အခန်း(၂၁)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
"ကြည့်စမ်းငါ့တူလေးအပူလောင်သွားပြီ
နင်ဘယ်လိုလုပ်လိုက်တာလဲ.."
ဒေါ်ခိုင်မိုးမြင့်သည် အခန်းထဲသို့ပြေး၀င်လိုက်ပြီး မေဝိုင်းလေးကိုအော်ထည့်လိုက်လေသည်။
မင်းစက်သည်လည်း ပူလွန်းလို့မျက်နှာကြီး
ရှုံ့မဲ့နေကာ အိင်္ကျီကိုအတင်းဆွဲချွတ်ပြစ်လိုက်တော့ ၀မ်းဗိုက်နေရာတွင်အပူလောင်ထား၍ အနီကွက်ကြီးဖြစ်သွား လေသည်။
မင်းစက်၏၀မ်းဗိုက်မှ အပူလောင်ပြီး
နီသွားသည့်နေရာကို ကြည့်နေရင်းနှင့်
ဒေါ်ခိုင်မိုးမြင့်ဟာ ရင်ထိတ်သွားရကာ
မင်းစက်ကိုလည်း သနားသွားမိသည်။
အပူလောင်အောင်လုပ်လိုက်ပြီး မျက်လုံး
အဝိုင်းသားဖြစ်နေကာ အံ့ဩနေသော
မေဝိုင်းလေးကိုမူ ဒေါသဖြစ်သွားလေသည်။
ရှေ့မကြည့်၊နောက်မကြည့်နှင့် နမော်နမဲ့
နိုင်လွန်းသည်ဟုလည်းတွေးလိုက်ကာ
နဂိုကမှအမြင်မကြည်တာ အခုပိုလို့တောင်
အလိုမကျဖြစ်သွားရသည်။
ရတနာကတော့ သားဖြစ်သူ၏အပူလောင်သွားသည့် နေရာကိုကြည့်ကာ
ကိုယ့်ပါးစပ်ကိုယ်တောင် လက်ဖဝါးနှင့်
အုပ်မိသည်အထိ ထိတ်လန့်သွားသည်။
အသားဖြူသူမို့ အပူနဲ့ထိသည့်နေရာဟာ
ချက်ချင်းကို ရဲတက်သွားခဲ့တာ။
"..သားရယ်..တော်တော်ပူနေမှာပဲနော်
အမေ..ကြည်ကြည်တို့ဆီကိုသွားပြီး
ဆေးသွားတောင်းလိုက်အုံးမယ်.."
"ဟဲ့..ရတနာ..နင်ကအမေလေ..ဘာလို့
နင်ကိုယ်တိုင်သွားရမှာလဲ..
ဒါမျိုးလက်တိုလက်တောင်ခိုင်းတာက..
ချွေးမကိုလုပ်ခိုင်းရတယ်ဟဲ့..
မေဝိုင်းလေး..ကြည်ကြည်တို့ဆီမှာအပူလောင်ရင် လိမ်းတဲ့ဆေးသွားယူလာခဲ့.."
"ဟုတ်ကဲ့..ယူလာခဲ့ပါ့မယ်.."
ကိုမင်းစက်၏အဒေါ်ဖြစ်သူက ဝိုင်းလေးကို
သူ့အိမ်ကအလုပ်သမားကဲ့သို့ လေသံမာမာနှင့်
ပြောနေတာသိပေမဲ့ ကိုယ့်ကြောင့်
သူအပူလောင်သွားတာဆိုသည့်
အပြစ်ရှိစိတ်နှင့် ချက်ချင်းထလာခဲ့လိုက်သည်။
ကုတင်ပေါ်ကမထခင် အပူလောင်သွားသည့်
သူ့ဗိုက်ကို ကြည့်လိုက်မိ၍အခန်းအပြင်သို့
ရောက်သည်နှင့် လေးလံစွာသက်ပြင်း
ချလိုက်မိလေသည်။
"ဘယ့်နှယ့်ရှိစ..မေဝိုင်းလေးရေ..
စေတနာကနေ ဝေဒနာတွေဖြစ်ကုန်ပြီ
ဘာလို့များ လက်ကခွက်ကိုသေချာ
မကိုင်ထားနိုင်ရတာလဲ.."
ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရင်းနှင့်
ကြည်ကြည်တို့ရှိသော မီးဖိုခန်းထဲသို့၀င်လာ
ခဲ့လိုက်သည်။
"ကြည်ကြည်ရေ..အပူလောင်ရင်သက်သာ
အောင်လိမ်းတဲ့ဆေးရှိလား.."
