အခန်း(၆ ) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

  


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၆)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဆောင်းရာသီမို့ မနက်ပိုင်းရာသီဥတုက

အေးစိမ့်စိမ့်ဖြစ်၍နေသည်။စောင်ပုံထဲတွင်

ကွေးနေရင်းနှင့် မျက်လုံးတွေကို

ဖွင့်ကြည့်လိုက်သည့်အခါမှာတော့ မီးတွေ

လင်းထိန်နေသော အိပ်ခန်းလေးထဲတွင်

ဝိုင်းလေးတစ်ယောက်သာ ရှိနေသည်။


ညတုန်းက သူ့ကိုအိပ်ယာပေါ်မှကန်ချလိုက်မိတယ်။ဝိုင်းလေးကို စိတ်ဆိုးသွားပုံပါပဲ။

အခန်းထဲကို လုံး၀ပြန်၀င်မလာခဲ့ဘူး။

ဝိုင်းလေးရဲ့ စိတ်ကူးထဲမှာတော့ သူကဝိုင်းလေးကို မချစ်ပဲလက်ထက်လိုက်ရတဲ့အတွက်

ဒီလို ကိစ္စမျိုးတွေကိုစဉ်းစားမှာမဟုတ်ဘူးလို့

တွေးခဲ့မိတယ်။


အန်တီလေး ပြောခဲ့ဖူးသလိုပါပဲ

ယောက်ျားတွေဟာ ဖွဲတစ်ဆုပ်စာပမာဏလောက်ပဲ အသက်ရှင်‌တော့ရင်တောင်

အဲ့ဒီ့ဖွဲတစ်ဆုပ်နဲ့ အိုးတိုက်တတ်ကြတယ်တဲ့။

ယောက်ျားယူတာ ဘာမှကောင်းတာမရှိဘူးဟု

အန်တီလေး ပြောနေကြစကားဟာ သိပ်ကို

မှန်းလွန်းပါတယ်။


"အာ့..."


လည်ပင်းကတဆစ်ဆစ်နှင့်နာနေသော

နေရာကို မတော်တဆထိလိုက်မိ၍

အသဲခိုက်အောင် နာသွားရသည်။

မင်းစက်အာဏာဆိုတော့ ကြွက်နှစ်ဖွားဖြစ်ပြီး

ဝိုင်းလေးနှင့်ကြာသပဒေးနာမ်ချင်း

အတူတူပဲပေါ့။

ဒါကြောင့်မလို့ ကိုက်ရတာဝါသနာပါတာပဲ

နေလိမ့်မယ်..။


"မဖြစ်သေးပါဘူး..

အဲ့ဒီ့ကြွက်ကြီးအကြောင်းကို

တွေးရမဲ့အချိန်မဟုတ်ဘူး.."


မွေ့ယာအပေါ်မှ အမြန်ထလိုက်ပြီး

ပြူတင်းလိုက်ကာတွေကို ဖွင့်လိုက်တော့

နေထွက်နေပြီဆိုပေမဲ့

အပြင်ဘက်မှ မြူခိုးဝေနေသော

ဆောင်းမနက်ခင်းလေးက ခရီးဦးကြို၍

နေသည်။

ညကအတွေးလွန်းပြီး ညဉ့်နက်မှအိပ်မိရာက‌နေ

ဒီနေ့ အိပ်ယာထနောက်ကျသွားမိတယ်။


ဖွားဖွားနုတို့ရဲ့ ခြံကြီးကတော်တော်လေး

ကျယ်၀န်းပြီး အရှေ့ဘက်မျက်နှာစာမှာ

ပန်းခြံကဲ့သို့ အပင်မျိုးစုံစိုက်ထားလေသည်။

လျှောက်လမ်းလေးလုပ်ထားကာ

ရေပန်းလေးနှင့်ပါ အလှဆင်ထားပြီး

သစ်သားခုံတန်းလေးတွေပါ လုပ်ထား၍

ကိုယ့်ပန်းခြံထဲတွင် အပြေးလည်းလေ့ကျင့်

နိုင်သလို မောရင်လည်းနားလို့ရလေသည်။


လသာဆောင် တံခါးကိုဖွင့်လိုက်ပြီး

လက်ရန်းပေါ်တွင် မေးထောက်ကာ

ဝိုင်းလေးတို့နေသော ခြံလေးနှင့်ဒီဧရာမခြံကြီး၏ ကွဲပြားလွန်းမှုကို တွေးနေမိသည်။


အမေတို့ရဲ့ခြံထဲမှာက နှင်းဆီပင်စိုက်ထားသည့် ပန်းအိုးငါးအိုးလောက်ကို

စီတန်းထားကာ သရက်ပင်တစ်ပင်ရှိပြီး

အပင်အောက်တွင် တန်းလျားလေးလုပ်ထားသည်။


ကိုယ်ပိုင်ကားမရှိပေမဲ့ ဆိုင်ကယ်လေးတစ်စီးတော့ ရှိလေသည်။ခြံထောင့်တွင် ဇီဇဝါပန်းရုံ

တစ်ခုလောက်နှင့် စံပယ်ရုံသုံးခုရှိကာ

မနက်တိုင်း အန်တီလေးကဘုရားမှာ

ဆွမ်းကပ်ရင်းနှင့် ပန်းကပ်ဖို့ရာထိုပန်းလေးတွေကို ဆင်း၍ခူးတတ်သည်။


မိန်းမသားတွေချည်းပဲနေတဲ့အိမ်ဆိုတော့

မနက်မိုးလင်းတာနဲ့ စကားသံတွေက

ညံနေတတ်သည်။

အိပ်ယာမထချင်လည်းအမေ့ရဲ့ဆူပူသံကို

မကြားချင်၍အမြဲအိပ်ယာကို စောစောထရသည်။


မနက်ငါးနာရီထိုးလောက်တည်းက

အဖွားဟာ အကျယ်ကြီးဘုရားရှိခိုးတတ်ပြီး

ဒေါ်လေးကတော့ အပျိုကြီးပီပီအသန့်အပြန့်

အလွန်ကြိုက်၍ တစ်ခုခုလုပ်တိုင်း

သူ့အပြောကို ကြောက်ရလေသည်။


ဝိုင်းလေးဟာ ထိုလူသုံးယောက်၏

အုပ်ထိန်းမှုကြားမှ ကြီးပြင်းလာသူဖြစ်ပေမဲ့

ခောတ်လူငယ်ပီပီ ပျော်ချင်ပါးချင်တာတော့

ရှိသည်။သူငယ်ချင်းတွေနှင့် ခရီးအတူထွက်ခြင်း၊ရုပ်ရှင်ကြည့်ခြင်းတွေကို 

အလွန်နှစ်သက်သည်။


"ဟူး..အိမ်ကလူတွေကိုတောင်သတိရလာပြီ

ဒီနေ့တော့ အိမ်ကိုခဏပြန်အုံးမှပါ.."


လသာဆောင်တံခါးကို ပြန်ပိတ်လိုက်ပြီး

ရေချိုးခန်းထဲသို့ ၀င်လိုက်ကာမျက်နှာသစ်၊

သွားတိုက်လိုက်ပြီးနောက် အ၀တ်အစားကို

အမြန်လဲ၍ အိပ်ခန်းအပြင်သို့

ထွက်လာခဲ့လိုက်သည်။

ထူးဆန်းတာက အပြင်မှာအလုပ်သမားတွေဟာ ကြမ်းတိုက်သူကတိုက်၊ လှေကားတွေကို

သုတ်သူကသုတ်နှင့် အလုပ်ရှုပ်နေကြလေသည်။


"အစောကြီးပဲရှိသေးတာကို အလုပ်လုပ်နေကြပြီလား.."


အားလုံးနဲ့ ရင်းနှီးချင်တာကြောင့်

ဝိုင်းလေးဘက်ကစပြီး ပြုံးကာမေးလိုက်ပေမဲ့

ဘယ်သူမှ စကားပြန်မပြောကြပေ။

ခပ်၀၀နှင့် ကောင်မလေးတစ်ယောက်ကသာ

ဝိုင်းလေးကို မျက်နှာရှုံ့မဲ့ပြီးသဘောမကျသလို ကြည့်လာလေသည်။


"မနက်မိုးလင်းတာနဲ့ လူတိုင်း

အလုပ်လုပ်ရတယ်ရှင့်..ရှင်ကသာအလုပ်မရှိတာ.."


"ဟဲ့..အေးလှ..ကိုယ့်အလုပ်ကိုယ်လုပ်.."


"အာ့..ဒေါ်လေးကလည်းကျုပ်ကမှန်တာကို

ပြောတဲ့ဥစ္စာ.."


အေးလှဆိုသည့် ခပ်၀၀နှင့်ကောင်မလေးကို

သူ့အဒေါ်ဖြစ်သူက ပိတ်ခေါက်လိုက်၍

ငိုမဲ့မဲ့လေးဖြစ်သွားလေသည်။

တူမကအပြောမတတ်တော့ အဒေါ်က

အလိုက်တသိဆုံးမပေးပါလားဟု

တွေးမလို့ကြံခါရှိသေးတယ်..ထိုအဒေါ်ကြီးကပါ ဝိုင်းလေးကိုမျက်စောင်းထိုးလာခဲ့သည်။


"အိမ်ကြီးရှင်တွေကို သွားမပြောနဲ့အေးလှရဲ့

စားခွက်ပျောက်သွားမယ်..

တို့ကသမ္မာအာဇီ၀နဲ့ပဲ လုပ်ကိုင်စားတတ်တော့

သူများခိုင်းဖက်ဘ၀ကကို တက်မှာမဟုတ်ဘူး..

အဲ့တော့ကိုယ့်နေရာကိုယ်သိ..

တစ်ချို့တစ်ချို့များကြတော့  

သွားမပါရင်နေ..ကားပါရင်ပြီးပြီးရောပဲ..

စိုင်ကော်လို့ချုံပေါ်ကိုရောက်ပြီး သူများအိမ်ကအဖိုးတန်သားလေးကို ရသွားတော့လည်း

နေ၀င်ချိန်နဲ့နေထွက်ချိန်ကို

မခွဲတတ်တော့ဘူးထင်ပါရဲ့..

ငှက်တွေတောင်အစာစားပြီးလို့

တရေးတမော‌အိပ်နေလောက်ပြီ.."


ဆိုဖာတွေကို သုတ်နေရင်းနှင့်ဝိုင်းလေး၏

အကြောင်းကို ရိသဲ့သဲ့ပြောနေသော

အဒေါ်ကြီးအား တအားစိတ်တိုလာသည်။

သူကဘာမို့လို့ ဝိုင်းလေးကိုလာပြောရတာလဲ။

စိတ်ရှိလက်ရှိသာဆို ပြေးပြီး

နပန်းဖက်လုံးပလိုက်ချင်တယ်။

ဒီအတိုင်း ငြိမ်ခံနေလို့တော့မဖြစ်ဘူး။

ကြာလာရင် ရောင့်တက်လာပြီးဒီ့ထက်

စော်ကားမော်ကားတွေ လုပ်လာနိုင်တယ်။

ဒါကြောင့်အခုတည်းက မေဝိုင်းလေးဆိုတာ

ဘာကောင်မလည်းသိအောင် ပွဲတော့ကြမ်းပြရမှာပဲ။


"မမလေး.."


ဝိုင်းလေး၏အတင်းကိုပြောနေသော

အဒေါ်ကြီးဆီသို့ ဒေါကြီးမောကြီးနှင့်

လမ်းလျှောက်နေမိစဉ်မှာ ခေါ်သံတစ်ခုနှင့်အတူ လက်ကိုလာဆွဲခံလိုက်ရလေသည်။

အနောက်သို့ လှည့်ကြည့်လိုက်မိတော့

ဝိုင်းလေးထက်ငယ်ပုံရသော ကောင်မလေး

တစ်ယောက် ဖြစ်နေပြီး သူ့ကိုတော့အဖွား၏

အခန်းထဲမှာ မနေ့ညကဇာတ်ကားသွားကြည့်ရင်းနှင့် တွေ့ဖူးခဲ့သည်။


"မမလေး..မနက်စာစားဖို့ဆင်းလာတာ

မဟုတ်လား..ထမင်းစားခန်းထဲမှာ

အဆင်သင့်ဖြစ်နေပါပြီ..ကြည်‌ကြည်နဲ့အတူ

လိုက်ခဲ့ပါနော်.."


"မဟုတ်ဘူး..ငါရှင်းရမဲ့ကိစ္စရှိတယ်.."


"နောက်မှရှင်းပါမမလေးရယ်..လာပါ

လိုက်ခဲ့ပါနော်.."


