အခန်း၁ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း၁

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"ဝိုင်းလေးရယ်..ညည်းရုပ်ကဘာဖြစ်နေတာလဲ..."


"ဘာဖြစ်ရမှာလဲ..အန်တီလေးရဲ့..မေမေတို့က

ဝိုင်းလေးတစ်ခါမှတောင် မတွေ့ဖူးတဲ့လူနဲ့

ပေးစားချင်နေတဲ့ဥစ္စာကို..အဟင့်..

သေသာသေလိုက်ချင်တော့တယ်..."


မေဝိုင်းလေးတစ်ယောက် မျက်ရည်နဲ့မျက်ခွက်

ဖြစ်နေကာ လက်ထဲမှမြန်မာ၀တ်စုံ

ချိတ်၀မ်းဆက်ကိုလည်း ဆောင့်ကြီး‌‌၊အောင့်ကြီးနဲ့ပစ်ချလိုက်သည်။

မျက်နှာကြီးရှုံ့မဲ့ကာသစ်သားခုတင်ပေါ်မှာ

စိတ်ညစ်စွာထိုင်ချလိုက်မိတော့ အန်တီလေးကအနားသို့ရောက်လာ‌လေသည်။


"အမလေး...နင်ယူရမဲ့ယောက်ျားက

ဘောစိပါအေ...တင်မမတို့ကလည်း

ကိုယ့်သမီးကိုယ်တော့

ချောက်ထဲကိုတွန်းမချပါဘူးဟယ်..

ဒီမှာ..အခုကတစ်လ..သုံး၊‌လေးသိန်းလောက်ပဲ

ရတဲ့အလုပ်လေးကို

ခြေကုန်လက်ပမ်းကျအောင် လုပ်နေရတာ

မဟုတ်ဘူးလား..အမေပေးစားတဲ့ယောက်ျားသာ

ယူလိုက်စမ်းပါအေ..

တစ်ဘ၀စာလုံးအငြိမ်းစားပဲ..

ဟိုကကုန်တိုက်တွေပိုင်တာတဲ့နော်...

ကြိုက်တဲ့ပစ္စည်းကိုသာလက်ညှိုးထိုးလိုက်

ကိုယ့်အရှေ့ကိုရောက်လာပြီးသားပဲ..."


"ဟာ...ဟုတ်သားပဲ...ဝိုင်းလေးမေ့နေခဲ့တာ.."


"ဘာကိုမေ့နေတာတုန်း..."


အကြံပေါင်းစုံလင်းလတ်လာတဲ့ ဝိုင်းလေးရဲ့မျက်၀န်းတွေက အန်တီလေးဆီသို့

အကြည့်ရောက်သွားသည်။

အန်တီလေးက ၀တ်ပုံစားပုံခောတ်ဆန်တာကြောင့် အသက်လေးဆယ့်ငါးနှစ်ဆိုတာထက် ပိုနုနေသည်။

အသက်၂၃နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းလေးနဲ့ဆိုရင်

 လမ်းအတူထွက်တိုင်း ညီအစ်မတွေလို့တောင် အထင်ခံရပါသေးတယ်။

နောက်ပြီးအန်တီလေးက လုံးကြီးပေါက်လှဆိုတော့ မင်းစက်အာဏာဆိုတဲ့လူ ကျေနပ်လောက်မှာပါ။


"ဟီ...ဟိ..."


"အန်တီလေး..."


"ဘာလဲ...."


"အဲ့ဒီ့ မင်းစက်အာဏာဆိုတဲ့လူကြီးကို

အန်တီလေးယူလိုက်ပါလားဟင်...

သူကလည်းအသက်နှစ်ဆယ့်ခုနှနှစ်ဆိုတော့

အန်တီလေးနဲ့ဆိုရင် သိပ်ကိုလိုက်ဖက်နေမှာပဲနော်...

ယူလိုက်ပါလားဟင်..."


"အယ်...ကြံကြီးစည်ရာဟယ်...

ကိုယ့်သားအရွယ်လောက်ကို...မယူချင်ပါဘူး..."


"ယူလိုက်ပါ..အန်တီလေးရယ်အခုက

မမတွေခောတ်ထနေတဲ့ ဥစ္စာကို.."


"မေဝိုင်းလေး!!...ညည်းနော်..

ငါထုထည့်လိုက်တော့မယ်..သူ..မယူချင်တိုင်း

ငါ့ကိုအတင်းလာထိုးကျွေးနေတယ်"


"အန်တီလေးကလည်း..စားလိုက်ပါနော်..

အရသာရှိမှာပါ.."


"တယ်...ဒီကောင်မလေးတော့နော်..

ဘယ်လိုဖြစ်နေတာတုန်း...သူများတွေဆို

အရွယ်ဖြင့်မရောက်သေးဘူး..

လင်နောက်လိုက်ရတာနဲ့ဘာနဲ့..မိဝိုင်းလေးကြမှပဲ...

အကောင်းစားယောက်ျားနဲ့ပေးစားတာတောင်

တဟင်းဟင်းနဲ့ညီးနေလိုက်တာ

ငှက်ဖျားတတ်နေတဲ့အတိုင်းပဲ.."


"အီဟီး...ဝိုင်းလေးမှယောက်ျားမယူချင်သေးတဲ့ ဥစ္စာကို အခုမှအသက်ကလေးကတစ်၀က်တောင်

မကျိုးသေးဘူး...ယောက်ျားကပေးစားနေပြီ

...ယောက်ျားယူပြီးပြန်တော့လည်း ကလေးယူဖို့ကလာအုံးမယ်..အဟင့်...ပိုက်ဆံတွေစုပြီး

...လူငယ်သဘာ၀

ခရီးတွေထွက်ချင်သေးပါတယ်ဆိုနေမှ..."


"ဟဲ့...ခရီးထွက်ချင်တာပဲ...ယောက်ျားယူပြီးမှ

ထွက်လည်း ရပါတယ်အေ..."


"စင်ဂယ်လ်တာနဲ့..မစင်ဂယ်လ်တာ

မတူတော့ဘူးလေ..

လူလွတ်ဆိုရင် ရောက်ရာအရပ်မှာ

အဆင်လေးတွေကိုတမေ့တမော..ငမ်းလို့ရတယ်..

ယောက်ျားကြီးတွဲလဲနဲ့ဆိုတော့ ဘယ်လိုလုပ်ငမ်းလို့ကောင်းတော့မှာလဲ...ဖီးလ်အောက်တာပေါ့လို့..."


"ဟဲ့..ယောက်ျားနဲ့လည်းဘာဖြစ်တုန်း..ခိုးခိုးငမ်း..

မသိမသာငမ်းပေါ့ဟယ်...ဘာခက်တာမှတ်လို့..."


ဒေါ်ရွှေရည်၀င်းမှာလည်း "ဘူး"တစ်လုံးသာ

ဆောင်‌နေသောတူမဖြစ်သူကို အပျိုကြီးတန်မဲ့

ယောက်ျားယူချင်‌အောင် ချော့တစ်ခါ၊

ခြောက်တစ်လှည့်နှင့် ဆွဲဆောင်နေရသည်မှာ

ပါးစပ်တွေတောင် အမြှုပ်ထတော့‌ပေမည်။


ထိုစဥ်မှာပဲအခန်းတံခါးက ပွင့်သွားပြီး 

လူတစ်ယောက်‌၀င်လာကာ တူမဖြစ်သူကို

အတတ်ကောင်းတွေ သင်ပေးနေသော

ဒေါ်ရွှေရည်၀င်း၏ပုခုံးပေါ်သို့ လက်နဲ့ ပုတ်လိုက်လေသည်။


"ဘာတွေကို ငမ်းနေကြတာလဲ..."


"အမယ်လေး!!!နင့်မေကုလား..."


"ဟဲ့..အ၀င်းရဲ့..ဘယ်လိုဖြစ်ပြီးဒီလောက်တောင်

ထအော်ရတာလဲ..."


"ဟို...ယောင်သွားလို့ပါအစ်မရယ်..."


"ယောင်တာတွေဘာတွေခဏထား...နင့်တူမကို

ဖြီးလိမ်းဖို့ကူညီပေးပါဆိုတာကို နင်ကပါ

ရောယောင်ပြီး ဘာထိုင်လုပ်နေတာတုံးဟယ်..

လာ..သမီးလာ...

တကယ်ပဲငါမပါရင်ဘာမှကိုစိတ်မချရဘူး.."


ပါးစပ်ကလည်း မြင်းအီးပေါက်သလို တတွတ်တွတ်ညီးတွားရင်းနှင့်ပင် သမီးဖြစ်သူကိုခုတင်ပေါ်ကနေဆွဲချကာ မှန်တင်ခုံတွင်ထိုင်ခိုင်းလိုက်သည်။


တင်ပါးအုပ်နေသော ဝိုင်းလေးရဲ့ဆံပင်ရှည်ကြီးကို  ဆံထုံးပုံ့ပုံ့လေး ထုံးပေးထားလိုက်ပြီးနောက် သဇင်ပန်းခက်ကလေးတွေ ပန်ဆင်ပေးလိုက်သည်။သမီးလေးက မျက်နှာ၀ိုင်းပေမဲ့ဗိုလ်ဆန်တဲ့မျက်လုံး၊မျက်ခုံးတို့ကို ပိုင်ဆိုင်ထားတာကြောင့် အထူးတလည်ပြင်ဆင်ချယ်သခြင်းမရှိပဲနဲ့လည်း အရုပ်မလေးလို သိပ်ကိုလှပါတယ်။


အားလုံးပြင်ဆင်ပေးပြီးသွားတဲ့နောက်မှာတော့..


"‌ဟဲ့...တင်မမ..မြေးလေးကိုခေါ်လာခဲ့တော့လေ..

အောက်ထပ်မှာ ဧည့်သည်တွေရောက်နေပြီ..."


"ပြီးပါပြီ..အမေရယ်..."


ဝိုင်းလေးရဲ့အဖွားဖြစ်သူက တုတ်ကောက်ကြီးကို တစ်ဒေါက်ဒေါက်နဲ့ထောက်ကာ တုန်တုန်ယင်ယင်နဲ့အခန်းထဲသို့ ၀င်လာရင်းဆော်ဩပြန်လေသည်။


ဪ..မေဝိုင်းလေးထက် အမေတွေ၊အဖွားတွေက ပိုစိတ်လှုပ်ရှားနေကြပါလား။

အဲ့လောက်တောင်ဖြစ်နေကြရင်လည်း

မင်းစက်အာဏာဆိုတဲ့လူကို သုံးပိုင်းပိုင်းပြီး

တစ်ယောက်တစ်ပိုင်းဆီယူလိုက်ကြပြီးရောကို...


အောက်ထပ်ကိုဆင်းမဲ့ သစ်သားလှေကားထိပ်ကိုရောက်သောအခါ မေ့မေ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်လိုက်မိသည်။


"အမေ..သတို့သားကချောရောချောရဲ့လား..."


"အမယ်လေး...ရုပ်ရှင်မင်းသားရှုံးအောင်ကို‌

ချောတယ်..."


"ဟို အရပ်က‌ရောပုလား၊ရှည်လား..."


"စိတ်ချ..ရှည်လိုက်တဲ့အရပ်ဆိုတာ..

တို့အိမ်ရှေ့က အုန်းပင်ကြီးလောက်ရှိတယ်..."


"ဟာ..အမေကလည်း..."


"ကဲကဲ..လာပါဟယ်...

ညည်းကသိပ်လျှာရှည်တာပဲ...ဒီအမေကိုယုံ...

ငါကြိုက်လို့..ညည်းကိုယူခိုင်းတာ..."


"ဟမ်...အမေ့စကားကြီးကလည်း..

အဲ့ဒီ့မင်းစက်အာဏာဆိုတဲ့လူနဲ့...အမေက..."


"တယ်..ဒီကောင်မလေး..."


သမီးဖြစ်သူရဲ့ခေါင်းကို လှမ်းထုချင်ပေမဲ့

ဆံထုံးကထုံးထားလေတော့ စိတ်ကိုပြန်လျှော့လိုက်ရသည်။


ဧည့်ခန်းထဲသို့တစ်လှမ်းချင်း၀င်လာတဲ့

ပီဘိချစ်စရာသတို့သမီးလေးအား ဧည့်ခန်းထဲမှ လူကြီးသူမတွေကပါမကျန် ပါးစပ်အဟောင်းသားနဲ့ ဝိုင်းကြည့်ပြီး မှင်သက်နေကြလေသည်။

ကော်ပက်အရုပ်မလေးလိုလှနေပါသော 

မေဝိုင်းလေးကို တစ်စက်မှမော့မကြည့်သူမှာ

သူမလက်ထက်ရပါမည်ဆိုသော

မင်းစက်အာဏာဆိုတဲ့ လူတစ်ယောက်သာရှိ

 လေသည်။


"ဟဲ့...နင့်သတို့သမီးရောက်နေပြီလေ..."


"အာ့!!..အမေရယ်...နာလိုက်တာ..."


ဟိုလူကြီးရဲ့ အမေကဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်တော့မှ မကြည်သလိုမျက်၀န်းတွေနဲ့ ဝိုင်းလေးကို ကြည့်လာသောအခါ သူ့ကိုတစ်နေရာရာမှာ မြင်ဖူးနေသလိုဖြစ်‌နေလေသည်။

သေချာစဉ်းစားကြည့်လိုက်တော့ ဝိုင်းလေးရဲ့မျက်လုံးတွေပါ ပြူးကျယ်ထွက်သွားရသည်။နှလုံးခုန်နှုန်းတွေပါ မြန်လာရလွန်းလို့

နှလုံးရောဂါရပြီးသေရပါတော့မယ်။


*သူ...သူက...မနေ့ကတင် ငါ့ကိုရစရာမရှိအောင် ပက်ပက်စက်စက်ပြောလွှတ်လိုက်တဲ့ ငါ့ရဲ့အလုပ်ရှင်နတ်ဆိုးကြီးပဲ...မနေ့ကငါ့ကိုအလုပ်ထုတ်လိုက်တဲ့လူက...ဒီနေ့ငါ့ကို‌တောင်းရမ်းဖို့

ရောက်လာရတယ်...အား!!!ကံတရားကြီးရယ်...

.ဘာလို့ဒီအကောင်ကြီးနဲ့မှလဲ...ပြီးတော့သူ့မျက်ခုံးစပ်နားက၀ိုင်း‌လေးလုပ်လိုက်မိတဲ့ဒဏ်ရာ...*


ဦးမင်းစက်အာဏာနဲ့မျက်နှာချင်းဆိုင်မှာ

ထိုင်နေရပေမဲ့ဝိုင်းလေးတွေးနေခဲ့တာက 

မနေ့ကဖြတ်ပျက်ခဲ့တဲ့ ကိစ္စဆီသို့ဖြစ်လေသည်။....


