အခန်း(၄၆) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

  


ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း(၄၆)

💘မာနမင်းသားနှင့်ရွှေဖူးစာ💘


လူတစ်ယောက်ဟာ သူ့ဘ၀မှာဘယ်လိုမှ

လွတ်မြောက်လမ်းမရှိတော့တဲ့အခါ 

ကြောက်စိတ်၀င်လာတတ်တယ်။

လူတစ်ချို့အတွက်တော့ ထိုကြောက်စိတ်ဟာ

စိတ်ဒဏ်ရာတစ်ခုအဖြစ် အမြှစ်တွယ်သွားပြီး

တိုက်ဆိုင်တဲ့အချိန်တိုင်းမှာ ပြန်ပေါ်လာတတ်တယ်။


တစ်ချို့တွေဟာ အမြင့်ကြောက်ကြပြီး

အချို့လူများကတော့ ကိုယ့်ကိုအန္တရာယ်

မပြုနိုင်သည့်  သတ္တဝါသေးသေးလေးတွေကိုတောင် ကြောက်တတ်ကြပါသေးတယ်။


ဝိုင်းလေးကတော့ အမှောင်ထုကို

ကြောက်ရွံ့သူတစ်‌ယောက်ဖြစ်ပြီး ယခုလည်း

အမှောင်ထုထဲတွင် ချွေးသံတရွှဲရွှဲနှင့်

ပြေးလွှားနေမိသည်။

နောက်ကနေ ကြောက်စရာသတ္တဝါကြီး

လိုက်လာသကဲ့သို့ အားအင်ကုန်ခန်းသည်အထိ

ဦးတည်ရာမရှိ ပြေးလွှားနေမိလေသည်။


ဝိုင်းလေးအမှန်တကယ် ကြောက်ရွံ့နေတာဟာ

အမှောင်ထုကိုလား.။

မဟုတ်ဘူး..အမှောင်ထုကိုအသုံးချပြီး

ဝိုင်းလေးကို အမဲလိုက်နေသည့် ထိုကြောက်စရာ

သတ္တဝါကြီးကို ကြောက်တာပါ..။


ဟုတ်တယ်..အမှောင်ထဲကိုရောက်သွားတိုင်း

ထိုသတ္တဝါကြီးက ဝိုင်းလေးရဲ့တစ်ကိုယ်လုံးကို

လွှမ်းခြုံသွားသလို ခံစားရတာကြောင့်

အမှောင်ထုကို သေလောက်အောင်ကြောက်တယ်။


အထူးသဖြင့် လပြည့်ညတွေမှာပေါ့။

‌ဝိုင်းလေးရဲ့ဘ၀မှာ ဘယ်သောအခါမှ

မေ့လို့မရတဲ့ ကံကြမ္မာဆိုးကြီးက 

လပြည့်ညတစ်ညမှာ ဖြစ်ပျက်ခဲ့တာ။


လပြည့်ညရောက်တိုင်းမှာ စိတ်ဝေဒနာသည်

အရူးတစ်ယောက်လိုကို ကြောက်ရွံ့

ထိတ်လန့်နေခဲ့ရတဲ့ ရက်တွေဟာမနည်းတော့ဘူး။

တကယ်ကို အဆုံးသတ်ချင်မိပါပြီ။

ဒီစိတ်ဝေဒနာကြီးကနေ ဝေးရာဆီကို

ထွက်ပြေးချင်တယ်..။


ဒါပေမဲ့ အဲ့ဒီ့နာကျင်မှုဝေဒနာကြီးက

စိတ်ရဲ့အတွင်းနံရံမှာ ခိုကပ်နေတော့

ဘယ်လိုဖယ်ထုတ်ထုတ်မရဘူးဖြစ်နေတယ်။

စိတ်ပညာဆရာ၀န်ပြောတာတော့ 

ဝိုင်းလေးကိုယ်တိုင်က ထိုဖြစ်ရပ်ဆိုးကြီးကို

လွှတ်မချနိုင်လို့သာ ဒီဝေဒနာတွေက 

မပျောက်နိုင်တာတဲ့လေ့..။


တရားထိုင်ကြည့်တယ်..။

စိတ်ပြေလက်ပျောက် ခရီးတွေထွက်ကြည့်တယ်။

ပုံမှန်အချိန်မှာ ပျော်ရွှင်နေနိုင်ပေမဲ့

လပြည့်ညရောက်လာတိုင်းမှာ အရူးတစ်ယောက်လို

ကြောက်ရွံ့နေမိတုန်းပဲ..။

ဝိုင်းလေးရဲ့ စိတ်ဒဏ်ရာတွေကိုချုပ်ကိုင်ထားတဲ့

ထိုသတ္တဝါကြီးကို မုန်းတယ်၊ရွံတယ်။


အခုလည်း အမှောင်ထုထဲမှာ ပြေးလွှားနေမိရင်း

မတတ်နိုင်တော့ပဲ မှောက်လျှက်

လဲကျသွားတော့တယ်။

ဝိုင်းလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အလေးတုံးကြီးနဲ့

ဖိထားသလိုဖြစ်နေတဲ့ ထိုသတ္တဝါကြီးဟာ

ဘယ်သူဘယ်ဝါလည်း ဝိုင်းလေးမသိဘူး။

ဒါပေမဲ့ သူ့အသံကိုတော့ ကောင်းကောင်း

မှတ်မိတယ်။


အသံကြီးက လေးပင်နေပြီး အင်မတန်

ကြောက်စရာကောင်းတယ်။

ထုံးစံအတိုင်း မျက်ရည်ကိုသာအဖော်ပြုနိုင်တဲ့

ဘ၀မို့ အော်ဟစ်ငိုယိုမိရင်းမှ ထိုနေ့က

အဖြစ်အပျက်အတိုင်း အမေနှင့်အဖေ့ကို

တမ်းတနေမိလေသည်။


"ဟဲ့..ဝိုင်းလေးသတိရလာပြီ..."


အိပ်မက်ယောင်သလို လက်တွေကိုဆန့်တန်းပြီး

ငိုညီးလာသည့် မေဝိုင်းလေး၏အသံကြောင့်

အခန်းထဲရှိ လူအားလုံးအထိတ်ထိတ်အပြာပြာ

ဖြစ်သွားကြလေသည်။


ဝိုင်းလေးကတော့ မျက်ရည်လေးများ

ရွှဲနစ်နေသော မျက်၀န်းလေးတွေကို

ဖွင့်ကြည့်လိုက်မိတော့ အိပ်မက်ထဲမှာလို

မှောင်မဲမနေပဲ ပတ်၀န်းကျင်တစ်ခုလုံး

လင်းထိန်နေသည်ကို တွေ့လိုက်ရ၍

အတိုင်းအဆမဲ့ ၀မ်းသာသွားမိလေသည်။


ပတ်၀န်းကျင်ကို စူးစမ်းကြည့်လိုက်တော့မှ

ဝိုင်းလေး၏ကုတင်ပေါ်တွင်

အိမ်သားတွေ အကုန်နီးပါးထိုင်ပြီး

စိုးရိမ်တကြီးဖြစ်နေကြတာကို တွေ့လိုက်ရသည်။

ဖွားဖွားနုကတောင် ဝှီးချဲလေးနှင့်

 ကုတင်ခြေရင်းဘက်မှ စိုက်ကြည့်နေလေသည်။


"မေ..သက်သာရဲ့လား..ခေါင်းတွေဘာတွေ

ကိုက်နေလား.."


