိတ္ထဲမွာ သူ႔ရဲ႕ခ်စ္တယ္ဆိုတဲ့
ခံစားခ်က္က ဟုန္းကနဲထေတာက္တဲ့မီးလို
အခ်ိန္တန္ရင္ အရွိန္သတ္သြားမယ္လို႔ပဲ
ထင္ေနမိတယ္။
🌹🌹🌹🌹🌹🌹🌹
"မ်က္ႏွာႀကီးက..ဘာျဖစ္ေနတာလဲ.."
"ဘာမွမျဖစ္ဘူး.."
"ေသခ်ာလို႔လား.."
"သိရဲ႕သားနဲ႔ ဘာေတြေလွ်ာက္ေမးေနတာလဲ
ကိုယ့္ကားကိုသာ ဂ႐ုစိုက္ၿပီးေမာင္းစမ္းပါ.."
ကိုယ့္မိန္းမက ဘာေလးပဲေမးလိုက္ေမးလိုက္
မ်က္ေစာင္းတခဲခဲနဲ႔ ရန္ျပန္ေတြ႕ေနေတာ့
သူလည္း ဘယ္လိုမွမေနတတ္ေတာ့ေပ။
ထို႔ေၾကာင့္ အိမ္ကိုေရာက္ခါနီးေနေပမဲ့ လမ္းေဘး၌
ကားကို ထိုးရပ္ပစ္လိုက္သည္။
"မနက္ကအထိ အဆင္ေျပေနရဲ႕သားနဲ႔ကြာ
ဟိုေကာင္ဖိုးသား ၀င္ရႈပ္တာနဲ႔ပဲ
ျပႆနာေတြက အတုံးလိုက္၊အတစ္လိုက္
တတ္ေတာ့တာပဲ.."
"အံ့ဩပါရဲ႕ ျပႆနာကိုဖိုးသားက
အရင္စရွာတာလား..ရွင္ကအရင္စရွာတာလား..
ဖိုးသားကကူညီေပးတာပါလို႔
ဒီေလာက္ေျပာေနတာကို ဘာလို႔
နားမလည္ရတာလဲ.."
"နားလည္တယ္..ဒါေပမဲ့ကိုယ့္စိတ္ထဲမွာ
ေမနဲ႔ပတ္သတ္ရင္ နည္းနည္းေလးမွ
အစြန္းအထင္းမခံႏိုင္ဘူး.."
"အဲ့လိုစိတ္မ်ိဳးနဲ႔ဆို ဝိုင္းေလးတို႔ႏွစ္ေယာက္
ဘယ္လိုလုပ္ၿပီး ေရွ႕ဆက္လို႔ရေတာ့မွာလဲ
တစ္ေယာက္ကိုတစ္ေယာက္
နားမလည္ေပးႏိုင္ရင္
သာယာတဲ့အိမ္ေထာင္ေရးတစ္ခုကို
ဘယ္လိုလုပ္ၿပီး တည္ေဆာက္လို႔ရမွာလဲ
ေျပာစမ္းပါအုံး..ျမန္မာႏိုင္ငံမွာ
ေယာက္်ားေတြ သန္းနဲ႔ခ်ီၿပီးရွိေနတာကို
ေတြ႕တဲ့လူနဲ႔ လိုက္သမႈတ္ေနရင္
ဝိုင္းေလးအေနခက္တယ္ရွင့္..သိရဲ႕လား..
အဲ့လိုေျပာေနတည္းက ဝိုင္းေလးရဲ႕သိကၡာကို
ေစာ္ကားလိုက္တာနဲ႔ အတူတူပဲ
ေနာက္ၿပီးဖိုးသားက ကေလးပဲရွိေသးတဲ့ဥစၥာ.."
"ဘာကေလးလည္း..မင္းကေယာက္်ားေတြ
အေၾကာင္းကို ဘယ္ေလာက္သိလို႔လဲ..
ေႁမြေႁမြျခင္းပဲ ေျချမင္တယ္ကြ.."
"ရွင္တို႔ဘာသာ ေျခပဲျမင္ျမင္
လက္ပဲျမင္ျမင္ ဝိုင္းေလးစိတ္မ၀င္စားဘူး.."
"စိတ္မ၀င္စားရင္လည္း ေနေတာ့ကြာ.."
"ေနမယ္..ေနမယ္..အခုခ်က္ခ်င္း
အေမ့အိမ္ကိုျပန္ပို႔ ရွင္နဲ႔လည္းမေပါင္းႏိုင္ေတာ့ဘူး
အဟင့္..မေန႔ညကေတာ့အမ်ိဳးမ်ိဳး
ပလီပလာနဲ႔ကတိေတြေလွ်ာက္ေပးၿပီး
အခုၾကေတာ့ လူကိုေအာ္လားေငါက္လားနဲ႔
အေမ့အိမ္ကိုပဲ ျပန္ပို႔ေပးေတာ့
ရွင္နဲ႔ လုံး၀မေပါင္းႏိုင္ေတာ့ဘူး.."