ကြည်ကြည်က ဝိုင်းလေး၏

လက်ကောက်၀တ်လေးကို အတင်းဖိဆွဲလျှက်

ထမင်းစားခန်းထဲသို့ ခေါ်လာခဲ့လေသည်။

ထမင်းစားခန်းထဲမှာတော့ အန်တီကြီး

တစ်ယောက်နှင့်အတူ ကောင်လေးတစ်ယောက်က အတူချက်ပြုတ်ပြင်ဆင်နေကြလေရဲ့။


"ဘယ်သူမှလည်းမရှိပါလား..

ဒီအိမ်သားတွေရော.."


ခုံမှာ၀င်ထိုင်ရင်းနှင့် ဝိုင်းလေးကမေးလိုက်တော့ အန်တီကြီးကပြုံးပြုံးနှင့်ပင်

ဝိုင်းလေး၏မျက်နှာကို ကြည့်လာပြီး..


"ဒီအိမ်သားတွေကိုအတူစုဖို့က

တော်တော်ခက်လိမ့်မယ်..မမလေးရဲ့.."


"ဘာဖြစ်လို့လဲ..ဒီအိမ်သား‌တွေကမနက်စာ

အတူမစားကြဘူးလား.."


"ဟုတ်တယ်..ဒီအိမ်မှာကသူ့အလုပ်နဲ့

သူဆိုတော့ မနက်စာမှမဟုတ်ဘူး..

နေ့လည်စာရော

ညစာရောအတူစားချင်မှ စားကြတာ.."


ဘယ်လိုကြီးလည်းဟ..။ဝိုင်းလေးတို့

အိမ်မှာဆိုရင် တစ်ခါတစ်လေမှာ

ကောင်းကောင်းမထိုင်မပြုနိုင်တဲ့

ဖေဖေ့ကိုတောင် ထမင်းစားခန်းကိုတကူးတက

ခေါ်ပြီးအတူဝိုင်းထိုင်ကာ

ထမင်းစား‌လေ့ရှိတယ်။

နေ့လည်စာလောက်သာ တကွဲတပြားဆီ

စားတတ်ကြပေမဲ့ မနက်စာနဲ့ညစာကိုတော့

မိသားစုစုံစုံညီညီနှင့် စားရမှသာအရသာရှိတယ်ဟု ခံစားမိတာပါပဲ။


ဒီအိမ်သားတွေ မနက်စာတောင်

အတူမစားကြဘူးဆိုတော့ မင်းစက်အာဏာလို

သွေးအေးတဲ့ သတ္တဝါကြီးကဒီအိမ်သား

ဖြစ်နေတာဟာ မထူးဆန်းတော့ပါဘူး။


"ဒါဆိုဖွားဖွားနုကရောစားပြီးပြီလား.."


"ဖွားဖွားနုကိုတော့..သူ့သမီးကပဲခေါ်သွားတယ်..‌

ဒီနေ့ဆေးရုံမှာဆေးစစ်ပေးမလို့တဲ့

..လမ်းမှာပဲ၀င်စားလိုက်မယ်လို့မှာခဲ့တယ်

မမလေးကိုတော့ စားချင်တာရှိရင်

သေချာလုပ်ပေးလိုက်ပါတဲ့လေ..ကဲ..

မမလေးဘာစားချင်လဲ.."


"မမလေးလို့မခေါ်ပါနဲ့..သမီးရဲ့နာမည်က

မေဝိုင်းလေးပါ..ဝိုင်းလေးလို့ပဲခေါ်ကြပါနော်..

ဒါနဲ့အန်တီတို့နာမည်တွေကရော

ဘယ်လိုခေါ်ကြလဲ..ဝိုင်းလေးကို

ပြောပြကြအုံးလေ.."


အားလုံးကို ပြုံးရွှင်စွာမိတ်ဆက်လိုက်တော့

တအံ့တဩဖြစ်သွားကြသော မျက်နှာများဖြင့်

ဝိုင်းလေးကို မျက်လုံးပြူး၊မျက်စံပြူးနှင့်

ကြည့်လာကြလေသည်။

ဝိုင်းလေးလည်း ‌နည်းနည်းတော့လန့်သွားမိတယ်..။

ကိုယ့်မျက်နှာမှာ တစ်ခုခုပေနေတယ်

အထင်နှင့် လိုက်ပွတ်ကြည့်တော့လည်း

ဘာမှ မရှိပေ။


"ဝိုင်းလေးရဲ့ မျက်နှာမှာတစ်ခုခု

ပေနေလို့လားဟင်..ဘာဖြစ်လို့၀ိုင်းပြီး

ကြည့်နေကြတာလဲ.."


"ဘာမမဟုတ်ပါဘူး..မမ‌လေး..အဲ..

ဝိုင်းလေးရယ်..ဒီအိမ်ပိုင်ရှင်တွေက

အလုပ်သမားတွေနဲ့ အရောတ၀င်

နေတာရှားတယ်လေ..ဖွားဖွားနုဆိုလည်း

သဘောကောင်းပေမဲ့ အလုပ်သမားတွေနဲ့

သိပ်ပြီးနင်လား၊ငါလား စကားပြောတာမဟုတ်ဘူး

..သမီးလေးကအန်တီတို့နဲ့လာ

မိတ်ဆက်တော့ အံ့ဩသွားတာပါ.."


"ဟုတ်လား..ဒါဆို..

မင်းစက်အာဏာကရော..သူကအိမ်မှာဆို

ဘယ်လိုပုံစံလဲ.."


"အာ..မမဝိုင်းလေးကလည်း..အစ်ကိုလေးက

ဒီမှာမှ သိပ်မနေတာ..သူ့ရဲ့ကိုယ်ပိုင်အိမ်မှာ

သွားနေတာများတယ်လေ..အဲ့တော့

ကြည်ကြည်တို့လည်း သူနဲ့စကားပြောဖူးတာမျိုး သိပ်မရှိဘူး..

သိချင်ရင်ဖိုးသားကိုမေးကြည့်

အစ်ကိုလေးက ဒီအိမ်ကိုလာရင်ဖိုးသားကိုပဲ

ခိုင်းဖို့ခေါ်နေကြ.."


ဒေါ်ခင်မြ၏ အနီးရှိပန်းကန်စင်တွင်

ပန်းကန်တွေကို အသဲအသန်ဆေးနေသော

ကောင်းလေးဟာ ကြည်ကြည်ပြောတဲ့

ဖိုးသားပဲ နေလိမ့်မယ်။

ထမင်းစားခန်းထဲသို့ စ၀င်လာတည်းက

ဝိုင်းလေးကို တစ်ချက်သာကြည့်ပြီး

ခေါင်းငုံကာ ပြောင်နေသောပန်းကန်တွေကိုသာ ထပ်ပြီးဆေးနေသောကြောင့်

နည်းနည်းတော့ရယ်ချင်လာမိသည်။


"မင်းနာမည်က ဖိုးသားလားမောင်လေး.."


"ဟုတ်..ဟုတ်ပါတယ်.."


"ဖိုးသားကစကားထစ်တယ်ဝိုင်းလေးရဲ့..

သူကအခုမှ၁၆နှစ်ပဲရှိသေးတာလေ..

လူလည်းသိပ်ကြောက်တတ်တာ..

အစ်ကိုလေးမင်းစက်ကတော့ဒီကိုလာရင်

သူနဲ့ကြင်မောင်ကိုပဲ ခေါ်ခိုင်းတာ..

အန်တီ့နာမည်ကတော့ဒေါ်ခင်မြပါ.."


"ဟုတ်ကဲ့..ဒါဆိုအန်တီမြလို့ပဲခေါ်မယ်နော်.."


"ကြိုက်သလိုခေါ်ပါကွယ်..ဒါနဲ့ဝိုင်းလေးက

ဘာစားချင်လည်းဟင်..."


"ဟုတ်သားပဲ စကားတွေပြောနေတာနဲ့

မနက်စာကိုတောင်မေ့နေတာ..အန်တီမြတို့ကရော ဘာစားပြီးပြီလည်းဟင်..

အန်တီမြတို့စားတာကို စားမယ်လေ.."


"အယ်..အဲ့ဒါတော့မဖြစ်ပါဘူး..

အန်တီတို့က အကြော်လေးနဲ့ထမင်းဆီစမ်းနဲ့

စားတာကွဲ့..ဒီအိမ်ကလူတွေကတော့

မနက်ဆို..ပါစတာတို့..ဆန်းဝှစ်sandwichတို့..

ထမင်းပေါင်း..ကြာဇံကြော်..ခေါက်ဆွဲကြော်

..အဲ့လိုတွေပဲစားကြတာများတယ်.."


"ဟင်..ဒါပေမဲ့ဝိုင်းလေးကဒီနေ့အန်တီမြတို့

စားတဲ့ထမင်းဆီစမ်းနဲ့အကြော်ကိုပဲ

စားချင်တာလေ..လုပ်ပါနော်.."


"ကဲ..ပြောမရလည်းဝိုင်းလေးစားချင်တာကို

ကျွေးပါ့မယ်ရှင်.."


"ဒီလိုမှပေါ့.."


အန်တီမြက ထမင်းဆီစမ်းလေးနှင့်

ပုဇွန်ကြော်လေးကို သေချာလေး

လုပ်ပေး၍ ဝိုင်းလေးလည်းဗိုက်ဆာဆာနှင့်

အ၀စားပြစ်လိုက်ရာ တစ်ပန်းကန်လုံး

ပြောင်သွားလေသည်။


"ဒါနဲ့အန်တီမြ..ခုဏကအပြင်ဘက်မှာလေ

ခပ်၀၀နဲ့ကောင်မလေးရယ်..အဒေါ်ကြီး

တစ်ယောက်ရယ် ရှိနေတာ..သူတို့က

ဘယ်သူတွေလဲ.."


"အဲ့ဒါကဒေါ်အေးသန်းနဲ့ သူတူမအေးလှလေ

သူတို့က ဒေါ်ခိုင်မိုးမြင့်ရဲ့ယောက်ျားဘက်က

အမျိုးတွေပါ..အေးလှက၀လို့သာ

အသက်ကြီးတယ်လို့ထင်ရတာ..

သူရှိမှအသက်၂၀လောက်ပါပဲ.."


"ဟုတ်လား..ဒါဆိုဝိုင်းလေးထက်တောင်

ငယ်တာပေါ့နော်..ဒါနဲ့..ဒေါ်ခိုင်မိုးမြင့်က

ဘယ်သူလည်းဟင်.."


"အဲ့ဒါကမမကြီးရတနာရဲ့အစ်မလေ..

အစ်ကိုလေးမင်းစက်တို့ရဲ့အဒေါ်အရင်း

ခေါက်ခေါက်‌ပဲ.."


"ဟင်း..ဒီအိမ်မှာလူတွေကလည်း

များလိုက်တာနော်..ဘယ်နှစ်ယောက်တောင်

နေကြတာလဲ.."


"မမဝိုင်းလေးကလည်း..လူများတာသာ

ပြောနေတာ..အဲ့လူတွေကမနက်မိုးလင်းတာနဲ့

အိမ်မှာတစ်ယောက်မှ မရှိတာကိုတော့

အခုမျက်မြင်ပဲမဟုတ်လား..

ဒီအိမ်မှာ ယောက်ျားလေးအလုပ်သမားက

ဖိုးသား၊ဦးကြင်မောင်နဲ့ကိုကြီးမင်းသစ်ရှိတယ်..

ကိုကြီးမင်းသစ်ကတော့..အစ်ကိုလေးရဲ့

ကားဒါရိုင်ဘာပေါ့..ဦးကြင်မောင်ကတော့

မာလီ၊ဥယျာဉ်မှူးပေါ့..မိန်းကလေးအလုပ်သမားကတော့ ကြည်ကြည်ရယ်

အန်တီခင်မြအပြင်..ဒေါ်အေးသန်းနဲ့

မကြီးအေးလှအပါ..စုစုပေါင်းလေးယောက်ပေါ့.

.အိမ်သားကတော့..

လူကြီးတွေထဲမှာဖွားဖွားနုရယ်..

အန်တီရတနာထိုက်ရယ်..အန်တီ‌ခိုင်မိုးမြင့်ရယ်

ရှိတယ်လေ..ပြီးတော့

အန်တီရတနာရဲ့သားသမီးသုံးယောက်ဖြစ်တဲ့..

ကိုကိုကြီးဟိန်းထက်သူရရယ်..

မမလေး..အိမ့်ချစ်မှူးဝေရယ်ရှိတယ်လေ..

အစ်ကိုလေးမင်းစက်ကလွဲပြီး ကျန်တဲ့

သူတွေက ဒီအိမ်မှာပဲအမြဲနေကြတာ.."


