အခန်း(၄၉) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

  


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း(၄၉)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘

"ကိုကို..ကိုကို့ရဲ့ဧည့်သည်ကို
ဒီအတိုင်းပဲ ပစ်ထားတော့မှာလား..
စကားလေးဘာလေး ထွက်မပြောတော့ဘူးလား.."

"မပြောချင်ဘူးကွာ..သူ့ဘာသာအားယားနေလို့
လာလည်တာပဲ..မနေနိုင်ရင်ပြန်သွားလိမ့်မယ်.."

"အဲ့လိုတော့ဘယ်ကောင်းပါ့မလဲ
ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို.."

"မဖိတ်ခေါ်ပဲ ရောက်လာတဲ့ဧည့်သည်ကို
ဘာမှ လူရာသွင်းစရာအကြောင်းမရှိဘူး.."

"ကိုကိုကအဲ့ဒီ့ကောင်မလေးကို ဘာလို့
ဒီလောက်အမြင်မကြည်ဖြစ်နေတာလဲ.."

"အမြင်မကြည်တာကတော့ သူတင်မဟုတ်ဘူး
သူ့တစ်မိသားစုလုံးကိုပါ အမြင်မကြည်တာ.."

မွေ့ယာပေါ်မှာ ပက်လက်လှဲနေရင်းနှင့်
ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာဆိုပေမဲ့
သူ့မျက်လုံးထဲက မကျေနပ်မှုတွေကို
သေချာမြင်နေရပါတယ်။

ကောင်မလေးနာမည်က စနိုးတဲ့
ဒါကလည်း အချင်းချင်းစကား
ပြောပြီးလို့ သိလိုက်တာမဟုတ်ပဲ
ကောင်မလေးက စကားပြောရင်
သူ့နာမည်ကို ထည့်ထည့်ပြောတတ်လို့
သိရတာပါ။

စတွေ့တွေ့ချင်း ကို့ကိုပြေးဖက်လို့
အံ့ဩခဲ့ရပေမဲ့ ‌ကိုယ်ယောက်ျားကချက်ချင်းပဲ
ထိုကောင်မလေးဖက်ထားတာကို
မသတီသလိုနှင့် တွန်းထုတ်လိုက်၍
အနည်းငယ်တော့ စိတ်သက်သာရာ
ရသွားခဲ့သည်။

ဟိုကောင်မလေးကသာ သတိရကြောင်းတွေ
ပြောလာပေမဲ့ ကိုကို့ဘက်ကတော့
စနိုးဆိုသူကို ဂရုတောင်မစိုက်ပဲ ဝိုင်းလေးကိုသာ
လက်ဆွဲကာ အိမ်အပေါ်ထပ်သို့ 
အတင်းဆွဲခေါ်လာခဲ့သညါ။

ဧည့်သည်ကလည်း ဘယ်လောက်
မျက်နှာပြောင်တိုက်သလဲဆိုရင်
 အိမ်ရှင်က မလိုလားတာတောင်
ဝိုင်းလေးတို့ရဲ့ နောက်ကနေ
အတင်း လိုက်လာခဲ့လေရဲ့။
အခုတော့ ဧည့်သည်ကဧည့်ခန်းထဲမှာ
ရှိနေပေမဲ့ ဝိုင်းလေးတို့နှစ်ယောက်ကတော့
အိပ်ခန်းထဲကနေ မထွက်ဖြစ်ကြပေ။

ဧည့်သည်က သူ့ဧည့်သည်မို့ ထွက်တွေ့ပါလို့
ပြောလည်း လုံး၀ထွက်မတွေ့ဘူးဟုသာ
ဘူးခံငြင်းနေတော့ သူတို့ကြားမှာဘယ်လို
ပြဿနာတွေများ ရှိနေသလဲပိုသိချင်လာသည်။

"အဲ့လောက်တောင် ခါးခါးသီးသီး
ဖြစ်နေတာဆိုတော့..အဲ့ကောင်မလေးက
ကိုကို့အဆက်ဟောင်းလား.."

"ဟာ..ဘာတွေပြောနေတာလဲမေရယ်..
မဟုတ်တာတွေလျှောက်တွေးမနေစမ်းပါနဲ့.."

"အဲ့ဒါဆိုရင် ကိုကိုတို့ကြားမှာ
ဘာပြဿနာတွေဖြစ်ခဲ့သလဲဆို‌တာပြောပြလေ.."

"အဲ့ဒီ့ကိစ္စတွေကို ကိုယ်မပြောချင်ဘူးကွာ
မေလည်း မသိချင်ပါနဲ့.."

"ဒါဆိုသူ့ကို သွားမေးလိုက်ရမလား..
သူ့ကိုမေးလိုက်ပြီးမှ ကိုကို့ရဲ့အရှုပ်ဇယားကြီးမှန်း
သိရရင်တော့..ဝိုင်းလေးစိတ်ကိုသိတယ်နော်..."

"ဟာ..မေရာ..လာစမ်းပါကွာ..
ကိုကိုပြောပြပါ့မယ်.."

ဝိုင်းလေးက ကုတင်အောက်သို့ဆင်းမည်လုပ်တော့
သူ့ရဲ့သန်မာသော လက်မောင်းနှစ်ဖက်နှင့်
ခါးကနေလှမ်းဆွဲချပြီး သူ့ပေါင်ကို
ခေါင်းအုံးစေကာ သူကတော့
ထထိုင်လိုက်လေသည်။

သူ့ပေါင်ပေါ်မှတစ်ဆင့် မွေ့ယာပေါ်တွင်
ပျံ့ကျဲနေသော မေ့ရဲ့ဆံစလေးများအား
သူ့လက်ချောင်းများနှင့် ထိုးမွှေကာ
ဆုပ်ကိုင်လိုက်ပြီး ပါးပြင်လေးကိုသာ
တို့ထိကြည့်နေမိသည်။

"ဘာလို့ အချိန်တွေဆွဲနေတာလဲ
ပြောမှာဖြင့်မပြောဘူး.."

"အင်း..အဲ့ဒီ့စိတ်ပျက်စရာမိသားစုအကြောင်းကို
မပြောခင် ကြည်နူးစရာအချိန်လေးတွေကို
များများဆွဲဆန့်ထားချင်လို့ပေါ့.."

"စိတ်ပျက်စရာမိသားစုဆိုတာ
ဘာကိုပြောတာလဲ.."

"ကိုယ့်အဖေရဲ့နောက်အိမ်ထောင်က
မိသားစုအကြောင်းပေါ့.."

"ဒါဆို..အောက်ထပ်မှာရောက်နေတဲ့
စနိုးဆိုတာက ကိုကို့မိထွေးရဲ့သမီးလား.."

"ဟုတ်တယ်..ကိုယ့်အဖေရဲ့မယားပါ
သမီးပေါ့..သူကကိုယ့်ထက်နှနှစ်ပဲငယ်တယ်.."

"မမှူးပြောတာတော့ ကိုကို့အဖေမှာနောက်ထပ်
သားတစ်ယောက်ရှိသေးတယ်ဆို.."

"အင်း..သူလည်းကိုကို့ထက်ငယ်တာပဲ.."

"ဒါနဲ့..ကိုကိုကသူတို့ကိုစိတ်ပျက်စရာမိသားစုလို့
ဘာကြောင့်ပြောရတာလဲ.."

"‌ဘာကြောင့်လည်းဆိုတော့ အဲ့ဒီ့မိသားစုနဲ့
နေခဲ့ရတဲ့အချိန်တွေမှာ တစ်ခါမှ
စိတ်ချမ်းသာရတယ်ဆိုတာ မရှိခဲ့လို့ပေါ့.."

"သူတို့က ကို့ကို..နှိပ်စက်ခဲ့ကြလို့လား.."

"ဟုတ်တယ်..သူတို့ကကိုယ့်ကို
စိတ်ရော၊‌လူရောနာကျင်အောင် နှိပ်စက်ခဲ့ကြတာ
ဒါကြောင့်လည်း ကိုယ့်အသက်
ဆယ့်ခြောက်နှစ်မှာတင် ငွေရှာနိုင်အောင်
ကြိုးစားပြီး သူတို့နဲ့သီးသန့်ခွဲထွက်ခဲ့တာပေါ့.."

"သူတို့က ကို့ကိုဘယ်လိုနှိပ်စက်ခဲ့ကြတာလဲဟင်..?"

သူ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီးလှဲနေမိတဲ့
အနေအထားမို့ အပေါ်စီးမှငုံ့မိုးကြည့်နေသော
ကိုကို့ရဲ့ မျက်နှာလေးကို လက်ဖဝါးလေးနှင့်
အသာအယာ ထိတွေ့ကြည့်လိုက်မိသည်။

သူ့ရဲ့မေးစေ့မှ စိမ်းမြမြနှုတ်ခမ်းမွှေး
ရေးရေးလးများဟာ အချွန်အတက်လေးများကဲ့သို့
ဝိုင်းလေး၏ လက်ဖဝါးလေးကိုစူးရှရှ
ဖြစ်စေပေမဲ့ ဒီလိုအပြုအမူကသူ့ကို
နှစ်သိမ့်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။

သူ့ရဲ့ခါးသီးသော နေ့ရက်တွေအကြောင်းကို
ပြန်ပြောနေရလို့ထင်ပါရဲ့ ကိုကို့မျက်၀န်းတွေဟာ
မှောင်မိုက်သောတိမ်ထုများကြား 
လေပူများ ယှက်တိုက်ကျီစယ်သွားသလို
မှိုင်းပျပျနှင့် ပူနွေးပြင်းရှနေသယောင်။

"အတိတ်ကအကြောင်းတွေနဲ့ပတ်သတ်ပြီး
ခရေစေ့တွင်းကျတော့ ကိုယ့်ကိုမမေးပါနဲ့လား
မေရယ်..အဲ့ဒီ့အကြောင်းအရာ‌တွေကို
ဖြစ်နိုင်ရင် တွေးတောင်မတွေးချင်တော့ဘူး.."

"ပြန်တွေးမိတိုင်း..နာကျင်ရလို့လား.."

"ဟုတ်တယ်..ပြန်တွေးမိတိုင်း
အဟောင်းတွေက အသစ်ဖြစ်လာပြီး
ဒဏ်ရာဟောင်းတွေထင်ကျန်နေတဲ့နေရာက
ပြန်ပြန်စူးအောင့်လာရလို့.."


"အင်း..ဝိုင်းလေးကိုယ်တိုင်လည်းခံစားဖူးတော့
နားလည်ပါတယ်.."

