(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၅၀)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ညဆယ့်တစ်နာရီထိုးတွင် အလုပ်တွေအားလုံးကို
လက်စသတ်လိုက်ပြီး စာကြည့်ခန်းထဲကနေ
အိပ်ခန်းဆီသို့ သူကူးလာခဲ့လိုက်သည်။
အခန်းထဲသို့၀င်လိုက်တော့ မီးတွေ
လင်းထိန်နေတာကို တွေ့လိုက်ရ၍ မေတစ်ယောက်
မီးမပိတ်မိပဲ အိပ်ပျော်သွားသည်ဟု
ထင်လိုက်မိသည်။
ထို့ကြောင့် အိပ်ခန်းမီးကိုပိတ်လိုက်ကာ
ကုတင်ဘေးမှ မီးအိမ်ဝါကျင့်ကျင့်လေးကိုသာ
ဖွင့်လိုက်ပြီး ရေချိုးဖို့စတင်လိုက်သည်။
အခုမှနားရခြင်းဖြစ်၍ စိတ်တွေရှုပ်ထွေးပြီး
ပူနေပေမဲ့ ရေပန်းမှတစ်ဆင့် သူ့ခေါင်းပေါ်သို့
ရေတွေဖြာကျလာစဉ်မှာတော့
လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ဖြာကျလာသော ရေတွေဟာသူ့ဆံစများ
ကြားမှတစ်ဆင့် သူ့မေးရိုးဆီသို့ စီးကျလာကာ
သူ့ခန္ဓာကိုယ်တစ်ခုလုံးအား စိုစွတ်သွားစေသည်။
သူကတော့ ညာဘက်လက်ဖြင့်နံရံကို
လက်ထောက်လိုက်ပြီး ဘယ်လက်ဖြင့်
ရေစိုသွား၍ နဖူးပေါ်သို့ကျလာသော
သူ့ဆံပင်တွေကိုသာ သပ်တင်နေမိသည်။
ထိုအချိန်၌ သူ့ဦးနှေက်ထဲတွင် အတွေးမျိုးစုံ
ဖြတ်ပြေးနေလေသည်။
အားလုံးက မေ့အကြောင်းတွေသာဖြစ်ပြီး
ဒီနေ့စနိုးက မေ့ရဲ့ပါးကိုရိုက်လိုက်သည့်
ကိစွလည်း ပါ၀င်သည်။
ရှေ့လျှောက် မေ့ကိုသူတို့တစ်ယောက်ပြီး
တစ်ယောက် ဒုက္ခပေးလာကြမှာကို
သူအရမ်းစိုးရိမ်နေမိတယ်။
သူရမင်းခေါင်ဆိုတဲ့ အဖေ့အကြောင်းကို
သူသာအသိဆုံးပါပဲ။
အဖေက သူလုပ်ချင်ရင်မဖြစ်ဖြစ်အောင်
ကြံစည်တတ်တဲ့ လူစားမျိုးပါ။
ကိုယ်တိုင်က သူတို့နဲ့အတူနေခဲ့ရတော့
တစ်ယောက်ချင်းဆီရဲ့ စိတ်ဓာတ်ကို
ကိုယ်သာ အသိဆုံးပဲ။
ထက်မြတ်တို့၊စနိုးတို့ဆိုတာ ဒေါ်မေဘယ်လ်ရဲ့
အလိုလိုက်မှုအောက်မှာ ဆိုးချင်တိုင်း
ဆိုးနေကြတဲ့လူတွေ။
နှစ်ယောက်လုံးက ကိုယ့်ထက်ငယ်ကြပေမဲ့
ငယ်ငယ်တည်းက အဲ့နှစ်ယောက်ကြောင့်
အမျိုးမျိုး စိတ်အနှောက်အယှက်
ဖြစ်ခဲ့ရလွန်းလို့ စိတ်ဒဏ်ရာမျိုးစုံရခဲ့တယ်။
အတိတ်အချိန်တွေကို ပြန်တွေးနေမိစဉ်မှာပဲ
ရေအမှုန်အမွှားတွေဟာ သူ့မျက်လုံးထဲသို့
စီးကျလာပြီးနောက် သူ့အမြင်အာရုံတွေလည်း
မှုန်ဝါးသွားလေသည်။
သူ့ရဲ့ စိတ်အစဉ်ကတော့ အရိုးတွေကွဲလုမတတ်
အသည်းခိုက်အောင် ပြင်းထန်ခဲ့သည့်
အတိတ်ဒဏ်ရာတွေဆီသို့
ပြန်လည်ရောက်ရှိသွားသည်။
➡️➡️➡️➡️➡️➡️➡️
🍁လွန်ခဲ့သော ဆယ့်ငါးနှစ်🍁
-----------------------
"..ငါ့ပစ္စည်းတွေကိုဘာလုပ်နေကြတာလဲ.."
ကျောင်းကပြန်လာလာခြင်း အိပ်ခန်းတံခါးကို
ဖွင့်လိုက်သည်နှင့် ဒေါသထွက်စရာကိစ္စနှင့်
တန်းတိုးလေသည်။
ကျောင်းသွားတုန်းက အခန်းကိုလော့ချခဲ့ရဲ့သားနဲ့
ပြန်လာတော့ တံခါးကပွင့်နေတဲ့အပြင်
ထက်မြတ်နှင့်စနိုးက အခန်းထဲကို၀င်ပြီး
မွှေထားတာများ ပွစာကျဲနေတာပဲ။
"ဟာ..ငါ့ရဲ့ဆု.."
စာကြည့်စားပွဲဘေးက စင်ပေါ်တွင်
သေချာတင်ထားသော မင်းစက်၏
ဆုတံဆိပ်သည်လည်း အောက်သို့ပြုတ်ကျနေပြီး
အလည်မှ ထပ်ပိုင်းကျိုးသွားလေပြီ။
သင်္ချာအိုလံပစ်ပြိုင်ပွဲမှာရခဲ့သည့် ပထမဆုလေးမို့
နှမျှောတသဖြစ်လျှက် ကောက်ကိုင်လိုက်မိတော့
၀မ်းနည်းလွန်းလို့ လက်တွေပါတုန်ယင်
လာခဲ့သည်။
"သွားပါပြီကွာ.."
သူ့အသက်က ဆယ့်နှနှစ်သာရှိသေး၍
ကိုယ်တန်ဖိုးထားရသည့်ဆုလေးကို
ဆုံးရှုံးလိုက်ရသည့် အခိုက်မှာ
ရင်ထဲ၌လှိုက်တက်လာပြီး ငိုချလိုက်မိလေသည်။
ဒီလိုဆုတံဆိပ်မျိုးက ငွေနဲ့အလွယ်တကူ
၀ယ်ယူလိုက်လို့ရတာမျိုးမဟုတ်ဘူး။
အချိန်တွေအများကြီးပေးပြီး
အပြိုင်အဆိုင်တွေကြားကနေ ခက်ခက်ခဲခဲ
ပိုင်ဆိုင်နိုင်အောင်ကြိုးစားခဲ့ရတာ။
မျက်ရည်တွေကို သုတ်လိုက်ပြီး
အခန်းတစ်ပတ်လည် လိုက်ကြည့်မိတော့
သူအချိန်ပေးပြီး စီထားသည့်
ရဲတိုက်ပုံစံငယ်လေးကလည်း
တစ်စစီပြန့်ကျဲနေသလို
သူ့စာအုပ်တွေနဲ့ အ၀တ်အစားတွေကိုပါ
ဆွဲချထားကြ၍ အကုန်အောက်သို့
ပြုတ်ကျနေသည်။
"ကိုကိုဘာလို့ငိုနေတာလဲဟင်.."
