အခန်း(၃၀) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၃၀)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


နေရောင်ခြည်သည် သစ်ရွက်တွေကြားမှ

ဖြတ်သန်းသွားပြီး ကြည်စင်သောမျက်နှာလေးထက်သို့ ကျရောက်နေသည်။

ဂုတ်ထောက်နေသော သူ့ဆံပင်များသည်

နေရောင်ထိုးသောအခါ အညိုရောင်သန်းသွားလေသည်။

သူ့အကြိုက်အဖြူရောင် ၀တ်စုံကို၀တ်ထားပေမဲ့

သူ့စိတ်တွေကတော့နုံးထူသော ရေကန်‌ငယ်လေးကဲ့သို့ ဖြစ်နေသည်။


ချောမောသော မင်းသမီးငယ်လေးကတော့

သူ့ရင်ခွင်ထဲတွင် ပြုံးရွှင်ကာ ဒါရိုက်တာ၏

ခိုင်းစေချက်အတိုင်း  ချစ်သူအစစ်ပုံစံဖြစ်အောင် အသက်သွင်းနေပေမဲ့

နွေဦးလေးပြည်ကတော့ သက်မဲ့အရုပ်ကြီးလို

ခံစားချက်မပါသော မျက်နှာဖြင့်

တောင့်တောင့်ကြီးရပ်နေလေသည်။


အဝေးမှာ မိတ်ကပ်အဖွဲ့နှင့်အတူရပ်ကြည့်နေသော မန်နေဂျာမဇင်ကလည်း

စိတ်တထင့်ထင့်ဖြစ်နေသလို ဒါရိုက်တာကလည်း

ဒီကဒ်ကိုပဲခဏခဏပြန်ရိုက်နေရ၍

မျက်မှောင်ကြုံ့ချင်လာသည်။


"ကဒ်..၀င်းရေဘာလို့မျက်နှာကခံစားချက်

မပါရတာလဲ..ဒီကဒ်နဲ့တင်နေ့တစ်၀က်ကျိုး

တော့မယ်.."


ဒါရိုက်တာသည် ဒီ့ထက်ပိုပြောချင်ပေမဲ့

သူပါးစပ်ဟလိုက်သည့်အချိန်မှာပဲ ၀င်း၏

အေးစက်စက်အကြည့်ကြောင့် ပါးစပ်ကို

ပြန်ပိတ်လိုက်ရသည်။

နွေဦးလေပြည်‌(ခေါ်)၀င်းဆိုသည်မှာ

မြန်မာနိုင်ငံတင်မကပဲ နိုင်ငံတကာမှာပါ

ယခုလက်ရှိ ကျော်ကြားနေသူဖြစ်၍သူ၏

စတားပါဝါကအံ့မခမ်းပါပဲ။


သူ့လက်နဲ့ထိရင် ရွှေပဲဆိုပြီးပြောစမှတ်ရှိတဲ့

အထိဖြစ်သည်။သူ့သီချင်းတွေရဲ့ကြည့်ရှုနှုန်း

မြင့်မားရုံတင်မကပါဘူး။

တစ်ခါကဆို ဘော့ပဲင်လေးကိုင်ပြီးသီချင်းရေးတဲ့

 ပုံကိုဆိုရှယ်မီဒီယာမှာ တင်လိုက်တာ

နောက်နေ့မှာ အဲ့ဒီ့ဘော့ပဲင်ကဈေးကွက်ထဲမယ် ရောင်းအားအကောင်းဆုံးဖြစ်သွားခဲ့တယ်။


ထို့ကြောင့် သူနဲ့လက်တွဲချင်တဲ့

နိုင်ငံတကာထုတ်ကုန်ပိုင်ရှင်တွေကလည်း

အများအပြားရှိသည်။

ဒါ့အပြင် သူလိုလူမျိုးနှင့် လက်တွဲလုပ်ချင်သော အနုပညာရှင်တွေ၊ဒါရိုက်တာတွေကလည်း

မနည်းမနောပါပဲ။

သူနဲ့လက်တွဲလုပ်ရရင်ကို ကံကောင်းသည်ဟု

ဆိုရမည်ပင်။


"၀င်းရေ..ပင်ပန်းနေရင်ခဏနားလိုက်ပါလား

အခြားscene တွေကိုပဲ ရိုက်ထားနှင့်လိုက်မယ်လေ..နည်းနည်းနားပြီ..အာရုံကိုစုစည်းလိုက်ပေါ့.."


‌ဒါရိုက်တာကလည်း ၀င်းကို‌အော်မရ၍

ချော့ပြောရလေသည်။

၀င်းအတွက်လည်း စိတ်အာရုံတွေပျံ့လွင့်နေသည်ထင်၍ ခဏနားဖို့သဘောတူလိုက်သည်။


"၀င်း..မနေ့ကကိစ္စကြောင့်စိတ်မကြည်ဖြစ်နေတာလား.."


ထိုင်ခုံမှာ ခဏအနားယူနေစဉ် မဇင်သည်

မနေ့ကကိစ္စကို မေးလာ၍သူ့မျက်၀န်းတွေ

ပိုမိုမှိုင်းကျသွားကာ ဆံပင်တွေကိုသပ်တင်ရင်းနှင့် ခေါင်းညိမ့်ပြလိုက်သည်။

မနေ့ကအကြောင်းကို ပြန်တွေးကြည့်တိုင်း

သူတကယ်ကို မျက်နှာပူရသည်။


ကာမပိုင်ယောက်ျားရှေ့မှာမှ သူ့မိန်းမရဲ့

အလှကိုဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောခဲ့မိတဲ့အပြင် ဝိုင်းဝိုင်းကို ဘယ်လောက်ချစ်ကြောင်း၊မြတ်နိုးကြောင်းတွေပါ စီကာပတ်ကုံးပြောခဲ့မိတယ်။

ရှက်စရာအရမ်းကောင်းတာပဲ။


ဒီ့ထက်အဖြစ်ဆိုးတာက ကိုယ်ကြိုက်နေတဲ့

မိန်းကလေးရဲ့ယောက်ျားက ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်နေခဲ့တာပဲ။

ဘယ်လိုတိုက်ဆိုင်မှုကြီးမှန်းကိုမသိတာ။


ဘယ်သူ့ကိုမှလည်း သွားကြိမ်ဆဲလို့

မရဘူး။

ကိုယ့်ကံကြမ္မာကိုယ်ပဲ အပြစ်တင်ရတော့မယ်။

ဒီလောက်နှစ်တွေအများကြီးအထိ ရင်ထဲမှာ

စွဲစွဲလမ်းလမ်းနဲ့နင့်နေအောင် ချစ်ရတဲ့

မိန်းကလေးက ပိုင်ရှင်ရှိနေခဲ့တယ်တဲ့လား။

ဆိုးလိုက်တဲ့ ကံကြမ္မာ။

ပြန်တွေးကြည့်ရင် အားလုံးကလွဲနေခဲ့တာကြီးပဲ။


လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကသာ ဒီမိန်းကလေးကို ထောင့်ငါးရာအချစ်တွေနဲ့ချည်နှောင်

ခဲ့မယ်ဆိုရင် သူ့ရဲ့ပိုင်ရှင်ဟာကိုယ်များ

ဖြစ်နေမလား။အဆို‌တော်ဖြစ်ဖို့ကြိုးစားရင်း

အောင်မြင်မှုနောက်ကို လိုက်နေမိတဲ့

အချိန်တွေမှာသာ သူလေးကိုရအောင်ရှာခဲ့မိရင်

အခုအချိန်မှာ ဒီလိုလွဲခဲ့ကြမယ်မထင်ဘူး။

တွေးကြည့်လေ ကိုယ့်ကိုကိုယ်ဒေါသ

ထွက်မိလေပဲ။


အခုတော့ ပန်းတိုင်ကိုရောက်ခါနီးမှာ

ကိုယ့်ထက်ခြေတစ်လှမ်းသာတဲ့ အခြားလူကအနိုင်ရသွားတော့  အရှုံးကိုဆုပ်ကိုင်ရင်း

မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့

လမ်းပျောက်သူ ဖြစ်နေပြီ။

ဘာလုပ်လုပ် အဓိပ္ပာယ်မဲ့နေပြီး ရင်ထဲမှာ

မိုးအုံ့နေသလို ယောက်ျားတန်မဲ့တစ်ချိန်လုံး

ကြေကွဲစွာ ငိုကြွေးချင်နေမိတယ်။


*ဝိုင်းဝိုင်း‌ရယ်..မင်းကိုချစ်ခဲ့တာက

တစ်ခဏတာမဟုတ်ပါဘူး

တစ်ဘ၀စာလုံးအတွက်ရည်စူးပြီး

မြတ်မြတ်နိုးနိုးချစ်ခဲ့တာပါ..

အခုတော့ လူကိုပြန်တွေ့ပေမဲ့

မင်းရဲ့ခန္ဓာ စိတ်ဝိဉာဉ်နဲ့ နှလုံးသားကို

အခြားသူက ပိုင်ရှင်ရှိလို့

တံဆိပ်နှိပ်လိုက်ပြီပေါ့..*


"၀င်းရေ..ဟိုမှာကြည့်စမ်း.."


မဇင်က MVရိုက်နေသောဘက်သို့ လက်ညှိုး

ညွှန်ပြနေ၍ အတွေးများကိုရပ်တန့်ပြစ်လိုက်ပြီး ကြည့်လိုက်မိလေသည်။


"ဟိုမှာကြည့်စမ်း..ထက်ထက်လေးကမလှဘူးလား..အသက်က၂၀ပဲရှိသေးပေမဲ့သရုပ်ဆောင်တာ တကယ်ပါရမီပါတယ်နော်

လိုချင်တဲ့အတိုင်းကွက်တိလုပ်နိုင်တယ်..

ရုပ်ကလေးကလည်း ကြွေရုပ်လေးလို

အရမ်းလှတယ်..၀င်းရောထက်ထက်ကို

ဘယ်လိုမြင်လဲ.."


"ကျွန်တော်ကဘယ်လိုမြင်ရမှာလဲ သာမာန်

လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို့

မြင်တာပေါ့..မဇင်ကဘာလို့ရုတ်တရက်ကြီး

ထမေးရတာလဲ.."


"ဘာလို့ရမှာလဲ မင်းကိုအမြင်မှန်ရစေချင်လိုလေ

..မဟုတ်ရင်အပျိုတွေကိုထိမ်ချန်ထားပြီး

အအိုကိုဘယ်လိုလုပ်ကြိုက်မိပါ့မလဲ..

နောက်ပြီး ထက်ထက်ကသွက်သွက်လက်လက်

နေတတ်တာကလွဲလို့ 

ရိုးသားတယ်..မလိမ်ညာတတ်ဘူးလေ..

ကံကောင်းသွားတာကတော့ မေဝိုင်းလေးက

သူ့ကိုယ်သူအပျိုဆိုပြီး လိမ်ထားခဲ့ပေမဲ့

ကိုမင်းစက်က..ဖော်ထုတ်လိုက်နိုင်တဲ့ကိစ္စပဲ

မဟုတ်ရင် ၀င်းကဆက်ပြီးအလိမ်ခံနေရမှာ

မဟုတ်ဘူးလား.."


