အခန်း(၄၇) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

  


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း(၄၇)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘

KGရုံးချုပ်၏အစည်းအဝေးခန်းထဲတွင်တော့
ခေါင်းဆောင်အချို့နှင့်ရှယ်ယာရှင်များသည်
ခေါင်းမီးတောက်ရသည့် အဖြစ်နှင့်နဖူးတွေ့
ဒူးတွေ့ကြုံနေ‌ရလေသည်။

အကြောင်းအရင်းကတော့ ဦးသူရမင်းခေါင်သည်
သူဆေးရုံတက်နေစဉ်အတွင်း 
အသစ်ချဲ့ထွင်ထားသည့် သူမသိလိုက်သော
ပရောဂျက်ကိစ္စများကို အစကနေပြီး
ပြန်၍‌မြေလှန်နေခြင်းကြောင့်ပါပဲ။

သူရမင်းခေါင်ဆိုသည်မှာ တုတ်ဂေါက်
တစ်ချောင်းကို အားကိုးနေရသူဆိုပေမဲ့
အရင်တည်းက စိတ်မြန်လက်မြန်သူဖြစ်၍
သူခိုင်းသည့်အတိုင်း တသွေမသိမ်းလိုက်လုပ်မှသာ
ကြိုက်နှစ်သက်သူဖြစ်လေသည်။

အခုလည်း အိမ်နီးချင်းထိုင်းနိုင်ငံမှာလုပ်သည့်
ပရောဂျက်ကိစ္စတွေကိုပါ အစမှအဆုံးအထိ
ခရေစေ့တွင်းကျသိချင်နေ၍ အားလုံးမှာ
အခက်တွေ့နေရသည်။
စီမံဌာနမှ မန်နေဂျာဆိုရင်ထိုင်းနိုင်ငံအထိပါ
လှမ်း၍ ဖုန်းတွေခေါ်ဆိုပေးနေရသည်မှာ
ချွေးတွေတောင် စို့နေလေပြီ။

စီအီးအိုမင်းစက်အာဏာကို စိုးလှပြီဟု
ထင်ထားခဲ့တာ သူ့အဖေဂိုဏ်းချုပ်ကြီးက
နှစ်ဆဆိုးနေ၍ လူဖြစ်ချင်စိတ်တောင်
မရှိကြတော့ပေ။

"မင်းစက်ရဲ့လက်ထောက် ကောင်းသန့်က
ဘယ်ရောက်သွားတာလဲ.."

အစည်းအဝေးအခန်းထဲမှာ ၀င်ထိုင်လိုက်တည်းက
ဘာကိုမှ အလိုမကျဖြစ်နေသော
 ဦးသူရမင်းခေါင်သည် ဒေါသသံနှောကာ
မေးလိုက်ပေမဲ့ ဘယ်သူကမှထိုမေးခွန်းကို
မဖြေနိုင်ကြပေ။
အစည်းအဝေးအခန်းထဲတွင်ရှိသော
လူများကတော့ တစ်ယောက်ကိုတစ်ယောက်
မေးငေါ့ကာ အချက်ပြကြရလေတော့သည်။

"မင်းရောကောင်းသန့်ကို တွေ့မိသေးလား.."

"မနက်အစောပိုင်းကတော့ တွေ့လိုက်မိပေမဲ့
အခုတော့ ဘယ်ရောက်နေတာလဲမသိဘူး.."

‌တစ်ချို့ကလည်း ကောင်းသန့်ကို
တွေ့လိုက်မိကြပေမဲ့ ဘယ်ပျောက်သွားမှန်း
မသိလိုက်ကြပေ။
သူတို့က ထို့သို့သူသိမလား၊ငါသိမလားနှင့်
စကားတွတ်ထိုးနေလေ ဦးသူရကဒေါသထွက်လေ
ဖြစ်လာသည်။

ထို့ကြောင့်..ခုံကို"ဘုန်း!!"ခနဲမြည်အောင်
ပိတ်ထုလိုက်တော့ အားလုံး
အထိတ်ထိတ်အလန့်လန့်နှင့် မျက်လုံးတွေ
ပြူးကုန်ကြတော့သည်။

"စိတ်လျော့ပါ ကိုသူရရယ်..ကောင်းသန့်မရှိလည်း
ခင်ဗျားသိချင်တာအားလုံး ကျွန်တော်တို့ကို
မေးလို့ရပါတယ်..ကျွန်တော်ကိုင်ထားတဲ့
ပရောဂျက်နဲ့ပတ်သတ်ရင်တော့
မခြွင်းမချန် အစံရင်ခံပေးပါ့မယ်.."

"ဒီမှာဦးချစ်မောင် ခင်ဗျားဘာမှလိုက်ပြီး
ဖာထေးပေးနေစရာ အကြောင်းမရှိဘူး
ကောင်းသန့်က ဒီကုမ္ပဏီမှာလက်ထောက်ရာထူးကို
ကိုင်ထားပြီး ဘယ်သူ့ကိုမှအသိမပေးပဲ
ထွက်ချင်တိုင်းထွက် ၀င်ချင်တိုင်း၀င်နေတာက
 စည်းကမ်းကိုဖောက်ဖြတ်လိုက်တာပဲ
ကုမ္ပဏီရဲ့အရေးပါတဲ့ ၀န်ထမ်းကတောင်
ဒီလိုစည်းမဲ့၊ကမ်းမဲ့ဖြစ်နေရင် 
ကျန်တဲ့လက်အောက်ငယ်သားတွေက
ဘယ်လိုဖြစ်နေကြမလဲဆိုတာ
 ကျုပ်ခန်းမှန်းနိုင်တယ်
ကျုပ်ငတုံးမဟုတ်ဘူး..."

အစည်းအဝေးအခန်းထဲမှ အခြား
ရှယ်ရာရှင်တွေထက် ပိုပြောရေးဆိုခွင့်ရှိတဲ့
ဦးချစ်မောင်တောင် အပြောခံနေရ၍
အခြားသူတွေကတော့ ဘာမှ၀င်မပြောရဲတော့ပေ။

ကျန်၀န်ထမ်းခေါင်းဆောင်တွေကတော့
ဦးသူရ တင်ပြခိုင်းသည့် အချက်အလက်တွေကိုပဲ
တင်ပြရမလိုလို၊ကောင်းသန့်ကိုပဲ
ပြေးရှာရမလိုလိုနှင့် ရူးတောင်ရူးချင်နေကြသည်။

" ကျုပ်မရှိတဲ့အတောအတွင်းမှာ
မင်းစက်အာဏာက ကျုပ်ရဲ့နေရာကို
သေသေသပ်သပ်ထိန်းသိမ်းနိုင်မယ်လို့ 
ထင်ခဲ့မိတာ..ကျုပ်လူကဲခတ်ညံ့သွားတာပဲ.."

"အဲ့လိုတော့အထင်မလွဲပါနဲ့ဗျာ..
မောင်မင်းစက်က လူငယ်ပေမဲ့အရည်အချင်း
အများကြီးရှိပါတယ်..အခုပဲကြည့်လေ
သူ့လက်ထက်မှာ ကုမ္ပဏီရဲ့အမြတ်ငွေက
နှစ်ဆလောက်ထိုးတက်သွားခဲ့တဲ့အပြင်
လူငယ်ပီပီသူ့ရဲ့စီးပွားရေးအကွက်မြင်မှုက
နောက်ထပ် ပရောဂျက်အသစ်တွေပါ
ထပ်ပြီးတိုးပွားလာတာပဲကြည့်တော့..
ကျွန်တော်တို့က အသက်ကြီးနေပြီဆိုတော့
သူ့နောက်ကိုပဲလိုက်နေရတာပေါ့..."

"ခင်ဗျားပြောပုံအရဆို ကျုပ်လက်ထက်မှာ
ဘာတိုးတက်မှုမှမရှိပဲ သူဦးဆောင်တော့မှ
ပိုတိုးတက်လာတယ်လို့ပြောချင်တာလား.."

"အဲ့လိုတော့မဟုတ်ပါဘူးဗျာ..ကျွန်တော်က
အကောင်းဘက်ကနေ တွေးပေးတာပါ.."

"ဘာအကောင်းဘက်ကမှ တွေးပေးစရာမလိုဘူး
စီးပွားရေးလောကမှ အနိုင်မဟုတ်ရင်
အရှုံးပဲ..ကံကောင်းလို့ကြက်ကန်းဆန်အိုး
တိုးတာကို ခင်ဗျားတို့ကဘာတွေ
အထင်ကြီးနေတာလဲ.."