မနေ့တုန်းက GKကုမ္ပဏီရဲ့ရုံးချုပ်မှာ ဝိုင်းလေးအလုပ်လုပ်နေခဲ့တာပေါ့။အလုပ်သင်ကနေ

လခစားအဖြစ်‌တစ်ဆစ်ချိုး ပြောင်းလဲရတော့မဲ့

နေ့လည်းဖြစ်တာပေါ့လေ။


"ဟဲ့...ဝိုင်းလေ...ဟိုမှာသူဌေးရုံးခန်းထဲကို

၀င်သွားတဲ့ အတွင်းရေးမှူးကိုတွေ့လား..."


"မယုမွန်ကလည်း သူဌေးရဲ့ရုံးခန်းထဲကို

သူ့ရဲ့အတွင်းရေးမှူး၀င်သွားတာပဲဥစ္စာ

ဘာထူးဆန်းတာမှတ်လို့..."


"ဟဲ့...ထူးဆန်းတာပေါ့...နင်ကအလုပ်သင်မို့လို့

သိပ်မသိတာ...အဲ့အတွင်းရေးမှူးကလေ

အလုပ်တွေပြတ်နေလည်းပဲ သူဌေးပြန်မှပြန်တာတဲ့ 

 ပြီးတော့သူဌေးရဲ့ ကိုယ်ပေါ်ကို ကော်ဖီတွေ

 တမင်မှောက်အောင်လုပ်ချလိုက်ပြီး...တစ်ရှူးနဲ့ရင်ဘတ်တွေကိုပါ အသားယူပြီး သုတ်ပေးတာတဲ့တော်...မြင်တဲ့လူကမြင်တယ်ဟ..."


"ဟယ်...‌အဲ့လောက်တောင်ပဲလား..."


"အမယ်လေး...အဲ့ဒီ့ထက်တောင်ဆိုးသေးတယ်...

ရုံးက၀န်ထမ်းချောချောလေးတွေက စာရင်း

ဖိုင်လ်တွေပြချင်တာတို့ဘာတို့ဆိုရင်...အံမယ်..

သူကအလုပ်ရှုပ်နေတဲ့ကြားကနေတောင်

သွားမပို့ခိုင်းဘူး...သူဌေးကိုသူကိုယ်တိုင်ကလွှဲပြီး...

ဘယ်ကောင်မလေးနဲ့မှ မတွေ့စေချင်တဲ့ပုံအေ့....

မသိရင်သူဌေးနဲ့သူက ဘာလိုလိုအထင်ခံရအောင်ပေါ့ဟယ်..."


"မယုမွန်ကလည်း...လက်ခုပ်ဆိုတာတစ်ဖက်တည်းတီးလို့မြည်တာမှမဟုတ်ပဲကို...

အဲ့သူဌေးကလည်း ပါချင်ချင်ဖြစ်နေလို့နေမှာပေါ့

...မိန်းကလေးတိုင်းက ပြီးပြည့်စုံတဲ့လူကိုမှ

ရချင်ကြတာဓမ္မတာပါပဲ...သူ့ကံပေါ့..

မဟုတ်ဘူးလား..."


"အေးပါ..မေဝိုင်းလေးကအသိဆုံး..ဟုတ်ပြီလား..."


"မေဝိုင်းလေး...သူဌေးခေါ်နေတယ်...

ရုံးခန်းထဲကို သွားလိုက်ပါ..."


ဝိုင်းလေးနဲ့ မမယုမွန်တို့နှစ်ယောက်သား

ခေါင်းချင်းဆိုင်ပြီး အတင်းတုပ်နေမိရာမှ

နောက်ကို လှည့်ကြည့်လိုက်တော့...


"အမယ်လေး!!!!"


"ဟဲ့...အော်ဘာဖြစ်ကြတာလဲ...

လန့်လိုက်တာဟယ်..."


သူများမကောင်းကြံ ကိုယ့်ခေါင်းမှန်တဲ့ အတွင်းရေးမှူး မချစ်သဲရဲ့အတင်းကို

တုပ်နေပါတယ်ဆိုနေမှ မချစ်သဲကတန်းပြီးတော့ကို

ရောက်ချလာတာပဲ။

မချစ်သဲသာ သူ့အတင်းကိုပြောနေကြမှန်းသိရင်နှောင်ချိန်ပလေးနေရမှာ သေချာတယ်။


ဝိုင်းလေးလည်း သူဌေးရဲ့ရုံးခန်းဆီသို့

အမြန်သွားလိုက်ပြီး တံခါးကို‌ခေါက်ကာ

ဖြည်းဖြည်းလေးတွန်းဖွင့်၍၀င်လိုက်တော့

သူဌေးကဖုန်းကိုကြည့်ပြီးဒေါသထွက်နေဟန်

ပေါ်သောကြောင့်တော်တော်လေး

ထိတ်လန့်နေမိသည်။

မျက်ခုံးထူထူကြီးတွေက

တွန့်လိမ်နေလောက်အောင် မျက်မှောင်ကြုံ့ထားပြီး ဒီနေ့မှသေချာအနီးကပ်ကြည့်ဖူးတဲ့

သူ့မျက်နှာကလည်း တည်တင်းနေလိုက်တာများ ပေါက်ကွဲထွက်တော့မဲ့အတိုင်းပဲ။


"သူဌေး...ကျွန်မရောက်ပါပြီ..."


"မင်းက...မေဝိုင်းလေးလား...."


"ဟုတ်..ဟုတ်ပါတယ်..."


မကျေမနပ်ပုံစံနဲ့ ဝိုင်းလေးကိုကြည့်လာတာကြောင့် စကားတွေတောင်ထစ်အကုန်သည်။


"မင်းဘာလုပ်လိုက်လည်း မင်းကိုယ်မင်းသိလား..."


"ဝိုင်းလေး ဘာလုပ်လိုက်မိလို့လဲဟင်..."


"ဒုန်း!!?" 


"အမလေး!!!..."


ခုံပေါ်ကို လက်သီးနဲ့ထုချလိုက်ပြီး သူဌေးက

မက်တက်ထရပ်လိုက်တော့ ဝိုင်းလေးမှာ

လန့်လွန်းလို့ မျက်ရည်တောင်ဝဲချင်လာတယ်။

က‌လောကနေ ပြောင်းလာပြီးထဲက ရန်ကုန်မှာ

လုပ်ဖူးတာ ဒါဟာပထမဦးဆုံးအလုပ်ဆိုတော့

အလုပ်ပြုတ်မှာလည်းကြောက်တယ်။


"မြေနီကုန်းဘက်က အလှကုန်မိတ်ဆက်ပွဲကို

ဆက်တီအကောင်းစားတွေပို့ရမဲ့နေရာမှာ...

ရိုးရိုးပလက်စတစ်ခ်ခုံတွေဖြစ်နေတယ်...

စုံလည်ကုလားထိုင်ပါဆိုတာ ကော်ခုံတွေ

ဖြစ်နေတယ်...

နောက်ပြီး တိုက်ရိုက်Liveထုတ်လွှင့်နေတဲ့

ပရိုမိုးရှင်းအစီအစဉ်မှာမှကွာ...အခုပရိတ်သတ်တွေကရော ထုတ်ကုန်ကြော်ငြာဖို့ ဌားတဲ့ကုမ္ပဏီကနေပါ..

၀န်ဆောင်မှုမကောင်းဘူးဆိုပြီး

 ကွန်ပလိန်းတွေတက်လာတာ...နည်းတာမဟုတ်ဘူး

...အခုငါဘယ်လောက်အထိ

တောင်းပန်လိုက်ရလဲ..မင်းသိလား..."


"...ဝိုင်းလေး...တောင်း..တောင်းပန်ပါတယ်..."


ကြောက်လွန်းလို့ ဝိုင်းလေးမှာမျက်ရည်တွေပါ

ကျလာပေမဲ့ သူက‌ပိုဒေါသထွက်သွားပြီး

ခြေလှမ်းကျဲကြီးတွေနဲ့ ဝိုင်းလေးရဲ့အရှေ့ကို

လျှောက်ချလာသည်။

ဝိုင်းလေးမှာ ခေါင်းကိုမဖော်ရဲလို့ အတင်းငုံ့ပြီး မျက်ရည်တွေသာ ကျနေမိသည်။


"အေး..မင်းကတော့အဲ့ဒီ့မှာငို...ငါ့ရဲ့ဂုဏ်သိက္ခာထိခိုက်သွားတာ မင်းသိရဲ့လား......စီးပွားစီမံနဲ့

မင်းဘယ်လိုဘွဲ့ရလာခဲ့တာလဲ...အလုပ်တစ်ခုကို ပေါ့ပျက်ပျက်လုပ်တဲ့ လူကိုငါအမုန်းဆုံးပဲ..

မင်းမှာ မျက်စိတွေ၊ဦးနှောက်တွေမပါဘူးလား...

မသိရင်မေးလေ..မတတ်သေးရင်ပြန်ကြည့်လေ..

ဉာဏ်ရည်ပဲမမှီတာလား...ဟမ်..."


"ဝိုင်းလေးကို အဲ့လောက်ကြီးထိတော့ မပြောပါနဲ့ရှင်

...ကျွန်မတမင်အမှားလုပ်ခဲ့တာမှမဟုတ်တာ..

စာရင်းပို့လိုက်တုန်းကတော့ ဆိုဖာဆက်တီ

အလုံးနှစ်ဆယ်ပို့လိုက်တာပဲ..ဆုံလည်ထိုင်ခုံကိုငါးခုံ

...ဒါပေမဲ့စာရင်းကဘယ်လို

ပြောင်းသွားမှန်းမသိဘူး...

အတွင်းရေးမှူး မချစ်သဲကို..."


"တော်..တော်..မင်းသူများကိုလွှဲချဖို့မကြိုးစားနဲ့

...မင်းလိုနမော်နမဲ့နိုင်တဲ့ မိန်းကလေးက

ဒီမှာအလုပ်ဆက်လုပ်ဖို့လည်း မထိုက်တန်ဘူး...

ဒီနေ့ကစပြီး...မင်းကိုအလုပ်ထုတ်လိုက်ပြီ...

ငါလုပ်ချင်ရင်မင်းကိုအများကြီး

အပစ်ဒဏ်ချမှတ်လို့ရတယ်...

မင်းမျက်နှာကို ငါမကြည့်ချင်တော့ဘူးသွားတော့..."


ဒီလိုနဲ့ပဲ အလုပ်သင်သုံးလပြည့်တဲ့နေ့မှာ အကြီးအကျယ်အရှက်ကွဲခဲ့ရပြီး

အလုပ်ပြုတ်ခဲ့ရပါတော့တယ်။‌

"မင်းစက်အာဏာ.."ဆိုတဲ့နာမည်က

မေမေတို့ပြောပြတုန်းကတော့ အလုပ်ရှင်ရဲ့နာမည်နဲ့တူနေပါတယ်လို့ထင်ခဲ့မိတာ တကယ်တမ်းမှာ

လူပါလာတူနေတာပါလား။


ငါကိုကမေ့တတ်တာဓာတ်ပုံလေးသာ

ကြည့်ဖို့‌တောင်းမိခဲ့ရင် သူနဲ့ထပ်ဆုံရမဲ့

ဒီလိုနေ့ဆိုတာ ရောက်လာစရာကိုမရှိဘူး။

မနေ့က အဲ့လူကြောင့်ပဲ

မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့ရတဲ့ ဝိုင်းလေးက

 ဒီနေတော့ သူနဲ့ပဲ...


"ဟဲ့....သမီး..."


"အာ့...အာ့..."


"ဧည့်သည်တွေကို နှုတ်ဆက်လိုက်အုံးလေ..."


အ‌မေကလက်ကို လိမ်ဆွဲလိုက်တာကြောင့်

ဝိုင်းလေးလည်း ရောယောင်ပြီးအားလုံးကို 

ပြုံးပြလိုက်မိတော့ မျက်နှာတည်၊မျက်နှာထားနဲ့ 

မင်းစက်အာဏာဆိုတဲ့ လူကြီးကအရှေ့ဆုံးမှ

ထ၍ထွက်သွားလေသည်။


"အမေ့...ဧည့်သည်တွေက ဘာလို့ပြန်သွားကြတာလဲ..."


"ဟယ်...မိဝိုင်းလေး..ညည်းနယ်..

ကိုယ့်ကို လာတောင်းရမ်းတဲ့အချိန်မှာတောင်

ငုတ်တုတ်မေ့နေရတယ်လို့...

ပြောဆိုကြောင်းလမ်းပြီးသွားလို့

ပြန်သွားကြတာလေ..."


"ဘာ!!!အမေ့...စေ့စပ်ကြောင်းလမ်းတာ

ပြီးတယ်လို့ပြောရအောင်..

သမီးက သဘောတူရသေးလို့လား.."


"ဟယ်...ခုဏကတော့ ညည်းပဲဘာမေးမေး

ခေါင်းငြိမ့်ပြနေခဲ့ပြီးတော့..."


"အဲ့ဒါသမီးအတွေးများပြီး

ယောင်သွားတာအမေရဲ့..."


"ဖြစ်ရလေဟယ်..."


"သေပြီဆရာ.."လို့သာ စိတ်ထဲမှာရွတ်ပြစ်လိုက်ပြီး

ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်မိတော့တယ်။အလုပ်ပြုတ်ခဲ့တဲ့အကြောင်းတွေကို

ပြန်တွေးနေမိတာ ကိုယ့်ကိုကိုယ်

ယောင်ပြီးခေါင်းညိမ့်လို့

ညိမ့်မိမှန်းတောင် မသိလိုက်ဘူး။


"ဒါနဲ့..မင်္ဂလာပွဲက ဘယ်နှစ်လကြာရင်

ကျင်းပမှာလဲ..."


"ဟော့တော်..ဒါလည်းမကြားလိုက်ပြန်ဘူးလား

နောက်နှစ်ပတ်ကျော်ရင် မင်္ဂလာပွဲကျင်းပတော့မှာလေ...အဖွားဒေါ်နုယဉ်ပိုင်တဲ့ဟိုတယ်မှာပဲ

ဆောင်မှာ..သူတို့အမျိုးတွေကစင်္ကာပူမှာလည်း

ရှိတော့..စင်္ကာမှာလည်းဧည့်ခံပွဲသွားလုပ်မယ်တဲ့ "


"ဟင်!!မမြန်လွန်းဘူးလား အမေရယ်...

အမေတို့ဟာကလည်း..သမီးကိုမလိုချင်လို့များ အတင်းမောင်းထုတ်နေကြတာလား...."


"မဟုတ်ပါဘူးဟယ်...မောင်မင်းစက်ရဲ့

အဖွား‌ဒေါ်နုယဉ်က အသက်ကြီးတော့

သူ့မြေးလက်ထက်တာကို မြန်မြန်မြင်ချင်လို့တဲ့

ရက်ကိုစောနိုင်သမျှစောလိုက်တာ...‌

ကျန်းမာတုန်းလေး မြစ်ကလေးတွေနဲ့

ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်လို့လားမှမသိတာ"


စိတ်ညစ်ပါတယ်။

မင်္ဂလာတောင်မဆောင်ရသေးဘူး။

ကလေးကမွေးခိုင်းချင်နေပြီ။

သူတို့မမွေးရတိုင်း။


"အမေရယ်...သူနဲ့သမီးကစကားတောင်

မပြောလိုက်ရဘူး...သူ့ကြည့်ရတာလဲ

သမီးကို သိပ်ကြည်ပုံမပေါ်ဘူးနော်...