မဇင်၏စကားကြောင့် ၀င်းအရမ်းစိတ်ဆိုးသွားသည်။မျက်မှောင်ကြီးကြုံ့ပြီး မဇင်ကို

အရင်ကတစ်ခါမှမလုပ်ဖူးပေမဲ့ ခုတော့ခပ်စိမ်းစိမ်း

ကြည့်ပစ်လိုက်သည်။


"ဝိုင်းဝိုင်းက ကျွန်တော့်ကိုလိမ်ခဲ့တယ်လို့

အစ်မကိုဘယ်သူကပြောလိုက်တာလဲ.."


"မဟုတ်လို့လား..အဲ့ကောင်မလေးက

သူ့မှာအိမ်ထောင်ရှိမှန်း..၀င်းကိုပြောမပြခဲ့တာက လိမ်တာပဲလေ..ဒါကြောင့်မလိုလားအပ်တဲ့

ပြဿနာတွေဖြစ်လာရတာ.."


"တော်တော့..အစ်မသူများကိစ္စကိုမသိပဲ

၀င်စွက်ဖက်တာအရမ်းများသွားပြီ.."


မဇင်တစ်ယောက် အ၀င်း၏ဒေါသကြောင့်

နီရဲလာသော မျက်နှာကိုကြည့်ပြီးအံ့ဩမှုနှင့်

အတူ ထိတ်လန့်သွားလေသည်။

၀င်းဟာ အရင်ကတစ်ခါမှအခြားလူတွေကို

ဒေါသထွက်ခြင်း အော်ငေါက်ခြင်းမလုပ်ခဲ့ဖူးပေ။ယခုတော့ ဟိုကောင်မလေးကြောင့်

ပြောင်းလဲသွားပြီတဲ့လား။

ဒီလောက်သူ့ကို လှည့်စားခဲ့တာတောင်

မေဝိုင်းလေးဘက်ကနေ ကာကွယ်ပေးနေသေးတယ်။


"အစ်မကိုဘာလို့အော်ရတာလဲ၀င်း..

အစ်မကအမှန်အတိုင်းပြောနေတာလေ..

အခုလည်း အဲ့ကောင်မလေးကြောင့်

၀င်းတို့သူငယ်ချင်းတွေ စိတ်၀မ်းကွဲရတာ

မဟုတ်ဘူးလား..အဓိကတရားခံကသူပဲလေ

ငါကမင်းရဲ့မန်နေဂျာပါ..မင်းကိုအဲ့မိန်းကလေးရဲ့ ကျော့ကွင်းကနေလွတ်စေချင်လို့ ပြောနေတာ.."


"အစ်မကျွန်တော့်ကို ကောင်းစေချင်လို့

ပြောတာကို လက်ခံပါတယ်..ဒါပေမဲ့

ဝိုင်းဝိုင်းကိုပုတ်ခတ်တာမျိုးတော့မလုပ်ပါနဲ့

သူကတကယ်ကိုအဖြူထည်လေးပါ..

**

အမှန်ဆို သူနဲ့ကျွန်တော်ကပြန်တွေ့ပြီးကြတည်းက စကားပြောဖြစ်တာသုံးခါတောင်

မပြည့်ချင်ဘူးလေ..ဒီလိုအချိန်တိုလေးအတွင်းမှာ ကျွန်တော်လည်းသူ့အကြောင်းကို

သိပ်မမေးဖြစ်သလို သူလည်းကျွန်တော့်ကို

အစ်ကိုတစ်ယောက်ထက်မပိုခဲ့ဘူး..

**

ကျွန်တော့်ဘက်ကသာ တစ်ဖက်သတ်

အတွေးများပြီး အလျှင်စလိုလုပ်လိုက်မိတာတွေကြီးပဲ..

တကယ်တော့ဝိုင်းဝိုင်းကသနားစရာ

အရမ်းကောင်းခဲ့တာပါ..ငယ်ငယ်ကဆို

သူ့မှာအပေါင်းအသင်းသိပ်မရှိခဲ့ဘူး

သူ့ရဲ့အစ်မကသူ့ကိုအမြဲအနိုင်ကျင့်တယ်

ဒါကြောင့်သူ့အပေါ်မှာ နည်းနည်းလေး

ကောင်းပေးလိုက်တဲ့ကျွန်တော့်ကို

သူအရမ်းခင်တွယ်သွားတာဖြစ်ပါလိမ့်မယ်

***

သူနဲ့ကျွန်တော်ပြန်တွေ့တော့ ကျွန်တော်က

သူ့ရဲ့ငယ်ဘ၀အမှတ်တရတွေကို လှပအောင်

လုပ်ပေးခဲ့တဲ့လူလို့ သူပြောခဲ့တယ်..

အဲ့ဒါကို ကျွန်တော်ကတစ်မျိုးထင်ခဲ့မိတာ

**

သူငယ်ငယ်က ကျွန်တော့်ကိုရင်ဖွင့်ခဲ့ဖူးတယ်

သူ့အစ်မက ကျောင်းမှာဆိုလူတိုင်းကို

ဝိုင်းဝိုင်းက မိဘမဲ့ကျောင်းကအပေအတေလေးမို့

 မပေါင်းဖို့လိုက်ပြောတယ်တဲ့

ဒါကြောင့် ကလေးမကအမြဲအဖော်မဲ့နေခဲ့တာပေါ့

..အဲ့ဒီ့အကျိုးဆက်ကြောင့်ပဲ

သူကျွန်တော့်ကို အရမ်းခင်တွယ်သွားတာ

ဖြစ်လိမ့်မယ်..

****

ဒီရက်တွေထဲမှာသူနဲ့တွေ့တဲ့

အချိန်တိုင်း သူ့ဘက်ကမရိုးသားတဲ့စကားမျိုး၊

အကြည့်မျိုးတွေ လုံး၀မရှိခဲ့ဖူးဘူး..

ကျွန်တော့်အပေါ်သာမာန်အစ်ကိုလို၊

မိတ်ဆွေလိုထက်မပိုတာကို 

ရိပ်မိပေမဲ့အတင်းရှေ့ဆက်တိုးဖို့

လုပ်ခဲ့မိတာက ကျွန်တော်ကိုယ်တိုင်ပါ

**

အားလုံးက..ကံတရားကြောင့်ပါပဲ..

သူနဲ့သာဒီ့ထက်စောစောပြန်တွေ့ခဲ့ရင်

အရာအားလုံး ပြောင်းလဲသွားနိုင်မလားလို့ပဲ‌

စိတ်ကူးယဉ်ရဲတော့တယ်.."


စကားပြောနေရင်းနှင့် ၀င်း၏မျက်၀န်းမှာ

မျက်ရည်လေးတွေ ရစ်ဝဲစပြုလာ၍

သဇင်လည်း စိတ်မကောင်းဖြစ်သွားမိသည်။

၀င်း၏ပခုံးကို ပုတ်ပေးကာ

သူစိတ်ပြေလိုပြေငြား နှစ်သိမ့်ပေးနေမိသည်။


"အစ်မနားလည်ပါပြီ၀င်းရယ်..

အစ်မကလည်း ၀င်းဘက်ကနေနာမိလို့

အခုလိုပြောလိုက်မိတာပါ..တကယ်တော့

မင်းတို့အဖြစ်က right person.. wrong time

ဖြစ်နေခဲ့တာ..မင်းတကယ်ချစ်တာမှန်ပေမဲ့

မှန်ကန်တဲ့အချိန်မှာပြန်တွေ့တာဟုတ်မနေခဲ့ဘူး

၀မ်းနည်းနိုင်တယ်..ငိုကြွေးနိုင်တယ်

ဒါပေမဲ့..ကိုယ့်ကိုကိုယ်တော့အရမ်းမနှိပ်စက်ပါနဲ့.."


"ကျွန်တော်..ရှိုးပွဲပြီးရင်..KGနဲ့စာချုပ်ဖြတ်သိမ်းပြီး

ကိုယ်ပိုင်စတူဒီယိုနဲ့ပဲ..ဆက်သွားတော့မယ်.."


"ဘာ..၀င်းတကယ်ကြီးဆုံးဖြတ်ပြီးပြီလား..

အဲ့လိုမလုပ်ပါနဲ့ကွာ..၀င်းသာထွက်သွားရင်

အားလုံးဆုံးရှုံးနစ်နာကုန်မှာ.."


"ကျွန်တော်သိပါတယ်..မဇင်ကကျွန်တော့်ကို

တစ်ကိုယ်ကောင်းဆန်တယ်လို့ထင်နေတာမလား..

ကျွန်တော့်ကိုစပြီး စင်တင်ခဲ့တဲ့ကုမ္ပဏီကို

အောင်မြင်လာတဲ့အခါ လက်တွဲဖြုတ်သွားတယ်

ဆိုပြီးတော့..."


"အဲ့လိုလည်းမဟုတ်ပါဘူး..."


သဇင်တစ်ယောက် လေးလံစွာသက်ပြင်းချလိုက်မိသည်။အမှန်တကယ်လည်း ၀င်းဟာ

ဒီKGအင်တာတိန်းမဲန့်ကနေစင်တင်ပေးလိုက်တဲ့

အနုပညာရှင်ဖြစ်ပြီး အစကဘာ‌မှမဟုတ်သေး

ပေမဲ့ အခုအချိန်မှာတော့၀င်းဟာ KGအတွက်

ရွှေတွင်းပါပဲ။


၀င်းတစ်ယောက်တည်းရဲ့ ၀င်းငွေက‌KGရဲ့

အခြားအဆိုတော်တွေအားလုံးနဲ့ယဉ်နိုင်တယ်။

တကယ်လို့ ၀င်းသာကုမ္ပဏီနဲ့စာချုပ်ဖြတ်သိမ်း

လိုက်ရင် ၀င်းဘက်ကလည်းပေးဆောင်ရမဲ့

လျှော်ကြေးက မနည်းမနောဖြစ်နေသလို

ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်းကျဆင်းသွားနိုင်တယ်။


တွေးကြည့်လိုက်ရင် နှစ်ဦးနှစ်ဖက်လုံးနစ်နာမဲ့

ကိစ္စကြီးပါပဲ။

ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ဒီလိုမျိုးတွေ

ဖြစ်လာတာ မတန်ဘူးလို့ထင်မိတယ်။

တကယ်ဆို ၀င်းကိုအေဂျင်စီကကိုယ်ပိုင်စတူဒီယို

ဖွင့်ခွင့်ပေးထားပြီး ဖိအားလည်းတစ်ခါမှ

မပေးခဲ့ဖူးဘူး။


KG Entရဲ့စီအီးအိုနဲ့၀င်းဟာ သူငယ်ချင်း

အရင်းကြီးတွေဖြစ်တဲ့အတွက် ၀င်းအတွက်ဆို

Studioဘက်ကလည်းလုံး၀မပေါ့ဆရဲသလို

အကောင်းဆုံးဆိုတာတွေကပဲ ၀င်းဆီကို

ရောက်လာနေကြပင်။

အခုတော့ ဘယ်တော့မှလက်တွဲဖြုတ်မှာ

မဟုတ်ဘူးလို့ အားလုံးထင်နေတဲ့နှစ်ယောက်က

တကယ်ကြီး လက်တွဲဖြုတ်တော့မယ်ပေါ့။

စိတ်မကောင်းစရာပဲ။


"ကိုယ်ပိုင်စတူဒီယိုထောင်တာက အားလုံးကို

ကိုယ်တိုင်စီမံရမှာဆိုတော့ အရမ်းပင်ပန်းလိမ့်မယ်

အဘက်ဘက်ကို သေချာစဉ်းစားပြီးမှ

ဆုံးဖြတ်စေချင်တယ်..ခဏတာစိတ်အခန့်

မသင့်တာလောက်လေးနဲ့တော့..အလောတကြီး

မဆုံးဖြတ်စေချင်ဘူး.."