သူ့ပုခုံးကိုလာပုတ်ပြီး အသံသေးသေးလေးနှင့်
စနိုးကလာမေးသောအခါ ဒေါသမီးတောက်မလို
ဖြစ်နေသည့် ရဲရဲနီနေသော မျက်၀န်းများနှင့်
စနိုးကို ပြန်ကြည့်လိုက်တော့ ကောင်မလေးက
လန့်ပြီး အနောက်သို့
တစ်လှမ်းဆုတ်သွားခဲ့သည်။
"မမ..သားရဲ့ကားပေါ်ကို မမရဲ့အရုပ်မလေး
တင်လိုက်ပါလား..သားတို့ကားမောင်းကြမယ်လေ"
အသက်ခုနှနှစ်အရွယ် ထက်မြတ်လေးက
သူ့ရဲ့အနီရောင် အရုပ်ကားကိုမြှောက်ပြပြီး
စနိုး၏လက်ထဲတွင် ကိုင်ထားသော
ဘိုလ်မရုပ်ကို ညွှန်ပြနေလေရာ
မင်းစက်၏မျက်လုံးတွေဟာ ချက်ချင်း
မှေးကျဉ်းသွားလျှက် ထိုကလေးနှစ်ယောက်၏
လက်ထဲမှ အရုပ်တွေကိုဆွဲယူလိုက်ကာ
တစ်စစီဖြစ်အောင် လုပ်ပစ်လိုက်သည်။
"အီဟီး...မေမေရေ..ကိုကိုက
သမီးတို့အရုပ်တွေကို ဖြတ်ဆီးပစ်လိုက်ပြီ.."
"ပြန်ပေး..ပြန်ပေး..သားရဲ့ကားကို
ပြန်ကောင်းအောင်လုပ်ပေး.."
"ဟယ်..သားနဲ့သမီး..ဘာဖြစ်လို့ငိုနေကြတာလဲ.."
ကလေးငိုသံတွေကြား၍ အခန်းထဲသို့
ဒေါ်မေဘယ်လ်ရောက်လာလေသည်။
ဒေါ်မေဘယ်လ်ဟာ မင်းစက်ကိုအစောတည်းက
အမြင်မကြည်သူမို့ သူ့သားနှင့်သမီး
ငိုနေတာတွေ့ရတော့ မင်းစက်လုပ်တာပဲဟု
တစ်ထစ်ချ တွေးလိုက်တော့သည်။
"ဟဲ့..မင်းစက်..နင်ငါ့ကလေးတွေကို
ဘာလုပ်လိုက်တာလဲ..
ဟဲ့..ပြောလေ.."
"ကျွန်တော်က သူတို့ရဲ့အရုပ်ကို
ဖြတ်စီးလိုက်ရုံပဲရှိတာ သူတို့ကသာ
ကျွန်တော့်ရဲ့ အခန်းကိုဖွထားတဲ့အပြင်
ကျွန်တော့်ရဲ့ ဆုကိုလည်းဖြတ်စီးပစ်တယ်.."
For Me, [5/9/2025 3:45 PM]
"ဟဲ့..နင့်ဆုကဘယ်လောက်များတန်ဖိုးရှိနေလို့
ငါ့ကလေးတွေရဲ့..အရုပ်တွေကိုဖြတ်ဆီး
ပစ်ရဲရတာလဲ..ဒီအရုပ်တွေက
ဘယ်လောက်တောင် တန်ဖိုးကြီးလည်းဆိုတာ
နင်မသိဘူးလား.."
"ဒီမှာအန်တီ..အဲ့ဒီ့အရုပ်တွေက ပိုက်ဆံပေးပြီး
၀ယ်လို့ရတယ်ဗျ..ကျွန်တော့်ရဲ့ဆုက
ခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာခဲ့တာ..
အခန်းတစ်ခုလုံးလည်း သူတို့လုပ်ထားတာ
ရစရာကို မရှိဘူး"
"အပိုတွေလာပြောမနေပါနဲ့..ငါ့ကလေးတွေကို
နင်အစောတည်းက မကျေမနပ်ဖြစ်နေတာ
ငါသိတယ်နော်..အခုလည်းနင်ငါ့ကလေးတွေကို
တမင် ငိုအောင်လုပ်တာမဟုတ်လား.."
"ငိုအောင်မလုပ်စေချင်ရင် ကျွန်တော့်အခန်းထဲကို
မ၀င်ခိုင်းနဲ့ပေါ့.."
"၀င်ခိုင်းတော့ဘာဖြစ်လဲ..
နင့်အခန်းကရွှေထွက်နေလို့လား..လူကြည့်တော့
လက်တောင့်လောက်နဲ့ လူကြီးကိုလူကြီးမှန်း
မသိဘူး..တွေ့မယ်..နင့်အဖေပြန်လာတော့မှ
မှတ်လောက်အောင်ကို ဆုံးမခိုင်းမယ်.."
အခန်းထဲမှ ဒေါ်မေဘယ်လ်တို့ ထွက်သွားသည်နှင့်
သူလည်း အခန်းတံခါးကိုအသံမည်အောင်
ဆောင့်ပိတ်ပစ်လိုက်သည်။
ပွလန်နေသော အိပ်ခန်းထဲမှ ပစ္စည်းတွေကို
လိုက်ကောက်နေရင်းနှင့် ကြမ်းပြင်ပေါ်တွင်
ကျနေသော အမေ့ရဲ့ဓာတ်ပုံလေးကိုတွေ့တော့
အားငယ်ကာ ထပ်၍ငိုလိုက်မိသည်။
"အမေ..သားကိုလာခေါ်ပေးပါလားအမေရယ်..
သား..ဒီအိမ်မှာနေရတာ..လုံး၀မပျော်ဘူး..
သူတို့က သားကိုအမြဲအနိုင်ကျင့်ကြတယ်..
အမေ့ကို သတိရလိုက်တာအမေရယ်..
အမေကရော..သားကိုသတိရသေးရဲ့လား.."
အမေ့ဓာတ်ပုံကို ရင်ခွင်ထဲမှာပိုက်ပြီး
တိတ်တိတ်လေး ငိုရှိုက်နေမိသော သူ့အဖြစ်ကို
ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။
သိရင်တောင် စာနာပေးကြပါ့မလား။
ဒီအိမ်မှာနေရတာ လုံး၀မပျော်ဘူး။
အဖေကလည်း သူ့မယားဘက်ကပဲနေပြီး
အန်တီမေဘယ်လ်ရဲ့ ဂုန်းချောတဲ့စကားတွေကိုသာ
ဟုတ်ဟုတ်၊မဟုတ်ဟုတ် ယုံလိုက်တာပဲ။
ထက်မြတ်နဲ့စနိုးကို အဖေချစ်လား၊မချစ်လား
မသေချာပေမဲ့ မင်းစက်အာဏာဆိုသည့်
ကိုယ့်ကိုတော့ တစ်ချိန်မှာသူ့ရဲ့စီးပွားရေး
အမွေတွေကို ဆက်ခံဖို့တစ်ခုထဲအတွက်သာ
အသုံးချနေခြင်းဖြစ်သည်။
ဇိမ်ခံပစ္စည်းမျိုးစုံ၏ ပဲ့ကိုင်ရှင်ဖြစ်သည့်
KGကုမ္ပဏီပိုင်ရှင့်ဦးသူရမင်းခေါင်၏
သားဖြစ်နေရခြင်းက သူ့အတွက်တော့
နိမ္ဗာန်မဟုတ်ပဲ ငရဲကျနေခြင်းသာဖြစ်သည်။
⏯️⏯️⏯️⏯️⏯️⏯️⏭️⏭️
"ဖြန်း!!!!"
"နောက်တစ်ခါလူကြီးတွေကို
ပြန်ခံပြောအုံးမှာလား.....!!!!"
"အား..နာတယ်..ကြောက်ပါပြီ
မရိုက်ပါနဲ့အဖေရယ်
သားနာလို့ပါ.."
"ဘာအခုမှ လာငိုနေတာလဲ..အပြစ်လုပ်တုန်းက
လုပ်ထားပြီး အခုမှမျက်ရည်လာကျပြမနေနဲ့..
ငါမေးတာပဲဖြေ နောက်တစ်ခါလူကြီးကို
ပြန်ခံပြောအုံးမှာလား..ကလေးတွေကိုရော
အနိုင်ကျင့်အုံးမှာလား..ဖြေလေ!!!"
"ဖြန်း!!!"
"အား...ကျွန်တော်ဘာအမှားမှ
မလုပ်ထားဘူး"
"ဟ..မင်းကဒီလောက်ရိုက်နေတာတောင်
မတောင်းပန်သေးဘူးပေါ့..တွေ့မယ်..
ငါ့ကိုပါအာခံတဲ့ကောင်.."
"ဖြန်း!!!"
"အား..မလုပ်ပါနဲ့..ကြောက်ပါပြီ.."
ခါးပတ်ကိုပါ ချွတ်ပြီးအားထည့်၍
လွှဲရိုက်လိုက်သည့်အခါမှာတော့
ကျောပါကော့တက်သွားပြီး မင်းစက်သည်
မှောက်လျှက်ကလေး လဲကျသွားတော့သည်။
"အား..နာတယ်.."