မေဝိုင်းလေး၏စကားကြောင့် မင်းစက်၏
မျက်ခုံးနှစ်ဖက်ကြားမှ အရေပြားများ
ကြုံ့သွားသည်အထိ မျက်ခုံးတွေကို
တွန့်ကြုံ့လိုက်မိလေသည်။
ကိုယ့်ဆီမှာ စိတ်ဒဏ်ရာရှိနေတာက..အသာထား။
မေ့မှာလည်း စိတ်ဒဏ်ရာတစ်ခုရှိနေတယ်ဆိုတော့
အဲ့ဒါက ဘာကိုပြောတာလဲ။

သေချာပြန်စဉ်းစားကြည့်ရင် ‌အကြောင်းအရင်း
မရှိပဲ မေ..မူးလဲတာနှစ်ခါတိတိရှိသွားပြီ။
ပထမတစ်ခါက ဘန်ကောက်ကိုရောက်နေလို့
မသိလိုက်ပေမဲ့။
ယခုတစ်ခေါက်ကတော့ ကိုယ့်အရှေ့မှာမို့
သွေးပျက်လောက်အောင် လန့်သွားခဲ့ရတယ်။
မေ့ရဲ့ စိတ်ဒဏ်ရာကဘာများလဲ။
*အဲ့ဒါကို သိရမှဖြစ်မယ်.."

"မေကိုယ်တိုင်..ဘာတွေခံစားခဲ့ရဖူးလို့လဲ
ကိုယ့်ကိုပြောပြ‌ပါလား.."

"အခုတော့မဟုတ်သေးဘူး..အချိန်တန်ရင်
ဝိုင်းလေးပြောပြမှာပါ.."

"မေခဏခဏ..မူးလဲတာနဲ့သက်ဆိုင်နေလား.."

"အင်း..သက်ဆိုင်တယ်.."

မေကခေါင်းညိမ့်ပြလာတော့ သူထူပူသွားပြီး
‌ပေါင်ပေါ်မှာ လဲလျောင်းနေသာမေ့ရဲ့
ခန္ဓာကိုယ်လေးကို ပခုံးနှစ်ဖက်မှာဆုပ်ကိုင်ပြီး
ဆွဲမပြစ်လိုက်သည်။
မေကတော့ ထိတ်လန့်သွားပေမဲ့ အတွေးများစွာနှင့်
သူ့ရင်တွေပူနေတာလောက်တော့
 ဆိုးမည်မထင်ပေ။

"မေ့မှာ..ရောဂါတစ်ခုခုများရှိနေတာလား.."

"အင်းရှိတယ်..ဒါပေမဲ့ကင်ဆာလို
သေစေနိုင်လောက်တဲ့ ရောဂါမျိုးတော့မဟုတ်ဘူး"

"တော်ပါသေးရဲ့ကွာ..ကိုယ်ကရောဂါ
ကြီးကြီးမားမားရှိနေတာလားလို့ စိုးရိမ်သွားတာ.."

"မစိုးရိမ်ပါနဲ့..အခုလောလောဆယ်တော့
ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါပဲ.."

"ဟုတ်လို့လားကွာ..ဘယ်လောက်ကျန်းမာ
ကြံ့ခိုင်သလဲဆိုတာ ကိုယ်တိုင်စမ်းသပ်ပြီးမှပဲ
ယုံမယ်.."

"ကိုကိုနော်..နေ့ခင်းကြောင်တောင်ကြီးတောင်
ဘာလို့ကဲချင်နေရတာလဲ..
အောက်ထပ်မှာ ဧည့်သည်လည်းရှိနေတယ်လေ
ကိုကိုကမတွေ့ချင်ပေမဲ့ ဝိုင်းလေးကတော့
လူမှုရေးခေါင်းပါးလို့မရဘူး..
တော်ကြာ စနိုးဆိုတဲ့တစ်ယောက်က
ကိုကို့အဖေကို ပြန်ပြောလိုက်လို့
ဝိုင်းလေးက မာနကြီးပြီး၊မောက်မာတဲ့လူလို့
ထင်သွားမှာပေါ့.."

"ထင်ပါစေကွာ..ကိုယ်တောင်ဂရုမစိုက်တာ
မေကဘာမှ သွားပြီးဂရုစိုက်နေစရာမလိုဘူး.."

"အဲ့လိုပြောလို့မရဘူးလေ..မိသားစုဆိုတာ.."

"ကိုယ့်အတွက်မိသားစုဆိုတာ မေရှိရင်ပြည့်စုံတယ်
ကျန်တာဘာမှမလိုအပ်ဘူး.."

ဝိုင်းလေးပြောမည့်စကားကို ဖြတ်ပြောလိုက်၍
သိပ်မကျေနပ်ပေမဲ့ "မေရှိရင်ပြည့်စုံတယ်"
ဆိုသည့် စကားတစ်ခွန်းနဲ့တင် 
ကျေနပ်သွားမိလေသည်။

ဒါပေမဲ့လည်း အိမ်ရှင်တစ်ယောက်အနေနဲ့
ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို
ထွက်မတွေ့တာကတော့ ရိုင်းရာကျတာပေါ့။

ထို့ကြောင့်သူ့ကိုအမျိုးမျိုး ဖြောင်းဖျပြောဆိုခဲ့ကာ
အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

❤️❤️❤️❤️❤️❤️

အောက်ထပ်သို့ရောက်တော့ စနိုးဆိုသည့်
အမျိုးသမီးသည် အိမ်အကူတစ်ယောက်
လာချပေးခဲ့သော အအေးခွက်ကိုကိုင်ကာ
သူ့အိမ်သူ့ယာကဲ့သို့ အိမ်ထဲမှာ
လှည့်ပတ်ကြည့်ရှုနေလေသည်။

သူ့မျက်နှာ အမူအရာကလည်းမသာမယာ
ဖြစ်နေကာ တစ်ခုခုကိုအလိုမကျ‌ဖြစ်နေသလား
မသိပေ။

၀တ်ထားတာကတော့ နာမည်နှင့်မလိုက်ဖက်စွာ
အနီရဲရဲ ရေသူမဂါ၀န်ဖြစ်ပြီး အိမ်ထဲကို
ရောက်နေတာတောင် ဒေါက်ဖိနပ်နီနီကို
လုံး၀မချွတ်ပေ။

ဒေါက်ဖိနပ်တင်မဟုတ် လက်မှာလွယ်ထားသည့်
တန်ဖိုးကြီးပုံရသော လက်ကိုင်အိတ်ကိုပါ
မချတမ်းကိုင်ထားလေသည်။

ဆံပင်က ကျောလည်လောက်သာရှိပေမဲ့
ခပ်ပြေပြေကောက်တားကာ ကော်ဖီရောင်လေး
ဆိုးထား၍ ဖြူ၀င်းသောအသားအရည်နှင့်
အလွန်မှ လိုက်ဖက်တင့်တယ်‌နေသည်။

နှုတ်ခမ်းနီဆိုရင် အနီရဲရဲကြီးတွေဆိုးရတာ
မကြိုက်သည့် ဝိုင်းလေးနှင့်တော့
ဆန့်ကျင်ဖက်ဖြစ်လွန်းစွာ သွေးအရောင်နှင့်
တူသော နှုတ်ခမ်းနီကိုထူပိန်းနေအောင်
ဆိုးထားတာများ အိမ်လာလည်တာနဲ့ပွဲတက်တာ
မှားနေပုံရတယ်။

"နောက်ဆုံးတော့..မင်း..တို့ကိုလာတွေ့ပြီပေါ့.."

အပေါ်ထပ်မှာ ဆင်းလာသောဝိုင်းလေးကို
‌‌တွေ့တာနှင့် အထက်စီးဆန်စွာ မျက်ခုံးတစ်ဖက်ကို
တွန့်ချိုးလိုက်ပြီး နှုတ်ခမ်းကလည်းမဲ့ပြနေသလို
ခံစားလိုက်ရသည်။

သူများအိမ်ကိုလာလည်ပြီး အိမ်ရှင်ကို
ဆက်ဆံနေပုံက သူနဲ့လင်လုဘက်ကြနေတာပဲ။
အစကတော့ ကောင်းကောင်းမွန်မွန် ဧည့်ခံမလို့ပါပဲ။
သူ့ဘက်က အချိုးမပြေတော့ကိုယ်ကလည်း
သူ့အတိုင်းဆက်ဆံပေးလိုက်ရုံရှိတာပေါ့..။

"ကိုကိုကဘာလို့ ဆင်းမလာတာလဲ.."

"အစ်မကို မတွေ့ချင်လို့တဲ့.."

"ဘာ!!"

အစကတော့ ဖြည့်ကာစွက်ကာနဲ့ 
စကားကောင်းကောင်း ပြောပေးမလို့ပါပဲ။
ဒါပေမဲ့ သူ့ဘက်ကဆက်ဆံရေးမကောင်းတော့
ကိုကိုပြောတဲ့အတိုင်းပဲ ပြောပြပေးလိုက်သည်။
သေချာတာကတော့ ဝိုင်းလေးပြောနေတဲ့အထဲမှာ
တစ်ခုမှ အလိမ်အညာမပါဘူး..။

"အဟွန်း..ဒီစကားက..ကိုကိုပြောလိုက်တာတော့
မဖြစ်နိုင်ဘူး..မင်းဘာသာ
လျှောက်ပြောနေတာပဲနေမယ်.."

"အစ်မကတော်တော် စိတ်ကူးယဉ်တတ်တာပဲ
ကျွန်မက မုဒိတာစကားမျိုးကို
ပြောရမှာ အကြောက်ဆုံးပဲ..
ဒီစကားက ကိုကိုကိုယ်တိုင်ပြောလိုက်တဲ့စကား
ကျိန်ဆိုရင်လည်း ကျိန်ပြရဲတယ်"

တမင်ကို ခပ်ပြတ်ပြတ်ပြောလိုက်တော့
ထိုမိန်းမက ဝိုင်းလေးကို
ခပ်စူးစူးတစ်ချက်ကြည့်လာပြီး 
မျက်စောင်းထိုးသွားလေသည်။

*ဒီလိုအပြုအမူတွေ..ဒီလိုမျက်နှာပေး‌မျိုးနဲ့
မောက်မာတတ်သူမှန်းသာသိရင် 
ကိုကို့စကားကို နားထောင်ပြီး
အောက်ကိုလုံး၀..မဆင်းလာပါဘူး
အခုတော့..ဒုက္ခအိုးကြီးနဲ့ရင်ဆိုင်နေရပြီ..*


"ထားလိုက်ပါ..ကိုကိုကပြောသည်ဖြစ်စေ
မပြောသည်ဖြစ်စေ တို့အတွက်တော့
ကြားစကားတွေက အရေးမပါဘူး.."