အမယ်လေး..များလိုက်တဲ့လူတွေ။

အလုပ်သမားကချည်းပဲ ခုနှစ်ယောက်တောင်

ရှိတယ်။ပြီးရင် အိမ်မှာလည်းလူမရှိကြပဲ

အလုပ်သမားတွေကိုပဲ အိမ်မှာထားခဲ့ကြတယ်။

တစ်ယောက်မှလည်း လူမှုရေးသိပ်နားမလည်ကြဘူး။မင်္ဂလာဆွမ်းကြွေးကိုတောင် ကိုမင်းစက်ရဲ့

အစ်မကတော့ အဆိုတော်မို့စီးရီးထုတ်ဖို့မအားတာနဲ့

မတက်ဖြစ်ဘူး။


အစ်ကိုဖြစ်သူကြတော့လည်း

ကိုယ့်ညီမင်္ဂလာဆောင်တဲ့နေ့ကြမှ ဂျပန်ကနေ

ကားတွေရောက်လာလို့ ကွန်တိန်နာတွေ

လိုက်စစ်ရတာနဲ့ မအားပါဘူးတဲ့။

သူတို့အဒေါ်ကြတော့လဲ မင်္ဂလာဆွမ်းကျွေးမှာ

စူပုပ်နေရောပဲ။

ဝိုင်းလေးကို ပြေးရိုက်တော့မဲ့ပုံစံနဲ့

ခဏခဏကြည့်နေခဲ့သေးတာ။


ကြည့်ရတာတော့ ဒီအိမ်မှာလူအရမ်းများပေမဲ့

ဝိုင်းလေးနဲ့ ကောင်းကောင်းဆက်ဆံနိုင်တာဆိုလို့

ဖွားဖွားနုတို့ သားအမိရယ်။

အန်တီခင်မြတို့ တူ၀ရီးတွေရယ်ပဲရှိလောက်တယ်။


"ဒါနဲ့လေ..ကိုမင်းစက်ကိုရောမတွေ့မိပါလား

သူအလုပ်ကိုသွားပြီလားဟင်..."


"ဟင်..ဝိုင်းလေးကတကယ်ပဲမသိဘူးလား..."


အန်တီခင်မြသည် အံ့ဩတကြီးနှင့်ဝိုင်းလေးကို

ကြည့်လာခဲ့လေသည်။


"ဘာဖြစ်လို့လဲဟင်..."


"ဟို..အစ်ကိုလေးက..

မနက်ငါးနာရီထိုးလောက်တည်းက

လေယာဉ်ကွင်းကို သွားပြီလေ.."


"ဟမ်!!!လေယာဉ်ကွင်းကိုသူက

ဘာသွားလုပ်တာလဲ.."


"မမဝိုင်းလေးက ဒါလည်းမသိပြန်ဘူးလား.."


မသိလို့မေးပါတယ်ဆိုနေမှ။သူတို့ကတစ်မျိုး

သိမှတော့ မေးပါ့မလား။

ညတုန်းက ကုတင်ပေါ်ကနေ ကန်ချလိုက်မိပြီး

အခန်းထဲကို လုံး၀ပြန်၀င်မလာတဲ့လူဟာ

ဘာတွေလုပ်နေသလဲ ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။


"အစ်ကိုလေးက..ထိုင်းနိုင်ငံ..ဘန်ကောက်ကို

အလုပ်ကိစ္စနဲ့သွားပြီလေ..ကြည်ကြည်လည်း

မင်္ဂလာဆောင်ပြီးနောက်တစ်နေ့မှာ

ဟန်းနီးမွန်းမဟုတ်ပဲ အလုပ်ခရီးထွက်တယ်ဆိုလို့

အံ့သြသွားတာ..မနက်က‌လေယာဉ်ကွင်းလိုက်ပို့တဲ့

ကိုကြီးမင်းသစ်ကို မေးကြည့်လိုက်တာ..

ခရီးကနှစ်လတောင်ကြာမှာတဲ့..."


"ဘာ!!!!!"


ကြည်ကြည့် စကားအဆုံးမှာဝိုင်းလေး၏

မျက်နှာသည် အလင်းရောင်တွေအားလုံး

ပျောက်ဆုံးသွားသလို မဲမှောင်သွားခဲ့လေသည်။

အပြုံးအရယ်တို့ ကင်းစင်သွားခဲ့ပြီး

ချက်ချင်းကို ၀မ်းနည်းရိပ်တို့လွှမ်းလာကာ

အလုပ်သမားတွေအရှေ့မှာ ထိုင်နေရတာကိုတောင်

ရှက်စိတ်၀င်လာမိသည်။

မနေ့ကမှ မင်္ဂလာဆောင်ပြီးတဲ့သတို့သမီးကို

ထားခဲ့ပြီး နှစ်လကြာအောင်

ခရီးထွက်ရလောက်တဲ့အထိ အလုပ်ကို

သိပ်ချစ်နေတယ်ပေါ့လေ။


"မမဝိုင်းလေး..အဆင်ပြေရဲ့လား.."


"ဝိုင်းလေး..အခန်းထဲကိုပြန်သွားတော့မယ်နော်.."


အိပ်ခန်းထဲသို့ ပြေး၀င်လိုက်ပြီးအခန်းတံခါးကို‌

ဆောင့်ပိတ်ပြစ်လိုက်မိသည်။

အားလုံးအရှေ့မှာ ဘယ်လိုမျက်နှာမျိုးနဲ့

နေရတော့မှာလဲ။

ချမ်းသာတဲ့ ယောက်ျားကိုရသွားတော့

အရမ်းကံကောင်းတာပဲလို့ လူတွေကတော့

ပြောကြမှာပဲ။တကယ့်လက်တွေမှာတော့

အားလုံးဟာ စိတ်ပျက်စရာတွေကြီးပဲ။

ခြံကြီးကကျယ်သလောက်

အိမ်ကြီးကခမ်းနားသလောက် နွေးထွေးမှုမရှိတဲ့

အေးစက်သော ဘုံဗိမာန်ကြီးတစ်ခုသာသာပါပဲ။


"အီဟီး...ငါကိုကကံဆိုးတာပါ..

ကောင်းလိုက်တဲ့ယောက်ျား..ငါ့ကိုအသိတောင်

မပေးခဲ့ပဲ..နှစ်လတောင်ခရီးထွက်တယ်တဲ့လား

မေမေတို့သိရင် ဘယ်လောက်တောင်

စိတ်မကောင်းဖြစ်ကြမလဲ..

ဒီလောက်ပိုက်ဆံချမ်းသာနေတာကိုတောင်

ဒီအချိန်ကြီးမှာ ငါ့ကိုထားခဲ့စရာလား..

ဒါတမင်ငါ့ကို သစ်စိမ်းချိုးချိုးတာ..

ငါကသူ့ကို ကန်ချလိုက်လို့

ငါ့ကိုပြန်ကလဲ့စားချေတာပဲဖြစ်မှာ...

အဟင့်..အမေရေ..လာကြည့်လှည့်ပါအုံး

အမေ့သားမက်က...တော်လှချည်ရဲ့ဆို

ကြာသပဒေးကြွက်ချင်း နေ့နာမ်အတူတူပဲမို့

သေချာပေါက် ဝိုင်းလေးနဲ့တည့်မှာဆို

အခုတော့ မင်္ဂလာဆောင်းပြီးပြီးချင်း

တစ်ခုလတ်တန်းဖြစ်သွားတာနဲ့..ဘာကွာလို့လဲ..."


ထိုနေ့က အခန်းထဲ၌သာဝိုင်းလေးနေခဲ့မိလေသည်။

ဖွားဖွားနုပြန်လာမှသာ အခန်းထဲကထွက်ဖြစ်သည်။

အန်တီရတနာနဲ့ ဖွားဖွားနုကတော့ ဝိုင်းလေးကို

မင်းစက်အာဏာ၏လုပ်ရပ်နှင့် ပတ်သတ်ပြီး

တောင်းပန်လာခဲ့တယ်။

ကျန်တဲ့သူတွေအကုန်လုံးကို ခွင့်လွှတ်ပေးနိုင်ပေမဲ့

မင်းစက်အာဏာကိုတော့ လုံး၀

ခွင့်လွှတ်မပေးနိုင်ဘူး။


ချစ်လို့ညားခဲ့ကြတာမဟုတ်ပေမဲ့ ဒင်းရဲ့လုပ်ရပ်က

ဝိုင်းလေးရဲ့ သိက္ခာကိုထိခိုက်စေတယ်။

လက်ထက်ပြီးသွားတဲ့ အမျိုးသားတစ်ယောက်ဟာ

သူယူထားတဲ့ မိန်းကလေးကို ဘယ်သူ့မျက်နှာမှ

မငဲ့ပဲ ဂရုစိုက်စရာမလိုတဲ့ ပုံစံလုပ်သွားခဲ့တာမို့ တစ်သက်လုံး ခွင့်လွှတ်မပေးနိုင်ဘူး။


🔥🔥🔥🔥🔥🔥🔥🔥


ထိုင်းနိုင်ငံ(ဘန်ကောက်မြို့)


စီးပွားရေးလောကတွင်ပြည်ပအထိနယ်ချဲ့ထားနိုင်သည့် အင်အားကြီးမားသော KG group၏

CEOမင်းစက်အာဏာသည် အစည်းအဝေးအခန်း၏ ထိပ်ဆုံးတွင်ခပ်မိန့်မိန့်ထိုင်နေခဲ့သည်။

အစုရှယ်ယာရှင်များစီတန်းကာ ထိုင်နေသော

နေရာတွင် ငယ်ရွယ်ထက်မြက်သည့် သူ့သွင်ပြင်ဟာ မည်သူမဆို အထင်ကြီးလောက်သော

အရှိန်အဝါတို့နှင့် ပြည့်နှက်နေသည့်အလား

ထင်ရစေသည်။


KG groupဆိုတာ မြန်မာတွင်သာမကပဲထိုင်းနှင့်

အာရှနိုင်ငံများအထိပါ ပတ်သတ်ဆက်နွယ်ထားသော ပြဒါးသံလမ်းကြီးတစ်ခုလိုပါပဲ။

KG group၏လက်အောက်တွင်လည်း

လုပ်ငန်းအခွဲပေါင်းများစွာရှိပြီး မင်းစက်အာဏာ

ကိုယ်တိုင် အကောင်အထည်ဖော်ထားသော

လုပ်ငန်းများကတော့ နိုင်ငံအသီးသီးမှ

အဆင့်မြင့်စူပါမားကတ် Projectများဖြစ်လေသည်။


KG group၏ မူလတည်ထောင်သူမှာ မင်းစက်၏

ဖခင် အသက်(၅၇)နှစ်ရှိပြီဖြစ်တဲ့

ဦးသူရမင်းခေါင်ဖြစ်ကာ ယခုလက်ရှိမှာတော့

ကျန်းမာရေးကြောင့် ခေတ္တအနားယူနေရလေသည်။

ထို့ကြောင့် မင်းစက်အာဏာသည် ယခုလက်ရှိမှာ

မြန်မာနိုင်ငံရှိသူပိုင်ဆိုင်‌သောKG group၏

စီအီးအို ရာထူးသာမကပဲ

အာရှရှိ လက်ခွဲကုမ္ပဏီများစွာ၏ တာ၀န်တွေကိုပါ

ယူထားရလေသည်။


"အခုဆိုရင် ဘန်ကောက်ပရောဂျက်ကိုစတင်ခဲ့တာ

တစ်လနဲ့ဆယ့်ငါးရက်ရှိသွားခဲ့ပြီ..

ကုန်ပစ္စည်းတွေ တင်သွင်းဖို့ကြိုပြီးစီစဉ်ရတော့မယ်

ကုန်တိုက်ရဲ့ ပုံစံကိုတော့အရင်KGရဲ့ကုန်တိုက်တွေထက် ပိုပြီးဆန်းပြားတဲ့ပုံစံကိုသွားချင်တယ်...

မားကတ်တင်းပိုင်းကိုရော ဘယ်သူကတာ၀န်တာလဲ..."


"မားကတ်တင်းပိုင်းကိုတော့..မစ္စတာတ၀မ်ကတာ၀န်ယူထားပါတယ်..ဒါပေမဲ့ဒီနေ့သူ့မိသားစုမှာ

အရေးပေါ်ကိစ္စပေါ်လာလို့သူရောက်မလာနိုင်ပါဘူး

ဒါကြောင့် သူ့ရဲ့အစီအရင်ခံစာကို ပို့ထားပေးပါတယ်..."


