အခန်း(၂၉)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
၀င်းတစ်ယောက် မင်းစက်အာဏာ၏
ရုံးခန်းထဲသို့ ၀င်လိုက်သည်နှင့် လမ်းတစ်လျှောက်ပျော်ရွှင်ကြည်နူးနေမှုတွေဟာ ကြက်ပျောက်၊
ငှက်ပျောက်ဖြစ်သွားသလိုပါပဲ။
လေအေးပေးစက်ဖွင့်ထား၍ ချမ်းနေတာမျိုးမဟုတ်ပဲ ကျောရိုးထဲကနေစိမ့်ထွက်လာတဲ့
အေးစက်မှုမျိုးကို ခံစားနေရတာမျိုး။
အကြောင်းအရင်းကတော့ ရုံးခန်းထဲရှိ
ထမင်းစားသည့် စတုရန်းပုံစားပွဲအရှည်၏
ထိပ်ဆုံးမှာ ထိုင်နေသောသူကြောင့်ပါပဲ။
စားပွဲ၏ဘေးတစ်ဖက်တစ်ချက်ဆီမှာတော့
အပြန်အလှန်ဆွေးနွေးစကားပြောနေကြသော
လူများထိုင်နေပြီး တစ်ယောက်ချင်းစီသည်
စနောက်၍ မရလောက်အောင်အပီအပြင်ကို
အစည်းအဝေးတွင် ဈာန်၀င်နေကြလေသည်။
၀င်းနှင့်မသဇင်တို့နှစ်ယောက် အစည်းအဝေး
ခန်းထဲသို့၀င်လိုက်ပြီး ဆိုဖာအလွတ်ပေါ်မှာ
ထိုင်လိုက်ကြပေမဲ့ သူတို့ကိုဘယ်သူကမှ
အရေးတယူတောင် လှည့်မကြည့်ကြ၍
လူပိုကြီးတွေလိုဖြစ်၍နေသည်။
၀င်းကတော့ စားပွဲ၏ထိပ်ဆုံးတွင် နားထင်ကို
လက်ညှိုးထောက်ထားလျှက် ကျန်သူများ၏
စကားကို ခေါင်းတညိမ့်ညိမ့်လုပ်နေသူအား
နှာခေါင်းရှုံ့လိုက်မိသည်။
မင်းစက်ဆိုတာ သူနဲ့ဆယ်ကျော်သက်အရွယ်တည်းက ခင်လာတဲ့တစ်ဦးတည်းသော သူငယ်ချင်း
တစ်ယောက်ဖြစ်ပြီး ကိုယ်နားမလည်နိုင်တဲ့
လူတစ်ယောက်လည်းဖြစ်တယ်။
ဒီကောင်က စွန့်စားရတာကိုကြိုက်ပြီး
အရင်တည်းက ကိုယ့်ဒူးကိုယ်ချွန်တတ်တဲ့
လူတစ်ယောက်ပေါ့။
ပညာရေးမှာပဲဖြစ်ဖြစ်၊အားကစားမှာပဲဖြစ်ဖြစ်
ဘယ်ကဏ္ဍမှာမဆို ထိပ်ဆုံးဆိုသည့်နေရာမှာ
ရပ်နေရမှ ကျေနပ်တဲ့လူမျိုးဆိုတော့
အပျင်းပြေတောင် အပျော်သဘောနဲ့
သွားပြီး စနောက်လို့မရဘူး။
မလိုချင်ဘူးဆိုရင် သူတကယ်မလိုချင်လို့
ဖြစ်ပြီး အလကားရနေရင်တောင်လှည့်မကြည့်တတ်တဲ့ လူစားမျိုး။
ဒါပေမဲ့ သူတကယ်လိုချင်ပြီဟေ့ဆိုရင်လည်း
မတရားသောနည်းလမ်းဖြစ်နေရင်တောင်
ဂရုစိုက်တတ်တဲ့ ကောင်မဟုတ်ဘူး။
တက္ကသိုလ်ကျောင်းသားဘ၀တုန်းက
ဂီတမေဂျာမှ ကျောင်းသားတစ်ယောက်ဟာ
မင်းစက်ကိုစန္ဒယားပြိုင်ပွဲမှာ
အတူယှဉ်ပြိုင်ဖို့ စိန်ခေါ်ခဲ့တယ်။
အကြောင်းအရင်းကတော့ သူတို့ဌာနက
ထိုကောင်လေးသဘောကျနေတဲ့အလှပဂေးလေးဟာ မင်းစက်ကိုစိတ်၀င်စားနေသောကြောင့်ပါပဲ။
ဒါပေမဲ့ ဂီတကိုစိတ်မ၀င်စားတဲ့မင်းစက်ကတော့
ထိုကောင်လေးရဲ့ စိန်ခေါ်မှုကိုငြင်းပယ်ခဲ့တယ်။
ဂီတနဲ့ယှဥ်ပြိုင်ရင် မင်းစက်တစ်ယောက်
သေချာပေါက် ရှုံးမှာပဲလို့အပိုင်တွက်ထားတဲ့
ထိုကောင်လေးက
.."ဂီတဆိုတာအရမ်းကိုနူးညံ့ပြီးထူးခြားတဲ့
အရာတစ်ခုဖြစ်လို့..မင်းလိုလူက
ငါတို့ အနုပညာသမားတွေနဲ့ယှဉ်ပြိုင်နိုင်တဲ့
အရည်အသွေးမရှိပါဘူး..
ဒါကြောင့်ဂီတနယ်ပယ်မှာ မြေခွေးအိုကြီးလိုနှလုံးသားမျိုးရှိတဲ့မင်းက ဘယ်သောအခါမှ အောင်မြင်နိုင်မှာမဟုတ်သလို
လူတွေရဲ့နှစ်နှစ်ကာကာ
ချီးကျူးခြင်းကိုလည်း ခံရမှာမဟုတ်ဘူး.."ဆိုသည့်
အထင်သေးရှုံ့ချတဲ့ စကားတွေနဲ့စိန်ခေါ်ခဲ့တယ်။
မင်းစက်ရဲ့စိတ်ကိုနှိုးဆွလိုက်တဲ့
ထိုစကားတစ်ခွန်းကြောင့် ဂီတပြိုင်ပွဲ
မှာမင်းစက်ကိုယ်တိုင် ပါ၀င်ယှဉ်ပြိုင်ဖို့ဖြစ်လာခဲ့တယ်။
ထိုကောင်လေးဟာ စန္ဒယားကိုမေဂျာအဖြစ်
သင်ယူခဲ့ပြီး အချိန်တွေအများကြီးပေးထားခဲ့ပေမဲ့
နောက်ဆုံးမှာ လေးလခွဲသာစန္ဒယားကိုသင်ယူခဲ့သော မင်းစကိုရှုံးနိမ့်သွားခဲ့ပါတယ်။
ထိုနေ့က စင်ပေါ်မှာဆုရသူတွေကိုအမှတ်တရစကား ပြောခိုင်းတော့ပထမဆိုတဲ့ ဆုကိုကိုင်ပြီး
မင်းစက်ဟာ အားလုံးကိုအံ့အားသင့်လောက်စေသော စကားတွေပြောခဲ့တယ်။
"ဒီဆုကိုရလိုက်ပြီးတဲ့နောက်..စန္ဒယားရဲ့
စက်ခလုတ်တွေကို နှိပ်ရတာဟာသိပ်ပျော်စရာ
ကောင်းမှန်းတော့သဘောပေါက်ခဲ့တယ်..
ဒီပထမဆုကိုရအောင်ယူချင်ခဲ့တဲ့
အဓိကအကြောင်းအရင်းကတော့
လူတစ်ယောက်ကြောင့်ပါပဲ..သူကျွန်တော့်ကို
စကားတစ်ခွန်းပြောခဲ့တယ်...သူက
"..ဂီတဆိုတာအရမ်းကိုနူးညံ့ပြီးထူးခြားတဲ့
အရာတစ်ခုဖြစ်လို့..ကျွန်တော့်လိုလူက
သူတို့ အနုပညာသမားတွေနဲ့ယှဉ်ပြိုင်နိုင်တဲ့
အရည်အသွေးမရှိဘူး.."ဆိုပြီးပြောသွားခဲ့တယ်..
ဒီစင်ပေါ်ကနေသူ့ကိုပြန်ပြောချင်တာက..
ဂီတဆိုတာကျွန်တော်တို့ရင်ထဲမှာ
ထုတ်ဖော်မပြရင်တောင်အမြဲ
ကိန်းအောင်းနေတဲ့အရာတစ်ခုပါပဲ..
စကားမပြောတတ်သေးတဲ့ဘေဘီလေးတွေတောင်
ဂီတသံကြားရင် ကခုန်ရမှန်းသိကြပါတယ်..
အနုပညာသမားမှမဟုတ်ပါဘူး
လူတိုင်းရဲ့ရင်ထဲမှာ နူးညံ့တဲ့အနုပညာကိုယ်စီ
ရှိကြပါတယ်..ရပ်တည်ရှင်သန်မှုကွာသွားလို့သာ
နယ်ပယ်ကွဲသွားကြတာပါ..
ဒါကြောင့် အနုပညာသမားဆိုတဲ့ဂုဏ်ပုဒ်ကို
အကြောင်းပြုပြီး လူတိုင်းကိုအထင်မသေး
သင့်ကြောင်း ပြောကြားချင်ပါတယ်.."
မင်းစက်ဟာ ကိစ္စတစ်ခုကိုအဆုံးအထိ
လုပ်တတ်သူပီပီ အတတ်ပညာရှင်တွေ
ရှေ့မှာတောင်မရှောင်ပဲ ထိုစကားတွေကို
ပြောထွက်ခဲ့သူပါ။
ထိုအချိန်ကာလတုန်းက မင်းစက်သည်
ကိုယ့်ထက်တောင် ပေါ်ပြူလာဖြစ်တဲ့
လူတစ်ယောက်ဆိုတာကို မရှက်တမ်း၀န်ခံရလိမ့်မယ်။
နွေဦးလေပြည်ဆိုတဲ့ကိုယ်က အဆိုတော်
လုပ်မှသာ ၀င်းဆိုပြီးပရိတ်သတ်ကြား
နာမည်ရလာတာဖြစ်ပြီး မင်းစက်အာဏာကတော့
ကျောင်းသားဘ၀တည်းက ဘာလုပ်လုပ်
လူတိုင်းက မျက်စိဒေါက်ထောက်ကြည့်ကြပြီး
အထင်ကြီးခံခဲ့ရသူတစ်ယောက်ဖြစ်ခဲ့တယ်။
တစ်ဖက်မှာတော့ ရွှေဇွန်းကိုက်ပြီး
မွေးခဲ့တဲ့လူမှန်းအများကို
ထုတ်မပြောပဲနဲ့တောင် သူ့ရဲ့အထက်စီးဆန်ပြီး
တည်ကြည်လွန်းတဲ့ မျက်နှာထားကိုကြည့်လိုက်ရုံနဲ့
သူဟာ ရွှေမင်းသားတစ်ပါးပဲဆိုတာခန့်မှန်းမိကြပါတယ်။
သူကျောင်းကို နေ့စဉ်စီးလာတဲ့ကားဟာ
အလွန်ဈေးကြီးသော Rolls Royceနှင့်BMW
ကားအမျိုးအစားတွေဖြစ်ပြီး သူ့ပိုက်ဆံအိတ်ထဲမှာ
လည်း အနက်ရောင်ကဒ်တွေကို
အမြဲတမ်းတွေ့ရတတ်တယ်။
ဒါပေမဲ့ သူဟာမာနကြီးသူပီပီ သူ့အဖေထောက်ပံ့တဲ့
ထိုပစ္စည်းတွေအပေါ်မှာ လုံး၀မမှီခိုခဲ့ဘူး။
ပြိုင်ပွဲတွေ၀င်ပြိုင်ပြီး သူ့ရဲ့ကျောင်းစားရိတ်ကို
ရှာခဲ့သလို ကျောင်းသားဘ၀မှာတင်
စတော့ဈေးကွက်ကို ၀င်ကစားတတ်နေလေပြီ။
ထို့ကြောင့် ထိုင်နေရင်းနဲ့ကိုသူ့အိတ်ကဒ်ထဲသို့
ငွေတွေအမြဲ၀င်အောင် လုပ်နိုင်သူဖြစ်သည်။
လူအများက လပ်ကီးဘွိုင်းလို့သတ်မှတ်ထားသလို
လုပ်သမျှက အောင်မြင်နေပေမဲ့ ကံမကောင်း
တာက သူ့ရဲ့အိမ်ထောင်ရေးပဲ။
ဒါပေမဲ့ မင်းစက်ထက်သူ့အမျိုးသမီးကို
ပိုသနားမိတယ်။မင်းစက်ဟာ အိမ်ထောင်ရေးကို
အယုံအကြည်မရှိတဲ့ လူတစ်ယောက်ဖြစ်လို့
သူ့အမျိုးသမီးကတော့ ချောင်ထိုးခံရမှာသေချာတယ်။
"၀င်း..မင်းတို့ငါ့ဆီကိုဘာကိစ္စရှိလို့
ရောက်လာကြတာလဲ.."
အစည်းအဝေးပြီးသွားသည်နှင့် ငယ်သူငယ်ချင်း
တစ်ယောက်ကို ပြောလိုက်သည့်စကားက
တကယ်ကို ရိုက်ပြစ်ချင်စရာကောင်းလွန်းသည်။
"ဟေ့ကောင်..မင်းဒီ့ထက်နား၀င်ပီယံဖြစ်မဲ့
စကားမျိုးမပြောတတ်တော့ဘူးလား
ငါသာအသက်လုပြေးလာတဲ့လူဆို
မင်းရဲ့အားပေးစကားကြီးကိုကြားပြီး
အမောဆို့နေလောက်ပြီ..
မသိရင်မင်းနဲ့ငါက သူစိမ်းတွေကြနေတာပဲ..
ငါနဲ့မင်းက ခင်တာဖြင့်ဒီလောက်ကြာနေပြီ
အခုထိ ငါစိတ်ချမ်းသာစေမဲ့စကားမျိုး
မင်းမပြောဖူးဘူး.."
စလာတည်းက ကြက်တူရွေးနဲ့သားအမိတော်ထားသလို စကားတွပေါက်ပေါက်ဖောက်လာသော
၀င်းကြောင့် မင်းစက်၏မျက်နှာကြီးရှုံ့မဲ့သွားလေသည်။
ခုဏကမှ အစည်းအဝေးလုပ်ထား၍
ခေါင်းတွေနောက်နေတဲ့အတွက်
စကားတွေအများကြီး ထပ်ပြောရမှာကို
သူသိပ်ပြီး သဘောမတွေ့တော့ပေ။
ဒါပေမဲ့ ၀င်းကကိုယ့်ရဲ့အေဂျင်စီကအနုပညာရှင်
ဖြစ်ရုံမဟုတ်ပဲသူငယ်ချင်းအရင်းကြီးပါဖြစ်နေ၍
ခေါင်းနောက်လည်း သည်းခံရပေမည်။
"မင်းဒီကိုပြန်ရောက်တည်းက အချိန်ဇယား
ကြပ်နေတယ်လို့ သိထားလို့မေးကြည့်တာပါ
မင်းဒီလောက် အားယားနေမယ်လို့
ထင်မှမထင်မိပဲ.."
မင်းစက်အာဏာ၏ ခနဲ့လိုက်သောစကားကြောင့်
ဘေးနားမှ မဇင်တစ်ယောက်သဘောတကျ
ရယ်လိုက်မိလေသည်။
"တကယ်တော့ဒီနေ့သူလုံး၀မအားဘူးဆရာရဲ့
ဒါပေမဲ့ တစ်ယောက်ယောက်ကိုတွေ့ချင်တော့
ချက်ချင်းအားသွားတယ်လေ.."