"ကျွန်တော်နားလည်ပါတယ်..ကျွန်တော်သေချာ

စဉ်းစားပြီးသွားပါပြီ.."


"ကောင်းပြီလေ..၀င်းရဲ့ဆုံးဖြတ်ချက်ကို

အစ်မအလေးထားပါတယ်..အရာရာက

ကောင်းဖို့ဖြစ်လာမှာပါ.."


မဇင်ရဲ့ အားပေးစကားကြောင့် စိတ်သက်သာရာ

ရမိပေမဲ့KGနဲ့လက်တွဲဖြုတ်ဖို့ကိုလည်း

ခြေတုန်ချတုန်ဖြစ်နေမိသည်။

ဂီတမေဂျာက ကိုယ်လိုသာမာန်‌ဂီတသမားလေး

တစ်ယောက်ကို "မင်းဆီမှာအောင်မြင်နိုင်တဲ့

စွမ်းအင်တစ်ခုရှိနေတယ်ဆိုပြီး..သူတို့

Entနဲ့လက်တွဲဖို့ စတင်ကမ်းခဲ့တဲ့လက်ကို

ပြန်သတိရနေမိတယ်။


အဲ့ဒီ့လူဟာ သေချာပေါက်မင်းစက်အာဏာပါပဲ။

အပြင်ပန်းမှာ ဘယ်လောက်ပဲအေးစက်နေပါစေ

သူငယ်ချင်းဖြစ်သူကို ဘယ်သောအခါမှ

မမေ့ခဲ့ပဲ အခုလိုအောင်မြင်လာအောင်

လက်တွဲခေါ်ခဲ့တယ်။

ဘယ်ဖျော်ဖြေရေးကုမ္ပဏီကမှ စိတ်မ၀င်စားခဲ့တဲ့

ကိုယ့်ကို အရောင်တင်ပေးခဲ့တဲ့လူက

KGဖျော်ဖြေရေးကုမ္ပဏီရဲ့ လက်ရှိစီအီးအို

မင်းစက်အာဏာပါပဲ။

ငါ့လုပ်ရပ်တွေ မှားများနေလား..


💔💔💔💔💔💔💔


အားငယ် ညှိုးနွမ်းနေသောမျက်၀န်းများနှင့်

ကောင်းကင်တွင် တဖြတ်ဖြတ်လင်းလက်‌နေသော

ကြယ်လေးများကို ကြည့်နေမိစဉ်မှာ

အိပ်ခန်းတံခါးအရှေ့တွင် ခြေသံကြားလိုက်၍

၀မ်းသာသွားမိသည်။

၀ရံတာမှအမြန်ထလာလိုက်ပြီး အခန်းတံခါးကို

ဖွင့်ကြည့်လိုက်မိတော့..


"ဟင်..ကြည်ကြည်ပါလား.."


"ဟုတ်တယ်...မမ၀ိုင်း‌လေးကတစ်ချိန်လုံး

အခန်းအောင်းနေတော့ ကြည်ကြည်လာပြီးအဖော်ပြုပေးတာပါ.."


"ရပါတယ်ကြည်ကြည်ရယ်..ဝိုင်းလေး

အဆင်ပြေပါတယ်..ကိုးနာရီထိုးတော့မယ်ဆိုတော့ သွားအိပ်တော့လေနော်.."


"ဟုတ်ကဲ့ပါ..မမလိုအပ်ရင်အချိန်မရွေး

လာခေါ်ပါနော်.."


"အေးပါ.."


ကြည်ကြည်ထွက်သွားပြီးနောက် ဝိုင်းလေးလည်း

အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး မွေ့ယာပေါ်သို့

လှဲချလိုက်မိသည်။

ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ။သူအိမ်ကိုပြန်မလာသေးဘူး။

တကယ်ဆိုရင် ဝိုင်းလေးကိုဘာကြောင့်

စိတ်ဆိုးနေသလဲဆိုတာ ပြောသင့်တာပေါ့။

အခုတော့ ဝိုင်းလေးကိုအလုပ်ထုတ်ပစ်ပြီး

အိမ်ထဲမှာပဲ နေခိုင်းတယ်။

သူကိုယ်တိုင်ကြတော့ အိမ်ကိုပြန်မလာဘူး။


အခန်းကြီးပဲ အောင်းမနေချင်၍ဆယ်နာရီထိုးသောအခါ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

ညဘက်ဆိုတော့ ‌တစ်အိမ်လုံးကတိတ်ဆိတ်နေလေသည်။

မီးဖိုခန်းထဲသို့ သွားကာခေါက်ဆွဲပြုတ်

တစ်ပန်းကန်လုပ်လိုက်ပြီး ကိုယ့်ဘာသာပဲထိုင်စားနေလိုက်သည်။


လက်ထက်ပြီးသွားပေမဲ့ ဝိုင်းလေးရဲ့ဘ၀က

ဘာမှထူးခြားသွားတယ်ရယ်လို့မရှိဘူး။

တစ်နေ့တစ်နေ့ သူနဲ့ရန်ဖြစ်ရလိုက်၊သူက

ကိုယ့်ကို စိတ်ဆိုးလိုက်နဲ့ပဲ လည်ပတ်နေရတာ။

အခုတော့ သူကပြည်ပခရီးထွက်ရတာ

မဟုတ်ပဲနဲ့တောင် အိမ်ကိုပြန်မလာတော့ဘူး။


ခေါက်ဆွဲတွေလည်း စားချင်စိတ်မရှိတော့၍

ပန်းကန်ကို အမြန်ဆေးလိုက်ပြီး အပြင်ဘက်သို့

ထွက်လာခဲ့လိုက်သည်။

ထိုအချိန်၌ ကားဟွန်းသံကြားလိုက်ပြီး ခြံထဲသို့

ကားတစ်စီးမောင်း၀င်လာလေသည်။


ဝိုင်းလေး၏ နှုတ်ခမ်းထက်၀ယ်အပြုံးလွင်လွင်

လေးပေါ်လာပြီးနောက် တံခါးမကြီးဆီသို့

ပြေးသွားလိုက်မိသည်။

ဖြစ်ချင်တော့ အပေါ်ထပ်မှဆင်းလာတည်းက

အိမ်စီးဖိနပ်ကို စီးမလာခဲ့၍ မြေခွေးဖြူလေး

လျှောက်ပြေးနေတာနှင့်ပင် တူနေတော့သည်။


ကားရပ်ထားသော နေရာသို့ရောက်တော့

ဒါရိုင်ဘာမင်းသစ်က ကိုမင်းစက်ကိုကားပေါ်မှ

တွဲချလာတာကို တွေ့လိုက်ရ၍အံ့ဩ

သွားမိလေသည်။

သူမူးလာတာလား။

ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တော့

လောက်အောင်အထိလေ။


"မမလေး..နိုးလာအောင်ကျွန်တော်လုပ်လိုက်မိပြီ

ထင်တယ်..ဆရာကပါတီမှာနဲနဲသောက်လာတာလေ

ကိုကောင်းသန့်ပြောတာတော့ အများကြီးမဟုတ်

ဘူးတဲ့ ဒါပေမဲ့ဆရာကအရက်ဒဏ်မခံနိုင်တော့

အမူးလွန်သွားလို့.."


"မင်းသစ်..မင်းပါးစပ်ကိုပိတ်ပြီး..ပြန်လိုက်တော့

ငါ့ကိုများမူးနေတယ်တဲ့ ငါမမူးဘူးကွ..

မင်းဘယ်သူ့ကိုမူးတယ်လို့လာပြောနေတာလဲ.."


"ဟုတ်ပါတယ်..ဆရာမမူးပါဘူး..

ကျွန်တော်မူးတာပါ.."


ပြောတော့သာ သူမမူးဘူးတဲ့။

လူကြည့်တော့ လျှာတောင်မသလိန်းနိုင်ဘူး။


"မင်းသွားတော့..ငါ့ဘာသာအိမ်ထဲကို

၀င်နိုင်တယ်.."


"ဖြစ်လို့လားဆရာရယ်..

ကျွန်တော်တော့မထင်ဘူးနော်.."


"မင်းတော်တော်လျှာရှည်တာပဲ..ဖြစ်တယ်ကွာ..

သွားတော့.."


မင်းစက်အာဏာက အတင်းမောင်းထုတ်နေ၍

မင်းသစ်လည်း ကားကိုမောင်းပြီးပြန်ထွက်

သွားလေတော့သည်။

ဒါရိုင်ဘာ၏ကားလေး ခြံအပြင်သို့

ရောက်နေပါသော်လည်း မင်းစက်ကတော့

အခုထိအိမ်ထဲသို့ မ၀င်နိုင်သေးပေ။

ထိုအစား ဥယျာဉ်ရှိသောဘက်သို့ 

ခြေဦးလှည့်သွားကာ ယိုင်တိယိုင်တိုင်နှင့်

လျှောက်နေလေသည်။


ဝိုင်းလေးအတွက်တော့ သူ့ရဲ့ဒီပုံစံကို တစ်ခါမှ

မမြင်ဖူးခဲ့၍ အံ့ဩနေမိသည်။

အလုပ်မှာဆို မျက်နှာကြီးမာထန်ပြီး

အမြဲဆိုက်နဲ့ဂိုက်နဲ့ တည်တည်ကြည်ကြည်

နေတတ်သူကအရက်မူးလာတဲ့အခါ 

ပုံစံတစ်မျိုးပြောင်းသွားသလိုပဲ။


အရက်အရှိန်ကြောင့် ပါးလေးတွေနီရဲနေကာ

မျက်လုံးတွေကမှေးကျဉ်းနေပြီး ကြောက်စရာ

‌ကျားကြီးနှင့် မတူတော့ပဲ

ကျားပေါက်ကလေးနှင့်တူနေလေသည်။

သူ့ကိုမူးနေတယ်လို့ ပြောလို့မရအောင်ကို

ပြန်ခံပက်တတ်တဲ့ ကျားပေါက်ကလေးပေါ့။

အခုလည်း အိမ်ထဲကို၀င်မဲ့အရေး အခြားဘက်သို့

လှည့်သွားပြန်သည်။


"ကိုမင်းစက်..ရှင်ဘယ်ကိုသွားမလို့လဲ..."


"အိမ်ထဲကို ၀င်မလို့လေ..မတွေ့ဘူးလား..

မင်းတို့မိန်းမတွေများ အလိုက်ကိုမသိကြဘူး..

ကိုယ့်လင်သား အိမ်ထဲ၀င်မှာကိုတံခါးလေးတောင်

မဖွင့်ပေးဘူး..."


"ရှင်ကဘယ်အပေါက်ကနေ၀င်နေလို့

ကျွန်မကတံခါး ဖွင့်ပေးရမှာလဲ..

ကြည့်လုပ်အုံး တိုင်နဲ့ခေါင်းနဲ့ဆောင့်မိနေအုံးမယ်.."


ပြောလို့ပင်မဆုံးသေးပဲ ရှေ့ကတိုင်လုံးကြီးနဲ့

ခေါင်းဆောင့်မိသွား၍ အနောက်သို့

လှန်ကျသွားလေသည်။

ဝိုင်းလေးလည်း နောက်စေ့ပါထပ်ပေါက်မှာ

စိုးလို့ သူ့ကိုအမြန်ပြေးထိန်းလိုက်ရသည်။

သူ့ကိုယ်လုံးကြီးက လေးလွန်းအားကြီးတော့

ဝိုင်းလေးပါ အနောက်သို့ဖက်ထိုင်လျှက်

လဲကျသွား၍ မြှီးညှောင်ရိုဪဘးတောင်

အောင့်တက်သွားရသည်။


"အား..ကျွတ်..ကျွတ်..ငါ့့မဟုတ်ဘူး..