ဘာမှမသိတဲ့ အပြင်လူတွေသာဆိုရင်
ဦးသူရတစ်ယောက် သူနှင့်ဘာသွေးသားမှ
မတော်ဆက်သူကို ချိုးနှိမ်ပြီးပြောနေသည်ဟု
ထင်ချင်စရာပါပဲ။

မင်းစက်အာဏာဦးစီးနေသည့်အချိန်မှာ
ကုမ္ပဏီက အစပေါင်းများစွာတိုးတက်လာခဲ့ပြီး
ရှယ်ယာရှင်တော်တော်များများက
လူအိုကြီးတွေဆိုတော့ တစ်ချို့နေရာတွေမှာ
လူငယ်တစ်ယောက်၏ သွက်လက်မှုကို
မလိုက်နိုင်ကြတော့ပေ။

ပရောဂျက်တစ်ခုစပြီဆိုရင် မင်းစက်ကစတင်ပြီး
ပလန်ဆွဲပေးလေ့ရှိပြီး သူတို့ကတော့
ဘေးနားမှ အလိုက်သင့်လေး
သွားကြသည်ကများသည်။

ထို့ကြောင့် မင်းစက်အာဏာလိုအသက်
နှစ်ဆယ့်ခုနှနှစ်အရွယ် ကောင်လေးကို
ဘယ်သူမှ ဂျေးများသည်ချေးခါးသည်ဟု
မပြောရဲကြတာပေါ့။

အဘယ်ကြောင့်ဆိုသော် မင်းစက်အာဏာသည်
အလုပ်လုပ်သည့် နေရာတွင်သာမက
စကားအရာတွင်လည်း ပြတ်သားသည့်အပြင်
ဘုနဲ့ဘောက်သမားပေမဲ့ သူ့အနားကို
ကပ်နေလျှင် အကျိုးအမြတ်များစွာ
ရရှိနိုင်သောကြောင့် ဖြစ်လေသည်။


ဦးသူရမင်းခေါင်ကလည်း ဒါကို
သိထားပြီးသားပါပဲ။
သူကိုယ်တိုင် အကျင့်စရိုက်တစ်ခုချင်းစီမက
အရိုးအစစ်တစ်ခုချင်းစီမှာ
အပိုးကျိုးအောင် သင်ကြားပြုပြင်ထားသည့်
ကောင်ဟာ ဘယ်လောက်အထိအရည်အချင်း
ရှိသလဲ သိပ်သိတာပေါ့။

လူမှန်းသိတတ်စအရွယ်တည်းက 
ကုမ္ပဏီကိုခေါ်သွားပြီး အစည်းအဝေး
အခန်းထဲမှာ ထိုင်ခိုင်းကာ..အကြား၊အမြင်နဲ့
သင်ယူတတ်အောင် 
သေချာလေ့ကျင့်ပေးခဲ့တာပါ။

ပင်ကိုယ်ဗီဇကလည်း ဉာဏ်ကောင်းသူဆိုတော့
၁၂နှစ်အရွယ်တည်းက သူ့ဘာသာတိတ်တိတ်လေး
စင်္ကာပူကနေ မြန်မာနိုင်ငံကို 
တစ်ယောက်တည်း ပြန်လာပြီးသူ့အမေနဲ့
ခိုးခိုးတွေ့ခဲ့တဲ့အထိပါပဲ။

သင်လွယ်၊တတ်လွယ်တဲ့ကလေးမို့ 
သူ့ကြောင့်အများကြီး ဂုဏ်ယူခဲ့ရပေမဲ့
တစ်ချိန်ချိန်မှာ ကိုယ်နဲ့တန်းညှိလာလိမ့်မယ်လို့တော့
မထင်ခဲ့မိဘူးပေါ့။

အခုတော့ ရှယ်ယာရှင်တွေကပါ 
ကိုယ်တစ်ယောက်လုံးကို အရှေ့မှာထားပြီး
သူ့ကို ချီးကျူးနေကြလေရဲ့။

*အံ့ဩစရာပဲ..ဒီကုမ္ပဏီကိုစပြီး
တည်ထောင်ခဲ့တာက ဟော့ဒီ့သူရမင်းခေါင်းပါ..
အပင်ကြီးတော့မှ အသီးကိုလာစားတဲ့
ငှက်ကလေးနဲ့များ ငါ့ကိုလာနှိုင်းယှဉ်ရတယ်လို့..*

"ဘာပဲဖြစ်ဖြစ် မင်းစက်အာဏာက
ယာယီစီအီးအိုဆိုတာ ခင်ဗျားတို့သိကြမှာပါ
အခုကျုပ်ရောက်လာပြီဆိုတော့
ဘာကိစ္စပဲဖြစ်ဖြစ် ကျုပ်နဲ့အရင်ညှိနှိုင်းရမယ်
ရှင်းရှင်းပဲပြောလိုက်မယ်..
ကျုပ်ပြန်ရောက်လာပြီဆိုတော့
အရာအားလုံးက အရင်အတိုင်းပြန်ဖြစ်သွားပြီလို့
သိထားလိုက်ကြပါ.."

ထိုစဉ်မှာ"ဝုန်း"ဆိုသည့်အသံနှင့်အတူ
အစည်းအဝေးတံခါးကြီး ပွင့်သွားလေတော့သည်။
အခန်းထဲသို့ ၀င်လာသူတွေကတော့
မင်းစက်အာဏာနှင့်သူ့လက်ထောက်ကောင်းသန့်။

အစည်းအဝေးလုပ်နေသည့် အချိန်တွေဆိုရင်
နှောက်ယှက်တာမျိုး လုံး၀မကြိုက်သည့်
မင်းစက်သည် ယခုတော့သူကိုယ်တိုင်က
ထိုစည်းကမ်းကို ချိုးဖောက်သူ
ဖြစ်နေတော့သည်။

ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်လုံးကို
ထိုးထည့်ထားလိုက်ပြီး ဂျစ်ကန်ကန်
လူငယ်လေးလို မျက်နှာပေးမျိုးနှင့်
ဖခင်ဖြစ်သူကို စိုက်ကြည့်နေလေသည်။

ထို့နောက်ရှူးဖိနပ်အသံကို စီးချက်မှန်မှန်မြည်အောင်
လျှောက်ရင်း လူအားလုံး၏ထိပ်ဆုံးနေရာတွင်
ထိုင်ကာ သူ့အားဒေါသအမျက်ချောင်းချောင်း
ထွက်နေသော အကြည့်မျိုးဖြင့်ရန်သူသဖွယ်
ကြည့်နေသော ဖခင်ဖြစ်သူကို ခပ်မဲ့မဲ့
ရယ်ပြပစ်လိုက်သည်။

"မင်းစက်..မင်းရဲ့အပြုအမူကဘာလဲ..
ဒါလုပ်ငန်းခွင်ကွ..မင်းနေနေတဲ့အိမ်လို
၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်း
ထွက်လို့ရတဲ့နေရာမဟုတ်ဘူး.."

"ကျွန်တော်သိပါတယ်..ဒီအခန်းက
ကျွန်တော်နေ့တိုင်း ရောက်ဖြစ်တဲ့အခန်းပဲလေ
အခုအဖေထိုင်နေတဲ့ ထိုင်ခုံကလည်း
ကျွန်တော်နေ့တိုင်း ထိုင်နေကြထိုင်ခုံ.."

"ဘာ..မင်းကငါ့နေရာကိုပါ လုချင်နေတာလား.."

"အဖေတောင်မှ ကျွန်တော်မသိအောင်
တိတ်တိတ်လေး ခိုးထိုင်နေတာမဟုတ်ဘူးလား.."

"မင်းဘာစကားပြောတာလဲ..ဒီကုမ္ပဏီက
ငါကနေစတင်ခဲ့တဲ့ ကုမ္ပဏီကွ..
ခိုးကြောင်ခိုးဝှက်လုပ်စရာ ဘာအကြောင်းမှ
မရှိဘူး..ဘုရင်လာရင်
ယာယီနန်းထိန်းပေးတဲ့လူက ပုလ္လ‌င်ပေါ်ကနေ
ဆင်းပေးရမှာ ထုံးစံပဲ.."

မင်းစက်ကတော့ ဦးသူရဘာပြောပြော
ဂရုစိုက်မနေပဲ ခပ်ဟဟလှောင်ရယ်လိုက်ကာ
နားထင်‌ကိုသာ ကုပ်ခြစ်ဟန်လုပ်လိုက်ပြီး
အခန်းထဲရှိ အခြားသူများဘက်သို့
လှည့်ကြည့်လိုက်သည်။

"အားလုံးပဲ အဖေနဲ့ကျွန်တော့်ကြားမှာ
လူမှုရေးကိစ္စအချို့ ဆွေးနွေးစရာ
ရှိတဲ့အတွက် ဒီနေ့အတွက်အစည်းအဝေးကို
ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်..
အားလုံး ကိုယ်လုပ်စရာရှိတာ
ဆက်လုပ်နိုင်ပါတယ်.."