တစ်ယောက်ယောက်ကို တွေ့ချင်တယ်ဆိုတော့
မင်းစက်၏မျက်ခုံးတွေပင့်တက်သွားလေသည်။
၀င်းနဲ့သူက ကျောင်းတုန်းကသာအတွဲညီညီ
ပေါင်းခဲ့ကြပေမဲ့ ၀င်းအဆိုတော်ဖြစ်ပြီး
နောက်ပိုင်းတော့ နယ်ပယ်ချင်းမတူတော့၍
သိပ်ပြီး ဆွေးနွေးမှုတွေမလုပ်ဖြစ်တော့ဘူး။
ခုနောက်ပိုင်းဆို KGကကျင်းပတဲ့ ပွဲတွေမှသာအများဆုံးတွေ့ဖြစ်ကြပေမဲ့
သိပ်ပြီးထွေရာလေးပါးလည်း မပြောဖြစ်ကြပေ။
ကိုယ်မင်္ဂလာဆောင်တာတောင်
ဒီကောင့်ကိုမဖိတ်လိုက်မိဘူး။
"မင်းငါ့ကိုအဲ့လောက်သတိရနေလိမ့်မယ်လို့
ငါမထင်ခဲ့မိဘူး..ဆောရီးပဲကွာ..ငါက
ယောက်ျားတွေကို စိတ်မ၀င်စားဘူး.."
"ဟာ..မင်းစက်အာဏာ..ငါကမင်းကိုဘာလို့
စိတ်၀င်စားရမှာလဲဟ..မင်းလိုလူကို
အလကားပေးတောင်မယူဘူးကွ..ငါမင်းဆီကို
လာတာက အခြားကိစ္စပြောမလို့.."
"ဘာကိစ္စလဲ.."
အခုမှပဲ စကားလမ်းကြောင်းအမှန်ပေါ်ရောက်လာ၍၀င်း၏ အပြုံးတွေဟာ
တဖန်မော်ကြွားလာခဲ့သည်။
၀င်း၏အပြုံးသည် ပုဒ်စာတစ်ပုဒ်၏အဖြေမှန်ကို ရှာတွေ့သွားသလိုမျိုး ဖြစ်နေပြီး ပရိတ်ကြိုးအနီရောင်လေးပတ်ထားသော လက်ကို
ရှေ့ထုတ်ပြလာလေသည်။
မင်းစက်ကတော့ ၀င်း၏ရူးကြောင်ကြောင်
အပြုံးနှင့် ပရိတ်ကြိုးအနီရောင်လေးပတ်ထားသော
ညာလက်ကိုသာ အဓိပ္ပာယ်မဲ့ စိုက်ကြည့်လိုက်မိသည်။
"မင်းစက်..မင်းငါ့ကိုဟိုတစ်ခါက..ဒီပရိတ်ကြိုး
အနီလေးအကြောင်းမေးခဲ့တာကို
မှတ်မိသေးလား..ငါတောင်မှသူ့ကိုရှာတွေ့မှ
မင်းကိုသူ့အကြောင်း ပြောပြမယ်လို့ပြောခဲ့သေးတယ်လေ.."
"အင်း..အဲ့တော့..မင်းသူ့ကိုရှာတွေ့သွားပြီလား.."
"အေး..ငါသူ့ကိုရှာတွေ့သွားပြီ..
လုံး၀မထင်မှတ်ထားလောက်အောင်
တိုက်ဆိုင်နေတာက..သူကမင်းရဲ့ကုမ္ပဏီမှာ
အလုပ်လုပ်နေတယ်.."
၀င်းတစ်ယောက် သူ့အသက်၁၉နှစ်တည်းက
ရှာနေခဲ့တဲ့ သူ့ရင်ဘတ်ထဲကနှစ်သက်ရသူကို
ပြန်တွေ့ပြီဆိုတော့ ကိုယ်လည်းထပ်တူ
၀မ်းသာသွားမိပေမဲ့ ကိုယ့်အလုပ်သမားထဲက
ဆိုတော့ အံ့ဩသွားမိလေသည်။
"ဒါဆိုရင်..သူကလူချမ်းသာအသိုင်းအဝိုင်းနဲ့
အနုပညာနယ်ပယ်ကမဟုတ်ဘူးပေါ့..
မင်းရဲ့အကြိုက်က အဲ့ဒီလောက်သာမာန်ဆန်နေလိမ့်
မယ်လို့ ငါမထင်ခဲ့ဘူး..ဘယ်အချက်တွေကြောင့်
မင်းကအဲ့ကောင်မလေးကို စွဲစွဲလမ်းလမ်း
ဖြစ်နေရတာလဲ.."
မင်းစက်၏အမေးကြောင့် ၀င်း၏မျက်နှာထက်၀ယ်
အပြုံးလွင်လွင်လေးပေါ်ပေါက်လာသည်။
အရည်ရွှန်းလဲ့နေသော သူ့မျက်၀န်းများထဲမှတောင်
သူသဘောကျနေသောကောင်မလေး၏
ပုံဏ္ဍန်ကို ပုံဖော်လို့ရနိုင်လောက်သည်အထိ
မေဝိုင်းလေး၏ လှပသောပုံရိပ်လေးတွေကသာ
သူ့အတွေးထဲတွင် ပြည့်နှက်နေသည်။
"သူ့အလှကငါ့အတွက်တော့ အခြားမိန်းကလေး
တွေနဲ့ လုံး၀ကွဲပြားတယ်..သူ့ရဲ့မျက်လုံးလေးက
ကြယ်လေးတွေလို အရောင်တဖြတ်ဖြတ်လက်ပြီးတောက်ပနေတာ..နှုတ်ခမ်းလေးက
သဘာ၀အတိုင်းတောင်ပန်းရောင်သန်းနေတာ
ပါးလေးတွေက မက်မွန်ရောင်သန်းနေပြီးတော့
နှဖူးပြေပြေလေးနဲ့ ပြစ်ရက်စရာမရှိအောင်ကို
လှတာကွ..အသားလေးကဖြူနုနေပုံများ
မထိရက်မတို့ရက်စရာလေးကွာ..ငါ့အတွက်တော့
သူလေးကအရမ်းကိုချစ်စရာကောင်းပြီး
မြင့်မိုလ်တောင်ပေါ်က ရှားပါးပန်းလေး
တစ်ပွင့်လိုပဲ"
၀င်း၏ သူ့ချစ်သူကောင်မလေးကိုခံစားချက်
အပြည့်နှင့် ပုံဖော်နေပုံအားကြည့်ပြီး
မင်းစက်ကတော့ မဲ့ပြုံးနှင့်သာပြန်၍
တုန့်ပြန်လိုက်မိသည်။
ဂီတသမားလို့မပြောရဘူး မိန်းကလေးတစ်ယောက်ကို ပုံဖော်နေလိုက်တာများ ပိုကိုပိုလွန်းတယ်။
ဒီအရုးကလှတဲ့ မိန်းကလေးတွေကို မတွေ့ဖူးတာလဲ
မဟုတ်ပဲနဲ့။
မိန်းကလေးတစ်ယောက်ရဲ့ အပေါ်ယံအလှက
ဘာမက်မောစရာရှိလို့လဲ။
"မင်းပြောနေတာက လူရောဟုတ်ရဲ့လားကွာ
တာ၀တိံသာနတ်ပြည်က နတ်သမီးနဲ့
တွေ့ခဲ့တာများလား.."
"ဟာ..ဟုတ်တယ်သူ့ရဲ့အလှက နတ်သမီးလေး
နတ်သက်ကြွေလာသလို မှုန်နေအောင်လှတာမျိုး.."
"မင်းကလည်းကွာ..မိန်းမတစ်ယောက်ရဲ့
အလှကို ဒီလောက်တောင်ဖွဲ့နွဲ့နေလိုက်တာ
ရုပ်လှပြီး စိတ်ဓာတ်မကောင်းရင်
ဘယ်လိုလုပ်မလဲ.."
"ဒီမှာ..မင်းစက်..ငါ့နာမည်နွေဦးလေပြည်ပါကွာ
လူပေါင်းများစွာနဲ့ဆက်ဆံဖူးပါတယ်ကွ
အဲ့လောက်တော့ လူကဲခတ်မညံ့ပါဘူး...
သူနဲ့ငါစတွေ့တဲ့အချိန်တည်းကနေအခုအထိ
သူ့ရဲ့အပြုအမူ၊အပြောအဆိုတွေက
လုံး၀မကွဲပြားသွားဘူး..ဒါကြောင့်ဒီနေ့ပဲ
ငါသူ့ကိုချစ်ခွင့်ပန်တော့မယ်.."
"တကယ်လို့သူကမင်းကို အဆိုတော်ဖြစ်လို့
ပြန်လာကပ်တာဆိုရင်ရော..ဘယ်လိုလုပ်မလဲ.."
"အဲ့ဒါဆိုရင်လည်း ငါကျေကျေနပ်နပ်ကြီး
လည်စင်းခံလိုက်မယ်ကွာ..ငါ့အတွက်တော့
သူကောင်းကောင်းဆိုးဆိုး သူဖြစ်နေရင်ကိုရပြီမို့လို့
ကျန်တာဘာမှ အရေးမကြီးဘူး..
တကယ်တော့ ငါကသာသူ့ကိုဆွဲထားဖို့
ကြံစည်နေတဲ့လူလေ..ဒါကြောင့်ငါ့အတွက်
သူကဘယ်လိုအဆင့်အတန်းမျိုးမှ
ဖြစ်နေဖို့မလိုဘူး...."
ဒီတစ်ခါတော့ မင်းစက်လည်းမဲ့ပြုံးနှင့်
လှောင်ပြောင်သရော်ရမည့်အစား ၀င်း၏
တုန့်ဆိုင်းမှုမရှိသော ရွေးချယ်မှုကို
လေးစားသွားမိသည်။
၀င်းအတွက်ဂီတဆိုသည့်
အသက်မွေး၀မ်းကြောင်းအပြင်
နောက်ထပ် တန်ဖိုးထားရမည့်အရာတစ်ခုကို
တွေ့ရှိသွားပြီပေါ့။
"သူကမင်းအတွက် အဲ့လောက်အရေးပါလိမ့်မယ်လို့
ငါမထင်ထားခဲ့မိဘူး..ဒီလိုဆိုတော့လည်း
မင်းပျော်ရွှင်ပါစေ..."
"အေး..ငါ့ကိုပျော်စေချင်ရင်သူ့ကိုဒီနေ့
ခွင့်တစ်ရက်ရအောင်လုပ်ပေးရမယ်.."
"အော်..လက်စသတ်တော့မင်းကဒီကိစ္စအတွက်
ငါ့ဆီကိုလာတာပေါ့.."
"ဟဲ..ဟဲ..ငါလည်းမကြာခင်ရည်စားရတော့မဲ့
အကြောင်းကြွားချင်လို့ပါကွာ..
ငါကသူ့ကို ဒီနေ့ချစ်ခွင့်ပန်ဖို့ တိတ်တိတ်လေး
ပြင်ဆင်ပြီးသွားပြီကွ မဇင်တို့တောင်မသိကြဘူး..
မင်းကဒီကုမ္ပဏီရဲ့ပိုင်ရှင်ဆိုတော့ မင်းစကား
တစ်ခွန်းလောက် ပြောလိုက်ရုံနဲ့ရတယ်လေ
ကူညီပါကွာနော်.."
"နေပါအုံး..မင်းကဖွင့်ပြောဖို့ကိုတောင်
သေချာပြင်ဆင်ထားတယ်ဆိုတော့
သူကလက်ခံမယ်လို့ ကြိုတွက်ထားတာလား.."
"ကြိုတွက်ထားစရာကိုမလိုအောင်
သေချာနေတာဆရာရေ...ကောင်မလေးကလည်း
သူ့ကိုစိတ်၀င်စားနေပုံပဲ..ကျွန်မလည်း
၀င်းနဲ့သဘောတူတယ်.."
ကြားဖြတ်ပြီး ၀င်ဖြေလိုက်သော၀င်း၏
မန်နေဂျာကို မော့ကြည့်လိုက်မိပြီးနောက်
ဒီကိစ္စကို မသိတာကိုယ်တစ်ယောက်တည်းမှန်း
မင်းစက် နားလည်လိုက်သည်။
"ကဲ..ပြော..မင်းရဲ့ကောင်မလေးကဘယ်ဌာနကလဲ
နာမည်ဘယ်လိုခေါ်လဲ.."
"သူကအခုလက်ရှိ ဗဟို၀န်ဆောင်မှုဌာနမှာ
လုပ်နေတယ်..သူ့နာမည်က"မေဝိုင်းလေး"..."
"ဘာ!!မေဝိုင်းလေး..ဟုတ်လား.."
"အေးလေ..ဘာဖြစ်လို့လဲ.."
မေဝိုင်းလေးဆိုသည့် နာမည်ကိုကြားတာနှင့်
အထိတ်ထိတ်အပြာပြာ ဖြစ်သွားသောမင်းစက်၏
အမူအရာကြောင့် ၀င်းလည်းကြောင်သွားမိသည်။
"ဘာဖြစ်တာလဲမင်းစက်ရ.."
"မင်းပြောတဲ့ လွန်ခဲ့တဲ့ရှစ်နှစ်တည်းကတွေ့ခဲ့တဲ့
မင်းရဲ့ ငယ်ချစ်နာမည်ကမေဝိုင်းလေးဆိုတာ သေချာလို့လား..ပြီတော့မင်းရဲ့
မေဝိုင်းလေးက တကယ်ပဲဆားဗစ်ဌာနမှာ
အလုပ်လုပ်နေတာ သေချာလား.."
"ဘာလို့မသေချာရမှာလဲ..ပြီးခဲ့တဲ့ရက်က
ငါတို့နှစ်ယောက် နေ့လည်စာတောင်အတူတူ
စားခဲ့ကြပြီး စကားတွေတောင်အများကြီး
ပြောခဲ့ကြသေးတယ်..မင်းကသူ့ကိုသိလို့လား.."
မင်းစက်၏မျက်နှာသည် သွေးရောင်လွှမ်းနေရာမှ
ရုတ်တရက်အေးစက်သွားသည်။
သူ့မျက်လုံးတွေက မကျေနပ်မှုနှင့်ဒေါသတရားတွေ
ဖုံးလွှမ်းလာခဲ့ပြီး တစ်ခုခုကိုရွံရှာသလို
ဖြစ်လာခဲ့သည်။
ဆားဗစ်ဌာနမှာ မေဝိုင်းလေးဆိုသည့်နာမည်က
ဘယ်နှစ်ယောက် ရှိလို့လဲ။
သံသယဆိုတဲ့အရာနဲ့ပဲအလကား
အချိန်မဖြုန်းချင်၍ ဖုန်းကိုထုတ်ပြီး
ကောင်းသန့်ကိုခေါ်လိုက်ကာ ဆားဗစ်ဌာနကို
သွားဖို့အမိန့်ပေးလိုက်သည်။
"အခုချက်ချင်း မေဝိုင်းလေးကိုငါ့ရုံးခန်းကို
ခေါ်ခဲ့.."
ခပ်စောင့်စောင့်ထွက်သွားသည့် မင်းစက်၏
ဒေါသသံကြောင့် သဇင်နှင့်၀င်းတို့သည်
ဘာဖြစ်တာလဲဆိုတာ တစ်ယောက်မျက်နှာကို
တစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။
မင်းစက်၏ ပိုမိုတင်းမာလာသည့် မျက်နှာထားကြောင့် ကျန်နှစ်ယောက်မှာလှုပ်တောင်
မလှုပ်ရဲတော့ပေ။
၀င်းအတွက်တော့ အခန်းအပူချိန်ဟာရှုတ်တရက်
ပိုမြင့်တက်လာသလိုခံစားနေရသည်။
အခြားတစ်ဖက်သို့ မျက်နှာလွှဲထားရင်း
တစ်ခုခုကို တွေးတောနေဟန်ဖြင့်ဂဏှာမငြိမ်
ဖြစ်နေသည့် မင်းစက်၏မျက်လုံးများသည်
တိမ်မဲများ ဖုံးတော့မလိုကိုမှောင်မိုက်ပြီး
အားပြင်းပြင်းနှင့်တောက်လောင်တော့မည့်အလား
ထင်နေရသည်။
ဝိုင်းဝိုင်းကို ဘာဖြစ်လို့သူ့ရုံးခန်းထဲအထိ
ခေါ်လိုက်ရတာလဲ။
သူငယ်ချင်းရဲ့ချစ်သူကို
တွေ့မြင်ဖူးချင်လို့ဆိုလည်း
ဒီကောင့်လေသံက ဘာကြောင့်
ဒေါသသံစွပ်နေရတာလဲ။
"ဆရာ..မေဝိုင်းလေးကိုခေါ်လာပါပြီ.."