အော်ဟေ့ရလွန်းလို့ သူ့အသံတွေတိမ်၀င်သွားလည်း
အဖေကတော့ သားရဲကြီးတစ်ကောင်လို
အလွန်ရက်စက်နေလေသည်။
တီရှပ်အပါးသားကိုသာ ၀တ်ဆင်ထား၍
တစ်ချက်ရိုက်လိုက်တိုင်း နာကျင်မှုက
ကျော်ရိုးတစ်လျှောက်အထိ စိမ့်တက်လာခဲ့သည်။
အံကိုဖိကြိတ်လိုက်ပြီး အသံမထွက်အောင်
ပြုမူနေချင်ပေမဲ့ အသက်ဆယ့်နှနှစ်ဖြစ်သည့်
သူ့အသားအရည်ဟာ နုနယ်ပြီး ဖြူဖွေးနေကာ
အထိအခိုက်မခံသည့် အရည်ပြားဖြစ်နေ၍
ဘယ်လိုမှ ထိမ်းချုပ်လို့မရပဲ အသားကုန်
အော်ဟေ့နေမိသည်။
ရိုက်ချက်ပြင်းလွန်း၍ သူ့အသားတွေ
ကြေမွနေပြီလို့လို့တောင် ထင်နေမိသည်။
သိပ်မကြာပါဘူး သူ့ရဲ့အဖြူရောင်
တီရှပ်လေးတွင် သွေးအကွက်လေးများ
စတင်၍ စွန်းပေလာလေသည်။
"ဟဲ့..မင်းစက်အာဏာ..နင်တော်တော်
အကြောမာတာပဲနော်..တောင်းပန်လိုက်ရင်
ပြီးနေပြီဥစ္စာကို ကလေးဖြစ်ပြီး..
ခေါင်းကြောတော်တော်မာတယ်.."
ကျွန်တော့်ကို ရိုက်နှက်နေသည့်မြင်ကွင်းအား
အရသာခံပြီး ထိုင်ကြည့်နေသော
ဒေါ်မေဘယ်လ်သည် အကျေနပ်ကြီး
ကျေနပ်လျှက် ပြုံးနေလေသည်။
ကြမ်းပြင်မှာ မှောက်လျှက်အနေအထားဖြင့်
ဖြစ်နေရာမှ ခေါင်းကိုပိုငိုက်ချလိုက်မိတော့
ကျွန်တော့်ရဲ့ လက်သီးဆုပ်လေးတွေပေါ်သို့
မျက်ရည်တွေ တပေါက်ပေါက်စီးကျလာခဲ့သည်။
**ဒါဟာ..ကျွန်တော့်ရဲ့မျက်ရည်တွေပါ..*
အဖေအရင်းက နွားတစ်ကောင်ကို
ကျူတံနဲ့တို့သလို မစာမနာနှိပ်စက်ရာကနေ
ဒဏ်မခံနိုင်လွန်းလို့ ဖြစ်တည်လာတဲ့
ငိုကြွေးခြင်း မျက်ရည်တွေပါ။
အဖေ့ကိုသိပ်မုန်းတယ်..။
မိထွေးကိုရော..သူ့သားသမီးတွေကိုပါ
ကျွန်တော် သိပ်မုန်းတယ်..။
အများအမြင်မှာတော့ ကျွန်တော်ကရွှေဇွန်းကိုက်ပြီး
မွေးဖွားလာသူပေါ့။
ကျွန်တော့်ရဲ့ အတန်းဖော်တွေက ကျွန်တော့်ကို
သိပ်အားကျတာပဲတဲ့။
နေ့တိုင်း ဇိမ်ခံကားထည်လဲပြောင်းစီးပြီး
တန်ဖိုးကြီး အသုံးအဆောင်တွေကို
ရေလိုသုံးရသည့် ကျွန်တော့်ဘ၀က
သူတို့ရဲ့ အိပ်မက်ပဲတဲ့လေ။
**တော်တော်..ရယ်စရာကောင်းတဲ့ဟာသပါပဲ..*
သူတို့ရဲ့ သာမာန်အမြင်နဲ့ဆိုရင်။
ထိုစကားတွေက မှန်နေတာပေါ့။
ကျွန်တော်သုံးတဲ့ စာအုပ်ကအစ
ဘော့ပဲင်အဆုံး သာမာန်လူတွေမတတ်နိုင်သည့်
ဒေါ်လာပေါင်းများစွာတန်ဖိုးရှိတဲ့ နာမည်ကြီး
ဘရန်းတွေဖြစ်နေပေမဲ့
ကျွန်တော်ရဲ့ဘ၀အမှန်ကို
မိုက်ခရိုစကုဒ်ပေါ်မှာတင်ပြီး
သေချာမြင်အောင် ကြည့်မိကြမယ်ဆိုရင်
ဒီလို ရင်စက်မှုတွေကြားရှင်သန်နေရတဲ့
ဘ၀ကြီးကို အားလုံး
ကြောက်လန့်သွားကြလိမ့်မယ်။
ကျွန်တော်သုံးရတဲ့ အသုံးအဆောင်ပစ္စည်းတွေက
တန်ဖိုးကြီးနေသလို ကျွန်တော့်ဘ၀ကလည်း
ချိန်ခွင်ပေါ်မှာ အတင်ခံထားရတဲ့
ကုန်ပစ္စည်းတစ်ခုနဲ့ မခြားနားပါဘူး။
အဲ့ဒီတန်ဖိုးကြီးပစ္စည်းတွေဆိုတာ
ဦးသူရမင်းခေါင်အတွက် ကျွဲလိုနွားလို
ရုန်းပေးဖို့ ချကျွေးထားတဲ့သက်မဲ့အရာတွေ
လောက်ပါပဲ။
ကျွန်တော်ဟာ မှန်လိုလူစားမျိုးဖြစ်တဲ့အတွက်
သူတို့ကျွန်တော့်ကို ကြည့်တဲ့အတိုင်းပဲ
ကျွန်တော်ကလည်း ပြန်ကြည့်မှာပဲ။
ငယ်ရွယ်စဉ်မှာ ကျွန်တော်ခံစားခဲ့ရတဲ့
အရာအားလုံးကို သူတို့ကတော့မေ့ပျောက်
သွားနိုင်ကြပေမဲ့ ကျွန်တော်ကတော့
ခံခဲ့ရသူမို့ ဘယ်တော့မှမမေ့ဘူး။
⏯️⏯️⏯️⏯️⏯️⏯️⏯️
အတိတ်ကိုပြန်တွေးနေမိတာနှင့် ရေချိုးတာတောင်
အတော်ကြာသွားလေသည်။
မှန်ထဲကိုကြည့်ကာ ခန္ဓာကိုယ်ပေါ်မှ
ရေတွေကို ပြောင်စင်အောင်လုပ်နေမိစဉ်
ဘယ်ဘက် ရင်အုံအထက်နားမှာ
နဲနဲကြုံ့၀င်နေသည့် အမာရွတ်ကို
စမ်းကြည့်လိုက်မိသည်။
ဒီဒဏ်ရာကလည်း ဒေါ်မေဘယ်လ်ကြောင့်
ရခဲ့တာပါပဲ။
ထမင်းစားပွဲမှာ ထက်မြက်က
ကိုယ့်ရဲ့ပန်းကန်ထဲကနေ
ဟင်းတွေကို မသန့်တဲ့လက်နဲ့လာနှိုက်လို့
ထက်မြက်ရဲ့ပန်းကန်ကို စားပွဲပေါ်ကနေ
ပစ်ချလိုက်မိတော့ ဒေါ်မေဘယ်လ်က
ပူနေတဲ့ ကော်ဖီအရည်တွေနဲ့ လှမ်းပက်ခဲ့တာ။
အခုတော့ ဒီအပူလောင်တဲ့ဒဏ်ရာက
သေးသွားပြီဆိုပေမဲ့ အရည်ပြားတွန့်သွားတဲ့
အကွက်သေးသေးလေးတော့
ကျန်နေပါသေးတယ်။
ခန္ဓာကိုယ်ကို ရေတွေပြောင်စင်အောင်
သုတ်ပစ်လိုက်ပြီး ညအိပ်၀တ်စုံကို
လဲ၀တ်လိုက်ကာ မေအိပ်နေသော
ကုတင်ရှိရာသို့ သွားနေစဉ်တွင်..