ကြည်ကြည်ကလည်း သိပုံမပေါ်ပဲခေါင်းကုတ်နေလေတော့သည်။
ခဏအကြာမှ အကြံတစ်ခုရသွားပုံနှင့်
အ၀တ်တွေလှမ်းသည့်အပြင်သို့ ထွက်သွား၍
ဝိုင်းလေးလည်း အနောက်မှလိုက်ရလေသည်။
ဒီအိမ်မှာက အိမ်ရှင်အတွက်အ၀တ်
လျှော်စက်တင်မကပဲ အလုပ်သမားတွေအတွက်ပါ
သီးသန့်အ၀တ်လျှော်စက်၊အခြောက်ခံစက်
ရှိလေသည်။
ဒါပေမဲ့ အ၀တ်လျှော်စက်ဆိုတာလည်း
ကိုယ်တိုင်လက်နဲ့လျှော်တာလောက်တော့
ဘယ်ပြောင်ပါ့မလဲ။
ဒီတော့ အချို့အလုပ်သမားတွေဟာ
အ၀တ်တွေကို ကိုယ်တိုင်လျှော်ပြီး
အိမ်ကြီးနှင့် နည်းနည်းလှမ်းသည့်
နေရာမှာ လာလှန်းလေ့ရှိကြသည်။
အခုလည်း သူတို့အ၀တ်လှန်းကြသည့်
နေရာအထိ ကြည်ကြည်တစ်ယောက်
ပြေးသွားနေ၍ ဝိုင်းလေးလည်း
အနောက်မှပြေးလိုက်ရလေသည်။
ကြည်ကြည်သည် အ၀တ်တွေလှန်းနေသော
ဒေါ်စိမ်းကြည်၏အနားသို့ သွားကာ
"အန်တီစိမ်းရေ..အပူလောင်ရင်လိမ်းတဲ့ဆေး
အိမ်မှာရှိလား..ဘယ်နားမှာထားလဲ.."
ကြည်ကြည်ကမေးလိုက်တော့ အန်တီစိမ်းကလည်း အ၀တ်လှမ်းနေတာကို ရပ်တန့်လိုက်ကာ
ခဏမျှစဉ်းစားလိုက်ပြီးနောက်
"ဆေးသေတ္တာထဲမှာတော့ အဲ့ဆေးမရှိဘူးဟဲ့
ဒါပေမဲ့ ဟိုနေ့က တင်တက်အပူလောင်လို့
ငါ၀ယ်ထားတာတော့ရှိတယ်
နေအုန်းငါ့အိပ်ခန်းထဲမှာ သိမ်းထားတာ
ရှာပြီးပေးလိုက်မယ်.."
အန်တီစိမ်းကအားတက်သရော ပြောလိုက်တော့ ဝိုင်းလေးလည်း၀မ်းသာလွန်း၍
ပြုံးလိုက်မိလေသည်။
"ကျေးဇူးပဲအန်တီစိမ်းရေ..ကိုမင်းစက်
အပူလောင်လို့..အခုလိမ်းမှဖြစ်မှာမို့ပါ
နောက်မှပြန်၀ယ်ပေးပါ့မယ်နော်.."
"ဟယ်..ဆရာအပူလောင်တာလား..
အဲ့ဒါဆိုမြန်မြန်သွားရအောင်.."
ညကသူခေါင်းပေါက်ပြီး ခါးနာသွား၍
အခုမနက်စောစော ဆရာ၀န်ကိုအိမ်အထိ
ပင့်ပေးထားခဲ့ရသည်။
အခုထပ်ပြီး အပူလောင်ပြန်ပြီ။
ကောလဟာလတွေအရ ထက်မြက်ပြီး
ဘာလုပ်လုပ်အောင်မြင်တတ်သည့်
လက်ကီးဘွိုင်းမင်းစက်အာဏာလည်း
ဝိုင်းလေးနဲ့တွေ့မှ အမျိုးမျိူးကိုကံဆိုးနေတော့တာပဲ။
အန်တီစိမ်း၊ကြည်ကြည်နှင့်အတူ သုံးယောက်သား အပြေးအလွှားနှင့်ဆေးသွားယူကြပြီး
အပေါ်ထပ်ကို တက်မယ်လုပ်တော့
အန်တီခိုင်မိုးမြင့်က ခြေသန်ခပ်စောင့်စောင့်နှင့် လှေကားပေါ်မှဆင်းလာလေသည်။
ဝိုင်းလေးကိုလည်း မနာလိုမုန်းတီးစွာ
စိုက်ကြည့်နေတာမှန်း သတိထားလိုက်မိသည်။
ဒါပေမဲ့ တစ်ခါတစ်လေအိမ်ကိုလာသည့်သူမို့
မသိချင်ယောင်ပဲ ဆောင်နေလိုက်ကာ
အပေါ်ထပ်သို့ တက်ရန်သူ့ဘေးနားမှ
ဖြတ်လျှောက်တော့ ဝိုင်းလေး၏လက်မောင်းကို ဖမ်းဆုပ်လိုက်ကာ လေးကားအောက်
တစ်ဆင့်သို့ ယိုင်ကျသည်အထိ ပြန်ဆွဲချလာသည်။
"ဟယ်..မမဝိုင်းလေး.."