မင်းဆက်က ထိုသို့ပြောလာသည့်အခါ
အကုန်လုံးနီးပါး မျက်နှာမကောင်းကြပေမဲ့
အလိုက်တသိ ထွက်သွားပေးကြလေသည်။

အခန်းထဲတွင်တော့ မင်းစက်တို့သားအဖနှင့်
ကောင်းသန့်သာ ကျန်ရှိနေခဲ့သည်။

အားလုံးထွက်သွားပြီးနောက်မှာတော့
မင်းစက်ဟာ မျက်နှာကိုပိုတည်တင်း
ထားလိုက်ပြီး ဦးသူရနှင့်မျက်နှာချင်းဆိုင်
နေရာမှာ သွားထိုင်လိုက်လေသည်။

သားအဖနှစ်ယောက်က စစ်မထိုးခင်
အကြည့်ချင်း အားပြိုင်နေတော့
ကောင်းသန့်မှာ ဘာမဆိုင်၊ညာမဆိုင်
ဇောချွေးပြန်နေရသည်။

"ဘယ်တုန်းကရောက်တာလဲ.."

ဒီစကားကိုတော့ မင်းစက်ဘက်မှ
စတင်၍ မေးလိုက်ခြင်းဖြစ်သည်။
ဦးသူရကတော့ အသက်သာကြီးပေမဲ့
ပြန်ဖြေသည့် လေသံကတော့
အလွန်မာကျောလှသည်။

"ငါ့ဘာသာ ဘယ်အချိန်ကရောက်ရောက်ပေါ့.."

"အဟင်း..စကားအကောင်းပြောမလို့ကို
လက်မခံဘူးပဲ
ဒီတော့..ကျွန်တော်ကလည်းလိုရင်းပဲ
ပြောတော့မယ်..အဖေ့ရဲ့ဥက္ကရာထူး
ကျွန်တော့်ကို အပြီးအပိုင်လွှဲပေးပြီး
အမြတ်ငွေကို အိမ်မှာအေးဆေးထိုင်စားနေမလား
ဒါမှမဟုတ် ကျွန်တော်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေ
အားလုံးကို ခွဲထုတ်ပြီးဒီကုမ္ပဏီကို
ပစ်ထားခဲ့ရမလား.."

"ဘာ..ဒီကုမ္ပဏီကို ပစ်ထားမယ်..
မင်း..ငါ့သားမှ ဟုတ်ရဲ့လား.."

"အဖေ့သားမို့လို အဖေလို့တရိုတသေ
ခေါ်နေတာပေါ့..ဒါပေမဲ့အဖေကတော့
ကျွန်တော့်ကို အဖေလက်သပ်မွေးထားတဲ့
ခွေးတစ်ကောင်လိုပဲ သဘောထားတာ
မဟုတ်လား.."

"ဒါကတော့ မင်းဘာသာတစ်ဖက်သတ်
မြင်နေတဲ့အတွေးပဲလေ..ငါသာမင်းကို
ဖြစ်ချင်တာဖြစ် ပြစ်ထားခဲ့ရင်
အခုလောက်ဆို ချီးခြောက်တောင်
ရေနှူးစားနေရလောက်ပြီ.."

"အဖေ့စကားတွေက တစ်ဆိတ်လောက်
လွန်သွားပြီထင်တယ်.."

"မလွန်ဘူးကွ..မင်းပြောသလိုငါမင်းကို
လက်သပ်မွေးခဲ့လို့သာ အခုလိုအောင်မြင်မှုမျိုး
မင်းရရှိနေတာမဟုတ်ဘူးလား..ငါ့ကြောင့်သာ
မဟုတ်ရင် မင်းအခုလိုအခြေအနေမျိုးမှာ
ရှိနေနိုင်မယ်လို့ထင်လား.."

"စဉ်းစဉ်းစားစားလည်း ပြောပါအဖေရယ်
စတိတ်ကျောင်းသားဘ၀တည်းက
အဖေ့ဆီက ပိုက်ဆံဘယ်နှစ်ပြား
ကျွန်တော်တောင်းသုံးခဲ့လို့လဲ..
အဖေကျွန်တော့်ကို လက်သပ်မွေးခဲ့တာကလည်း
အဖေ့ရဲ့ လိုအပ်ချက်တစ်ခုကြောင့်ပါ..
အဖေ့ရဲ့လောဘစိတ်က အဖေမရှိတော့တဲ့အခါ
ဒီကုမ္ပဏီကြီး အမြှစ်ကနေအခုတ်ခံရမှာစိုးလို့
ကျွန်တော့်ကို ဆက်ခံဖို့အကြံရခဲ့တာပါ..
ဒါကြောင့် ကျွန်တော်သိတတ်စအရွယ်တည်းက
ဖိအားတွေ ဆက်တိုက်ပေးခဲ့တာလေ.."

"မဟုတ်တာတွေလျှောက်ပြောမနေနဲ့.."

"ဘာလို့မဟုတ်ရမှာလဲ..အားလုံးအမှန်တွေချည်းပဲ
ဘာမှသွေးမတော်တဲ့ ဟိုမိသားစုကိုတော့
အဖေ့ဘ၀ကြီးတစ်ခုလုံးကိုပေးပြီး
ချစ်ပြတယ်..ကြင်နာပြတယ်..
ကျွန်တော့်ကိုတော့ အရွယ်နဲ့မလိုက်အောင်
အဖေ့ပုခုံးပေါ်က တာ၀န်တွေကိုပဲ
ပေးခဲ့တယ်..အဲ့ဒါတွေကကျွန်တော်
မြင်ခဲ့၊သိခဲ့၊ကြုံခဲ့ရတဲ့ အမှန်တရားတွေပဲ.."

"သူတို့ကိုဘာမှ ဆွဲထည့်စရာအကြောင်းမရှိဘူး
မင်းနဲ့ငါ့ကြားက ကိစ္စကိုမင်းနဲ့ငါပဲရှင်းမယ်
သူတို့နဲ့ဘာမှ မဆိုင်ဘူး.."

"ဟား..ဟား..ဟား..အခုအချိန်အထိ
အဖေ့စကားထဲမှာတောင် ကျွန်တော့်အတွက်ဆိုပြီး
တစ်ခွန်း‌တောင်မပါဘူးနော်..
ဆယ့်ခြောက်နှစ်တိတိ အဖေ့ဘေးနားမှာနေပြီး
အဖေခိုင်းသမျှကို လုပ်ပေးခဲ့တောင်
အဲ့မိသားစုလောက် အဖေ့အတွက်
ကျွန်တော်က အရေးမပါခဲ့ဘူး.."

"ငါပြောပြီးပြီပဲ သူတို့ကိုဆွဲမထည့်နဲ့လို့.."

"ကျွန်တော့်ကိုအလိုရှိတဲ့ မိသားစုနဲ့ကြခွဲထားပြီး
အဲ့ဒီ့စိတ်ပျက်စရာ မိသားစုထဲမှာကြိတ်မှိတ်
သည်းခံပြီး နေခဲ့ရတာကြအဖေမမြင်ပဲ
သူတို့ကိုနည်းနည်းလေးထိတော့
ခါးခါးသီးသီးပါလား...ကောင်းပြီလေ
အဖေလည်းအဖေ့မိသားစုကို
အဲ့လောက်သိတတ်နေမှတော့
 ကျွန်တော်လည်း
ကျွန်တော်မိသားစု၀င်အတွက်
ပြတ်ပြတ်သားသား ပြောရတော့မှာပေါ့..."

"ဘာ..မိသားစု၀င်..ဟား..မင်းလိုကောင်က
ဘယ်သူ့ကိုများ သံယောဇဉ်
တွယ်တတ်သွားရတာလဲ.."

"ရှင်းရှင်းလေးပါပဲ..ကျွန်တော်အခု
အိမ်ထောင်ကျသွားပြီ..အဲ့တော့
ကျွန်တော့်စီးပွားရေးကို ကိုယ်ပိုင်နာမည်နဲ့
ကျွန်တော်ခွဲထွက်တာ့မယ်..
အဖေသိပါတယ်..KGလက်အောက်မှာ
ကျွန်တော့်ကိုယ်ပိုင်စီးပွားရေးတွေ
အများကြီးရှိတယ်ဆိုတာ..
တကယ်လို့ ခွဲမထွက်စေချင်ရင်တော့
ကျွန်တော့်ကို KGရဲ့တရား၀င်ဥက္ကဌအဖြစ်
ခန့်အပ်ပေးရမယ်..အဲ့လိုမှမလုပ်နိုင်ရင်တော့
အဖေ့ရဲ့ အရမ်းအသုံးကျတဲ့
နောက်သားတစ်ယောက်ကို အဖေ့ရဲ့
ဆက်ခံသူအဖြစ် ထားလိုက်ပေါ့.."