"၀င်ခဲ့ခိုင်းလိုက်..မင်းကတော့ကိုယ့်နေရာကိုယ်
ပြန်သွားလို့ရပြီ.."
"ဟုတ်ကဲ့ဆရာ.."
မင်းစက်ကိုမေးခွန်းအချို့ထုတ်ချင်ပေမဲ့
ခြေမြန်တော် သူ့လက်ထောက်ရောက်လာ၍
၀င်းလည်း ဘာမှမမေးဖြစ်လိုက်ပေ။
ထိုအချိန်မှာ ကောင်းသန့်ကပြန်ထွက်သွားပြီး
ရုံးခန်းတံခါးက ဒုတိယအကြိမ်မြောက်
ပြန်၍ပွင့်လာလေသည်။
အားလုံး၏ အကြည့်တွေက
တံခါးဆီသို့ ရောက်သွားချိန်မှာတော့
သဇင်နှင့်နွေဦးလေပြည်က မေဝိုင်းလေးကို
တွေ့လိုက်ရ၍ ပြုံးလိုက်ကြပေမဲ့ တစ်ယောက်သော
သူကတော့ လှိုင်းထန်နေသောမျက်နှာထားနှင့်ချက်ချင်းထရပ်လိုက်ပြီးနောက် မေဝိုင်းလေး၏
ရှေ့တည့်တည့်မှာ သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။
"မင်းစက်..အဲ့ဒါငါပြောတဲ့မေဝိုင်းလေးလေ..
ဝိုင်းဝိုင်းကတော့မင်းစက်ကိုသိလောက်မှာပါ.."
မင်းစက်နည်းတူ မေဝိုင်းလေး၏အရှေ့အထိ
လျှောက်သွားကာ ပြုံးရင်းပြောလိုက်သော
၀င်းကြောင့် မေဝိုင်းလေးမှာတော့
မျက်လုံးလေးပြူးကာ အံ့ဩနေမိလေသည်။
မင်းစက်အာဏာဟာ KGဖျော်ဖြေရေးကုမ္ပဏီကို
ဦးစီးနေသူဟု သိထားပြီး၊ကိုဦးကလည်း
KGနှင့်လက်တွဲနေတဲ့ အဆိုတော်မှန်းသိပေမဲ့
နှစ်ယောက်သားကို ဒီလိုတစ်နေရာတည်းမှာ
အတူတွေ့ရလိမ့်မည်ဟု လုံး၀မထင်ခဲ့မိပေ။
"မင်းသူ့ကိုသိလား..."
ဝိုင်းလေး၏မျက်၀န်းများကို မီးတောက်တော့မလို
အကြည့်စူးစူးများဖြင့် ကြည့်လာကာ
ဟိန်းဟောက်လိုသော လေသံမျိုးဖြင့်မေးလာ၍
နည်းနည်းတောင် လန့်သွားမိသည်။
သူဘာဖြစ်နေမှန်း နားမလည်ပေမဲ့ဝိုင်းလေး
ခေါင်းညိမ့်ပြလိုက်မိသည်။
"သိပါတယ်..."
"ဘယ်အချိန်တည်းကလဲ.."
"အဲ့ဒါကအရေးကြီးလို့လား.."
"သိပ်ကိုအရေးကြီးတယ်..
ငါ့ကိုမေးခွန်းပြန်မထုတ်နဲ့
မေးတာကိုပဲဖြေ..!!!!"
"ရှင်ဘာလို့ဒေါသထွက်နေတာလဲ.."
မျက်မှောင်ကြုံ့ကာ စလာတည်းကရန်စကား
ပြောနေ၍ နားမလည်နိုင်ဖြစ်နေမိသည်။
ကိုယ်ဘာအမှားလုပ်ထားမိသလဲဆိုတာကို
ပြန်တွေးကြည့်နေမိပေမဲ့ ဒီနေ့တစ်နေ့လုံး
ဘာအမှားမှ မလုပ်ထားမိတာသေချာပါတယ်။
သူဘာကြောင့် အရမ်းဒေါသထွက်နေရတာလဲ။
"မင်းစက်..မင်းဘာဖြစ်လို့ဝိုင်းဝိုင်းကို
ဒေါသသံနဲ့ပြောနေရတာလဲ.."
၀င်းလည်းကြား၀င်၍ဟန့်တားလိုက်ပြီး
မေဝိုင်းလေး၏ညာဘက်လက်ကောက်၀တ်ကို
လှမ်းကိုင်ကာ သူ့ဘက်သို့ဆွဲယူလိုက်မိပေမဲ့
လမ်းတစ်၀က်မှာတင် သူ့လက်ကိုဖမ်းဆွဲလိုက်သော
မင်းစက်ကြောင့် အံ့ဩစွာမော့ကြည့်လိုက်မိသည်။
"ငါ့နောက်ကွယ်မှာ မင်းနဲ့နှစ်ယောက်တည်း
တွေ့ဖို့ဆုံးဖြတ်လိုက်တာက သူ့အမှားပဲ.."
"ဘာ!!!"
မင်းစက်၏မျက်၀န်းများသည် အမဲမလိုက်ခင်
စတင်၍မာန်ဖီပြနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့
ကြောက်စရာကောင်းနေသည်။
သူပိုင်သည့် ပစ္စည်းကိုခိုးယူနေသူအား
ဖမ်းဆီးနေသည့် ခံစားချက်တွေဟာဟူ့မျက်၀န်း
ထဲမှာအထင်းသားပေါ်လွင်နေသည်။
"မင်းစက်..မင်းဘာတွေပြောနေတာလဲ..
မင်းနောက်ကွယ်မှာ ငါနဲ့တွေ့တာကဝိုင်းဝိုင်းရဲ့အမှားလို့ပြောရအောင်..မင်းနဲ့သူက
အခုမှတွေ့ဖူးတာလေ..မင်းငါ့ကိုလာနောက်နေတာလား.."
"မေဝိုင်းလေးကငါတရား၀င်လက်ထက်ထားတဲ့
ငါ့မိန်းမကွ..."
"ဘာ!!!"
ရုတ်တရက်ကြီး ဝိုင်းလေးနဲ့သူ့ရဲ့ပတ်သတ်မှုကို
ကိုဦး၏အရှေ့မှာ ထုတ်ပြောလိုက်၍မယုံကြည်
နိုင်စွာ သူ့ကိုကြည့်လိုက်မိလေသည်။
သူကတော့ ဝိုင်းလေးကိုတစ်စက်မှပြန်ကြည့်မလာပဲ
ကိုဦးအား စူးရဲစွာစိုက်ကြည့်နေသည်။
"ငါ့မိန်းမ.."ဆိုသည့်နေရာကို အသံခပ်နက်နက်ဖြင့်
အော်ပြောလိုက်တဲ့အခါမှာတော့ ဝိုင်းလေး၏
လက်ကောက်၀တ်လေးကိုဆုပ်ကိုင်ထားသည့်
ကိုဦး၏ လက်တွေဟာလည်းပြေကျသွားခဲ့သည်။
ဝိုင်းလေးအတွက်တော့ ဒီနေ့သူတို့နှစ်ယောက်လုံး
အရမ်းထူးဆန်းနေသလိုပဲ။
ကိုမင်းစက်ကဘာကြောင့်များ ရန်လိုနေရတာလဲ။
ပြီးတော့ ဝိုင်းလေးနဲ့လက်ထက်ထားသည့်
ကိစ္စကို သူကအမြဲဖုံးကွယ်ထားချင်သည်ဟု
ထင်မိခဲ့ပေမဲ့ အခုကြတော့ကိုဦးကို
ထုတ်ပြောလိုက်တယ်။
ပြီးတော့ ကိုဦးရဲ့မျက်နှာကလည်း ပြိုတော့မဲ့မိုးလို
ဘာကြောင့် ဖြစ်နေတာလဲ။
"ဝိုင်းဝိုင်း..သူပြောတာအမှန်ပဲလား..
မင်းစက်နဲ့ ဝိုင်းဝိုင်းကလက်ထက်ထားတာလား.."
ကိုဦးကမေးလာ၍ဝိုင်းလေးခေါင်းညိမ့်ပြလိုက်တော့ ကိုဦးသည်"ဟာကနဲ.."စွံ့အသွားပုံမျိုး
ဖြစ်နေကာ နောက်သို့ယိုင်နဲ့နဲ့ဖြင့်ခြေတစ်လှမ်း
ဆုတ်သွားလေသည်။
ကိုဦး၏ပုံစံက သူ့ရဲ့အားအင်တွေကို
တစ်ယောက်ယောက်က စုပ်ယူလိုက်သလိုမျိုး
မျက်နှာကပါ ယူကျိုးမရ ပုံမျိုးဖြင့်
၀မ်းနည်းသွားသလို ဖြစ်နေသည်။
"မင်းစက်..ငါ..ငါမသိခဲ့ဘူး..
မင်းလက်ထက်လိုက်တာကိုသိပေမဲ့ မမှူးက
မေဝိုင်းလေးလို့မပြောခဲ့တော့ အခုလိုဖြစ်သွားတယ်
"
ကိုဦး၏ အသံဟာတုန်ယင်နေခဲ့ပြီး
အားနာမှုတွေ ရောထွေးနေလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကိုမင်းစက်၏
မျက်နှာထားကတော့ ဆက်လက်တင်းမာနေပြီး
ကိုဦး၏စကားတွေကိုအသိအမှတ်
မပြုဘူးဟု မပြောပဲနဲ့တောင် သူ့မျက်နှာမှာ
ပေါ်လွင်နေသည်။
"မင်းဒီနေရာကနေ ထွက်သွားသင့်ပြီလို့ထင်တယ်..ဆယ်စုနှစ်အထိကြာခဲ့တဲ့ငါတို့ရဲ့
ခင်မင်မှုကိုသာ မထောက်ထားမိရင်
အခုချိန်မှာ မင်းကိုဘာလုပ်မိမလဲဆိုတာ
ရိပ်မိမယ်ထင်တယ်.."
"မင်းစက်..ဝိုင်းဝိုင်းကိုလည်းအပြစ်မတင်ပါနဲ့ကွာ..တကယ်တော့အားလုံးငါ့ကြောင့်ပါပဲ.."
"အဲ့ဒီ့ကိစ္စကို မင်းပူစရာမလိုပါဘူး.."
ပြတ်တောင်းစွာ ပြောလိုက်သည့်မင်းစက်၏
စကားကြောင့် နေရာမှာရပ်မနေချင်တော့
လောက်အောင် ခံစားလာရ၍မဇင်ကိုခေါ်ကာ
ရုံးခန်းထဲမှ မြန်မြန်ထွက်လာခဲ့လိုက်သည်။
ဝိုင်းဝိုင်းရဲ့ မျက်နှာလေးကိုတောင်
သူမကြည့်ရဲခဲ့ပေ။
🌹🌹🌹🌹🌹🌹
အားလုံးထွက်သွားပြီးနောက်မှာတော့ ရုံးခန်းထဲ၌ ဝိုင်းလေးနှင့်မင်းစက်အာဏာနှစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။
သူကဘာမှမပြောလာ၍ အခန်းထဲတွင်
လေစိမ်းတွေ တိုက်ခတ်လာသလိုခံစားရပြီး
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်။
"ငါမင်းကိုအဲ့လိုမိန်းကလေးမှန်း
လုံး၀မထင်ထားခဲ့မိဘူး..အဲ့လိုအကျင့်ရှိတဲ့
မိန်းမတွေကို ငါအသေရွံတာ.."
"ရှင်ဘယ်သူ့ကိုပြောတာလဲ..ကျွန်မကို
ရွံတယ်လို့ပြောရအောင် ကျွန်မကဘာဖြစ်
နေလို့လဲ.."
"လုပ်တုန်းကလုပ်ခဲ့ပြီး အခုမှရိုးသားသလိုအမူအရာမျိုးလာလုပ်မနေနဲ့..ငါက
မင်းလိုမိန်းမမျိူး လှည့်စားတိုင်းလွယ်လွယ်
ယုံတတ်တဲ့ကောင် မဟုတ်ဘူး.."
ဝိုင်းလေးကို ရန်သူကြီးတစ်ယောက်လို
လက်ညှိုးငေါက်ငေါက်ထိုးကာ
ဒေါသတကြီး တုန့်ပြန်လာသောကြောင့်
လန့်ပြီး ပခုံးလေးတောင်တွန့်သွားမိသည်။
"မင်းအရမ်းတော်ပါတယ်..ငါနဲ့ငါ့သူငယ်ချင်းရဲ့
ဆယ်စုနှစ်ကျော်ခင်မင်မှုက..မင်းလိုမိန်းမကြောင့်
ပျက်စီးသွားခဲ့ပြီ..မင်းကငါထင်ထားတာထက်ကို
မာယာများတဲ့မိန်းမပဲ.."
"ကိုမင်းစက်..ရှင်ကျွန်မကိုဘာတွေ
လာပြောနေတာလဲ..အခုချိန်အထိရှင်ပြောနေတဲ့
စကားရဲ့အဓိပ္ပာယ်တွေကို
ကျွန်မနားမလည်သေးဘူး
ကျွန်မကရှင်တို့သူငယ်ချင်းကြားမှာ ဘာတွေများ
သွေးခွဲမိလို့လဲ.."
"ဘာလဲ..ငါကပြန်ပြောပြရအုံးမှာလား..ဟမ်..
ယုန်သူငယ်လို ဘာမှမသိသလိုဟန်ဆောင်
မနေပါနဲ့.."
ဒေါသတကြီးနှင့် ဝိုင်းလေးရပ်နေသောနေရာအထိ
ပြန်ရောက်လာပြီး မျက်နှာကိုအနီးကပ်စိုက်ကြည့်
ကာ အော်ပြောလာပြန်သည်။
ဒေါသကြောင့် နီရဲနေသောသူ့မျက်လုံးများသည်
ဝိုင်းလေးကို အမှုန့်ကြိတ်ပြစ်ချင်နေသလားတောင်
ထင်မိတယ်။
အခုသူဒေါသထွက်နေတဲ့ပုံစံက ဝိုင်းလေးကို
အလုပ်စဖြုတ်တဲ့နေ့ကထက် ပိုကြောက်ဖို့ကောင်းနေတယ်။
ထို့ကြောင့် အလိုလိုနောက်သို့ခြေတစ်လှမ်း
ဆုတ်သွားမိကာ မျက်ရည်တောင်ဝဲတက်လာမိသည်။
ဝိုင်းလေးအပေါ်မှာ သူကြင်နာလာပြီလို့
ထင်ခဲ့မိတာပါ။
ဝိုင်းလေးတို့နှစ်ယောက်ကြားက
ဆက်ဆံရေးလေး တိုးတက်လာပြီလို့ထင်ခဲ့မိပြီး
သူ့အပေါ်မှာ ထူးခြားတဲ့ခံစားချက်တွေတောင်
ဖြစ်လာမိတဲ့အထိပဲ။
အခုတော့ ဒီယောက်ျားရဲ့နူးညံ့မှုတွေ
ပျောက်ဆုံးနေတဲ့ အရှိုင်းဆန်မှုကြီးက
လူကိုသွေးပျက်စေလောက်ပါရဲ့။
"မင်းဘာကြောင့် လာငိုပြနေတာလဲ
ငါ့ဘ၀မှာဟန်ဆောင်ပြီးမျက်ရည်ကျပြတာကို
အမုန်းဆုံးပဲ..."
အညိုရောင်မျက်၀န်းလေးတွေဟာ လိမ္မော်သီးကို
အရည်ညှစ်လိုက်သလို အရည်ရွှန်းလာသည့်
မျက်ရည်သီးလုံးလေးတွေပေါ်ပေါက်လာ၍
မင်းစက်လည်း မျက်နှာလွှဲပြစ်လိုက်သည်။
အဲ့ဒီ့မာယာတွေပြည့်နှက်နေတဲ့ မျက်ရည်တွေကပဲ
ကိုယ့်ဘ၀ကို ဖြတ်စီးခဲ့တာ။
ဒီမျက်ရည်တွေကြောင့်ပဲ အခုလည်းမုန်းရမှာကို
မမုန်းရက်တဲ့အပြင် ရက်စက်တတ်သူကို
ပြန်သနားနေမိသလိုဖြစ်နေပြီ။
"ဒီနေ့ကစပြီး အလုပ်ဆင်းစရာမလိုတော့ဘူး..