ရှင့်ဘာသာ တိုင်နဲ့ခေါင်းနဲ့ဆောင့်မိတာ..

ကျွန်မပေါ်ကနေ ဖယ်ပေးစမ်းပါ

ရှင့်ကိုယ်လုံးကြီးကို မ..မနိုင်ဘူး...

လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး 

အဲ့လောက်တောင် မူးရူးနေအောင်

သောက်ရသလား..."


"မင်းငါ့ကိုမူးတယ်လို့လာမပြောနဲ့နော်

ငါမမူးဘူးကွ.."


"လာပြန်ပြီ..မမူးရင်လည်းအမြန်ထတော့ရှင်.."


ဝိုင်းလေးလည်း သူ့ကိုယ်လုံးကြီးရဲ့အလေးဒဏ်ကို

မနိုင်တော့၍ပိတ်တွန်းလိုက်တော့ 

အခြားတစ်ဖက်ကို 

မှောက်လျှက်လဲကျသွားလေသည်။


"နေအုံး...ခြံစောင့်ကြီးကိုသွားခေါ်လိုက်အုံးမယ်..

ဒီအတိုင်းဆို မနက်မိုးလင်းတာတောင်

အိမ်ထဲကို ရောက်မှာမဟုတ်ဘူး.."


ဝိုင်းလေးက ကောက်ထလိုက်တော့

သူကလည်း လိုက်ထကာဝိုင်းလေး၏

လက်ကို လှမ်းဆွဲလိုက်လေသည်။

မျက်လုံးမှေးမှေးကြီးနှင့် သူကဝိုင်းလေးကို

မကြည်သလို ကြည့်လာပြီးတံခါးဘက်သို့

လက်ညှိုးထိုးပြလာလေသည်။


"ဘယ်သူ့မှသွားခေါ်စရာမလိုဘူး..ငါ့ဘာသာ

အိမ်ထဲကို ၀င်နိုင်တယ်..

ငါ့နာမည်ကမင်းစက်အာဏာပါ..

ငါမလုပ်နိုင်တာ ဘာမှမရှိဘူး..

မူးနေတယ်ဆိုပြီး အထင်လာမသေးနဲ့နော်

ဒီအိမ်တစ်ပတ်ကိုတောင် ပတ်ပြေးပြလိုက်အုံးမယ်

ဘာမှတ်နေလဲ..အာဏာမင်းစက်ပါကွ.."


ကိုယ့်နာမည်ကိုယ်တောင် ဇောက်ထိုးပြောနေတဲ့

လူကများ အိမ်တစ်ပတ်ပြေးပြအုံးမယ်တဲ့။

ဝိုင်းလေးမှာ သူအရက်မူးလာလို့

စိတ်ဆိုးရမည့်အစားရယ်ချင်နေမိသည်။

မင်းစက်အာဏာဆိုတဲ့လူကြီးက အရက်မူးလာရင်

ဒီလိုပုံစံပေါ့လေ။

ဒါကြောင့် သူကမူးအောင်တစ်ခါမှ

မသောက်တာနေမယ်။

ဘယ်ပွဲပဲတက်တက် ပွဲထဲမှာခဏပဲ

နေတတ်သည်ဆိုတာက ကောလဟာလမဟုတ်ဘူးပဲ။


"အာ့..."


"ဟင်..သတိထားမှပေါ့..ဘာလို့တံခါးကို

၀င်တိုက်ရတာလဲ..ခြံစောင့်ကြီးကိုမတွဲစေချင်လည်း ဝိုင်းလေးကိုတော့ တွဲခွင့်ပေးပါနော်..

အပြင်မှာအရမ်းအေးတယ်..

ရှင်အအေးပတ်လိမ့်မယ်.."


တံခါးကို မှီပြီးရပ်နေသောကြောင့်

 သူ့လက်မောင်းကို တွဲပေးလိုက်ပြီး အိမ်ထဲသို့

ဆွဲခေါ်လိုက်တဲ့အချိန်မှာ သူကလုံး၀မလှုပ်ပဲ

ပေ၍ရပ်နေပြန်သည်။


"ဘာဖြစ်ပြန်တာလဲ.."


သူ့ဘက်သို့ စိတ်အလိုမကျစွာလှည့်ကြည့်လိုက်မိစဉ်မှာ သူကဝိုင်းလေး၏ခြေထောက်တွေကို

ငေးစိုက်ကြည့်နေလေသည်။

ဝိုင်းလေးလည်း ကိုယ့်ခြေထောက်ကိုယ်

ပြန်ကြည့်လိုက်မိတော့မှ ဖိနပ်မစီးထားမှန်းသတိထားလိုက်မိသည်။

ထို့ကြောင့် မြေခွေးလေးလိုခြေချောင်းတွေကို

ကုတ်လိုက်မိလေသည်။


"ဘာလို့ဖိနပ်ပါးလေးတောင် မစီးထားရတာလဲ..

အပြင်မှာအေးတယ်လေ.."


ဆယ်နာရီခွဲလောက်ဖြစ်နေ၍ ည၏တိတ်ဆိတ်မှု

သည် ပိုးမွှားသံလေးတွေနှင့်သာ စီညံနေသည်။

ထို့ကြောင့် သူ့ရဲ့လေးလံသောဂရုဏာသံကို

သေချာလေးကြားနိုင်သည်။

သူ့ရဲ့အသက်ရှူသံပြင်းပြင်းနှင့်အတူ ယမကာအနံ့က

လေထဲကနေ ပျံ့လွှင့်လာပြီးဝိုင်းလေး၏

နှာဖျားကို လာရိုက်ခတ်နေပေမဲ့ ဘာကြောင့်များ

မငြိုညင်မိရတာလဲဆိုတာ ကိုယ့်ကိုကိုယ်တောင်

အံ့ဩနေမိသည်။


"ကိုယ့်နောက်ကိုလိုက်ခဲ့..."


သူ့လက်မောင်းကို ကိုင်ထားသောဝိုင်းလေးရဲ့

လက်ကို ဖြုတ်ချပြီးဝိုင်းလေး၏ဖြူဖွေးနေသော

လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်လိုက်သောကြောင့်

လူက တုန်ကနဲတောင်ဖြစ်သွားမိသည်။

ဘယ်သူစိမ်းယောက်ျားနဲ့မှ ဒီလိုလက်မတွဲခဲ့ဖူး၍

စိမ်းသက်နေသော ခံစားချက်ဖြစ်ပေမဲ့

ရင်ထဲမှာ နွေးထွေးသွားသလိုပဲ။


ငယ်ငယ်က မိဘမဲ့ဂေဟာကနေအဖေကဝိုင်းလေးရဲ့

လက်ကို တွဲပြီးဒီလိုမျိုးအိမ်ကိုခေါ်သွားခဲ့တာ။

အခုလည်း သူကကိုယ်တိုင်ဒယိမ်းဒယိုင်

ဖြစ်နေပေမဲ့ ဝိုင်းလေးရဲ့လက်ကိုဆွဲထားတုန်းပဲ။


သူဘာလုပ်မလဲစောင့်ကြည့်နေမိစဉ်မှာပဲ အိမ်အတွင်းဘက်ရှိ တံခါးဘေးနားမှာချထားသော

ဖိနပ်စင်လေးဘေးမှာ ထိုင်ချလိုက်ပြီးဖိနပ်ပါးလေး

တစ်ခုကိုရွေးလိုက်လေသည်။

ပြီးနောက် ဝိုင်းလေး၏ခြေခုံလေးကို သူ့လက်နဲ့

အသာမလိုက်ပြီးနောက် ဖိနပ်ပါးလေးကို

စီးစေသည်။


"ရှင်ဘာလုပ်နေလည်းဆိုတာရော သိရဲ့လား.."


"အင်း..သိတယ်.."


ဝိုင်းလေး ပြုံးလိုက်မိသည်။

တစ်ချိန်လုံး သူ့ကိုမကျေနပ်တာတွေတောင်

ကင်းစင်သွားသလိုပါ ခံစားလိုက်ရသည်။

ဒါပေမဲ့ သူကအရက်မူးနေတော့ ပုံမှန်အတိုင်းဆို

ဒီလို ခခယယပြုမူမှာမဟုတ်ဘူးဟု ပြန်တွေး

လိုက်မိပြီး ၀မ်းနည်းသွားမိသည်။


အခန်း(၃၁)ဆက်ရန်


စာရေးသူ..ဆောင်းငွေ့ဝေ

❤️❤️❤️❤️❤️❤️❤️


မူးတော့မူးတယ် မမူးဘူးဆိုတာပြသွားတယ်နော်


ဆရာကြီးက အိမ်၀င်ပေါက်ကြမှားပြီး

မိန်းမကိုဖိနပ်စီးပေးတာကြတော့ တည့်နေရော


==========================================================================


အခန္း(၃၀)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ေနေရာင္ျခည္သည္ သစ္ရြက္ေတြၾကားမွ

ျဖတ္သန္းသြားၿပီး ၾကည္စင္ေသာမ်က္ႏွာေလးထက္သို႔ က်ေရာက္ေနသည္။

ဂုတ္ေထာက္ေနေသာ သူ႔ဆံပင္မ်ားသည္

ေနေရာင္ထိုးေသာအခါ အညိုေရာင္သန္းသြားေလသည္။

သူ႔အႀကိဳက္အျဖဴေရာင္ ၀တ္စံုကို၀တ္ထားေပမဲ့

သူ႔စိတ္ေတြကေတာ့ႏံုးထူေသာ ေရကန္‌ငယ္ေလးကဲ့သို႔ ျဖစ္ေနသည္။


ေခ်ာေမာေသာ မင္းသမီးငယ္ေလးကေတာ့

သူ႔ရင္ခြင္ထဲတြင္ ႃပံုးရႊင္ကာ ဒါရိုက္တာ၏

ခိုင္းေစခ်က္အတိုင္း  ခ်စ္သူအစစ္ပံုစံျဖစ္ေအာင္ အသက္သြင္းေနေပမဲ့

ေနြဦးေလးျပည္ကေတာ့ သက္မဲ့အရုပ္ႀကီးလို

ခံစားခ်က္မပါေသာ မ်က္ႏွာျဖင့္

ေတာင့္ေတာင့္ႀကီးရပ္ေနေလသည္။


အေဝးမွာ မိတ္ကပ္အဖဲြ႔ႏွင့္အတူရပ္ၾကၫ့္ေနေသာ မန္ေနဂ်ာမဇင္ကလည္း

စိတ္တထင့္ထင့္ျဖစ္ေနသလို ဒါရိုက္တာကလည္း

ဒီကဒ္ကိုပဲခဏခဏျပန္ရိုက္ေနရ၍

မ်က္ေမွာင္ႄကံု႔ခ်င္လာသည္။


"ကဒ္..၀င္းေရဘာလို႔မ်က္ႏွာကခံစားခ်က္

မပါရတာလဲ..ဒီကဒ္နဲ႔တင္ေန့တစ္၀က္က်ိဳး

ေတာ့မယ္.."