လက်ထောက်ဖြစ်သူက မစ္စတာတ၀မ်၏

အစီရင်ခံစာကိုရေးဆွဲထားသည့် ဖိုင်လ်အား

မစ္စတာလင်းဆီမှယူလိုက်ပြီး မင်းစက်၏အရှေ့သို့ 

ချပေးလိုက်သည်။

မင်းစက်အာဏာကတော့ ခုံပေါ်၌

လက်နှစ်ဖက်ထောက်၍ မေးစေ့ကိုအနည်းငယ်

ပွတ်သပ်လိုက်ရင်း မစ္စတာတ၀မ်၏မားကတ်တင်းပလန်ကို ‌စူးစိုက်၍ကြည့်နေခဲ့လေသည်။

အခုလက်ရှိ ဆောက်လုပ်မဲ့ကုန်တိုက်ကြီးဟာ

ထိုင်းရောက်မြန်မာတွေအတွက်လည်း

အဓိကရည်ရွယ်ထားခြင်းဖြစ်၍

မားကတ်တင်းပလန်ကအနည်းငယ်တော့

လိုအပ်မှု ရှိနေသည်။


"ကျွန်တော်လိုချင်တာက ထိုင်းကအနုပညာရှင်တွေနဲ့ပဲ ကြော်ငြာတာမျိုးမဟုတ်ပဲ မြန်မာနိုင်ငံက

နာမည်ကြီးစတားတွေနဲ့ပါ ပူးပေါင်းစေချင်တာ

ဖြစ်နိုင်ရင် နှစ်နိုင်ငံအနုပညာရှင်တွေကို

အတူပူးပေါင်းဖို့လုပ်ပေးတာမျိုးပေါ့...

မားကတ်တင်းအတွက် ဘတ်ဂျက်ကိုတော့

ပိုသုံးဖို့လုပ်ထားတယ်..

ဖိုင်လ်ကိုပြန်ယူသွားပြီး မစ္စတာတ၀မ်ကို

ပြန်ပေးလိုက်ပါ..."


"ဟုတ်ကဲ့..မစ္စတာတ၀မ်ကိုစီအီးအိုရဲ့

အကြံပြုချက်တွေနဲ့ပတ်သတ်ပြီး သေချာပေါက်ပြောလိုက်ပါ့မယ်..."


"ဟုတ်ပြီ.. networkပိုင်းကရောအပလီကေးရှင်းက

ဘယ်အဆင့်ထိရောက်နေပြီလဲ.."


"အပလီကေးရှင်းကတော့ စိတ်ချရတဲ့

အခြေအနေကိုရောက်နေပါပြီ..

ဒါပေမဲ့ androidတွေအတွက်ပဲလောလောဆယ်အဆင်ပြေပါသေးတယ်.."


"ဟုတ်ပြီ..အတတ်နိုင်ဆုံးအမျိုးအစားအစုံ

ဒေါင်းလို့ရအောင် ကြိုးစားပေးပါ

ဖုန်းနဲ့သုံးရလွယ်ပြီး ပစ္စည်းမှာရင်အမှားမရှိစေဖို့

အဓိကလုပ်ပေးပါ..ပထမဆုံးအွန်လိုင်းစနစ်နဲ့

သွားမဲ့ ပရောဂျက်မို့ အမှားလုပ်လို့မရဘူး

ဘတ်ဂျက်ကတော့ အကန့်အသတ်ရှိတယ်ဆိုပေမဲ့

လိုအပ်နေရင်လည်း သေချာလေးတင်ပြလာပေးလို့ရပါတယ်...ဒီအပလီကေးရှင်းက..

ပရောဂျက်ရဲ့ အသက်ဖြစ်လို့...

ခေါင်းဆောင်အနေနဲ့ ငယ်သားတွေကို

ပိုသတိထားပြီးအားထုတ်ဖို့ တွန်းအားပေးပေးပါ..."


"ဟုတ်ကဲ့..ကျွန်တော့်တို့သေချာဂရုစိုက်ပါ့မယ်

အချိန်မှီလည်းပြီးစေရပါမယ်.."


"ကောင်းပါပြီ..ကျွန်တော်က..ဒီမှာအချိန်

နှစ်လလောက်ပဲ နေဖို့ပလန်ဆွဲထားတာဆိုတော့

..အားလုံးပဲဒီနှစ်လအတွင်းမှာ

 အများကြီးကြိုးစားပေးကြပါအုံး...ဒီနေ့တော့အစည်းအဝေးကဒီလောက်ပါပဲ.."


မင်းစက်အာဏာတစ်ယောက် အစည်းအဝေးအခန်းထဲကနေ ထွက်သွားသောအခါ လက်ထောက်

ကောင်းသန့်ဟာ အနောက်မှထပ်ကြပ်မခွာလိုက်ရလေသည်။

အစည်းအဝေးပြီးတော့မှသာ သူလည်းသက်ပြင်း

ကောင်းကောင်း ချရတော့သည်။


ဒီနေ့အဖို့ စိတ်ကြည်လင်နေလို့သာ

အစည်းအဝေးခန်းထဲကလူတွေ

အနေချောင်ရခြင်းဖြစ်သည်။

စီအီးအိုမင်းစက်သည်

ဖခင်ဖြစ်သူထက် တိကျပြတ်သားသူဟု

နာမည်ကြီးပြီး သူ့စိတ်ကိုမည်သူမျှ

မခန့်မှန်းတတ်ကြပေ။

မပြုံးချင်လည်း လိုအပ်လာလျှင်ပြုံးပြဖို့

၀န်မလေးတတ်သလို

ကြောက်စရာကောင်းလောက်အောင်လည်း

ဒေါသကြီးလေသည်။


သူစိတ်မကြည်တဲ့အချိန်ဆိုရင် ယင်တစ်ကောင်

ဖြတ်သွားရင်တောင် သူ့အကြည့်ကြောင့်

ပြာကျသွားနိုင်လောက်သည်။

လူကဲခတ်လည်း အင်မတန်တော်လွန်းကာ

ဘယ်သူက ဘာရည်ရွယ်ချက်နဲ့အနားကို

လာကပ်သလဲဆိုတာကအစ သိလေသည်။

သူဟာ မှန်လိုလူဖြစ်ပြီး သူ့ကိုဟန်ဆောင်ပြုံးပြရင်

ပြန်၍ ဟန်ဆောင်ပြတတ်ကာ

သူ့ကိုမဲ့ပြရင် အဲ့လူဘ၀တော့ဆုံးပြီပဲ။


"ဒီညနေအတွက်အချိန်ဇယားကိုပြော..."


"ဒီညနေအတွက်ကတော့..

KGဖျော်ဖြေရေးကုမ္ပဏီရဲ့ နှစ်ပတ်လည်ပွဲရှိပါတယ်

KGလက်‌အောက်ကနာမည်ကြီး

အနုပညာရှင်တွေရော..ဒါရိုက်တာတွေရော

ထုတ်လုပ်ရေးဘက်က ရှယ်ယာသမားတွေပါ

ပွဲတက်မှာမို့ ဒီပွဲလေးကိုတက်ပေးရပါမယ်..."


"ကောင်းပြီ..ဒါဆိုရင်၀တ်စုံနဲ့ကားကိုအဆင်သင့်လုပ်ထားလိုက်...ခဏနေရင်

ဆောက်လုပ်ရေးဘက်ခဏသွားမယ်..."


"ဟုတ်ကဲ့ပါ.."


"သူဌေး...တစ်နာရီလောက်က..သူဌေးရဲ့အမေ

ဖုန်းလှမ်းဆက်ပါတယ်.."


ရုံးခန်းထဲရှိ ဆိုဖာပေါ်တွင် ခဏမှီ‌ကာထိုင်းနေရင်းနှင့် ကိုက်ခဲ‌လာသော မျက်ရိုးတွေ‌ကို

လက်မနှင့်လက်ညှိုးကိုသုံးကာ ဖိထားလိုက်မိလေသည်။

ဒီကိုရောက်လာသည့် နေ့ကတည်းက

မိသားစုကို မေ့ထားမိသည်မှာတစ်လကျော်လောက်ရှိနေလေပြီ။

အဖွားကတော့ အရမ်းစိတ်ဆိုးနေမှာပဲ။

သူ့ဘ၀မှာ အဖွားကိုသာအချစ်ဆုံးဖြစ်၍

ဘယ်အချိန် ဘယ်နေရာကိုရောက်ရောက်

အဖွားကိုသာ သတိရတတ်သည်။


"ဘာပြောသေးလဲ..."


"သူဌေးကိုဖုန်းပြန်ဆက်ပါတဲ့....သူဌေးရော

ပြန်မဆက်ချင်ဘူးလား..

မိသားစုကိုမလွမ်းဘူးလား..."


"ဘာလဲ...မင်းကအိမ်ကိုလွမ်းနေပြီလား..."


သူမေးလိုက်တော့ ကောင်းသန့်ကသူ့လည်ဂုတ်ကို

သူပြန်ပွတ်သပ်လိုက်ပြီး မျက်နှာကလည်း

ပြီတီတီဖြစ်သွားလေသည်။


"အိမ်မှာ..မိန်းမနဲ့ကလေးတွေရှိတယ်လေဆရာရယ်

သမီးလေးက ဖုန်းဆက်ရင်တော်တော်ချွဲတာဗျ

အဲ့တော့ မလွမ်းပဲဘယ်နေပါ့မလဲ.."


"မိန်းမနဲ့ကလေးဟုတ်လား.."


"ဆရာရော..ဆရာ့မိန်းမကိုမလွမ်းဘူးလား.."


ထိုစကားကိုကြားတော့ သူမဲ့ပြုံးတောင်ပြုံးလိုက်မိသည်။

*လွမ်းရမယ်တဲ့လား။

ကိုယ့်ကိုမင်္ဂလာဦးညမှာ ကုတင်ပေါ်ကနေ

ကန်ချခဲ့တဲ့ မိန်းမကိုလေ။

တော်တော် လွမ်းစရာကောင်းတာပဲ။


မင်းစက်အာဏာကို ပိုင်ဆိုင်ရဖို့

အဆင့်အတန်းမြင့်မားတဲ့ မိန်းမတွေကတောင် အသည်းအသန်ဖြစ်နေကြတဲ့အချိန်မှာ

ကိုယ့်ကိုကုတင်ပေါ်ကနေ

ကန်ချရဲတဲ့ သတ္တိမျိုးရှိခဲ့တဲ့မိန်းမ..။

သူကဘာမို့လို့လဲ။

မင်းစက်အာဏာဆိုတာ သဘောမကျရင်

အနားတောင်အကပ်မခံတဲ့လူဆိုတာ 

မသိသေးဘူးထင်ပါရဲ့။

ကိုယ့်ကို ခယမဲ့မိန်းမကိုပဲအလိုရှိတာမို့

ရန်လိုနေရင်တော့ ဝေးဝေးကိုဒိုးပဲ။


အခန်း(၇)ဆက်ရန်....


စာရေးသူ..ဆောင်းငွေ့ဝေ


🔥🔥🔥🔥🔥🔥🔥🔥


(ကြွက်နဲ့ခြင်္သေ့လယ်ပြင်မှာ တွေ့ပါပြီ..)😁

=========================================================================


အခန္း(၆)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ေဆာင္းရာသီမို႔ မနက္ပိုင္းရာသီဥတုက

ေအးစိမ့္စိမ့္ျဖစ္၍ေနသည္။ေစာင္ပံုထဲတြင္

ေကြးေနရင္းႏွင့္ မ်က္လံုးေတြကို

ဖြင့္ၾကၫ့္လိုက္သၫ့္အခါမွာေတာ့ မီးေတြ

လင္းထိန္ေနေသာ အိပ္ခန္းေလးထဲတြင္

ဝိုင္းေလးတစ္ေယာက္သာ ရိွေနသည္။


ညတုန္းက သူ႔ကိုအိပ္ယာေပၚမွကန္ခ်လိုက္မိတယ္။ဝိုင္းေလးကို စိတ္ဆိုးသြားပံုပါပဲ။

အခန္းထဲကို လံုး၀ျပန္၀င္မလာခဲ့ဘူး။

ဝိုင္းေလးရဲ့ စိတ္ကူးထဲမွာေတာ့ သူကဝိုင္းေလးကို မခ်စ္ပဲလက္ထက္လိုက္ရတဲ့အတြက္

ဒီလို ကိစၥမ်ိဳးေတြကိုစဉ္းစားမွာမဟုတ္ဘူးလို႔

ေတြးခဲ့မိတယ္။


အန္တီေလး ေျပာခဲ့ဖူးသလိုပါပဲ

ေယာက္်ားေတြဟာ ဖဲြတစ္ဆုပ္စာပမာဏေလာက္ပဲ အသက္ရွင္‌ေတာ့ရင္ေတာင္

အဲ့ဒီ့ဖဲြတစ္ဆုပ္နဲ႔ အိုးတိုက္တတ္ၾကတယ္တဲ့။

ေယာက္်ားယူတာ ဘာမွေကာင္းတာမရိွဘူးဟု

အန္တီေလး ေျပာေနၾကစကားဟာ သိပ္ကို

မွန္းလြန္းပါတယ္။


"အာ့..."