"ဟေ့ကောင်..မင်းကိုဥက္ကဌရာထူး
လွှဲပေးရအောင်..ငါမသေသေးဘူးကွ.."

"ဒါပေမဲ့..အိုနေပြီလေ..အခုတောင်တုတ်ကောက်နဲ့
လျှောက်နေရတာ..ဆံဖြူသွားကျိုးတဲ့အထိ
ဥက္ကဌလုပ်မလို့လား..ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို
ကိုယ်သိပေါ့.."

"မင်း!!!"

မင်းစက်ကြောင့် ဒေါသယန္တရားကြီး
နိုးထလာသော်လည်း ခြေထောက်မကောင်း၍
ထိုင်ခုံပေါ်သို့ ပြန်ထိုင်ကျသွားလေသည်။

အသက်ကြီးလာတဲ့အပြင် ရောဂါအခံကြောင့်
မှတ်ဉာဏ်တွေက သိပ်မကောင်းတော့တာ
ကိုယ့်ကိုကိုယ် အသိဆုံးပါပဲ။

သေချာတွေးကြည့်ရင်‌တော့ ဒီကုမ္ပဏီကို
မင်းစက်အာဏာကလွဲပြီး ဘယ်သူမှကောင်းကောင်း စီမံနိုင်မယ်မထင်ဘူး။

ထက်မြတ်ကို အားကိုးရအောင်လည်း
မိန်းမလိုက်စားဖို့ကလွဲပြီး အလုပ်ဆိုရင်
လက်ကျောသိပ်တင်းတာမဟုတ်ဘူး။

စနိုးကလည်း မိန်းကလေးပီပီ ဒီအလုပ်တွေကို
စိတ်မ၀င်စားတော့ လမ်းကတစ်လမ်းပဲ
ရှိတော့တာပေါ့..။

ဒါပေမဲ့ မင်းစက်အာဏာကိုမှီခို‌နေရမယ်ဆိုရင်
ဘ၀က ခြောက်ခြားစရာကောင်းလာမှာ
သေချာတယ်..။

"ဥက္ကဌရာထူးကိုလိုချင်ရင် ငါနဲ့သဘောတူညီမှု
တစ်ခု‌တော့ လုပ်ရလိမ့်မယ်.."

ခုံကိုလက်ညှိုးနှင့် ခေါက်ချလိုက်ပြီး
ခြိမ်းခြောက်လိုသော သဘောမျိုးပါ၀င်နေသည့်
ဦးသူရမင်းခေါင်အား မင်းစက်ကလည်း
တစ်စက်မှ အကြောမခံပဲမျက်မှောင်ကြုံ့၍
ပြန်ကြည့်လိုက်သည်။

သူတို့နှစ်ယောက်အနက် တစ်ယောက်က
ဝံပုလွေဆိုလျှင် တစ်ယောက်ကခြင်္သေ့
ဖြစ်လေသည်။

သည်တော့ သူတို့နှစ်ဦးဟာရှုံးနေလျှင်တောင်
အလံဖြူပြမည့်အစား အသေခံသွားကြမည့်
လူတွေသာ ဖြစ်လေသည်။

ကောင်းသန့်ကတော့ ဦးသူရပြောမည့်
သဘောတူညီချက်ဟာ သူ့ဆရာရဲ့ဒေါသကို
မနှိုးဆွမိပါစေနှင့်လို့သာ ဆုတောင်းနေမိသည်။
မဟုတ်ရင် ကိုယ်လည်းဓားသွားပေါ်မှာ
ရပ်နေရသူမို့ ဘုံပျောက်နိုင်သည်။

‌"ဘာသဘောတူညီချက်လဲ.."

"ရိုးရိုးလေးပါပဲ..အခုလက်ရှိမင်းယူထားတဲ့
မိန်းမကိုကွာရှင်းပြီး..စနိုးကိုလက်ထက်ရမယ်
ဒါဆိုရင် KGရဲ့ဥက္ကဌရာထူးက
မင်းအတွက်ပဲ..."

"ဘာပြောလိုက်တယ်..."

"စနိုးကိုလက်ထက်ပြီး ငါတို့မိသားစုထဲကို
ပြန်၀င်လာခဲ့..ဒါဆိုရင်မင်းလိုချင်တဲ့
ဥက္ကဌရာထူးကို တရား၀င်ပေးလိုက်မယ်..."

ဦးသူရ၏စကားအဆုံးမှာ ကောင်းသန့်၏
နားထင်ကြောတွေ ထောင်တက်လာပြီး
ကြက်သီးတွေ တဖြန်းဖြန်းထလာ၍
ရှိသမျှအမွှေးတွေအားလုံး 
ထကြွလာလေတော့သည်။

ဦးသူရမင်းခေါင်ဆိုသည့် အဖိုးကြီးကိုလည်း
ဆလံသမိလေသည်။
ရှေးခောတ်တုန်းကလို နှစ်နိုင်ငံ
စစ်ပြေငြိမ်းရေးအတွက် တစ်ဖက်ဘုရင်တွေက
သမီးတော်တွေ ဆက်သတဲ့နည်းလမ်းကို
သုံးနေသလားမှတ်ရတယ်။

သားအရင်းခေါက်ခေါက်ကိုတောင်
သူ့ကုမ္ပဏီတစ်ခုလုံး အပ်ရမှာမယုံတော့
သူ့ရဲ့မယားပါသမီးနဲ့ ချည်ပြီးတုပ်ပြီးဖြစ်အောင်
လုပ်နေတာသေချာတယ်။

တစ်ဖက်မှာလည်း ဆရာမင်းစက်ဆိုတာ
စီးပွားရေးလုပ်တဲ့နေရာမှာ သူ့အကျိုးအမြတ်ကို
နည်းနည်းလေးမှ အပွန်းအပဲ့ခံတဲ့
လူမျိုးမဟုတ်ဘူး။

ဥက္ကဌရာထူးနဲ့မေဝိုင်းလေးကို ရွေးချယ်ခိုင်းတာဟာ
ဆရာ့လို ဘယ်သူ့ကိုမှ..မထောက်ထားတတ်တဲ့
လူတစ်ယောက်အဖို့ ရွေးချယ်ရ
သိပ်လွယ်မဲ့ ကိစ္စလို့မြင်မိတယ်။

*ကိုယ့်အထင်..ဆရာက
ဥက္ကဌရာထူးကို ရွေးချယ်လောက်မလား..*

..အခန်း(၄၈)ဆက်ရန်...

စာရေးသူ..ဆောင်းငွေ့ဝေ

🌹🌹🌹🌹🌹🌹🌹🌹

"မင်းစက်အာဏာ ဘာကိုရွေးလိမ့်မလဲ.."
အဖိုးကြီးကတော့ ပညာပြနေပြီနော်..

======================
====================

အခန္း(၄၇)

💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘


KG႐ုံးခ်ဳပ္၏အစည္းအေဝးခန္းထဲတြင္ေတာ့

ေခါင္းေဆာင္အခ်ိဳ႕ႏွင့္ရွယ္ယာရွင္မ်ားသည္

ေခါင္းမီးေတာက္ရသည့္ အျဖစ္ႏွင့္နဖူးေတြ႕

ဒူးေတြ႕ႀကဳံေန‌ရေလသည္။


အေၾကာင္းအရင္းကေတာ့ ဦးသူရမင္းေခါင္သည္

သူေဆး႐ုံတက္ေနစဥ္အတြင္း 

အသစ္ခ်ဲ႕ထြင္ထားသည့္ သူမသိလိုက္ေသာ

ပေရာဂ်က္ကိစၥမ်ားကို အစကေနၿပီး

ျပန္၍‌ေျမလွန္ေနျခင္းေၾကာင့္ပါပဲ။


သူရမင္းေခါင္ဆိုသည္မွာ တုတ္ေဂါက္

တစ္ေခ်ာင္းကို အားကိုးေနရသူဆိုေပမဲ့

အရင္တည္းက စိတ္ျမန္လက္ျမန္သူျဖစ္၍

သူခိုင္းသည့္အတိုင္း တေသြမသိမ္းလိုက္လုပ္မွသာ

ႀကိဳက္ႏွစ္သက္သူျဖစ္ေလသည္။


အခုလည္း အိမ္နီးခ်င္းထိုင္းႏိုင္ငံမွာလုပ္သည့္

ပေရာဂ်က္ကိစၥေတြကိုပါ အစမွအဆုံးအထိ

ခေရေစ့တြင္းက်သိခ်င္ေန၍ အားလုံးမွာ

အခက္ေတြ႕ေနရသည္။

စီမံဌာနမွ မန္ေနဂ်ာဆိုရင္ထိုင္းႏိုင္ငံအထိပါ

လွမ္း၍ ဖုန္းေတြေခၚဆိုေပးေနရသည္မွာ

ေခြၽးေတြေတာင္ စို႔ေနေလၿပီ။


စီအီးအိုမင္းစက္အာဏာကို စိုးလွၿပီဟု

ထင္ထားခဲ့တာ သူ႔အေဖဂိုဏ္းခ်ဳပ္ႀကီးက

ႏွစ္ဆဆိုးေန၍ လူျဖစ္ခ်င္စိတ္ေတာင္

မရွိၾကေတာ့ေပ။


"မင္းစက္ရဲ႕လက္ေထာက္ ေကာင္းသန႔္က

ဘယ္ေရာက္သြားတာလဲ.."