ဝိုင်းလေး၏ လက်ကလေးနှစ်ဖက်ကို

ကိုင်ထားပေးကာ စိုးရိမ်တကြီးမေးလာသော

ကိုကို့မျက်နှာလေးကို မြင်လိုက်ရတော့

ကြောက်စိတ်တွေ အဝေးသို့လွှင့်ပျံထွက်သွားသလို

ခံစားလိုက်ရသည်။


သူ့ရဲ့နွေးထွေးတဲ့ အပြုအမူတွေကြောင့်

စိတ်လုံခြုံလာသလိုပဲ။

ခုဏက အမှောင်ထုထဲမှာကြောက်ရွံ့နေသည့်

အချိန်ကနေ လွတ်မြောက်ပြီး ကိုကို့ဆီ

ပြန်လာခွင့်ရခဲ့တဲ့အတွက် မျက်ရည်တွေ

ပိုးပိုးပေါက်ပေါက် ကျလာခဲ့ကာ

သူ့ရင်ခွင့်ကျယ်ကြီးထဲသို့ ပြစ်၀င်လိုက်ပြီး

သူ့ခါးကိုသာ တင်းကြပ်စွာဖက်ထားလိုက်မိသည်။


"တစ်ခုခု စိတ်မသက်မသာခံစားနေရလို့လား

နေမကောင်းချင်သလို ဖြစ်နေတာလား.."


"ဝိုင်းလေးအရမ်းကြောက်တာပဲ

အမှောင်ထဲမှာ ပိတ်မိနေပြီးဘယ်တော့မှ

ပြန်မထွက်လာနိုင်တော့ဘူးလို့ ထင်လိုက်မိတာ.."


"အိပ်မက်ဆိုးမက်တာပါကွာ ဘာမှမဖြစ်ပါဘူး

ကိုကိုတစ်ယောက်လုံး ရှိနေတဲ့ဥစ္စာ..

ဘာကိုမှ ကြောက်စရာမလိုဘူး.."


သူ့ရင်ခွင်ကျယ်ကြီးတစ်ခုလုံးကို

ဝိုင်းလေးတစ်ယောက်တည်း 

အပိုင်သိမ်းထားကာ ချုံးပွဲချငိုနေမိပေမဲ့

သူကတော့ ချိုသည်ခါးသည်တစ်ခွန်းမှ

မပြောပဲ လက်တစ်ဖက်က ဝိုင်းလေး၏

ခါးသိမ်သိမ်လေးကို ခပ်ဖွဖွဖက်ထားပေးရင်း

ကျန်လက်တစ်ဖက်ကတော့ ဝိုင်းလေး၏

ဦးခေါင်းလေးအား ကလေးတစ်ယောက်သဖွယ်

ပွတ်သပ်၍ ချော့မြူပေးလာခဲ့သည်။


ထိုအဖြစ်အပျက်ကို ပါးစပ်ကြီးတွေဟ၊

မျက်လုံးမျက်ဆံတွေ ပြူးကျယ်ပြီးမယုံနိုင်စွာ

ကြည့်နေသူတွေကတော့ ဒေါ်ရတနာ၊

အိမ်ချစ်မှူးဝေ၊ဖွားဖွားနုနှင့် ‌ဒေါ်ခိုင်မိုးမြင့်တို့

ဖြစ်လေသည်။


မှူးကတော့ သူ့အမေ၏ပခုံးကို တိုက်ပလိုက်ကာ

ပွေ့ဖက်၍ နှစ်သိမ့်ပေးနေကြသော

ဇနီးမောင်နှံအား လက်ညှိုးတထိုးထိုး

လုပ်နေမိလေသည်။


ဒေါရတနာထိုက်လည်း မျက်စိအမြင်တွေ

ဘာတွေများ မှားသလားဟု မျက်မှန်ကိုချွတ်ပြီး

ကိုယ့်သားလင်မယားကို အထူးအဆန်းကြီးသဖွယ်

စုန်ချည်ဆန်ချည် ကြည့်နေမိတာမှာ

မျက်လုံးတွေတောင် ပြူးထွက်လာတော့မတတ်ပဲ။

* မြင်းမိုလ်တောင်ကြီးကို

မြင်လိုက်ရသလို ထူးဆန်းနေမိတာ..*


တစ်လတိတိ ခရီးထွက်သွားတုန်းကတော့

အိမ်ကမိန်းမကို ဖုန်းတစ်ချက်တောင်မဆက်ပဲ

အဆက်အသွယ်ဖြတ်ထားသည့် သားဖြစ်သူဟာ

မနေ့က မေဝိုင်းလေးဘက်မှကွာရှင်းချင်ကြောင်း

ဖုန်းဆက်ကာ ကြိမ်းလိုက်ပြီးနောက်

ဒီနေ့မှာ မိန်းမနားတပူးပူးတကပ်ကပ်နှင့်

ခွာမရတာ့ပေ။


ပိုထူးဆန်းတာက မေဝိုင်းလေးပဲ။

မနေ့က သူ့အမေဖုန်းဆက်တော့ သူ့သမီးဟာ

ကိုစက်နဲ့ ကွာရှင်းမယ်တကဲကဲဆိုပဲ။

အခုကြတော့..သတိလစ်ပြီးပြန်ထလာတာနဲ့

 လင်တော်ကို တန်းဖက်တော့တာပဲ။


*ဒင်းတို့နှစ်ယောက်က ငါတို့ကိုတောင်

ရှိတယ်လို့ ထင်သေးရဲ့လားမသိဘူး..*


အမေဆိုရင် မေဝိုင်းလေးမေ့လဲတယ်လည်း

ကြားရော အောက်ထပ်ကိုချက်ချင်း ဝှီးချဲနဲ့

ဆင်းလာခဲ့ရတာ။


ဒေါ်ရတနာလည်း ဝှီးချဲပေါ်ကနေ ဟိုလင်မယားကို

လည်တဆန့်ဆန့်လုပ်ရင်း အကဲခတ်နေသော

အမေ့ကို ကြည့်လိုက်တော့ အမေ့မျက်နှာက

ဘီလူးသံပုရာသီးစားနေသလို 

ချဉ်ပြုံးချဉ်ပြုံးရုပ်ကြီးဖြစ်နေသည်။


အားလုံးက ရုတ်တရက်ပြောင်းလဲသွားတဲ့

အခြေအနေအပေါ်မှာ အံ့ဩနေကြပေမဲ့

ဘာနှောက်ယှက်မှုမျိုးမှ မလုပ်မိအောင်

နေကြလေသည်။


သို့ပေမဲ့ ထိုအထဲတွင်ဒေါ်ခိုင်မိုးမြင့်မပါပေ။

လူကြီး သူမတွေရှေ့မှာတောင်

ပွတ်သီးပွတ်သပ်နေနေကြသည့် လင်မယားကို

ကြည့်နေရင်းနှင့် မြင်ပြင်းကပ်လာမိသောကြောင့်

ချက်ချင်းလက်ငင်း ချောင့်ဟန့်ပစ်လိုက်သည်။


"အဟင်း..အဟင်း..ကဲ..မေဝိုင်းလေးလည်း

သတိရလာပြီဆိုတော့ မင်းစက်လည်း

အလုပ်သွားတော့လေ..အားလုံး

ကိုယ့်အလုပ်ပြန်လုပ်ကြတာပေါ့.."


"ကျွန်တော်ဒီနေ့ အလုပ်မသွားတော့ဘူး.."