"အမေ..သမီးကိုကယ်ပါအုံး..
သမီးကြောက်တယ်..အမေ့.."
"မေ..မေဘာဖြစ်လို့လဲ..မကြောက်နဲ့လေ..
ကိုယ်ရှိတယ်လေ.."
မျက်လုံးမှိတ်ထားပေမဲ့ ထယောင်နေသောမေ့ကို
သူပွေ့ဖက်ထားလိုက်မိသည်။
မေ့ခေါင်းလေးကိုလည်း သူပုတ်ပေးကာ
နှစ်သိမ့်ပေးနေမိစဉ်မှာပဲ
မေကမျက်လုံးလေးဖွင့်ပြီး သနားစရာ
ကောင်းလောက်အောင် သူ့ကိုမှိုင်းပျပျလေး
ကြည့်လာလေသည်။
"ကိုကိုဟုတ်တယ်မှတ်လား.."
"ဟုတ်တယ်လေမေရဲ့ အိပ်မက်ဆိုးမက်ပြီး
ထယောင်နေတာလား.."
မေ့ရဲ့နဖူးစပ်မှ ချွေးစေးများကို
သူ့လက်ချောင်းများနှင့် တို့သုတ်ပေးလိုက်ပြီး
မေ့ကို သူ့ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်မိသည်။
"ကိုကို့ရဲ့ခန္ဓာကိုယ်က ဘာလို့အေးနေတာလဲ.."
"ရေချိုးထားလို့လေ..မေနေလို့
အဆင်မပြေဘူးလား"
ရေကိုအကြာကြီး ဇိမ်နှင့်ချိုးလိုက်မိ၍
အေးစက်နေသော သူ့ခန္ဓာကိုယ်ကြောင့်
မေအနေရခက်နေတယ်ထင်ပြီး အနောက်သို့
ဆုတ်ရန်ပြင်လိုက်ပေမဲ့ သူ့ခါးကို
တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသော
မေ့ကြောင့် သူဘယ်လိုမှမတတ်နိုင်တော့ပေ။
"ဘာမှမဖြစ်ပါဘူး..ရေချိုးပြီးခါစဆိုတော့
ကိုကို့ရဲ့ ကိုယ်သင်းရနံ့လေးက
ပိုတောင်မွှေးနေသေးတယ်..
ဝိုင်းလေးကပိန်တော့ ခန္ဓာကိုယ်ကအပူဓာတ်
ပိုများတယ်လေ..အိမ်မှာဆိုရင်ဖွားဖွားတို့
ရေချိုးပြီးတိုင်း အေးလို့သူတို့အသားတွေကို
လက်ဖဝါးနဲ့လိုက်လိုက်ကိုင်တာ..
ဖွားဖွားကတော့
နင့်လက်ကြီးကပူလိုက်တာဟယ်ဆိုပြီး
ထအော်တော့တာပဲ.."
"ဒါဆို..ကိုယ်ကအဲယားကွန်းကြီးပေါ့နော်..
ဒါကြောင့်မေက ကပ်နေတာပေါ့.."
"ခစ်..ခစ်..ဟုတ်တယ်.."
ကိုယ့်ရင်ခွင်ထဲမှာခေါင်းအပ်ပြီး ကိုယ့်ကို
လေအေးပေးစက်ကြီးလို သဘောထားနေသည့်
ကောင်မလေးကြောင့် သူ့မှာရယ်ရခက်၊ငိုရခက်
ဖြစ်နေရသည်။
ဒီကြားထဲ သူ့ကိုယ်သင်းရနံ့ကိုပါ
လိုက်အနံ့ခံနေသည့် အသေးလေးကြောင့်
ခြေဖဝါးကို ငှက်မွှေးလေးနှင့်ပွတ်တိုက်သလို
ခံစားနေရသည်။
နှလုံးခုန်သံအချင်းချင်း နီးကပ်နေသောအနေအထားဖြစ်နေ၍
အခုမှရေးချိုးပြီးခဲ့သော်ငြားလည်း
ထပ်ပြီး ပူလောင်လာသလို ခံစားလိုက်ရသည်။
စိတ်၏စေရာအတိုင်း သူ့လက်ချောင်းများသည်
မေ့၏ နောက်ကျောဘက်ရှိ ဆံပင်ရှည်များကို
ဆုပ်ကိုင်လိုက်မိပြီးနောက် ဆံနွယ်များဖြင့်
အုပ်နေသော လည်တိုင်လေးကိုပါ
ထိတွေ့လိုက်မိသည်။
"သူ့အသားကိုထိလို့ မေ့အဖွားက
အော်ပေမဲ့ ကိုယ်ကတော့အော်လွှတ်မှာမဟုတ်ဘူး
မေကိုယ့်ကို ကြိုက်သလို ထိလို့ရတယ်.."
ဩရှရှနှင့် ဆွဲဆောင်မှုရှိအာင် ပြောနေသော
ကိုကို့၏အသံကိုကြား၍
ဝိုင်းလေးမော့ကြည့်လိုက်မိတော့
ကိုကို့ရဲ့မျက်လုံးမျာသည်
မှိန်ပျပျညမီးအိမ်၏အလင်းရောင်နှင့်တောင်
အရောင်တွေ လက်နေသလိုပဲ။
"ကိုကို့!!!"
တစ်ဆက်တည်းမှာပဲ ဝိုင်းလေး၏လည်တိုင်ကို
ခပ်ပြင်းပြင်း ဆုပ်ကိုင်ခံလိုက်ရ၍
နာကျင်သွားပေမဲ့ မွေ့ယာပေါ်သို့
ပြန်လဲကျသွားသောကြောင့်
ထိတ်လန့်သွားမိလေသည်။
ထိုအချိန်ခဏအတွင်းမှာပင် လေနတ်မင်းသည်
မာန်ဟုန်ခွင်း၍ တိမ်မဲတိမ်လိပ်တို့ကို
တွန်းတိုက်လိုက်ရာ တစ်ခြမ်းပဲ့နေရှာသော
လမင်းကလေးသည် ပြန်၍သစ်လွင်
ထွန်းတောက်လာနိုင်ခဲ့လေသည်။
လမင်း၏ အနီးဆုံးရပ်၀န်းတွင်တော့
တဖြတ်ဖြတ် တောက်ပနေသော ကြယ်လေးဟာ
အဖော်ပြုလို့ပေါ့။
အခန်း(၅၁)ဆက်ရန်..
စာရေးသူ..ဆောင်းငွေ့ဝေ
⏭️⏭️⏭️⏭️⏭️⏭️⏭️
မင်းစက်ရဲ့ ငယ်ဘ၀လေးကို
သိသွားကြပြီးမဟုတ်လား..