အစည္းအေဝးအခန္းထဲမွာ ၀င္ထိုင္လိုက္တည္းက

ဘာကိုမွ အလိုမက်ျဖစ္ေနေသာ

 ဦးသူရမင္းေခါင္သည္ ေဒါသသံေႏွာကာ

ေမးလိုက္ေပမဲ့ ဘယ္သူကမွထိုေမးခြန္းကို

မေျဖႏိုင္ၾကေပ။

အစည္းအေဝးအခန္းထဲတြင္ရွိေသာ

လူမ်ားကေတာ့ တစ္ေယာက္ကိုတစ္ေယာက္

ေမးေငါ့ကာ အခ်က္ျပၾကရေလေတာ့သည္။


"မင္းေရာေကာင္းသန႔္ကို ေတြ႕မိေသးလား.."


"မနက္အေစာပိုင္းကေတာ့ ေတြ႕လိုက္မိေပမဲ့

အခုေတာ့ ဘယ္ေရာက္ေနတာလဲမသိဘူး.."


‌တစ္ခ်ိဳ႕ကလည္း ေကာင္းသန႔္ကို

ေတြ႕လိုက္မိၾကေပမဲ့ ဘယ္ေပ်ာက္သြားမွန္း

မသိလိုက္ၾကေပ။

သူတို႔က ထို႔သို႔သူသိမလား၊ငါသိမလားႏွင့္

စကားတြတ္ထိုးေနေလ ဦးသူရကေဒါသထြက္ေလ

ျဖစ္လာသည္။


ထို႔ေၾကာင့္..ခုံကို"ဘုန္း!!"ခနဲျမည္ေအာင္

ပိတ္ထုလိုက္ေတာ့ အားလုံး

အထိတ္ထိတ္အလန႔္လန႔္ႏွင့္ မ်က္လုံးေတြ

ျပဴးကုန္ၾကေတာ့သည္။


"စိတ္ေလ်ာ့ပါ ကိုသူရရယ္..ေကာင္းသန႔္မရွိလည္း

ခင္ဗ်ားသိခ်င္တာအားလုံး ကြၽန္ေတာ္တို႔ကို

ေမးလို႔ရပါတယ္..ကြၽန္ေတာ္ကိုင္ထားတဲ့

ပေရာဂ်က္နဲ႔ပတ္သတ္ရင္ေတာ့

မႁခြင္းမခ်န္ အစံရင္ခံေပးပါ့မယ္.."


"ဒီမွာဦးခ်စ္ေမာင္ ခင္ဗ်ားဘာမွလိုက္ၿပီး

ဖာေထးေပးေနစရာ အေၾကာင္းမရွိဘူး

ေကာင္းသန႔္က ဒီကုမၸဏီမွာလက္ေထာက္ရာထူးကို

ကိုင္ထားၿပီး ဘယ္သူ႔ကိုမွအသိမေပးပဲ

ထြက္ခ်င္တိုင္းထြက္ ၀င္ခ်င္တိုင္း၀င္ေနတာက

 စည္းကမ္းကိုေဖာက္ျဖတ္လိုက္တာပဲ

ကုမၸဏီရဲ႕အေရးပါတဲ့ ၀န္ထမ္းကေတာင္

ဒီလိုစည္းမဲ့၊ကမ္းမဲ့ျဖစ္ေနရင္ 

က်န္တဲ့လက္ေအာက္ငယ္သားေတြက

ဘယ္လိုျဖစ္ေနၾကမလဲဆိုတာ

 က်ဳပ္ခန္းမွန္းႏိုင္တယ္

က်ဳပ္ငတုံးမဟုတ္ဘူး..."


အစည္းအေဝးအခန္းထဲမွ အျခား

ရွယ္ရာရွင္ေတြထက္ ပိုေျပာေရးဆိုခြင့္ရွိတဲ့

ဦးခ်စ္ေမာင္ေတာင္ အေျပာခံေနရ၍

အျခားသူေတြကေတာ့ ဘာမွ၀င္မေျပာရဲေတာ့ေပ။


က်န္၀န္ထမ္းေခါင္းေဆာင္ေတြကေတာ့

ဦးသူရ တင္ျပခိုင္းသည့္ အခ်က္အလက္ေတြကိုပဲ

တင္ျပရမလိုလို၊ေကာင္းသန႔္ကိုပဲ

ေျပးရွာရမလိုလိုႏွင့္ ႐ူးေတာင္႐ူးခ်င္ေနၾကသည္။


" က်ဳပ္မရွိတဲ့အေတာအတြင္းမွာ

မင္းစက္အာဏာက က်ဳပ္ရဲ႕ေနရာကို

ေသေသသပ္သပ္ထိန္းသိမ္းႏိုင္မယ္လို႔ 

ထင္ခဲ့မိတာ..က်ဳပ္လူကဲခတ္ညံ့သြားတာပဲ.."


"အဲ့လိုေတာ့အထင္မလြဲပါနဲ႔ဗ်ာ..

ေမာင္မင္းစက္က လူငယ္ေပမဲ့အရည္အခ်င္း

အမ်ားႀကီးရွိပါတယ္..အခုပဲၾကည့္ေလ

သူ႔လက္ထက္မွာ ကုမၸဏီရဲ႕အျမတ္ေငြက

ႏွစ္ဆေလာက္ထိုးတက္သြားခဲ့တဲ့အျပင္

လူငယ္ပီပီသူ႔ရဲ႕စီးပြားေရးအကြက္ျမင္မႈက

ေနာက္ထပ္ ပေရာဂ်က္အသစ္ေတြပါ

ထပ္ၿပီးတိုးပြားလာတာပဲၾကည့္ေတာ့..

ကြၽန္ေတာ္တို႔က အသက္ႀကီးေနၿပီဆိုေတာ့

သူ႔ေနာက္ကိုပဲလိုက္ေနရတာေပါ့..."


"ခင္ဗ်ားေျပာပုံအရဆို က်ဳပ္လက္ထက္မွာ

ဘာတိုးတက္မႈမွမရွိပဲ သူဦးေဆာင္ေတာ့မွ

ပိုတိုးတက္လာတယ္လို႔ေျပာခ်င္တာလား.."


"အဲ့လိုေတာ့မဟုတ္ပါဘူးဗ်ာ..ကြၽန္ေတာ္က

အေကာင္းဘက္ကေန ေတြးေပးတာပါ.."


"ဘာအေကာင္းဘက္ကမွ ေတြးေပးစရာမလိုဘူး

စီးပြားေရးေလာကမွ အႏိုင္မဟုတ္ရင္

အရႈံးပဲ..ကံေကာင္းလို႔ၾကက္ကန္းဆန္အိုး

တိုးတာကို ခင္ဗ်ားတို႔ကဘာေတြ

အထင္ႀကီးေနတာလဲ.."