ဒါရိုက္တာသည္ ဒီ့ထက္ပိုေျပာခ်င္ေပမဲ့

သူပါးစပ္ဟလိုက္သၫ့္အခ်ိန္မွာပဲ ၀င္း၏

ေအးစက္စက္အၾကၫ့္ေၾကာင့္ ပါးစပ္ကို

ျပန္ပိတ္လိုက္ရသည္။

ေနြဦးေလျပည္‌(ေခၚ)၀င္းဆိုသည္မွာ

ျမန္မာႏိုင္ငံတင္မကပဲ ႏိုင္ငံတကာမွာပါ

ယခုလက္ရိွ ေက်ာ္ၾကားေနသူျဖစ္၍သူ၏

စတားပါဝါကအံ့မခမ္းပါပဲ။


သူ႔လက္နဲ႔ထိရင္ ေရႊပဲဆိုၿပီးေျပာစမွတ္ရိွတဲ့

အထိျဖစ္သည္။သူ႔သီခ်င္းေတြရဲ့ၾကၫ့္ရႈႏႈန္း

ျမင့္မားရံုတင္မကပါဘူး။

တစ္ခါကဆို ေဘာ့ပဲင္ေလးကိုင္ၿပီးသီခ်င္းေရးတဲ့

 ပံုကိုဆိုရွယ္မီဒီယာမွာ တင္လိုက္တာ

ေနာက္ေန့မွာ အဲ့ဒီ့ေဘာ့ပဲင္ကေဈးကြက္ထဲမယ္ ေရာင္းအားအေကာင္းဆံုးျဖစ္သြားခဲ့တယ္။


ထို႔ေၾကာင့္ သူနဲ႔လက္တဲြခ်င္တဲ့

ႏိုင္ငံတကာထုတ္ကုန္ပိုင္ရွင္ေတြကလည္း

အမ်ားအျပားရိွသည္။

ဒါ့အျပင္ သူလိုလူမ်ိဳးႏွင့္ လက္တဲြလုပ္ခ်င္ေသာ အႏုပညာရွင္ေတြ၊ဒါရိုက္တာေတြကလည္း

မနည္းမေနာပါပဲ။

သူနဲ႔လက္တဲြလုပ္ရရင္ကို ကံေကာင္းသည္ဟု

ဆိုရမည္ပင္။


"၀င္းေရ..ပင္ပန္းေနရင္ခဏနားလိုက္ပါလား

အျခားscene ေတြကိုပဲ ရိုက္ထားႏွင့္လိုက္မယ္ေလ..နည္းနည္းနားၿပီ..အာရံုကိုစုစည္းလိုက္ေပါ့.."


‌ဒါရိုက္တာကလည္း ၀င္းကို‌ေအာ္မရ၍

ေခ်ာ့ေျပာရေလသည္။

၀င္းအတြက္လည္း စိတ္အာရံုေတြပ်ံ႔လြင့္ေနသည္ထင္၍ ခဏနားဖို႔သေဘာတူလိုက္သည္။


"၀င္း..မေန့ကကိစၥေၾကာင့္စိတ္မၾကည္ျဖစ္ေနတာလား.."


ထိုင္ခံုမွာ ခဏအနားယူေနစဉ္ မဇင္သည္

မေန့ကကိစၥကို ေမးလာ၍သူ႔မ်က္၀န္းေတြ

ပိုမိုမိႈင္းက်သြားကာ ဆံပင္ေတြကိုသပ္တင္ရင္းႏွင့္ ေခါင္းညိမ့္ျပလိုက္သည္။

မေန့ကအေၾကာင္းကို ျပန္ေတြးၾကၫ့္တိုင္း

သူတကယ္ကို မ်က္ႏွာပူရသည္။


ကာမပိုင္ေယာက္်ားေရ႔ွမွာမွ သူ႔မိန္းမရဲ့

အလွကိုဖဲြ႔ဖဲြ႔ႏဲြ႔ႏဲြ့ ေျပာခဲ့မိတဲ့အျပင္ ဝိုင္းဝိုင္းကို ဘယ္ေလာက္ခ်စ္ေၾကာင္း၊ျမတ္ႏိုးေၾကာင္းေတြပါ စီကာပတ္ကံုးေျပာခဲ့မိတယ္။

ရွက္စရာအရမ္းေကာင္းတာပဲ။


ဒီ့ထက္အျဖစ္ဆိုးတာက ကိုယ္ႀကိဳက္ေနတဲ့

မိန္းကေလးရဲ့ေယာက္်ားက ကိုယ့္သူငယ္ခ်င္း အရင္းေခါက္ေခါက္ႀကီးျဖစ္ေနခဲ့တာပဲ။

ဘယ္လိုတိုက္ဆိုင္မႈႀကီးမွန္းကိုမသိတာ။


ဘယ္သူ႔ကိုမွလည္း သြားႀကိမ္ဆဲလို႔

မရဘူး။

ကိုယ့္ကံၾကမၼာကိုယ္ပဲ အျပစ္တင္ရေတာ့မယ္။

ဒီေလာက္ႏွစ္ေတြအမ်ားႀကီးအထိ ရင္ထဲမွာ

စဲြစဲြလမ္းလမ္းနဲ႔နင့္ေနေအာင္ ခ်စ္ရတဲ့

မိန္းကေလးက ပိုင္ရွင္ရိွေနခဲ့တယ္တဲ့လား။

ဆိုးလိုက္တဲ့ ကံၾကမၼာ။

ျပန္ေတြးၾကၫ့္ရင္ အားလံုးကလဲြေနခဲ့တာႀကီးပဲ။


လြန္ခဲ့တဲ့ ရွစ္ႏွစ္ေလာက္ကသာ ဒီမိန္းကေလးကို ေထာင့္ငါးရာအခ်စ္ေတြနဲ႔ခ်ည္ေနွာင္

ခဲ့မယ္ဆိုရင္ သူ႔ရဲ့ပိုင္ရွင္ဟာကိုယ္မ်ား

ျဖစ္ေနမလား။အဆို‌ေတာ္ျဖစ္ဖို႔ႀကိဳးစားရင္း

ေအာင္ျမင္မႈေနာက္ကို လိုက္ေနမိတဲ့

အခ်ိန္ေတြမွာသာ သူေလးကိုရေအာင္ရွာခဲ့မိရင္

အခုအခ်ိန္မွာ ဒီလိုလဲြခဲ့ၾကမယ္မထင္ဘူး။

ေတြးၾကၫ့္ေလ ကိုယ့္ကိုကိုယ္ေဒါသ

ထြက္မိေလပဲ။


အခုေတာ့ ပန္းတိုင္ကိုေရာက္ခါနီးမွာ

ကိုယ့္ထက္ေျခတစ္လွမ္းသာတဲ့ အျခားလူကအႏိုင္ရသြားေတာ့  အရႈံးကိုဆုပ္ကိုင္ရင္း

ေမ်ွာ္လင့္ခ်က္ေတြ ေပ်ာက္ဆံုးသြားတဲ့

လမ္းေပ်ာက္သူ ျဖစ္ေနၿပီ။

ဘာလုပ္လုပ္ အဓိပၸာယ္မဲ့ေနၿပီး ရင္ထဲမွာ

မိုးအံု႔ေနသလို ေယာက္်ားတန္မဲ့တစ္ခ်ိန္လံုး

ေၾကကဲြစြာ ငိုႂကြေးခ်င္ေနမိတယ္။


*ဝိုင္းဝိုင္း‌ရယ္..မင္းကိုခ်စ္ခဲ့တာက

တစ္ခဏတာမဟုတ္ပါဘူး

တစ္ဘ၀စာလံုးအတြက္ရည္စူးၿပီး

ျမတ္ျမတ္ႏိုးႏိုးခ်စ္ခဲ့တာပါ..

အခုေတာ့ လူကိုျပန္ေတြ့ေပမဲ့

မင္းရဲ့ခႏၶာ စိတ္ဝိဉာဉ္နဲ႔ ႏွလံုးသားကို

အျခားသူက ပိုင္ရွင္ရိွလို႔

တံဆိပ္ႏိွပ္လိုက္ၿပီေပါ့..*


"၀င္းေရ..ဟိုမွာၾကၫ့္စမ္း.."


မဇင္က MVရိုက္ေနေသာဘက္သို႔ လက္ၫွိုး

ၫႊန္ျပေန၍ အေတြးမ်ားကိုရပ္တန႔္ျပစ္လိုက္ၿပီး ၾကၫ့္လိုက္မိေလသည္။


"ဟိုမွာၾကၫ့္စမ္း..ထက္ထက္ေလးကမလွဘူးလား..အသက္က၂၀ပဲရိွေသးေပမဲ့သရုပ္ေဆာင္တာ တကယ္ပါရမီပါတယ္ေနာ္

လိုခ်င္တဲ့အတိုင္းကြက္တိလုပ္ႏိုင္တယ္..

ရုပ္ကေလးကလည္း ႂကြေရုပ္ေလးလို

အရမ္းလွတယ္..၀င္းေရာထက္ထက္ကို

ဘယ္လိုျမင္လဲ.."


"ကၽြန္ေတာ္ကဘယ္လိုျမင္ရမွာလဲ သာမာန္

လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္လို႔

ျမင္တာေပါ့..မဇင္ကဘာလို႔ရုတ္တရက္ႀကီး

ထေမးရတာလဲ.."


"ဘာလို႔ရမွာလဲ မင္းကိုအျမင္မွန္ရေစခ်င္လိုေလ

..မဟုတ္ရင္အပ်ိဳေတြကိုထိမ္ခ်န္ထားၿပီး

အအိုကိုဘယ္လိုလုပ္ႀကိဳက္မိပါ့မလဲ..

ေနာက္ၿပီး ထက္ထက္ကသြက္သြက္လက္လက္

ေနတတ္တာကလဲြလို႔ 

ရိုးသားတယ္..မလိမ္ညာတတ္ဘူးေလ..

ကံေကာင္းသြားတာကေတာ့ ေမဝိုင္းေလးက

သူ႔ကိုယ္သူအပ်ိဳဆိုၿပီး လိမ္ထားခဲ့ေပမဲ့

ကိုမင္းစက္က..ေဖာ္ထုတ္လိုက္ႏိုင္တဲ့ကိစၥပဲ

မဟုတ္ရင္ ၀င္းကဆက္ၿပီးအလိမ္ခံေနရမွာ

မဟုတ္ဘူးလား.."


မဇင္၏စကားေၾကာင့္ ၀င္းအရမ္းစိတ္ဆိုးသြားသည္။မ်က္ေမွာင္ႀကီးႄကံု႔ၿပီး မဇင္ကို

အရင္ကတစ္ခါမွမလုပ္ဖူးေပမဲ့ ခုေတာ့ခပ္စိမ္းစိမ္း

ၾကၫ့္ပစ္လိုက္သည္။


"ဝိုင္းဝိုင္းက ကၽြန္ေတာ့္ကိုလိမ္ခဲ့တယ္လို႔

အစ္မကိုဘယ္သူကေျပာလိုက္တာလဲ.."


"မဟုတ္လို႔လား..အဲ့ေကာင္မေလးက

သူ႔မွာအိမ္ေထာင္ရိွမွန္း..၀င္းကိုေျပာမျပခဲ့တာက လိမ္တာပဲေလ..ဒါေၾကာင့္မလိုလားအပ္တဲ့

ျပႆနာေတျြဖစ္လာရတာ.."


"ေတာ္ေတာ့..အစ္မသူမ်ားကိစၥကိုမသိပဲ

၀င္စြက္ဖက္တာအရမ္းမ်ားသြားၿပီ.."