တော်ကြာမချစ်ပဲနဲ့ ညားပြီးခါမှ

ကွဲကြပြဲကြဆိုရင်..."


"အမယ်လေး...အဲ့ဒါတော့ စိတ်မပူနဲ့နင့်အဖေနဲ့

ငါလည်း မိဘပေးစားလို့ယူလိုက်ရတာပဲ...

ညားပြီးရင်တော့ မြင်ပါများပြီ...

ချစ်သွားမှာပေါ့အေ...


ရှိတဲ့ဘုရား ကယ်တော်မူပါ ဒီအတိုင်းဆိုရင်တော့ ကိုယ့်ကိုဉာဏ်ရည်မမှီဘူးလို့ သမုတ်ထားတဲ့လူ၊အထင်သေးအမြင်သေးဖြစ်နေတဲ့လူကြီးနဲ့

ညားရတော့မှာပေါ့။


သူနဲ့သာညားရင် ဝိုင်းလေးရဲ့ အိမ်ထောင်ရေးဘ၀ကြီးက ဓာတ်လိုက်တာထက်ဆိုးမှာသေချာတယ်။


😊😊😊😊😊😊😊😊😊


အလွန်ခမ်းနားပြီး ခောတ်ဆန်သောအသွင်ရှိသည့် ခြံကြီးထဲသို့ မင်းစက်အာဏာသည်ကားကို

မောင်း၀င်လိုက်ပြီး ပေါ်တီကိုအောက်တွင်

ရပ်ပေးလိုက်လေသည်။

ကားပေါ်မှဒေါ်ရတနာထိုက်က ဆင်းလိုက်သော်လည်း မင်းစက်ကတော့ဆင်းမည့်ပုံမပေါ်၍

ဒေါ်ရတာနာထိုက်သည် ဘ၀င်မကျတော့ပဲ

မင်းစက်ကိုသာ စိတ်ဆိုး၊မာန်ဆိုးနှင့်ကြည့်နေတော့သည်။


"မင်းစက်...သားကိုအမေပြောစရာတွေရှိတယ်

ကားပေါ်ကနေဆင်းခဲ့ပြီး..ဧည့်ခန်းထဲကို

လိုက်ခဲ့"


"ကျွန်တော်လိုက်လို့မဖြစ်ဘူးအမေ...

နောက်တစ်နာရီအတွင်း..မြို့ထဲမှာ

အရေးကြီးဧည့်သည်နဲ့

တွေ့ဖို့ချိန်းထားလို့..အခုချက်ချင်းပြန်ထွက်ရတော့မယ်..ဒီညလည်းနောက်ကျမှာမို့..

ကျွန်တော့်ဗီလာမှာပဲ..နားဖြစ်မယ်..."


"ဟဲ့..ဒါကနင့်မိဘတွေအိမ်ဆိုတာရော..

သိသေးရဲ့လား..အိမ်မှာက

မိန်းမသားတွေချည်းပဲဆိုတာလည်းသတိရအုံး..."


အမေ့ရဲ့ဆူပူသည့်စကားကို ကြားရပြန်တော့

မင်းစက်..စုတ်သပ်လိုက်မိလေသည်။

အမျိုးသမီးတွေဟာ သံယောဇဉ်၊မိသားစုဆိုတာကြီးနဲ့ ဘယ်အချိန်အထိ ချည်နှောင်နေမှာလဲ

ဆိုတာ စဉ်းစားလို့ကိုမရဘူး။

သူအမုန်းဆုံးကလည်း

တစ်ခါလာလည်း မိန်းမသားမို့အားနည်းတယ်၊

ကာကွယ်ပေးရမယ်ဆိုပြီး မဟုတ်တဲ့အရာကို

တသသထုတ်ဖော်နေခြင်းပဲ။

အဖေ့ကိုမုန်းပေမဲ့ မင်းစက်မှာလည်း

အဖေ့သွေးကပါနေသလား မသိပေ။


သံယောဇဉ်တို့၊ချစ်ခြင်းမေတ္တာတို့ကို

အရေးကြီးစာရင်းထဲမှာ မထားတတ်ပဲ

ကိုယ်အောင်မြင်ဖို့၊ကြီးပွားဖို့နှင့်ဂုဏ်သိက္ခာ

မြင့်မားဖို့ကိုပဲ ဦးစားပေးတတ်သည်။

ခြံ၀န်းကြီးကလည်း အကျယ်ကြီးဖြစ်တဲ့အပြင်

မြင့်မားတဲ့အုတ်တံတိုင်းကြီး ခတ်ထားပြီး

အလုပ်သမားတွေများစွာနဲ့ ပြည့်စုံနေတာကိုတောင်

အားနည်းချင်ယောင်ဆောင်ပြနေသည့်

အမေ့ကို ဘယ်လိုပြောပြရမလဲမသိတော့ပေ။


"အမေ..အမေမွေးထားတာက

သားနှစ်ယောက်နော်..ကျွန်တော်မရှိလည်း

အစ်ကိုကြီးရှိနေတာကိုမေ့နေတာလား..သူကရော

ယောက်ျားမဟုတ်ဘူးလား..."


"အဲ..ဟုတ်သားပဲ..ငါလုပ်မှပဲ..ငါ့သားကြီးကအခြောက်ဖြစ်တော့မယ်..."


အူကြောင်ကြောင်ပုံစံလေးဖြစ်သွားသော

အမေ့ကို တစ်ချက်ကြည့်ကာ

မင်းစက်ခေါင်းခါလိုက်မိလေသည်။


"ကျွန်တော်သွားတော့မယ်အမေ..."


"ဟဲ့နေအုံး..ငါပြောတာမပြီးသေးဘူး..

ဒီနေ့...မင်းလုပ်ပုံမဟုတ်သေးဘူးနော်

ကိုယ်ယူရမဲ့မိန်ကလေးကို..ပြုံးပြရမှာတောင်

အဲ့လောက်ခက်ခဲနေတာလား...ဒေါ်တင်မမတို့ကို

အားနာဖို့တောင်ကောင်းသေးတယ်သိရဲ့လား

မိန်းမသွားတောင်းတာကို..

ဓားပြသွားတိုက်မဲ့ရုပ်နဲ့..ဖြစ်နေလိုက်တာဟယ်

...လူမှုရေးလေးဘာလေးသိတတ်ပါအုံးဟဲ့...

အဲ့ဒါနင်ယူရမဲ့..မိန်းမရဲ့မိဘတွေနော်..

နင့်ဆီကအကြွေးယူထားတဲ့

လူတွေမဟုတ်ဘူး..."


"တော်ပြီဗျာ...ကျွန်တော်အဲ့ဒါတွေကို

စိတ်မ၀င်စားဘူး...အဖွားကြောင့်သာမဟုတ်ရင်

အဲ့ဒီ့ကောင်မလေးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ

ကျွန်တော်လက်ခံမှာမဟုတ်ဘူး..."


"ဟဲ့...ကောင်မလေးကဒီလောက်လှတဲ့ဥစ္စာကို..."


"ဒီမှာအမေ...ကျွန်တော်သာလှတာကို

မက်တဲ့လူဆိုရင်..အမေ့အိမ်မှာ

ချွေးမတွေနဲ့တင်‌ပြည့်နေလောက်ပြီ..

ကျွန်တော်သွားပြီဗျာ...."


မိဘက..တားနေသည့်ကြားမှ ကားကိုဇွတ်တရွတ်

မောင်းထွက်သွားသည့်သားဖြစ်သူကို

ဒေါ်ရတနာထိုက်လည်းဘယ်လိုမှမနိုင်တော့ပေ။


"ဘ၀င်ရူး..ငါ့ကိုပြောခဲ့သမျှ

ဒင်းတစ်နေ့ပြန်၀ဋ်မလည်ပါစေနဲ့...ဟွန့်"


မောင်နှမသုံးယောက်ထဲမှာ အငယ်ဆုံးမွေးထားတဲ့

သားဖြစ်ပေမဲ့ အတော်ဆုံး၊အထက်ဆုံးနှင့်

မာနအကြီးဆုံးဖြစ်ကာ 

တစ်မြီးပေါက်တစ်ယောက်သာဖြစ်သည်။

အလုပ်ခွင်မှာဆိုရင် သူ့အလုပ်သမားတွေက

မင်းစက်အာဏာကနေ..စေတန်ဆိုပြီး

နာမည်ပြောင်ပေးထားတာကို ဒင်းမသိလေရော့သလား။


မင်းစက်ဟာ သူ့အဖေကိုအမုန်းတီးဆုံးသူဖြစ်ပေမဲ့

အမူအကျင့်နှင့် နေပုံထိုင်ပုံတွေကတော့

ဖအေနှင့် တစ်ပုံစံတည်းသွား၍ တူနေ‌‌သည်။

အပြုံးအရယ်နဲတာနဲ့ အလုပ်တစ်ခုခုလုပ်တဲ့အခါ

အာရုံစူးစိုက်မှု အားကောင်းတာတွေဟာ

သူ့အဖေသူရမင်းခေါင်နှင့် တထေရာတည်းတူသည်။


ငယ်ငယ်တည်းက သူ့အဖေဆီမှာနေခဲ့ရသည့်ကလေးပါပဲ။

ကျောင်းပိတ်ရက်ရောက်မှသာ မိခင်ဆီကို

အလည်လာခွင့်ရခဲ့ပြီး အထက်တန်းပြီးမှသာ

ကိုယ့်တွေဆီသို့ အပြီးရောက်လာခဲ့ရတော့

အမေဘက်ကမိသားစုနဲ့မောင်နှမတွေကို

ဘယ်ခင်တွယ်ပါတော့မလဲ။

ကိုယ်ကလည်း ယောက်ျားကိုနာကျည်းမိတဲ့စိတ်နဲ့ သားငယ်လေးကို ပြန်ခေါ်ဖို့မစဉ်းစားမိခဲ့ဘူး။

ဒါဟာ ကိုယ့်ရဲ့ပထမဆုံးအမှားအကြီးကြီးပါပဲ။


"ဒင်းကိုအမေပြောသလို..မိန်းမမြန်မြန်ပေးစားမှ

အေးမှာပါလေ..ကလေးတွေရလာတဲ့အခါမှ

မိသားစုရဲ့အဓိပ္ပာယ်ကို..မသင်ရပဲ..

ကောင်းကောင်းနားလည်သွားမှာ..."


ကိုယ့်အတွေးနှင့်ကိုယ်ခေါင်းတငြိမ့်ငြိမ့်

လုပ်မိလျှက် စလင်းဘတ်ကိုလက်မှာ

သေချာပြင်၍ချိတ်လိုက်ပြီး အိမ်အပေါ်ထပ်သို့

ဓာတ်လှေကားဖြင့် တက်လာခဲ့လိုက်သည်။

အမေဒေါ်နုယဉ်ဟာ ခြေ‌‌ထောက်မသန်၍

အောက်ထပ်မှာနေပါဆိုတော့လည်း

အောက်ထပ်မှာက လူရှုပ်လို့..ဆူလို့ဆိုပြီး

ငြင်းဆန်လေ‌သည်။


ဒီတော့ သူအဆင်ပြေအောင်

ဓာတ်လှေကားကို ထားပေးရတော့သည်။

အိမ်ကလည်း သုံးထပ်ဆိုပေမဲ့ ခေါင်အမြင့်ကြီးတွေ

ဆောက်ထား၍ ဒီအိမ်၏နှစ်ထပ်စာက အခြား

အိမ်တွေ၏ လေးထပ်စာလောက်ကို မြင့်လေသည်။

အမေ့အခန်းတံခါးကို ဖွင့်ပြီး၀င်လိုက်သောအခါ

အိပ်ယာပေါ်တွင် အကျအနထိုင်၍

ခြေရင်းဘက်တွင်ရှိသော တီဗွီမှကိုရီးယားဇာတ်လမ်းတွဲအား တဟဲဟဲလုပ်၍

ထိုင်ကြည့်နေတာကို‌တွေ့လိုက်ရသည်။

အမေဟာ အသက်သာကြီးသွားတယ်။

ကိုရီးယားကားကတော့ အရမ်းကြိုက်ပဲ။


"အမေ့..ကိုရီးယားကားကို အသံတိုးပါအုံး

ဒီမှာပြောစရာရှိလို့..."


"ပြောစရာရှိတာနောက်မှထားစမ်းပါ..

ဒီမှာမင်းသမီးကယောကျာ်းယောင်ဆောင်ထားတာ

ပေါ်တော့မဲ့အခန်းရောက်ပြီ..."


"သူ့ဘာသာပေါ်ရုံမကလို့..

ပိုးလိုးပက်လက်ကြီးပဲလန်လန်အမေရယ်..

အခုပြောမှာက အမေ့မြေးကိစ္စ

ပိုအရေးကြီးတယ်..."


အမေ့မြေးဆိုသည့်အသံကို ကြားတော့မှ

သူ့ကိုရီးယားကားကို ခဏရပ်ထားပေးလေသည်။


"ကဲ..ပြောစမ်း..အခြေအနေကဘာထူးလဲ..."


"နှစ်ဦးနှစ်ဖက်တော့အဆင်ပြေခဲ့ပါတယ်...

မင်္ဂလာပွဲကလည်း အမေဖြစ်စေချင်သလို

အနီးဆုံးရက်ကိုရွေးထားတယ်..ဒါပေမဲ့..

အမေ့မြေးကတော့ ကောင်မလေးကို

သဘောကျပုံမရဘူး..အဖွားကိုချစ်လို့သာ

လက်ခံထားရတဲ့ပုံနဲ့နော်...ဒီအတိုင်းဆိုရင်

သူတို့ရဲ့အိမ်ထောင်ရေးကအဆင်ပြေပါ့မလား...

ယူပြီးမှတကျက်ကျက်ရန်ဖြစ်နေရင်တော့

ကြားထဲကနေ ကျွန်မတို့ကပဲစိတ်ညစ်ရမှာ..."


"ကောင်မလေးရဲ့ပုံကို ငါတွေ့ပြီးသွားပါပြီအေ..

မိစံပြောတဲ့အတိုင်းဆို..သူ့‌မြေးကရိုးရိုးအေးအေးလေးပါပဲ...ဘွဲ့လည်းရပြီးတဲ့အပြင်..

လိမ္မာရေးခြားလည်းရှိတယ်ဆိုတော့...

အဲ့လိုမိန်းကလေးကိုမှ ချွေးမ..မတော်ရင်

နင်နောင်တရသွားလိမ့်မယ်နော်...