ငါဒရိုင်ဘာကို ဖုန်းဆက်လိုက်မယ်
အခုချက်ချင်း အိမ်ပြန်ရမယ်...
အိမ်ထဲကနေအိမ်ပြင်ကို
ခြေတစ်လှမ်းတောင်ထွက်ဖို့ မကြိုးစားနဲ့.."
"ဘာလို့..ကျွန်မကိုအလုပ်ထပ်ထုတ်ရတာလဲ..
အလုပ်မှာအားလုံးအဆင်ပြေအောင်
နေနေတဲ့ဥစ္စာ..ရှင်ကျွန်မကိုဒီလိုမျိုး
လွယ်လွယ်နဲ့အလုပ်ထုတ်လို့မရဘူးနော်.."
"ငါကဒီကုမ္ပဏီမှာဘာလဲဆိုတာ
မင်းမေ့နေတာလား
ဒီကုမ္ပဏီမှာ ငါမလုပ်နိုင်တာဘာမှမရှိဘူး..
မင်းကြောင့်နဲ့ငါစိတ်အရှုပ်မခံနိုင်တော့ဘူး
ငါပြောတဲ့စကားကို မင်းလိုက်နာရမယ်..
ဒါငါ့ရဲ့နောက်ဆုံးစကားပဲ..."
သူပြောချင်တာပြောပြီး အခန်းထဲမှ
ကိုမင်းစက်ထွက်သွားသောအခါ
ဝိုင်းလေးတစ်ယောက်တည်းငူငူကြီး
ရပ်ကျန်နေခဲ့မိသည်။
*အလုပ်ထုတ်မယ်တဲ့..ဘာကြောင့်လဲ???
ဘာအမှားမှမယ်မယ်ရရမလုပ်ထားပဲ
အလုပ်ထုတ်ခံရတာ ဘယ်လောက်ရင်နာဖို့
ကောင်းလဲ..*
"ဒီကိစ္စကကိုဦးနဲ့ပတ်သတ်နေတာပဲနေလိမ့်မယ်
ကိုဦးဆီကိုဖုန်းဆက်ကြည့်ရမယ်.."
အစည်းအဝေးခန်းထဲကို ဝိုင်းလေးရောက်တဲ့
အချိန်တည်းက ကိုဦးနဲ့ကိုမင်းစက်တို့
နှစ်ယောက်လုံး ပြဿနာတစ်ခုခုဖြစ်ထားပုံရတယ်။
ကြည့်ရတာ ဝိုင်လေးအခုဖြစ်နေတဲ့ကိစ္စက
သူနဲ့ပတ်သတ်နေသလားဆိုတာကို ဝိုင်းလေး
သူ့ကိုမေးရမည်ဟု ဆုံးဖြတ်လိုက်ပြီး
ဖုန်းထုတ်၍ ကိုဦးကိုဖုန်းဆက်ကြည့်လိုက်မိသည်။
"ဟာ..ဘာလို့ဖုန်းကိုစက်ပိတ်ထားရတာလဲ..
မဇင်ကို ဆက်ကြည့်ရမယ်.."
ကိုဦးရဲ့ဖုန်းကို လုံး၀ဆက်၍မရသောကြောင့်
မဇင်ကို ဖုန်းခေါ်ကြည့်လိုက်တော့
ချင်ချင်းကိုင်၍သာ တော်တော့သည်။
"ဟယ်လို..မဇင်..ဝိုင်းလေးတစ်ခုလောက်မေးကြည့်ချင်လို့ ဖုန်းဆက်လိုက်တာပါ.."
"မေးလေ..ဘာမေးမလို့လဲ.."
မဇင်၏စကားပြောပုံက အရင်လိုမဟုတ်ပဲ
လေသံမာနေ၍ ဝိုင်းလေးအရမ်းအံ့ဩနေရသည်။
သူတို့အားလုံး ဘာကြောင့်ပြောင်းလဲသွားကြတာလဲ။
"မဇင်..ဒီနေ့ကိုဦးနဲ့ကိုမင်းစက်တို့
ဘာပြဿနာဖြစ်ခဲ့ကြတာလဲဟင်..
ဝိုင်းလေးကိုပြောပြပါလားအစ်မရယ်..
ဝိုင်းလေးသိရမှာဖြစ်မှာမို့လို့ပါ.."
"မေဝိုင်းလေး..ဒီကိစ္စကိုကာယကံရှင်တွေနဲ့ပဲ
ပြောတာပိုကောင်းလိမ့်မယ်..တို့ကအပြင်လူမို့
သူများအတွင်းရေးကိုမပြောချင်ဘူး..
မင်းသိချင်ရင်..ကိုယ်တိုင်သူတို့ကိုမေးလိုက်ပါ.."
"ကိုဦးကဖုန်းဆက်တော့ ကိုင်မှမကိုင်တာအစ်မရယ်
ရုံးခန်းထဲကို ဝိုင်းလေး၀င်လာတော့အစ်မလည်း
ရှိနေခဲ့တာပဲလေ..အစ်မဘာလို့သိရက်နဲ့
စကားကိုဝေ့လည်ကြောင်ပတ်လုပ်နေရတာလဲ.."
"ဒီမှာမေဝိုင်းလေး..၀င်းကနာမည်ကြီးအဆိုတော်
တစ်ယောက်ကွ..တို့ကမန်နေဂျာအဆင့်ပဲရှိတာ
သူမပြောခိုင်းပဲ တို့ဘာမှပြောပိုင်ခွင့်မရှိဘူး..
နောက်လည်းဘာအကြောင်းပဲရှိရှိ
တို့ကိုဖုန်းမဆက်ပါနဲ့..မင်းလိုလူမျိုးကို
တို့ကဒဲ့ရွံတာ.."
ဝိုင်းလေးဘက်ကနေ ပြန်မချေပနိုင်ခင်မှာပဲ
မဇင်က ဖုန်းချသွားလေပြီ။
ဝိုင်းလေးမှာသာ နေရာမှာတင်အင်အားတွေ
မရှိတော့သလို ဖြစ်လာ၍ ငုတ်တုတ်ကလေး
ထိုင်ချလိုက်မိသည်။
"ဘာလို့အားလုံးကပြောင်းလဲသွားရတာလဲ..
ကိုမင်းစက်ကအစတည်းက ပြောင်းလဲလွယ်တဲ့
လူဆိုရင်တောင်..ကျန်တဲ့လူတွေကဘာကြောင့်
ချက်ချင်းကြီး ငါ့ကိုဒီလိုဆက်ဆံနေကြတာလဲ..
ငါဘာအမှားလုပ်မိလို့လဲ..
ကိုဦးရော၊မဇင်ရောကို..ငါ့အပေါ်မှာတကယ်
အစစ်အမှန်ခင်မင်ကြတဲ့လူတွေလို့
ထင်ထားခဲ့မိတာ...!!!"
❤️❤️❤️❤️❤️❤️❤️
အခန်းတံခါးကိုပိတ်ပြီး အထဲမှာအချိန်အကြာကြီး
ရှိနေသော ၀င်းကိုစိတ်ပူရလွန်းလို့
သဇင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့်အိုစာ
သွားနိုင်သည်။
၀င်းကအမြဲတမ်းပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး
အခုတော့ ဟိုကောင်မလေးကြောင့်
ကြေကွဲနေရပြီ။
ကံကြမ္မာကတမင်များကြည်စယ်သလား
မှတ်ရတယ်။
နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်သည့်
နာမည်ကြီးအဆိုတော်တစ်ယောက်က
သူ့သူငယ်ချင်းရဲ့ မိန်းမကိုမှသွားချစ်မိရတယ်လို့။
အမှန်တကယ်ဆို မေဝိုင်းလေးကသူ့မှာ
အိမ်ထောင်ရှိကြောင်း ပြောပြခဲ့သင့်တာ။
ဒါဆို ၀င်းကလည်းရှေ့ဆက်ခဲ့မှာမဟုတ်လောက်ဘူး။
သူတို့တွေကြားက ကိစ္စတွေကိုသေချာမသိပေမဲ့
၀င်းကတော့ကောင်မလေးကို အိမ်ထောင်ရှိမှန်း
မသိတာသေချာတယ်။
မေဝိုင်းလေးက ရုပ်ကလေးလှသလောက်
အကျင့်စာရိတ္တကြမကောင်းပါလား။
သူငယ်ချင်းနှစ်ယောက်လုံးရဲ့ ခင်မင်မှုက
သူ့ကြောင့် အဖုအထစ်တွေဖြစ်ကုန်ပြီ။
"၀င်း..."
အခန်းတံခါးကို ဖွင့်၍ထွက်လာသော
၀င်းကိုမြင်တော့မှပဲ မဇင်လည်းရင်အေးရတော့သည်။
၀င်း၏မျက်၀န်းတွေက နီရဲနေပြီးမျက်နှာလေးက
အရင်လိုမလန်းဆန်းဘူးဆိုပေမဲ့ အသဲကွဲတာကို
အရက်နဲ့ မဖြေသိမ့်တာပဲ တော်သေးသည်လို့
ပြောရမယ်။
သူ့ရဲ့ပထမဆုံးအချစ်မှာတင် အသဲကွဲရတဲ့
ခံစားချက်ကြီးက တော်တော်ခံရခက်မှာသေချာတယ်။
"အဆင်ပြေရဲ့လား..အဆင်မပြေရင်
ဒီနေ့နားလိုက်လေ.."
"ဟင့်အင်း...စာချုပ်သက်တမ်းမကုန်သေးသ၍
ကျွန်တော့်တာ၀န်ကို ကျေပွန်ချင်တယ်..
အလုပ်ကြိုးစားပြီး..ပိုက်ဆံများများရှာနိုင်ရင်
စာချုပ်ကိုဖြတ်သိမ်းလို့ရတယ်မလား.."
"၀င်းဘာတွေပြောနေတာလား မိန်းကလေး
တစ်ယောက်အတွက်နဲ့ အေဂျင်စီနဲ့လက်တွဲ
ဖြုတ်ရအောင်အထိ ရူးမိုက်သွားပြီလား..
၀င်းကိုလိမ်ညာခဲ့တာက မေဝိုင်းလေးပါ
၀င်းကဘာလို့ လိပ်ပြာမလုံသလိုဖြစ်နေတာလဲ
မဖြစ်သင့်ဘူးနော်.."
"မဟုတ်ဘူး..တကယ်တော့ဝိုင်းဝိုင်းကို
သက်ဆိုင်သူရှိလားလို့..မမေးခဲ့မိလို့ကျွန်တော်
မသိခဲ့တာပါ..သူကတမင်မပြောပြခဲ့တာမဟုတ်ဘူး
အစကနေအဆုံးအထိ ကျွန်တော့်ဘက်ကသာ
တဖတ်သက် အတွေးတွေနယ်ကျွံနေခဲ့တာ.."
"ဒါဆိုလည်း အခုသိသွားပြီဆိုတော့
အဲ့ကောင်မလေးကို စိတ်ပြတ်နိုင်အောင်
ကြိုးစားလိုက်ပေါ့ကွယ်..အေဂျင်စီနဲ့တော့
လက်တွဲမဖြုတ်လိုက်ပါနဲ့..မင်းအတွက်
မေဝိုင်းလေးထက်သာတဲ့မိန်းကလေးကိုတောင်
ရှာဖို့ မခက်ပါဘူး..."
"ဝိုင်းဝိုင်းထက်သာတဲ့ မိန်းကလေးတွေဘယ်လောက်ရှိရှိ ကျွန်တော့်ရင်ဘတ်ထဲမှာ
အမြဲတမ်းအတွက် ချစ်မိတဲ့လူကတော့
ဝိုင်းဝိုင်းတစ်ယောက်ပဲရှိတယ်..
မဖြစ်သင့်ဘူးဆိုတာသိတယ်..
ဒါပေမဲ့အချိန်အကြာကြီး သူ့ကြောင့်လှုပ်ရှားနေတဲ့
နှလုံးသားရဲ့ဆန္ဒကို ချက်ချင်းရပ်တန့်ပြစ်ဖို့တော့
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..
ကျွန်တော့်ကိုဘာမှ ထပ်မပြောပါနဲ့တော့.."
သဇင်လည်း အရှေ့မှထွက်သွားသော ၀င်းကို
ကြည့်ပြီး သက်ပြင်းမောကြီးသာချလိုက်မိတော့သည်။
နှလုံးသားရဲ့ဆန္ဒကို မလွန်ဆန်နိုင်သေးတာကို
နားလည်ပေမဲ့ လွှတ်မချပဲဆက်ပြီးရှေ့တိုးချင်လာ
တာမျိုးတော့ မဖြစ်စေချင်ဘူး။
မေဝိုင်းလေးကို အဖြစ်အပျက်တွေအကုန်လုံး
ဖွင့်ပြောပြပြီး ဇာတ်ကားတွေထဲကလို
၀င်းကိုမုန်းသွားအောင်သာ လုပ်ခိုင်းလိုက်ချင်တော့တယ်။
❤️❤️❤️❤️❤️❤️❤️❤️
အသဲကွဲရက်ရာဇာပါ
ကြားထဲက တို့ရဲ့ဝိုင်းလေးကဘူမသိကိုးမသိပဲ
အစွတ်စွဲခံရ
=========================================================================
အခန္း(၂၉)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
၀င္းတစ္ေယာက္ မင္းစက္အာဏာ၏
ရံုးခန္းထဲသို႔ ၀င္လိုက္သည္ႏွင့္ လမ္းတစ္ေလ်ွာက္ေပ်ာ္ရႊင္ၾကည္ႏူးေနမႈေတြဟာ ၾကက္ေပ်ာက္၊
ငွက္ေပ်ာက္ျဖစ္သြားသလိုပါပဲ။
ေလေအးေပးစက္ဖြင့္ထား၍ ခ်မ္းေနတာမ်ိဳးမဟုတ္ပဲ ေက်ာရိုးထဲကေနစိမ့္ထြက္လာတဲ့
ေအးစက္မႈမ်ိဳးကို ခံစားေနရတာမ်ိဳး။
အေၾကာင္းအရင္းကေတာ့ ရံုးခန္းထဲရိွ
ထမင္းစားသၫ့္ စတုရန္းပံုစားပဲြအရွည္၏
ထိပ္ဆံုးမွာ ထိုင္ေနေသာသူေၾကာင့္ပါပဲ။
စားပဲြ၏ေဘးတစ္ဖက္တစ္ခ်က္ဆီမွာေတာ့
အျပန္အလွန္ေဆြးေနြးစကားေျပာေနၾကေသာ
လူမ်ားထိုင္ေနၿပီး တစ္ေယာက္ခ်င္းစီသည္
စေနာက္၍ မရေလာက္ေအာင္အပီအျပင္ကို
အစည္းအေဝးတြင္ ဈာန္၀င္ေနၾကေလသည္။
၀င္းႏွင့္မသဇင္တို႔ႏွစ္ေယာက္ အစည္းအေဝး
ခန္းထဲသို႔၀င္လိုက္ၿပီး ဆိုဖာအလြတ္ေပၚမွာ
ထိုင္လိုက္ၾကေပမဲ့ သူတို႔ကိုဘယ္သူကမွ
အေရးတယူေတာင္ လွၫ့္မၾကၫ့္ၾက၍
လူပိုႀကီးေတြလိုျဖစ္၍ေနသည္။
၀င္းကေတာ့ စားပဲြ၏ထိပ္ဆံုးတြင္ နားထင္ကို
လက္ၫွိုးေထာက္ထားလ်ွက္ က်န္သူမ်ား၏
စကားကို ေခါင္းတညိမ့္ညိမ့္လုပ္ေနသူအား
ႏွာေခါင္းရႈံ႔လိုက္မိသည္။
မင္းစက္ဆိုတာ သူနဲ႔ဆယ္ေက်ာ္သက္အရြယ္တည္းက ခင္လာတဲ့တစ္ဦးတည္းေသာ သူငယ္ခ်င္း
တစ္ေယာက္ျဖစ္ၿပီး ကိုယ္နားမလည္ႏိုင္တဲ့
လူတစ္ေယာက္လည္းျဖစ္တယ္။
ဒီေကာင္က စြန႔္စားရတာကိုႀကိဳက္ၿပီး
အရင္တည္းက ကိုယ့္ဒူးကိုယ္ခၽြန္တတ္တဲ့
လူတစ္ေယာက္ေပါ့။
ပညာေရးမွာပဲျဖစ္ျဖစ္၊အားကစားမွာပဲျဖစ္ျဖစ္
ဘယ္က႑မွာမဆို ထိပ္ဆံုးဆိုသၫ့္ေနရာမွာ
ရပ္ေနရမွ ေက်နပ္တဲ့လူမ်ိဳးဆိုေတာ့
အပ်င္းေျပေတာင္ အေပ်ာ္သေဘာနဲ႔
သြားၿပီး စေနာက္လို႔မရဘူး။
မလိုခ်င္ဘူးဆိုရင္ သူတကယ္မလိုခ်င္လို႔
ျဖစ္ၿပီး အလကားရေနရင္ေတာင္လွၫ့္မၾကၫ့္တတ္တဲ့ လူစားမ်ိဳး။
ဒါေပမဲ့ သူတကယ္လိုခ်င္ၿပီေဟ့ဆိုရင္လည္း
မတရားေသာနည္းလမ္းျဖစ္ေနရင္ေတာင္
ဂရုစိုက္တတ္တဲ့ ေကာင္မဟုတ္ဘူး။
တကၠသိုလ္ေက်ာင္းသားဘ၀တုန္းက
ဂီတေမဂ်ာမွ ေက်ာင္းသားတစ္ေယာက္ဟာ
မင္းစက္ကိုစႏၵယားၿပိဳင္ပဲြမွာ
အတူယွဉ္ၿပိဳင္ဖို႔ စိန္ေခၚခဲ့တယ္။
အေၾကာင္းအရင္းကေတာ့ သူတို႔ဌာနက
ထိုေကာင္ေလးသေဘာက်ေနတဲ့အလွပေဂးေလးဟာ မင္းစက္ကိုစိတ္၀င္စားေနေသာေၾကာင့္ပါပဲ။
ဒါေပမဲ့ ဂီတကိုစိတ္မ၀င္စားတဲ့မင္းစက္ကေတာ့
ထိုေကာင္ေလးရဲ့ စိန္ေခၚမႈကိုျငင္းပယ္ခဲ့တယ္။
ဂီတနဲ႔ယွဥ္ၿပိဳင္ရင္ မင္းစက္တစ္ေယာက္
ေသခ်ာေပါက္ ရႈံးမွာပဲလို႔အပိုင္တြက္ထားတဲ့
ထိုေကာင္ေလးက
.."ဂီတဆိုတာအရမ္းကိုႏူးညံ့ၿပီးထူးျခားတဲ့
အရာတစ္ခုျဖစ္လို႔..မင္းလိုလူက
ငါတို႔ အႏုပညာသမားေတြနဲ႔ယွဉ္ၿပိဳင္ႏိုင္တဲ့
အရည္အေသြးမရိွပါဘူး..