ရုတ်တရက် မင်းစက်၏နှုတ်ကနေ

"အလုပ်မသွားတော့ဘူးဟု.."ပြောသံ

ကြားလိုက်ရ၍ အကုန်လုံးမြေပြိုသလို

အံ့သြထိတ်လန့်သွားကြတော့သည်။


မှူးဆိုရင် "ဗု‌‌ဒ္ဓေါ"ဟုတောင် ရေရွတ်လိုက်မိသည်။

မင်းစက်အာဏာလို နှစ်ဆယ့်လေးနာရီကိုတောင်

အလုပ်လုပ်ရတာ မလောက်ဘူးဟု

ထင်သည့်လူက အခုသူ့မိန်းမကြောင့်

အလုပ်တစ်ရက်ပျက်ပါမည်တဲ့။


ကိုယ့်မောင်မို့ သူဟာအလုပ်လုပ်ရတာကို

ဘယ်လောင် ခရေဇီဖြစ်သလဲသိပ်သိတာ‌ပေါ့။

ကောလဟာလတွေတောင် ရှိသေးတယ်။

မင်းစက်အာဏာဟာ အလုပ်သရဲဖြစ်ကြောင်း

အမှားလုပ်ရင် သည်းမခံနိုင်ကြောင်းနှင့်

အလုပ်ပျက်ရက်ဆိုတာ လုံး၀မရှိသည့် 

စက်ရုပ်လို လူဖြစ်ကြောင်းပေါ့။


အခုတော့ သူ့လမ်းကြောင်းကိုသွေဖီပြီး

အလုပ်တစ်ရက်နားပါမည်တဲ့။

အချိန်ဇယားနဲ့ သွားနေတဲ့သူ့ရဲ့လုပ်ငန်းခွင်ဟာ

သူတစ်ရက် ပျက်လိုက်တာနဲ့နှောက်နှေးမှုတွေ

အများကြီးရှိနိုင်တာကို  မတွေးတော့ဘူးတဲ့လား။


*အံ့ဩစရာပဲ

မင်းစက်အာဏာတစ်ယောက် လုံး၀ရူးသွားရှာပြီ

နယ်နယ်ရရ ရူးတာမဟုတ်ဘူး

*မယားတရူးတာမျိုး..*


အတွင်းစိတ်ထဲမှာတော့ အမျိုးမျိုး

မေးခွန်းထုတ်နေမိပေမဲ့ မှူးအနေနဲ့မေးဖို့

မရဲတရဲ ဖြစ်နေမိချိန် သိချင်လွန်းလို့

တစ်ပိုင်းသေနေပြီဖြစ်သည့် ဖွားဖွားနုကတော့

ကောက်ခါငင်ကာ ထမေးလိုက်တော့သည်။


"ဘာဖြစ်လို့ အလုပ်မသွားတော့တာလဲ.."


"မေတစ်ယောက်လုံး ဒီလောက်ငိုနေတာကို

ကျွန်တော်က ဘယ်လိုစိတ်ချပြီး

အလုပ်သွားနိုင်မှာလဲ.."


သူ့မိန်းမကိုသာ ကြင်နာယုယနေပေမဲ့

အခြားသူတွေကိုတော့ တုံးအောက်ကကျားကြီးလို

‌လေသံမာမာနှင့် ခပ်တိုတိုသာပြန်ပြောလိုက်သည်။

သူ့လေသံကို မကြိုက်တဲ့ဒေါ်ခိုင်မိုးမြင့်ကတော့

အမြင်ကပ်ပြီးရင်း ကပ်လာလေတော့သည်။


"မင်းမိန်းမသတိလစ်တာက ဘယ်လောက်

ကြာလို့လဲဟယ်..အခုပဲပြန်သတိရနေပြီကို

အပိုတွေလုပ်မနေစမ်းပါနဲ့..

ဒီအိမ်မှာ အလုပ်သမားတွေရော

ငါတို့ရော ရှိနေတာပဲကို..အလုပ်ပျက်စရာလား.."


"အန်တီလေးတောင် အဖွားနေမကောင်းရင်

စိတ်မချလို့ ဘယ်မှမသွားနိုင်ဘူးမဟုတ်လား

အခုကျွန်တော်လည်း အဲ့လိုပဲပေါ့.."


"ဟဲ့..အဲ့ဒါကအမေလေ..အမေဆိုတာ

အစားပြန်မရဘူးဟဲ့..နင်ဟာက

ပိုကိုပိုလွန်းတယ်.."


အခြားအဓိပ္ပာယ်တစ်ခုကို ဖော်ဆောင်နေသော

အန်တီလေး၏ ရန်စွယ်ငေါငေါစကားကြောင့်

မင်းစက်တစ်ယောက် ချက်ချင်းဒေါသ

ထွက်လာပြီး အန်တီလေးကိုမီးတောက်တော့မလို

မျက်၀န်းမျိုးနှင့် ကြည့်လိုက်မိလေသည်။


"အန်တီလေးအတွက် အမေဆိုတာ

အစားမထိုးနိုင်သလို..ကျွန်တော့်မိန်းမကလည်း

ကျွန်တော့်ဘ၀အတွက် ဘယ်အရာနဲ့မှ

အစားမထိုးနိုင်လောက်အောင် 

တန်ဖိုးရှိတယ်..

တကယ်လိုသူ့သေသွားရင်တောင်

ကျွန်တော်က..လိုက်သေပြစ်မှာ

ရှင်းပြီလား.."


အော်ထည့်လိုက်သည့် မင်းစက်ကြောင့်

ဒေါ်ခိုင်မိုးမြင့်မှာ မျက်နှာကိုလေပွေ

တိုက်ချလိုက်သလို ခံစားလိုက်ရပြီး

မျက်နှာတစ်ခြမ်းတောင် ရွဲ့သွားမလားမှတ်ရတယ်။


နဂိုကမှ မာန်မာနခပ်ကြီးကြီးမိန်းမမို့

တူဖြစ်သူက နဲနဲလေးမှအထိမခံပဲ

ပြန်ခံပြောလာသည့်အခါ အသဲအူပြတ်မတတ်

ဒေါသချောင်းချောင်း ထွက်လာလေသည်။


ချက်ဆိုနားခွက်က မီးတောက်သည့်

ဒေါ်ရတနာကတော့ ပြဿနာအကြီးကြီး

တတ်တော့မည်ကို ကြိုမြင်နေ၍ 

၀င်တားရလေတော့သည်။


"မမရယ်..သူလည်းသူ့မိန်းမကို စိတ်ပူပြီး

သောကဖြစ်နေတာပါ..ကလေးတွေကို

နားလည်ပေးလိုက်ပါဟာနော်..

လာပါ အပြင်ထွက်ရအောင်.."


ဒေါ်ရတနာက သူ့အစ်မကိုဆွဲခေါ်သွားသည့်

အချိန်မှာ ဝိုင်းလေးကတော့ ကိုယ့်ကြောင့်

ပြဿနာတွေဖြစ်နေ၍ အပြစ်မကင်းသလို

ခံစားလိုက်ရသည်။

ထို့ကြောင့် ကိုကို့ရဲ့လက်မောင်းကို

ဆုပ်ကိုင်လိုက်ကာ နားချဖို့ကြိုးစားလိုက်သည်။


"ကိုစက်..ဝိုင်းလေးကိုစိတ်မပူပါနဲ့တော့နော်

ဝိုင်းလေးဘာမှမဖြစ်ပါဘူး..

စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်သွားလို့ရပါတယ်."


"မသွားဘူးကွာ..မေ့ကိုဆေးရုံမှာ

တစ်ကိုယ်လုံးစစ်ဆေးကြည့်ခိုင်းမလို့

ဒါကြောင့် ဒီနေ့တော့မသွားတော့ဘူး.."


အလွန်တည်လွန်းနေသော သူ့မျက်နှာက

ဆုံးဖြတ်ချက်ကို ပြန်မပြင်တော့ဘူးဟု

ကြော်ငြာနေသလို ဖြစ်နေ၍ဝိုင်းလေးလည်း

ဘာမှ ထပ်မပြောရဲတော့ပေ။


ထိုစဉ်မှာ အိပ်ခန်းထဲသို့ လူနှစ်ယောက်က

အလောတကြီး ၀င်ရောက်လာကြလေသည်။

မင်းစက်တို့လည်း ခြေသံကြား၍

လှမ်းကြည့်လိုက်မိကြတော့ ဖိုးသားဆိုသည့်

ကောင်လေးက အရှေ့မှာရပ်နေပြီး

သူ့နောက်တွင်တော့ မင်းစက်အာဏာ၏

လက်ထောက် ကောင်းသန့်ကရပ်ကြည့်နေလေသည်။


"ရပြီ..ညီလေးသွားလို့ရပြီနော်.."


"ဟုတ်ကဲ့ပါအစ်ကို.."