"ဟာကြာ..ဘာလို႔ငိုေနရတာလဲ.."
ေမကငိုေနေတာ့ သူ႔စိတ္ထဲမွာဘယ္လိုမွ
မခံသာေတာ့၍ ကားစတီယာရင္ကိုသာ
ပိတ္ထုခ်လိုက္မိေလသည္။
ေမ့ကိုမ်က္ရည္ထပ္မက်ေစခ်င္ခဲ့ေပမဲ့
ေမ့အသားကို အျခားလူတစ္ေယာက္က
ထိတာကို ျမင္လိုက္ရေတာ့
စိတ္ထဲမွာ ဒူးရင္းသီးကိုဖင္ခုထိုင္ထားသလို
ျဖစ္ေနတာအမွန္ပဲ။
ေမ့ခံစားခ်က္ကို နားလည္ေပမဲ့ ၀င္းနဲ႔ကိစၥက
ျဖစ္ထားေတာ့ အလားတူအျဖစ္မ်ိဳးကို
ထပ္အျဖစ္မခံႏိုင္ေဇာနဲ႔ စကားေတြအမ်ားႀကီး
ေျပာမိသြားတယ္။
အခုေတာ့ ေမငိုေလၿပီ။
ဘယ္လိုလုပ္ရပါ့မလဲ။
ေနာက္ဆုံးေတာ့ သက္ျပင္းေမာကိုသာခ်လိုက္မိၿပီး
ေမ့ရဲ႕ခါးပတ္ကို ဆြဲျဖဳတ္ပစ္လိုက္သည္။
ၿပီးေနာက္ ေမ့ကိုယ္ေလးအား ကိုယ့္ဘက္သို႔
ဆြဲ႕လွည့္ေစလိုက္ေတာ့သည္။
ေမက မ်က္ရည္ဝိုင္းေနေသာ
မ်က္၀န္းေတြနဲ႔ ေမာ့ၾကည့္လာခဲ့ေပမဲ့
သေဘာတူတူ၊မတူတူ ထိုမ်က္၀န္းဝိုင္းေလးကိုသာ
သူ႔ႏႈတ္ခမ္းပါးေတြႏွင့္ ဖိကပ္ပစ္လိုက္မိေလသည္။
မ်က္ရည္ရဲ႕အရသာဟာ ငန္က်ိက်ိေလးမွန္း
သူအခုမွပဲသိေတာ့တယ္။
ဒါေပမဲ့ ထိုအရသာကိုသူမ႐ြံပါဘူး။
ဘာေၾကာင့္လဲဆို အရာအားလုံးဟာ
ေမ့ဆီကေန ဆင္းသက္လာခဲ့လို႔ေလ။
"ဘာလုပ္တာလဲ..ကြၽန္မကိုလႊတ္ေပး.."
"ေလသံႀကီးကလည္းမာလိုက္တာကြာ..
ကိုယ့္မိန္းမကို ကိုယ္နမ္းတာပဲ
ခြင့္မျပဳဘူးလား.."
ေဟာ..အခုၾကေတာ့သူ႔ေလသံက ေပ်ာ့သြားျပန္ၿပီ။
တကယ္ကို တတ္လည္း၊တတ္ႏိုင္လြန္းတယ္။
မာယာေတြကလည္း မ်ားလိုက္တာ။
သူကေလသံေပ်ာ့ေတာ့ ကိုယ္ကလည္း
မမာႏိုင္ေတာ့ဘူးေလ။
အစတည္းက ဒီေယာက္်ားကိုမကြဲႏိုင္လို႔ပဲ
အေလ်ာ့ေပးၿပီး ျပန္ေပါင္းမိေနေတာ့
အခက္သားလား။
ကိုယ့္ဘက္က ခ်ိဳသည္ခါးသည္
ဘာမွတုန႔္ျပန္မလာေတာ့ ကားထဲမွာေတာင္
မေရွာင္ သူ႔ရင္ခြင္က်ယ္ႀကီးထဲသို႔
ဆြဲေခၚျပန္ေလသည္။
"ကြဲမယ္ကြာမယ္ေတာ့ မေျပာပါနဲ႔ကြာ..
ေနာက္ၿပီး မ်က္ရည္လည္းမက်ပါနဲ႔..
ေမငိုရင္ ကိုယ္လုံးဝ..မခံစားႏိုင္ဘူး..
အခုလည္း ကိုယ္သ၀န္တိုၿပီး
ျဖစ္ခ်င္တာေတြ အရမ္းမ်ားသြားတာပါ..
ေမ့ကို ကိုယ္အရမ္းခ်စ္တယ္..
ဒါကို..ေမသိေစခ်င္တယ္ကြာ.."
"သိပါတယ္..ဒါေပမဲ့ကိုကို႔အေနနဲ႔
ဝိုင္းေလးဘက္က ေျပာလာတာကိုမေစာင့္ပဲ
ထင္ခ်င္သလိုထင္၊ေတြးခ်င္သလို
ေတြးတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူး..