လည္ပင္းကတဆစ္ဆစ္ႏွင့္နာေနေသာ

ေနရာကို မေတာ္တဆထိလိုက္မိ၍

အသဲခိုက္ေအာင္ နာသြားရသည္။

မင္းစက္အာဏာဆိုေတာ့ ႂကြက္ႏွစ္ဖြားျဖစ္ၿပီး

ဝိုင္းေလးႏွင့္ၾကာသပေဒးနာမ္ခ်င္း

အတူတူပဲေပါ့။

ဒါေၾကာင့္မလို႔ ကိုက္ရတာဝါသနာပါတာပဲ

ေနလိမ့္မယ္..။


"မျဖစ္ေသးပါဘူး..

အဲ့ဒီ့ႂကြက္ႀကီးအေၾကာင္းကို

ေတြးရမဲ့အခ်ိန္မဟုတ္ဘူး.."


ေမြ့ယာအေပၚမွ အျမန္ထလိုက္ၿပီး

ျပဴတင္းလိုက္ကာေတြကို ဖြင့္လိုက္ေတာ့

ေနထြက္ေနၿပီဆိုေပမဲ့

အျပင္ဘက္မွ ျမဴခိုးေဝေနေသာ

ေဆာင္းမနက္ခင္းေလးက ခရီးဦးႀကိဳ၍

ေနသည္။

ညကအေတြးလြန္းၿပီး ညဉ့္နက္မွအိပ္မိရာက‌ေန

ဒီေန့ အိပ္ယာထေနာက္က်သြားမိတယ္။


ဖြားဖြားႏုတို႔ရဲ့ ၿခံႀကီးကေတာ္ေတာ္ေလး

က်ယ္၀န္းၿပီး အေရ႔ွဘက္မ်က္ႏွာစာမွာ

ပန္းၿခံကဲ့သို႔ အပင္မ်ိဳးစံုစိုက္ထားေလသည္။

ေလ်ွာက္လမ္းေလးလုပ္ထားကာ

ေရပန္းေလးႏွင့္ပါ အလွဆင္ထားၿပီး

သစ္သားခံုတန္းေလးေတြပါ လုပ္ထား၍

ကိုယ့္ပန္းၿခံထဲတြင္ အေျပးလည္းေလ့က်င့္

ႏိုင္သလို ေမာရင္လည္းနားလို႔ရေလသည္။


လသာေဆာင္ တံခါးကိုဖြင့္လိုက္ၿပီး

လက္ရန္းေပၚတြင္ ေမးေထာက္ကာ

ဝိုင္းေလးတို႔ေနေသာ ၿခံေလးႏွင့္ဒီဧရာမၿခံႀကီး၏ ကဲြျပားလြန္းမႈကို ေတြးေနမိသည္။


အေမတို႔ရဲ့ၿခံထဲမွာက ႏွင္းဆီပင္စိုက္ထားသၫ့္ ပန္းအိုးငါးအိုးေလာက္ကို

စီတန္းထားကာ သရက္ပင္တစ္ပင္ရိွၿပီး

အပင္ေအာက္တြင္ တန္းလ်ားေလးလုပ္ထားသည္။


ကိုယ္ပိုင္ကားမရိွေပမဲ့ ဆိုင္ကယ္ေလးတစ္စီးေတာ့ ရိွေလသည္။ၿခံေထာင့္တြင္ ဇီဇဝါပန္းရံု

တစ္ခုေလာက္ႏွင့္ စံပယ္ရံုသံုးခုရိွကာ

မနက္တိုင္း အန္တီေလးကဘုရားမွာ

ဆြမ္းကပ္ရင္းႏွင့္ ပန္းကပ္ဖို႔ရာထိုပန္းေလးေတြကို ဆင္း၍ခူးတတ္သည္။


မိန္းမသားေတြခ်ည္းပဲေနတဲ့အိမ္ဆိုေတာ့

မနက္မိုးလင္းတာနဲ႔ စကားသံေတြက

ညံေနတတ္သည္။

အိပ္ယာမထခ်င္လည္းအေမ့ရဲ့ဆူပူသံကို

မၾကားခ်င္၍အၿမဲအိပ္ယာကို ေစာေစာထရသည္။


မနက္ငါးနာရီထိုးေလာက္တည္းက

အဖြားဟာ အက်ယ္ႀကီးဘုရားရိွခိုးတတ္ၿပီး

ေဒၚေလးကေတာ့ အပ်ိဳႀကီးပီပီအသန႔္အျပန႔္

အလြန္ႀကိဳက္၍ တစ္ခုခုလုပ္တိုင္း

သူ႔အေျပာကို ေၾကာက္ရေလသည္။


ဝိုင္းေလးဟာ ထိုလူသံုးေယာက္၏

အုပ္ထိန္းမႈၾကားမွ ႀကီးျပင္းလာသူျဖစ္ေပမဲ့

ေခာတ္လူငယ္ပီပီ ေပ်ာ္ခ်င္ပါးခ်င္တာေတာ့

ရိွသည္။သူငယ္ခ်င္းေတြႏွင့္ ခရီးအတူထြက္ျခင္း၊ရုပ္ရွင္ၾကၫ့္ျခင္းေတြကို 

အလြန္ႏွစ္သက္သည္။


"ဟူး..အိမ္ကလူေတြကိုေတာင္သတိရလာၿပီ

ဒီေန့ေတာ့ အိမ္ကိုခဏျပန္အံုးမွပါ.."


လသာေဆာင္တံခါးကို ျပန္ပိတ္လိုက္ၿပီး

ေရခ်ိဳးခန္းထဲသို႔ ၀င္လိုက္ကာမ်က္ႏွာသစ္၊

သြားတိုက္လိုက္ၿပီးေနာက္ အ၀တ္အစားကို

အျမန္လဲ၍ အိပ္ခန္းအျပင္သို႔

ထြက္လာခဲ့လိုက္သည္။

ထူးဆန္းတာက အျပင္မွာအလုပ္သမားေတြဟာ ၾကမ္းတိုက္သူကတိုက္၊ ေလွကားေတြကို

သုတ္သူကသုတ္ႏွင့္ အလုပ္ရႈပ္ေနၾကေလသည္။


"အေစာႀကီးပဲရိွေသးတာကို အလုပ္လုပ္ေနၾကၿပီလား.."


အားလံုးနဲ႔ ရင္းႏွီးခ်င္တာေၾကာင့္

ဝိုင္းေလးဘက္ကစၿပီး ႃပံုးကာေမးလိုက္ေပမဲ့

ဘယ္သူမွ စကားျပန္မေျပာၾကေပ။

ခပ္၀၀ႏွင့္ ေကာင္မေလးတစ္ေယာက္ကသာ

ဝိုင္းေလးကို မ်က္ႏွာရႈံ႔မဲ့ၿပီးသေဘာမက်သလို ၾကၫ့္လာေလသည္။


"မနက္မိုးလင္းတာနဲ႔ လူတိုင္း

အလုပ္လုပ္ရတယ္ရွင့္..ရွင္ကသာအလုပ္မရိွတာ.."


"ဟဲ့..ေအးလွ..ကိုယ့္အလုပ္ကိုယ္လုပ္.."


"အာ့..ေဒၚေလးကလည္းက်ဳပ္ကမွန္တာကို

ေျပာတဲ့ဥစၥာ.."


ေအးလွဆိုသၫ့္ ခပ္၀၀ႏွင့္ေကာင္မေလးကို

သူ႔အေဒၚျဖစ္သူက ပိတ္ေခါက္လိုက္၍

ငိုမဲ့မဲ့ေလးျဖစ္သြားေလသည္။

တူမကအေျပာမတတ္ေတာ့ အေဒၚက

အလိုက္တသိဆံုးမေပးပါလားဟု

ေတြးမလို႔ႀကံခါရိွေသးတယ္..ထိုအေဒၚႀကီးကပါ ဝိုင္းေလးကိုမ်က္ေစာင္းထိုးလာခဲ့သည္။


"အိမ္ႀကီးရွင္ေတြကို သြားမေျပာနဲ႔ေအးလွရဲ့

စားခြက္ေပ်ာက္သြားမယ္..

တို႔ကသမၼာအာဇီ၀နဲ႔ပဲ လုပ္ကိုင္စားတတ္ေတာ့

သူမ်ားခိုင္းဖက္ဘ၀ကကို တက္မွာမဟုတ္ဘူး..

အဲ့ေတာ့ကိုယ့္ေနရာကိုယ္သိ..

တစ္ခ်ိဳ႕တစ္ခ်ိဳ႕မ်ားၾကေတာ့  

သြားမပါရင္ေန..ကားပါရင္ၿပီးၿပီးေရာပဲ..

စိုင္ေကာ္လို႔ခ်ဳံေပၚကိုေရာက္ၿပီး သူမ်ားအိမ္ကအဖိုးတန္သားေလးကို ရသြားေတာ့လည္း

ေန၀င္ခ်ိန္နဲ႔ေနထြက္ခ်ိန္ကို

မခဲြတတ္ေတာ့ဘူးထင္ပါရဲ့..

ငွက္ေတြေတာင္အစာစားၿပီးလို႔

တေရးတေမာ‌အိပ္ေနေလာက္ၿပီ.."


ဆိုဖာေတြကို သုတ္ေနရင္းႏွင့္ဝိုင္းေလး၏

အေၾကာင္းကို ရိသဲ့သဲ့ေျပာေနေသာ

အေဒၚႀကီးအား တအားစိတ္တိုလာသည္။

သူကဘာမို႔လို႔ ဝိုင္းေလးကိုလာေျပာရတာလဲ။

စိတ္ရိွလက္ရိွသာဆို ေျပးၿပီး

နပန္းဖက္လံုးပလိုက္ခ်င္တယ္။

ဒီအတိုင္း ၿငိမ္ခံေနလို႔ေတာ့မျဖစ္ဘူး။

ၾကာလာရင္ ေရာင့္တက္လာၿပီးဒီ့ထက္

ေစာ္ကားေမာ္ကားေတြ လုပ္လာႏိုင္တယ္။

ဒါေၾကာင့္အခုတည္းက ေမဝိုင္းေလးဆိုတာ

ဘာေကာင္မလည္းသိေအာင္ ပဲြေတာ့ၾကမ္းျပရမွာပဲ။


"မမေလး.."


ဝိုင္းေလး၏အတင္းကိုေျပာေနေသာ

အေဒၚႀကီးဆီသို႔ ေဒါႀကီးေမာႀကီးႏွင့္

လမ္းေလ်ွာက္ေနမိစဉ္မွာ ေခၚသံတစ္ခုႏွင့္အတူ လက္ကိုလာဆဲြခံလိုက္ရေလသည္။

အေနာက္သို႔ လွၫ့္ၾကၫ့္လိုက္မိေတာ့

ဝိုင္းေလးထက္ငယ္ပံုရေသာ ေကာင္မေလး

တစ္ေယာက္ ျဖစ္ေနၿပီး သူ႔ကိုေတာ့အဖြား၏

အခန္းထဲမွာ မေန့ညကဇာတ္ကားသြားၾကၫ့္ရင္းႏွင့္ ေတြ့ဖူးခဲ့သည္။


"မမေလး..မနက္စာစားဖို႔ဆင္းလာတာ

မဟုတ္လား..ထမင္းစားခန္းထဲမွာ

အဆင္သင့္ျဖစ္ေနပါၿပီ..ၾကည္‌ၾကည္နဲ႔အတူ

လိုက္ခဲ့ပါေနာ္.."


"မဟုတ္ဘူး..ငါရွင္းရမဲ့ကိစၥရိွတယ္.."


"ေနာက္မွရွင္းပါမမေလးရယ္..လာပါ

လိုက္ခဲ့ပါေနာ္.."


ၾကည္ၾကည္က ဝိုင္းေလး၏

လက္ေကာက္၀တ္ေလးကို အတင္းဖိဆဲြလ်ွက္

ထမင္းစားခန္းထဲသို႔ ေခၚလာခဲ့ေလသည္။

ထမင္းစားခန္းထဲမွာေတာ့ အန္တီႀကီး

တစ္ေယာက္ႏွင့္အတူ ေကာင္ေလးတစ္ေယာက္က အတူခ်က္ျပဳတ္ျပင္ဆင္ေနၾကေလရဲ့။


"ဘယ္သူမွလည္းမရိွပါလား..

ဒီအိမ္သားေတြေရာ.."


ခံုမွာ၀င္ထိုင္ရင္းႏွင့္ ဝိုင္းေလးကေမးလိုက္ေတာ့ အန္တီႀကီးကႃပံုးႃပံုးႏွင့္ပင္

ဝိုင္းေလး၏မ်က္ႏွာကို ၾကၫ့္လာၿပီး..