===========================
============================
အခန္း(၅၀)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
ညဆယ့္တစ္နာရီထိုးတြင္ အလုပ္ေတြအားလုံးကို
လက္စသတ္လိုက္ၿပီး စာၾကည့္ခန္းထဲကေန
အိပ္ခန္းဆီသို႔ သူကူးလာခဲ့လိုက္သည္။
အခန္းထဲသို႔၀င္လိုက္ေတာ့ မီးေတြ
လင္းထိန္ေနတာကို ေတြ႕လိုက္ရ၍ ေမတစ္ေယာက္
မီးမပိတ္မိပဲ အိပ္ေပ်ာ္သြားသည္ဟု
ထင္လိုက္မိသည္။
ထို႔ေၾကာင့္ အိပ္ခန္းမီးကိုပိတ္လိုက္ကာ
ကုတင္ေဘးမွ မီးအိမ္ဝါက်င့္က်င့္ေလးကိုသာ
ဖြင့္လိုက္ၿပီး ေရခ်ိဳးဖို႔စတင္လိုက္သည္။
အခုမွနားရျခင္းျဖစ္၍ စိတ္ေတြရႈပ္ေထြးၿပီး
ပူေနေပမဲ့ ေရပန္းမွတစ္ဆင့္ သူ႔ေခါင္းေပၚသို႔
ေရေတြျဖာက်လာစဥ္မွာေတာ့
လန္းဆန္းသြားသလို ခံစားလိုက္ရသည္။
ျဖာက်လာေသာ ေရေတြဟာသူ႔ဆံစမ်ား
ၾကားမွတစ္ဆင့္ သူ႔ေမး႐ိုးဆီသို႔ စီးက်လာကာ
သူ႔ခႏၶာကိုယ္တစ္ခုလုံးအား စိုစြတ္သြားေစသည္။
သူကေတာ့ ညာဘက္လက္ျဖင့္နံရံကို
လက္ေထာက္လိုက္ၿပီး ဘယ္လက္ျဖင့္
ေရစိုသြား၍ နဖူးေပၚသို႔က်လာေသာ
သူ႔ဆံပင္ေတြကိုသာ သပ္တင္ေနမိသည္။
ထိုအခ်ိန္၌ သူ႔ဦးေႏွက္ထဲတြင္ အေတြးမ်ိဳးစုံ
ျဖတ္ေျပးေနေလသည္။
အားလုံးက ေမ့အေၾကာင္းေတြသာျဖစ္ၿပီး
ဒီေန႔စႏိုးက ေမ့ရဲ႕ပါးကို႐ိုက္လိုက္သည့္
ကိစြလည္း ပါ၀င္သည္။
ေရွ႕ေလွ်ာက္ ေမ့ကိုသူတို႔တစ္ေယာက္ၿပီး
တစ္ေယာက္ ဒုကၡေပးလာၾကမွာကို
သူအရမ္းစိုးရိမ္ေနမိတယ္။
သူရမင္းေခါင္ဆိုတဲ့ အေဖ့အေၾကာင္းကို
သူသာအသိဆုံးပါပဲ။
အေဖက သူလုပ္ခ်င္ရင္မျဖစ္ျဖစ္ေအာင္
ႀကံစည္တတ္တဲ့ လူစားမ်ိဳးပါ။
ကိုယ္တိုင္က သူတို႔နဲ႔အတူေနခဲ့ရေတာ့
တစ္ေယာက္ခ်င္းဆီရဲ႕ စိတ္ဓာတ္ကို
ကိုယ္သာ အသိဆုံးပဲ။
ထက္ျမတ္တို႔၊စႏိုးတို႔ဆိုတာ ေဒၚေမဘယ္လ္ရဲ႕
အလိုလိုက္မႈေအာက္မွာ ဆိုးခ်င္တိုင္း
ဆိုးေနၾကတဲ့လူေတြ။
ႏွစ္ေယာက္လုံးက ကိုယ့္ထက္ငယ္ၾကေပမဲ့
ငယ္ငယ္တည္းက အဲ့ႏွစ္ေယာက္ေၾကာင့္
အမ်ိဳးမ်ိဳး စိတ္အေႏွာက္အယွက္
ျဖစ္ခဲ့ရလြန္းလို႔ စိတ္ဒဏ္ရာမ်ိဳးစုံရခဲ့တယ္။
အတိတ္အခ်ိန္ေတြကို ျပန္ေတြးေနမိစဥ္မွာပဲ
ေရအမႈန္အမႊားေတြဟာ သူ႔မ်က္လုံးထဲသို႔
စီးက်လာၿပီးေနာက္ သူ႔အျမင္အာ႐ုံေတြလည္း
မႈန္ဝါးသြားေလသည္။
သူ႔ရဲ႕ စိတ္အစဥ္ကေတာ့ အ႐ိုးေတြကြဲလုမတတ္
အသည္းခိုက္ေအာင္ ျပင္းထန္ခဲ့သည့္
အတိတ္ဒဏ္ရာေတြဆီသို႔
ျပန္လည္ေရာက္ရွိသြားသည္။
➡️➡️➡️➡️➡️➡️➡️
🍁လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္🍁
-----------------------
"..ငါ့ပစၥည္းေတြကိုဘာလုပ္ေနၾကတာလဲ.."
ေက်ာင္းကျပန္လာလာျခင္း အိပ္ခန္းတံခါးကို
ဖြင့္လိုက္သည္ႏွင့္ ေဒါသထြက္စရာကိစၥႏွင့္
တန္းတိုးေလသည္။
ေက်ာင္းသြားတုန္းက အခန္းကိုေလာ့ခ်ခဲ့ရဲ႕သားနဲ႔
ျပန္လာေတာ့ တံခါးကပြင့္ေနတဲ့အျပင္
ထက္ျမတ္ႏွင့္စႏိုးက အခန္းထဲကို၀င္ၿပီး
ေမႊထားတာမ်ား ပြစာက်ဲေနတာပဲ။
"ဟာ..ငါ့ရဲ႕ဆု.."
စာၾကည့္စားပြဲေဘးက စင္ေပၚတြင္
ေသခ်ာတင္ထားေသာ မင္းစက္၏
ဆုတံဆိပ္သည္လည္း ေအာက္သို႔ျပဳတ္က်ေနၿပီး
အလည္မွ ထပ္ပိုင္းက်ိဳးသြားေလၿပီ။
သခ်ၤာအိုလံပစ္ၿပိဳင္ပြဲမွာရခဲ့သည့္ ပထမဆုေလးမို႔
ႏွေမွ်ာတသျဖစ္လွ်က္ ေကာက္ကိုင္လိုက္မိေတာ့
၀မ္းနည္းလြန္းလို႔ လက္ေတြပါတုန္ယင္
လာခဲ့သည္။
"သြားပါၿပီကြာ.."
သူ႔အသက္က ဆယ့္ႏွႏွစ္သာရွိေသး၍
ကိုယ္တန္ဖိုးထားရသည့္ဆုေလးကို
ဆုံးရႈံးလိုက္ရသည့္ အခိုက္မွာ
ရင္ထဲ၌လႈိက္တက္လာၿပီး ငိုခ်လိုက္မိေလသည္။
ဒီလိုဆုတံဆိပ္မ်ိဳးက ေငြနဲ႔အလြယ္တကူ
၀ယ္ယူလိုက္လို႔ရတာမ်ိဳးမဟုတ္ဘူး။
အခ်ိန္ေတြအမ်ားႀကီးေပးၿပီး
အၿပိဳင္အဆိုင္ေတြၾကားကေန ခက္ခက္ခဲခဲ
ပိုင္ဆိုင္ႏိုင္ေအာင္ႀကိဳးစားခဲ့ရတာ။
မ်က္ရည္ေတြကို သုတ္လိုက္ၿပီး
အခန္းတစ္ပတ္လည္ လိုက္ၾကည့္မိေတာ့
သူအခ်ိန္ေပးၿပီး စီထားသည့္
ရဲတိုက္ပုံစံငယ္ေလးကလည္း
တစ္စစီျပန႔္က်ဲေနသလို
သူ႔စာအုပ္ေတြနဲ႔ အ၀တ္အစားေတြကိုပါ
ဆြဲခ်ထားၾက၍ အကုန္ေအာက္သို႔
ျပဳတ္က်ေနသည္။
"ကိုကိုဘာလို႔ငိုေနတာလဲဟင္.."
သူ႔ပုခုံးကိုလာပုတ္ၿပီး အသံေသးေသးေလးႏွင့္
စႏိုးကလာေမးေသာအခါ ေဒါသမီးေတာက္မလို
ျဖစ္ေနသည့္ ရဲရဲနီေနေသာ မ်က္၀န္းမ်ားႏွင့္
စႏိုးကို ျပန္ၾကည့္လိုက္ေတာ့ ေကာင္မေလးက
လန႔္ၿပီး အေနာက္သို႔
တစ္လွမ္းဆုတ္သြားခဲ့သည္။
"မမ..သားရဲ႕ကားေပၚကို မမရဲ႕အ႐ုပ္မေလး
တင္လိုက္ပါလား..သားတို႔ကားေမာင္းၾကမယ္ေလ"
အသက္ခုႏွႏွစ္အ႐ြယ္ ထက္ျမတ္ေလးက
သူ႔ရဲ႕အနီေရာင္ အ႐ုပ္ကားကိုေျမႇာက္ျပၿပီး
စႏိုး၏လက္ထဲတြင္ ကိုင္ထားေသာ
ဘိုလ္မ႐ုပ္ကို ၫႊန္ျပေနေလရာ
မင္းစက္၏မ်က္လုံးေတြဟာ ခ်က္ခ်င္း
ေမွးက်ဥ္းသြားလွ်က္ ထိုကေလးႏွစ္ေယာက္၏
လက္ထဲမွ အ႐ုပ္ေတြကိုဆြဲယူလိုက္ကာ
တစ္စစီျဖစ္ေအာင္ လုပ္ပစ္လိုက္သည္။
"အီဟီး...ေမေမေရ..ကိုကိုက
သမီးတို႔အ႐ုပ္ေတြကို ျဖတ္ဆီးပစ္လိုက္ၿပီ.."