အောင်မယ်..ပြောပုံကိုက
ဝိုင်းလေးကပဲလိမ်ညာနေသလိုလိုနဲ့။

"တို့..မင်းနဲ့စကားပြောချင်တယ်..
ဧည့်ခန်းထဲကို သွားကြရအောင်.."

ဟင်း..ငါနော်။လုပ်ချင်လိုက်တာတအားပဲ။
..သူ့ကိုယ်သူအိမ်ကြီးရှင်လို
စတိုင်မျိုးလာဖမ်းနေတာ မရှက်ဘူးလားမသိဘူး။
ပြဿနာမဖြစ်ချင်လို့ ငြိမ်နေတာကို
အကောင်းမှတ်နေတယ်..။

ဘီလူးဆိုင်းထတီးလိုက်တော့မှ ဖိနပ်တောင်
မပါပဲ ပြန်ပြေးနေရအုံးမယ်။

*ဒါပေမဲ့လည်း သူ့ကဧည့်သည်ပဲလေ
အမြဲမြင်တွေ့နေရမှာမှ မဟုတ်တာ။
သည်းခံလိုက်စမ်းပါ ဝိုင်းလေးရေ..*

ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးထိန်းထားလိုက်ပြီး
ဧည့်ခန်းထဲမှာ ၀င်ထိုင်လိုက်သည်။
အိမ်ရှင်ဖြစ်သည့် ဝိုင်းလေးကခပ်ကြုံ့ကြုံ့
ထိုင်နေပေမဲ့ သူကတော့ခြေချိတ်ထိုင်လိုက်ကာ
မျက်နှာကလည်း တစ်လောကလုံး
သူ့အိမ်မှာ ကျွန်ခံနေသလိုမျက်နှာပေးမျိုးနှင့်
မော့ချီနေလေသည်။

"မင်းနာမည်က မေဝိုင်းမဟုတ်လား..
တို့စုံစမ်းကြည့်ရသလောက်တော့
မင်းတို့ရဲ့ မိသားစုက ကိုကိုတို့အိမ်က
အလုပ်သမား အဆင့်လောက်ပဲရှိတယ်
ဟုတ်တယ်မှတ်လား.."

"စကားကို ဆင်ခြင်ပြီးပြောရင်ကောင်းမယ်..
ကျွန်မတို့မိသားစုက ပိုက်ဆံမချမ်းသာပေမဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့ကိုယ်ပိုင်အိမ်နဲ့
နေနိုင်၊ထိုင်နိုင်တော့ ရှိပါတယ်..
သူများကို နှိမ်ချဆက်ဆံပြီး အကုသိုလ်ယူရမှ
နေသာထိုင်သာရှိရင်တော့ ကြိုပြောပါ
ကျွန်မက ပါရမီဖြည့်ပေးရမှာပေါ့.."

မေဝိုင်းလေးက ပြန်လည်ချေပလာတော့
စနိုးက ခပ်မဲ့မဲ့လုပ်ကာလှောင်ရယ်ပစ်လိုက်သည်။

"မင်းကအလာကြီးပဲ ..ဟုတ်ပါပြီ
မင်းရဲ့မိသားစုက ကိုယ်ပိုင်အိမ်၊ကိုယ်ပိုင်လုပ်ငန်း
ရှိတယ်ပဲ ထားလိုက်ပါတော့
ဒါပေမဲ့..အဲ့ဒါတွေက
တစ်ခုမှမင်းနဲ့မသက်ဆိုင်ဘူးမဟုတ်လား..
တို့သိရသလောက်
မင်းကမွေးစားသမီးဆို..
ဘယ်နေရာကမှန်းမသိပဲ ခေါ်မွေးစားထားတဲ့
မွေးစားသမီး..အဲ့ဒါကိုရော..
မဟုတ်ဘူးလို့..ငြင်းအုံးမှာလား.."

"ရှင်ဒီအိမ်ကိုလာတာ ဘာရည်ရွယ်ချက်နဲ့လဲ
ကျွန်မရဲ့အတိတ်ကိုဖော်ပြီး ကျွန်မကို
စကားနာထိုးဖို့လာတာဆိုရင်တော့
လာလမ်းအတိုင်းပြန်ကြွပါတော့.."

"ဟား..ဟား..တို့ပြောတဲ့စကားက
မင်းရဲ့အရှိုက်ကိုထိသွားပြီထင်တယ်
တို့မရည်ရွယ်ပါဘူး..မင်းဘာသာအနာရှိလို့
စပ်သွားတာ တို့နဲ့ဘာဆိုင်လို့
အတင်းနှင်ထုတ်နေရတာလဲ..
တို့ကမင်းကို ဆဲဆိုနေတာလည်းမဟုတ်ဘူး.."

"အစ်မရဲ့စကားတွေက ဆဲဆိုတာထက်တောင်
ပိုပြီးစက်ဆုတ်ဖို့ကောင်းတယ်ဆိုတာကို
သိရဲ့လား..လူတစ်ယောက်ရဲ့ 
နောက်ကြောင်းရာဇ၀င်ကို ပြန်ပြောပြီး
တစ်ဖက်သားကို စိတ်ထိခိုက်အောင်
လုပ်တာဟာ လူကောင်းတွေရဲ့လုပ်ရပ်မဟုတ်ဘူး
အဲ့ဒါလူယုတ်မာတွေ လုပ်တဲ့အလုပ်.."

"မင်းဘာစကားပြောတာလဲ.."

"ကြားတဲ့အတိုင်းပဲလေ.."

"မင်းကိုကြည့်ရတာ မနေဖူးတဲ့နေရာမှနေရ
မစားဖူးတာတွေ စားနေရတော့
မာန်တက်နေတာထင်တယ်..
မင်းလိုမိန်းမမျိုးက တို့အစ်ကိုဖွင့်ထားတဲ့
နိုက်ကလပ်မှာ ယောက်ျားတွေကိုပြုစုဖို့လက်သပ်မွေးထားတဲ့ဟာတွေလောက်အောင်
အရည်အချင်းမရှိပဲ ဘာတွေလာယောင်နေတာလဲ
ကိုကိုက မင်းကို..မိဘတွေကြောင့်သာ
အနားမှာ ခဏခေါ်ထားတာကိုများ
အဟုတ်ကြီးမှတ်မနေနဲ့.."

"စကားပြောတာ ဘောင်ကျော်မလာနဲ့နော်..
ကျွန်မတို့လင်မယားကြားမှာ ဘာကိစ္စပဲရှိရှိ
အစ်မအပူတစ်ပြားမှမပါဘူး
ဘာမှ..ရေရေရာရာမသိပဲ အလကား
အာ၀င်မချောင်နဲ့.."

"ပြောတော့ဘာဖြစ်လဲ
မင်းတောင်မှ ကိုကို့ရဲ့အိမ်ပေါ်မှာ
တက်နေပြီး တို့ကိုနှင်ထုတ်သေးတာပဲလေ
ဒီမှာ...အရှက်မရှိတဲ့ကောင်မစုတ်
နင်အခုချက်ချင်း ကိုကို့အိမ်ပေါ်ကနေ
ဆင်းသွားစမ်း..ဒီအိမ်ကငါ့ကိုကိုရဲ့အိမ်
နင့်လို အချောင်သမားတွေလာနေချင်တိုင်း
နေလို့ရတဲ့ ဂေဟာမဟုတ်ဘူး.."

"စကားကိုလူလိုပြောနော်..
ရှင်ပြောသလိုပဲ ဒီအိမ်က
မင်းစက်အာဏာပိုင်တဲ့အိမ်ဟုတ်တယ်..
ဒါပေမဲ့ ဒီအိမ်ပေါ်ကနေထွက်သွားရမှာက
ကျွန်မမဟုတ်ဘူး..အသိခေါက်ခက်အ၀င်နက်ပြီး
လိပ်ကိုဖားလုပ်ချင်နေတဲ့ 
ရှင်ကသာထွက်သွားရမှာ..
.........
..ရှင်နဲ့ကိုကိုကဘာသွေးသားမှ
မ‌တော်ဘူးဆိုတာ ကျွန်မသိထားပြီးသား...
သူများအိမ်ပေါ်ကိုတက်လာပြီး 
သူများယောက်ျားကို ကြောင်တောင်နှိုက်ဖို့
မိန်းမဖြစ်သူကို အိမ်ပေါ်ကမဆင်းဆင်းအောင်
ဂုံးချောနေတာကတော့ အရမ်းကို
ကြောင်သူတော်ဆန်သွားပြီနော်..
ရွံတတ်ရင်..ကိုယ့်ကိုကိုယ်သာ
သထွေးနဲ့လှည့်ထွေးလိုက်ဟဲ့.."

"နင်..နင်မိုက်ရိုင်းလှချည်လား.."

"ဖြန်း!!!"

ဝိုင်းလေးမှာ ရှောင်ချိန်တောင်မရလိုက်ပဲ
ပါးကို ဖြန်းခနဲအရိုက်ခံလိုက်ရလေသည်။
သူ့လက်ကြီးမှာက လက်သည်းရှည်တွေနဲ့ဆိုတော့
ခြစ်ရာပါထင်သွားပြီလားမသိ။
စပ်ဖျင်းဖျင်းတောင် ဖြစ်သွားရသည်။

ကိုယ့်အိမ်ပေါ်အထိ ပါးတက်ရိုက်တဲ့မိန်းမကို
ဒေါသထွက်လွန်းလို့ ပြန်ချမည်ဟု
တွေးလိုက်ပေမဲ့ ဝိုင်းလေးထက်အရင်
လက်ဦးသွားသူက ကိုကိုဖြစ်နေသည်။

"ဖြန်း!!!!"

စနိုးဆိုသည့်မိန်းမခမျာ ကိုကို့ရဲ့ရိုက်ချက်ကြောင့်
ခေါင်းတောင် လည်ထွက်သွားလေသည်။
အားထည့်၍ ရိုက်လိုက်မှန်းသိသာအောင်ကို
အသံက ဝိုင်းလေးခံရတုန်းကထက်ပိုကျယ်သည်။

"ကိုကိုက..စနိုးကိုရိုက်တယ်..
အဟင့်..ကိုကိုရက်စက်လိုက်တာ.."