"ဒီအိမ္သားေတြကိုအတူစုဖို႔က

ေတာ္ေတာ္ခက္လိမ့္မယ္..မမေလးရဲ့.."


"ဘာျဖစ္လို႔လဲ..ဒီအိမ္သား‌ေတြကမနက္စာ

အတူမစားၾကဘူးလား.."


"ဟုတ္တယ္..ဒီအိမ္မွာကသူ႔အလုပ္နဲ႔

သူဆိုေတာ့ မနက္စာမွမဟုတ္ဘူး..

ေန့လည္စာေရာ

ညစာေရာအတူစားခ်င္မွ စားၾကတာ.."


ဘယ္လိုႀကီးလည္းဟ..။ဝိုင္းေလးတို႔

အိမ္မွာဆိုရင္ တစ္ခါတစ္ေလမွာ

ေကာင္းေကာင္းမထိုင္မျပဳႏိုင္တဲ့

ေဖေဖ့ကိုေတာင္ ထမင္းစားခန္းကိုတကူးတက

ေခၚၿပီးအတူဝိုင္းထိုင္ကာ

ထမင္းစား‌ေလ့ရိွတယ္။

ေန့လည္စာေလာက္သာ တကဲြတျပားဆီ

စားတတ္ၾကေပမဲ့ မနက္စာနဲ႔ညစာကိုေတာ့

မိသားစုစံုစံုညီညီႏွင့္ စားရမွသာအရသာရိွတယ္ဟု ခံစားမိတာပါပဲ။


ဒီအိမ္သားေတြ မနက္စာေတာင္

အတူမစားၾကဘူးဆိုေတာ့ မင္းစက္အာဏာလို

ေသြးေအးတဲ့ သတၲဝါႀကီးကဒီအိမ္သား

ျဖစ္ေနတာဟာ မထူးဆန္းေတာ့ပါဘူး။


"ဒါဆိုဖြားဖြားႏုကေရာစားၿပီးၿပီလား.."


"ဖြားဖြားႏုကိုေတာ့..သူ႔သမီးကပဲေခၚသြားတယ္..‌

ဒီေန့ေဆးရံုမွာေဆးစစ္ေပးမလို႔တဲ့

..လမ္းမွာပဲ၀င္စားလိုက္မယ္လို႔မွာခဲ့တယ္

မမေလးကိုေတာ့ စားခ်င္တာရိွရင္

ေသခ်ာလုပ္ေပးလိုက္ပါတဲ့ေလ..ကဲ..

မမေလးဘာစားခ်င္လဲ.."


"မမေလးလို႔မေခၚပါနဲ႔..သမီးရဲ့နာမည္က

ေမဝိုင္းေလးပါ..ဝိုင္းေလးလို႔ပဲေခၚၾကပါေနာ္..

ဒါနဲ႔အန္တီတို႔နာမည္ေတြကေရာ

ဘယ္လိုေခၚၾကလဲ..ဝိုင္းေလးကို

ေျပာျပၾကအံုးေလ.."


အားလံုးကို ႃပံုးရႊင္စြာမိတ္ဆက္လိုက္ေတာ့

တအံ့တဩျဖစ္သြားၾကေသာ မ်က္ႏွာမ်ားျဖင့္

ဝိုင္းေလးကို မ်က္လံုးျပဴး၊မ်က္စံျပဴးႏွင့္

ၾကၫ့္လာၾကေလသည္။

ဝိုင္းေလးလည္း ‌နည္းနည္းေတာ့လန႔္သြားမိတယ္..။

ကိုယ့္မ်က္ႏွာမွာ တစ္ခုခုေပေနတယ္

အထင္ႏွင့္ လိုက္ပြတ္ၾကၫ့္ေတာ့လည္း

ဘာမွ မရိွေပ။


"ဝိုင္းေလးရဲ့ မ်က္ႏွာမွာတစ္ခုခု

ေပေနလို႔လားဟင္..ဘာျဖစ္လို႔၀ိုင္းၿပီး

ၾကၫ့္ေနၾကတာလဲ.."


"ဘာမမဟုတ္ပါဘူး..မမ‌ေလး..အဲ..

ဝိုင္းေလးရယ္..ဒီအိမ္ပိုင္ရွင္ေတြက

အလုပ္သမားေတြနဲ႔ အေရာတ၀င္

ေနတာရွားတယ္ေလ..ဖြားဖြားႏုဆိုလည္း

သေဘာေကာင္းေပမဲ့ အလုပ္သမားေတြနဲ႔

သိပ္ၿပီးနင္လား၊ငါလား စကားေျပာတာမဟုတ္ဘူး

..သမီးေလးကအန္တီတို႔နဲ႔လာ

မိတ္ဆက္ေတာ့ အံ့ဩသြားတာပါ.."


"ဟုတ္လား..ဒါဆို..

မင္းစက္အာဏာကေရာ..သူကအိမ္မွာဆို

ဘယ္လိုပံုစံလဲ.."


"အာ..မမဝိုင္းေလးကလည္း..အစ္ကိုေလးက

ဒီမွာမွ သိပ္မေနတာ..သူ႔ရဲ့ကိုယ္ပိုင္အိမ္မွာ

သြားေနတာမ်ားတယ္ေလ..အဲ့ေတာ့

ၾကည္ၾကည္တို႔လည္း သူနဲ႔စကားေျပာဖူးတာမ်ိဳး သိပ္မရိွဘူး..

သိခ်င္ရင္ဖိုးသားကိုေမးၾကၫ့္

အစ္ကိုေလးက ဒီအိမ္ကိုလာရင္ဖိုးသားကိုပဲ

ခိုင္းဖို႔ေခၚေနၾက.."


ေဒၚခင္ျမ၏ အနီးရိွပန္းကန္စင္တြင္

ပန္းကန္ေတြကို အသဲအသန္ေဆးေနေသာ

ေကာင္းေလးဟာ ၾကည္ၾကည္ေျပာတဲ့

ဖိုးသားပဲ ေနလိမ့္မယ္။

ထမင္းစားခန္းထဲသို႔ စ၀င္လာတည္းက

ဝိုင္းေလးကို တစ္ခ်က္သာၾကၫ့္ၿပီး

ေခါင္းငံုကာ ေျပာင္ေနေသာပန္းကန္ေတြကိုသာ ထပ္ၿပီးေဆးေနေသာေၾကာင့္

နည္းနည္းေတာ့ရယ္ခ်င္လာမိသည္။


"မင္းနာမည္က ဖိုးသားလားေမာင္ေလး.."


"ဟုတ္..ဟုတ္ပါတယ္.."


"ဖိုးသားကစကားထစ္တယ္ဝိုင္းေလးရဲ့..

သူကအခုမွ၁၆ႏွစ္ပဲရိွေသးတာေလ..

လူလည္းသိပ္ေၾကာက္တတ္တာ..

အစ္ကိုေလးမင္းစက္ကေတာ့ဒီကိုလာရင္

သူနဲ႔ၾကင္ေမာင္ကိုပဲ ေခၚခိုင္းတာ..

အန္တီ့နာမည္ကေတာ့ေဒၚခင္ျမပါ.."


"ဟုတ္ကဲ့..ဒါဆိုအန္တီျမလို႔ပဲေခၚမယ္ေနာ္.."


"ႀကိဳက္သလိုေခၚပါကြယ္..ဒါနဲ႔ဝိုင္းေလးက

ဘာစားခ်င္လည္းဟင္..."


"ဟုတ္သားပဲ စကားေတြေျပာေနတာနဲ႔

မနက္စာကိုေတာင္ေမ့ေနတာ..အန္တီျမတို႔ကေရာ ဘာစားၿပီးၿပီလည္းဟင္..

အန္တီျမတို႔စားတာကို စားမယ္ေလ.."


"အယ္..အဲ့ဒါေတာ့မျဖစ္ပါဘူး..

အန္တီတို႔က အေၾကာ္ေလးနဲ႔ထမင္းဆီစမ္းနဲ႔

စားတာကဲြ႔..ဒီအိမ္ကလူေတြကေတာ့

မနက္ဆို..ပါစတာတို႔..ဆန္းဝွစ္sandwichတို႔..

ထမင္းေပါင္း..ၾကာဇံေၾကာ္..ေခါက္ဆဲြေၾကာ္

..အဲ့လိုေတြပဲစားၾကတာမ်ားတယ္.."


"ဟင္..ဒါေပမဲ့ဝိုင္းေလးကဒီေန့အန္တီျမတို႔

စားတဲ့ထမင္းဆီစမ္းနဲ႔အေၾကာ္ကိုပဲ

စားခ်င္တာေလ..လုပ္ပါေနာ္.."


"ကဲ..ေျပာမရလည္းဝိုင္းေလးစားခ်င္တာကို

ကၽြေးပါ့မယ္ရွင္.."


"ဒီလိုမွေပါ့.."


အန္တီျမက ထမင္းဆီစမ္းေလးႏွင့္

ပုဇြန္ေၾကာ္ေလးကို ေသခ်ာေလး

လုပ္ေပး၍ ဝိုင္းေလးလည္းဗိုက္ဆာဆာႏွင့္

အ၀စားျပစ္လိုက္ရာ တစ္ပန္းကန္လံုး

ေျပာင္သြားေလသည္။


"ဒါနဲ႔အန္တီျမ..ခုဏကအျပင္ဘက္မွာေလ

ခပ္၀၀နဲ႔ေကာင္မေလးရယ္..အေဒၚႀကီး

တစ္ေယာက္ရယ္ ရိွေနတာ..သူတို႔က

ဘယ္သူေတြလဲ.."


"အဲ့ဒါကေဒၚေအးသန္းနဲ႔ သူတူမေအးလွေလ

သူတို႔က ေဒၚခိုင္မိုးျမင့္ရဲ့ေယာက္်ားဘက္က

အမ်ိဳးေတြပါ..ေအးလွက၀လို႔သာ

အသက္ႀကီးတယ္လို႔ထင္ရတာ..

သူရိွမွအသက္၂၀ေလာက္ပါပဲ.."


"ဟုတ္လား..ဒါဆိုဝိုင္းေလးထက္ေတာင္

ငယ္တာေပါ့ေနာ္..ဒါနဲ႔..ေဒၚခိုင္မိုးျမင့္က

ဘယ္သူလည္းဟင္.."


"အဲ့ဒါကမမႀကီးရတနာရဲ့အစ္မေလ..

အစ္ကိုေလးမင္းစက္တို႔ရဲ့အေဒၚအရင္း

ေခါက္ေခါက္‌ပဲ.."


"ဟင္း..ဒီအိမ္မွာလူေတြကလည္း

မ်ားလိုက္တာေနာ္..ဘယ္ႏွစ္ေယာက္ေတာင္

ေနၾကတာလဲ.."


"မမဝိုင္းေလးကလည္း..လူမ်ားတာသာ

ေျပာေနတာ..အဲ့လူေတြကမနက္မိုးလင္းတာနဲ႔

အိမ္မွာတစ္ေယာက္မွ မရိွတာကိုေတာ့

အခုမ်က္ျမင္ပဲမဟုတ္လား..

ဒီအိမ္မွာ ေယာက္်ားေလးအလုပ္သမားက

ဖိုးသား၊ဦးၾကင္ေမာင္နဲ႔ကိုႀကီးမင္းသစ္ရိွတယ္..

ကိုႀကီးမင္းသစ္ကေတာ့..အစ္ကိုေလးရဲ့

ကားဒါရိုင္ဘာေပါ့..ဦးၾကင္ေမာင္ကေတာ့

မာလီ၊ဥယ်ာဉ္မွဴးေပါ့..မိန္းကေလးအလုပ္သမားကေတာ့ ၾကည္ၾကည္ရယ္

အန္တီခင္ျမအျပင္..ေဒၚေအးသန္းနဲ႔

မႀကီးေအးလွအပါ..စုစုေပါင္းေလးေယာက္ေပါ့.

.အိမ္သားကေတာ့..

လူႀကီးေတြထဲမွာဖြားဖြားႏုရယ္..

အန္တီရတနာထိုက္ရယ္..အန္တီ‌ခိုင္မိုးျမင့္ရယ္

ရိွတယ္ေလ..ၿပီးေတာ့

အန္တီရတနာရဲ့သားသမီးသံုးေယာက္ျဖစ္တဲ့..

ကိုကိုႀကီးဟိန္းထက္သူရရယ္..

မမေလး..အိမ့္ခ်စ္မွဴးေဝရယ္ရိွတယ္ေလ..

အစ္ကိုေလးမင္းစက္ကလဲြၿပီး က်န္တဲ့

သူေတြက ဒီအိမ္မွာပဲအၿမဲေနၾကတာ.."