သူ့ဟာနဲ့သူအဆင်ပြေသွားမှာပေါ့ဟယ်.."


"အမေရယ်..ကျွန်မတော့မထင်ဘူးနော်..

ဟိုကလည်းရိုးရိုးအေးအေး..မင်းစက်ကလည်း

ရေခဲတုန်းဆိုတော့...သူတို့ရဲ့အိမ်ထောင်ရေးက

သေချာတယ်..ရေခဲတိုက်ပဲ..."


"ဟဲ့..နမိတ်မရှိ..နမာမရှိနဲ့ဘာတွေပြောနေတာလဲ

ရိုးရိုးအေးအေးဆိုပေမဲ့...ကောင်မလေးက

နှစ်ဆယ့်သုံးနှစ်ပဲရှိသေးတာလေ..အဲ့တော့

ငယ်တဲ့အလျောက်...ဆိုးနွဲ့တတ်မှာပဲလေ...

ငါကအဲ့ဒါကိုလိုချင်တာ..နင့်သားကနှစ်ဆယ့်ခုနှစ်

ဟိုကနှစ်ဆယ့်သုံး..အသက်လေးနှစ်ကွာဟမှုက

ဘယ်လောက်လိုက်ဖက်သလဲ..ကြီးရင်မှီ

ငယ်ရင်ချီတဲ့..နင့်သားလိုဟာမျိုးက

သူများကိုတော့ လုံး၀မှီခိုမှာမဟုတ်ဘူး...

အဲ့တော့သူကပဲ..ချီပလေ့စေ..."


"ချီပြီးပစ်ချလိုက်မှ..ကောင်မလေး

ခါးရိုးကျိုးနေပါအုံးမယ်အမေရယ်...

အမေ့သူငယ်ချင်းရဲ့မိသားစုက...

သာမာန်အခြေအနေပဲရှိတာနော်...

အမေ့မြေးက..သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုတင်..

ကျွန်မတို့ထက်များနေတဲ့ဥစ္စာ...

တော်နေကြာ...ကောင်မလေးက..ကျွန်မသားရဲ့

စည်းစိမ်တွေကိုမက်ပြီး...လုပ်ကြံလာရင်

ဘယ်လိုလုပ်မလဲ..."


"ဟဲ့...မိရတနာရယ်..ညည်းကလေ..

ကိုရီးယားကားတွေကြည်တဲ့ငါ့ထက်တောင်

အတွေးလွန်တတ်တာပါလားဟယ်..

ရွှေဆိုင်တွေဖွင့်စားမနေပဲ..စုံထောက်ပဲလုပ်သင့်တာ

သိရဲ့လား..နင့်သားကဆွေမရှိ၊မျိုးမရှိမှ

မဟုတ်တဲ့ဟာကို..မင်္ဂလာဆောင်ပြီးရင်

သူတို့လင်မယားကို ဒီအိမ်မှာခေါ်ထားလိုက်မယ်..

အဖွားကအဖော်ပြုပေးစေချင်လို့ဆိုပြီး

ပြောလိုက်ပေါ့

...ဒါဆိုရင်သူ့မိန်းမကိုအပါခေါ်နိုင်မှတော့

နင့်သားလည်းအလိုလို ဒီအိမ်ပေါ်ရောက်လာပြီ..

ကဲ..ဘယ်လိုလဲ..."


"ဟာ...ဟုတ်တယ်...အမေ့အကြံကသိပ်ပိုင်တာပဲ

မင်းစက်လို...မာနကြီးပြီး‌မောက်မာတဲ့

မိန်းကလေးဆိုရင်တော့..ဒီကိစ္စကို

လိုက်လျောမှာမဟုတ်လောက်ဘူး..

ကောင်မလေးကိုကြည့်ရတာ..ပြောရင်ပြောတာကို

နာခံမဲ့ပုံလေးဆိုတော့ အဆင်ပြေလောက်မှာပါ..

အမယ်လေး..အခုမှပဲအလုံးကြီးကျသွားတော့တယ်

ဒါနဲ့...သမီးလည်းဆိုင်ကိုသွားတော့မယ်နော်

အမေခိုင်းချင်တာရှိရင်..ခိုင်းရအောင်

ကြည်အေးကိုလွှတ်လိုက်မယ်..."


"အမယ်လေး..မလိုပါဘူးအေ..ငါ့ဟာနဲ့ငါ..

ဇာတ်ကားကြည့်နေတာမှဟုတ်အုံးမယ်..

လိုအပ်မှစကား‌ပြောစက်ကနေလှမ်းခေါ်လိုက်မယ်..တံခါးသာဟသွား

ကြည်အေးက..ခိုင်းလို့မကောင်းပါဘူးဟယ်

ယှက်ပြာ,ယှက်ပြာနဲ့..."


"အမေကလည်း..ကြည်အေးမဟုတ်လည်း

ဒေါ်ခင်မြကိုလွှတ်လိုက်မယ်..

အမေတစ်ယောက်တည်းဆို..စိတ်မချပါဘူး.."


"အပိုတွေလုပ်မနေပါနဲ့အေ..ပုံမှန်လည်း

ငါတစ်ယောက်တည်းနေတာပါ...

အဖော်ရစေချင်ရင်..နင့်ချွေးမကိုမြန်မြန်သာ

အိမ်ပေါ်ကို ခေါ်တင်လာခဲ့..."


"အမေတို့ကလည်းလေ..

နောက်ဆုံးတော့ဒီဘူတာကိုလာဆိုက်တာပဲ..

မုန့်ဆီကြော်က..ကြော်လို့မပြီးသေးဘူး..

စားရဖို့သွားရည်က..တမျှမျှဖြစ်နေပြီ.."


အခန်းထဲမှထွက်သွားသော သမီးဖြစ်သူကိုကြည့်ပြီး

မျက်စောင်းထိုးပစ်လိုက်သည်။

သူ့သားကို မိန်းမပေးစားလို့ဖြစ်ပျက်နေတာများ

အမြင်ကပ်ဖို့တောင် ကောင်းသေးတယ်။


*ဟွန့်..သူတို့ကြတော့ငါ့ဘေးနားမှာ..

အဖော်ပြုပေးနိုင်တာကြလို့..."


အသက်ကကြီးလာတော့ မြေးတွေ၊မြစ်တွေနှင့်

ပျော်ပျော်ရွှင်ရွှင်နေချင်မိတာ အပြစ်မှမဟုတ်တာ။

မြေးအလတ်မက..ယောက်ျားဆန်ဆန်ကြီး

နေတတ်တော့

ယောက်ျားရမဲ့ပုံလည်း မပေါ်တော့ပေ။

ဒါကြောင့် အချစ်ဆုံးမြေးအငယ်လေး

အိမ်ထောင်ကျမှဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။


အကြီးကောင်ကြပြန်တော့ ယူတဲ့မိန်းမက

ဆရာ၀န်ဖြစ်ပြီး ကလေးကအခုထိ

မရနိုင်သေးပေ။ကိုယ့်အနားမှာနေနိုင်ဖို့ဝေးလို့

သူ့ဂျူတီချိန်နဲ့ဆေးခန်းပေါင်းသောင်းခြောက်ထောင်ကို ပတ်ပြေးနေရတာနဲ့ကို

မအားနိုင်..။

ဆရာ၀န်ဆိုတော့ မာနကခပ်ကြီးကြီး..။

မျက်နှာကမော်ချီနေတတ်တော့ ဝါကြီးတဲ့

ကိုယ်တောင် သူ့ကိုခပ်ကြောက်ကြောက်ရယ်..။


ဟော..ကံကောင်းချင်တော့ ငယ်သူငယ်ချင်း

မိမိစံက မန္တ‌လေးကနေပြောင်းလာပြီးနောက်

ကိုယ့်အိမ်ကိုလာလည်ပါလေရော။

သူငယ်ချင်းအချင်းချင်း စကားစပ်မိရာကနေ

ငယ်ငယ်က တက္ကသိုလ်မှာပေးခဲ့တဲ့ကတိတွေကို

ပြန်ပြီးအမှတ်ရမိကြတယ်။

အိမ်ထောင်ကျလို့ သားသမီးတွေရလာရင်

နင့်သားနဲ့ငါ့သမီးကို ပေးစားပြီးအမျိုးတော်ကြမည်ဆိုသော ကတိပေါ့။


ဖြစ်ချင်‌တော့ ကိုယ်ကအရင်အိမ်ထောင်‌ကျပြီး

နောက်ပိုင်းမှာ နိုင်ငံခြားကမိဘတွေဆီကို

ရောက်သွားခဲ့တယ်။ 

သူငယ်ချင်းနှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာတော့

ကိုယ့်သမီးရော..သူ့သားရောကအိမ်ထောင်ကိုယ်စီနဲ့

ဖြစ်နေတဲ့အခါ ဘယ်လိုမှမတတ်နိုင်ခဲ့ကြဘူး။

‌မြေးတွေ ငယ်ငယ်ကတော့အဆက်အသွယ်ရှိကြသေးပေမဲ့ နောက်ပိုင်းမှကိုယ်လည်း ကိုယ့်မိသားစု

စီးပွားရေး၊လူမှုရေးအတွက် ဦးစားပေးလာရတော့

ကလောဘက်ကို သွားမလည်အားတော့ပါဘူး။

သူတို့လည်း မန္တလေးကိုပြောင်းသွားကြသေးတော့

အစပျောက်သွားတော့တာပဲ။


ဟော..အခုကြတော့ တိုက်ဆိုင်စွာပဲသူတို့က

ရန်ကုန်ကိုပြောင်းလာခဲ့ကြတယ်။

သူငယ်ချင်းတွေ ပြန်တွေ့ဖြစ်ကြတော့

မြေးတွေအကြောင်းကို ပြောကြရင်းနဲ့

အိမ်ထောင်မကျသေးတဲ့ ကိုယ့်မြေးနဲ့သူ့ရဲ့

မြေးမနှစ်ယောက်တည်းက တစ်ယောက်ကိုလက်ဆက်ပေးချင်တယ်လို့ စတင်ကမ်းလှမ်းခဲ့မိတယ်။

ဖြစ်ချင်တော့ သူ့ရဲ့မြေးအကြီးမလေးက

ဂျပန်မှာကျောင်းသွားတတ်နေတယ်တဲ့။

ဒီတော့လည်း မြေးအငယ်လေးနဲ့ပဲ

စီစဉ်ရတော့တာပေါ့။


ကိုယ်ကတော့"မေဝိုင်းလေး.."ဆိုတဲ့နာမည်ကိုရော

ပုံထဲမှာ တွေ့ရတဲ့လူလေးကိုရော ချစ်မိပါရဲ့။


ဒါပေမဲ့ တစ်ခုတော့ မူမမှန်သလိုခံစားမိတယ်..။

ဖွားအေရဲ့အမိန့်ကိုဘယ်တုန်းကမှ

မနာခံဖူးတဲ့နတ်ဆိုးလေးက ဒီတစ်ခါတော့အကြောက်အကန်မငြင်းတော့ပဲ လက်ထက်ဖို့ကိုသဘောတူလိုက်တယ်..။


မင်းစက်အာဏာဆိုတာ နာမည်နဲ့လိုက်အောင်

သူတစ်ပါးအပေါ် မင်းမူချင်၊အာဏာသက်ရောက်ချင်တဲ့ လူမျိုးမှန်းကိုယ်တွေအသိဆုံးပဲ။

ဒီလိုလူမျိုးက ဒီမင်္ဂလာပွဲကို လက်ခံလိုက်တာဟာ

ကိုယ့်စိတ်ထဲမှာတော့ ဘုရားပွင့်တာလိုပဲ။


"ဒင်း..ဘာတွေကြံစည်နေတာလဲ..."


အခန်း(၂)....ဆက်ရန်


(စာရေးသူ..ဆောင်းငွေ့ဝေ)


🔥🔥🔥🔥🔥🔥


အဖွားဖန်တီးပေးတဲ့ ဖူးစာကတော့စလေပြီ...


ဒီဇာတ်လမ်းလေးကို မထင်မှတ်ထားတဲ့အချို့အကွေ့လေးတွေ လျှို့ဝှက်ချက်လေးတွေနဲ့ ဖန်တီးပေးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါအုံးနော်...


(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီအား..

အထူးကျေးဇူးတင်လျှက်ပါ..)


=========================================================================

အခန္း၁

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


"ဝိုင္းေလးရယ္..ညည္းရုပ္ကဘာျဖစ္ေနတာလဲ..."


"ဘာျဖစ္ရမွာလဲ..အန္တီေလးရဲ့..ေမေမတို႔က

ဝိုင္းေလးတစ္ခါမွေတာင္ မေတြ့ဖူးတဲ့လူနဲ႔

ေပးစားခ်င္ေနတဲ့ဥစၥာကို..အဟင့္..

ေသသာေသလိုက္ခ်င္ေတာ့တယ္..."


ေမဝိုင္းေလးတစ္ေယာက္ မ်က္ရည္နဲ႔မ်က္ခြက္

ျဖစ္ေနကာ လက္ထဲမျွမန္မာ၀တ္စံု

ခ်ိတ္၀မ္းဆက္ကိုလည္း ေဆာင့္ႀကီး‌‌၊ေအာင့္ႀကီးနဲ႔ပစ္ခ်လိုက္သည္။

မ်က္ႏွာႀကီးရႈံ႔မဲ့ကာသစ္သားခုတင္ေပၚမွာ

စိတ္ညစ္စြာထိုင္ခ်လိုက္မိေတာ့ အန္တီေလးကအနားသို႔ေရာက္လာ‌ေလသည္။


"အမေလး...နင္ယူရမဲ့ေယာက္်ားက

ေဘာစိပါေအ...တင္မမတို႔ကလည္း

ကိုယ့္သမီးကိုယ္ေတာ့

ေခ်ာက္ထဲကိုတြန္းမခ်ပါဘူးဟယ္..

ဒီမွာ..အခုကတစ္လ..သံုး၊‌ေလးသိန္းေလာက္ပဲ

ရတဲ့အလုပ္ေလးကို

ေျခကုန္လက္ပမ္းက်ေအာင္ လုပ္ေနရတာ

မဟုတ္ဘူးလား..အေမေပးစားတဲ့ေယာက္်ားသာ

ယူလိုက္စမ္းပါေအ..

တစ္ဘ၀စာလံုးအၿငိမ္းစားပဲ..

ဟိုကကုန္တိုက္ေတြပိုင္တာတဲ့ေနာ္...

ႀကိဳက္တဲ့ပစၥည္းကိုသာလက္ၫွိုးထိုးလိုက္

ကိုယ့္အေရ႔ွကိုေရာက္လာၿပီးသားပဲ..."


"ဟာ...ဟုတ္သားပဲ...ဝိုင္းေလးေမ့ေနခဲ့တာ.."


"ဘာကိုေမ့ေနတာတုန္း..."