စနိုးကမျက်ရည်တွေချက်ချင်း ဝိုင်းတက်လာပြီး
မင်းစက်အာဏာကို အားငယ်၀မ်းနည်းစွာ
ကြည့်လိုက်ပေမဲ့ မင်းစက်အာဏာကတော့
မုန်းတီးရွံရှာစွာ သူ့ကိုတန်ပြန်ကြည့်နေလေသည်။

မင်းစက်အာဏာအတွက်တော့ 
ယောက်ျားလေးသာဆို လက်သီး
ကျွေးပစ်လိုက်မှာပေမဲ့ အခုကမိန်းကလေးမို့
သူ့လျော့ထားခြင်းဖြစ်သည်။

အစတည်းက နင့်နင့်သီးသီးပြောမလွှတ်ချင်လို့
အိမ်ထဲအ၀င်ခံထားတာကို အခုကိုယ့်မိန်းမကို
ပါးလာရိုက်တော့ နားပြန်ကိုက်ရမှသာ
ကျေနပ်မည်။

မေ့ကိုရိုက်လိုက်သည့် ဖြစ်ရပ်ကိုမျက်လုံးထဲမှာ
ပြန်မြင်ယောင်လာတော့ ထိုမိန်းမကို
သူ့အတွေးထဲမှာ မှတ်လောက်သားလောက်အောင်
ဆုံးမချင်စိတ်တွေအား မနည်းထိန်းထားရသည်။
ကျစ်နေအောင် ဆုပ်ထားမိသည့် 
သူ့လက်သီးဆုပ်ကတော့ အကြောတွေ
ထောင်တက်လာရသည်အထိ တင်းထွက်နေသည်။

"မင်းတို့မိသားစုက..ငါ့ကိုစိတ်ဒုက္ခပေးလို့
အားမရတော့..ငါ့အိမ်ပေါ်အထိတက်ပြီး
ငါ့မိန်းမကိုပါ လာဒုက္ခပေးကြတာပေါ့ဟုတ်လား.."

"မဟုတ်ရပါဘူးကိုကိုရယ်.."

"အပိုတွေလာပြောမနေနဲ့..ငါကန်ချတာမခံချင်ရင်
ကိုယ့်အသိနဲ့ကိုယ်ငါ့အိမ်ထဲကနေ
ထွက်သွား.."

"ကိုကိုက ဒီကောင်မကိုထိတာနဲ့
စနိုးကိုမောင်းထုတ်တယ်ပေါ့.."

"ငါ့မိန်းမကို ကောင်မလို့မင်းရဲ့ပါးစပ်က
ထပ်ခေါ်ကြည့်စမ်း..
သွားတွေတစ်ချောင်းမှမရှိပဲ
ပြန်ထွက်သွားရမယ်..ဘာမှတ်နေလဲ..
မင်းရော..မင်းမိသားစုကိုရော
တစ်ခါတည်းပြောလိုက်မယ်..
ငါ့မိန်းမက မင်းတို့တစ်မိသားစုလုံးထက်
တန်ဖိုးရှိတဲ့အတွက်..
လာထိဖို့ကြိုးစားရင်
 ငါလုံး၀ခွင့်လွှတ်မှာမဟုတ်ဘူးနော်
!!သွားတော့!!!
နောက်လည်းဘယ်တော့မှာမလာကြနဲ့..."

မင်းစက်က ရင့်ရင့်သီးသီးတွေ
ပြောလွှတ်လိုက်တော့ စနိုးမှာမျက်နှာကို
လက်နှင့်အုပ်ပြီး ငို၍ပြေးထွက်သွားတော့သည်။

စနိုးထွက်သွားသည်နှင့် မေဝိုင်းလေးဘက်သို့
ပြန်လှည့်ကြည့်လိုက်တော့ ပါးမှာ
ထင်နေသည့်အနီစင်းကြောင်းကြီးက
သူကိုယ်တိုင် အရိုက်ခံလိုက်ရသလိုကို
နာနေမိတာ။

ချက်ချင်းပဲ မေ့ဆီသို့သွားလိုက်ပြီး
မေ့မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ဖြင့်
အုပ်ကိုင်ကာ နီရဲနေသည့်နေရာကို
လေနှင့်မှုတ်နေမိသည်။
အရိုက်ခံလိုက်ရ၍ မေ့ရဲ့ပါးလေးထူပူပြီး
စပ်ဖျင်းဖျင်းဖြစ်နေမှာကို သူစိုးရိမ်သည်။

"အရမ်းနာနေလား.."

"နာတယ်..ထမင်းတောင်စားနိုင်ပါတော့မလား
မသိဘူး.."

"အဲ့ဒါကြောင့် ကိုယ်ပြောပါတယ်
ထွက်မတွေ့ပါနဲ့ဆိုတာ..အခုတော့ပါးလေးတွေ
နီကုန်ပြီ..ဆေးခန်းသွားမလား.."

"မသွားတော့ပါဘူး..ကြက်ပူပဲထိုးလိုက်တော့မယ်"

"ကိုယ်တောင်းပန်ပါတယ်မေရယ်.."

"ကိုကိုကဘာအမှားလုပ်လို့
တောင်းပန်နေရတာလဲ.."

"ကိုယ်အမှားမလုပ်လဲ..သူတို့ကကိုယ်နဲ့
ပတ်သတ်တဲ့လူတွေလေ..
မဟုတ်ရင်..မေဒီလိုမနာကျင်ရလောက်ဘူး.."

ဝိုင်းလေး၏ပါးပြင်လေးကို လက်မလေးနှင့်
ခပ်ဖွဖွပွတ်သပ်ကာ မျက်နှာမကောင်းစွာ
ခေါင်းငုံ့သွားသော ကိုကို့နဖူးလေးကို
နှစ်သိမ့်ပေးသည့်အနေဖြင့် ခပ်ဖွဖွအကြင်နာ
ပေးလိုက်မိလေသည်။
ဒီအနမ်းကသူ့ကို နှစ်သိမ့်ပေးသည့်အနမ်း၊
ခွင့်လွှတ်သည့်အနမ်းပါ..။

"ကိုကို့မှာအပြစ်မရှိပါဘူး..ကိုကို့လက်ကို
တွဲပြီးတည်းက အရာအားလုံးကို
အတူရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားပြီးသား
အခုကလည်း အငိုက်မိသွားလို့ခံလိုက်ရတာပါ
နောက်တစ်ခါဆို ဝိုင်းလေးကပဲ
လက်ဦးမှုရယူတော့မှာ ကိုကိုသာ
အဲ့ဒီ့အခါကြရင် ဝိုင်းလေးကို
အပြစ်မမြင်ကြေးနော်.."

"အပြစ်မြင်စရာလား..ကိုယ့်မိန်းမကိုထိရင်
ကိုယ်နဲ့အရင်ငြိသွားမှာပေါ့.."

"အဟင်း..အဲ့ဒါကြောင့်ကို့ကိုချစ်တာ.."

"ဟာ..နား၀င်ချိုလိုက်တာကွာ..
ထပ်ပြောပါအုံး.."

"ဟင်..တော်ပြီလေ..မြန်မာ့ရုပ်မြင်သံကြားက
နှစ်ခါမလွှင့်ဘူး.."

"ဒါဆိုကိုကိုက ထပ်လွှင့်အောင် လုပ်ရမှာပေါ့.."

"ဟာ..ကိုကိုနော်.."

တစ်ယောက်နှင့်တစ်ယောက် အပြစ်မမြင်ပဲ
ချစ်တဲ့လူချင်းဆိုတော့ ရန်ဖြစ်သံတွေအစား
ကျီစယ်စနောက်သံလေးတွေဟာ 
အခန်းတစ်ခုလုံးကို လွှမ်းသွားလေသည်။

သို့ပေမဲ့ တစ်ဖက်မှာတော့စနိုးသည်
ကားကိုခြံပြင်သို့ မောင်းထွက်ပြီးပေမဲ့
မင်းစက်အာဏာတို့၏ တိုက်ကြီးကို
လှမ်းကြည့်ကာ မျက်ရည်တွေပါးပေါ်သို့
တစိမ့်စိမ့်စီးကျလျှက် ကောက်ကျစ်စွာ
မဲ့ပြုံးပြုံးလိုက်လေသည်။

ပြီးနောက် ဦးသူရမင်းခေါင်ဆီသို့
ချက်ချင်းဖုန်းခေါ်လိုက်ကာ
ရှိုက်သံမြည်အောင် တမင်ပြုလုပ်လိုက်လျှက်..

"အဖေ..ကိုကို့ရဲ့မိန်းမကသမီးကို
အနိုင်ကျင့်တယ်..!!!!
အဟင့်..အဲ့မိန်းမကသမီးကိုပါးရိုက်လိုက်တယ်!!"

"**အခန်း(၅၀)ဆက်ရန်...
စာရေးသူ...ဆောင်းငွေ့ဝေ

🔥🔥🔥🔥🔥🔥🔥🔥🔥🔥

စနိုးမကိုနာမည်ပြောင်းသင့်ပြီ
ဘယ်လိုပြောင်းရင်ကောင်းမလဲ..

=======================
======================

အခန္း(၄၉)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘

"ကိုကို..ကိုကို႔ရဲ႕ဧည့္သည္ကို
ဒီအတိုင္းပဲ ပစ္ထားေတာ့မွာလား..
စကားေလးဘာေလး ထြက္မေျပာေတာ့ဘူးလား.."

"မေျပာခ်င္ဘူးကြာ..သူ႔ဘာသာအားယားေနလို႔
လာလည္တာပဲ..မေနႏိုင္ရင္ျပန္သြားလိမ့္မယ္.."

"အဲ့လိုေတာ့ဘယ္ေကာင္းပါ့မလဲ
ကိုယ့္အိမ္လာတဲ့ ဧည့္သည္ကို.."

"မဖိတ္ေခၚပဲ ေရာက္လာတဲ့ဧည့္သည္ကို
ဘာမွ လူရာသြင္းစရာအေၾကာင္းမရွိဘူး.."

"ကိုကိုကအဲ့ဒီ့ေကာင္မေလးကို ဘာလို႔
ဒီေလာက္အျမင္မၾကည္ျဖစ္ေနတာလဲ.."

"အျမင္မၾကည္တာကေတာ့ သူတင္မဟုတ္ဘူး
သူ႔တစ္မိသားစုလုံးကိုပါ အျမင္မၾကည္တာ.."