ဒါေၾကာင့္ဂီတနယ္ပယ္မွာ ေျမေခြးအိုႀကီးလိုႏွလံုးသားမ်ိဳးရိွတဲ့မင္းက ဘယ္ေသာအခါမွ ေအာင္ျမင္ႏိုင္မွာမဟုတ္သလို
လူေတြရဲ့ႏွစ္ႏွစ္ကာကာ
ခ်ီးက်ူးျခင္းကိုလည္း ခံရမွာမဟုတ္ဘူး.."ဆိုသၫ့္
အထင္ေသးရႈံ႔ခ်တဲ့ စကားေတြနဲ႔စိန္ေခၚခဲ့တယ္။
မင္းစက္ရဲ့စိတ္ကိုႏိႈးဆြလိုက္တဲ့
ထိုစကားတစ္ခြန္းေၾကာင့္ ဂီတၿပိဳင္ပဲြ
မွာမင္းစက္ကိုယ္တိုင္ ပါ၀င္ယွဉ္ၿပိဳင္ဖို႔ျဖစ္လာခဲ့တယ္။
ထိုေကာင္ေလးဟာ စႏၵယားကိုေမဂ်ာအျဖစ္
သင္ယူခဲ့ၿပီး အခ်ိန္ေတြအမ်ားႀကီးေပးထားခဲ့ေပမဲ့
ေနာက္ဆံုးမွာ ေလးလခဲြသာစႏၵယားကိုသင္ယူခဲ့ေသာ မင္းစကိုရႈံးနိမ့္သြားခဲ့ပါတယ္။
ထိုေန့က စင္ေပၚမွာဆုရသူေတြကိုအမွတ္တရစကား ေျပာခိုင္းေတာ့ပထမဆိုတဲ့ ဆုကိုကိုင္ၿပီး
မင္းစက္ဟာ အားလံုးကိုအံ့အားသင့္ေလာက္ေစေသာ စကားေတြေျပာခဲ့တယ္။
"ဒီဆုကိုရလိုက္ၿပီးတဲ့ေနာက္..စႏၵယားရဲ့
စက္ခလုတ္ေတြကို ႏိွပ္ရတာဟာသိပ္ေပ်ာ္စရာ
ေကာင္းမွန္းေတာ့သေဘာေပါက္ခဲ့တယ္..
ဒီပထမဆုကိုရေအာင္ယူခ်င္ခဲ့တဲ့
အဓိကအေၾကာင္းအရင္းကေတာ့
လူတစ္ေယာက္ေၾကာင့္ပါပဲ..သူကၽြန္ေတာ့္ကို
စကားတစ္ခြန္းေျပာခဲ့တယ္...သူက
"..ဂီတဆိုတာအရမ္းကိုႏူးညံ့ၿပီးထူးျခားတဲ့
အရာတစ္ခုျဖစ္လို႔..ကၽြန္ေတာ့္လိုလူက
သူတို႔ အႏုပညာသမားေတြနဲ႔ယွဉ္ၿပိဳင္ႏိုင္တဲ့
အရည္အေသြးမရိွဘူး.."ဆိုၿပီးေျပာသြားခဲ့တယ္..
ဒီစင္ေပၚကေနသူ႔ကိုျပန္ေျပာခ်င္တာက..
ဂီတဆိုတာကၽြန္ေတာ္တို႔ရင္ထဲမွာ
ထုတ္ေဖာ္မျပရင္ေတာင္အၿမဲ
ကိန္းေအာင္းေနတဲ့အရာတစ္ခုပါပဲ..
စကားမေျပာတတ္ေသးတဲ့ေဘဘီေလးေတြေတာင္
ဂီတသံၾကားရင္ ကခုန္ရမွန္းသိၾကပါတယ္..
အႏုပညာသမားမွမဟုတ္ပါဘူး
လူတိုင္းရဲ့ရင္ထဲမွာ ႏူးညံ့တဲ့အႏုပညာကိုယ္စီ
ရိွၾကပါတယ္..ရပ္တည္ရွင္သန္မႈကြာသြားလို႔သာ
နယ္ပယ္ကဲြသြားၾကတာပါ..
ဒါေၾကာင့္ အႏုပညာသမားဆိုတဲ့ဂုဏ္ပုဒ္ကို
အေၾကာင္းျပဳျပီး လူတိုင္းကိုအထင္မေသး
သင့္ေၾကာင္း ေျပာၾကားခ်င္ပါတယ္.."
မင္းစက္ဟာ ကိစၥတစ္ခုကိုအဆံုးအထိ
လုပ္တတ္သူပီပီ အတတ္ပညာရွင္ေတြ
ေရ႔ွမွာေတာင္မေရွာင္ပဲ ထိုစကားေတြကို
ေျပာထြက္ခဲ့သူပါ။
ထိုအခ်ိန္ကာလတုန္းက မင္းစက္သည္
ကိုယ့္ထက္ေတာင္ ေပၚျပဴလာျဖစ္တဲ့
လူတစ္ေယာက္ဆိုတာကို မရွက္တမ္း၀န္ခံရလိမ့္မယ္။
ေနြဦးေလျပည္ဆိုတဲ့ကိုယ္က အဆိုေတာ္
လုပ္မွသာ ၀င္းဆိုၿပီးပရိတ္သတ္ၾကား
နာမည္ရလာတာျဖစ္ၿပီး မင္းစက္အာဏာကေတာ့
ေက်ာင္းသားဘ၀တည္းက ဘာလုပ္လုပ္
လူတိုင္းက မ်က္စိေဒါက္ေထာက္ၾကၫ့္ၾကၿပီး
အထင္ႀကီးခံခဲ့ရသူတစ္ေယာက္ျဖစ္ခဲ့တယ္။
တစ္ဖက္မွာေတာ့ ေရႊဇြန္းကိုက္ၿပီး
ေမြးခဲ့တဲ့လူမွန္းအမ်ားကို
ထုတ္မေျပာပဲနဲ႔ေတာင္ သူ႔ရဲ့အထက္စီးဆန္ၿပီး
တည္ၾကည္လြန္းတဲ့ မ်က္ႏွာထားကိုၾကၫ့္လိုက္ရံုနဲ႔
သူဟာ ေရႊမင္းသားတစ္ပါးပဲဆိုတာခန႔္မွန္းမိၾကပါတယ္။
သူေက်ာင္းကို ေန့စဉ္စီးလာတဲ့ကားဟာ
အလြန္ေဈးႀကီးေသာ Rolls Royceႏွင့္BMW
ကားအမ်ိဳးအစားေတျြဖစ္ၿပီး သူ႔ပိုက္ဆံအိတ္ထဲမွာ
လည္း အနက္ေရာင္ကဒ္ေတြကို
အၿမဲတမ္းေတြ့ရတတ္တယ္။
ဒါေပမဲ့ သူဟာမာနႀကီးသူပီပီ သူ႔အေဖေထာက္ပံ့တဲ့
ထိုပစၥည္းေတြအေပၚမွာ လံုး၀မမွီခိုခဲ့ဘူး။
ၿပိဳင္ပဲြေတြ၀င္ၿပိဳင္ၿပီး သူ႔ရဲ့ေက်ာင္းစားရိတ္ကို
ရွာခဲ့သလို ေက်ာင္းသားဘ၀မွာတင္
စေတာ့ေဈးကြက္ကို ၀င္ကစားတတ္ေနေလၿပီ။
ထို႔ေၾကာင့္ ထိုင္ေနရင္းနဲ႔ကိုသူ႔အိတ္ကဒ္ထဲသို႔
ေငြေတြအၿမဲ၀င္ေအာင္ လုပ္ႏိုင္သူျဖစ္သည္။
လူအမ်ားက လပ္ကီးဘြိုင္းလို႔သတ္မွတ္ထားသလို
လုပ္သမ်ွက ေအာင္ျမင္ေနေပမဲ့ ကံမေကာင္း
တာက သူ႔ရဲ့အိမ္ေထာင္ေရးပဲ။
ဒါေပမဲ့ မင္းစက္ထက္သူ႔အမ်ိဳးသမီးကို
ပိုသနားမိတယ္။မင္းစက္ဟာ အိမ္ေထာင္ေရးကို
အယံုအၾကည္မရိွတဲ့ လူတစ္ေယာက္ျဖစ္လို႔
သူ႔အမ်ိဳးသမီးကေတာ့ ေခ်ာင္ထိုးခံရမွာေသခ်ာတယ္။
"၀င္း..မင္းတို႔ငါ့ဆီကိုဘာကိစၥရိွလို႔
ေရာက္လာၾကတာလဲ.."
အစည္းအေဝးၿပီးသြားသည္ႏွင့္ ငယ္သူငယ္ခ်င္း
တစ္ေယာက္ကို ေျပာလိုက္သၫ့္စကားက
တကယ္ကို ရိုက္ျပစ္ခ်င္စရာေကာင္းလြန္းသည္။
"ေဟ့ေကာင္..မင္းဒီ့ထက္နား၀င္ပီယံျဖစ္မဲ့
စကားမ်ိဳးမေျပာတတ္ေတာ့ဘူးလား
ငါသာအသက္လုေျပးလာတဲ့လူဆို
မင္းရဲ့အားေပးစကားႀကီးကိုၾကားၿပီး
အေမာဆို႔ေနေလာက္ၿပီ..
မသိရင္မင္းနဲ႔ငါက သူစိမ္းေတြၾကေနတာပဲ..
ငါနဲ႔မင္းက ခင္တာျဖင့္ဒီေလာက္ၾကာေနၿပီ
အခုထိ ငါစိတ္ခ်မ္းသာေစမဲ့စကားမ်ိဳး
မင္းမေျပာဖူးဘူး.."
စလာတည္းက ၾကက္တူေရြးနဲ႔သားအမိေတာ္ထားသလို စကားတြေပါက္ေပါက္ေဖာက္လာေသာ
၀င္းေၾကာင့္ မင္းစက္၏မ်က္ႏွာႀကီးရႈံ႔မဲ့သြားေလသည္။
ခုဏကမွ အစည္းအေဝးလုပ္ထား၍
ေခါင္းေတြေနာက္ေနတဲ့အတြက္
စကားေတြအမ်ားႀကီး ထပ္ေျပာရမွာကို
သူသိပ္ၿပီး သေဘာမေတြ့ေတာ့ေပ။
ဒါေပမဲ့ ၀င္းကကိုယ့္ရဲ့ေအဂ်င္စီကအႏုပညာရွင္
ျဖစ္ရံုမဟုတ္ပဲသူငယ္ခ်င္းအရင္းႀကီးပါျဖစ္ေန၍
ေခါင္းေနာက္လည္း သည္းခံရေပမည္။
"မင္းဒီကိုျပန္ေရာက္တည္းက အခ်ိန္ဇယား
ၾကပ္ေနတယ္လို႔ သိထားလို႔ေမးၾကၫ့္တာပါ
မင္းဒီေလာက္ အားယားေနမယ္လို႔
ထင္မွမထင္မိပဲ.."
မင္းစက္အာဏာ၏ ခနဲ႔လိုက္ေသာစကားေၾကာင့္
ေဘးနားမွ မဇင္တစ္ေယာက္သေဘာတက်
ရယ္လိုက္မိေလသည္။
"တကယ္ေတာ့ဒီေန့သူလံုး၀မအားဘူးဆရာရဲ့
ဒါေပမဲ့ တစ္ေယာက္ေယာက္ကိုေတြ့ခ်င္ေတာ့
ခ်က္ခ်င္းအားသြားတယ္ေလ.."
တစ္ေယာက္ေယာက္ကို ေတြ့ခ်င္တယ္ဆိုေတာ့
မင္းစက္၏မ်က္ခံုးေတြပင့္တက္သြားေလသည္။
၀င္းနဲ႔သူက ေက်ာင္းတုန္းကသာအတဲြညီညီ
ေပါင္းခဲ့ၾကေပမဲ့ ၀င္းအဆိုေတာ္ျဖစ္ၿပီး
ေနာက္ပိုင္းေတာ့ နယ္ပယ္ခ်င္းမတူေတာ့၍
သိပ္ၿပီး ေဆြးေနြးမႈေတြမလုပ္ျဖစ္ေတာ့ဘူး။
ခုေနာက္ပိုင္းဆို KGကက်င္းပတဲ့ ပဲြေတြမွသာအမ်ားဆံုးေတြ့ျဖစ္ၾကေပမဲ့
သိပ္ၿပီးေထြရာေလးပါးလည္း မေျပာျဖစ္ၾကေပ။
ကိုယ္မဂၤလာေဆာင္တာေတာင္
ဒီေကာင့္ကိုမဖိတ္လိုက္မိဘူး။
"မင္းငါ့ကိုအဲ့ေလာက္သတိရေနလိမ့္မယ္လို႔
ငါမထင္ခဲ့မိဘူး..ေဆာရီးပဲကြာ..ငါက
ေယာက္်ားေတြကို စိတ္မ၀င္စားဘူး.."
"ဟာ..မင္းစက္အာဏာ..ငါကမင္းကိုဘာလို႔
စိတ္၀င္စားရမွာလဲဟ..မင္းလိုလူကို
အလကားေပးေတာင္မယူဘူးကြ..ငါမင္းဆီကို
လာတာက အျခားကိစၥေျပာမလို႔.."
"ဘာကိစၥလဲ.."