မင်းစက်အာဏာရှိသည့်နေရာသို့ ခေါ်လာပေးသည့်

ဖိုးသားကို ကောင်းသန့်ကပြန်လွှတ်လိုက်ပြီးနောက်

အခန်းထဲမှာ ဘာတွေဖြစ်နေကြသလဲ 

အကဲခတ်မအားတော့ပဲ သူ့ဆရာဆီသို့သာ

မြန်မြန် လျှောက်လာလေတော့သည်။

သူ့မျက်နှာအမူအရာကတော့ မိုးပြိုတော့မှာကို

ကြောက်နေသည့် တစ်တီတူးကဲ့သို့ 

ဖြစ်‌နေလေသည်။


"ငါ့အိမ်အထိတောင် ရောက်လာတယ်ဆိုတော့

ဘာတွေအဲ့လောက် အရေးကြီးနေလို့လဲ.."


"သေရေးရှင်ရေးတမျှကို အရေးကြီးနေလို့ပေါ့

ဆရာရယ်.."


"ဘာ.."


"ဟုတ်တယ်ဆရာ..ဥက္ကဌကြီးပြန်ရောက်နေပြီ..

ပြန်ရောက်ရောက်ခြင်း ကုမ္ပဏီမှာ

ရှယ်ရာရှင်တွေအားလုံးကို ခေါ်ပြီး

အစည်းအဝေးလုပ်နေတယ်..ဆရာ့ကိုတောင်

အလုပ်နောက်ကျလို့ဆိုပြီး ဆူနေသေးတယ်.."


"နေအုံး..အစည်းအဝေးလုပ်တယ်ဟုတ်လား..

ဘာအတွက်လည်း..သူကအခုမှပြန်ရောက်လာပြီး

ဘာလုပ်ချင်နေတာလဲ.."


"အဲ့တာတော့ ကျွန်တော်လည်းမသိဘူးလေ..

ဆရာ့ကိုမနက်တည်းက ကျွန်တော်ဖုန်းခေါ်နေတာ

ဆရာက မကိုင်တော့ချက်ချင်းလိုက်လာရတာပေါ့"


"မဆိုးပါဘူး..မင်းသစ္စာရှိသားပဲ.."


"..ကျွန်တော်က

ဆရာ့နောက်ကိုပဲ အမြဲလိုက်နေတဲ့အတွက်

ဆရာ့အပေါ်မှာပဲ သစ္စာစောင့်သိပြီး

အလုပ်လုပ်ချင်တာပါ..အခုကျွန်တော်တို့

ဘာဆက်လုပ်ကြမလဲ.."


"ဘာလုပ်ရမှာလဲ..ဂူတစ်ဂူထဲမှာ

ခြင်္သေ့နှစ်ကောင်မအောင်းဘူးဆိုတာ

သိအောင် လုပ်ပြရမှာပေါ့.."


"ဟာ..ဖြစ်ပါ့မလား..အဲ့ဒါဆရာ့အဖေလေ.."


ဥက္ကဌကြီးဆိုတာ KGလုပ်ငန်း၏မူလပဲ့ကိုင်ရှင်

ဦးသူရမင်းခေါင်ဖြစ်ပြီး ဆရာ့အဖေ

အရင်းခေါက်ခေါက်ဖြစ်သည်။


ဒါပေမဲ့ အခုဆရာ့ပုံစံက သူ့စားခွက်ကို

လုယူဖို့ကြိုးစားနေသူကို အမဲဖြတ်ဖို့

အသင့်အနေအထား ရှိနေဟန်မျိုးနှင့်

မဲ့ပြုံးပြုံးလိုက်တာကို တွေ့လိုက်ရသည်။


"စီးပွားရေးလောကမှာ သားအဖဆက်ဆံရေးဆိုတာ

ဒုတိယနေရာမှာပဲရှိတယ်..ဦးသူစားမှာပဲ

အဲ့လိုစိတ်မျိုးထားတတ်အောင်လည်း

သူပဲ ငါ့ကိုသင်ပေးခဲ့တာလေ.."


ထိုစကားကို ပြောသည့်အချိန်၌ မင်းစက်၏

မျက်နှာသည် မှောင်မှိုင်းကာခက်ထန်နေခဲ့ပေမဲ့

မေဝိုင်းလေး၏အရိပ်ကလေးက 

သူ့မျက်လုံးထဲကို ၀င်လာသည့်အခါမှာတော့

ချက်ချင်းကို နူးညံ့ပျော့ပြောင်းသွားလေသည်။


"မေ..ကိုယ်ကုမ္ပဏီကို ခဏသွားလိုက်အုံးမယ်

ပြန်လာမှ ဆေးရုံကိုသွားကြတာပေါ့.."


"အင်းပါ..ပြဿနာတွေဘာတွေတော့

မဖြစ်စေနဲ့နော်..ကိုယ့်ကိုကိုယ်ဂရုစိုက်.."


"ကိုယ့်အတွက် စိတ်ပူနေတာလား.."


"စိတ်မပူလို့ရမလား..ရှင်ကအမြဲပြဿနာ

ရှာချင်နေတာကို.."


"အဟင်း..ဟုတ်ပါပြီကွာ..ကိုယ်လိမ္မာပါ့မယ်..

ကိုယ်သွားပြီနော်.."


မသွားခင်သူ့မိန်းမ၏နဖူးကို

 အကြင်နာပေးလိုက်သေးသည့် မင်းစက်ကို

သူ့တပည့်ကောင်းသန့်ကတော့ စိတ်ထဲမှ

ချီးကျူးနေမိလေသည်။


*တို့ဆရာသမား..တတ်လည်းတတ်နိုင်ပါရဲ့

ဘယ်သူ့ကို နူးညံ့ပြပြီး၊ ဘယ်သူ့ကို

မာန်ဖီပြရမလဲဆိုတာ တကယ်ကို

ကောင်းကောင်းသိတဲ့လူပါပဲ...

မိန်းမရှေ့မှာတော့ ၀တ်ဖြူစင်ကြယ်

၀တ်ထားသလို ဖြူစင်ပြနေလိုက်တာ

တကယ့်တကယ်မှာတော့ ဖအေကိုတောင်

စီးပွားရေးနဲ့ပတ်သတ်ရင် မညှာတာတတ်သည့်

မြေခွေးအိုကြီးစစ်ဖြစ်နေတာပါလား..*


အခန်း(၄၇)ဆက်ရန်...


စာရေးသူ..ဆောင်းငွေ့ဝေ


💘💘👍💘💘💘💘💘


မျက်နှာနှစ်ဖက်နဲ့ အမောင်မင်းစက်


===========================================

=========================================


အခန္း(၄၆)


💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘



လူတစ္ေယာက္ဟာ သူ႔ဘ၀မွာဘယ္လိုမွ


လြတ္ေျမာက္လမ္းမရွိေတာ့တဲ့အခါ 


ေၾကာက္စိတ္၀င္လာတတ္တယ္။


လူတစ္ခ်ိဳ႕အတြက္ေတာ့ ထိုေၾကာက္စိတ္ဟာ


စိတ္ဒဏ္ရာတစ္ခုအျဖစ္ အျမႇစ္တြယ္သြားၿပီး


တိုက္ဆိုင္တဲ့အခ်ိန္တိုင္းမွာ ျပန္ေပၚလာတတ္တယ္။



တစ္ခ်ိဳ႕ေတြဟာ အျမင့္ေၾကာက္ၾကၿပီး


အခ်ိဳ႕လူမ်ားကေတာ့ ကိုယ့္ကိုအႏၲရာယ္


မျပဳႏိုင္သည့္  သတၱဝါေသးေသးေလးေတြကိုေတာင္ ေၾကာက္တတ္ၾကပါေသးတယ္။



ဝိုင္းေလးကေတာ့ အေမွာင္ထုကို


ေၾကာက္႐ြံ႕သူတစ္‌ေယာက္ျဖစ္ၿပီး ယခုလည္း


အေမွာင္ထုထဲတြင္ ေခြၽးသံတ႐ႊဲ႐ႊဲႏွင့္


ေျပးလႊားေနမိသည္။


ေနာက္ကေန ေၾကာက္စရာသတၱဝါႀကီး


လိုက္လာသကဲ့သို႔ အားအင္ကုန္ခန္းသည္အထိ


ဦးတည္ရာမရွိ ေျပးလႊားေနမိေလသည္။



ဝိုင္းေလးအမွန္တကယ္ ေၾကာက္႐ြံ႕ေနတာဟာ


အေမွာင္ထုကိုလား.။


မဟုတ္ဘူး..အေမွာင္ထုကိုအသုံးခ်ၿပီး


ဝိုင္းေလးကို အမဲလိုက္ေနသည့္ ထိုေၾကာက္စရာ


သတၱဝါႀကီးကို ေၾကာက္တာပါ..။



ဟုတ္တယ္..အေမွာင္ထဲကိုေရာက္သြားတိုင္း


ထိုသတၱဝါႀကီးက ဝိုင္းေလးရဲ႕တစ္ကိုယ္လုံးကို


လႊမ္းၿခဳံသြားသလို ခံစားရတာေၾကာင့္


အေမွာင္ထုကို ေသေလာက္ေအာင္ေၾကာက္တယ္။



အထူးသျဖင့္ လျပည့္ညေတြမွာေပါ့။


‌ဝိုင္းေလးရဲ႕ဘ၀မွာ ဘယ္ေသာအခါမွ


ေမ့လို႔မရတဲ့ ကံၾကမၼာဆိုးႀကီးက 


လျပည့္ညတစ္ညမွာ ျဖစ္ပ်က္ခဲ့တာ။



လျပည့္ညေရာက္တိုင္းမွာ စိတ္ေဝဒနာသည္


အ႐ူးတစ္ေယာက္လိုကို ေၾကာက္႐ြံ႕


ထိတ္လန႔္ေနခဲ့ရတဲ့ ရက္ေတြဟာမနည္းေတာ့ဘူး။


တကယ္ကို အဆုံးသတ္ခ်င္မိပါၿပီ။


ဒီစိတ္ေဝဒနာႀကီးကေန ေဝးရာဆီကို


ထြက္ေျပးခ်င္တယ္..။



ဒါေပမဲ့ အဲ့ဒီ့နာက်င္မႈေဝဒနာႀကီးက


စိတ္ရဲ႕အတြင္းနံရံမွာ ခိုကပ္ေနေတာ့


ဘယ္လိုဖယ္ထုတ္ထုတ္မရဘူးျဖစ္ေနတယ္။


စိတ္ပညာဆရာ၀န္ေျပာတာေတာ့ 


ဝိုင္းေလးကိုယ္တိုင္က ထိုျဖစ္ရပ္ဆိုးႀကီးကို


လႊတ္မခ်ႏိုင္လို႔သာ ဒီေဝဒနာေတြက 


မေပ်ာက္ႏိုင္တာတဲ့ေလ့..။



တရားထိုင္ၾကည့္တယ္..။


စိတ္ေျပလက္ေပ်ာက္ ခရီးေတြထြက္ၾကည့္တယ္။


ပုံမွန္အခ်ိန္မွာ ေပ်ာ္႐ႊင္ေနႏိုင္ေပမဲ့


လျပည့္ညေရာက္လာတိုင္းမွာ အ႐ူးတစ္ေယာက္လို


ေၾကာက္႐ြံ႕ေနမိတုန္းပဲ..။


ဝိုင္းေလးရဲ႕ စိတ္ဒဏ္ရာေတြကိုခ်ဳပ္ကိုင္ထားတဲ့


ထိုသတၱဝါႀကီးကို မုန္းတယ္၊႐ြံတယ္။



အခုလည္း အေမွာင္ထုထဲမွာ ေျပးလႊားေနမိရင္း


မတတ္ႏိုင္ေတာ့ပဲ ေမွာက္လွ်က္


လဲက်သြားေတာ့တယ္။


ဝိုင္းေလးရဲ႕ ခႏၶာကိုယ္ေပၚမွာ အေလးတုံးႀကီးနဲ႔


ဖိထားသလိုျဖစ္ေနတဲ့ ထိုသတၱဝါႀကီးဟာ


ဘယ္သူဘယ္ဝါလည္း ဝိုင္းေလးမသိဘူး။


ဒါေပမဲ့ သူ႔အသံကိုေတာ့ ေကာင္းေကာင္း


မွတ္မိတယ္။



အသံႀကီးက ေလးပင္ေနၿပီး အင္မတန္


ေၾကာက္စရာေကာင္းတယ္။


ထုံးစံအတိုင္း မ်က္ရည္ကိုသာအေဖာ္ျပဳႏိုင္တဲ့


ဘ၀မို႔ ေအာ္ဟစ္ငိုယိုမိရင္းမွ ထိုေန႔က


အျဖစ္အပ်က္အတိုင္း အေမႏွင့္အေဖ့ကို


တမ္းတေနမိေလသည္။



"ဟဲ့..ဝိုင္းေလးသတိရလာၿပီ..."



အိပ္မက္ေယာင္သလို လက္ေတြကိုဆန႔္တန္းၿပီး


ငိုညီးလာသည့္ ေမဝိုင္းေလး၏အသံေၾကာင့္


အခန္းထဲရွိ လူအားလုံးအထိတ္ထိတ္အျပာျပာ


ျဖစ္သြားၾကေလသည္။



ဝိုင္းေလးကေတာ့ မ်က္ရည္ေလးမ်ား


႐ႊဲနစ္ေနေသာ မ်က္၀န္းေလးေတြကို


ဖြင့္ၾကည့္လိုက္မိေတာ့ အိပ္မက္ထဲမွာလို


ေမွာင္မဲမေနပဲ ပတ္၀န္းက်င္တစ္ခုလုံး


လင္းထိန္ေနသည္ကို ေတြ႕လိုက္ရ၍


အတိုင္းအဆမဲ့ ၀မ္းသာသြားမိေလသည္။



ပတ္၀န္းက်င္ကို စူးစမ္းၾကည့္လိုက္ေတာ့မွ


ဝိုင္းေလး၏ကုတင္ေပၚတြင္


အိမ္သားေတြ အကုန္နီးပါးထိုင္ၿပီး


စိုးရိမ္တႀကီးျဖစ္ေနၾကတာကို ေတြ႕လိုက္ရသည္။


ဖြားဖြားႏုကေတာင္ ဝွီးခ်ဲေလးႏွင့္


 ကုတင္ေျခရင္းဘက္မွ စိုက္ၾကည့္ေနေလသည္။



"ေမ..သက္သာရဲ႕လား..ေခါင္းေတြဘာေတြ


ကိုက္ေနလား.."



ဝိုင္းေလး၏ လက္ကေလးႏွစ္ဖက္ကို


ကိုင္ထားေပးကာ စိုးရိမ္တႀကီးေမးလာေသာ


ကိုကို႔မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့


ေၾကာက္စိတ္ေတြ အေဝးသို႔လႊင့္ပ်ံထြက္သြားသလို


ခံစားလိုက္ရသည္။



သူ႔ရဲ႕ေႏြးေထြးတဲ့ အျပဳအမူေတြေၾကာင့္


စိတ္လုံၿခဳံလာသလိုပဲ။


ခုဏက အေမွာင္ထုထဲမွာေၾကာက္႐ြံ႕ေနသည့္


အခ်ိန္ကေန လြတ္ေျမာက္ၿပီး ကိုကို႔ဆီ


ျပန္လာခြင့္ရခဲ့တဲ့အတြက္ မ်က္ရည္ေတြ


ပိုးပိုးေပါက္ေပါက္ က်လာခဲ့ကာ


သူ႔ရင္ခြင့္က်ယ္ႀကီးထဲသို႔ ျပစ္၀င္လိုက္ၿပီး


သူ႔ခါးကိုသာ တင္းၾကပ္စြာဖက္ထားလိုက္မိသည္။



"တစ္ခုခု စိတ္မသက္မသာခံစားေနရလို႔လား


ေနမေကာင္းခ်င္သလို ျဖစ္ေနတာလား.."