ေမြ႕ယာေပၚမွာ ပက္လက္လွဲေနရင္းႏွင့္
ေပါ့ေပါ့ပါးပါးပဲ ေျပာလိုက္တာဆိုေပမဲ့
သူ႔မ်က္လုံးထဲက မေက်နပ္မႈေတြကို
ေသခ်ာျမင္ေနရပါတယ္။

ေကာင္မေလးနာမည္က စႏိုးတဲ့
ဒါကလည္း အခ်င္းခ်င္းစကား
ေျပာၿပီးလို႔ သိလိုက္တာမဟုတ္ပဲ
ေကာင္မေလးက စကားေျပာရင္
သူ႔နာမည္ကို ထည့္ထည့္ေျပာတတ္လို႔
သိရတာပါ။

စေတြ႕ေတြ႕ခ်င္း ကို႔ကိုေျပးဖက္လို႔
အံ့ဩခဲ့ရေပမဲ့ ‌ကိုယ္ေယာက္်ားကခ်က္ခ်င္းပဲ
ထိုေကာင္မေလးဖက္ထားတာကို
မသတီသလိုႏွင့္ တြန္းထုတ္လိုက္၍
အနည္းငယ္ေတာ့ စိတ္သက္သာရာ
ရသြားခဲ့သည္။

ဟိုေကာင္မေလးကသာ သတိရေၾကာင္းေတြ
ေျပာလာေပမဲ့ ကိုကို႔ဘက္ကေတာ့
စႏိုးဆိုသူကို ဂ႐ုေတာင္မစိုက္ပဲ ဝိုင္းေလးကိုသာ
လက္ဆြဲကာ အိမ္အေပၚထပ္သို႔ 
အတင္းဆြဲေခၚလာခဲ့သညါ။

ဧည့္သည္ကလည္း ဘယ္ေလာက္
မ်က္ႏွာေျပာင္တိုက္သလဲဆိုရင္
 အိမ္ရွင္က မလိုလားတာေတာင္
ဝိုင္းေလးတို႔ရဲ႕ ေနာက္ကေန
အတင္း လိုက္လာခဲ့ေလရဲ႕။
အခုေတာ့ ဧည့္သည္ကဧည့္ခန္းထဲမွာ
ရွိေနေပမဲ့ ဝိုင္းေလးတို႔ႏွစ္ေယာက္ကေတာ့
အိပ္ခန္းထဲကေန မထြက္ျဖစ္ၾကေပ။

ဧည့္သည္က သူ႔ဧည့္သည္မို႔ ထြက္ေတြ႕ပါလို႔
ေျပာလည္း လုံး၀ထြက္မေတြ႕ဘူးဟုသာ
ဘူးခံျငင္းေနေတာ့ သူတို႔ၾကားမွာဘယ္လို
ျပႆနာေတြမ်ား ရွိေနသလဲပိုသိခ်င္လာသည္။

"အဲ့ေလာက္ေတာင္ ခါးခါးသီးသီး
ျဖစ္ေနတာဆိုေတာ့..အဲ့ေကာင္မေလးက
ကိုကို႔အဆက္ေဟာင္းလား.."

"ဟာ..ဘာေတြေျပာေနတာလဲေမရယ္..
မဟုတ္တာေတြေလွ်ာက္ေတြးမေနစမ္းပါနဲ႔.."

"အဲ့ဒါဆိုရင္ ကိုကိုတို႔ၾကားမွာ
ဘာျပႆနာေတြျဖစ္ခဲ့သလဲဆို‌တာေျပာျပေလ.."

"အဲ့ဒီ့ကိစၥေတြကို ကိုယ္မေျပာခ်င္ဘူးကြာ
ေမလည္း မသိခ်င္ပါနဲ႔.."

"ဒါဆိုသူ႔ကို သြားေမးလိုက္ရမလား..
သူ႔ကိုေမးလိုက္ၿပီးမွ ကိုကို႔ရဲ႕အရႈပ္ဇယားႀကီးမွန္း
သိရရင္ေတာ့..ဝိုင္းေလးစိတ္ကိုသိတယ္ေနာ္..."

"ဟာ..ေမရာ..လာစမ္းပါကြာ..
ကိုကိုေျပာျပပါ့မယ္.."

ဝိုင္းေလးက ကုတင္ေအာက္သို႔ဆင္းမည္လုပ္ေတာ့
သူ႔ရဲ႕သန္မာေသာ လက္ေမာင္းႏွစ္ဖက္ႏွင့္
ခါးကေနလွမ္းဆြဲခ်ၿပီး သူ႔ေပါင္ကို
ေခါင္းအုံးေစကာ သူကေတာ့
ထထိုင္လိုက္ေလသည္။

သူ႔ေပါင္ေပၚမွတစ္ဆင့္ ေမြ႕ယာေပၚတြင္
ပ်ံ႕က်ဲေနေသာ ေမ့ရဲ႕ဆံစေလးမ်ားအား
သူ႔လက္ေခ်ာင္းမ်ားႏွင့္ ထိုးေမႊကာ
ဆုပ္ကိုင္လိုက္ၿပီး ပါးျပင္ေလးကိုသာ
တို႔ထိၾကည့္ေနမိသည္။

"ဘာလို႔ အခ်ိန္ေတြဆြဲေနတာလဲ
ေျပာမွာျဖင့္မေျပာဘူး.."

"အင္း..အဲ့ဒီ့စိတ္ပ်က္စရာမိသားစုအေၾကာင္းကို
မေျပာခင္ ၾကည္ႏူးစရာအခ်ိန္ေလးေတြကို
မ်ားမ်ားဆြဲဆန႔္ထားခ်င္လို႔ေပါ့.."

"စိတ္ပ်က္စရာမိသားစုဆိုတာ
ဘာကိုေျပာတာလဲ.."

"ကိုယ့္အေဖရဲ႕ေနာက္အိမ္ေထာင္က
မိသားစုအေၾကာင္းေပါ့.."

"ဒါဆို..ေအာက္ထပ္မွာေရာက္ေနတဲ့
စႏိုးဆိုတာက ကိုကို႔မိေထြးရဲ႕သမီးလား.."

"ဟုတ္တယ္..ကိုယ့္အေဖရဲ႕မယားပါ
သမီးေပါ့..သူကကိုယ့္ထက္ႏွႏွစ္ပဲငယ္တယ္.."

"မမႉးေျပာတာေတာ့ ကိုကို႔အေဖမွာေနာက္ထပ္
သားတစ္ေယာက္ရွိေသးတယ္ဆို.."

"အင္း..သူလည္းကိုကို႔ထက္ငယ္တာပဲ.."

"ဒါနဲ႔..ကိုကိုကသူတို႔ကိုစိတ္ပ်က္စရာမိသားစုလို႔
ဘာေၾကာင့္ေျပာရတာလဲ.."

"‌ဘာေၾကာင့္လည္းဆိုေတာ့ အဲ့ဒီ့မိသားစုနဲ႔
ေနခဲ့ရတဲ့အခ်ိန္ေတြမွာ တစ္ခါမွ
စိတ္ခ်မ္းသာရတယ္ဆိုတာ မရွိခဲ့လို႔ေပါ့.."

"သူတို႔က ကို႔ကို..ႏွိပ္စက္ခဲ့ၾကလို႔လား.."

"ဟုတ္တယ္..သူတို႔ကကိုယ့္ကို
စိတ္ေရာ၊‌လူေရာနာက်င္ေအာင္ ႏွိပ္စက္ခဲ့ၾကတာ
ဒါေၾကာင့္လည္း ကိုယ့္အသက္
ဆယ့္ေျခာက္ႏွစ္မွာတင္ ေငြရွာႏိုင္ေအာင္
ႀကိဳးစားၿပီး သူတို႔နဲ႔သီးသန႔္ခြဲထြက္ခဲ့တာေပါ့.."

"သူတို႔က ကို႔ကိုဘယ္လိုႏွိပ္စက္ခဲ့ၾကတာလဲဟင္..?"

သူ႔ေပါင္ေပၚမွာ ေခါင္းအုံးၿပီးလွဲေနမိတဲ့
အေနအထားမို႔ အေပၚစီးမွငုံ႔မိုးၾကည့္ေနေသာ
ကိုကို႔ရဲ႕ မ်က္ႏွာေလးကို လက္ဖဝါးေလးႏွင့္
အသာအယာ ထိေတြ႕ၾကည့္လိုက္မိသည္။

သူ႔ရဲ႕ေမးေစ့မွ စိမ္းျမျမႏႈတ္ခမ္းေမႊး
ေရးေရးလးမ်ားဟာ အခြၽန္အတက္ေလးမ်ားကဲ့သို႔
ဝိုင္းေလး၏ လက္ဖဝါးေလးကိုစူးရွရွ
ျဖစ္ေစေပမဲ့ ဒီလိုအျပဳအမူကသူ႔ကို
ႏွစ္သိမ့္ေပးႏိုင္လိမ့္မည္ဟု ယုံၾကည္သည္။

သူ႔ရဲ႕ခါးသီးေသာ ေန႔ရက္ေတြအေၾကာင္းကို
ျပန္ေျပာေနရလို႔ထင္ပါရဲ႕ ကိုကို႔မ်က္၀န္းေတြဟာ
ေမွာင္မိုက္ေသာတိမ္ထုမ်ားၾကား 
ေလပူမ်ား ယွက္တိုက္က်ီစယ္သြားသလို
မႈိင္းပ်ပ်ႏွင့္ ပူေႏြးျပင္းရွေနသေယာင္။

"အတိတ္ကအေၾကာင္းေတြနဲ႔ပတ္သတ္ၿပီး
ခေရေစ့တြင္းက်ေတာ့ ကိုယ့္ကိုမေမးပါနဲ႔လား
ေမရယ္..အဲ့ဒီ့အေၾကာင္းအရာ‌ေတြကို
ျဖစ္ႏိုင္ရင္ ေတြးေတာင္မေတြးခ်င္ေတာ့ဘူး.."

"ျပန္ေတြးမိတိုင္း..နာက်င္ရလို႔လား.."

"ဟုတ္တယ္..ျပန္ေတြးမိတိုင္း
အေဟာင္းေတြက အသစ္ျဖစ္လာၿပီး
ဒဏ္ရာေဟာင္းေတြထင္က်န္ေနတဲ့ေနရာက
ျပန္ျပန္စူးေအာင့္လာရလို႔.."

"အင္း..ဝိုင္းေလးကိုယ္တိုင္လည္းခံစားဖူးေတာ့
နားလည္ပါတယ္.."

ေမဝိုင္းေလး၏စကားေၾကာင့္ မင္းစက္၏
မ်က္ခုံးႏွစ္ဖက္ၾကားမွ အေရျပားမ်ား
ႀကဳံ႕သြားသည္အထိ မ်က္ခုံးေတြကို
တြန္႔ႀကဳံ႕လိုက္မိေလသည္။
ကိုယ့္ဆီမွာ စိတ္ဒဏ္ရာရွိေနတာက..အသာထား။
ေမ့မွာလည္း စိတ္ဒဏ္ရာတစ္ခုရွိေနတယ္ဆိုေတာ့
အဲ့ဒါက ဘာကိုေျပာတာလဲ။

ေသခ်ာျပန္စဥ္းစားၾကည့္ရင္ ‌အေၾကာင္းအရင္း
မရွိပဲ ေမ..မူးလဲတာႏွစ္ခါတိတိရွိသြားၿပီ။
ပထမတစ္ခါက ဘန္ေကာက္ကိုေရာက္ေနလို႔
မသိလိုက္ေပမဲ့။
ယခုတစ္ေခါက္ကေတာ့ ကိုယ့္အေရွ႕မွာမို႔
ေသြးပ်က္ေလာက္ေအာင္ လန႔္သြားခဲ့ရတယ္။
ေမ့ရဲ႕ စိတ္ဒဏ္ရာကဘာမ်ားလဲ။
*အဲ့ဒါကို သိရမွျဖစ္မယ္.."