အႀကံေပါင္းစံုလင္းလတ္လာတဲ့ ဝိုင္းေလးရဲ့မ်က္၀န္းေတြက အန္တီေလးဆီသို႔

အၾကၫ့္ေရာက္သြားသည္။

အန္တီေလးက ၀တ္ပံုစားပံုေခာတ္ဆန္တာေၾကာင့္ အသက္ေလးဆယ့္ငါးႏွစ္ဆိုတာထက္ ပိုႏုေနသည္။

အသက္၂၃ႏွစ္ရိွၿပီျဖစ္တဲ့ ဝိုင္းေလးနဲ႔ဆိုရင္

 လမ္းအတူထြက္တိုင္း ညီအစ္မေတြလို႔ေတာင္ အထင္ခံရပါေသးတယ္။

ေနာက္ၿပီးအန္တီေလးက လံုးႀကီးေပါက္လွဆိုေတာ့ မင္းစက္အာဏာဆိုတဲ့လူ ေက်နပ္ေလာက္မွာပါ။


"ဟီ...ဟိ..."


"အန္တီေလး..."


"ဘာလဲ...."


"အဲ့ဒီ့ မင္းစက္အာဏာဆိုတဲ့လူႀကီးကို

အန္တီေလးယူလိုက္ပါလားဟင္...

သူကလည္းအသက္ႏွစ္ဆယ့္ခုႏွႏွစ္ဆိုေတာ့

အန္တီေလးနဲ႔ဆိုရင္ သိပ္ကိုလိုက္ဖက္ေနမွာပဲေနာ္...

ယူလိုက္ပါလားဟင္..."


"အယ္...ႀကံၾကီးစည္ရာဟယ္...

ကိုယ့္သားအရြယ္ေလာက္ကို...မယူခ်င္ပါဘူး..."


"ယူလိုက္ပါ..အန္တီေလးရယ္အခုက

မမေတြေခာတ္ထေနတဲ့ ဥစၥာကို.."


"ေမဝိုင္းေလး!!...ညည္းေနာ္..

ငါထုထၫ့္လိုက္ေတာ့မယ္..သူ..မယူခ်င္တိုင္း

ငါ့ကိုအတင္းလာထိုးကၽြေးေနတယ္"


"အန္တီေလးကလည္း..စားလိုက္ပါေနာ္..

အရသာရိွမွာပါ.."


"တယ္...ဒီေကာင္မေလးေတာ့ေနာ္..

ဘယ္လိုျဖစ္ေနတာတုန္း...သူမ်ားေတြဆို

အရြယ္ျဖင့္မေရာက္ေသးဘူး..

လင္ေနာက္လိုက္ရတာနဲ႔ဘာနဲ႔..မိဝိုင္းေလးၾကမွပဲ...

အေကာင္းစားေယာက္်ားနဲ႔ေပးစားတာေတာင္

တဟင္းဟင္းနဲ႔ညီးေနလိုက္တာ

ငွက္ဖ်ားတတ္ေနတဲ့အတိုင္းပဲ.."


"အီဟီး...ဝိုင္းေလးမွေယာက္်ားမယူခ်င္ေသးတဲ့ ဥစၥာကို အခုမွအသက္ကေလးကတစ္၀က္ေတာင္

မက်ိဳးေသးဘူး...ေယာက္်ားကေပးစားေနၿပီ

...ေယာက္်ားယူၿပီးျပန္ေတာ့လည္း ကေလးယူဖို႔ကလာအံုးမယ္..အဟင့္...ပိုက္ဆံေတြစုၿပီး

...လူငယ္သဘာ၀

ခရီးေတြထြက္ခ်င္ေသးပါတယ္ဆိုေနမွ..."


"ဟဲ့...ခရီးထြက္ခ်င္တာပဲ...ေယာက္်ားယူၿပီးမွ

ထြက္လည္း ရပါတယ္ေအ..."


"စင္ဂယ္လ္တာနဲ႔..မစင္ဂယ္လ္တာ

မတူေတာ့ဘူးေလ..

လူလြတ္ဆိုရင္ ေရာက္ရာအရပ္မွာ

အဆင္ေလးေတြကိုတေမ့တေမာ..ငမ္းလို႔ရတယ္..

ေယာက္်ားႀကီးတဲြလဲနဲ႔ဆိုေတာ့ ဘယ္လိုလုပ္ငမ္းလို႔ေကာင္းေတာ့မွာလဲ...ဖီးလ္ေအာက္တာေပါ့လို႔..."


"ဟဲ့..ေယာက္်ားနဲ႔လည္းဘာျဖစ္တုန္း..ခိုးခိုးငမ္း..

မသိမသာငမ္းေပါ့ဟယ္...ဘာခက္တာမွတ္လို႔..."


ေဒၚေရႊရည္၀င္းမွာလည္း "ဘူး"တစ္လံုးသာ

ေဆာင္‌ေနေသာတူမျဖစ္သူကို အပ်ိဳႀကီးတန္မဲ့

ေယာက္်ားယူခ်င္‌ေအာင္ ေခ်ာ့တစ္ခါ၊

ေျခာက္တစ္လွၫ့္ႏွင့္ ဆဲြေဆာင္ေနရသည္မွာ

ပါးစပ္ေတြေတာင္ အၿမွဳပ္ထေတာ့‌ေပမည္။


ထိုစဥ္မွာပဲအခန္းတံခါးက ပြင့္သြားၿပီး 

လူတစ္ေယာက္‌၀င္လာကာ တူမျဖစ္သူကို

အတတ္ေကာင္းေတြ သင္ေပးေနေသာ

ေဒၚေရႊရည္၀င္း၏ပုခံုးေပၚသို႔ လက္နဲ႔ ပုတ္လိုက္ေလသည္။


"ဘာေတြကို ငမ္းေနၾကတာလဲ..."


"အမယ္ေလး!!!နင့္ေမကုလား..."


"ဟဲ့..အ၀င္းရဲ့..ဘယ္လိုျဖစ္ၿပီးဒီေလာက္ေတာင္

ထေအာ္ရတာလဲ..."


"ဟို...ေယာင္သြားလို႔ပါအစ္မရယ္..."


"ေယာင္တာေတြဘာေတြခဏထား...နင့္တူမကို

ၿဖီးလိမ္းဖို႔ကူညီေပးပါဆိုတာကို နင္ကပါ

ေရာေယာင္ၿပီး ဘာထိုင္လုပ္ေနတာတံုးဟယ္..

လာ..သမီးလာ...

တကယ္ပဲငါမပါရင္ဘာမွကိုစိတ္မခ်ရဘူး.."


ပါးစပ္ကလည္း ျမင္းအီးေပါက္သလို တတြတ္တြတ္ညီးတြားရင္းႏွင့္ပင္ သမီးျဖစ္သူကိုခုတင္ေပၚကေနဆဲြခ်ကာ မွန္တင္ခံုတြင္ထိုင္ခိုင္းလိုက္သည္။


တင္ပါးအုပ္ေနေသာ ဝိုင္းေလးရဲ့ဆံပင္ရွည္ႀကီးကို  ဆံထံုးပံု႔ပံု႔ေလး ထံုးေပးထားလိုက္ၿပီးေနာက္ သဇင္ပန္းခက္ကေလးေတြ ပန္ဆင္ေပးလိုက္သည္။သမီးေလးက မ်က္ႏွာဝိုင္းေပမဲ့ဗိုလ္ဆန္တဲ့မ်က္လံုး၊မ်က္ခံုးတို႔ကို ပိုင္ဆိုင္ထားတာေၾကာင့္ အထူးတလည္ျပင္ဆင္ခ်ယ္သျခင္းမရိွပဲနဲ႔လည္း အရုပ္မေလးလို သိပ္ကိုလွပါတယ္။


အားလံုးျပင္ဆင္ေပးၿပီးသြားတဲ့ေနာက္မွာေတာ့..


"‌ဟဲ့...တင္မမ..ေျမးေလးကိုေခၚလာခဲ့ေတာ့ေလ..

ေအာက္ထပ္မွာ ဧၫ့္သည္ေတြေရာက္ေနၿပီ..."


"ၿပီးပါၿပီ..အေမရယ္..."


ဝိုင္းေလးရဲ့အဖြားျဖစ္သူက တုတ္ေကာက္ႀကီးကို တစ္ေဒါက္ေဒါက္နဲ႔ေထာက္ကာ တုန္တုန္ယင္ယင္နဲ႔အခန္းထဲသို႔ ၀င္လာရင္းေဆာ္ဩျပန္ေလသည္။


ဪ..ေမဝိုင္းေလးထက္ အေမေတြ၊အဖြားေတြက ပိုစိတ္လႈပ္ရွားေနၾကပါလား။

အဲ့ေလာက္ေတာင္ျဖစ္ေနၾကရင္လည္း

မင္းစက္အာဏာဆိုတဲ့လူကို သံုးပိုင္းပိုင္းၿပီး

တစ္ေယာက္တစ္ပိုင္းဆီယူလိုက္ၾကၿပီးေရာကို...


ေအာက္ထပ္ကိုဆင္းမဲ့ သစ္သားေလွကားထိပ္ကိုေရာက္ေသာအခါ ေမ့ေမ့လက္ကိုအားကိုးတႀကီးဆုပ္ကိုင္လိုက္မိသည္။


"အေမ..သတို႔သားကေခ်ာေရာေခ်ာရဲ့လား..."


"အမယ္ေလး...ရုပ္ရွင္မင္းသားရႈံးေအာင္ကို‌

ေခ်ာတယ္..."


"ဟို အရပ္က‌ေရာပုလား၊ရွည္လား..."


"စိတ္ခ်..ရွည္လိုက္တဲ့အရပ္ဆိုတာ..

တို႔အိမ္ေရ႔ွက အုန္းပင္ႀကီးေလာက္ရိွတယ္..."


"ဟာ..အေမကလည္း..."


"ကဲကဲ..လာပါဟယ္...

ညည္းကသိပ္လ်ွာရွည္တာပဲ...ဒီအေမကိုယံု...

ငါႀကိဳက္လို႔..ညည္းကိုယူခိုင္းတာ..."


"ဟမ္...အေမ့စကားႀကီးကလည္း..

အဲ့ဒီ့မင္းစက္အာဏာဆိုတဲ့လူနဲ႔...အေမက..."


"တယ္..ဒီေကာင္မေလး..."


သမီးျဖစ္သူရဲ့ေခါင္းကို လွမ္းထုခ်င္ေပမဲ့

ဆံထံုးကထံုးထားေလေတာ့ စိတ္ကိုျပန္ေလ်ွာ့လိုက္ရသည္။


ဧၫ့္ခန္းထဲသို႔တစ္လွမ္းခ်င္း၀င္လာတဲ့

ပီဘိခ်စ္စရာသတို႔သမီးေလးအား ဧၫ့္ခန္းထဲမွ လူႀကီးသူမေတြကပါမက်န္ ပါးစပ္အေဟာင္းသားနဲ႔ ဝိုင္းၾကၫ့္ၿပီး မွင္သက္ေနၾကေလသည္။

ေကာ္ပက္အရုပ္မေလးလိုလွေနပါေသာ 

ေမဝိုင္းေလးကို တစ္စက္မွေမာ့မၾကၫ့္သူမွာ

သူမလက္ထက္ရပါမည္ဆိုေသာ

မင္းစက္အာဏာဆိုတဲ့ လူတစ္ေယာက္သာရိွ

 ေလသည္။


"ဟဲ့...နင့္သတို႔သမီးေရာက္ေနၿပီေလ..."


"အာ့!!..အေမရယ္...နာလိုက္တာ..."


ဟိုလူႀကီးရဲ့ အေမကဗိုက္ေခါက္ကိုလိမ္ဆဲြလိုက္ေတာ့မွ မၾကည္သလိုမ်က္၀န္းေတြနဲ႔ ဝိုင္းေလးကို ၾကၫ့္လာေသာအခါ သူ႔ကိုတစ္ေနရာရာမွာ ျမင္ဖူးေနသလိုျဖစ္‌ေနေလသည္။

ေသခ်ာစဉ္းစားၾကၫ့္လိုက္ေတာ့ ဝိုင္းေလးရဲ့မ်က္လံုးေတြပါ ျပဴးက်ယ္ထြက္သြားရသည္။ႏွလံုးခုန္ႏႈန္းေတြပါ ျမန္လာရလြန္းလို႔

ႏွလံုးေရာဂါရၿပီးေသရပါေတာ့မယ္။


*သူ...သူက...မေန့ကတင္ ငါ့ကိုရစရာမရိွေအာင္ ပက္ပက္စက္စက္ေျပာလႊတ္လိုက္တဲ့ ငါ့ရဲ့အလုပ္ရွင္နတ္ဆိုးႀကီးပဲ...မေန့ကငါ့ကိုအလုပ္ထုတ္လိုက္တဲ့လူက...ဒီေန့ငါ့ကို‌ေတာင္းရမ္းဖို႔

ေရာက္လာရတယ္...အား!!!ကံတရားႀကီးရယ္...

.ဘာလို႔ဒီအေကာင္ႀကီးနဲ႔မွလဲ...ၿပီးေတာ့သူ႔မ်က္ခံုးစပ္နားကဝိုင္း‌ေလးလုပ္လိုက္မိတဲ့ဒဏ္ရာ...*


ဦးမင္းစက္အာဏာနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ

ထိုင္ေနရေပမဲ့ဝိုင္းေလးေတြးေနခဲ့တာက 

မေန့ကျဖတ္ပ်က္ခဲ့တဲ့ ကိစၥဆီသို႔ျဖစ္ေလသည္။....


မေန့တုန္းက GKကုမၸဏီရဲ့ရံုးခ်ဳပ္မွာ ဝိုင္းေလးအလုပ္လုပ္ေနခဲ့တာေပါ့။အလုပ္သင္ကေန

လခစားအျဖစ္‌တစ္ဆစ္ခ်ိဳး ေျပာင္းလဲရေတာ့မဲ့

ေန့လည္းျဖစ္တာေပါ့ေလ။


"ဟဲ့...ဝိုင္းေလ...ဟိုမွာသူေဌးရံုးခန္းထဲကို

၀င္သြားတဲ့ အတြင္းေရးမွဴးကိုေတြ့လား..."


"မယုမြန္ကလည္း သူေဌးရဲ့ရံုးခန္းထဲကို

သူ႔ရဲ့အတြင္းေရးမွဴး၀င္သြားတာပဲဥစၥာ

ဘာထူးဆန္းတာမွတ္လို႔..."


"ဟဲ့...ထူးဆန္းတာေပါ့...နင္ကအလုပ္သင္မို႔လို႔

သိပ္မသိတာ...အဲ့အတြင္းေရးမွဴးကေလ

အလုပ္ေတျြပတ္ေနလည္းပဲ သူေဌးျပန္မျွပန္တာတဲ့ 

 ၿပီးေတာ့သူေဌးရဲ့ ကိုယ္ေပၚကို ေကာ္ဖီေတြ

 တမင္ေမွာက္ေအာင္လုပ္ခ်လိုက္ၿပီး...တစ္ရႉးနဲ႔ရင္ဘတ္ေတြကိုပါ အသားယူၿပီး သုတ္ေပးတာတဲ့ေတာ္...ျမင္တဲ့လူကျမင္တယ္ဟ..."