အခုမွပဲ စကားလမ္းေၾကာင္းအမွန္ေပၚေရာက္လာ၍၀င္း၏ အႃပံုးေတြဟာ
တဖန္ေမာ္ႂကြားလာခဲ့သည္။
၀င္း၏အႃပံုးသည္ ပုဒ္စာတစ္ပုဒ္၏အေျဖမွန္ကို ရွာေတြ့သြားသလိုမ်ိဳး ျဖစ္ေနၿပီး ပရိတ္ႀကိဳးအနီေရာင္ေလးပတ္ထားေသာ လက္ကို
ေရ႔ွထုတ္ျပလာေလသည္။
မင္းစက္ကေတာ့ ၀င္း၏ရူးေၾကာင္ေၾကာင္
အႃပံုးႏွင့္ ပရိတ္ႀကိဳးအနီေရာင္ေလးပတ္ထားေသာ
ညာလက္ကိုသာ အဓိပၸာယ္မဲ့ စိုက္ၾကၫ့္လိုက္မိသည္။
"မင္းစက္..မင္းငါ့ကိုဟိုတစ္ခါက..ဒီပရိတ္ႀကိဳး
အနီေလးအေၾကာင္းေမးခဲ့တာကို
မွတ္မိေသးလား..ငါေတာင္မွသူ႔ကိုရွာေတြ့မွ
မင္းကိုသူ႔အေၾကာင္း ေျပာျပမယ္လို႔ေျပာခဲ့ေသးတယ္ေလ.."
"အင္း..အဲ့ေတာ့..မင္းသူ႔ကိုရွာေတြ့သြားၿပီလား.."
"ေအး..ငါသူ႔ကိုရွာေတြ့သြားၿပီ..
လံုး၀မထင္မွတ္ထားေလာက္ေအာင္
တိုက္ဆိုင္ေနတာက..သူကမင္းရဲ့ကုမၸဏီမွာ
အလုပ္လုပ္ေနတယ္.."
၀င္းတစ္ေယာက္ သူ႔အသက္၁၉ႏွစ္တည္းက
ရွာေနခဲ့တဲ့ သူ႔ရင္ဘတ္ထဲကႏွစ္သက္ရသူကို
ျပန္ေတြ့ၿပီဆိုေတာ့ ကိုယ္လည္းထပ္တူ
၀မ္းသာသြားမိေပမဲ့ ကိုယ့္အလုပ္သမားထဲက
ဆိုေတာ့ အံ့ဩသြားမိေလသည္။
"ဒါဆိုရင္..သူကလူခ်မ္းသာအသိုင္းအဝိုင္းနဲ႔
အႏုပညာနယ္ပယ္ကမဟုတ္ဘူးေပါ့..
မင္းရဲ့အႀကိဳက္က အဲ့ဒီေလာက္သာမာန္ဆန္ေနလိမ့္
မယ္လို႔ ငါမထင္ခဲ့ဘူး..ဘယ္အခ်က္ေတြေၾကာင့္
မင္းကအဲ့ေကာင္မေလးကို စဲြစဲြလမ္းလမ္း
ျဖစ္ေနရတာလဲ.."
မင္းစက္၏အေမးေၾကာင့္ ၀င္း၏မ်က္ႏွာထက္၀ယ္
အႃပံုးလြင္လြင္ေလးေပၚေပါက္လာသည္။
အရည္ရႊန္းလဲ့ေနေသာ သူ႔မ်က္၀န္းမ်ားထဲမွေတာင္
သူသေဘာက်ေနေသာေကာင္မေလး၏
ပံု႑န္ကို ပံုေဖာ္လို႔ရႏိုင္ေလာက္သည္အထိ
ေမဝိုင္းေလး၏ လွပေသာပံုရိပ္ေလးေတြကသာ
သူ႔အေတြးထဲတြင္ ျပၫ့္ႏွက္ေနသည္။
"သူ႔အလွကငါ့အတြက္ေတာ့ အျခားမိန္းကေလး
ေတြနဲ႔ လံုး၀ကဲြျပားတယ္..သူ႔ရဲ့မ်က္လံုးေလးက
ၾကယ္ေလးေတြလို အေရာင္တျဖတ္ျဖတ္လက္ၿပီးေတာက္ပေနတာ..ႏႈတ္ခမ္းေလးက
သဘာ၀အတိုင္းေတာင္ပန္းေရာင္သန္းေနတာ
ပါးေလးေတြက မက္မြန္ေရာင္သန္းေနၿပီးေတာ့
ႏွဖူးေျပျပေလးနဲ႔ ျပစ္ရက္စရာမရိွေအာင္ကို
လွတာကြ..အသားေလးကျဖဴႏုေနပံုမ်ား
မထိရက္မတို႔ရက္စရာေလးကြာ..ငါ့အတြက္ေတာ့
သူေလးကအရမ္းကိုခ်စ္စရာေကာင္းၿပီး
ျမင့္မိုလ္ေတာင္ေပၚက ရွားပါးပန္းေလး
တစ္ပြင့္လိုပဲ"
၀င္း၏ သူ႔ခ်စ္သူေကာင္မေလးကိုခံစားခ်က္
အျပၫ့္ႏွင့္ ပံုေဖာ္ေနပံုအားၾကၫ့္ၿပီး
မင္းစက္ကေတာ့ မဲ့ႃပံုးႏွင့္သာျပန္၍
တုန႔္ျပန္လိုက္မိသည္။
ဂီတသမားလို႔မေျပာရဘူး မိန္းကေလးတစ္ေယာက္ကို ပံုေဖာ္ေနလိုက္တာမ်ား ပိုကိုပိုလြန္းတယ္။
ဒီအရုးကလွတဲ့ မိန္းကေလးေတြကို မေတြ့ဖူးတာလဲ
မဟုတ္ပဲနဲ႔။
မိန္းကေလးတစ္ေယာက္ရဲ့ အေပၚယံအလွက
ဘာမက္ေမာစရာရိွလို႔လဲ။
"မင္းေျပာေနတာက လူေရာဟုတ္ရဲ့လားကြာ
တာ၀တႎသာနတ္ျပည္က နတ္သမီးနဲ႔
ေတြ့ခဲ့တာမ်ားလား.."
"ဟာ..ဟုတ္တယ္သူ႔ရဲ့အလွက နတ္သမီးေလး
နတ္သက္ႂကြေလာသလို မႈန္ေနေအာင္လွတာမ်ိဳး.."
"မင္းကလည္းကြာ..မိန္းမတစ္ေယာက္ရဲ့
အလွကို ဒီေလာက္ေတာင္ဖဲြ႔ႏဲြ႔ေနလိုက္တာ
ရုပ္လွၿပီး စိတ္ဓာတ္မေကာင္းရင္
ဘယ္လိုလုပ္မလဲ.."
"ဒီမွာ..မင္းစက္..ငါ့နာမည္ေနြဦးေလျပည္ပါကြာ
လူေပါင္းမ်ားစြာနဲ႔ဆက္ဆံဖူးပါတယ္ကြ
အဲ့ေလာက္ေတာ့ လူကဲခတ္မညံ့ပါဘူး...
သူနဲ႔ငါစေတြ့တဲ့အခ်ိန္တည္းကေနအခုအထိ
သူ႔ရဲ့အျပဳအမူ၊အေျပာအဆိုေတြက
လံုး၀မကဲြျပားသြားဘူး..ဒါေၾကာင့္ဒီေန့ပဲ
ငါသူ႔ကိုခ်စ္ခြင့္ပန္ေတာ့မယ္.."
"တကယ္လို႔သူကမင္းကို အဆိုေတာ္ျဖစ္လို႔
ျပန္လာကပ္တာဆိုရင္ေရာ..ဘယ္လိုလုပ္မလဲ.."
"အဲ့ဒါဆိုရင္လည္း ငါေက်ေက်နပ္နပ္ႀကီး
လည္စင္းခံလိုက္မယ္ကြာ..ငါ့အတြက္ေတာ့
သူေကာင္းေကာင္းဆိုးဆိုး သူျဖစ္ေနရင္ကိုရၿပီမို႔လို႔
က်န္တာဘာမွ အေရးမႀကီးဘူး..
တကယ္ေတာ့ ငါကသာသူ႔ကိုဆဲြထားဖို႔
ႀကံစည္ေနတဲ့လူေလ..ဒါေၾကာင့္ငါ့အတြက္
သူကဘယ္လိုအဆင့္အတန္းမ်ိဳးမွ
ျဖစ္ေနဖို႔မလိုဘူး...."
ဒီတစ္ခါေတာ့ မင္းစက္လည္းမဲ့ႃပံုးႏွင့္
ေလွာင္ေျပာင္သေရာ္ရမၫ့္အစား ၀င္း၏
တုန္႔ဆိုင္းမႈမရိွေသာ ေရြးခ်ယ္မႈကို
ေလးစားသြားမိသည္။
၀င္းအတြက္ဂီတဆိုသၫ့္
အသက္ေမြး၀မ္းေၾကာင္းအျပင္
ေနာက္ထပ္ တန္ဖိုးထားရမၫ့္အရာတစ္ခုကို
ေတြ့ရိွသြားၿပီေပါ့။
"သူကမင္းအတြက္ အဲ့ေလာက္အေရးပါလိမ့္မယ္လို႔
ငါမထင္ထားခဲ့မိဘူး..ဒီလိုဆိုေတာ့လည္း
မင္းေပ်ာ္ရႊင္ပါေစ..."
"ေအး..ငါ့ကိုေပ်ာ္ေစခ်င္ရင္သူ႔ကိုဒီေန့
ခြင့္တစ္ရက္ရေအာင္လုပ္ေပးရမယ္.."
"ေအာ္..လက္စသတ္ေတာ့မင္းကဒီကိစၥအတြက္
ငါ့ဆီကိုလာတာေပါ့.."
"ဟဲ..ဟဲ..ငါလည္းမၾကာခင္ရည္စားရေတာ့မဲ့
အေၾကာင္းႂကြားခ်င္လို႔ပါကြာ..
ငါကသူ႔ကို ဒီေန့ခ်စ္ခြင့္ပန္ဖို႔ တိတ္တိတ္ေလး
ျပင္ဆင္ၿပီးသြားၿပီကြ မဇင္တို႔ေတာင္မသိၾကဘူး..
မင္းကဒီကုမၸဏီရဲ့ပိုင္ရွင္ဆိုေတာ့ မင္းစကား
တစ္ခြန္းေလာက္ ေျပာလိုက္ရံုနဲ႔ရတယ္ေလ
ကူညီပါကြာေနာ္.."
"ေနပါအံုး..မင္းကဖြင့္ေျပာဖို႔ကိုေတာင္
ေသခ်ာျပင္ဆင္ထားတယ္ဆိုေတာ့
သူကလက္ခံမယ္လို႔ ႀကိဳတြက္ထားတာလား.."
"ႀကိဳတြက္ထားစရာကိုမလိုေအာင္
ေသခ်ာေနတာဆရာေရ...ေကာင္မေလးကလည္း
သူ႔ကိုစိတ္၀င္စားေနပံုပဲ..ကၽြန္မလည္း
၀င္းနဲ႔သေဘာတူတယ္.."
ၾကားျဖတ္ၿပီး ၀င္ေျဖလိုက္ေသာ၀င္း၏
မန္ေနဂ်ာကို ေမာ့ၾကည့္လိုက္မိၿပီးေနာက္
ဒီကိစၥကို မသိတာကိုယ္တစ္ေယာက္တည္းမွန္း
မင္းစက္ နားလည္လိုက္သည္။
"ကဲ..ေျပာ..မင္းရဲ့ေကာင္မေလးကဘယ္ဌာနကလဲ
နာမည္ဘယ္လိုေခၚလဲ.."
"သူကအခုလက္ရိွ ဗဟို၀န္ေဆာင္မႈဌာနမွာ
လုပ္ေနတယ္..သူ႔နာမည္က"ေမဝိုင္းေလး"..."
"ဘာ!!ေမဝိုင္းေလး..ဟုတ္လား.."
"ေအးေလ..ဘာျဖစ္လို႔လဲ.."
ေမဝိုင္းေလးဆိုသၫ့္ နာမည္ကိုၾကားတာႏွင့္
အထိတ္ထိတ္အျပာျပာ ျဖစ္သြားေသာမင္းစက္၏
အမူအရာေၾကာင့္ ၀င္းလည္းေၾကာင္သြားမိသည္။
"ဘာျဖစ္တာလဲမင္းစက္ရ.."
"မင္းေျပာတဲ့ လြန္ခဲ့တဲ့ရွစ္ႏွစ္တည္းကေတြ့ခဲ့တဲ့
မင္းရဲ့ ငယ္ခ်စ္နာမည္ကေမဝိုင္းေလးဆိုတာ ေသခ်ာလို႔လား..ၿပီေတာ့မင္းရဲ့
ေမဝိုင္းေလးက တကယ္ပဲဆားဗစ္ဌာနမွာ
အလုပ္လုပ္ေနတာ ေသခ်ာလား.."
"ဘာလို႔မေသခ်ာရမွာလဲ..ၿပီးခဲ့တဲ့ရက္က
ငါတို႔ႏွစ္ေယာက္ ေန့လည္စာေတာင္အတူတူ
စားခဲ့ၾကၿပီး စကားေတြေတာင္အမ်ားႀကီး
ေျပာခဲ့ၾကေသးတယ္..မင္းကသူ႔ကိုသိလို႔လား.."
မင္းစက္၏မ်က္ႏွာသည္ ေသြးေရာင္လႊမ္းေနရာမွ
ရုတ္တရက္ေအးစက္သြားသည္။
သူ႔မ်က္လံုးေတြက မေက်နပ္မႈႏွင့္ေဒါသတရားေတြ
ဖံုးလႊမ္းလာခဲ့ၿပီး တစ္ခုခုကိုရြံရွာသလို
ျဖစ္လာခဲ့သည္။
ဆားဗစ္ဌာနမွာ ေမဝိုင္းေလးဆိုသၫ့္နာမည္က
ဘယ္ႏွစ္ေယာက္ ရိွလို႔လဲ။
သံသယဆိုတဲ့အရာနဲ႔ပဲအလကား
အခ်ိန္မျဖဳန္းခ်င္၍ ဖုန္းကိုထုတ္ၿပီး
ေကာင္းသန႔္ကိုေခၚလိုက္ကာ ဆားဗစ္ဌာနကို
သြားဖို႔အမိန႔္ေပးလိုက္သည္။
"အခုခ်က္ခ်င္း ေမဝိုင္းေလးကိုငါ့ရံုးခန္းကို
ေခၚခဲ့.."
ခပ္ေစာင့္ေစာင့္ထြက္သြားသၫ့္ မင္းစက္၏
ေဒါသသံေၾကာင့္ သဇင္ႏွင့္၀င္းတို႔သည္
ဘာျဖစ္တာလဲဆိုတာ တစ္ေယာက္မ်က္ႏွာကို
တစ္ေယာက္ ျပန္ၾကၫ့္လိုက္မိၾကသည္။
မင္းစက္၏ ပိုမိုတင္းမာလာသၫ့္ မ်က္ႏွာထားေၾကာင့္ က်န္ႏွစ္ေယာက္မွာလႈပ္ေတာင္
မလႈပ္ရဲေတာ့ေပ။
၀င္းအတြက္ေတာ့ အခန္းအပူခ်ိန္ဟာရႈတ္တရက္
ပိုျမင့္တက္လာသလိုခံစားေနရသည္။
အျခားတစ္ဖက္သို႔ မ်က္ႏွာလႊဲထားရင္း
တစ္ခုခုကို ေတြးေတာေနဟန္ျဖင့္ဂဏွာမၿငိမ္
ျဖစ္ေနသၫ့္ မင္းစက္၏မ်က္လံုးမ်ားသည္
တိမ္မဲမ်ား ဖံုးေတာ့မလိုကိုေမွာင္မိုက္ၿပီး
အားျပင္းျပင္းႏွင့္ေတာက္ေလာင္ေတာ့မၫ့္အလား
ထင္ေနရသည္။
ဝိုင္းဝိုင္းကို ဘာျဖစ္လို႔သူ႔ရံုးခန္းထဲအထိ
ေခၚလိုက္ရတာလဲ။
သူငယ္ခ်င္းရဲ့ခ်စ္သူကို
ေတြ့ျမင္ဖူးခ်င္လို႔ဆိုလည္း
ဒီေကာင့္ေလသံက ဘာေၾကာင့္
ေဒါသသံစြပ္ေနရတာလဲ။
"ဆရာ..ေမဝိုင္းေလးကိုေခၚလာပါၿပီ.."