"ေမကိုယ္တိုင္..ဘာေတြခံစားခဲ့ရဖူးလို႔လဲ
ကိုယ့္ကိုေျပာျပ‌ပါလား.."

"အခုေတာ့မဟုတ္ေသးဘူး..အခ်ိန္တန္ရင္
ဝိုင္းေလးေျပာျပမွာပါ.."

"ေမခဏခဏ..မူးလဲတာနဲ႔သက္ဆိုင္ေနလား.."

"အင္း..သက္ဆိုင္တယ္.."

ေမကေခါင္းညိမ့္ျပလာေတာ့ သူထူပူသြားၿပီး
‌ေပါင္ေပၚမွာ လဲေလ်ာင္းေနသာေမ့ရဲ႕
ခႏၶာကိုယ္ေလးကို ပခုံးႏွစ္ဖက္မွာဆုပ္ကိုင္ၿပီး
ဆြဲမျပစ္လိုက္သည္။
ေမကေတာ့ ထိတ္လန႔္သြားေပမဲ့ အေတြးမ်ားစြာႏွင့္
သူ႔ရင္ေတြပူေနတာေလာက္ေတာ့
 ဆိုးမည္မထင္ေပ။

"ေမ့မွာ..ေရာဂါတစ္ခုခုမ်ားရွိေနတာလား.."

"အင္းရွိတယ္..ဒါေပမဲ့ကင္ဆာလို
ေသေစႏိုင္ေလာက္တဲ့ ေရာဂါမ်ိဳးေတာ့မဟုတ္ဘူး"

"ေတာ္ပါေသးရဲ႕ကြာ..ကိုယ္ကေရာဂါ
ႀကီးႀကီးမားမားရွိေနတာလားလို႔ စိုးရိမ္သြားတာ.."

"မစိုးရိမ္ပါနဲ႔..အခုေလာေလာဆယ္ေတာ့
က်န္းမာေရးက ေဒါင္ေဒါင္ျမည္ပါပဲ.."

"ဟုတ္လို႔လားကြာ..ဘယ္ေလာက္က်န္းမာ
ႀကံ့ခိုင္သလဲဆိုတာ ကိုယ္တိုင္စမ္းသပ္ၿပီးမွပဲ
ယုံမယ္.."

"ကိုကိုေနာ္..ေန႔ခင္းေၾကာင္ေတာင္ႀကီးေတာင္
ဘာလို႔ကဲခ်င္ေနရတာလဲ..
ေအာက္ထပ္မွာ ဧည့္သည္လည္းရွိေနတယ္ေလ
ကိုကိုကမေတြ႕ခ်င္ေပမဲ့ ဝိုင္းေလးကေတာ့
လူမႈေရးေခါင္းပါးလို႔မရဘူး..
ေတာ္ၾကာ စႏိုးဆိုတဲ့တစ္ေယာက္က
ကိုကို႔အေဖကို ျပန္ေျပာလိုက္လို႔
ဝိုင္းေလးက မာနႀကီးၿပီး၊ေမာက္မာတဲ့လူလို႔
ထင္သြားမွာေပါ့.."

"ထင္ပါေစကြာ..ကိုယ္ေတာင္ဂ႐ုမစိုက္တာ
ေမကဘာမွ သြားၿပီးဂ႐ုစိုက္ေနစရာမလိုဘူး.."

"အဲ့လိုေျပာလို႔မရဘူးေလ..မိသားစုဆိုတာ.."

"ကိုယ့္အတြက္မိသားစုဆိုတာ ေမရွိရင္ျပည့္စုံတယ္
က်န္တာဘာမွမလိုအပ္ဘူး.."

ဝိုင္းေလးေျပာမည့္စကားကို ျဖတ္ေျပာလိုက္၍
သိပ္မေက်နပ္ေပမဲ့ "ေမရွိရင္ျပည့္စုံတယ္"
ဆိုသည့္ စကားတစ္ခြန္းနဲ႔တင္ 
ေက်နပ္သြားမိေလသည္။

ဒါေပမဲ့လည္း အိမ္ရွင္တစ္ေယာက္အေနနဲ႔
ကိုယ့္အိမ္လာတဲ့ ဧည့္သည္ကို
ထြက္မေတြ႕တာကေတာ့ ႐ိုင္းရာက်တာေပါ့။

ထို႔ေၾကာင့္သူ႔ကိုအမ်ိဳးမ်ိဳး ေျဖာင္းဖ်ေျပာဆိုခဲ့ကာ
ေအာက္ထပ္သို႔ ဆင္းလာခဲ့လိုက္သည္။

❤️❤️❤️❤️❤️❤️

ေအာက္ထပ္သို႔ေရာက္ေတာ့ စႏိုးဆိုသည့္
အမ်ိဳးသမီးသည္ အိမ္အကူတစ္ေယာက္
လာခ်ေပးခဲ့ေသာ အေအးခြက္ကိုကိုင္ကာ
သူ႔အိမ္သူ႔ယာကဲ့သို႔ အိမ္ထဲမွာ
လွည့္ပတ္ၾကည့္ရႈေနေလသည္။

သူ႔မ်က္ႏွာ အမူအရာကလည္းမသာမယာ
ျဖစ္ေနကာ တစ္ခုခုကိုအလိုမက်‌ျဖစ္ေနသလား
မသိေပ။

၀တ္ထားတာကေတာ့ နာမည္ႏွင့္မလိုက္ဖက္စြာ
အနီရဲရဲ ေရသူမဂါ၀န္ျဖစ္ၿပီး အိမ္ထဲကို
ေရာက္ေနတာေတာင္ ေဒါက္ဖိနပ္နီနီကို
လုံး၀မခြၽတ္ေပ။

ေဒါက္ဖိနပ္တင္မဟုတ္ လက္မွာလြယ္ထားသည့္
တန္ဖိုးႀကီးပုံရေသာ လက္ကိုင္အိတ္ကိုပါ
မခ်တမ္းကိုင္ထားေလသည္။

ဆံပင္က ေက်ာလည္ေလာက္သာရွိေပမဲ့
ခပ္ေျပေျပေကာက္တားကာ ေကာ္ဖီေရာင္ေလး
ဆိုးထား၍ ျဖဴ၀င္းေသာအသားအရည္ႏွင့္
အလြန္မွ လိုက္ဖက္တင့္တယ္‌ေနသည္။

ႏႈတ္ခမ္းနီဆိုရင္ အနီရဲရဲႀကီးေတြဆိုးရတာ
မႀကိဳက္သည့္ ဝိုင္းေလးႏွင့္ေတာ့
ဆန႔္က်င္ဖက္ျဖစ္လြန္းစြာ ေသြးအေရာင္ႏွင့္
တူေသာ ႏႈတ္ခမ္းနီကိုထူပိန္းေနေအာင္
ဆိုးထားတာမ်ား အိမ္လာလည္တာနဲ႔ပြဲတက္တာ
မွားေနပုံရတယ္။

"ေနာက္ဆုံးေတာ့..မင္း..တို႔ကိုလာေတြ႕ၿပီေပါ့.."

အေပၚထပ္မွာ ဆင္းလာေသာဝိုင္းေလးကို
‌‌ေတြ႕တာႏွင့္ အထက္စီးဆန္စြာ မ်က္ခုံးတစ္ဖက္ကို
တြန႔္ခ်ိဳးလိုက္ၿပီး ႏႈတ္ခမ္းကလည္းမဲ့ျပေနသလို
ခံစားလိုက္ရသည္။

သူမ်ားအိမ္ကိုလာလည္ၿပီး အိမ္ရွင္ကို
ဆက္ဆံေနပုံက သူနဲ႔လင္လုဘက္ၾကေနတာပဲ။
အစကေတာ့ ေကာင္းေကာင္းမြန္မြန္ ဧည့္ခံမလို႔ပါပဲ။
သူ႔ဘက္က အခ်ိဳးမေျပေတာ့ကိုယ္ကလည္း
သူ႔အတိုင္းဆက္ဆံေပးလိုက္႐ုံရွိတာေပါ့..။

"ကိုကိုကဘာလို႔ ဆင္းမလာတာလဲ.."

"အစ္မကို မေတြ႕ခ်င္လို႔တဲ့.."

"ဘာ!!"

အစကေတာ့ ျဖည့္ကာစြက္ကာနဲ႔ 
စကားေကာင္းေကာင္း ေျပာေပးမလို႔ပါပဲ။
ဒါေပမဲ့ သူ႔ဘက္ကဆက္ဆံေရးမေကာင္းေတာ့
ကိုကိုေျပာတဲ့အတိုင္းပဲ ေျပာျပေပးလိုက္သည္။
ေသခ်ာတာကေတာ့ ဝိုင္းေလးေျပာေနတဲ့အထဲမွာ
တစ္ခုမွ အလိမ္အညာမပါဘူး..။

"အဟြန္း..ဒီစကားက..ကိုကိုေျပာလိုက္တာေတာ့
မျဖစ္ႏိုင္ဘူး..မင္းဘာသာ
ေလွ်ာက္ေျပာေနတာပဲေနမယ္.."

"အစ္မကေတာ္ေတာ္ စိတ္ကူးယဥ္တတ္တာပဲ
ကြၽန္မက မုဒိတာစကားမ်ိဳးကို
ေျပာရမွာ အေၾကာက္ဆုံးပဲ..
ဒီစကားက ကိုကိုကိုယ္တိုင္ေျပာလိုက္တဲ့စကား
က်ိန္ဆိုရင္လည္း က်ိန္ျပရဲတယ္"

တမင္ကို ခပ္ျပတ္ျပတ္ေျပာလိုက္ေတာ့
ထိုမိန္းမက ဝိုင္းေလးကို
ခပ္စူးစူးတစ္ခ်က္ၾကည့္လာၿပီး 
မ်က္ေစာင္းထိုးသြားေလသည္။

*ဒီလိုအျပဳအမူေတြ..ဒီလိုမ်က္ႏွာေပး‌မ်ိဳးနဲ႔
ေမာက္မာတတ္သူမွန္းသာသိရင္ 
ကိုကို႔စကားကို နားေထာင္ၿပီး
ေအာက္ကိုလုံး၀..မဆင္းလာပါဘူး
အခုေတာ့..ဒုကၡအိုးႀကီးနဲ႔ရင္ဆိုင္ေနရၿပီ..*

"ထားလိုက္ပါ..ကိုကိုကေျပာသည္ျဖစ္ေစ
မေျပာသည္ျဖစ္ေစ တို႔အတြက္ေတာ့
ၾကားစကားေတြက အေရးမပါဘူး.."