"ဟယ္...‌အဲ့ေလာက္ေတာင္ပဲလား..."


"အမယ္ေလး...အဲ့ဒီ့ထက္ေတာင္ဆိုးေသးတယ္...

ရံုးက၀န္ထမ္းေခ်ာေခ်ာေလးေတြက စာရင္း

ဖိုင္လ္ေတျြပခ်င္တာတို႔ဘာတို႔ဆိုရင္...အံမယ္..

သူကအလုပ္ရႈပ္ေနတဲ့ၾကားကေနေတာင္

သြားမပို႔ခိုင္းဘူး...သူေဌးကိုသူကိုယ္တိုင္ကလႊဲၿပီး...

ဘယ္ေကာင္မေလးနဲ႔မွ မေတြ့ေစခ်င္တဲ့ပံုေအ့....

မသိရင္သူေဌးနဲ႔သူက ဘာလိုလိုအထင္ခံရေအာင္ေပါ့ဟယ္..."


"မယုမြန္ကလည္း...လက္ခုပ္ဆိုတာတစ္ဖက္တည္းတီးလို႔ျမည္တာမွမဟုတ္ပဲကို...

အဲ့သူေဌးကလည္း ပါခ်င္ခ်င္ျဖစ္ေနလို႔ေနမွာေပါ့

...မိန္းကေလးတိုင္းက ၿပီးျပၫ့္စံုတဲ့လူကိုမွ

ရခ်င္ၾကတာဓမၼတာပါပဲ...သူ႔ကံေပါ့..

မဟုတ္ဘူးလား..."


"ေအးပါ..ေမဝိုင္းေလးကအသိဆံုး..ဟုတ္ၿပီလား..."


"ေမဝိုင္းေလး...သူေဌးေခၚေနတယ္...

ရံုးခန္းထဲကို သြားလိုက္ပါ..."


ဝိုင္းေလးနဲ႔ မမယုမြန္တို႔ႏွစ္ေယာက္သား

ေခါင္းခ်င္းဆိုင္ၿပီး အတင္းတုပ္ေနမိရာမွ

ေနာက္ကို လွၫ့္ၾကၫ့္လိုက္ေတာ့...


"အမယ္ေလး!!!!"


"ဟဲ့...ေအာ္ဘာျဖစ္ၾကတာလဲ...

လန႔္လိုက္တာဟယ္..."


သူမ်ားမေကာင္းႀကံ ကိုယ့္ေခါင္းမွန္တဲ့ အတြင္းေရးမွဴး မခ်စ္သဲရဲ့အတင္းကို

တုပ္ေနပါတယ္ဆိုေနမွ မခ်စ္သဲကတန္းၿပီးေတာ့ကို

ေရာက္ခ်လာတာပဲ။

မခ်စ္သဲသာ သူ႔အတင္းကိုေျပာေနၾကမွန္းသိရင္ေနွာင္ခ်ိန္ပေလးေနရမွာ ေသခ်ာတယ္။


ဝိုင္းေလးလည္း သူေဌးရဲ့ရံုးခန္းဆီသို႔

အျမန္သြားလိုက္ၿပီး တံခါးကို‌ေခါက္ကာ

ျဖည္းျဖည္းေလးတြန္းဖြင့္၍၀င္လိုက္ေတာ့

သူေဌးကဖုန္းကိုၾကၫ့္ၿပီးေဒါသထြက္ေနဟန္

ေပၚေသာေၾကာင့္ေတာ္ေတာ္ေလး

ထိတ္လန႔္ေနမိသည္။

မ်က္ခံုးထူထူႀကီးေတြက

တြန႔္လိမ္ေနေလာက္ေအာင္ မ်က္ေမွာင္ႄကံု႔ထားၿပီး ဒီေန့မွေသခ်ာအနီးကပ္ၾကၫ့္ဖူးတဲ့

သူ႔မ်က္ႏွာကလည္း တည္တင္းေနလိုက္တာမ်ား ေပါက္ကဲြထြက္ေတာ့မဲ့အတိုင္းပဲ။


"သူေဌး...ကၽြန္မေရာက္ပါၿပီ..."


"မင္းက...ေမဝိုင္းေလးလား...."


"ဟုတ္..ဟုတ္ပါတယ္..."


မေက်မနပ္ပံုစံနဲ႔ ဝိုင္းေလးကိုၾကၫ့္လာတာေၾကာင့္ စကားေတြေတာင္ထစ္အကုန္သည္။


"မင္းဘာလုပ္လိုက္လည္း မင္းကိုယ္မင္းသိလား..."


"ဝိုင္းေလး ဘာလုပ္လိုက္မိလို႔လဲဟင္..."


"ဒုန္း!!?" 


"အမေလး!!!..."


ခံုေပၚကို လက္သီးနဲ႔ထုခ်လိုက္ၿပီး သူေဌးက

မက္တက္ထရပ္လိုက္ေတာ့ ဝိုင္းေလးမွာ

လန႔္လြန္းလို႔ မ်က္ရည္ေတာင္ဝဲခ်င္လာတယ္။

က‌ေလာကေန ေျပာင္းလာၿပီးထဲက ရန္ကုန္မွာ

လုပ္ဖူးတာ ဒါဟာပထမဦးဆံုးအလုပ္ဆိုေတာ့

အလုပ္ျပဳတ္မွာလည္းေၾကာက္တယ္။


"ေျမနီကုန္းဘက္က အလွကုန္မိတ္ဆက္ပဲြကို

ဆက္တီအေကာင္းစားေတြပို႔ရမဲ့ေနရာမွာ...

ရိုးရိုးပလက္စတစ္ခ္ခံုေတျြဖစ္ေနတယ္...

စံုလည္ကုလားထိုင္ပါဆိုတာ ေကာ္ခံုေတြ

ျဖစ္ေနတယ္...

ေနာက္ၿပီး တိုက္ရိုက္Liveထုတ္လႊင့္ေနတဲ့

ပရိုမိုးရွင္းအစီအစဉ္မွာမွကြာ...အခုပရိတ္သတ္ေတြကေရာ ထုတ္ကုန္ေၾကာ္ျငာဖို႔ ဌားတဲ့ကုမၸဏီကေနပါ..

၀န္ေဆာင္မႈမေကာင္းဘူးဆိုၿပီး

 ကြန္ပလိန္းေတြတက္လာတာ...နည္းတာမဟုတ္ဘူး

...အခုငါဘယ္ေလာက္အထိ

ေတာင္းပန္လိုက္ရလဲ..မင္းသိလား..."


"...ဝိုင္းေလး...ေတာင္း..ေတာင္းပန္ပါတယ္..."


ေၾကာက္လြန္းလို႔ ဝိုင္းေလးမွာမ်က္ရည္ေတြပါ

က်လာေပမဲ့ သူက‌ပိုေဒါသထြက္သြားၿပီး

ေျခလွမ္းက်ဲႀကီးေတြနဲ႔ ဝိုင္းေလးရဲ့အေရ႔ွကို

ေလ်ွာက္ခ်လာသည္။

ဝိုင္းေလးမွာ ေခါင္းကိုမေဖာ္ရဲလို႔ အတင္းငံု႔ၿပီး မ်က္ရည္ေတြသာ က်ေနမိသည္။


"ေအး..မင္းကေတာ့အဲ့ဒီ့မွာငို...ငါ့ရဲ့ဂုဏ္သိကၡာထိခိုက္သြားတာ မင္းသိရဲ့လား......စီးပြားစီမံနဲ႔

မင္းဘယ္လိုဘဲြ႔ရလာခဲ့တာလဲ...အလုပ္တစ္ခုကို ေပါ့ပ်က္ပ်က္လုပ္တဲ့ လူကိုငါအမုန္းဆံုးပဲ..

မင္းမွာ မ်က္စိေတြ၊ဦးေနွာက္ေတြမပါဘူးလား...

မသိရင္ေမးေလ..မတတ္ေသးရင္ျပန္ၾကၫ့္ေလ..

ဉာဏ္ရည္ပဲမမွီတာလား...ဟမ္..."


"ဝိုင္းေလးကို အဲ့ေလာက္ႀကီးထိေတာ့ မေျပာပါနဲ႔ရွင္

...ကၽြန္မတမင္အမွားလုပ္ခဲ့တာမွမဟုတ္တာ..

စာရင္းပို႔လိုက္တုန္းကေတာ့ ဆိုဖာဆက္တီ

အလံုးႏွစ္ဆယ္ပို႔လိုက္တာပဲ..ဆံုလည္ထိုင္ခံုကိုငါးခံု

...ဒါေပမဲ့စာရင္းကဘယ္လို

ေျပာင္းသြားမွန္းမသိဘူး...

အတြင္းေရးမွဴး မခ်စ္သဲကို..."


"ေတာ္..ေတာ္..မင္းသူမ်ားကိုလႊဲခ်ဖို႔မႀကိဳးစားနဲ႔

...မင္းလိုနေမာ္နမဲ့ႏိုင္တဲ့ မိန္းကေလးက

ဒီမွာအလုပ္ဆက္လုပ္ဖို႔လည္း မထိုက္တန္ဘူး...

ဒီေန့ကစၿပီး...မင္းကိုအလုပ္ထုတ္လိုက္ၿပီ...

ငါလုပ္ခ်င္ရင္မင္းကိုအမ်ားႀကီး

အပစ္ဒဏ္ခ်မွတ္လို႔ရတယ္...

မင္းမ်က္ႏွာကို ငါမၾကၫ့္ခ်င္ေတာ့ဘူးသြားေတာ့..."


ဒီလိုနဲ႔ပဲ အလုပ္သင္သံုးလျပၫ့္တဲ့ေန့မွာ အႀကီးအက်ယ္အရွက္ကဲြခဲ့ရၿပီး

အလုပ္ျပဳတ္ခဲ့ရပါေတာ့တယ္။‌

"မင္းစက္အာဏာ.."ဆိုတဲ့နာမည္က

ေမေမတို႔ေျပာျပတုန္းကေတာ့ အလုပ္ရွင္ရဲ့နာမည္နဲ႔တူေနပါတယ္လို႔ထင္ခဲ့မိတာ တကယ္တမ္းမွာ

လူပါလာတူေနတာပါလား။


ငါကိုကေမ့တတ္တာဓာတ္ပံုေလးသာ

ၾကည့္ဖို႔‌ေတာင္းမိခဲ့ရင္ သူနဲ႔ထပ္ဆံုရမဲ့

ဒီလိုေန့ဆိုတာ ေရာက္လာစရာကိုမရိွဘူး။

မေန့က အဲ့လူေၾကာင့္ပဲ

မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ေနခဲ့ရတဲ့ ဝိုင္းေလးက

 ဒီေနေတာ့ သူနဲ႔ပဲ...


"ဟဲ့....သမီး..."


"အာ့...အာ့..."


"ဧၫ့္သည္ေတြကို ႏႈတ္ဆက္လိုက္အံုးေလ..."


အ‌ေမကလက္ကို လိမ္ဆဲြလိုက္တာေၾကာင့္

ဝိုင္းေလးလည္း ေရာေယာင္ၿပီးအားလံုးကို 

ႃပံုးျပလိုက္မိေတာ့ မ်က္ႏွာတည္၊မ်က္ႏွာထားနဲ႔ 

မင္းစက္အာဏာဆိုတဲ့ လူႀကီးကအေရ႔ွဆံုးမွ

ထ၍ထြက္သြားေလသည္။


"အေမ့...ဧၫ့္သည္ေတြက ဘာလို႔ျပန္သြားၾကတာလဲ..."


"ဟယ္...မိဝိုင္းေလး..ညည္းနယ္..

ကိုယ့္ကို လာေတာင္းရမ္းတဲ့အခ်ိန္မွာေတာင္

ငုတ္တုတ္ေမ့ေနရတယ္လို႔...

ေျပာဆိုေၾကာင္းလမ္းၿပီးသြားလို႔

ျပန္သြားၾကတာေလ..."


"ဘာ!!!အေမ့...ေစ့စပ္ေၾကာင္းလမ္းတာ

ၿပီးတယ္လို႔ေျပာရေအာင္..

သမီးက သေဘာတူရေသးလို႔လား.."


"ဟယ္...ခုဏကေတာ့ ညည္းပဲဘာေမးေမး

ေခါင္းၿငိမ့္ျပေနခဲ့ၿပီးေတာ့..."


"အဲ့ဒါသမီးအေတြးမ်ားၿပီး

ေယာင္သြားတာအေမရဲ့..."


"ျဖစ္ရေလဟယ္..."


"ေသၿပီဆရာ.."လို႔သာ စိတ္ထဲမွာရြတ္ျပစ္လိုက္ၿပီး

ကိုယ့္နဖူးကိုယ္သာ ျပန္ရိုက္မိေတာ့တယ္။အလုပ္ျပဳတ္ခဲ့တဲ့အေၾကာင္းေတြကို

ျပန္ေတြးေနမိတာ ကိုယ့္ကိုကိုယ္

ေယာင္ၿပီးေခါင္းညိမ့္လို႔

ညိမ့္မိမွန္းေတာင္ မသိလိုက္ဘူး။


"ဒါနဲ႔..မဂၤလာပဲြက ဘယ္ႏွစ္လၾကာရင္

က်င္းပမွာလဲ..."


"ေဟာ့ေတာ္..ဒါလည္းမၾကားလိုက္ျပန္ဘူးလား

ေနာက္ႏွစ္ပတ္ေက်ာ္ရင္ မဂၤလာပဲြက်င္းပေတာ့မွာေလ...အဖြားေဒၚႏုယဉ္ပိုင္တဲ့ဟိုတယ္မွာပဲ

ေဆာင္မွာ..သူတို႔အမ်ိဳးေတြကစကၤာပူမွာလည္း

ရိွေတာ့..စကၤာမွာလည္းဧၫ့္ခံပဲြသြားလုပ္မယ္တဲ့ "


"ဟင္!!မျမန္လြန္းဘူးလား အေမရယ္...

အေမတို႔ဟာကလည္း..သမီးကိုမလိုခ်င္လို႔မ်ား အတင္းေမာင္းထုတ္ေနၾကတာလား...."


"မဟုတ္ပါဘူးဟယ္...ေမာင္မင္းစက္ရဲ့

အဖြား‌ေဒၚႏုယဉ္က အသက္ႀကီးေတာ့

သူ႔ေျမးလက္ထက္တာကို ျမန္ျမန္ျမင္ခ်င္လို႔တဲ့

ရက္ကိုေစာႏိုင္သမ်ွေစာလိုက္တာ...‌

က်န္းမာတုန္းေလး ျမစ္ကေလးေတြနဲ႔

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခ်င္လို႔လားမွမသိတာ"


စိတ္ညစ္ပါတယ္။

မဂၤလာေတာင္မေဆာင္ရေသးဘူး။

ကေလးကေမြးခိုင္းခ်င္ေနၿပီ။

သူတို႔မေမြးရတိုင္း။


"အေမရယ္...သူနဲ႔သမီးကစကားေတာင္

မေျပာလိုက္ရဘူး...သူ႔ၾကၫ့္ရတာလဲ

သမီးကို သိပ္ၾကည္ပံုမေပၚဘူးေနာ္...