ဘာမွမသိတဲ့ အျပင္လူေတြသာဆိုရင္

ဦးသူရတစ္ေယာက္ သူႏွင့္ဘာေသြးသားမွ

မေတာ္ဆက္သူကို ခ်ိဳးႏွိမ္ၿပီးေျပာေနသည္ဟု

ထင္ခ်င္စရာပါပဲ။


မင္းစက္အာဏာဦးစီးေနသည့္အခ်ိန္မွာ

ကုမၸဏီက အစေပါင္းမ်ားစြာတိုးတက္လာခဲ့ၿပီး

ရွယ္ယာရွင္ေတာ္ေတာ္မ်ားမ်ားက

လူအိုႀကီးေတြဆိုေတာ့ တစ္ခ်ိဳ႕ေနရာေတြမွာ

လူငယ္တစ္ေယာက္၏ သြက္လက္မႈကို

မလိုက္ႏိုင္ၾကေတာ့ေပ။


ပေရာဂ်က္တစ္ခုစၿပီဆိုရင္ မင္းစက္ကစတင္ၿပီး

ပလန္ဆြဲေပးေလ့ရွိၿပီး သူတို႔ကေတာ့

ေဘးနားမွ အလိုက္သင့္ေလး

သြားၾကသည္ကမ်ားသည္။


ထို႔ေၾကာင့္ မင္းစက္အာဏာလိုအသက္

ႏွစ္ဆယ့္ခုႏွႏွစ္အ႐ြယ္ ေကာင္ေလးကို

ဘယ္သူမွ ေဂ်းမ်ားသည္ေခ်းခါးသည္ဟု

မေျပာရဲၾကတာေပါ့။


အဘယ္ေၾကာင့္ဆိုေသာ္ မင္းစက္အာဏာသည္

အလုပ္လုပ္သည့္ ေနရာတြင္သာမက

စကားအရာတြင္လည္း ျပတ္သားသည့္အျပင္

ဘုနဲ႔ေဘာက္သမားေပမဲ့ သူ႔အနားကို

ကပ္ေနလွ်င္ အက်ိဳးအျမတ္မ်ားစြာ

ရရွိႏိုင္ေသာေၾကာင့္ ျဖစ္ေလသည္။

ဦးသူရမင္းေခါင္ကလည္း ဒါကို

သိထားၿပီးသားပါပဲ။

သူကိုယ္တိုင္ အက်င့္စ႐ိုက္တစ္ခုခ်င္းစီမက

အ႐ိုးအစစ္တစ္ခုခ်င္းစီမွာ

အပိုးက်ိဳးေအာင္ သင္ၾကားျပဳျပင္ထားသည့္

ေကာင္ဟာ ဘယ္ေလာက္အထိအရည္အခ်င္း

ရွိသလဲ သိပ္သိတာေပါ့။


လူမွန္းသိတတ္စအ႐ြယ္တည္းက 

ကုမၸဏီကိုေခၚသြားၿပီး အစည္းအေဝး

အခန္းထဲမွာ ထိုင္ခိုင္းကာ..အၾကား၊အျမင္နဲ႔

သင္ယူတတ္ေအာင္ 

ေသခ်ာေလ့က်င့္ေပးခဲ့တာပါ။


ပင္ကိုယ္ဗီဇကလည္း ဉာဏ္ေကာင္းသူဆိုေတာ့

၁၂ႏွစ္အ႐ြယ္တည္းက သူ႔ဘာသာတိတ္တိတ္ေလး

စကၤာပူကေန ျမန္မာႏိုင္ငံကို 

တစ္ေယာက္တည္း ျပန္လာၿပီးသူ႔အေမနဲ႔

ခိုးခိုးေတြ႕ခဲ့တဲ့အထိပါပဲ။


သင္လြယ္၊တတ္လြယ္တဲ့ကေလးမို႔ 

သူ႔ေၾကာင့္အမ်ားႀကီး ဂုဏ္ယူခဲ့ရေပမဲ့

တစ္ခ်ိန္ခ်ိန္မွာ ကိုယ္နဲ႔တန္းညႇိလာလိမ့္မယ္လို႔ေတာ့

မထင္ခဲ့မိဘူးေပါ့။


အခုေတာ့ ရွယ္ယာရွင္ေတြကပါ 

ကိုယ္တစ္ေယာက္လုံးကို အေရွ႕မွာထားၿပီး

သူ႔ကို ခ်ီးက်ဴးေနၾကေလရဲ႕။


*အံ့ဩစရာပဲ..ဒီကုမၸဏီကိုစၿပီး

တည္ေထာင္ခဲ့တာက ေဟာ့ဒီ့သူရမင္းေခါင္းပါ..

အပင္ႀကီးေတာ့မွ အသီးကိုလာစားတဲ့

ငွက္ကေလးနဲ႔မ်ား ငါ့ကိုလာႏႈိင္းယွဥ္ရတယ္လို႔..*


"ဘာပဲျဖစ္ျဖစ္ မင္းစက္အာဏာက

ယာယီစီအီးအိုဆိုတာ ခင္ဗ်ားတို႔သိၾကမွာပါ

အခုက်ဳပ္ေရာက္လာၿပီဆိုေတာ့

ဘာကိစၥပဲျဖစ္ျဖစ္ က်ဳပ္နဲ႔အရင္ညႇိႏႈိင္းရမယ္

ရွင္းရွင္းပဲေျပာလိုက္မယ္..

က်ဳပ္ျပန္ေရာက္လာၿပီဆိုေတာ့

အရာအားလုံးက အရင္အတိုင္းျပန္ျဖစ္သြားၿပီလို႔

သိထားလိုက္ၾကပါ.."


ထိုစဥ္မွာ"ဝုန္း"ဆိုသည့္အသံႏွင့္အတူ

အစည္းအေဝးတံခါးႀကီး ပြင့္သြားေလေတာ့သည္။

အခန္းထဲသို႔ ၀င္လာသူေတြကေတာ့

မင္းစက္အာဏာႏွင့္သူ႔လက္ေထာက္ေကာင္းသန႔္။


အစည္းအေဝးလုပ္ေနသည့္ အခ်ိန္ေတြဆိုရင္

ေႏွာက္ယွက္တာမ်ိဳး လုံး၀မႀကိဳက္သည့္

မင္းစက္သည္ ယခုေတာ့သူကိုယ္တိုင္က

ထိုစည္းကမ္းကို ခ်ိဳးေဖာက္သူ

ျဖစ္ေနေတာ့သည္။


ေဘာင္းဘီအိတ္ကပ္ထဲသို႔ လက္ႏွစ္ဖက္လုံးကို

ထိုးထည့္ထားလိုက္ၿပီး ဂ်စ္ကန္ကန္

လူငယ္ေလးလို မ်က္ႏွာေပးမ်ိဳးႏွင့္

ဖခင္ျဖစ္သူကို စိုက္ၾကည့္ေနေလသည္။


ထို႔ေနာက္ရႉးဖိနပ္အသံကို စီးခ်က္မွန္မွန္ျမည္ေအာင္

ေလွ်ာက္ရင္း လူအားလုံး၏ထိပ္ဆုံးေနရာတြင္

ထိုင္ကာ သူ႔အားေဒါသအမ်က္ေခ်ာင္းေခ်ာင္း

ထြက္ေနေသာ အၾကည့္မ်ိဳးျဖင့္ရန္သူသဖြယ္

ၾကည့္ေနေသာ ဖခင္ျဖစ္သူကို ခပ္မဲ့မဲ့

ရယ္ျပပစ္လိုက္သည္။


"မင္းစက္..မင္းရဲ႕အျပဳအမူကဘာလဲ..

ဒါလုပ္ငန္းခြင္ကြ..မင္းေနေနတဲ့အိမ္လို

၀င္ခ်င္တိုင္း၀င္ ထြက္ခ်င္တိုင္း

ထြက္လို႔ရတဲ့ေနရာမဟုတ္ဘူး.."


"ကြၽန္ေတာ္သိပါတယ္..ဒီအခန္းက

ကြၽန္ေတာ္ေန႔တိုင္း ေရာက္ျဖစ္တဲ့အခန္းပဲေလ

အခုအေဖထိုင္ေနတဲ့ ထိုင္ခုံကလည္း

ကြၽန္ေတာ္ေန႔တိုင္း ထိုင္ေနၾကထိုင္ခုံ.."


"ဘာ..မင္းကငါ့ေနရာကိုပါ လုခ်င္ေနတာလား.."


"အေဖေတာင္မွ ကြၽန္ေတာ္မသိေအာင္

တိတ္တိတ္ေလး ခိုးထိုင္ေနတာမဟုတ္ဘူးလား.."


"မင္းဘာစကားေျပာတာလဲ..ဒီကုမၸဏီက

ငါကေနစတင္ခဲ့တဲ့ ကုမၸဏီကြ..

ခိုးေၾကာင္ခိုးဝွက္လုပ္စရာ ဘာအေၾကာင္းမွ

မရွိဘူး..ဘုရင္လာရင္

ယာယီနန္းထိန္းေပးတဲ့လူက ပုလႅ‌င္ေပၚကေန

ဆင္းေပးရမွာ ထုံးစံပဲ.."


မင္းစက္ကေတာ့ ဦးသူရဘာေျပာေျပာ

ဂ႐ုစိုက္မေနပဲ ခပ္ဟဟေလွာင္ရယ္လိုက္ကာ

နားထင္‌ကိုသာ ကုပ္ျခစ္ဟန္လုပ္လိုက္ၿပီး

အခန္းထဲရွိ အျခားသူမ်ားဘက္သို႔

လွည့္ၾကည့္လိုက္သည္။


"အားလုံးပဲ အေဖနဲ႔ကြၽန္ေတာ့္ၾကားမွာ

လူမႈေရးကိစၥအခ်ိဳ႕ ေဆြးေႏြးစရာ

ရွိတဲ့အတြက္ ဒီေန႔အတြက္အစည္းအေဝးကို

ဒီမွာတင္ အဆုံးသတ္လိုက္ပါတယ္..