"ျပန္ေပး..ျပန္ေပး..သားရဲ႕ကားကို
ျပန္ေကာင္းေအာင္လုပ္ေပး.."
"ဟယ္..သားနဲ႔သမီး..ဘာျဖစ္လို႔ငိုေနၾကတာလဲ.."
ကေလးငိုသံေတြၾကား၍ အခန္းထဲသို႔
ေဒၚေမဘယ္လ္ေရာက္လာေလသည္။
ေဒၚေမဘယ္လ္ဟာ မင္းစက္ကိုအေစာတည္းက
အျမင္မၾကည္သူမို႔ သူ႔သားႏွင့္သမီး
ငိုေနတာေတြ႕ရေတာ့ မင္းစက္လုပ္တာပဲဟု
တစ္ထစ္ခ် ေတြးလိုက္ေတာ့သည္။
"ဟဲ့..မင္းစက္..နင္ငါ့ကေလးေတြကို
ဘာလုပ္လိုက္တာလဲ..
ဟဲ့..ေျပာေလ.."
"ကြၽန္ေတာ္က သူတို႔ရဲ႕အ႐ုပ္ကို
ျဖတ္စီးလိုက္႐ုံပဲရွိတာ သူတို႔ကသာ
For Me, [5/9/2025 3:45 PM]
ကြၽန္ေတာ့္ရဲ႕ အခန္းကိုဖြထားတဲ့အျပင္
ကြၽန္ေတာ့္ရဲ႕ ဆုကိုလည္းျဖတ္စီးပစ္တယ္.."
"ဟဲ့..နင့္ဆုကဘယ္ေလာက္မ်ားတန္ဖိုးရွိေနလို႔
ငါ့ကေလးေတြရဲ႕..အ႐ုပ္ေတြကိုျဖတ္ဆီး
ပစ္ရဲရတာလဲ..ဒီအ႐ုပ္ေတြက
ဘယ္ေလာက္ေတာင္ တန္ဖိုးႀကီးလည္းဆိုတာ
နင္မသိဘူးလား.."
"ဒီမွာအန္တီ..အဲ့ဒီ့အ႐ုပ္ေတြက ပိုက္ဆံေပးၿပီး
၀ယ္လို႔ရတယ္ဗ်..ကြၽန္ေတာ့္ရဲ႕ဆုက
ခက္ခက္ခဲခဲႀကိဳးစားၿပီးမွ ရလာခဲ့တာ..
အခန္းတစ္ခုလုံးလည္း သူတို႔လုပ္ထားတာ
ရစရာကို မရွိဘူး"
"အပိုေတြလာေျပာမေနပါနဲ႔..ငါ့ကေလးေတြကို
နင္အေစာတည္းက မေက်မနပ္ျဖစ္ေနတာ
ငါသိတယ္ေနာ္..အခုလည္းနင္ငါ့ကေလးေတြကို
တမင္ ငိုေအာင္လုပ္တာမဟုတ္လား.."
"ငိုေအာင္မလုပ္ေစခ်င္ရင္ ကြၽန္ေတာ့္အခန္းထဲကို
မ၀င္ခိုင္းနဲ႔ေပါ့.."
"၀င္ခိုင္းေတာ့ဘာျဖစ္လဲ..
နင့္အခန္းကေ႐ႊထြက္ေနလို႔လား..လူၾကည့္ေတာ့
လက္ေတာင့္ေလာက္နဲ႔ လူႀကီးကိုလူႀကီးမွန္း
မသိဘူး..ေတြ႕မယ္..နင့္အေဖျပန္လာေတာ့မွ
မွတ္ေလာက္ေအာင္ကို ဆုံးမခိုင္းမယ္.."
အခန္းထဲမွ ေဒၚေမဘယ္လ္တို႔ ထြက္သြားသည္ႏွင့္
သူလည္း အခန္းတံခါးကိုအသံမည္ေအာင္
ေဆာင့္ပိတ္ပစ္လိုက္သည္။
ပြလန္ေနေသာ အိပ္ခန္းထဲမွ ပစၥည္းေတြကို
လိုက္ေကာက္ေနရင္းႏွင့္ ၾကမ္းျပင္ေပၚတြင္
က်ေနေသာ အေမ့ရဲ႕ဓာတ္ပုံေလးကိုေတြ႕ေတာ့
အားငယ္ကာ ထပ္၍ငိုလိုက္မိသည္။
"အေမ..သားကိုလာေခၚေပးပါလားအေမရယ္..
သား..ဒီအိမ္မွာေနရတာ..လုံး၀မေပ်ာ္ဘူး..
သူတို႔က သားကိုအၿမဲအႏိုင္က်င့္ၾကတယ္..
အေမ့ကို သတိရလိုက္တာအေမရယ္..
အေမကေရာ..သားကိုသတိရေသးရဲ႕လား.."
အေမ့ဓာတ္ပုံကို ရင္ခြင္ထဲမွာပိုက္ၿပီး
တိတ္တိတ္ေလး ငိုရႈိက္ေနမိေသာ သူ႔အျဖစ္ကို
ဘယ္သူမွ သိႏိုင္မယ္မထင္ပါဘူး။
သိရင္ေတာင္ စာနာေပးၾကပါ့မလား။
ဒီအိမ္မွာေနရတာ လုံး၀မေပ်ာ္ဘူး။
အေဖကလည္း သူ႔မယားဘက္ကပဲေနၿပီး
အန္တီေမဘယ္လ္ရဲ႕ ဂုန္းေခ်ာတဲ့စကားေတြကိုသာ
ဟုတ္ဟုတ္၊မဟုတ္ဟုတ္ ယုံလိုက္တာပဲ။
ထက္ျမတ္နဲ႔စႏိုးကို အေဖခ်စ္လား၊မခ်စ္လား
မေသခ်ာေပမဲ့ မင္းစက္အာဏာဆိုသည့္
ကိုယ့္ကိုေတာ့ တစ္ခ်ိန္မွာသူ႔ရဲ႕စီးပြားေရး
အေမြေတြကို ဆက္ခံဖို႔တစ္ခုထဲအတြက္သာ
အသုံးခ်ေနျခင္းျဖစ္သည္။
ဇိမ္ခံပစၥည္းမ်ိဳးစုံ၏ ပဲ့ကိုင္ရွင္ျဖစ္သည့္
KGကုမၸဏီပိုင္ရွင့္ဦးသူရမင္းေခါင္၏
သားျဖစ္ေနရျခင္းက သူ႔အတြက္ေတာ့
နိမၺာန္မဟုတ္ပဲ ငရဲက်ေနျခင္းသာျဖစ္သည္။
⏯️⏯️⏯️⏯️⏯️⏯️⏭️⏭️
"ျဖန္း!!!!"
"ေနာက္တစ္ခါလူႀကီးေတြကို
ျပန္ခံေျပာအုံးမွာလား.....!!!!"
"အား..နာတယ္..ေၾကာက္ပါၿပီ
မ႐ိုက္ပါနဲ႔အေဖရယ္
သားနာလို႔ပါ.."
"ဘာအခုမွ လာငိုေနတာလဲ..အျပစ္လုပ္တုန္းက
လုပ္ထားၿပီး အခုမွမ်က္ရည္လာက်ျပမေနနဲ႔..
ငါေမးတာပဲေျဖ ေနာက္တစ္ခါလူႀကီးကို
ျပန္ခံေျပာအုံးမွာလား..ကေလးေတြကိုေရာ
အႏိုင္က်င့္အုံးမွာလား..ေျဖေလ!!!"
"ျဖန္း!!!"
"အား...ကြၽန္ေတာ္ဘာအမွားမွ
မလုပ္ထားဘူး"
"ဟ..မင္းကဒီေလာက္႐ိုက္ေနတာေတာင္
မေတာင္းပန္ေသးဘူးေပါ့..ေတြ႕မယ္..
ငါ့ကိုပါအာခံတဲ့ေကာင္.."
"ျဖန္း!!!"
"အား..မလုပ္ပါနဲ႔..ေၾကာက္ပါၿပီ.."
ခါးပတ္ကိုပါ ခြၽတ္ၿပီးအားထည့္၍
လႊဲ႐ိုက္လိုက္သည့္အခါမွာေတာ့
ေက်ာပါေကာ့တက္သြားၿပီး မင္းစက္သည္
ေမွာက္လွ်က္ကေလး လဲက်သြားေတာ့သည္။
"အား..နာတယ္.."