အမယ္ေလး..မ်ားလိုက္တဲ့လူေတြ။

အလုပ္သမားကခ်ည္းပဲ ခုႏွစ္ေယာက္ေတာင္

ရိွတယ္။ၿပီးရင္ အိမ္မွာလည္းလူမရိွၾကပဲ

အလုပ္သမားေတြကိုပဲ အိမ္မွာထားခဲ့ၾကတယ္။

တစ္ေယာက္မွလည္း လူမႈေရးသိပ္နားမလည္ၾကဘူး။မဂၤလာဆြမ္းႂကြေးကိုေတာင္ ကိုမင္းစက္ရဲ့

အစ္မကေတာ့ အဆိုေတာ္မို႔စီးရီးထုတ္ဖို႔မအားတာနဲ႔

မတက္ျဖစ္ဘူး။


အစ္ကိုျဖစ္သူၾကေတာ့လည္း

ကိုယ့္ညီမဂၤလာေဆာင္တဲ့ေန့ၾကမွ ဂ်ပန္ကေန

ကားေတြေရာက္လာလို႔ ကြန္တိန္နာေတြ

လိုက္စစ္ရတာနဲ႔ မအားပါဘူးတဲ့။

သူတို႔အေဒၚၾကေတာ့လဲ မဂၤလာဆြမ္းကၽြေးမွာ

စူပုပ္ေနေရာပဲ။

ဝိုင္းေလးကို ေျပးရိုက္ေတာ့မဲ့ပံုစံနဲ႔

ခဏခဏၾကၫ့္ေနခဲ့ေသးတာ။


ၾကၫ့္ရတာေတာ့ ဒီအိမ္မွာလူအရမ္းမ်ားေပမဲ့

ဝိုင္းေလးနဲ႔ ေကာင္းေကာင္းဆက္ဆံႏိုင္တာဆိုလို႔

ဖြားဖြားႏုတို႔ သားအမိရယ္။

အန္တီခင္ျမတို႔ တူ၀ရီးေတြရယ္ပဲရိွေလာက္တယ္။


"ဒါနဲ႔ေလ..ကိုမင္းစက္ကိုေရာမေတြ့မိပါလား

သူအလုပ္ကိုသြားၿပီလားဟင္..."


"ဟင္..ဝိုင္းေလးကတကယ္ပဲမသိဘူးလား..."


အန္တီခင္ျမသည္ အံ့ဩတႀကီးႏွင့္ဝိုင္းေလးကို

ၾကၫ့္လာခဲ့ေလသည္။


"ဘာျဖစ္လို႔လဲဟင္..."


"ဟို..အစ္ကိုေလးက..

မနက္ငါးနာရီထိုးေလာက္တည္းက

ေလယာဉ္ကြင္းကို သြားၿပီေလ.."


"ဟမ္!!!ေလယာဉ္ကြင္းကိုသူက

ဘာသြားလုပ္တာလဲ.."


"မမဝိုင္းေလးက ဒါလည္းမသိျပန္ဘူးလား.."


မသိလို႔ေမးပါတယ္ဆိုေနမွ။သူတို႔ကတစ္မ်ိဳး

သိမွေတာ့ ေမးပါ့မလား။

ညတုန္းက ကုတင္ေပၚကေန ကန္ခ်လိုက္မိၿပီး

အခန္းထဲကို လံုး၀ျပန္၀င္မလာတဲ့လူဟာ

ဘာေတြလုပ္ေနသလဲ ဘယ္လိုလုပ္ၿပီးသိႏိုင္မွာလဲ။


"အစ္ကိုေလးက..ထိုင္းႏိုင္ငံ..ဘန္ေကာက္ကို

အလုပ္ကိစၥနဲ႔သြားၿပီေလ..ၾကည္ၾကည္လည္း

မဂၤလာေဆာင္ၿပီးေနာက္တစ္ေန့မွာ

ဟန္းနီးမြန္းမဟုတ္ပဲ အလုပ္ခရီးထြက္တယ္ဆိုလို႔

အံ့ၾသသြားတာ..မနက္က‌ေလယာဉ္ကြင္းလိုက္ပို႔တဲ့

ကိုႀကီးမင္းသစ္ကို ေမးၾကၫ့္လိုက္တာ..

ခရီးကႏွစ္လေတာင္ၾကာမွာတဲ့..."


"ဘာ!!!!!"


ၾကည္ၾကၫ့္ စကားအဆံုးမွာဝိုင္းေလး၏

မ်က္ႏွာသည္ အလင္းေရာင္ေတြအားလံုး

ေပ်ာက္ဆံုးသြားသလို မဲေမွာင္သြားခဲ့ေလသည္။

အႃပံုးအရယ္တို႔ ကင္းစင္သြားခဲ့ၿပီး

ခ်က္ခ်င္းကို ၀မ္းနည္းရိပ္တို႔လႊမ္းလာကာ

အလုပ္သမားေတြအေရ႔ွမွာ ထိုင္ေနရတာကိုေတာင္

ရွက္စိတ္၀င္လာမိသည္။

မေန့ကမွ မဂၤလာေဆာင္ၿပီးတဲ့သတို႔သမီးကို

ထားခဲ့ၿပီး ႏွစ္လၾကာေအာင္

ခရီးထြက္ရေလာက္တဲ့အထိ အလုပ္ကို

သိပ္ခ်စ္ေနတယ္ေပါ့ေလ။


"မမဝိုင္းေလး..အဆင္ေျပရဲ့လား.."


"ဝိုင္းေလး..အခန္းထဲကိုျပန္သြားေတာ့မယ္ေနာ္.."


အိပ္ခန္းထဲသို႔ ေျပး၀င္လိုက္ၿပီးအခန္းတံခါးကို‌

ေဆာင့္ပိတ္ျပစ္လိုက္မိသည္။

အားလံုးအေရ႔ွမွာ ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႔

ေနရေတာ့မွာလဲ။

ခ်မ္းသာတဲ့ ေယာက္်ားကိုရသြားေတာ့

အရမ္းကံေကာင္းတာပဲလို႔ လူေတြကေတာ့

ေျပာၾကမွာပဲ။တကယ့္လက္ေတြမွာေတာ့

အားလံုးဟာ စိတ္ပ်က္စရာေတြႀကီးပဲ။

ၿခံႀကီးကက်ယ္သေလာက္

အိမ္ႀကီးကခမ္းနားသေလာက္ ေနြးေထြးမႈမရိွတဲ့

ေအးစက္ေသာ ဘံုဗိမာန္ႀကီးတစ္ခုသာသာပါပဲ။


"အီဟီး...ငါကိုကကံဆိုးတာပါ..

ေကာင္းလိုက္တဲ့ေယာက္်ား..ငါ့ကိုအသိေတာင္

မေပးခဲ့ပဲ..ႏွစ္လေတာင္ခရီးထြက္တယ္တဲ့လား

ေမေမတို႔သိရင္ ဘယ္ေလာက္ေတာင္

စိတ္မေကာင္းျဖစ္ၾကမလဲ..

ဒီေလာက္ပိုက္ဆံခ်မ္းသာေနတာကိုေတာင္

ဒီအခ်ိန္ႀကီးမွာ ငါ့ကိုထားခဲ့စရာလား..

ဒါတမင္ငါ့ကို သစ္စိမ္းခ်ိဳးခ်ိဳးတာ..

ငါကသူ႔ကို ကန္ခ်လိုက္လို႔

ငါ့ကိုျပန္ကလဲ့စားေခ်တာပဲျဖစ္မွာ...

အဟင့္..အေမေရ..လာၾကၫ့္လွၫ့္ပါအံုး

အေမ့သားမက္က...ေတာ္လွခ်ည္ရဲ့ဆို

ၾကာသပေဒးႂကြက္ခ်င္း ေန့နာမ္အတူတူပဲမို႔

ေသခ်ာေပါက္ ဝိုင္းေလးနဲ႔တၫ့္မွာဆို

အခုေတာ့ မဂၤလာေဆာင္းၿပီးၿပီးခ်င္း

တစ္ခုလတ္တန္းျဖစ္သြားတာနဲ႔..ဘာကြာလို႔လဲ..."


ထိုေန့က အခန္းထဲ၌သာဝိုင္းေလးေနခဲ့မိေလသည္။

ဖြားဖြားႏုျပန္လာမွသာ အခန္းထဲကထြက္ျဖစ္သည္။

အန္တီရတနာနဲ႔ ဖြားဖြားႏုကေတာ့ ဝိုင္းေလးကို

မင္းစက္အာဏာ၏လုပ္ရပ္ႏွင့္ ပတ္သတ္ၿပီး

ေတာင္းပန္လာခဲ့တယ္။

က်န္တဲ့သူေတြအကုန္လံုးကို ခြင့္လႊတ္ေပးႏိုင္ေပမဲ့

မင္းစက္အာဏာကိုေတာ့ လံုး၀

ခြင့္လႊတ္မေပးႏိုင္ဘူး။


ခ်စ္လို႔ညားခဲ့ၾကတာမဟုတ္ေပမဲ့ ဒင္းရဲ့လုပ္ရပ္က

ဝိုင္းေလးရဲ့ သိကၡာကိုထိခိုက္ေစတယ္။

လက္ထက္ၿပီးသြားတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ

သူယူထားတဲ့ မိန္းကေလးကို ဘယ္သူ႔မ်က္ႏွာမွ

မငဲ့ပဲ ဂရုစိုက္စရာမလိုတဲ့ ပံုစံလုပ္သြားခဲ့တာမို႔ တစ္သက္လံုး ခြင့္လႊတ္မေပးႏိုင္ဘူး။


🔥🔥🔥🔥🔥🔥🔥🔥


ထိုင္းႏိုင္ငံ(ဘန္ေကာက္ၿမိဳ႔)


စီးပြားေရးေလာကတြင္ျပည္ပအထိနယ္ခ်ဲ႔ထားႏိုင္သည့္ အင္အားႀကီးမားေသာ KG group၏

CEOမင္းစက္အာဏာသည္ အစည္းအေဝးအခန္း၏ ထိပ္ဆံုးတြင္ခပ္မိန႔္မိန႔္ထိုင္ေနခဲ့သည္။

အစုရွယ္ယာရွင္မ်ားစီတန္းကာ ထိုင္ေနေသာ

ေနရာတြင္ ငယ္ရြယ္ထက္ျမက္သၫ့္ သူ႔သြင္ျပင္ဟာ မည္သူမဆို အထင္ႀကီးေလာက္ေသာ

အရိွန္အဝါတို႔ႏွင့္ ျပၫ့္ႏွက္ေနသၫ့္အလား

ထင္ရေစသည္။


KG groupဆိုတာ ျမန္မာတြင္သာမကပဲထိုင္းႏွင့္

အာရွႏိုင္ငံမ်ားအထိပါ ပတ္သတ္ဆက္ႏြယ္ထားေသာ ျပဒါးသံလမ္းႀကီးတစ္ခုလိုပါပဲ။

KG group၏လက္ေအာက္တြင္လည္း

လုပ္ငန္းအခဲြေပါင္းမ်ားစြာရိွၿပီး မင္းစက္အာဏာ

ကိုယ္တိုင္ အေကာင္အထည္ေဖာ္ထားေသာ

လုပ္ငန္းမ်ားကေတာ့ ႏိုင္ငံအသီးသီးမွ

အဆင့္ျမင့္စူပါမားကတ္ Projectမ်ားျဖစ္ေလသည္။


KG group၏ မူလတည္ေထာင္သူမွာ မင္းစက္၏

ဖခင္ အသက္(၅၇)ႏွစ္ရိွၿပီျဖစ္တဲ့

ဦးသူရမင္းေခါင္ျဖစ္ကာ ယခုလက္ရိွမွာေတာ့

က်န္းမာေရးေၾကာင့္ ေခတၲအနားယူေနရေလသည္။

ထို႔ေၾကာင့္ မင္းစက္အာဏာသည္ ယခုလက္ရိွမွာ

ျမန္မာႏိုင္ငံရိွသူပိုင္ဆိုင္‌ေသာKG group၏

စီအီးအို ရာထူးသာမကပဲ

အာရွရိွ လက္ခဲြကုမၸဏီမ်ားစြာ၏ တာ၀န္ေတြကိုပါ

ယူထားရေလသည္။


"အခုဆိုရင္ ဘန္ေကာက္ပေရာဂ်က္ကိုစတင္ခဲ့တာ

တစ္လနဲ႔ဆယ့္ငါးရက္ရိွသြားခဲ့ၿပီ..

ကုန္ပစၥည္းေတြ တင္သြင္းဖို႔ႀကိဳၿပီးစီစဉ္ရေတာ့မယ္

ကုန္တိုက္ရဲ့ ပံုစံကိုေတာ့အရင္KGရဲ့ကုန္တိုက္ေတြထက္ ပိုၿပီးဆန္းျပားတဲ့ပံုစံကိုသြားခ်င္တယ္...