အားလုံး ကိုယ္လုပ္စရာရွိတာ

ဆက္လုပ္ႏိုင္ပါတယ္.."


မင္းဆက္က ထိုသို႔ေျပာလာသည့္အခါ

အကုန္လုံးနီးပါး မ်က္ႏွာမေကာင္းၾကေပမဲ့

အလိုက္တသိ ထြက္သြားေပးၾကေလသည္။

အခန္းထဲတြင္ေတာ့ မင္းစက္တို႔သားအဖႏွင့္

ေကာင္းသန႔္သာ က်န္ရွိေနခဲ့သည္။


အားလုံးထြက္သြားၿပီးေနာက္မွာေတာ့

မင္းစက္ဟာ မ်က္ႏွာကိုပိုတည္တင္း

ထားလိုက္ၿပီး ဦးသူရႏွင့္မ်က္ႏွာခ်င္းဆိုင္

ေနရာမွာ သြားထိုင္လိုက္ေလသည္။


သားအဖႏွစ္ေယာက္က စစ္မထိုးခင္

အၾကည့္ခ်င္း အားၿပိဳင္ေနေတာ့

ေကာင္းသန႔္မွာ ဘာမဆိုင္၊ညာမဆိုင္

ေဇာေခြၽးျပန္ေနရသည္။


"ဘယ္တုန္းကေရာက္တာလဲ.."


ဒီစကားကိုေတာ့ မင္းစက္ဘက္မွ

စတင္၍ ေမးလိုက္ျခင္းျဖစ္သည္။

ဦးသူရကေတာ့ အသက္သာႀကီးေပမဲ့

ျပန္ေျဖသည့္ ေလသံကေတာ့

အလြန္မာေက်ာလွသည္။


"ငါ့ဘာသာ ဘယ္အခ်ိန္ကေရာက္ေရာက္ေပါ့.."


"အဟင္း..စကားအေကာင္းေျပာမလို႔ကို

လက္မခံဘူးပဲ

ဒီေတာ့..ကြၽန္ေတာ္ကလည္းလိုရင္းပဲ

ေျပာေတာ့မယ္..အေဖ့ရဲ႕ဥကၠရာထူး

ကြၽန္ေတာ့္ကို အၿပီးအပိုင္လႊဲေပးၿပီး

အျမတ္ေငြကို အိမ္မွာေအးေဆးထိုင္စားေနမလား

ဒါမွမဟုတ္ ကြၽန္ေတာ္ပိုင္ဆိုင္တဲ့လုပ္ငန္းေတြ

အားလုံးကို ခြဲထုတ္ၿပီးဒီကုမၸဏီကို

ပစ္ထားခဲ့ရမလား.."


"ဘာ..ဒီကုမၸဏီကို ပစ္ထားမယ္..

မင္း..ငါ့သားမွ ဟုတ္ရဲ႕လား.."


"အေဖ့သားမို႔လို အေဖလို႔တ႐ိုတေသ

ေခၚေနတာေပါ့..ဒါေပမဲ့အေဖကေတာ့

ကြၽန္ေတာ့္ကို အေဖလက္သပ္ေမြးထားတဲ့

ေခြးတစ္ေကာင္လိုပဲ သေဘာထားတာ

မဟုတ္လား.."


"ဒါကေတာ့ မင္းဘာသာတစ္ဖက္သတ္

ျမင္ေနတဲ့အေတြးပဲေလ..ငါသာမင္းကို

ျဖစ္ခ်င္တာျဖစ္ ျပစ္ထားခဲ့ရင္

အခုေလာက္ဆို ခ်ီးေျခာက္ေတာင္

ေရႏႉးစားေနရေလာက္ၿပီ.."


"အေဖ့စကားေတြက တစ္ဆိတ္ေလာက္

လြန္သြားၿပီထင္တယ္.."


"မလြန္ဘူးကြ..မင္းေျပာသလိုငါမင္းကို

ဆူးကြိုး🌹တင်ရန်, [5/1/2025 8:17 PM]
လက္သပ္ေမြးခဲ့လို႔သာ အခုလိုေအာင္ျမင္မႈမ်ိဳး

မင္းရရွိေနတာမဟုတ္ဘူးလား..ငါ့ေၾကာင့္သာ

မဟုတ္ရင္ မင္းအခုလိုအေျခအေနမ်ိဳးမွာ

ရွိေနႏိုင္မယ္လို႔ထင္လား.."


"စဥ္းစဥ္းစားစားလည္း ေျပာပါအေဖရယ္

စတိတ္ေက်ာင္းသားဘ၀တည္းက

အေဖ့ဆီက ပိုက္ဆံဘယ္ႏွစ္ျပား

ကြၽန္ေတာ္ေတာင္းသုံးခဲ့လို႔လဲ..

အေဖကြၽန္ေတာ့္ကို လက္သပ္ေမြးခဲ့တာကလည္း

အေဖ့ရဲ႕ လိုအပ္ခ်က္တစ္ခုေၾကာင့္ပါ..

အေဖ့ရဲ႕ေလာဘစိတ္က အေဖမရွိေတာ့တဲ့အခါ

ဒီကုမၸဏီႀကီး အျမႇစ္ကေနအခုတ္ခံရမွာစိုးလို႔

ကြၽန္ေတာ့္ကို ဆက္ခံဖို႔အႀကံရခဲ့တာပါ..

ဒါေၾကာင့္ ကြၽန္ေတာ္သိတတ္စအ႐ြယ္တည္းက

ဖိအားေတြ ဆက္တိုက္ေပးခဲ့တာေလ.."


"မဟုတ္တာေတြေလွ်ာက္ေျပာမေနနဲ႔.."


"ဘာလို႔မဟုတ္ရမွာလဲ..အားလုံးအမွန္ေတြခ်ည္းပဲ

ဘာမွေသြးမေတာ္တဲ့ ဟိုမိသားစုကိုေတာ့

အေဖ့ဘ၀ႀကီးတစ္ခုလုံးကိုေပးၿပီး

ခ်စ္ျပတယ္..ၾကင္နာျပတယ္..

ကြၽန္ေတာ့္ကိုေတာ့ အ႐ြယ္နဲ႔မလိုက္ေအာင္

အေဖ့ပုခုံးေပၚက တာ၀န္ေတြကိုပဲ

ေပးခဲ့တယ္..အဲ့ဒါေတြကကြၽန္ေတာ္

ျမင္ခဲ့၊သိခဲ့၊ႀကဳံခဲ့ရတဲ့ အမွန္တရားေတြပဲ.."


"သူတို႔ကိုဘာမွ ဆြဲထည့္စရာအေၾကာင္းမရွိဘူး

မင္းနဲ႔ငါ့ၾကားက ကိစၥကိုမင္းနဲ႔ငါပဲရွင္းမယ္

သူတို႔နဲ႔ဘာမွ မဆိုင္ဘူး.."


"ဟား..ဟား..ဟား..အခုအခ်ိန္အထိ

အေဖ့စကားထဲမွာေတာင္ ကြၽန္ေတာ့္အတြက္ဆိုၿပီး

တစ္ခြန္း‌ေတာင္မပါဘူးေနာ္..

ဆယ့္ေျခာက္ႏွစ္တိတိ အေဖ့ေဘးနားမွာေနၿပီး

အေဖခိုင္းသမွ်ကို လုပ္ေပးခဲ့ေတာင္

အဲ့မိသားစုေလာက္ အေဖ့အတြက္

ကြၽန္ေတာ္က အေရးမပါခဲ့ဘူး.."


"ငါေျပာၿပီးၿပီပဲ သူတို႔ကိုဆြဲမထည့္နဲ႔လို႔.."


"ကြၽန္ေတာ့္ကိုအလိုရွိတဲ့ မိသားစုနဲ႔ၾကခြဲထားၿပီး

အဲ့ဒီ့စိတ္ပ်က္စရာ မိသားစုထဲမွာႀကိတ္မွိတ္

သည္းခံၿပီး ေနခဲ့ရတာၾကအေဖမျမင္ပဲ

သူတို႔ကိုနည္းနည္းေလးထိေတာ့

ခါးခါးသီးသီးပါလား...ေကာင္းၿပီေလ

အေဖလည္းအေဖ့မိသားစုကို

အဲ့ေလာက္သိတတ္ေနမွေတာ့

 ကြၽန္ေတာ္လည္း

ကြၽန္ေတာ္မိသားစု၀င္အတြက္

ျပတ္ျပတ္သားသား ေျပာရေတာ့မွာေပါ့..."


"ဘာ..မိသားစု၀င္..ဟား..မင္းလိုေကာင္က

ဘယ္သူ႔ကိုမ်ား သံေယာဇဥ္

တြယ္တတ္သြားရတာလဲ.."