ေအာ္ေဟ့ရလြန္းလို႔ သူ႔အသံေတြတိမ္၀င္သြားလည္း
အေဖကေတာ့ သားရဲႀကီးတစ္ေကာင္လို
အလြန္ရက္စက္ေနေလသည္။
တီရွပ္အပါးသားကိုသာ ၀တ္ဆင္ထား၍
တစ္ခ်က္႐ိုက္လိုက္တိုင္း နာက်င္မႈက
ေက်ာ္႐ိုးတစ္ေလွ်ာက္အထိ စိမ့္တက္လာခဲ့သည္။
အံကိုဖိႀကိတ္လိုက္ၿပီး အသံမထြက္ေအာင္
ျပဳမူေနခ်င္ေပမဲ့ အသက္ဆယ့္ႏွႏွစ္ျဖစ္သည့္
သူ႔အသားအရည္ဟာ ႏုနယ္ၿပီး ျဖဴေဖြးေနကာ
အထိအခိုက္မခံသည့္ အရည္ျပားျဖစ္ေန၍
ဘယ္လိုမွ ထိမ္းခ်ဳပ္လို႔မရပဲ အသားကုန္
ေအာ္ေဟ့ေနမိသည္။
႐ိုက္ခ်က္ျပင္းလြန္း၍ သူ႔အသားေတြ
ေၾကမြေနၿပီလို႔လို႔ေတာင္ ထင္ေနမိသည္။
သိပ္မၾကာပါဘူး သူ႔ရဲ႕အျဖဴေရာင္
တီရွပ္ေလးတြင္ ေသြးအကြက္ေလးမ်ား
စတင္၍ စြန္းေပလာေလသည္။
"ဟဲ့..မင္းစက္အာဏာ..နင္ေတာ္ေတာ္
အေၾကာမာတာပဲေနာ္..ေတာင္းပန္လိုက္ရင္
ၿပီးေနၿပီဥစၥာကို ကေလးျဖစ္ၿပီး..
ေခါင္းေၾကာေတာ္ေတာ္မာတယ္.."
ကြၽန္ေတာ့္ကို ႐ိုက္ႏွက္ေနသည့္ျမင္ကြင္းအား
အရသာခံၿပီး ထိုင္ၾကည့္ေနေသာ
ေဒၚေမဘယ္လ္သည္ အေက်နပ္ႀကီး
ေက်နပ္လွ်က္ ၿပဳံးေနေလသည္။
ၾကမ္းျပင္မွာ ေမွာက္လွ်က္အေနအထားျဖင့္
ျဖစ္ေနရာမွ ေခါင္းကိုပိုငိုက္ခ်လိုက္မိေတာ့
ကြၽန္ေတာ့္ရဲ႕ လက္သီးဆုပ္ေလးေတြေပၚသို႔
မ်က္ရည္ေတြ တေပါက္ေပါက္စီးက်လာခဲ့သည္။
**ဒါဟာ..ကြၽန္ေတာ့္ရဲ႕မ်က္ရည္ေတြပါ..*
အေဖအရင္းက ႏြားတစ္ေကာင္ကို
က်ဴတံနဲ႔တို႔သလို မစာမနာႏွိပ္စက္ရာကေန
ဒဏ္မခံႏိုင္လြန္းလို႔ ျဖစ္တည္လာတဲ့
ငိုေႂကြးျခင္း မ်က္ရည္ေတြပါ။
အေဖ့ကိုသိပ္မုန္းတယ္..။
မိေထြးကိုေရာ..သူ႔သားသမီးေတြကိုပါ
ကြၽန္ေတာ္ သိပ္မုန္းတယ္..။
အမ်ားအျမင္မွာေတာ့ ကြၽန္ေတာ္ကေ႐ႊဇြန္းကိုက္ၿပီး
ေမြးဖြားလာသူေပါ့။
ကြၽန္ေတာ့္ရဲ႕ အတန္းေဖာ္ေတြက ကြၽန္ေတာ့္ကို
သိပ္အားက်တာပဲတဲ့။
ေန႔တိုင္း ဇိမ္ခံကားထည္လဲေျပာင္းစီးၿပီး
တန္ဖိုးႀကီး အသုံးအေဆာင္ေတြကို
ေရလိုသုံးရသည့္ ကြၽန္ေတာ့္ဘ၀က
သူတို႔ရဲ႕ အိပ္မက္ပဲတဲ့ေလ။
**ေတာ္ေတာ္..ရယ္စရာေကာင္းတဲ့ဟာသပါပဲ..*
သူတို႔ရဲ႕ သာမာန္အျမင္နဲ႔ဆိုရင္။
For Me, [5/9/2025 3:45 PM]
ထိုစကားေတြက မွန္ေနတာေပါ့။
ကြၽန္ေတာ္သုံးတဲ့ စာအုပ္ကအစ
ေဘာ့ပဲင္အဆုံး သာမာန္လူေတြမတတ္ႏိုင္သည့္
ေဒၚလာေပါင္းမ်ားစြာတန္ဖိုးရွိတဲ့ နာမည္ႀကီး
ဘရန္းေတြျဖစ္ေနေပမဲ့
ကြၽန္ေတာ္ရဲ႕ဘ၀အမွန္ကို
မိုက္ခ႐ိုစကုဒ္ေပၚမွာတင္ၿပီး
ေသခ်ာျမင္ေအာင္ ၾကည့္မိၾကမယ္ဆိုရင္
ဒီလို ရင္စက္မႈေတြၾကားရွင္သန္ေနရတဲ့
ဘ၀ႀကီးကို အားလုံး
ေၾကာက္လန႔္သြားၾကလိမ့္မယ္။
ကြၽန္ေတာ္သုံးရတဲ့ အသုံးအေဆာင္ပစၥည္းေတြက
တန္ဖိုးႀကီးေနသလို ကြၽန္ေတာ့္ဘ၀ကလည္း
ခ်ိန္ခြင္ေပၚမွာ အတင္ခံထားရတဲ့
ကုန္ပစၥည္းတစ္ခုနဲ႔ မျခားနားပါဘူး။
အဲ့ဒီတန္ဖိုးႀကီးပစၥည္းေတြဆိုတာ
ဦးသူရမင္းေခါင္အတြက္ ကြၽဲလိုႏြားလို
႐ုန္းေပးဖို႔ ခ်ေကြၽးထားတဲ့သက္မဲ့အရာေတြ
ေလာက္ပါပဲ။
ကြၽန္ေတာ္ဟာ မွန္လိုလူစားမ်ိဳးျဖစ္တဲ့အတြက္
သူတို႔ကြၽန္ေတာ့္ကို ၾကည့္တဲ့အတိုင္းပဲ
ကြၽန္ေတာ္ကလည္း ျပန္ၾကည့္မွာပဲ။
ငယ္႐ြယ္စဥ္မွာ ကြၽန္ေတာ္ခံစားခဲ့ရတဲ့
အရာအားလုံးကို သူတို႔ကေတာ့ေမ့ေပ်ာက္
သြားႏိုင္ၾကေပမဲ့ ကြၽန္ေတာ္ကေတာ့
ခံခဲ့ရသူမို႔ ဘယ္ေတာ့မွမေမ့ဘူး။
⏯️⏯️⏯️⏯️⏯️⏯️⏯️
အတိတ္ကိုျပန္ေတြးေနမိတာႏွင့္ ေရခ်ိဳးတာေတာင္
အေတာ္ၾကာသြားေလသည္။
မွန္ထဲကိုၾကည့္ကာ ခႏၶာကိုယ္ေပၚမွ
ေရေတြကို ေျပာင္စင္ေအာင္လုပ္ေနမိစဥ္
ဘယ္ဘက္ ရင္အုံအထက္နားမွာ
နဲနဲႀကဳံ႕၀င္ေနသည့္ အမာ႐ြတ္ကို
စမ္းၾကည့္လိုက္မိသည္။
ဒီဒဏ္ရာကလည္း ေဒၚေမဘယ္လ္ေၾကာင့္
ရခဲ့တာပါပဲ။
ထမင္းစားပြဲမွာ ထက္ျမက္က
ကိုယ့္ရဲ႕ပန္းကန္ထဲကေန
ဟင္းေတြကို မသန႔္တဲ့လက္နဲ႔လာႏႈိက္လို႔
ထက္ျမက္ရဲ႕ပန္းကန္ကို စားပြဲေပၚကေန
ပစ္ခ်လိုက္မိေတာ့ ေဒၚေမဘယ္လ္က
ပူေနတဲ့ ေကာ္ဖီအရည္ေတြနဲ႔ လွမ္းပက္ခဲ့တာ။
အခုေတာ့ ဒီအပူေလာင္တဲ့ဒဏ္ရာက
ေသးသြားၿပီဆိုေပမဲ့ အရည္ျပားတြန႔္သြားတဲ့
အကြက္ေသးေသးေလးေတာ့
က်န္ေနပါေသးတယ္။
ခႏၶာကိုယ္ကို ေရေတြေျပာင္စင္ေအာင္
သုတ္ပစ္လိုက္ၿပီး ညအိပ္၀တ္စုံကို
လဲ၀တ္လိုက္ကာ ေမအိပ္ေနေသာ
ကုတင္ရွိရာသို႔ သြားေနစဥ္တြင္..