ဝိုင္းေလးရဲ႕စကားကိုလည္း
နားေထာင္ေစခ်င္တယ္..
ဝိုင္းေလးကို ယုံၾကည္ေပးေစခ်င္တယ္.."
"ဟုတ္ပါၿပီကြာ..မိန္းမစကားကိုဒီေန႔ကစၿပီး
တေသြမသိမ္း လိုက္နာေပးပါ့မယ္..
ေက်နပ္ၿပီလား.."
"ေျပာတာပဲ..ၿပီးေတာ့မွတစ္မ်ိဳးေျပာင္းရင္
ဘယ္လိုအျပစ္ေပးရမွာလဲေျပာ.."
"ကြဲမဲ့၊ကြာမဲ့ကိစၥကလြဲၿပီး
ႀကိဳက္တဲ့အျပစ္ေပးလို႔ရတယ္.."
"တကယ္ေနာ္..ကိုယ့္စကားကိုယ္တည္ရမယ္.."
"ဘုရားစူး..မိုးႀကိဳးပစ္ကြာ.."
မင္းစက္အာဏာဆိုတဲ့လူႀကီးက
လက္သုံးေခ်ာင္းေထာင္ၿပီး လာက်ိန္ဆိုျပေနေတာ့
နည္းနည္းေတာ့ ရယ္ခ်င္မိသား။
ဘာပဲျဖစ္ျဖစ္ စိတ္ေအးခ်မ္းသြားတာေတာ့အမွန္ပဲ။
ႏွစ္ဦးသား ရန္ျပည္ၿငိမ္းသြားၿပီဆိုေတာ့
ကားေမာင္းေနရင္းေတာင္ လက္ကေလး
တြဲထားမိၾကေလသည္။
"ကိုကို.ၿခံေရွ႕မွာ ကားတစ္စီးရပ္ထားတယ္
ဘယ္သူ႔ကားလည္း မသိဘူးေနာ္.."
ၿခံတံခါးေရွ႕တည့္တည့္မွာ ကားတစ္စီးက
ပိတ္ရပ္ထား၍ ဝိုင္းေလးတို႔ကားက
ၿခံထဲသို႔ တန္း၀င္လို႔မရေတာ့ေပ။
ဝိုင္းေလးတို႔ႏွစ္ေယာက္သား
ကားေပၚမွ ဆင္းလိုက္ၾကသည္ႏွင့္
တစ္ဖက္ကားတံခါးကလည္း ပြင့္လာခဲ့ၿပီး
ကားေပၚမွ မိန္းမငယ္ေလးတစ္ေယာက္
ဆင္းေျပးလာတာကို ေတြ႕လိုက္ရေလသည္။
"ဘယ္သူပါလိမ့္.."ဟုစိတ္ထဲမွာ
ေရ႐ြတ္မိယုံရွိေသး..။
ထိုမိန္းကေလးက ကိုယ့္ေယာက္်ားကို
ေျပးဖက္လိုက္ရဲ႕ ႏွလုံးေသြးေတြေတာင္
ေဆာင့္ခုန္မိေတာ့မတက္ျဖစ္သြားရေလသည္။
႐ုတ္တရက္ အေျခအေနေၾကာင့္
ကိုကိုလည္း တားခ်ိန္မရလိုက္ပဲ
ေၾကာင္ေတာင္ေတာင္ ျဖစ္ေနစဥ္မွာ
ထိုမိန္းကေလးက အၿပဳံးမ်က္လုံးေလးႏွင့္
ေမာ့ၾကည့္လာၿပီး အသံခ်ိဳခ်ိဳေလးႏွင့္
ေျပာလိုက္သည္က...
"ကိုကို..စႏိုးတို႔မေတြ႕ရတာၾကာၿပီေနာ္..."
*ဟင္..ကိုကိုတဲ့..ဒီအသုံးအႏႈန္းက
ဝိုင္ေလးနဲ႔ကိုမင္းစက္ၾကားမွာ
ခ်စ္စႏိုးနဲ႔ ေခၚတဲ့အသုံးအႏႈန္းေလးပဲ..
အျခားသူေတြရွိတဲ့အခ်ိန္ဆို ရွက္လို႔မေခၚရဲတဲ့
အသုံးအႏႈန္းကို ဒီမိန္းကေလးကေတာ့
ဝိုင္းေလးရဲ႕ အေရွ႕မွာေတာင္ အားပါးတရ
ေခၚလိုက္ေလရဲ႕..
*စႏိုးတဲ့..*
သူကကိုကိုနဲ႔ဘယ္လိုပတ္သတ္တာလဲ...???*
အခန္း(၄၉)ဆက္ရန္*
စာေရးသူ..ေဆာင္းေငြ႕ေဝ
🌹🌹🌹🌹🌹🌹🌹🌹
မင္းစက္အာဏာအလွည့္ၿပီးေတာ့
မဝိုင္းအလွည့္ေပါ့🤭
No comments:
Post a Comment