"ဝိုင္းေလးအရမ္းေၾကာက္တာပဲ


အေမွာင္ထဲမွာ ပိတ္မိေနၿပီးဘယ္ေတာ့မွ


ျပန္မထြက္လာႏိုင္ေတာ့ဘူးလို႔ ထင္လိုက္မိတာ.."



"အိပ္မက္ဆိုးမက္တာပါကြာ ဘာမွမျဖစ္ပါဘူး


ကိုကိုတစ္ေယာက္လုံး ရွိေနတဲ့ဥစၥာ..


ဘာကိုမွ ေၾကာက္စရာမလိုဘူး.."



သူ႔ရင္ခြင္က်ယ္ႀကီးတစ္ခုလုံးကို


ဝိုင္းေလးတစ္ေယာက္တည္း 


အပိုင္သိမ္းထားကာ ခ်ဳံးပြဲခ်ငိုေနမိေပမဲ့


သူကေတာ့ ခ်ိဳသည္ခါးသည္တစ္ခြန္းမွ


မေျပာပဲ လက္တစ္ဖက္က ဝိုင္းေလး၏


ခါးသိမ္သိမ္ေလးကို ခပ္ဖြဖြဖက္ထားေပးရင္း


က်န္လက္တစ္ဖက္ကေတာ့ ဝိုင္းေလး၏


ဦးေခါင္းေလးအား ကေလးတစ္ေယာက္သဖြယ္


ပြတ္သပ္၍ ေခ်ာ့ျမဴေပးလာခဲ့သည္။



ထိုအျဖစ္အပ်က္ကို ပါးစပ္ႀကီးေတြဟ၊


မ်က္လုံးမ်က္ဆံေတြ ျပဴးက်ယ္ၿပီးမယုံႏိုင္စြာ


ၾကည့္ေနသူေတြကေတာ့ ေဒၚရတနာ၊


အိမ္ခ်စ္မႉးေဝ၊ဖြားဖြားႏုႏွင့္ ‌ေဒၚခိုင္မိုးျမင့္တို႔


ျဖစ္ေလသည္။



မႉးကေတာ့ သူ႔အေမ၏ပခုံးကို တိုက္ပလိုက္ကာ


ေပြ႕ဖက္၍ ႏွစ္သိမ့္ေပးေနၾကေသာ


ဇနီးေမာင္ႏွံအား လက္ညႇိဳးတထိုးထိုး


လုပ္ေနမိေလသည္။



ေဒါရတနာထိုက္လည္း မ်က္စိအျမင္ေတြ


ဘာေတြမ်ား မွားသလားဟု မ်က္မွန္ကိုခြၽတ္ၿပီး


ကိုယ့္သားလင္မယားကို အထူးအဆန္းႀကီးသဖြယ္


စုန္ခ်ည္ဆန္ခ်ည္ ၾကည့္ေနမိတာမွာ


မ်က္လုံးေတြေတာင္ ျပဴးထြက္လာေတာ့မတတ္ပဲ။


* ျမင္းမိုလ္ေတာင္ႀကီးကို


ျမင္လိုက္ရသလို ထူးဆန္းေနမိတာ..*



တစ္လတိတိ ခရီးထြက္သြားတုန္းကေတာ့


အိမ္ကမိန္းမကို ဖုန္းတစ္ခ်က္ေတာင္မဆက္ပဲ


အဆက္အသြယ္ျဖတ္ထားသည့္ သားျဖစ္သူဟာ


မေန႔က ေမဝိုင္းေလးဘက္မွကြာရွင္းခ်င္ေၾကာင္း


ဖုန္းဆက္ကာ ႀကိမ္းလိုက္ၿပီးေနာက္


ဒီေန႔မွာ မိန္းမနားတပူးပူးတကပ္ကပ္ႏွင့္


ခြာမရတာ့ေပ။



ပိုထူးဆန္းတာက ေမဝိုင္းေလးပဲ။


မေန႔က သူ႔အေမဖုန္းဆက္ေတာ့ သူ႔သမီးဟာ


ကိုစက္နဲ႔ ကြာရွင္းမယ္တကဲကဲဆိုပဲ။


အခုၾကေတာ့..သတိလစ္ၿပီးျပန္ထလာတာနဲ႔


 လင္ေတာ္ကို တန္းဖက္ေတာ့တာပဲ။



*ဒင္းတို႔ႏွစ္ေယာက္က ငါတို႔ကိုေတာင္


ရွိတယ္လို႔ ထင္ေသးရဲ႕လားမသိဘူး..*



အေမဆိုရင္ ေမဝိုင္းေလးေမ့လဲတယ္လည္း


ၾကားေရာ ေအာက္ထပ္ကိုခ်က္ခ်င္း ဝွီးခ်ဲနဲ႔


ဆင္းလာခဲ့ရတာ။



ေဒၚရတနာလည္း ဝွီးခ်ဲေပၚကေန ဟိုလင္မယားကို


လည္တဆန႔္ဆန႔္လုပ္ရင္း အကဲခတ္ေနေသာ


အေမ့ကို ၾကည့္လိုက္ေတာ့ အေမ့မ်က္ႏွာက


ဘီလူးသံပုရာသီးစားေနသလို 


ခ်ဥ္ၿပဳံးခ်ဥ္ၿပဳံး႐ုပ္ႀကီးျဖစ္ေနသည္။



အားလုံးက ႐ုတ္တရက္ေျပာင္းလဲသြားတဲ့


အေျခအေနအေပၚမွာ အံ့ဩေနၾကေပမဲ့


ဘာေႏွာက္ယွက္မႈမ်ိဳးမွ မလုပ္မိေအာင္


ေနၾကေလသည္။



သို႔ေပမဲ့ ထိုအထဲတြင္ေဒၚခိုင္မိုးျမင့္မပါေပ။


လူႀကီး သူမေတြေရွ႕မွာေတာင္


ပြတ္သီးပြတ္သပ္ေနေနၾကသည့္ လင္မယားကို


ၾကည့္ေနရင္းႏွင့္ ျမင္ျပင္းကပ္လာမိေသာေၾကာင့္


ခ်က္ခ်င္းလက္ငင္း ေခ်ာင့္ဟန႔္ပစ္လိုက္သည္။



"အဟင္း..အဟင္း..ကဲ..ေမဝိုင္းေလးလည္း


သတိရလာၿပီဆိုေတာ့ မင္းစက္လည္း


အလုပ္သြားေတာ့ေလ..အားလုံး


ကိုယ့္အလုပ္ျပန္လုပ္ၾကတာေပါ့.."



"ကြၽန္ေတာ္ဒီေန႔ အလုပ္မသြားေတာ့ဘူး.."