မဇင္တစ္ေယာက္ အ၀င္း၏ေဒါသေၾကာင့္

နီရဲလာေသာ မ်က္ႏွာကိုၾကၫ့္ၿပီးအံ့ဩမႈႏွင့္

အတူ ထိတ္လန႔္သြားေလသည္။

၀င္းဟာ အရင္ကတစ္ခါမွအျခားလူေတြကို

ေဒါသထြက္ျခင္း ေအာ္ေငါက္ျခင္းမလုပ္ခဲ့ဖူးေပ။ယခုေတာ့ ဟိုေကာင္မေလးေၾကာင့္

ေျပာင္းလဲသြားၿပီတဲ့လား။

ဒီေလာက္သူ႔ကို လွၫ့္စားခဲ့တာေတာင္

ေမဝိုင္းေလးဘက္ကေန ကာကြယ္ေပးေနေသးတယ္။


"အစ္မကိုဘာလို႔ေအာ္ရတာလဲ၀င္း..

အစ္မကအမွန္အတိုင္းေျပာေနတာေလ..

အခုလည္း အဲ့ေကာင္မေလးေၾကာင့္

၀င္းတို႔သူငယ္ခ်င္းေတြ စိတ္၀မ္းကဲြရတာ

မဟုတ္ဘူးလား..အဓိကတရားခံကသူပဲေလ

ငါကမင္းရဲ့မန္ေနဂ်ာပါ..မင္းကိုအဲ့မိန္းကေလးရဲ့ ေက်ာ့ကြင္းကေနလြတ္ေစခ်င္လို႔ ေျပာေနတာ.."


"အစ္မကၽြန္ေတာ့္ကို ေကာင္းေစခ်င္လို႔

ေျပာတာကို လက္ခံပါတယ္..ဒါေပမဲ့

ဝိုင္းဝိုင္းကိုပုတ္ခတ္တာမ်ိဳးေတာ့မလုပ္ပါနဲ႔

သူကတကယ္ကိုအျဖဴထည္ေလးပါ..

**

အမွန္ဆို သူနဲ႔ကၽြန္ေတာ္ကျပန္ေတြ့ၿပီးၾကတည္းက စကားေျပာျဖစ္တာသံုးခါေတာင္

မျပၫ့္ခ်င္ဘူးေလ..ဒီလိုအခ်ိန္တိုေလးအတြင္းမွာ ကၽြန္ေတာ္လည္းသူ႔အေၾကာင္းကို

သိပ္မေမးျဖစ္သလို သူလည္းကၽြန္ေတာ့္ကို

အစ္ကိုတစ္ေယာက္ထက္မပိုခဲ့ဘူး..

**

ကၽြန္ေတာ့္ဘက္ကသာ တစ္ဖက္သတ္

အေတြးမ်ားၿပီး အလ်ွင္စလိုလုပ္လိုက္မိတာေတြႀကီးပဲ..

တကယ္ေတာ့ဝိုင္းဝိုင္းကသနားစရာ

အရမ္းေကာင္းခဲ့တာပါ..ငယ္ငယ္ကဆို

သူ႔မွာအေပါင္းအသင္းသိပ္မရိွခဲ့ဘူး

သူ႔ရဲ့အစ္မကသူ႔ကိုအၿမဲအႏိုင္က်င့္တယ္

ဒါေၾကာင့္သူ႔အေပၚမွာ နည္းနည္းေလး

ေကာင္းေပးလိုက္တဲ့ကၽြန္ေတာ့္ကို

သူအရမ္းခင္တြယ္သြားတာျဖစ္ပါလိမ့္မယ္

***

သူနဲ႔ကၽြန္ေတာ္ျပန္ေတြ့ေတာ့ ကၽြန္ေတာ္က

သူ႔ရဲ့ငယ္ဘ၀အမွတ္တရေတြကို လွပေအာင္

လုပ္ေပးခဲ့တဲ့လူလို႔ သူေျပာခဲ့တယ္..

အဲ့ဒါကို ကၽြန္ေတာ္ကတစ္မ်ိဳးထင္ခဲ့မိတာ

**

သူငယ္ငယ္က ကၽြန္ေတာ့္ကိုရင္ဖြင့္ခဲ့ဖူးတယ္

သူ႔အစ္မက ေက်ာင္းမွာဆိုလူတိုင္းကို

ဝိုင္းဝိုင္းက မိဘမဲ့ေက်ာင္းကအေပအေတေလးမို႔

 မေပါင္းဖို႔လိုက္ေျပာတယ္တဲ့

ဒါေၾကာင့္ ကေလးမကအၿမဲအေဖာ္မဲ့ေနခဲ့တာေပါ့

..အဲ့ဒီ့အက်ိဳးဆက္ေၾကာင့္ပဲ

သူကၽြန္ေတာ့္ကို အရမ္းခင္တြယ္သြားတာ

ျဖစ္လိမ့္မယ္..

****

ဒီရက္ေတြထဲမွာသူနဲ႔ေတြ့တဲ့

အခ်ိန္တိုင္း သူ႔ဘက္ကမရိုးသားတဲ့စကားမ်ိဳး၊

အၾကၫ့္မ်ိဳးေတြ လံုး၀မရိွခဲ့ဖူးဘူး..

ကၽြန္ေတာ့္အေပၚသာမာန္အစ္ကိုလို၊

မိတ္ေဆြလိုထက္မပိုတာကို 

ရိပ္မိေပမဲ့အတင္းေရ႔ွဆက္တိုးဖို႔

လုပ္ခဲ့မိတာက ကၽြန္ေတာ္ကိုယ္တိုင္ပါ

**

အားလံုးက..ကံတရားေၾကာင့္ပါပဲ..

သူနဲ႔သာဒီ့ထက္ေစာေစာျပန္ေတြ့ခဲ့ရင္

အရာအားလံုး ေျပာင္းလဲသြားႏိုင္မလားလို႔ပဲ‌

စိတ္ကူးယဉ္ရဲေတာ့တယ္.."


စကားေျပာေနရင္းႏွင့္ ၀င္း၏မ်က္၀န္းမွာ

မ်က္ရည္ေလးေတြ ရစ္ဝဲစျပဳလာ၍

သဇင္လည္း စိတ္မေကာင္းျဖစ္သြားမိသည္။

၀င္း၏ပခံုးကို ပုတ္ေပးကာ

သူစိတ္ေျပလိုေျပျငား ႏွစ္သိမ့္ေပးေနမိသည္။


"အစ္မနားလည္ပါၿပီ၀င္းရယ္..

အစ္မကလည္း ၀င္းဘက္ကေနနာမိလို႔

အခုလိုေျပာလိုက္မိတာပါ..တကယ္ေတာ့

မင္းတို႔အျဖစ္က right person.. wrong time

ျဖစ္ေနခဲ့တာ..မင္းတကယ္ခ်စ္တာမွန္ေပမဲ့

မွန္ကန္တဲ့အခ်ိန္မွာျပန္ေတြ့တာဟုတ္မေနခဲ့ဘူး

၀မ္းနည္းႏိုင္တယ္..ငိုႂကြေးႏိုင္တယ္

ဒါေပမဲ့..ကိုယ့္ကိုကိုယ္ေတာ့အရမ္းမႏိွပ္စက္ပါနဲ႔.."


"ကၽြန္ေတာ္..ရိႈးပဲြၿပီးရင္..KGနဲ႔စာခ်ဳပ္ျဖတ္သိမ္းၿပီး

ကိုယ္ပိုင္စတူဒီယိုနဲ႔ပဲ..ဆက္သြားေတာ့မယ္.."


"ဘာ..၀င္းတကယ္ႀကီးဆံုးျဖတ္ၿပီးၿပီလား..

အဲ့လိုမလုပ္ပါနဲ႔ကြာ..၀င္းသာထြက္သြားရင္

အားလံုးဆံုးရႈံးနစ္နာကုန္မွာ.."


"ကၽြန္ေတာ္သိပါတယ္..မဇင္ကကၽြန္ေတာ့္ကို

တစ္ကိုယ္ေကာင္းဆန္တယ္လို႔ထင္ေနတာမလား..

ကၽြန္ေတာ့္ကိုစၿပီး စင္တင္ခဲ့တဲ့ကုမၸဏီကို

ေအာင္ျမင္လာတဲ့အခါ လက္တဲြျဖဳတ္သြားတယ္

ဆိုၿပီးေတာ့..."


"အဲ့လိုလည္းမဟုတ္ပါဘူး..."


သဇင္တစ္ေယာက္ ေလးလံစြာသက္ျပင္းခ်လိုက္မိသည္။အမွန္တကယ္လည္း ၀င္းဟာ

ဒီKGအင္တာတိန္းမဲန႔္ကေနစင္တင္ေပးလိုက္တဲ့

အႏုပညာရွင္ျဖစ္ၿပီး အစကဘာ‌မွမဟုတ္ေသး

ေပမဲ့ အခုအခ်ိန္မွာေတာ့၀င္းဟာ KGအတြက္

ေရႊတြင္းပါပဲ။


၀င္းတစ္ေယာက္တည္းရဲ့ ၀င္းေငြက‌KGရဲ့

အျခားအဆိုေတာ္ေတြအားလံုးနဲ႔ယဉ္ႏိုင္တယ္။

တကယ္လို႔ ၀င္းသာကုမၸဏီနဲ႔စာခ်ဳပ္ျဖတ္သိမ္း

လိုက္ရင္ ၀င္းဘက္ကလည္းေပးေဆာင္ရမဲ့

ေလ်ွာ္ေၾကးက မနည္းမေနာျဖစ္ေနသလို

ကုမၸဏီရဲ့ ရွယ္ယာေတြလည္းက်ဆင္းသြားႏိုင္တယ္။


ေတြးၾကၫ့္လိုက္ရင္ ႏွစ္ဦးႏွစ္ဖက္လံုးနစ္နာမဲ့

ကိႁစၥကီးပါပဲ။

ဘာမဟုတ္တဲ့ ျပႆနာေလးနဲ႔ဒီလိုမ်ိဳးေတြ

ျဖစ္လာတာ မတန္ဘူးလို႔ထင္မိတယ္။

တကယ္ဆို ၀င္းကိုေအဂ်င္စီကကိုယ္ပိုင္စတူဒီယို

ဖြင့္ခြင့္ေပးထားၿပီး ဖိအားလည္းတစ္ခါမွ

မေပးခဲ့ဖူးဘူး။


KG Entရဲ့စီအီးအိုနဲ႔၀င္းဟာ သူငယ္ခ်င္း

အရင္းႀကီးေတျြဖစ္တဲ့အတြက္ ၀င္းအတြက္ဆို

Studioဘက္ကလည္းလံုး၀မေပါ့ဆရဲသလို

အေကာင္းဆံုးဆိုတာေတြကပဲ ၀င္းဆီကို

ေရာက္လာေနၾကပင္။

အခုေတာ့ ဘယ္ေတာ့မွလက္တဲြျဖဳတ္မွာ

မဟုတ္ဘူးလို႔ အားလံုးထင္ေနတဲ့ႏွစ္ေယာက္က

တကယ္ႀကီး လက္တဲြျဖဳတ္ေတာ့မယ္ေပါ့။

စိတ္မေကာင္းစရာပဲ။


"ကိုယ္ပိုင္စတူဒီယိုေထာင္တာက အားလံုးကို

ကိုယ္တိုင္စီမံရမွာဆိုေတာ့ အရမ္းပင္ပန္းလိမ့္မယ္

အဘက္ဘက္ကို ေသခ်ာစဉ္းစားၿပီးမွ

ဆံုးျဖတ္ေစခ်င္တယ္..ခဏတာစိတ္အခန႔္

မသင့္တာေလာက္ေလးနဲ႔ေတာ့..အေလာတႀကီး

မဆံုးျဖတ္ေစခ်င္ဘူး.."