မားကတ္တင္းပိုင္းကိုေရာ ဘယ္သူကတာ၀န္တာလဲ..."


"မားကတ္တင္းပိုင္းကိုေတာ့..မစၥတာတ၀မ္ကတာ၀န္ယူထားပါတယ္..ဒါေပမဲ့ဒီေန့သူ႔မိသားစုမွာ

အေရးေပၚကိစၥေပၚလာလို႔သူေရာက္မလာႏိုင္ပါဘူး

ဒါေၾကာင့္ သူ႔ရဲ့အစီအရင္ခံစာကို ပို႔ထားေပးပါတယ္..."


လက္ေထာက္ျဖစ္သူက မစၥတာတ၀မ္၏

အစီရင္ခံစာကိုေရးဆဲြထားသၫ့္ ဖိုင္လ္အား

မစၥတာလင္းဆီမွယူလိုက္ၿပီး မင္းစက္၏အေရ႔ွသို႔ 

ခ်ေပးလိုက္သည္။

မင္းစက္အာဏာကေတာ့ ခံုေပၚ၌

လက္ႏွစ္ဖက္ေထာက္၍ ေမးေစ့ကိုအနည္းငယ္

ပြတ္သပ္လိုက္ရင္း မစၥတာတ၀မ္၏မားကတ္တင္းပလန္ကို ‌စူးစိုက္၍ၾကၫ့္ေနခဲ့ေလသည္။

အခုလက္ရိွ ေဆာက္လုပ္မဲ့ကုန္တိုက္ႀကီးဟာ

ထိုင္းေရာက္ျမန္မာေတြအတြက္လည္း

အဓိကရည္ရြယ္ထားျခင္းျဖစ္၍

မားကတ္တင္းပလန္ကအနည္းငယ္ေတာ့

လိုအပ္မႈ ရိွေနသည္။


"ကၽြန္ေတာ္လိုခ်င္တာက ထိုင္းကအႏုပညာရွင္ေတြနဲ႔ပဲ ေၾကာ္ျငာတာမ်ိဳးမဟုတ္ပဲ ျမန္မာႏိုင္ငံက

နာမည္ႀကီးစတားေတြနဲ႔ပါ ပူးေပါင္းေစခ်င္တာ

ျဖစ္ႏိုင္ရင္ ႏွစ္ႏိုင္ငံအႏုပညာရွင္ေတြကို

အတူပူးေပါင္းဖို႔လုပ္ေပးတာမ်ိဳးေပါ့...

မားကတ္တင္းအတြက္ ဘတ္ဂ်က္ကိုေတာ့

ပိုသံုးဖို႔လုပ္ထားတယ္..

ဖိုင္လ္ကိုျပန္ယူသြားၿပီး မစၥတာတ၀မ္ကို

ျပန္ေပးလိုက္ပါ..."


"ဟုတ္ကဲ့..မစၥတာတ၀မ္ကိုစီအီးအိုရဲ့

အႀကံျပဳခ်က္ေတြနဲ႔ပတ္သတ္ၿပီး ေသခ်ာေပါက္ေျပာလိုက္ပါ့မယ္..."


"ဟုတ္ၿပီ.. networkပိုင္းကေရာအပလီေကးရွင္းက

ဘယ္အဆင့္ထိေရာက္ေနၿပီလဲ.."


"အပလီေကးရွင္းကေတာ့ စိတ္ခ်ရတဲ့

အေျခအေနကိုေရာက္ေနပါၿပီ..

ဒါေပမဲ့ androidေတြအတြက္ပဲေလာေလာဆယ္အဆင္ေျပပါေသးတယ္.."


"ဟုတ္ၿပီ..အတတ္ႏိုင္ဆံုးအမ်ိဳးအစားအစံု

ေဒါင္းလို႔ရေအာင္ ႀကိဳးစားေပးပါ

ဖုန္းနဲ႔သံုးရလြယ္ၿပီး ပစၥည္းမွာရင္အမွားမရိွေစဖို႔

အဓိကလုပ္ေပးပါ..ပထမဆံုးအြန္လိုင္းစနစ္နဲ႔

သြားမဲ့ ပေရာဂ်က္မို႔ အမွားလုပ္လို႔မရဘူး

ဘတ္ဂ်က္ကေတာ့ အကန႔္အသတ္ရိွတယ္ဆိုေပမဲ့

လိုအပ္ေနရင္လည္း ေသခ်ာေလးတင္ျပလာေပးလို႔ရပါတယ္...ဒီအပလီေကးရွင္းက..

ပေရာဂ်က္ရဲ့ အသက္ျဖစ္လို႔...

ေခါင္းေဆာင္အေနနဲ႔ ငယ္သားေတြကို

ပိုသတိထားၿပီးအားထုတ္ဖို႔ တြန္းအားေပးေပးပါ..."


"ဟုတ္ကဲ့..ကၽြန္ေတာ့္တို႔ေသခ်ာဂရုစိုက္ပါ့မယ္

အခ်ိန္မွီလည္းၿပီးေစရပါမယ္.."


"ေကာင္းပါၿပီ..ကၽြန္ေတာ္က..ဒီမွာအခ်ိန္

ႏွစ္လေလာက္ပဲ ေနဖို႔ပလန္ဆဲြထားတာဆိုေတာ့

..အားလံုးပဲဒီႏွစ္လအတြင္းမွာ

 အမ်ားႀကီးႀကိဳးစားေပးၾကပါအံုး...ဒီေန့ေတာ့အစည္းအေဝးကဒီေလာက္ပါပဲ.."


မင္းစက္အာဏာတစ္ေယာက္ အစည္းအေဝးအခန္းထဲကေန ထြက္သြားေသာအခါ လက္ေထာက္

ေကာင္းသန႔္ဟာ အေနာက္မွထပ္ၾကပ္မခြာလိုက္ရေလသည္။

အစည္းအေဝးၿပီးေတာ့မွသာ သူလည္းသက္ျပင္း

ေကာင္းေကာင္း ခ်ရေတာ့သည္။


ဒီေန့အဖို႔ စိတ္ၾကည္လင္ေနလို႔သာ

အစည္းအေဝးခန္းထဲကလူေတြ

အေနေခ်ာင္ရျခင္းျဖစ္သည္။

စီအီးအိုမင္းစက္သည္

ဖခင္ျဖစ္သူထက္ တိက်ျပတ္သားသူဟု

နာမည္ႀကီးၿပီး သူ႔စိတ္ကိုမည္သူမ်ွ

မခန႔္မွန္းတတ္ၾကေပ။

မႃပံုးခ်င္လည္း လိုအပ္လာလ်ွင္ႃပံုးျပဖို႔

၀န္မေလးတတ္သလို

ေၾကာက္စရာေကာင္းေလာက္ေအာင္လည္း

ေဒါသႀကီးေလသည္။


သူစိတ္မၾကည္တဲ့အခ်ိန္ဆိုရင္ ယင္တစ္ေကာင္

ျဖတ္သြားရင္ေတာင္ သူ႔အၾကၫ့္ေၾကာင့္

ျပာက်သြားႏိုင္ေလာက္သည္။

လူကဲခတ္လည္း အင္မတန္ေတာ္လြန္းကာ

ဘယ္သူက ဘာရည္ရြယ္ခ်က္နဲ႔အနားကို

လာကပ္သလဲဆိုတာကအစ သိေလသည္။

သူဟာ မွန္လိုလူျဖစ္ၿပီး သူ႔ကိုဟန္ေဆာင္ႃပံုးျပရင္

ျပန္၍ ဟန္ေဆာင္ျပတတ္ကာ

သူ႔ကိုမဲ့ျပရင္ အဲ့လူဘ၀ေတာ့ဆံုးၿပီပဲ။


"ဒီညေနအတြက္အခ်ိန္ဇယားကိုေျပာ..."


"ဒီညေနအတြက္ကေတာ့..

KGေဖ်ာ္ေျဖေရးကုမၸဏီရဲ့ ႏွစ္ပတ္လည္ပဲြရိွပါတယ္

KGလက္‌ေအာက္ကနာမည္ႀကီး

အႏုပညာရွင္ေတြေရာ..ဒါရိုက္တာေတြေရာ

ထုတ္လုပ္ေရးဘက္က ရွယ္ယာသမားေတြပါ

ပဲြတက္မွာမို႔ ဒီပဲြေလးကိုတက္ေပးရပါမယ္..."


"ေကာင္းၿပီ..ဒါဆိုရင္၀တ္စံုနဲ႔ကားကိုအဆင္သင့္လုပ္ထားလိုက္...ခဏေနရင္

ေဆာက္လုပ္ေရးဘက္ခဏသြားမယ္..."


"ဟုတ္ကဲ့ပါ.."


"သူေဌး...တစ္နာရီေလာက္က..သူေဌးရဲ့အေမ

ဖုန္းလွမ္းဆက္ပါတယ္.."


ရံုးခန္းထဲရိွ ဆိုဖာေပၚတြင္ ခဏမွီ‌ကာထိုင္းေနရင္းႏွင့္ ကိုက္ခဲ‌လာေသာ မ်က္ရိုးေတြ‌ကို

လက္မႏွင့္လက္ၫွိုးကိုသံုးကာ ဖိထားလိုက္မိေလသည္။

ဒီကိုေရာက္လာသည့္ ေန့ကတည္းက

မိသားစုကို ေမ့ထားမိသည္မွာတစ္လေက်ာ္ေလာက္ရိွေနေလၿပီ။

အဖြားကေတာ့ အရမ္းစိတ္ဆိုးေနမွာပဲ။

သူ႔ဘ၀မွာ အဖြားကိုသာအခ်စ္ဆံုးျဖစ္၍

ဘယ္အခ်ိန္ ဘယ္ေနရာကိုေရာက္ေရာက္

အဖြားကိုသာ သတိရတတ္သည္။


"ဘာေျပာေသးလဲ..."


"သူေဌးကိုဖုန္းျပန္ဆက္ပါတဲ့....သူေဌးေရာ

ျပန္မဆက္ခ်င္ဘူးလား..

မိသားစုကိုမလြမ္းဘူးလား..."


"ဘာလဲ...မင္းကအိမ္ကိုလြမ္းေနၿပီလား..."


သူေမးလိုက္ေတာ့ ေကာင္းသန႔္ကသူ႔လည္ဂုတ္ကို

သူျပန္ပြတ္သပ္လိုက္ၿပီး မ်က္ႏွာကလည္း

ၿပီတီတီျဖစ္သြားေလသည္။


"အိမ္မွာ..မိန္းမနဲ႔ကေလးေတြရိွတယ္ေလဆရာရယ္

သမီးေလးက ဖုန္းဆက္ရင္ေတာ္ေတာ္ခၽဲြတာဗ်

အဲ့ေတာ့ မလြမ္းပဲဘယ္ေနပါ့မလဲ.."


"မိန္းမနဲ႔ကေလးဟုတ္လား.."


"ဆရာေရာ..ဆရာ့မိန္းမကိုမလြမ္းဘူးလား.."


ထိုစကားကိုၾကားေတာ့ သူမဲ့ႃပံုးေတာင္ႃပံုးလိုက္မိသည္။

*လြမ္းရမယ္တဲ့လား။

ကိုယ့္ကိုမဂၤလာဦးညမွာ ကုတင္ေပၚကေန

ကန္ခ်ခဲ့တဲ့ မိန္းမကိုေလ။

ေတာ္ေတာ္ လြမ္းစရာေကာင္းတာပဲ။


မင္းစက္အာဏာကို ပိုင္ဆိုင္ရဖို႔

အဆင့္အတန္းျမင့္မားတဲ့ မိန္းမေတြကေတာင္ အသည္းအသန္ျဖစ္ေနၾကတဲ့အခ်ိန္မွာ

ကိုယ့္ကိုကုတင္ေပၚကေန

ကန္ခ်ရဲတဲ့ သတၲိမ်ိဳးရိွခဲ့တဲ့မိန္းမ..။

သူကဘာမို႔လို႔လဲ။

မင္းစက္အာဏာဆိုတာ သေဘာမက်ရင္

အနားေတာင္အကပ္မခံတဲ့လူဆိုတာ 

မသိေသးဘူးထင္ပါရဲ့။

ကိုယ့္ကို ခယမဲ့မိန္းမကိုပဲအလိုရိွတာမို႔

ရန္လိုေနရင္ေတာ့ ေဝးေဝးကိုဒိုးပဲ။


အခန္း(၇)ဆက္ရန္....


စာေရးသူ..ေဆာင္းေငြ့ေဝ


🔥🔥🔥🔥🔥🔥🔥🔥


(ႂကြက္နဲ႔ျခေသၤ့လယ္ျပင္မွာ ေတြ့ပါၿပီ..)😁




No comments:

Post a Comment