ေအာင္မယ္..ေျပာပုံကိုက
ဝိုင္းေလးကပဲလိမ္ညာေနသလိုလိုနဲ႔။

"တို႔..မင္းနဲ႔စကားေျပာခ်င္တယ္..
ဧည့္ခန္းထဲကို သြားၾကရေအာင္.."

ဟင္း..ငါေနာ္။လုပ္ခ်င္လိုက္တာတအားပဲ။
..သူ႔ကိုယ္သူအိမ္ႀကီးရွင္လို
စတိုင္မ်ိဳးလာဖမ္းေနတာ မရွက္ဘူးလားမသိဘူး။
ျပႆနာမျဖစ္ခ်င္လို႔ ၿငိမ္ေနတာကို
အေကာင္းမွတ္ေနတယ္..။

ဘီလူးဆိုင္းထတီးလိုက္ေတာ့မွ ဖိနပ္ေတာင္
မပါပဲ ျပန္ေျပးေနရအုံးမယ္။

*ဒါေပမဲ့လည္း သူ႔ကဧည့္သည္ပဲေလ
အၿမဲျမင္ေတြ႕ေနရမွာမွ မဟုတ္တာ။
သည္းခံလိုက္စမ္းပါ ဝိုင္းေလးေရ..*

ကိုယ့္စိတ္ကို အတတ္ႏိုင္ဆုံးထိန္းထားလိုက္ၿပီး
ဧည့္ခန္းထဲမွာ ၀င္ထိုင္လိုက္သည္။
အိမ္ရွင္ျဖစ္သည့္ ဝိုင္းေလးကခပ္ႀကဳံ႕ႀကဳံ႕
ထိုင္ေနေပမဲ့ သူကေတာ့ေျခခ်ိတ္ထိုင္လိုက္ကာ
မ်က္ႏွာကလည္း တစ္ေလာကလုံး
သူ႔အိမ္မွာ ကြၽန္ခံေနသလိုမ်က္ႏွာေပးမ်ိဳးႏွင့္
ေမာ့ခ်ီေနေလသည္။

"မင္းနာမည္က ေမဝိုင္းမဟုတ္လား..
တို႔စုံစမ္းၾကည့္ရသေလာက္ေတာ့
မင္းတို႔ရဲ႕ မိသားစုက ကိုကိုတို႔အိမ္က
အလုပ္သမား အဆင့္ေလာက္ပဲရွိတယ္
ဟုတ္တယ္မွတ္လား.."

"စကားကို ဆင္ျခင္ၿပီးေျပာရင္ေကာင္းမယ္..
ကြၽန္မတို႔မိသားစုက ပိုက္ဆံမခ်မ္းသာေပမဲ့ကိုယ္ပိုင္လုပ္ငန္းနဲ႔ကိုယ္ပိုင္အိမ္နဲ႔
ေနႏိုင္၊ထိုင္ႏိုင္ေတာ့ ရွိပါတယ္..
သူမ်ားကို ႏွိမ္ခ်ဆက္ဆံၿပီး အကုသိုလ္ယူရမွ
ေနသာထိုင္သာရွိရင္ေတာ့ ႀကိဳေျပာပါ
ကြၽန္မက ပါရမီျဖည့္ေပးရမွာေပါ့.."

ေမဝိုင္းေလးက ျပန္လည္ေခ်ပလာေတာ့
စႏိုးက ခပ္မဲ့မဲ့လုပ္ကာေလွာင္ရယ္ပစ္လိုက္သည္။

"မင္းကအလာႀကီးပဲ ..ဟုတ္ပါၿပီ
မင္းရဲ႕မိသားစုက ကိုယ္ပိုင္အိမ္၊ကိုယ္ပိုင္လုပ္ငန္း
ရွိတယ္ပဲ ထားလိုက္ပါေတာ့
ဒါေပမဲ့..အဲ့ဒါေတြက
တစ္ခုမွမင္းနဲ႔မသက္ဆိုင္ဘူးမဟုတ္လား..
တို႔သိရသေလာက္
မင္းကေမြးစားသမီးဆို..
ဘယ္ေနရာကမွန္းမသိပဲ ေခၚေမြးစားထားတဲ့
ေမြးစားသမီး..အဲ့ဒါကိုေရာ..
မဟုတ္ဘူးလို႔..ျငင္းအုံးမွာလား.."

"ရွင္ဒီအိမ္ကိုလာတာ ဘာရည္႐ြယ္ခ်က္နဲ႔လဲ
ကြၽန္မရဲ႕အတိတ္ကိုေဖာ္ၿပီး ကြၽန္မကို
စကားနာထိုးဖို႔လာတာဆိုရင္ေတာ့
လာလမ္းအတိုင္းျပန္ႂကြပါေတာ့.."

"ဟား..ဟား..တို႔ေျပာတဲ့စကားက
မင္းရဲ႕အရႈိက္ကိုထိသြားၿပီထင္တယ္
တို႔မရည္႐ြယ္ပါဘူး..မင္းဘာသာအနာရွိလို႔
စပ္သြားတာ တို႔နဲ႔ဘာဆိုင္လို႔
အတင္းႏွင္ထုတ္ေနရတာလဲ..
တို႔ကမင္းကို ဆဲဆိုေနတာလည္းမဟုတ္ဘူး.."

"အစ္မရဲ႕စကားေတြက ဆဲဆိုတာထက္ေတာင္
ပိုၿပီးစက္ဆုတ္ဖို႔ေကာင္းတယ္ဆိုတာကို
သိရဲ႕လား..လူတစ္ေယာက္ရဲ႕ 
ေနာက္ေၾကာင္းရာဇ၀င္ကို ျပန္ေျပာၿပီး
တစ္ဖက္သားကို စိတ္ထိခိုက္ေအာင္
လုပ္တာဟာ လူေကာင္းေတြရဲ႕လုပ္ရပ္မဟုတ္ဘူး
အဲ့ဒါလူယုတ္မာေတြ လုပ္တဲ့အလုပ္.."

"မင္းဘာစကားေျပာတာလဲ.."

"ၾကားတဲ့အတိုင္းပဲေလ.."

"မင္းကိုၾကည့္ရတာ မေနဖူးတဲ့ေနရာမွေနရ
မစားဖူးတာေတြ စားေနရေတာ့
မာန္တက္ေနတာထင္တယ္..
မင္းလိုမိန္းမမ်ိဳးက တို႔အစ္ကိုဖြင့္ထားတဲ့
ႏိုက္ကလပ္မွာ ေယာက္်ားေတြကိုျပဳစုဖို႔လက္သပ္ေမြးထားတဲ့ဟာေတြေလာက္ေအာင္
အရည္အခ်င္းမရွိပဲ ဘာေတြလာေယာင္ေနတာလဲ
ကိုကိုက မင္းကို..မိဘေတြေၾကာင့္သာ
အနားမွာ ခဏေခၚထားတာကိုမ်ား
အဟုတ္ႀကီးမွတ္မေနနဲ႔.."

"စကားေျပာတာ ေဘာင္ေက်ာ္မလာနဲ႔ေနာ္..
ကြၽန္မတို႔လင္မယားၾကားမွာ ဘာကိစၥပဲရွိရွိ
အစ္မအပူတစ္ျပားမွမပါဘူး
ဘာမွ..ေရေရရာရာမသိပဲ အလကား
အာ၀င္မေခ်ာင္နဲ႔.."

"ေျပာေတာ့ဘာျဖစ္လဲ
မင္းေတာင္မွ ကိုကို႔ရဲ႕အိမ္ေပၚမွာ
တက္ေနၿပီး တို႔ကိုႏွင္ထုတ္ေသးတာပဲေလ
ဒီမွာ...အရွက္မရွိတဲ့ေကာင္မစုတ္
နင္အခုခ်က္ခ်င္း ကိုကို႔အိမ္ေပၚကေန
ဆင္းသြားစမ္း..ဒီအိမ္ကငါ့ကိုကိုရဲ႕အိမ္
နင့္လို အေခ်ာင္သမားေတြလာေနခ်င္တိုင္း
ေနလို႔ရတဲ့ ေဂဟာမဟုတ္ဘူး.."

"စကားကိုလူလိုေျပာေနာ္..
ရွင္ေျပာသလိုပဲ ဒီအိမ္က
မင္းစက္အာဏာပိုင္တဲ့အိမ္ဟုတ္တယ္..
ဒါေပမဲ့ ဒီအိမ္ေပၚကေနထြက္သြားရမွာက
ကြၽန္မမဟုတ္ဘူး..အသိေခါက္ခက္အ၀င္နက္ၿပီး
လိပ္ကိုဖားလုပ္ခ်င္ေနတဲ့ 
ရွင္ကသာထြက္သြားရမွာ..
.........
..ရွင္နဲ႔ကိုကိုကဘာေသြးသားမွ
မ‌ေတာ္ဘူးဆိုတာ ကြၽန္မသိထားၿပီးသား...
သူမ်ားအိမ္ေပၚကိုတက္လာၿပီး 
သူမ်ားေယာက္်ားကို ေၾကာင္ေတာင္ႏႈိက္ဖို႔
မိန္းမျဖစ္သူကို အိမ္ေပၚကမဆင္းဆင္းေအာင္
ဂုံးေခ်ာေနတာကေတာ့ အရမ္းကို
ေၾကာင္သူေတာ္ဆန္သြားၿပီေနာ္..
႐ြံတတ္ရင္..ကိုယ့္ကိုကိုယ္သာ
သေထြးနဲ႔လွည့္ေထြးလိုက္ဟဲ့.."

"နင္..နင္မိုက္႐ိုင္းလွခ်ည္လား.."

"ျဖန္း!!!"

ဝိုင္းေလးမွာ ေရွာင္ခ်ိန္ေတာင္မရလိုက္ပဲ
ပါးကို ျဖန္းခနဲအ႐ိုက္ခံလိုက္ရေလသည္။
သူ႔လက္ႀကီးမွာက လက္သည္းရွည္ေတြနဲ႔ဆိုေတာ့
ျခစ္ရာပါထင္သြားၿပီလားမသိ။
စပ္ဖ်င္းဖ်င္းေတာင္ ျဖစ္သြားရသည္။

ကိုယ့္အိမ္ေပၚအထိ ပါးတက္႐ိုက္တဲ့မိန္းမကို
ေဒါသထြက္လြန္းလို႔ ျပန္ခ်မည္ဟု
ေတြးလိုက္ေပမဲ့ ဝိုင္းေလးထက္အရင္
လက္ဦးသြားသူက ကိုကိုျဖစ္ေနသည္။

"ျဖန္း!!!!"