"ရွင္းရွင္းေလးပါပဲ..ကြၽန္ေတာ္အခု

အိမ္ေထာင္က်သြားၿပီ..အဲ့ေတာ့

ကြၽန္ေတာ့္စီးပြားေရးကို ကိုယ္ပိုင္နာမည္နဲ႔

ကြၽန္ေတာ္ခြဲထြက္တာ့မယ္..

အေဖသိပါတယ္..KGလက္ေအာက္မွာ

ကြၽန္ေတာ့္ကိုယ္ပိုင္စီးပြားေရးေတြ

အမ်ားႀကီးရွိတယ္ဆိုတာ..

တကယ္လို႔ ခြဲမထြက္ေစခ်င္ရင္ေတာ့

ကြၽန္ေတာ့္ကို KGရဲ႕တရား၀င္ဥကၠဌအျဖစ္

ခန႔္အပ္ေပးရမယ္..အဲ့လိုမွမလုပ္ႏိုင္ရင္ေတာ့

အေဖ့ရဲ႕ အရမ္းအသုံးက်တဲ့

ေနာက္သားတစ္ေယာက္ကို အေဖ့ရဲ႕

ဆက္ခံသူအျဖစ္ ထားလိုက္ေပါ့.."


"ေဟ့ေကာင္..မင္းကိုဥကၠဌရာထူး

လႊဲေပးရေအာင္..ငါမေသေသးဘူးကြ.."


"ဒါေပမဲ့..အိုေနၿပီေလ..အခုေတာင္တုတ္ေကာက္နဲ႔

ေလွ်ာက္ေနရတာ..ဆံျဖဴသြားက်ိဳးတဲ့အထိ

ဥကၠဌလုပ္မလို႔လား..ကိုယ့္ရဲ႕လုပ္ႏိုင္စြမ္းကို

ကိုယ္သိေပါ့.."


"မင္း!!!"


မင္းစက္ေၾကာင့္ ေဒါသယႏၲရားႀကီး

ႏိုးထလာေသာ္လည္း ေျခေထာက္မေကာင္း၍

ထိုင္ခုံေပၚသို႔ ျပန္ထိုင္က်သြားေလသည္။

အသက္ႀကီးလာတဲ့အျပင္ ေရာဂါအခံေၾကာင့္

မွတ္ဉာဏ္ေတြက သိပ္မေကာင္းေတာ့တာ

ကိုယ့္ကိုကိုယ္ အသိဆုံးပါပဲ။


ေသခ်ာေတြးၾကည့္ရင္‌ေတာ့ ဒီကုမၸဏီကို

မင္းစက္အာဏာကလြဲၿပီး ဘယ္သူမွေကာင္းေကာင္း စီမံႏိုင္မယ္မထင္ဘူး။


ထက္ျမတ္ကို အားကိုးရေအာင္လည္း

မိန္းမလိုက္စားဖို႔ကလြဲၿပီး အလုပ္ဆိုရင္

လက္ေက်ာသိပ္တင္းတာမဟုတ္ဘူး။

စႏိုးကလည္း မိန္းကေလးပီပီ ဒီအလုပ္ေတြကို

စိတ္မ၀င္စားေတာ့ လမ္းကတစ္လမ္းပဲ

ရွိေတာ့တာေပါ့..။


ဒါေပမဲ့ မင္းစက္အာဏာကိုမွီခို‌ေနရမယ္ဆိုရင္

ဘ၀က ေျခာက္ျခားစရာေကာင္းလာမွာ

ေသခ်ာတယ္..။


"ဥကၠဌရာထူးကိုလိုခ်င္ရင္ ငါနဲ႔သေဘာတူညီမႈ

တစ္ခု‌ေတာ့ လုပ္ရလိမ့္မယ္.."


ခုံကိုလက္ညႇိဳးႏွင့္ ေခါက္ခ်လိုက္ၿပီး

ၿခိမ္းေျခာက္လိုေသာ သေဘာမ်ိဳးပါ၀င္ေနသည့္

ဦးသူရမင္းေခါင္အား မင္းစက္ကလည္း

တစ္စက္မွ အေၾကာမခံပဲမ်က္ေမွာင္ႀကဳံ႕၍

ျပန္ၾကည့္လိုက္သည္။


သူတို႔ႏွစ္ေယာက္အနက္ တစ္ေယာက္က

ဝံပုေလြဆိုလွ်င္ တစ္ေယာက္ကျခေသၤ့

ျဖစ္ေလသည္။

သည္ေတာ့ သူတို႔ႏွစ္ဦးဟာရႈံးေနလွ်င္ေတာင္

အလံျဖဴျပမည့္အစား အေသခံသြားၾကမည့္

လူေတြသာ ျဖစ္ေလသည္။


ေကာင္းသန႔္ကေတာ့ ဦးသူရေျပာမည့္

သေဘာတူညီခ်က္ဟာ သူ႔ဆရာရဲ႕ေဒါသကို

မႏႈိးဆြမိပါေစႏွင့္လို႔သာ ဆုေတာင္းေနမိသည္။

မဟုတ္ရင္ ကိုယ္လည္းဓားသြားေပၚမွာ

ရပ္ေနရသူမို႔ ဘုံေပ်ာက္ႏိုင္သည္။


‌"ဘာသေဘာတူညီခ်က္လဲ.."


"႐ိုး႐ိုးေလးပါပဲ..အခုလက္ရွိမင္းယူထားတဲ့

မိန္းမကိုကြာရွင္းၿပီး..စႏိုးကိုလက္ထက္ရမယ္

ဒါဆိုရင္ KGရဲ႕ဥကၠဌရာထူးက

မင္းအတြက္ပဲ..."


"ဘာေျပာလိုက္တယ္..."


"စႏိုးကိုလက္ထက္ၿပီး ငါတို႔မိသားစုထဲကို

ျပန္၀င္လာခဲ့..ဒါဆိုရင္မင္းလိုခ်င္တဲ့

ဥကၠဌရာထူးကို တရား၀င္ေပးလိုက္မယ္..."


ဦးသူရ၏စကားအဆုံးမွာ ေကာင္းသန႔္၏

နားထင္ေၾကာေတြ ေထာင္တက္လာၿပီး

ၾကက္သီးေတြ တျဖန္းျဖန္းထလာ၍

ရွိသမွ်အေမႊးေတြအားလုံး 

ထႂကြလာေလေတာ့သည္။


ဦးသူရမင္းေခါင္ဆိုသည့္ အဖိုးႀကီးကိုလည္း

ဆလံသမိေလသည္။

ေရွးေခာတ္တုန္းကလို ႏွစ္ႏိုင္ငံ

စစ္ေျပၿငိမ္းေရးအတြက္ တစ္ဖက္ဘုရင္ေတြက

သမီးေတာ္ေတြ ဆက္သတဲ့နည္းလမ္းကို

သုံးေနသလားမွတ္ရတယ္။


သားအရင္းေခါက္ေခါက္ကိုေတာင္

သူ႔ကုမၸဏီတစ္ခုလုံး အပ္ရမွာမယုံေတာ့

ဆူးကြိုး🌹တင်ရန်, [5/1/2025 8:17 PM]
သူ႔ရဲ႕မယားပါသမီးနဲ႔ ခ်ည္ၿပီးတုပ္ၿပီးျဖစ္ေအာင္

လုပ္ေနတာေသခ်ာတယ္။


တစ္ဖက္မွာလည္း ဆရာမင္းစက္ဆိုတာ

စီးပြားေရးလုပ္တဲ့ေနရာမွာ သူ႔အက်ိဳးအျမတ္ကို

နည္းနည္းေလးမွ အပြန္းအပဲ့ခံတဲ့

လူမ်ိဳးမဟုတ္ဘူး။


ဥကၠဌရာထူးနဲ႔ေမဝိုင္းေလးကို ေ႐ြးခ်ယ္ခိုင္းတာဟာ

ဆရာ့လို ဘယ္သူ႔ကိုမွ..မေထာက္ထားတတ္တဲ့

လူတစ္ေယာက္အဖို႔ ေ႐ြးခ်ယ္ရ

သိပ္လြယ္မဲ့ ကိစၥလို႔ျမင္မိတယ္။


*ကိုယ့္အထင္..ဆရာက

ဥကၠဌရာထူးကို ေ႐ြးခ်ယ္ေလာက္မလား..*


..အခန္း(၄၈)ဆက္ရန္...


စာေရးသူ..ေဆာင္းေငြ႕ေဝ


🌹🌹🌹🌹🌹🌹🌹🌹


"မင္းစက္အာဏာ ဘာကိုေ႐ြးလိမ့္မလဲ.."

အဖိုးႀကီးကေတာ့ ပညာျပေနၿပီေနာ္..





No comments:

Post a Comment