"၀င္ခဲ့ခိုင္းလိုက္..မင္းကေတာ့ကိုယ့္ေနရာကိုယ္
ျပန္သြားလို႔ရၿပီ.."
"ဟုတ္ကဲ့ဆရာ.."
မင္းစက္ကိုေမးခြန္းအခ်ိဳ႕ထုတ္ခ်င္ေပမဲ့
ေျချမန္ေတာ္ သူ႔လက္ေထာက္ေရာက္လာ၍
၀င္းလည္း ဘာမွမေမးျဖစ္လိုက္ေပ။
ထိုအခ်ိန္မွာ ေကာင္းသန္႔ကျပန္ထြက္သြားၿပီး
ရံုးခန္းတံခါးက ဒုတိယအႀကိမ္ေျမာက္
ျပန္၍ပြင့္လာေလသည္။
အားလံုး၏ အၾကၫ့္ေတြက
တံခါးဆီသို႔ ေရာက္သြားခ်ိန္မွာေတာ့
သဇင္ႏွင့္ေနြဦးေလျပည္က ေမဝိုင္းေလးကို
ေတြ့လိုက္ရ၍ ႃပံုးလိုက္ၾကေပမဲ့ တစ္ေယာက္ေသာ
သူကေတာ့ လိႈင္းထန္ေနေသာမ်က္ႏွာထားႏွင့္ခ်က္ခ်င္းထရပ္လိုက္ၿပီးေနာက္ ေမဝိုင္းေလး၏
ေရ႔ွတၫ့္တၫ့္မွာ သူ႔ေျခလွမ္းေတြကိုရပ္တန႔္လိုက္သည္။
"မင္းစက္..အဲ့ဒါငါေျပာတဲ့ေမဝိုင္းေလးေလ..
ဝိုင္းဝိုင္းကေတာ့မင္းစက္ကိုသိေလာက္မွာပါ.."
မင္းစက္နည္းတူ ေမဝိုင္းေလး၏အေရ႔ွအထိ
ေလ်ွာက္သြားကာ ႃပံုးရင္းေျပာလိုက္ေသာ
၀င္းေၾကာင့္ ေမဝိုင္းေလးမွာေတာ့
မ်က္လံုးေလးျပဴးကာ အံ့ဩေနမိေလသည္။
မင္းစက္အာဏာဟာ KGေဖ်ာ္ေျဖေရးကုမၸဏီကို
ဦးစီးေနသူဟု သိထားၿပီး၊ကိုဦးကလည္း
KGႏွင့္လက္တဲြေနတဲ့ အဆိုေတာ္မွန္းသိေပမဲ့
ႏွစ္ေယာက္သားကို ဒီလိုတစ္ေနရာတည္းမွာ
အတူေတြ့ရလိမ့္မည္ဟု လံုး၀မထင္ခဲ့မိေပ။
"မင္းသူ႔ကိုသိလား..."
ဝိုင္းေလး၏မ်က္၀န္းမ်ားကို မီးေတာက္ေတာ့မလို
အၾကၫ့္စူးစူးမ်ားျဖင့္ ၾကၫ့္လာကာ
ဟိန္းေဟာက္လိုေသာ ေလသံမ်ိဳးျဖင့္ေမးလာ၍
နည္းနည္းေတာင္ လန႔္သြားမိသည္။
သူဘာျဖစ္ေနမွန္း နားမလည္ေပမဲ့ဝိုင္းေလး
ေခါင္းညိမ့္ျပလိုက္မိသည္။
"သိပါတယ္..."
"ဘယ္အခ်ိန္တည္းကလဲ.."
"အဲ့ဒါကအေရးႀကီးလို႔လား.."
"သိပ္ကိုအေရးႀကီးတယ္..
ငါ့ကိုေမးခြန္းျပန္မထုတ္နဲ႔
ေမးတာကိုပဲေျဖ..!!!!"
"ရွင္ဘာလို႔ေဒါသထြက္ေနတာလဲ.."
မ်က္ေမွာင္ႄကံု႔ကာ စလာတည္းကရန္စကား
ေျပာေန၍ နားမလည္ႏိုင္ျဖစ္ေနမိသည္။
ကိုယ္ဘာအမွားလုပ္ထားမိသလဲဆိုတာကို
ျပန္ေတြးၾကၫ့္ေနမိေပမဲ့ ဒီေန့တစ္ေန့လံုး
ဘာအမွားမွ မလုပ္ထားမိတာေသခ်ာပါတယ္။
သူဘာေၾကာင့္ အရမ္းေဒါသထြက္ေနရတာလဲ။
"မင္းစက္..မင္းဘာျဖစ္လို႔ဝိုင္းဝိုင္းကို
ေဒါသသံနဲ႔ေျပာေနရတာလဲ.."
၀င္းလည္းၾကား၀င္၍ဟန႔္တားလိုက္ၿပီး
ေမဝိုင္းေလး၏ညာဘက္လက္ေကာက္၀တ္ကို
လွမ္းကိုင္ကာ သူ႔ဘက္သို႔ဆဲြယူလိုက္မိေပမဲ့
လမ္းတစ္၀က္မွာတင္ သူ႔လက္ကိုဖမ္းဆဲြလိုက္ေသာ
မင္းစက္ေၾကာင့္ အံ့ဩစြာေမာ့ၾကၫ့္လိုက္မိသည္။
"ငါ့ေနာက္ကြယ္မွာ မင္းနဲ႔ႏွစ္ေယာက္တည္း
ေတြ့ဖို႔ဆံုးျဖတ္လိုက္တာက သူ႔အမွားပဲ.."
"ဘာ!!!"
မင္းစက္၏မ်က္၀န္းမ်ားသည္ အမဲမလိုက္ခင္
စတင္၍မာန္ဖီျပေနေသာ ျခေသၤ့တစ္ေကာင္ကဲ့သို႔
ေၾကာက္စရာေကာင္းေနသည္။
သူပိုင္သၫ့္ ပစၥည္းကိုခိုးယူေနသူအား
ဖမ္းဆီးေနသၫ့္ ခံစားခ်က္ေတြဟာဟူ႔မ်က္၀န္း
ထဲမွာအထင္းသားေပၚလြင္ေနသည္။
"မင္းစက္..မင္းဘာေတြေျပာေနတာလဲ..
မင္းေနာက္ကြယ္မွာ ငါနဲ႔ေတြ့တာကဝိုင္းဝိုင္းရဲ့အမွားလို႔ေျပာရေအာင္..မင္းနဲ႔သူက
အခုမွေတြ့ဖူးတာေလ..မင္းငါ့ကိုလာေနာက္ေနတာလား.."
"ေမဝိုင္းေလးကငါတရား၀င္လက္ထက္ထားတဲ့
ငါ့မိန္းမကြ..."
"ဘာ!!!"
ရုတ္တရက္ႀကီး ဝိုင္းေလးနဲ႔သူ႔ရဲ့ပတ္သတ္မႈကို
ကိုဦး၏အေရ႔ွမွာ ထုတ္ေျပာလိုက္၍မယံုၾကည္
ႏိုင္စြာ သူ႔ကိုၾကၫ့္လိုက္မိေလသည္။
သူကေတာ့ ဝိုင္းေလးကိုတစ္စက္မျွပန္ၾကၫ့္မလာပဲ
ကိုဦးအား စူးရဲစြာစိုက္ၾကၫ့္ေနသည္။
"ငါ့မိန္းမ.."ဆိုသၫ့္ေနရာကို အသံခပ္နက္နက္ျဖင့္
ေအာ္ေျပာလိုက္တဲ့အခါမွာေတာ့ ဝိုင္းေလး၏
လက္ေကာက္၀တ္ေလးကိုဆုပ္ကိုင္ထားသၫ့္
ကိုဦး၏ လက္ေတြဟာလည္းေျပက်သြားခဲ့သည္။
ဝိုင္းေလးအတြက္ေတာ့ ဒီေန့သူတို႔ႏွစ္ေယာက္လံုး
အရမ္းထူးဆန္းေနသလိုပဲ။
ကိုမင္းစက္ကဘာေၾကာင့္မ်ား ရန္လိုေနရတာလဲ။
ၿပီးေတာ့ ဝိုင္းေလးနဲ႔လက္ထက္ထားသၫ့္
ကိစၥကို သူကအၿမဲဖံုးကြယ္ထားခ်င္သည္ဟု
ထင္မိခဲ့ေပမဲ့ အခုၾကေတာ့ကိုဦးကို
ထုတ္ေျပာလိုက္တယ္။
ၿပီးေတာ့ ကိုဦးရဲ့မ်က္ႏွာကလည္း ၿပိဳေတာ့မဲ့မိုးလို
ဘာေၾကာင့္ ျဖစ္ေနတာလဲ။
"ဝိုင္းဝိုင္း..သူေျပာတာအမွန္ပဲလား..
မင္းစက္နဲ႔ ဝိုင္းဝိုင္းကလက္ထက္ထားတာလား.."
ကိုဦးကေမးလာ၍ဝိုင္းေလးေခါင္းညိမ့္ျပလိုက္ေတာ့ ကိုဦးသည္"ဟာကနဲ.."စြံ႔အသြားပံုမ်ိဳး
ျဖစ္ေနကာ ေနာက္သို႔ယိုင္နဲ႔နဲ႔ျဖင့္ေျခတစ္လွမ္း
ဆုတ္သြားေလသည္။
ကိုဦး၏ပံုစံက သူ႔ရဲ့အားအင္ေတြကို
တစ္ေယာက္ေယာက္က စုပ္ယူလိုက္သလိုမ်ိဳး
မ်က္ႏွာကပါ ယူက်ိဳးမရ ပံုမ်ိဳးျဖင့္
၀မ္းနည္းသြားသလို ျဖစ္ေနသည္။
"မင္းစက္..ငါ..ငါမသိခဲ့ဘူး..
မင္းလက္ထက္လိုက္တာကိုသိေပမဲ့ မမွဴးက
ေမဝိုင္းေလးလို႔မေျပာခဲ့ေတာ့ အခုလိုျဖစ္သြားတယ္
"
ကိုဦး၏ အသံဟာတုန္ယင္ေနခဲ့ၿပီး
အားနာမႈေတြ ေရာေထြးေနေလသည္။
ဆန႔္က်င္ဘက္အေနျဖင့္ ကိုမင္းစက္၏
မ်က္ႏွာထားကေတာ့ ဆက္လက္တင္းမာေနၿပီး
ကိုဦး၏စကားေတြကိုအသိအမွတ္
မျပဳဘူးဟု မေျပာပဲနဲ႔ေတာင္ သူ႔မ်က္ႏွာမွာ
ေပၚလြင္ေနသည္။
"မင္းဒီေနရာကေန ထြက္သြားသင့္ၿပီလို႔ထင္တယ္..ဆယ္စုႏွစ္အထိၾကာခဲ့တဲ့ငါတို႔ရဲ့
ခင္မင္မႈကိုသာ မေထာက္ထားမိရင္
အခုခ်ိန္မွာ မင္းကိုဘာလုပ္မိမလဲဆိုတာ
ရိပ္မိမယ္ထင္တယ္.."
"မင္းစက္..ဝိုင္းဝိုင္းကိုလည္းအျပစ္မတင္ပါနဲ႔ကြာ..တကယ္ေတာ့အားလံုးငါ့ေၾကာင့္ပါပဲ.."
"အဲ့ဒီ့ကိစၥကို မင္းပူစရာမလိုပါဘူး.."
ျပတ္ေတာင္းစြာ ေျပာလိုက္သၫ့္မင္းစက္၏
စကားေၾကာင့္ ေနရာမွာရပ္မေနခ်င္ေတာ့
ေလာက္ေအာင္ ခံစားလာရ၍မဇင္ကိုေခၚကာ
ရံုးခန္းထဲမွ ျမန္ျမန္ထြက္လာခဲ့လိုက္သည္။
ဝိုင္းဝိုင္းရဲ့ မ်က္ႏွာေလးကိုေတာင္
သူမၾကၫ့္ရဲခဲ့ေပ။
🌹🌹🌹🌹🌹🌹
အားလံုးထြက္သြားၿပီးေနာက္မွာေတာ့ ရံုးခန္းထဲ၌ ဝိုင္းေလးႏွင့္မင္းစက္အာဏာႏွစ္ေယာက္သာ က်န္ရစ္ခဲ့ေလသည္။
သူကဘာမွမေျပာလာ၍ အခန္းထဲတြင္
ေလစိမ္းေတြ တိုက္ခတ္လာသလိုခံစားရၿပီး
အခ်ိန္အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနသည္။
"ငါမင္းကိုအဲ့လိုမိန္းကေလးမွန္း
လံုး၀မထင္ထားခဲ့မိဘူး..အဲ့လိုအက်င့္ရိွတဲ့
မိန္းမေတြကို ငါအေသရြံတာ.."
"ရွင္ဘယ္သူ႔ကိုေျပာတာလဲ..ကၽြန္မကို
ရြံတယ္လို႔ေျပာရေအာင္ ကၽြန္မကဘာျဖစ္
ေနလို႔လဲ.."
"လုပ္တုန္းကလုပ္ခဲ့ၿပီး အခုမွရိုးသားသလိုအမူအရာမ်ိဳးလာလုပ္မေနနဲ႔..ငါက
မင္းလိုမိန္းမမ်ိူး လွၫ့္စားတိုင္းလြယ္လြယ္
ယံုတတ္တဲ့ေကာင္ မဟုတ္ဘူး.."
ဝိုင္းေလးကို ရန္သူႀကီးတစ္ေယာက္လို
လက္ၫွိုးေငါက္ေငါက္ထိုးကာ
ေဒါသတႀကီး တုန႔္ျပန္လာေသာေၾကာင့္
လန္႔ၿပီး ပခံုးေလးေတာင္တြန႔္သြားမိသည္။
"မင္းအရမ္းေတာ္ပါတယ္..ငါနဲ႔ငါ့သူငယ္ခ်င္းရဲ့
ဆယ္စုႏွစ္ေက်ာ္ခင္မင္မႈက..မင္းလိုမိန္းမေၾကာင့္
ပ်က္စီးသြားခဲ့ၿပီ..မင္းကငါထင္ထားတာထက္ကို
မာယာမ်ားတဲ့မိန္းမပဲ.."
"ကိုမင္းစက္..ရွင္ကၽြန္မကိုဘာေတြ
လာေျပာေနတာလဲ..အခုခ်ိန္အထိရွင္ေျပာေနတဲ့
စကားရဲ့အဓိပၸာယ္ေတြကို
ကၽြန္မနားမလည္ေသးဘူး
ကၽြန္မကရွင္တို႔သူငယ္ခ်င္းၾကားမွာ ဘာေတြမ်ား
ေသြးခဲြမိလို႔လဲ.."
"ဘာလဲ..ငါကျပန္ေျပာျပရအံုးမွာလား..ဟမ္..
ယုန္သူငယ္လို ဘာမွမသိသလိုဟန္ေဆာင္
မေနပါနဲ႔.."
ေဒါသတႀကီးႏွင့္ ဝိုင္းေလးရပ္ေနေသာေနရာအထိ
ျပန္ေရာက္လာၿပီး မ်က္ႏွာကိုအနီးကပ္စိုက္ၾကၫ့္
ကာ ေအာ္ေျပာလာျပန္သည္။
ေဒါသေၾကာင့္ နီရဲေနေသာသူ႔မ်က္လံုးမ်ားသည္
ဝိုင္းေလးကို အမႈန႔္ႀကိတ္ျပစ္ခ်င္ေနသလားေတာင္
ထင္မိတယ္။
အခုသူေဒါသထြက္ေနတဲ့ပံုစံက ဝိုင္းေလးကို
အလုပ္စျဖဳတ္တဲ့ေန့ကထက္ ပိုေၾကာက္ဖို႔ေကာင္းေနတယ္။
ထို႔ေၾကာင့္ အလိုလိုေနာက္သို႔ေျခတစ္လွမ္း
ဆုတ္သြားမိကာ မ်က္ရည္ေတာင္ဝဲတက္လာမိသည္။
ဝိုင္းေလးအေပၚမွာ သူၾကင္နာလာၿပီလို႔
ထင္ခဲ့မိတာပါ။
ဝိုင္းေလးတို႔ႏွစ္ေယာက္ၾကားက
ဆက္ဆံေရးေလး တိုးတက္လာၿပီလို႔ထင္ခဲ့မိၿပီး
သူ႔အေပၚမွာ ထူးျခားတဲ့ခံစားခ်က္ေတြေတာင္
ျဖစ္လာမိတဲ့အထိပဲ။
အခုေတာ့ ဒီေယာက္်ားရဲ့ႏူးညံ့မႈေတြ
ေပ်ာက္ဆံုးေနတဲ့ အရိႈင္းဆန္မႈႀကီးက
လူကိုေသြးပ်က္ေစေလာက္ပါရဲ့။
"မင္းဘာေၾကာင့္ လာငိုျပေနတာလဲ
ငါ့ဘ၀မွာဟန္ေဆာင္ၿပီးမ်က္ရည္က်ျပတာကို
အမုန္းဆံုးပဲ..."