"အေမ..သမီးကိုကယ္ပါအုံး..
သမီးေၾကာက္တယ္..အေမ့.."
"ေမ..ေမဘာျဖစ္လို႔လဲ..မေၾကာက္နဲ႔ေလ..
ကိုယ္ရွိတယ္ေလ.."
မ်က္လုံးမွိတ္ထားေပမဲ့ ထေယာင္ေနေသာေမ့ကို
သူေပြ႕ဖက္ထားလိုက္မိသည္။
ေမ့ေခါင္းေလးကိုလည္း သူပုတ္ေပးကာ
ႏွစ္သိမ့္ေပးေနမိစဥ္မွာပဲ
ေမကမ်က္လုံးေလးဖြင့္ၿပီး သနားစရာ
ေကာင္းေလာက္ေအာင္ သူ႔ကိုမႈိင္းပ်ပ်ေလး
ၾကည့္လာေလသည္။
"ကိုကိုဟုတ္တယ္မွတ္လား.."
"ဟုတ္တယ္ေလေမရဲ႕ အိပ္မက္ဆိုးမက္ၿပီး
ထေယာင္ေနတာလား.."
ေမ့ရဲ႕နဖူးစပ္မွ ေခြၽးေစးမ်ားကို
သူ႔လက္ေခ်ာင္းမ်ားႏွင့္ တို႔သုတ္ေပးလိုက္ၿပီး
ေမ့ကို သူ႔ရင္ခြင္ထဲသို႔ ဆြဲေခၚလိုက္မိသည္။
"ကိုကို႔ရဲ႕ခႏၶာကိုယ္က ဘာလို႔ေအးေနတာလဲ.."
"ေရခ်ိဳးထားလို႔ေလ..ေမေနလို႔
အဆင္မေျပဘူးလား"
ေရကိုအၾကာႀကီး ဇိမ္ႏွင့္ခ်ိဳးလိုက္မိ၍
ေအးစက္ေနေသာ သူ႔ခႏၶာကိုယ္ေၾကာင့္
ေမအေနရခက္ေနတယ္ထင္ၿပီး အေနာက္သို႔
ဆုတ္ရန္ျပင္လိုက္ေပမဲ့ သူ႔ခါးကို
တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားေသာ
ေမ့ေၾကာင့္ သူဘယ္လိုမွမတတ္ႏိုင္ေတာ့ေပ။
"ဘာမွမျဖစ္ပါဘူး..ေရခ်ိဳးၿပီးခါစဆိုေတာ့
ကိုကို႔ရဲ႕ ကိုယ္သင္းရနံ႔ေလးက
ပိုေတာင္ေမႊးေနေသးတယ္..
ဝိုင္းေလးကပိန္ေတာ့ ခႏၶာကိုယ္ကအပူဓာတ္
ပိုမ်ားတယ္ေလ..အိမ္မွာဆိုရင္ဖြားဖြားတို႔
ေရခ်ိဳးၿပီးတိုင္း ေအးလို႔သူတို႔အသားေတြကို
လက္ဖဝါးနဲ႔လိုက္လိုက္ကိုင္တာ..
ဖြားဖြားကေတာ့
နင့္လက္ႀကီးကပူလိုက္တာဟယ္ဆိုၿပီး
ထေအာ္ေတာ့တာပဲ.."
"ဒါဆို..ကိုယ္ကအဲယားကြန္းႀကီးေပါ့ေနာ္..
ဒါေၾကာင့္ေမက ကပ္ေနတာေပါ့.."
"ခစ္..ခစ္..ဟုတ္တယ္.."
ကိုယ့္ရင္ခြင္ထဲမွာေခါင္းအပ္ၿပီး ကိုယ့္ကို
ေလေအးေပးစက္ႀကီးလို သေဘာထားေနသည့္
ေကာင္မေလးေၾကာင့္ သူ႔မွာရယ္ရခက္၊ငိုရခက္
ျဖစ္ေနရသည္။
ဒီၾကားထဲ သူ႔ကိုယ္သင္းရနံ႔ကိုပါ
လိုက္အနံ႔ခံေနသည့္ အေသးေလးေၾကာင့္
ေျခဖဝါးကို ငွက္ေမႊးေလးႏွင့္ပြတ္တိုက္သလို
ခံစားေနရသည္။
ႏွလုံးခုန္သံအခ်င္းခ်င္း နီးကပ္ေနေသာအေနအထားျဖစ္ေန၍
အခုမွေရးခ်ိဳးၿပီးခဲ့ေသာ္ျငားလည္း
ထပ္ၿပီး ပူေလာင္လာသလို ခံစားလိုက္ရသည္။
စိတ္၏ေစရာအတိုင္း သူ႔လက္ေခ်ာင္းမ်ားသည္
ေမ့၏ ေနာက္ေက်ာဘက္ရွိ ဆံပင္ရွည္မ်ားကို
ဆုပ္ကိုင္လိုက္မိၿပီးေနာက္ ဆံႏြယ္မ်ားျဖင့္
အုပ္ေနေသာ လည္တိုင္ေလးကိုပါ
ထိေတြ႕လိုက္မိသည္။
"သူ႔အသားကိုထိလို႔ ေမ့အဖြားက
ေအာ္ေပမဲ့ ကိုယ္ကေတာ့ေအာ္လႊတ္မွာမဟုတ္ဘူး
ေမကိုယ့္ကို ႀကိဳက္သလို ထိလို႔ရတယ္.."
ဩရွရွႏွင့္ ဆြဲေဆာင္မႈရွိအာင္ ေျပာေနေသာ
ကိုကို႔၏အသံကိုၾကား၍
ဝိုင္းေလးေမာ့ၾကည့္လိုက္မိေတာ့
ကိုကို႔ရဲ႕မ်က္လုံးမ်ာသည္
မွိန္ပ်ပ်ညမီးအိမ္၏အလင္းေရာင္ႏွင့္ေတာင္
အေရာင္ေတြ လက္ေနသလိုပဲ။
"ကိုကို႔!!!"
တစ္ဆက္တည္းမွာပဲ ဝိုင္းေလး၏လည္တိုင္ကို
ခပ္ျပင္းျပင္း ဆုပ္ကိုင္ခံလိုက္ရ၍
နာက်င္သြားေပမဲ့ ေမြ႕ယာေပၚသို႔
ျပန္လဲက်သြားေသာေၾကာင့္
ထိတ္လန႔္သြားမိေလသည္။
ထိုအခ်ိန္ခဏအတြင္းမွာပင္ ေလနတ္မင္းသည္
မာန္ဟုန္ခြင္း၍ တိမ္မဲတိမ္လိပ္တို႔ကို
တြန္းတိုက္လိုက္ရာ တစ္ျခမ္းပဲ့ေနရွာေသာ
လမင္းကေလးသည္ ျပန္၍သစ္လြင္
ထြန္းေတာက္လာႏိုင္ခဲ့ေလသည္။
လမင္း၏ အနီးဆုံးရပ္၀န္းတြင္ေတာ့
တျဖတ္ျဖတ္ ေတာက္ပေနေသာ ၾကယ္ေလးဟာ
အေဖာ္ျပဳလို႔ေပါ့။
အခန္း(၅၁)ဆက္ရန္..
စာေရးသူ..ေဆာင္းေငြ႕ေဝ
⏭️⏭️⏭️⏭️⏭️⏭️⏭️
မင္းစက္ရဲ႕ ငယ္ဘ၀ေလးကို
သိသြားၾကၿပီးမဟုတ္လား..
No comments:
Post a Comment