စႏိုးဆိုသည့္မိန္းမခမ်ာ ကိုကို႔ရဲ႕႐ိုက္ခ်က္ေၾကာင့္
ေခါင္းေတာင္ လည္ထြက္သြားေလသည္။
အားထည့္၍ ႐ိုက္လိုက္မွန္းသိသာေအာင္ကို
အသံက ဝိုင္းေလးခံရတုန္းကထက္ပိုက်ယ္သည္။

"ကိုကိုက..စႏိုးကို႐ိုက္တယ္..
အဟင့္..ကိုကိုရက္စက္လိုက္တာ.."

စႏိုးကမ်က္ရည္ေတြခ်က္ခ်င္း ဝိုင္းတက္လာၿပီး
မင္းစက္အာဏာကို အားငယ္၀မ္းနည္းစြာ
ၾကည့္လိုက္ေပမဲ့ မင္းစက္အာဏာကေတာ့
မုန္းတီး႐ြံရွာစြာ သူ႔ကိုတန္ျပန္ၾကည့္ေနေလသည္။

For Me, [5/6/2025 5:33 PM]
မင္းစက္အာဏာအတြက္ေတာ့ 
ေယာက္်ားေလးသာဆို လက္သီး
ေကြၽးပစ္လိုက္မွာေပမဲ့ အခုကမိန္းကေလးမို႔
သူ႔ေလ်ာ့ထားျခင္းျဖစ္သည္။
အစတည္းက နင့္နင့္သီးသီးေျပာမလႊတ္ခ်င္လို႔
အိမ္ထဲအ၀င္ခံထားတာကို အခုကိုယ့္မိန္းမကို
ပါးလာ႐ိုက္ေတာ့ နားျပန္ကိုက္ရမွသာ
ေက်နပ္မည္။

ေမ့ကို႐ိုက္လိုက္သည့္ ျဖစ္ရပ္ကိုမ်က္လုံးထဲမွာ
ျပန္ျမင္ေယာင္လာေတာ့ ထိုမိန္းမကို
သူ႔အေတြးထဲမွာ မွတ္ေလာက္သားေလာက္ေအာင္
ဆုံးမခ်င္စိတ္ေတြအား မနည္းထိန္းထားရသည္။
က်စ္ေနေအာင္ ဆုပ္ထားမိသည့္ 
သူ႔လက္သီးဆုပ္ကေတာ့ အေၾကာေတြ
ေထာင္တက္လာရသည္အထိ တင္းထြက္ေနသည္။

"မင္းတို႔မိသားစုက..ငါ့ကိုစိတ္ဒုကၡေပးလို႔
အားမရေတာ့..ငါ့အိမ္ေပၚအထိတက္ၿပီး
ငါ့မိန္းမကိုပါ လာဒုကၡေပးၾကတာေပါ့ဟုတ္လား.."

"မဟုတ္ရပါဘူးကိုကိုရယ္.."

"အပိုေတြလာေျပာမေနနဲ႔..ငါကန္ခ်တာမခံခ်င္ရင္
ကိုယ့္အသိနဲ႔ကိုယ္ငါ့အိမ္ထဲကေန
ထြက္သြား.."

"ကိုကိုက ဒီေကာင္မကိုထိတာနဲ႔
စႏိုးကိုေမာင္းထုတ္တယ္ေပါ့.."

"ငါ့မိန္းမကို ေကာင္မလို႔မင္းရဲ႕ပါးစပ္က
ထပ္ေခၚၾကည့္စမ္း..
သြားေတြတစ္ေခ်ာင္းမွမရွိပဲ
ျပန္ထြက္သြားရမယ္..ဘာမွတ္ေနလဲ..
မင္းေရာ..မင္းမိသားစုကိုေရာ
တစ္ခါတည္းေျပာလိုက္မယ္..
ငါ့မိန္းမက မင္းတို႔တစ္မိသားစုလုံးထက္
တန္ဖိုးရွိတဲ့အတြက္..
လာထိဖို႔ႀကိဳးစားရင္
 ငါလုံး၀ခြင့္လႊတ္မွာမဟုတ္ဘူးေနာ္
!!သြားေတာ့!!!
ေနာက္လည္းဘယ္ေတာ့မွာမလာၾကနဲ႔..."

မင္းစက္က ရင့္ရင့္သီးသီးေတြ
ေျပာလႊတ္လိုက္ေတာ့ စႏိုးမွာမ်က္ႏွာကို
လက္ႏွင့္အုပ္ၿပီး ငို၍ေျပးထြက္သြားေတာ့သည္။

စႏိုးထြက္သြားသည္ႏွင့္ ေမဝိုင္းေလးဘက္သို႔
ျပန္လွည့္ၾကည့္လိုက္ေတာ့ ပါးမွာ
ထင္ေနသည့္အနီစင္းေၾကာင္းႀကီးက
သူကိုယ္တိုင္ အ႐ိုက္ခံလိုက္ရသလိုကို
နာေနမိတာ။

ခ်က္ခ်င္းပဲ ေမ့ဆီသို႔သြားလိုက္ၿပီး
ေမ့မ်က္ႏွာေလးကို လက္ဖဝါးႏွစ္ဖက္ျဖင့္
အုပ္ကိုင္ကာ နီရဲေနသည့္ေနရာကို
ေလႏွင့္မႈတ္ေနမိသည္။
အ႐ိုက္ခံလိုက္ရ၍ ေမ့ရဲ႕ပါးေလးထူပူၿပီး
စပ္ဖ်င္းဖ်င္းျဖစ္ေနမွာကို သူစိုးရိမ္သည္။

"အရမ္းနာေနလား.."

"နာတယ္..ထမင္းေတာင္စားႏိုင္ပါေတာ့မလား
မသိဘူး.."

"အဲ့ဒါေၾကာင့္ ကိုယ္ေျပာပါတယ္
ထြက္မေတြ႕ပါနဲ႔ဆိုတာ..အခုေတာ့ပါးေလးေတြ
နီကုန္ၿပီ..ေဆးခန္းသြားမလား.."

"မသြားေတာ့ပါဘူး..ၾကက္ပူပဲထိုးလိုက္ေတာ့မယ္"

"ကိုယ္ေတာင္းပန္ပါတယ္ေမရယ္.."

"ကိုကိုကဘာအမွားလုပ္လို႔
ေတာင္းပန္ေနရတာလဲ.."

"ကိုယ္အမွားမလုပ္လဲ..သူတို႔ကကိုယ္နဲ႔
ပတ္သတ္တဲ့လူေတြေလ..
မဟုတ္ရင္..ေမဒီလိုမနာက်င္ရေလာက္ဘူး.."

ဝိုင္းေလး၏ပါးျပင္ေလးကို လက္မေလးႏွင့္
ခပ္ဖြဖြပြတ္သပ္ကာ မ်က္ႏွာမေကာင္းစြာ
ေခါင္းငုံ႔သြားေသာ ကိုကို႔နဖူးေလးကို
ႏွစ္သိမ့္ေပးသည့္အေနျဖင့္ ခပ္ဖြဖြအၾကင္နာ
ေပးလိုက္မိေလသည္။
ဒီအနမ္းကသူ႔ကို ႏွစ္သိမ့္ေပးသည့္အနမ္း၊
ခြင့္လႊတ္သည့္အနမ္းပါ..။

"ကိုကို႔မွာအျပစ္မရွိပါဘူး..ကိုကို႔လက္ကို
တြဲၿပီးတည္းက အရာအားလုံးကို
အတူရင္ဆိုင္မယ္လို႔ ဆုံးျဖတ္ထားၿပီးသား
အခုကလည္း အငိုက္မိသြားလို႔ခံလိုက္ရတာပါ
ေနာက္တစ္ခါဆို ဝိုင္းေလးကပဲ
လက္ဦးမႈရယူေတာ့မွာ ကိုကိုသာ
အဲ့ဒီ့အခါၾကရင္ ဝိုင္းေလးကို
အျပစ္မျမင္ေၾကးေနာ္.."

"အျပစ္ျမင္စရာလား..ကိုယ့္မိန္းမကိုထိရင္
ကိုယ္နဲ႔အရင္ၿငိသြားမွာေပါ့.."

"အဟင္း..အဲ့ဒါေၾကာင့္ကို႔ကိုခ်စ္တာ.."

"ဟာ..နား၀င္ခ်ိဳလိုက္တာကြာ..
ထပ္ေျပာပါအုံး.."

"ဟင္..ေတာ္ၿပီေလ..ျမန္မာ့႐ုပ္ျမင္သံၾကားက
ႏွစ္ခါမလႊင့္ဘူး.."

"ဒါဆိုကိုကိုက ထပ္လႊင့္ေအာင္ လုပ္ရမွာေပါ့.."

"ဟာ..ကိုကိုေနာ္.."

တစ္ေယာက္ႏွင့္တစ္ေယာက္ အျပစ္မျမင္ပဲ
ခ်စ္တဲ့လူခ်င္းဆိုေတာ့ ရန္ျဖစ္သံေတြအစား
က်ီစယ္စေနာက္သံေလးေတြဟာ 
အခန္းတစ္ခုလုံးကို လႊမ္းသြားေလသည္။

သို႔ေပမဲ့ တစ္ဖက္မွာေတာ့စႏိုးသည္
ကားကိုၿခံျပင္သို႔ ေမာင္းထြက္ၿပီးေပမဲ့
မင္းစက္အာဏာတို႔၏ တိုက္ႀကီးကို
လွမ္းၾကည့္ကာ မ်က္ရည္ေတြပါးေပၚသို႔
တစိမ့္စိမ့္စီးက်လွ်က္ ေကာက္က်စ္စြာ
မဲ့ၿပဳံးၿပဳံးလိုက္ေလသည္။

ၿပီးေနာက္ ဦးသူရမင္းေခါင္ဆီသို႔
ခ်က္ခ်င္းဖုန္းေခၚလိုက္ကာ
ရႈိက္သံျမည္ေအာင္ တမင္ျပဳလုပ္လိုက္လွ်က္..

"အေဖ..ကိုကို႔ရဲ႕မိန္းမကသမီးကို
အႏိုင္က်င့္တယ္..!!!!
အဟင့္..အဲ့မိန္းမကသမီးကိုပါး႐ိုက္လိုက္တယ္!!"

"**အခန္း(၅၀)ဆက္ရန္...
စာေရးသူ...ေဆာင္းေငြ႕ေဝ

🔥🔥🔥🔥🔥🔥🔥🔥🔥🔥

စႏိုးမကိုနာမည္ေျပာင္းသင့္ၿပီ
ဘယ္လိုေျပာင္းရင္ေကာင္းမလဲ..


No comments:

Post a Comment