"ကၽြန္ေတာ္နားလည္ပါတယ္..ကၽြန္ေတာ္ေသခ်ာ

စဉ္းစားၿပီးသြားပါၿပီ.."


"ေကာင္းၿပီေလ..၀င္းရဲ့ဆံုးျဖတ္ခ်က္ကို

အစ္မအေလးထားပါတယ္..အရာရာက

ေကာင္းဖို႔ျဖစ္လာမွာပါ.."


မဇင္ရဲ့ အားေပးစကားေၾကာင့္ စိတ္သက္သာရာ

ရမိေပမဲ့KGနဲ႔လက္တဲြျဖဳတ္ဖို႔ကိုလည္း

ေျခတုန္ခ်တုန္ျဖစ္ေနမိသည္။

ဂီတေမဂ်ာက ကိုယ္လိုသာမာန္‌ဂီတသမားေလး

တစ္ေယာက္ကို "မင္းဆီမွာေအာင္ျမင္ႏိုင္တဲ့

စြမ္းအင္တစ္ခုရိွေနတယ္ဆိုၿပီး..သူတို႔

Entနဲ႔လက္တဲြဖို႔ စတင္ကမ္းခဲ့တဲ့လက္ကို

ျပန္သတိရေနမိတယ္။


အဲ့ဒီ့လူဟာ ေသခ်ာေပါက္မင္းစက္အာဏာပါပဲ။

အျပင္ပန္းမွာ ဘယ္ေလာက္ပဲေအးစက္ေနပါေစ

သူငယ္ခ်င္းျဖစ္သူကို ဘယ္ေသာအခါမွ

မေမ့ခဲ့ပဲ အခုလိုေအာင္ျမင္လာေအာင္

လက္တဲြေခၚခဲ့တယ္။

ဘယ္ေဖ်ာ္ေျဖေရးကုမၸဏီကမွ စိတ္မ၀င္စားခဲ့တဲ့

ကိုယ့္ကို အေရာင္တင္ေပးခဲ့တဲ့လူက

KGေဖ်ာ္ေျဖေရးကုမၸဏီရဲ့ လက္ရိွစီအီးအို

မင္းစက္အာဏာပါပဲ။

ငါ့လုပ္ရပ္ေတြ မွားမ်ားေနလား..


💔💔💔💔💔💔💔


အားငယ္ ၫွိုးႏြမ္းေနေသာမ်က္၀န္းမ်ားႏွင့္

ေကာင္းကင္တြင္ တျဖတ္ျဖတ္လင္းလက္‌ေနေသာ

ၾကယ္ေလးမ်ားကို ၾကၫ့္ေနမိစဉ္မွာ

အိပ္ခန္းတံခါးအေရ႔ွတြင္ ေျခသံၾကားလိုက္၍

၀မ္းသာသြားမိသည္။

၀ရံတာမွအျမန္ထလာလိုက္ၿပီး အခန္းတံခါးကို

ဖြင့္ၾကၫ့္လိုက္မိေတာ့..


"ဟင္..ၾကည္ၾကည္ပါလား.."


"ဟုတ္တယ္...မမဝိုင္း‌ေလးကတစ္ခ်ိန္လံုး

အခန္းေအာင္းေနေတာ့ ၾကည္ၾကည္လာၿပီးအေဖာ္ျပဳေပးတာပါ.."


"ရပါတယ္ၾကည္ၾကည္ရယ္..ဝိုင္းေလး

အဆင္ေျပပါတယ္..ကိုးနာရီထိုးေတာ့မယ္ဆိုေတာ့ သြားအိပ္ေတာ့ေလေနာ္.."


"ဟုတ္ကဲ့ပါ..မမလိုအပ္ရင္အခ်ိန္မေရြး

လာေခၚပါေနာ္.."


"ေအးပါ.."


ၾကည္ၾကည္ထြက္သြားၿပီးေနာက္ ဝိုင္းေလးလည္း

အခန္းတံခါးကို ျပန္ပိတ္လိုက္ၿပီး ေမြ့ယာေပၚသို႔

လွဲခ်လိုက္မိသည္။

ဒီေန့နဲ႔ဆို ႏွစ္ရက္ရိွၿပီ။သူအိမ္ကိုျပန္မလာေသးဘူး။

တကယ္ဆိုရင္ ဝိုင္းေလးကိုဘာေၾကာင့္

စိတ္ဆိုးေနသလဲဆိုတာ ေျပာသင့္တာေပါ့။

အခုေတာ့ ဝိုင္းေလးကိုအလုပ္ထုတ္ပစ္ၿပီး

အိမ္ထဲမွာပဲ ေနခိုင္းတယ္။

သူကိုယ္တိုင္ၾကေတာ့ အိမ္ကိုျပန္မလာဘူး။


အခန္းႀကီးပဲ ေအာင္းမေနခ်င္၍ဆယ္နာရီထိုးေသာအခါ ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္သည္။

ညဘက္ဆိုေတာ့ ‌တစ္အိမ္လံုးကတိတ္ဆိတ္ေနေလသည္။

မီးဖိုခန္းထဲသို႔ သြားကာေခါက္ဆဲြျပဳတ္

တစ္ပန္းကန္လုပ္လိုက္ၿပီး ကိုယ့္ဘာသာပဲထိုင္စားေနလိုက္သည္။


လက္ထက္ၿပီးသြားေပမဲ့ ဝိုင္းေလးရဲ့ဘ၀က

ဘာမွထူးျခားသြားတယ္ရယ္လို႔မရိွဘူး။

တစ္ေန့တစ္ေန့ သူနဲ႔ရန္ျဖစ္ရလိုက္၊သူက

ကိုယ့္ကို စိတ္ဆိုးလိုက္နဲ႔ပဲ လည္ပတ္ေနရတာ။

အခုေတာ့ သူကျပည္ပခရီးထြက္ရတာ

မဟုတ္ပဲနဲ႔ေတာင္ အိမ္ကိုျပန္မလာေတာ့ဘူး။


ေခါက္ဆဲြေတြလည္း စားခ်င္စိတ္မရိွေတာ့၍

ပန္းကန္ကို အျမန္ေဆးလိုက္ၿပီး အျပင္ဘက္သို႔

ထြက္လာခဲ့လိုက္သည္။

ထိုအခ်ိန္၌ ကားဟြန္းသံၾကားလိုက္ၿပီး ၿခံထဲသို႔

ကားတစ္စီးေမာင္း၀င္လာေလသည္။


ဝိုင္းေလး၏ ႏႈတ္ခမ္းထက္၀ယ္အႃပံုးလြင္လြင္

ေလးေပၚလာၿပီးေနာက္ တံခါးမႀကီးဆီသို႔

ေျပးသြားလိုက္မိသည္။

ျဖစ္ခ်င္ေတာ့ အေပၚထပ္မွဆင္းလာတည္းက

အိမ္စီးဖိနပ္ကို စီးမလာခဲ့၍ ေျမေခြးျဖဴေလး

ေလ်ွာက္ေျပးေနတာႏွင့္ပင္ တူေနေတာ့သည္။


ကားရပ္ထားေသာ ေနရာသို႔ေရာက္ေတာ့

ဒါရိုင္ဘာမင္းသစ္က ကိုမင္းစက္ကိုကားေပၚမွ

တဲြခ်လာတာကို ေတြ့လိုက္ရ၍အံ့ဩ

သြားမိေလသည္။

သူမူးလာတာလား။

ကိုယ့္ေျခေထာက္ေပၚကိုယ္မရပ္ႏိုင္ေတာ့

ေလာက္ေအာင္အထိေလ။


"မမေလး..ႏိုးလာေအာင္ကၽြန္ေတာ္လုပ္လိုက္မိၿပီ

ထင္တယ္..ဆရာကပါတီမွာနဲနဲေသာက္လာတာေလ

ကိုေကာင္းသန႔္ေျပာတာေတာ့ အမ်ားႀကီးမဟုတ္

ဘူးတဲ့ ဒါေပမဲ့ဆရာကအရက္ဒဏ္မခံႏိုင္ေတာ့

အမူးလြန္သြားလို႔.."


"မင္းသစ္..မင္းပါးစပ္ကိုပိတ္ၿပီး..ျပန္လိုက္ေတာ့

ငါ့ကိုမ်ားမူးေနတယ္တဲ့ ငါမမူးဘူးကြ..

မင္းဘယ္သူ႔ကိုမူးတယ္လို႔လာေျပာေနတာလဲ.."


"ဟုတ္ပါတယ္..ဆရာမမူးပါဘူး..

ကၽြန္ေတာ္မူးတာပါ.."


ေျပာေတာ့သာ သူမမူးဘူးတဲ့။

လူၾကၫ့္ေတာ့ လ်ွာေတာင္မသလိန္းႏိုင္ဘူး။


"မင္းသြားေတာ့..ငါ့ဘာသာအိမ္ထဲကို

၀င္ႏိုင္တယ္.."


"ျဖစ္လို႔လားဆရာရယ္..

ကၽြန္ေတာ္ေတာ့မထင္ဘူးေနာ္.."


"မင္းေတာ္ေတာ္လ်ွာရွည္တာပဲ..ျဖစ္တယ္ကြာ..

သြားေတာ့.."


မင္းစက္အာဏာက အတင္းေမာင္းထုတ္ေန၍

မင္းသစ္လည္း ကားကိုေမာင္းၿပီးျပန္ထြက္

သြားေလေတာ့သည္။

ဒါရိုင္ဘာ၏ကားေလး ၿခံအျပင္သို႔

ေရာက္ေနပါေသာ္လည္း မင္းစက္ကေတာ့

အခုထိအိမ္ထဲသို႔ မ၀င္ႏိုင္ေသးေပ။

ထိုအစား ဥယ်ာဉ္ရိွေသာဘက္သို႔ 

ေျခဦးလွၫ့္သြားကာ ယိုင္တိယိုင္တိုင္ႏွင့္

ေလ်ွာက္ေနေလသည္။


ဝိုင္းေလးအတြက္ေတာ့ သူ႔ရဲ့ဒီပံုစံကို တစ္ခါမွ

မျမင္ဖူးခဲ့၍ အံ့ဩေနမိသည္။

အလုပ္မွာဆို မ်က္ႏွာႀကီးမာထန္ၿပီး

အၿမဲဆိုက္နဲ႔ဂိုက္နဲ႔ တည္တည္ၾကည္ၾကည္

ေနတတ္သူကအရက္မူးလာတဲ့အခါ 

ပံုစံတစ္မ်ိဳးေျပာင္းသြားသလိုပဲ။


အရက္အရိွန္ေၾကာင့္ ပါးေလးေတြနီရဲေနကာ

မ်က္လံုးေတြကေမွးက်ဉ္းေနၿပီး ေၾကာက္စရာ

‌က်ားႀကီးႏွင့္ မတူေတာ့ပဲ

က်ားေပါက္ကေလးႏွင့္တူေနေလသည္။

သူ႔ကိုမူးေနတယ္လို႔ ေျပာလို႔မရေအာင္ကို

ျပန္ခံပက္တတ္တဲ့ က်ားေပါက္ကေလးေပါ့။

အခုလည္း အိမ္ထဲကို၀င္မဲ့အေရး အျခားဘက္သို႔

လွၫ့္သြားျပန္သည္။


"ကိုမင္းစက္..ရွင္ဘယ္ကိုသြားမလို႔လဲ..."