ေတာ္ၾကာမခ်စ္ပဲနဲ႔ ညားၿပီးခါမွ

ကဲြၾကၿပဲၾကဆိုရင္..."


"အမယ္ေလး...အဲ့ဒါေတာ့ စိတ္မပူနဲ႔နင့္အေဖနဲ႔

ငါလည္း မိဘေပးစားလို႔ယူလိုက္ရတာပဲ...

ညားၿပီးရင္ေတာ့ ျမင္ပါမ်ားၿပီ...

ခ်စ္သြားမွာေပါ့ေအ...


ရိွတဲ့ဘုရား ကယ္ေတာ္မူပါ ဒီအတိုင္းဆိုရင္ေတာ့ ကိုယ့္ကိုဉာဏ္ရည္မမွီဘူးလို႔ သမုတ္ထားတဲ့လူ၊အထင္ေသးအျမင္ေသးျဖစ္ေနတဲ့လူႀကီးနဲ႔

ညားရေတာ့မွာေပါ့။


သူနဲ႔သာညားရင္ ဝိုင္းေလးရဲ့ အိမ္ေထာင္ေရးဘ၀ႀကီးက ဓာတ္လိုက္တာထက္ဆိုးမွာေသခ်ာတယ္။


😊😊😊😊😊😊😊😊😊


အလြန္ခမ္းနားၿပီး ေခာတ္ဆန္ေသာအသြင္ရိွသၫ့္ ၿခံႀကီးထဲသို႔ မင္းစက္အာဏာသည္ကားကို

ေမာင္း၀င္လိုက္ၿပီး ေပၚတီကိုေအာက္တြင္

ရပ္ေပးလိုက္ေလသည္။

ကားေပၚမွေဒၚရတနာထိုက္က ဆင္းလိုက္ေသာ္လည္း မင္းစက္ကေတာ့ဆင္းမၫ့္ပံုမေပၚ၍

ေဒၚရတာနာထိုက္သည္ ဘ၀င္မက်ေတာ့ပဲ

မင္းစက္ကိုသာ စိတ္ဆိုး၊မာန္ဆိုးႏွင့္ၾကၫ့္ေနေတာ့သည္။


"မင္းစက္...သားကိုအေမေျပာစရာေတြရိွတယ္

ကားေပၚကေနဆင္းခဲ့ၿပီး..ဧၫ့္ခန္းထဲကို

လိုက္ခဲ့"


"ကၽြန္ေတာ္လိုက္လို႔မျဖစ္ဘူးအေမ...

ေနာက္တစ္နာရီအတြင္း..ၿမိဳ႔ထဲမွာ

အေရးႀကီးဧၫ့္သည္နဲ႔

ေတြ့ဖို႔ခ်ိန္းထားလို႔..အခုခ်က္ခ်င္းျပန္ထြက္ရေတာ့မယ္..ဒီညလည္းေနာက္က်မွာမို႔..

ကၽြန္ေတာ့္ဗီလာမွာပဲ..နားျဖစ္မယ္..."


"ဟဲ့..ဒါကနင့္မိဘေတြအိမ္ဆိုတာေရာ..

သိေသးရဲ့လား..အိမ္မွာက

မိန္းမသားေတြခ်ည္းပဲဆိုတာလည္းသတိရအံုး..."


အေမ့ရဲ့ဆူပူသၫ့္စကားကို ၾကားရျပန္ေတာ့

မင္းစက္..စုတ္သပ္လိုက္မိေလသည္။

အမ်ိဳးသမီးေတြဟာ သံေယာဇဉ္၊မိသားစုဆိုတာႀကီးနဲ႔ ဘယ္အခ်ိန္အထိ ခ်ည္ေနွာင္ေနမွာလဲ

ဆိုတာ စဉ္းစားလို႔ကိုမရဘူး။

သူအမုန္းဆံုးကလည္း

တစ္ခါလာလည္း မိန္းမသားမို႔အားနည္းတယ္၊

ကာကြယ္ေပးရမယ္ဆိုၿပီး မဟုတ္တဲ့အရာကို

တသသထုတ္ေဖာ္ေနျခင္းပဲ။

အေဖ့ကိုမုန္းေပမဲ့ မင္းစက္မွာလည္း

အေဖ့ေသြးကပါေနသလား မသိေပ။


သံေယာဇဉ္တို႔၊ခ်စ္ျခင္းေမတၲာတို႔ကို

အေရးႀကီးစာရင္းထဲမွာ မထားတတ္ပဲ

ကိုယ္ေအာင္ျမင္ဖို႔၊ႀကီးပြားဖို႔ႏွင့္ဂုဏ္သိကၡာ

ျမင့္မားဖို႔ကိုပဲ ဦးစားေပးတတ္သည္။

ၿခံ၀န္းႀကီးကလည္း အက်ယ္ႀကီးျဖစ္တဲ့အျပင္

ျမင့္မားတဲ့အုတ္တံတိုင္းႀကီး ခတ္ထားၿပီး

အလုပ္သမားေတြမ်ားစြာနဲ႔ ျပၫ့္စံုေနတာကိုေတာင္

အားနည္းခ်င္ေယာင္ေဆာင္ျပေနသၫ့္

အေမ့ကို ဘယ္လိုေျပာျပရမလဲမသိေတာ့ေပ။


"အေမ..အေမေမြးထားတာက

သားႏွစ္ေယာက္ေနာ္..ကၽြန္ေတာ္မရိွလည္း

အစ္ကိုႀကီးရိွေနတာကိုေမ့ေနတာလား..သူကေရာ

ေယာက္်ားမဟုတ္ဘူးလား..."


"အဲ..ဟုတ္သားပဲ..ငါလုပ္မွပဲ..ငါ့သားႀကီးကအေျခာက္ျဖစ္ေတာ့မယ္..."


အူေၾကာင္ေၾကာင္ပံုစံေလးျဖစ္သြားေသာ

အေမ့ကို တစ္ခ်က္ၾကၫ့္ကာ

မင္းစက္ေခါင္းခါလိုက္မိေလသည္။


"ကၽြန္ေတာ္သြားေတာ့မယ္အေမ..."


"ဟဲ့ေနအံုး..ငါေျပာတာမၿပီးေသးဘူး..

ဒီေန့...မင္းလုပ္ပံုမဟုတ္ေသးဘူးေနာ္

ကိုယ္ယူရမဲ့မိန္ကေလးကို..ႃပံုးျပရမွာေတာင္

အဲ့ေလာက္ခက္ခဲေနတာလား...ေဒၚတင္မမတို႔ကို

အားနာဖို႔ေတာင္ေကာင္းေသးတယ္သိရဲ့လား

မိန္းမသြားေတာင္းတာကို..

ဓားျပသြားတိုက္မဲ့ရုပ္နဲ႔..ျဖစ္ေနလိုက္တာဟယ္

...လူမႈေရးေလးဘာေလးသိတတ္ပါအံုးဟဲ့...

အဲ့ဒါနင္ယူရမဲ့..မိန္းမရဲ့မိဘေတြေနာ္..

နင့္ဆီကအႂကြေးယူထားတဲ့

လူေတြမဟုတ္ဘူး..."


"ေတာ္ၿပီဗ်ာ...ကၽြန္ေတာ္အဲ့ဒါေတြကို

စိတ္မ၀င္စားဘူး...အဖြားေၾကာင့္သာမဟုတ္ရင္

အဲ့ဒီ့ေကာင္မေလးကို ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွ

ကၽြန္ေတာ္လက္ခံမွာမဟုတ္ဘူး..."


"ဟဲ့...ေကာင္မေလးကဒီေလာက္လွတဲ့ဥစၥာကို..."


"ဒီမွာအေမ...ကၽြန္ေတာ္သာလွတာကို

မက္တဲ့လူဆိုရင္..အေမ့အိမ္မွာ

ခၽြေးမေတြနဲ႔တင္‌ျပၫ့္ေနေလာက္ၿပီ..

ကၽြန္ေတာ္သြားၿပီဗ်ာ...."


မိဘက..တားေနသၫ့္ၾကားမွ ကားကိုဇြတ္တရြတ္

ေမာင္းထြက္သြားသၫ့္သားျဖစ္သူကို

ေဒၚရတနာထိုက္လည္းဘယ္လိုမွမႏိုင္ေတာ့ေပ။


"ဘ၀င္ရူး..ငါ့ကိုေျပာခဲ့သမ်ွ

ဒင္းတစ္ေန့ျပန္၀ဋ္မလည္ပါေစနဲ႔...ဟြန႔္"


ေမာင္ႏွမသံုးေယာက္ထဲမွာ အငယ္ဆံုးေမြးထားတဲ့

သားျဖစ္ေပမဲ့ အေတာ္ဆံုး၊အထက္ဆံုးႏွင့္

မာနအႀကီးဆံုးျဖစ္ကာ 

တစ္ၿမီးေပါက္တစ္ေယာက္သာျဖစ္သည္။

အလုပ္ခြင္မွာဆိုရင္ သူ႔အလုပ္သမားေတြက

မင္းစက္အာဏာကေန..ေစတန္ဆိုၿပီး

နာမည္ေျပာင္ေပးထားတာကို ဒင္းမသိေလေရာ့သလား။


မင္းစက္ဟာ သူ႔အေဖကိုအမုန္းတီးဆံုးသူျဖစ္ေပမဲ့

အမူအက်င့္ႏွင့္ ေနပံုထိုင္ပံုေတြကေတာ့

ဖေအႏွင့္ တစ္ပံုစံတည္းသြား၍ တူေန‌‌သည္။

အႃပံုးအရယ္နဲတာနဲ႔ အလုပ္တစ္ခုခုလုပ္တဲ့အခါ

အာရံုစူးစိုက္မႈ အားေကာင္းတာေတြဟာ

သူ႔အေဖသူရမင္းေခါင္ႏွင့္ တေထရာတည္းတူသည္။


ငယ္ငယ္တည္းက သူ႔အေဖဆီမွာေနခဲ့ရသၫ့္ကေလးပါပဲ။

ေက်ာင္းပိတ္ရက္ေရာက္မွသာ မိခင္ဆီကို

အလည္လာခြင့္ရခဲ့ၿပီး အထက္တန္းၿပီးမွသာ

ကိုယ့္ေတြဆီသို႔ အၿပီးေရာက္လာခဲ့ရေတာ့

အေမဘက္ကမိသားစုနဲ႔ေမာင္ႏွမေတြကို

ဘယ္ခင္တြယ္ပါေတာ့မလဲ။

ကိုယ္ကလည္း ေယာက္်ားကိုနာက်ည္းမိတဲ့စိတ္နဲ႔ သားငယ္ေလးကို ျပန္ေခၚဖို႔မစဉ္းစားမိခဲ့ဘူး။

ဒါဟာ ကိုယ့္ရဲ့ပထမဆံုးအမွားအႀကီးႀကီးပါပဲ။


"ဒင္းကိုအေမေျပာသလို..မိန္းမျမန္ျမန္ေပးစားမွ

ေအးမွာပါေလ..ကေလးေတြရလာတဲ့အခါမွ

မိသားစုရဲ့အဓိပၸာယ္ကို..မသင္ရပဲ..

ေကာင္းေကာင္းနားလည္သြားမွာ..."


ကိုယ့္အေတြးႏွင့္ကိုယ္ေခါင္းတၿငိမ့္ၿငိမ့္

လုပ္မိလ်ွက္ စလင္းဘတ္ကိုလက္မွာ

ေသခ်ာျပင္၍ခ်ိတ္လိုက္ၿပီး အိမ္အေပၚထပ္သို႔

ဓာတ္ေလွကားျဖင့္ တက္လာခဲ့လိုက္သည္။

အေမေဒၚႏုယဉ္ဟာ ေျခ‌‌ေထာက္မသန္၍

ေအာက္ထပ္မွာေနပါဆိုေတာ့လည္း

ေအာက္ထပ္မွာက လူရႈပ္လို႔..ဆူလို႔ဆိုၿပီး

ျငင္းဆန္ေလ‌သည္။


ဒီေတာ့ သူအဆင္ေျပေအာင္

ဓာတ္ေလွကားကို ထားေပးရေတာ့သည္။

အိမ္ကလည္း သံုးထပ္ဆိုေပမဲ့ ေခါင္အျမင့္ႀကီးေတြ

ေဆာက္ထား၍ ဒီအိမ္၏ႏွစ္ထပ္စာက အျခား

အိမ္ေတြ၏ ေလးထပ္စာေလာက္ကို ျမင့္ေလသည္။

အေမ့အခန္းတံခါးကို ဖြင့္ၿပီး၀င္လိုက္ေသာအခါ

အိပ္ယာေပၚတြင္ အက်အနထိုင္၍

ေျခရင္းဘက္တြင္ရိွေသာ တီဗီြမွကိုရီးယားဇာတ္လမ္းတဲြအား တဟဲဟဲလုပ္၍

ထိုင္ၾကၫ့္ေနတာကို‌ေတြ့လိုက္ရသည္။

အေမဟာ အသက္သာႀကီးသြားတယ္။

ကိုရီးယားကားကေတာ့ အရမ္းႀကိဳက္ပဲ။


"အေမ့..ကိုရီးယားကားကို အသံတိုးပါအံုး

ဒီမွာေျပာစရာရိွလို႔..."


"ေျပာစရာရိွတာေနာက္မွထားစမ္းပါ..

ဒီမွာမင္းသမီးကေယာက်ာ္းေယာင္ေဆာင္ထားတာ

ေပၚေတာ့မဲ့အခန္းေရာက္ၿပီ..."


"သူ႔ဘာသာေပၚရံုမကလို႔..

ပိုးလိုးပက္လက္ႀကီးပဲလန္လန္အေမရယ္..

အခုေျပာမွာက အေမ့ေျမးကိစၥ

ပိုအေရးႀကီးတယ္..."


အေမ့ေျမးဆိုသၫ့္အသံကို ၾကားေတာ့မွ

သူ႔ကိုရီးယားကားကို ခဏရပ္ထားေပးေလသည္။


"ကဲ..ေျပာစမ္း..အေျခအေနကဘာထူးလဲ..."


"ႏွစ္ဦးႏွစ္ဖက္ေတာ့အဆင္ေျပခဲ့ပါတယ္...

မဂၤလာပဲြကလည္း အေမျဖစ္ေစခ်င္သလို

အနီးဆံုးရက္ကိုေရြးထားတယ္..ဒါေပမဲ့..