အညိုေရာင္မ်က္၀န္းေလးေတြဟာ လိမၼော္သီးကို
အရည္ၫွစ္လိုက္သလို အရည္ရႊန္းလာသၫ့္
မ်က္ရည္သီးလံုးေလးေတြေပၚေပါက္လာ၍
မင္းစက္လည္း မ်က္ႏွာလႊဲျပစ္လိုက္သည္။
အဲ့ဒီ့မာယာေတျြပၫ့္ႏွက္ေနတဲ့ မ်က္ရည္ေတြကပဲ
ကိုယ့္ဘ၀ကို ျဖတ္စီးခဲ့တာ။
ဒီမ်က္ရည္ေတြေၾကာင့္ပဲ အခုလည္းမုန္းရမွာကို
မမုန္းရက္တဲ့အျပင္ ရက္စက္တတ္သူကို
ျပန္သနားေနမိသလိုျဖစ္ေနၿပီ။
"ဒီေန့ကစၿပီး အလုပ္ဆင္းစရာမလိုေတာ့ဘူး..
ငါဒရိုင္ဘာကို ဖုန္းဆက္လိုက္မယ္
အခုခ်က္ခ်င္း အိမ္ျပန္ရမယ္...
အိမ္ထဲကေနအိမ္ျပင္ကို
ေျခတစ္လွမ္းေတာင္ထြက္ဖို႔ မႀကိဳးစားနဲ႔.."
"ဘာလို႔..ကၽြန္မကိုအလုပ္ထပ္ထုတ္ရတာလဲ..
အလုပ္မွာအားလံုးအဆင္ေျပေအာင္
ေနေနတဲ့ဥစၥာ..ရွင္ကၽြန္မကိုဒီလိုမ်ိဳး
လြယ္လြယ္နဲ႔အလုပ္ထုတ္လို႔မရဘူးေနာ္.."
"ငါကဒီကုမၸဏီမွာဘာလဲဆိုတာ
မင္းေမ့ေနတာလား
ဒီကုမၸဏီမွာ ငါမလုပ္ႏိုင္တာဘာမွမရိွဘူး..
မင္းေၾကာင့္နဲ႔ငါစိတ္အရႈပ္မခံႏိုင္ေတာ့ဘူး
ငါေျပာတဲ့စကားကို မင္းလိုက္နာရမယ္..
ဒါငါ့ရဲ့ေနာက္ဆံုးစကားပဲ..."
သူေျပာခ်င္တာေျပာၿပီး အခန္းထဲမွ
ကိုမင္းစက္ထြက္သြားေသာအခါ
ဝိုင္းေလးတစ္ေယာက္တည္းငူငူႀကီး
ရပ္က်န္ေနခဲ့မိသည္။
*အလုပ္ထုတ္မယ္တဲ့..ဘာေၾကာင့္လဲ???
ဘာအမွားမွမယ္မယ္ရရမလုပ္ထားပဲ
အလုပ္ထုတ္ခံရတာ ဘယ္ေလာက္ရင္နာဖို႔
ေကာင္းလဲ..*
"ဒီကိစၥကကိုဦးနဲ႔ပတ္သတ္ေနတာပဲေနလိမ့္မယ္
ကိုဦးဆီကိုဖုန္းဆက္ၾကၫ့္ရမယ္.."
အစည္းအေဝးခန္းထဲကို ဝိုင္းေလးေရာက္တဲ့
အခ်ိန္တည္းက ကိုဦးနဲ႔ကိုမင္းစက္တို႔
ႏွစ္ေယာက္လံုး ျပႆနာတစ္ခုခုျဖစ္ထားပံုရတယ္။
ၾကၫ့္ရတာ ဝိုင္ေလးအခုျဖစ္ေနတဲ့ကိစၥက
သူနဲ႔ပတ္သတ္ေနသလားဆိုတာကို ဝိုင္းေလး
သူ႔ကိုေမးရမည္ဟု ဆံုးျဖတ္လိုက္ၿပီး
ဖုန္းထုတ္၍ ကိုဦးကိုဖုန္းဆက္ၾကၫ့္လိုက္မိသည္။
"ဟာ..ဘာလို႔ဖုန္းကိုစက္ပိတ္ထားရတာလဲ..
မဇင္ကို ဆက္ၾကၫ့္ရမယ္.."
ကိုဦးရဲ့ဖုန္းကို လံုး၀ဆက္၍မရေသာေၾကာင့္
မဇင္ကို ဖုန္းေခၚၾကၫ့္လိုက္ေတာ့
ခ်င္ခ်င္းကိုင္၍သာ ေတာ္ေတာ့သည္။
"ဟယ္လို..မဇင္..ဝိုင္းေလးတစ္ခုေလာက္ေမးၾကၫ့္ခ်င္လို႔ ဖုန္းဆက္လိုက္တာပါ.."
"ေမးေလ..ဘာေမးမလို႔လဲ.."
မဇင္၏စကားေျပာပံုက အရင္လိုမဟုတ္ပဲ
ေလသံမာေန၍ ဝိုင္းေလးအရမ္းအံ့ဩေနရသည္။
သူတို႔အားလံုး ဘာေၾကာင့္ေျပာင္းလဲသြားၾကတာလဲ။
"မဇင္..ဒီေန့ကိုဦးနဲ႔ကိုမင္းစက္တို႔
ဘာျပႆနာျဖစ္ခဲ့ၾကတာလဲဟင္..
ဝိုင္းေလးကိုေျပာျပပါလားအစ္မရယ္..
ဝိုင္းေလးသိရမွာျဖစ္မွာမို႔လို႔ပါ.."
"ေမဝိုင္းေလး..ဒီကိစၥကိုကာယကံရွင္ေတြနဲ႔ပဲ
ေျပာတာပိုေကာင္းလိမ့္မယ္..တို႔ကအျပင္လူမို႔
သူမ်ားအတြင္းေရးကိုမေျပာခ်င္ဘူး..
မင္းသိခ်င္ရင္..ကိုယ္တိုင္သူတို႔ကိုေမးလိုက္ပါ.."
"ကိုဦးကဖုန္းဆက္ေတာ့ ကိုင္မွမကိုင္တာအစ္မရယ္
ရံုးခန္းထဲကို ဝိုင္းေလး၀င္လာေတာ့အစ္မလည္း
ရိွေနခဲ့တာပဲေလ..အစ္မဘာလို႔သိရက္နဲ႔
စကားကိုေဝ့လည္ေၾကာင္ပတ္လုပ္ေနရတာလဲ.."
"ဒီမွာေမဝိုင္းေလး..၀င္းကနာမည္ႀကီးအဆိုေတာ္
တစ္ေယာက္ကြ..တို႔ကမန္ေနဂ်ာအဆင့္ပဲရိွတာ
သူမေျပာခိုင္းပဲ တို႔ဘာမွေျပာပိုင္ခြင့္မရိွဘူး..
ေနာက္လည္းဘာအေၾကာင္းပဲရိွရိွ
တို႔ကိုဖုန္းမဆက္ပါနဲ႔..မင္းလိုလူမ်ိဳးကို
တို႔ကဒဲ့ရြံတာ.."
ဝိုင္းေလးဘက္ကေန ျပန္မေခ်ပႏိုင္ခင္မွာပဲ
မဇင္က ဖုန္းခ်သြားေလၿပီ။
ဝိုင္းေလးမွာသာ ေနရာမွာတင္အင္အားေတြ
မရိွေတာ့သလို ျဖစ္လာ၍ ငုတ္တုတ္ကေလး
ထိုင္ခ်လိုက္မိသည္။
"ဘာလို႔အားလံုးကေျပာင္းလဲသြားရတာလဲ..
ကိုမင္းစက္ကအစတည္းက ေျပာင္းလဲလြယ္တဲ့
လူဆိုရင္ေတာင္..က်န္တဲ့လူေတြကဘာေၾကာင့္
ခ်က္ခ်င္းႀကီး ငါ့ကိုဒီလိုဆက္ဆံေနၾကတာလဲ..
ငါဘာအမွားလုပ္မိလို႔လဲ..
ကိုဦးေရာ၊မဇင္ေရာကို..ငါ့အေပၚမွာတကယ္
အစစ္အမွန္ခင္မင္ၾကတဲ့လူေတြလို႔
ထင္ထားခဲ့မိတာ...!!!"
❤️❤️❤️❤️❤️❤️❤️
အခန္းတံခါးကိုပိတ္ၿပီး အထဲမွာအခ်ိန္အၾကာႀကီး
ရိွေနေသာ ၀င္းကိုစိတ္ပူရလြန္းလို႔
သဇင္လည္း ငယ္ငယ္ရြယ္ရြယ္ႏွင့္အိုစာ
သြားႏိုင္သည္။
၀င္းကအၿမဲတမ္းေပ်ာ္ေပ်ာ္ေနတတ္တဲ့လူျဖစ္ၿပီး
အခုေတာ့ ဟိုေကာင္မေလးေၾကာင့္
ေၾကကဲြေနရၿပီ။
ကံၾကမၼာကတမင္မ်ားၾကည္စယ္သလား
မွတ္ရတယ္။
ႏႈတ္ခမ္းနီမေလးေတြရဲ့အသဲစဲြျဖစ္သၫ့္
နာမည္ႀကီးအဆိုေတာ္တစ္ေယာက္က
သူ႔သူငယ္ခ်င္းရဲ့ မိန္းမကိုမွသြားခ်စ္မိရတယ္လို႔။
အမွန္တကယ္ဆို ေမဝိုင္းေလးကသူ႔မွာ
အိမ္ေထာင္ရိွေၾကာင္း ေျပာျပခဲ့သင့္တာ။
ဒါဆို ၀င္းကလည္းေရ႔ွဆက္ခဲ့မွာမဟုတ္ေလာက္ဘူး။
သူတို႔ေတြၾကားက ကိစၥေတြကိုေသခ်ာမသိေပမဲ့
၀င္းကေတာ့ေကာင္မေလးကို အိမ္ေထာင္ရိွမွန္း
မသိတာေသခ်ာတယ္။
ေမဝိုင္းေလးက ရုပ္ကေလးလွသေလာက္
အက်င့္စာရိႂတၲကမေကာင္းပါလား။
သူငယ္ခ်င္းႏွစ္ေယာက္လံုးရဲ့ ခင္မင္မႈက
သူ႔ေၾကာင့္ အဖုအထစ္ေတျြဖစ္ကုန္ၿပီ။
"၀င္း..."
အခန္းတံခါးကို ဖြင့္၍ထြက္လာေသာ
၀င္းကိုျမင္ေတာ့မွပဲ မဇင္လည္းရင္ေအးရေတာ့သည္။
၀င္း၏မ်က္၀န္းေတြက နီရဲေနၿပီးမ်က္ႏွာေလးက
အရင္လိုမလန္းဆန္းဘူးဆိုေပမဲ့ အသဲကဲြတာကို
အရက္နဲ႔ မေျဖသိမ့္တာပဲ ေတာ္ေသးသည္လို႔
ေျပာရမယ္။
သူ႔ရဲ့ပထမဆံုးအခ်စ္မွာတင္ အသဲကဲြရတဲ့
ခံစားခ်က္ႀကီးက ေတာ္ေတာ္ခံရခက္မွာေသခ်ာတယ္။
"အဆင္ေျပရဲ့လား..အဆင္မေျပရင္
ဒီေန့နားလိုက္ေလ.."
"ဟင့္အင္း...စာခ်ဳပ္သက္တမ္းမကုန္ေသးသ၍
ကၽြန္ေတာ့္တာ၀န္ကို ေက်ပြန္ခ်င္တယ္..
အလုပ္ႀကိဳးစားၿပီး..ပိုက္ဆံမ်ားမ်ားရွာႏိုင္ရင္
စာခ်ဳပ္ကိုျဖတ္သိမ္းလို႔ရတယ္မလား.."
"၀င္းဘာေတြေျပာေနတာလား မိန္းကေလး
တစ္ေယာက္အတြက္နဲ႔ ေအဂ်င္စီနဲ႔လက္တဲြ
ျဖဳတ္ရေအာင္အထိ ရူးမိုက္သြားၿပီလား..
၀င္းကိုလိမ္ညာခဲ့တာက ေမဝိုင္းေလးပါ
၀င္းကဘာလို႔ လိပ္ျပာမလံုသလိုျဖစ္ေနတာလဲ
မျဖစ္သင့္ဘူးေနာ္.."
"မဟုတ္ဘူး..တကယ္ေတာ့ဝိုင္းဝိုင္းကို
သက္ဆိုင္သူရိွလားလို႔..မေမးခဲ့မိလို႔ကၽြန္ေတာ္
မသိခဲ့တာပါ..သူကတမင္မေျပာျပခဲ့တာမဟုတ္ဘူး
အစကေနအဆံုးအထိ ကၽြန္ေတာ့္ဘက္ကသာ
တဖတ္သက္ အေတြးေတြနယ္ကၽြံေနခဲ့တာ.."
"ဒါဆိုလည္း အခုသိသြားၿပီဆိုေတာ့
အဲ့ေကာင္မေလးကို စိတ္ျပတ္ႏိုင္ေအာင္
ႀကိဳးစားလိုက္ေပါ့ကြယ္..ေအဂ်င္စီနဲ႔ေတာ့
လက္တဲြမျဖဳတ္လိုက္ပါနဲ႔..မင္းအတြက္
ေမဝိုင္းေလးထက္သာတဲ့မိန္းကေလးကိုေတာင္
ရွာဖို႔ မခက္ပါဘူး..."
"ဝိုင္းဝိုင္းထက္သာတဲ့ မိန္းကေလးေတြဘယ္ေလာက္ရိွရိွ ကၽြန္ေတာ့္ရင္ဘတ္ထဲမွာ
အၿမဲတမ္းအတြက္ ခ်စ္မိတဲ့လူကေတာ့
ဝိုင္းဝိုင္းတစ္ေယာက္ပဲရိွတယ္..
မျဖစ္သင့္ဘူးဆိုတာသိတယ္..
ဒါေပမဲ့အခ်ိန္အၾကာႀကီး သူ႔ေၾကာင့္လႈပ္ရွားေနတဲ့
ႏွလံုးသားရဲ့ဆႏၵကို ခ်က္ခ်င္းရပ္တန႔္ျပစ္ဖို႔ေတာ့
ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ..
ကၽြန္ေတာ့္ကိုဘာမွ ထပ္မေျပာပါနဲ႔ေတာ့.."
သဇင္လည္း အေရ႔ွမွထြက္သြားေသာ ၀င္းကို
ၾကၫ့္ၿပီး သက္ျပင္းေမာႀကီးသာခ်လိုက္မိေတာ့သည္။
ႏွလံုးသားရဲ့ဆႏၵကို မလြန္ဆန္ႏိုင္ေသးတာကို
နားလည္ေပမဲ့ လႊတ္မခ်ပဲဆက္ၿပီးေရ႔ွတိုးခ်င္လာ
တာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူး။
ေမဝိုင္းေလးကို အျဖစ္အပ်က္ေတြအကုန္လံုး
ဖြင့္ေျပာျပၿပီး ဇာတ္ကားေတြထဲကလို
၀င္းကိုမုန္းသြားေအာင္သာ လုပ္ခိုင္းလိုက္ခ်င္ေတာ့တယ္။
❤️❤️❤️❤️❤️❤️❤️❤️
အသဲကဲြရက္ရာဇာပါ
ၾကားထဲက တို႔ရဲ့ဝိုင္းေလးကဘူမသိကိုးမသိပဲ
အစြတ္စဲြခံရ

No comments:
Post a Comment