႐ုတ္တရက္ မင္းစက္၏ႏႈတ္ကေန


"အလုပ္မသြားေတာ့ဘူးဟု.."ေျပာသံ


ၾကားလိုက္ရ၍ အကုန္လုံးေျမၿပိဳသလို


အံ့ၾသထိတ္လန႔္သြားၾကေတာ့သည္။



မႉးဆိုရင္ "ဗု‌‌ေဒၶါ"ဟုေတာင္ ေရ႐ြတ္လိုက္မိသည္။


မင္းစက္အာဏာလို ႏွစ္ဆယ့္ေလးနာရီကိုေတာင္


အလုပ္လုပ္ရတာ မေလာက္ဘူးဟု


ထင္သည့္လူက အခုသူ႔မိန္းမေၾကာင့္


အလုပ္တစ္ရက္ပ်က္ပါမည္တဲ့။



ကိုယ့္ေမာင္မို႔ သူဟာအလုပ္လုပ္ရတာကို


ဘယ္ေလာင္ ခေရဇီျဖစ္သလဲသိပ္သိတာ‌ေပါ့။


ေကာလဟာလေတြေတာင္ ရွိေသးတယ္။


မင္းစက္အာဏာဟာ အလုပ္သရဲျဖစ္ေၾကာင္း


အမွားလုပ္ရင္ သည္းမခံႏိုင္ေၾကာင္းႏွင့္


အလုပ္ပ်က္ရက္ဆိုတာ လုံး၀မရွိသည့္ 


စက္႐ုပ္လို လူျဖစ္ေၾကာင္းေပါ့။



အခုေတာ့ သူ႔လမ္းေၾကာင္းကိုေသြဖီၿပီး


အလုပ္တစ္ရက္နားပါမည္တဲ့။


အခ်ိန္ဇယားနဲ႔ သြားေနတဲ့သူ႔ရဲ႕လုပ္ငန္းခြင္ဟာ


သူတစ္ရက္ ပ်က္လိုက္တာနဲ႔ေႏွာက္ေႏွးမႈေတြ


အမ်ားႀကီးရွိႏိုင္တာကို  မေတြးေတာ့ဘူးတဲ့လား။



*အံ့ဩစရာပဲ


မင္းစက္အာဏာတစ္ေယာက္ လုံး၀႐ူးသြားရွာၿပီ


နယ္နယ္ရရ ႐ူးတာမဟုတ္ဘူး


*မယားတ႐ူးတာမ်ိဳး..*



အတြင္းစိတ္ထဲမွာေတာ့ အမ်ိဳးမ်ိဳး


ေမးခြန္းထုတ္ေနမိေပမဲ့ မႉးအေနနဲ႔ေမးဖို႔


မရဲတရဲ ျဖစ္ေနမိခ်ိန္ သိခ်င္လြန္းလို႔


တစ္ပိုင္းေသေနၿပီျဖစ္သည့္ ဖြားဖြားႏုကေတာ့


ေကာက္ခါငင္ကာ ထေမးလိုက္ေတာ့သည္။



"ဘာျဖစ္လို႔ အလုပ္မသြားေတာ့တာလဲ.."



"ေမတစ္ေယာက္လုံး ဒီေလာက္ငိုေနတာကို


ကြၽန္ေတာ္က ဘယ္လိုစိတ္ခ်ၿပီး


အလုပ္သြားႏိုင္မွာလဲ.."



သူ႔မိန္းမကိုသာ ၾကင္နာယုယေနေပမဲ့


အျခားသူေတြကိုေတာ့ တုံးေအာက္ကက်ားႀကီးလို


‌ေလသံမာမာႏွင့္ ခပ္တိုတိုသာျပန္ေျပာလိုက္သည္။


သူ႔ေလသံကို မႀကိဳက္တဲ့ေဒၚခိုင္မိုးျမင့္ကေတာ့


အျမင္ကပ္ၿပီးရင္း ကပ္လာေလေတာ့သည္။



"မင္းမိန္းမသတိလစ္တာက ဘယ္ေလာက္


ၾကာလို႔လဲဟယ္..အခုပဲျပန္သတိရေနၿပီကို


အပိုေတြလုပ္မေနစမ္းပါနဲ႔..


ဒီအိမ္မွာ အလုပ္သမားေတြေရာ


ငါတို႔ေရာ ရွိေနတာပဲကို..အလုပ္ပ်က္စရာလား.."



"အန္တီေလးေတာင္ အဖြားေနမေကာင္းရင္


စိတ္မခ်လို႔ ဘယ္မွမသြားႏိုင္ဘူးမဟုတ္လား


အခုကြၽန္ေတာ္လည္း အဲ့လိုပဲေပါ့.."



"ဟဲ့..အဲ့ဒါကအေမေလ..အေမဆိုတာ


အစားျပန္မရဘူးဟဲ့..နင္ဟာက


ပိုကိုပိုလြန္းတယ္.."



အျခားအဓိပၸာယ္တစ္ခုကို ေဖာ္ေဆာင္ေနေသာ


အန္တီေလး၏ ရန္စြယ္ေငါေငါစကားေၾကာင့္


မင္းစက္တစ္ေယာက္ ခ်က္ခ်င္းေဒါသ


ထြက္လာၿပီး အန္တီေလးကိုမီးေတာက္ေတာ့မလို


မ်က္၀န္းမ်ိဳးႏွင့္ ၾကည့္လိုက္မိေလသည္။



"အန္တီေလးအတြက္ အေမဆိုတာ


အစားမထိုးႏိုင္သလို..ကြၽန္ေတာ့္မိန္းမကလည္း


ကြၽန္ေတာ့္ဘ၀အတြက္ ဘယ္အရာနဲ႔မွ


အစားမထိုးႏိုင္ေလာက္ေအာင္ 


တန္ဖိုးရွိတယ္..


တကယ္လိုသူ႔ေသသြားရင္ေတာင္


ကြၽန္ေတာ္က..လိုက္ေသျပစ္မွာ


ရွင္းၿပီလား.."



ေအာ္ထည့္လိုက္သည့္ မင္းစက္ေၾကာင့္


ေဒၚခိုင္မိုးျမင့္မွာ မ်က္ႏွာကိုေလေပြ


တိုက္ခ်လိုက္သလို ခံစားလိုက္ရၿပီး


မ်က္ႏွာတစ္ျခမ္းေတာင္ ႐ြဲ႕သြားမလားမွတ္ရတယ္။



နဂိုကမွ မာန္မာနခပ္ႀကီးႀကီးမိန္းမမို႔


တူျဖစ္သူက နဲနဲေလးမွအထိမခံပဲ


ျပန္ခံေျပာလာသည့္အခါ အသဲအူျပတ္မတတ္


ေဒါသေခ်ာင္းေခ်ာင္း ထြက္လာေလသည္။



ခ်က္ဆိုနားခြက္က မီးေတာက္သည့္


ေဒၚရတနာကေတာ့ ျပႆနာအႀကီးႀကီး


တတ္ေတာ့မည္ကို ႀကိဳျမင္ေန၍ 


၀င္တားရေလေတာ့သည္။



"မမရယ္..သူလည္းသူ႔မိန္းမကို စိတ္ပူၿပီး


ေသာကျဖစ္ေနတာပါ..ကေလးေတြကို


နားလည္ေပးလိုက္ပါဟာေနာ္..


လာပါ အျပင္ထြက္ရေအာင္.."



ေဒၚရတနာက သူ႔အစ္မကိုဆြဲေခၚသြားသည့္


အခ်ိန္မွာ ဝိုင္းေလးကေတာ့ ကိုယ့္ေၾကာင့္


ျပႆနာေတြျဖစ္ေန၍ အျပစ္မကင္းသလို


ခံစားလိုက္ရသည္။


ထို႔ေၾကာင့္ ကိုကို႔ရဲ႕လက္ေမာင္းကို


ဆုပ္ကိုင္လိုက္ကာ နားခ်ဖို႔ႀကိဳးစားလိုက္သည္။



"ကိုစက္..ဝိုင္းေလးကိုစိတ္မပူပါနဲ႔ေတာ့ေနာ္


ဝိုင္းေလးဘာမွမျဖစ္ပါဘူး..


စိတ္ေျဖာင့္ေျဖာင့္နဲ႔ အလုပ္သြားလို႔ရပါတယ္."



"မသြားဘူးကြာ..ေမ့ကိုေဆး႐ုံမွာ


တစ္ကိုယ္လုံးစစ္ေဆးၾကည့္ခိုင္းမလို႔


ဒါေၾကာင့္ ဒီေန႔ေတာ့မသြားေတာ့ဘူး.."