အေမ့ေျမးကေတာ့ ေကာင္မေလးကို

သေဘာက်ပံုမရဘူး..အဖြားကိုခ်စ္လို႔သာ

လက္ခံထားရတဲ့ပံုနဲ႔ေနာ္...ဒီအတိုင္းဆိုရင္

သူတို႔ရဲ့အိမ္ေထာင္ေရးကအဆင္ေျပပါ့မလား...

ယူၿပီးမွတက်က္က်က္ရန္ျဖစ္ေနရင္ေတာ့

ၾကားထဲကေန ကၽြန္မတို႔ကပဲစိတ္ညစ္ရမွာ..."


"ေကာင္မေလးရဲ့ပံုကို ငါေတြ့ၿပီးသြားပါၿပီေအ..

မိစံေျပာတဲ့အတိုင္းဆို..သူ႔‌ေျမးကရိုးရိုးေအးေအးေလးပါပဲ...ဘဲြ႔လည္းရၿပီးတဲ့အျပင္..

လိမၼာေရးျခားလည္းရိွတယ္ဆိုေတာ့...

အဲ့လိုမိန္းကေလးကိုမွ ခၽြေးမ..မေတာ္ရင္

နင္ေနာင္တရသြားလိမ့္မယ္ေနာ္...

သူ႔ဟာနဲ႔သူအဆင္ေျပသြားမွာေပါ့ဟယ္.."


"အေမရယ္..ကၽြန္မေတာ့မထင္ဘူးေနာ္..

ဟိုကလည္းရိုးရိုးေအးေအး..မင္းစက္ကလည္း

ေရခဲတုန္းဆိုေတာ့...သူတို႔ရဲ့အိမ္ေထာင္ေရးက

ေသခ်ာတယ္..ေရခဲတိုက္ပဲ..."


"ဟဲ့..နမိတ္မရိွ..နမာမရိွနဲ႔ဘာေတြေျပာေနတာလဲ

ရိုးရိုးေအးေအးဆိုေပမဲ့...ေကာင္မေလးက

ႏွစ္ဆယ့္သံုးႏွစ္ပဲရိွေသးတာေလ..အဲ့ေတာ့

ငယ္တဲ့အေလ်ာက္...ဆိုးႏဲြ႔တတ္မွာပဲေလ...

ငါကအဲ့ဒါကိုလိုခ်င္တာ..နင့္သားကႏွစ္ဆယ့္ခုႏွစ္

ဟိုကႏွစ္ဆယ့္သံုး..အသက္ေလးႏွစ္ကြာဟမႈက

ဘယ္ေလာက္လိုက္ဖက္သလဲ..ႀကီးရင္မွီ

ငယ္ရင္ခ်ီတဲ့..နင့္သားလိုဟာမ်ိဳးက

သူမ်ားကိုေတာ့ လံုး၀မွီခိုမွာမဟုတ္ဘူး...

အဲ့ေတာ့သူကပဲ..ခ်ီပေလ့ေစ..."


"ခ်ီၿပီးပစ္ခ်လိုက္မွ..ေကာင္မေလး

ခါးရိုးက်ိဳးေနပါအံုးမယ္အေမရယ္...

အေမ့သူငယ္ခ်င္းရဲ့မိသားစုက...

သာမာန္အေျခအေနပဲရိွတာေနာ္...

အေမ့ေျမးက..သူ႔ရဲ့လက္ရိွပိုင္ဆိုင္မႈတင္..

ကၽြန္မတို႔ထက္မ်ားေနတဲ့ဥစၥာ...

ေတာ္ေနၾကာ...ေကာင္မေလးက..ကၽြန္မသားရဲ့

စည္းစိမ္ေတြကိုမက္ၿပီး...လုပ္ႀကံလာရင္

ဘယ္လိုလုပ္မလဲ..."


"ဟဲ့...မိရတနာရယ္..ညည္းကေလ..

ကိုရီးယားကားေတြၾကည္တဲ့ငါ့ထက္ေတာင္

အေတြးလြန္တတ္တာပါလားဟယ္..

ေရႊဆိုင္ေတြဖြင့္စားမေနပဲ..စံုေထာက္ပဲလုပ္သင့္တာ

သိရဲ့လား..နင့္သားကေဆြမရိွ၊မ်ိဳးမရိွမွ

မဟုတ္တဲ့ဟာကို..မဂၤလာေဆာင္ၿပီးရင္

သူတို႔လင္မယားကို ဒီအိမ္မွာေခၚထားလိုက္မယ္..

အဖြားကအေဖာ္ျပဳေပးေစခ်င္လို႔ဆိုၿပီး

ေျပာလိုက္ေပါ့

...ဒါဆိုရင္သူ႔မိန္းမကိုအပါေခၚႏိုင္မွေတာ့

နင့္သားလည္းအလိုလို ဒီအိမ္ေပၚေရာက္လာၿပီ..

ကဲ..ဘယ္လိုလဲ..."


"ဟာ...ဟုတ္တယ္...အေမ့အႀကံကသိပ္ပိုင္တာပဲ

မင္းစက္လို...မာနႀကီးၿပီး‌ေမာက္မာတဲ့

မိန္းကေလးဆိုရင္ေတာ့..ဒီကိစၥကို

လိုက္ေလ်ာမွာမဟုတ္ေလာက္ဘူး..

ေကာင္မေလးကိုၾကၫ့္ရတာ..ေျပာရင္ေျပာတာကို

နာခံမဲ့ပံုေလးဆိုေတာ့ အဆင္ေျပေလာက္မွာပါ..

အမယ္ေလး..အခုမွပဲအလံုးႀကီးက်သြားေတာ့တယ္

ဒါနဲ႔...သမီးလည္းဆိုင္ကိုသြားေတာ့မယ္ေနာ္

အေမခိုင္းခ်င္တာရိွရင္..ခိုင္းရေအာင္

ၾကည္ေအးကိုလႊတ္လိုက္မယ္..."


"အမယ္ေလး..မလိုပါဘူးေအ..ငါ့ဟာနဲ႔ငါ..

ဇာတ္ကားၾကၫ့္ေနတာမွဟုတ္အံုးမယ္..

လိုအပ္မွစကား‌ေျပာစက္ကေနလွမ္းေခၚလိုက္မယ္..တံခါးသာဟသြား

ၾကည္ေအးက..ခိုင္းလို႔မေကာင္းပါဘူးဟယ္

ယွက္ျပာ,ယွက္ျပာနဲ႔..."


"အေမကလည္း..ၾကည္ေအးမဟုတ္လည္း

ေဒၚခင္ျမကိုလႊတ္လိုက္မယ္..

အေမတစ္ေယာက္တည္းဆို..စိတ္မခ်ပါဘူး.."


"အပိုေတြလုပ္မေနပါနဲ႔ေအ..ပံုမွန္လည္း

ငါတစ္ေယာက္တည္းေနတာပါ...

အေဖာ္ရေစခ်င္ရင္..နင့္ခၽြေးမကိုျမန္ျမန္သာ

အိမ္ေပၚကို ေခၚတင္လာခဲ့..."


"အေမတို႔ကလည္းေလ..

ေနာက္ဆံုးေတာ့ဒီဘူတာကိုလာဆိုက္တာပဲ..

မုန႔္ဆီေၾကာ္က..ေၾကာ္လို႔မၿပီးေသးဘူး..

စားရဖို႔သြားရည္က..တမ်ွမ်ျွဖစ္ေနၿပီ.."


အခန္းထဲမွထြက္သြားေသာ သမီးျဖစ္သူကိုၾကၫ့္ၿပီး

မ်က္ေစာင္းထိုးပစ္လိုက္သည္။

သူ႔သားကို မိန္းမေပးစားလို႔ျဖစ္ပ်က္ေနတာမ်ား

အျမင္ကပ္ဖို႔ေတာင္ ေကာင္းေသးတယ္။


*ဟြန႔္..သူတို႔ၾကေတာ့ငါ့ေဘးနားမွာ..

အေဖာ္ျပဳေပးႏိုင္တာၾကလို႔..."


အသက္ကႀကီးလာေတာ့ ေျမးေတြ၊ျမစ္ေတြႏွင့္

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနခ်င္မိတာ အျပစ္မွမဟုတ္တာ။

ေျမးအလတ္မက..ေယာက္်ားဆန္ဆန္ႀကီး

ေနတတ္ေတာ့

ေယာက္်ားရမဲ့ပံုလည္း မေပၚေတာ့ေပ။

ဒါေၾကာင့္ အခ်စ္ဆံုးေျမးအငယ္ေလး

အိမ္ေထာင္က်မျွဖစ္မည္ဟု ဆံုးျဖတ္ခဲ့သည္။


အႀကီးေကာင္ၾကျပန္ေတာ့ ယူတဲ့မိန္းမက

ဆရာ၀န္ျဖစ္ၿပီး ကေလးကအခုထိ

မရႏိုင္ေသးေပ။ကိုယ့္အနားမွာေနႏိုင္ဖို႔ေဝးလို႔

သူ႔ဂ်ူတီခ်ိန္နဲ႔ေဆးခန္းေပါင္းေသာင္းေျခာက္ေထာင္ကို ပတ္ေျပးေနရတာနဲ႔ကို

မအားႏိုင္..။

ဆရာ၀န္ဆိုေတာ့ မာနကခပ္ႀကီးႀကီး..။

မ်က္ႏွာကေမာ္ခ်ီေနတတ္ေတာ့ ဝါႀကီးတဲ့

ကိုယ္ေတာင္ သူ႔ကိုခပ္ေၾကာက္ေၾကာက္ရယ္..။


ေဟာ..ကံေကာင္းခ်င္ေတာ့ ငယ္သူငယ္ခ်င္း

မိမိစံက မႏၲ‌ေလးကေနေျပာင္းလာၿပီးေနာက္

ကိုယ့္အိမ္ကိုလာလည္ပါေလေရာ။

သူငယ္ခ်င္းအခ်င္းခ်င္း စကားစပ္မိရာကေန

ငယ္ငယ္က တကၠသိုလ္မွာေပးခဲ့တဲ့ကတိေတြကို

ျပန္ၿပီးအမွတ္ရမိၾကတယ္။

အိမ္ေထာင္က်လို႔ သားသမီးေတြရလာရင္

နင့္သားနဲ႔ငါ့သမီးကို ေပးစားၿပီးအမ်ိဳးေတာ္ၾကမည္ဆိုေသာ ကတိေပါ့။


ျဖစ္ခ်င္‌ေတာ့ ကိုယ္ကအရင္အိမ္ေထာင္‌က်ၿပီး

ေနာက္ပိုင္းမွာ ႏိုင္ငံျခားကမိဘေတြဆီကို

ေရာက္သြားခဲ့တယ္။ 

သူငယ္ခ်င္းႏွစ္ေယာက္ျပန္ေတြ့ၾကတဲ့အခါမွာေတာ့

ကိုယ့္သမီးေရာ..သူ႔သားေရာကအိမ္ေထာင္ကိုယ္စီနဲ႔

ျဖစ္ေနတဲ့အခါ ဘယ္လိုမွမတတ္ႏိုင္ခဲ့ၾကဘူး။

‌ေျမးေတြ ငယ္ငယ္ကေတာ့အဆက္အသြယ္ရိွၾကေသးေပမဲ့ ေနာက္ပိုင္းမွကိုယ္လည္း ကိုယ့္မိသားစု

စီးပြားေရး၊လူမႈေရးအတြက္ ဦးစားေပးလာရေတာ့

ကေလာဘက္ကို သြားမလည္အားေတာ့ပါဘူး။

သူတို႔လည္း မႏၲေလးကိုေျပာင္းသြားၾကေသးေတာ့

အစေပ်ာက္သြားေတာ့တာပဲ။


ေဟာ..အခုၾကေတာ့ တိုက္ဆိုင္စြာပဲသူတို႔က

ရန္ကုန္ကိုေျပာင္းလာခဲ့ၾကတယ္။

သူငယ္ခ်င္းေတြ ျပန္ေတြ့ျဖစ္ၾကေတာ့

ေျမးေတြအေၾကာင္းကို ေျပာၾကရင္းနဲ႔

အိမ္ေထာင္မက်ေသးတဲ့ ကိုယ့္ေျမးနဲ႔သူ႔ရဲ့

ေျမးမႏွစ္ေယာက္တည္းက တစ္ေယာက္ကိုလက္ဆက္ေပးခ်င္တယ္လို႔ စတင္ကမ္းလွမ္းခဲ့မိတယ္။

ျဖစ္ခ်င္ေတာ့ သူ႔ရဲ့ေျမးအႀကီးမေလးက

ဂ်ပန္မွာေက်ာင္းသြားတတ္ေနတယ္တဲ့။

ဒီေတာ့လည္း ေျမးအငယ္ေလးနဲ႔ပဲ

စီစဉ္ရေတာ့တာေပါ့။


ကိုယ္ကေတာ့"ေမဝိုင္းေလး.."ဆိုတဲ့နာမည္ကိုေရာ

ပံုထဲမွာ ေတြ့ရတဲ့လူေလးကိုေရာ ခ်စ္မိပါရဲ့။


ဒါေပမဲ့ တစ္ခုေတာ့ မူမမွန္သလိုခံစားမိတယ္..။

ဖြားေအရဲ့အမိန႔္ကိုဘယ္တုန္းကမွ

မနာခံဖူးတဲ့နတ္ဆိုးေလးက ဒီတစ္ခါေတာ့အေၾကာက္အကန္မျငင္းေတာ့ပဲ လက္ထက္ဖို႔ကိုသေဘာတူလိုက္တယ္..။


မင္းစက္အာဏာဆိုတာ နာမည္နဲ႔လိုက္ေအာင္

သူတစ္ပါးအေပၚ မင္းမူခ်င္၊အာဏာသက္ေရာက္ခ်င္တဲ့ လူမ်ိဳးမွန္းကိုယ္ေတြအသိဆံုးပဲ။

ဒီလိုလူမ်ိဳးက ဒီမဂၤလာပဲြကို လက္ခံလိုက္တာဟာ

ကိုယ့္စိတ္ထဲမွာေတာ့ ဘုရားပြင့္တာလိုပဲ။


"ဒင္း..ဘာေတြႀကံစည္ေနတာလဲ..."


အခန္း(၂)....ဆက္ရန္


(စာေရးသူ..ေဆာင္းေငြ့ေဝ)


🔥🔥🔥🔥🔥🔥


အဖြားဖန္တီးေပးတဲ့ ဖူးစာကေတာ့စေလၿပီ...


ဒီဇာတ္လမ္းေလးကို မထင္မွတ္ထားတဲ့အခ်ိဳ႕အေကြ့ေလးေတြ လ်ိႈ႔ဝွက္ခ်က္ေလးေတြနဲ႔ ဖန္တီးေပးမွာမို႔ ဆက္လက္ေစာင့္ေမ်ွာ္ေပးၾကပါအံုးေနာ္...


(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီအား..

အထူးေက်းဇူးတင္လ်ွက္ပါ..)

No comments:

Post a Comment