"အိမ္ထဲကို ၀င္မလို႔ေလ..မေတြ့ဘူးလား..

မင္းတို႔မိန္းမေတြမ်ား အလိုက္ကိုမသိၾကဘူး..

ကိုယ့္လင္သား အိမ္ထဲ၀င္မွာကိုတံခါးေလးေတာင္

မဖြင့္ေပးဘူး..."


"ရွင္ကဘယ္အေပါက္ကေန၀င္ေနလို႔

ကၽြန္မကတံခါး ဖြင့္ေပးရမွာလဲ..

ၾကၫ့္လုပ္အံုး တိုင္နဲ႔ေခါင္းနဲ႔ေဆာင့္မိေနအံုးမယ္.."


ေျပာလို႔ပင္မဆံုးေသးပဲ ေရ႔ွကတိုင္လံုးႀကီးနဲ႔

ေခါင္းေဆာင့္မိသြား၍ အေနာက္သို႔

လွန္က်သြားေလသည္။

ဝိုင္းေလးလည္း ေနာက္ေစ့ပါထပ္ေပါက္မွာ

စိုးလို႔ သူ႔ကိုအျမန္ေျပးထိန္းလိုက္ရသည္။

သူ႔ကိုယ္လံုးႀကီးက ေလးလြန္းအားႀကီးေတာ့

ဝိုင္းေလးပါ အေနာက္သို႔ဖက္ထိုင္လ်ွက္

လဲက်သြား၍ ႃမွီးေၫွာင္ရိုဪဘးေတာင္

ေအာင့္တက္သြားရသည္။


"အား..ကၽြတ္..ကၽြတ္..ငါ့႔မဟုတ္ဘူး..

ရွင့္ဘာသာ တိုင္နဲ႔ေခါင္းနဲ႔ေဆာင့္မိတာ..

ကၽြန္မေပၚကေန ဖယ္ေပးစမ္းပါ

ရွင့္ကိုယ္လံုးႀကီးကို မ..မႏိုင္ဘူး...

လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ၿပီး 

အဲ့ေလာက္ေတာင္ မူးရူးေနေအာင္

ေသာက္ရသလား..."


"မင္းငါ့ကိုမူးတယ္လို႔လာမေျပာနဲ႔ေနာ္

ငါမမူးဘူးကြ.."


"လာျပန္ၿပီ..မမူးရင္လည္းအျမန္ထေတာ့ရွင္.."


ဝိုင္းေလးလည္း သူ႔ကိုယ္လံုးႀကီးရဲ့အေလးဒဏ္ကို

မႏိုင္ေတာ့၍ပိတ္တြန္းလိုက္ေတာ့ 

အျခားတစ္ဖက္ကို 

ေမွာက္လ်ွက္လဲက်သြားေလသည္။


"ေနအံုး...ၿခံေစာင့္ႀကီးကိုသြားေခၚလိုက္အံုးမယ္..

ဒီအတိုင္းဆို မနက္မိုးလင္းတာေတာင္

အိမ္ထဲကို ေရာက္မွာမဟုတ္ဘူး.."


ဝိုင္းေလးက ေကာက္ထလိုက္ေတာ့

သူကလည္း လိုက္ထကာဝိုင္းေလး၏

လက္ကို လွမ္းဆဲြလိုက္ေလသည္။

မ်က္လံုးေမွးေမွးႀကီးႏွင့္ သူကဝိုင္းေလးကို

မၾကည္သလို ၾကၫ့္လာၿပီးတံခါးဘက္သို႔

လက္ၫွိုးထိုးျပလာေလသည္။


"ဘယ္သူ႔မွသြားေခၚစရာမလိုဘူး..ငါ့ဘာသာ

အိမ္ထဲကို ၀င္ႏိုင္တယ္..

ငါ့နာမည္ကမင္းစက္အာဏာပါ..

ငါမလုပ္ႏိုင္တာ ဘာမွမရိွဘူး..

မူးေနတယ္ဆိုၿပီး အထင္လာမေသးနဲ႔ေနာ္

ဒီအိမ္တစ္ပတ္ကိုေတာင္ ပတ္ေျပးျပလိုက္အံုးမယ္

ဘာမွတ္ေနလဲ..အာဏာမင္းစက္ပါကြ.."


ကိုယ့္နာမည္ကိုယ္ေတာင္ ေဇာက္ထိုးေျပာေနတဲ့

လူကမ်ား အိမ္တစ္ပတ္ေျပးျပအံုးမယ္တဲ့။

ဝိုင္းေလးမွာ သူအရက္မူးလာလို႔

စိတ္ဆိုးရမၫ့္အစားရယ္ခ်င္ေနမိသည္။

မင္းစက္အာဏာဆိုတဲ့လူႀကီးက အရက္မူးလာရင္

ဒီလိုပံုစံေပါ့ေလ။

ဒါေၾကာင့္ သူကမူးေအာင္တစ္ခါမွ

မေသာက္တာေနမယ္။

ဘယ္ပဲြပဲတက္တက္ ပဲြထဲမွာခဏပဲ

ေနတတ္သည္ဆိုတာက ေကာလဟာလမဟုတ္ဘူးပဲ။


"အာ့..."


"ဟင္..သတိထားမွေပါ့..ဘာလို႔တံခါးကို

၀င္တိုက္ရတာလဲ..ၿခံေစာင့္ႀကီးကိုမတဲြေစခ်င္လည္း ဝိုင္းေလးကိုေတာ့ တဲြခြင့္ေပးပါေနာ္..

အျပင္မွာအရမ္းေအးတယ္..

ရွင္အေအးပတ္လိမ့္မယ္.."


တံခါးကို မွီၿပီးရပ္ေနေသာေၾကာင့္

 သူ႔လက္ေမာင္းကို တဲြေပးလိုက္ၿပီး အိမ္ထဲသို႔

ဆဲြေခၚလိုက္တဲ့အခ်ိန္မွာ သူကလံုး၀မလႈပ္ပဲ

ေပ၍ရပ္ေနျပန္သည္။


"ဘာျဖစ္ျပန္တာလဲ.."


သူ႔ဘက္သို႔ စိတ္အလိုမက်စြာလွၫ့္ၾကၫ့္လိုက္မိစဉ္မွာ သူကဝိုင္းေလး၏ေျခေထာက္ေတြကို

ေငးစိုက္ၾကၫ့္ေနေလသည္။

ဝိုင္းေလးလည္း ကိုယ့္ေျခေထာက္ကိုယ္

ျပန္ၾကၫ့္လိုက္မိေတာ့မွ ဖိနပ္မစီးထားမွန္းသတိထားလိုက္မိသည္။

ထို႔ေၾကာင့္ ေျမေခြးေလးလိုေျခေခ်ာင္းေတြကို

ကုတ္လိုက္မိေလသည္။


"ဘာလို႔ဖိနပ္ပါးေလးေတာင္ မစီးထားရတာလဲ..

အျပင္မွာေအးတယ္ေလ.."


ဆယ္နာရီခဲြေလာက္ျဖစ္ေန၍ ည၏တိတ္ဆိတ္မႈ

သည္ ပိုးမႊားသံေလးေတြႏွင့္သာ စီညံေနသည္။

ထို႔ေၾကာင့္ သူ႔ရဲ့ေလးလံေသာဂရုဏာသံကို

ေသခ်ာေလးၾကားႏိုင္သည္။

သူ႔ရဲ့အသက္ရႉသံျပင္းျပင္းႏွင့္အတူ ယမကာအနံ႔က

ေလထဲကေန ပ်ံ႔လႊင့္လာၿပီးဝိုင္းေလး၏

ႏွာဖ်ားကို လာရိုက္ခတ္ေနေပမဲ့ ဘာေၾကာင့္မ်ား

မၿငိဳညင္မိရတာလဲဆိုတာ ကိုယ့္ကိုကိုယ္ေတာင္

အံ့ဩေနမိသည္။


"ကိုယ့္ေနာက္ကိုလိုက္ခဲ့..."


သူ႔လက္ေမာင္းကို ကိုင္ထားေသာဝိုင္းေလးရဲ့

လက္ကို ျဖဳတ္ခ်ၿပီးဝိုင္းေလး၏ျဖဴေဖြးေနေသာ

လက္ဖဝါးႏုႏုေလးကို ဆုပ္ကိုင္လိုက္ေသာေၾကာင့္

လူက တုန္ကနဲေတာင္ျဖစ္သြားမိသည္။

ဘယ္သူစိမ္းေယာက္်ားနဲ႔မွ ဒီလိုလက္မတဲြခဲ့ဖူး၍

စိမ္းသက္ေနေသာ ခံစားခ်က္ျဖစ္ေပမဲ့

ရင္ထဲမွာ ေနြးေထြးသြားသလိုပဲ။


ငယ္ငယ္က မိဘမဲ့ေဂဟာကေနအေဖကဝိုင္းေလးရဲ့

လက္ကို တဲြၿပီးဒီလိုမ်ိဳးအိမ္ကိုေခၚသြားခဲ့တာ။

အခုလည္း သူကကိုယ္တိုင္ဒယိမ္းဒယိုင္

ျဖစ္ေနေပမဲ့ ဝိုင္းေလးရဲ့လက္ကိုဆဲြထားတုန္းပဲ။


သူဘာလုပ္မလဲေစာင့္ၾကၫ့္ေနမိစဉ္မွာပဲ အိမ္အတြင္းဘက္ရိွ တံခါးေဘးနားမွာခ်ထားေသာ

ဖိနပ္စင္ေလးေဘးမွာ ထိုင္ခ်လိုက္ၿပီးဖိနပ္ပါးေလး

တစ္ခုကိုေရြးလိုက္ေလသည္။

ၿပီးေနာက္ ဝိုင္းေလး၏ေျခခံုေလးကို သူ႔လက္နဲ႔

အသာမလိုက္ၿပီးေနာက္ ဖိနပ္ပါးေလးကို

စီးေစသည္။


"ရွင္ဘာလုပ္ေနလည္းဆိုတာေရာ သိရဲ့လား.."


"အင္း..သိတယ္.."


ဝိုင္းေလး ႃပံုးလိုက္မိသည္။

တစ္ခ်ိန္လံုး သူ႔ကိုမေက်နပ္တာေတြေတာင္

ကင္းစင္သြားသလိုပါ ခံစားလိုက္ရသည္။

ဒါေပမဲ့ သူကအရက္မူးေနေတာ့ ပံုမွန္အတိုင္းဆို

ဒီလို ခခယယျပဳမူမွာမဟုတ္ဘူးဟု ျပန္ေတြး

လိုက္မိၿပီး ၀မ္းနည္းသြားမိသည္။


အခန္း(၃၁)ဆက္ရန္


စာေရးသူ..ေဆာင္းေငြ့ေဝ

❤️❤️❤️❤️❤️❤️❤️


မူးေတာ့မူးတယ္ မမူးဘူးဆိုတာျပသြားတယ္ေနာ္


ဆရာႀကီးက အိမ္၀င္ေပါက္ၾကမွားၿပီး

မိန္းမကိုဖိနပ္စီးေပးတာၾကေတာ့ တၫ့္ေနေရာ

No comments:

Post a Comment