အလြန္တည္လြန္းေနေသာ သူ႔မ်က္ႏွာက


ဆုံးျဖတ္ခ်က္ကို ျပန္မျပင္ေတာ့ဘူးဟု


ေၾကာ္ျငာေနသလို ျဖစ္ေန၍ဝိုင္းေလးလည္း


ဘာမွ ထပ္မေျပာရဲေတာ့ေပ။



ထိုစဥ္မွာ အိပ္ခန္းထဲသို႔ လူႏွစ္ေယာက္က


အေလာတႀကီး ၀င္ေရာက္လာၾကေလသည္။


မင္းစက္တို႔လည္း ေျခသံၾကား၍


လွမ္းၾကည့္လိုက္မိၾကေတာ့ ဖိုးသားဆိုသည့္


ေကာင္ေလးက အေရွ႕မွာရပ္ေနၿပီး


သူ႔ေနာက္တြင္ေတာ့ မင္းစက္အာဏာ၏


လက္ေထာက္ ေကာင္းသန႔္ကရပ္ၾကည့္ေနေလသည္။



"ရၿပီ..ညီေလးသြားလို႔ရၿပီေနာ္.."



"ဟုတ္ကဲ့ပါအစ္ကို.."



မင္းစက္အာဏာရွိသည့္ေနရာသို႔ ေခၚလာေပးသည့္


ဖိုးသားကို ေကာင္းသန႔္ကျပန္လႊတ္လိုက္ၿပီးေနာက္


အခန္းထဲမွာ ဘာေတြျဖစ္ေနၾကသလဲ 


အကဲခတ္မအားေတာ့ပဲ သူ႔ဆရာဆီသို႔သာ


ျမန္ျမန္ ေလွ်ာက္လာေလေတာ့သည္။


သူ႔မ်က္ႏွာအမူအရာကေတာ့ မိုးၿပိဳေတာ့မွာကို


ေၾကာက္ေနသည့္ တစ္တီတူးကဲ့သို႔ 


ျဖစ္‌ေနေလသည္။



"ငါ့အိမ္အထိေတာင္ ေရာက္လာတယ္ဆိုေတာ့


ဘာေတြအဲ့ေလာက္ အေရးႀကီးေနလို႔လဲ.."



"ေသေရးရွင္ေရးတမွ်ကို အေရးႀကီးေနလို႔ေပါ့


ဆရာရယ္.."



"ဘာ.."



"ဟုတ္တယ္ဆရာ..ဥကၠဌႀကီးျပန္ေရာက္ေနၿပီ..


ျပန္ေရာက္ေရာက္ျခင္း ကုမၸဏီမွာ


ရွယ္ရာရွင္ေတြအားလုံးကို ေခၚၿပီး


အစည္းအေဝးလုပ္ေနတယ္..ဆရာ့ကိုေတာင္


အလုပ္ေနာက္က်လို႔ဆိုၿပီး ဆူေနေသးတယ္.."



"ေနအုံး..အစည္းအေဝးလုပ္တယ္ဟုတ္လား..


ဘာအတြက္လည္း..သူကအခုမွျပန္ေရာက္လာၿပီး


ဘာလုပ္ခ်င္ေနတာလဲ.."



"အဲ့တာေတာ့ ကြၽန္ေတာ္လည္းမသိဘူးေလ..


ဆရာ့ကိုမနက္တည္းက ကြၽန္ေတာ္ဖုန္းေခၚေနတာ


ဆရာက မကိုင္ေတာ့ခ်က္ခ်င္းလိုက္လာရတာေပါ့"



"မဆိုးပါဘူး..မင္းသစၥာရွိသားပဲ.."



"..ကြၽန္ေတာ္က


ဆရာ့ေနာက္ကိုပဲ အၿမဲလိုက္ေနတဲ့အတြက္


ဆရာ့အေပၚမွာပဲ သစၥာေစာင့္သိၿပီး


အလုပ္လုပ္ခ်င္တာပါ..အခုကြၽန္ေတာ္တို႔


ဘာဆက္လုပ္ၾကမလဲ.."



"ဘာလုပ္ရမွာလဲ..ဂူတစ္ဂူထဲမွာ


ျခေသၤ့ႏွစ္ေကာင္မေအာင္းဘူးဆိုတာ


သိေအာင္ လုပ္ျပရမွာေပါ့.."



"ဟာ..ျဖစ္ပါ့မလား..အဲ့ဒါဆရာ့အေဖေလ.."



ဥကၠဌႀကီးဆိုတာ KGလုပ္ငန္း၏မူလပဲ့ကိုင္ရွင္


ဦးသူရမင္းေခါင္ျဖစ္ၿပီး ဆရာ့အေဖ


အရင္းေခါက္ေခါက္ျဖစ္သည္။



ဒါေပမဲ့ အခုဆရာ့ပုံစံက သူ႔စားခြက္ကို


လုယူဖို႔ႀကိဳးစားေနသူကို အမဲျဖတ္ဖို႔


အသင့္အေနအထား ရွိေနဟန္မ်ိဳးႏွင့္


မဲ့ၿပဳံးၿပဳံးလိုက္တာကို ေတြ႕လိုက္ရသည္။



"စီးပြားေရးေလာကမွာ သားအဖဆက္ဆံေရးဆိုတာ


ဒုတိယေနရာမွာပဲရွိတယ္..ဦးသူစားမွာပဲ


အဲ့လိုစိတ္မ်ိဳးထားတတ္ေအာင္လည္း


သူပဲ ငါ့ကိုသင္ေပးခဲ့တာေလ.."



ထိုစကားကို ေျပာသည့္အခ်ိန္၌ မင္းစက္၏


မ်က္ႏွာသည္ ေမွာင္မႈိင္းကာခက္ထန္ေနခဲ့ေပမဲ့


ေမဝိုင္းေလး၏အရိပ္ကေလးက 


သူ႔မ်က္လုံးထဲကို ၀င္လာသည့္အခါမွာေတာ့


ခ်က္ခ်င္းကို ႏူးညံ့ေပ်ာ့ေျပာင္းသြားေလသည္။



"ေမ..ကိုယ္ကုမၸဏီကို ခဏသြားလိုက္အုံးမယ္


ျပန္လာမွ ေဆး႐ုံကိုသြားၾကတာေပါ့.."



"အင္းပါ..ျပႆနာေတြဘာေတြေတာ့


မျဖစ္ေစနဲ႔ေနာ္..ကိုယ့္ကိုကိုယ္ဂ႐ုစိုက္.."



"ကိုယ့္အတြက္ စိတ္ပူေနတာလား.."



"စိတ္မပူလို႔ရမလား..ရွင္ကအၿမဲျပႆနာ


ရွာခ်င္ေနတာကို.."



"အဟင္း..ဟုတ္ပါၿပီကြာ..ကိုယ္လိမၼာပါ့မယ္..


ကိုယ္သြားၿပီေနာ္.."



မသြားခင္သူ႔မိန္းမ၏နဖူးကို


 အၾကင္နာေပးလိုက္ေသးသည့္ မင္းစက္ကို


သူ႔တပည့္ေကာင္းသန႔္ကေတာ့ စိတ္ထဲမွ


ခ်ီးက်ဴးေနမိေလသည္။



*တို႔ဆရာသမား..တတ္လည္းတတ္ႏိုင္ပါရဲ႕


ဘယ္သူ႔ကို ႏူးညံ့ျပၿပီး၊ ဘယ္သူ႔ကို


မာန္ဖီျပရမလဲဆိုတာ တကယ္ကို


ေကာင္းေကာင္းသိတဲ့လူပါပဲ...


မိန္းမေရွ႕မွာေတာ့ ၀တ္ျဖဴစင္ၾကယ္


၀တ္ထားသလို ျဖဴစင္ျပေနလိုက္တာ


တကယ့္တကယ္မွာေတာ့ ဖေအကိုေတာင္


စီးပြားေရးနဲ႔ပတ္သတ္ရင္ မညႇာတာတတ္သည့္


ေျမေခြးအိုႀကီးစစ္ျဖစ္ေနတာပါလား..*



အခန္း(၄၇)ဆက္ရန္...



စာေရးသူ..ေဆာင္းေငြ႕ေဝ



💘💘👍💘💘💘💘💘



မ်က္ႏွာႏွစ္ဖက္နဲ႔ အေမာင္မင္းစက္

No comments:

Post a Comment