ကြည်ကြည်နှင့်အန်တီစိမ်းကလည်း
အနောက်မှ ထပ်ကြပ်မခွာလိုက်လာကြသည်မို့ အခြေအနေအရပ်ရပ်ကိုမြင်ကာ
ဝိုင်းလေးပြုတ်ကျမည်ကို စိုးရိမ်သွားကြလေသည်။
"နင်ကတော်တော်ကိုအသုံးမကျတာပဲနော်
ငါ့တူကို အပူလောင်အောင်လည်းလုပ်သေးတယ်
..ဆေးပူးလေးသွားယူခိုင်းတော့လည်း
ကြာလိုက်တာပြောမနေနဲ့..သေမဲ့လူဆို
သေနေလောက်ပြီ.."
"..လိမ်းဆေးက
ဆေးသေတ္တာထဲမှာမရှိဘူး..ဒါကြောင့်
သူများဆီကသွားယူနေရလို့ကြာသွားတာပါ"
ပြဿနာမဖြစ်ချင်တာကြောင့် အတတ်နိုင်ဆုံး
ကိုယ့်ဘက်ကနေ လျှော့ထားလိုက်မိသည်။
ဒေါ်ခိုင်မိုးမြင့်က ကိုမင်းစက်ရဲ့အဒေါ်အရင်း
ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်
ပြေပြေလည်လည်ပဲ ဖြစ်ချင်သည်။
"ဆင်ခြေတွေလာပေးမနေပါနဲ့..မေဝိုင်းလေး
နင်ကငါ့တူကိုလုပ်ကြံပြီး သူ့ရဲ့ပစ္စည်းဥစ္စာတွေကို အပိုင်ချိုင်ချင်နေတာမဟုတ်လား.."
"အန်တီအထင်လွဲနေပြီး..ဝိုင်းလေးမှာ
အဲ့လိုစိတ်မျိုးလုံး၀မရှိဘူး..အခုကလည်း
အန်တီတို့ကအခန်းတံခါးကို အလောတကြီး
တွန်းဖွင့်လိုက်ကြတော့ ရုတ်တရက်လန့်ပြီး
မတော်တဆဖြစ်သွားတာပါ.."
"နင့်စကားကိုငါကယုံမယ်များမှတ်နေလား
အပူလောင်တာက ခဏထားရင်ထားလို့ရမယ်
သူ့ခေါင်းက ဒဏ်ရာကတော့ထားလိုက်လို့
မရဘူး..ကိုစက်ကတော့မတော်တဆဖြစ်ပြီး
ရေချိုးခန်းထဲမှာ ချော်လဲတာလို့ပြောလိုက်ပေမဲ့
..ငါလုံး၀မယုံဘူး..မှန်မှန်ပြောစမ်း..
ကိုစက်ရဲ့ခေါင်းဒဏ်ရာက နင်လုပ်လိုက်တာ
မဟုတ်လား.."
ဝိုင်းလေးလည်းအမှန်တကယ် ကိုယ့်ကြောင့်
ဖြစ်သွားတာမို့ လိမ်လည်းမလိမ်ချင်သလို
အမှန်အတိုင်းလည်းမပြောချင်၍
ငြိမ်၍သာနေလိုက်သည်။
ထိုသို့ ငြိမ်နေလိုက်ခြင်းကဒေါ်ခိုင်မိုးမြင့်ကို
ပို၍ ဒေါသထွက်သွားစေသည်ထင်ပါရဲ့
လက်ညှိုးငေါက်ငေါက်ထိုးကာ
ပို၍ရန်ရှာလာလေသည်။
"ကြည့်စမ်း..လူကြီးကစကားပြောနေတာကို
ပြန်ပြောချင်သလို မပြောချင်သလိုနဲ့
အခုလိုငြိမ်နေတယ်ဆိုတည်းက ငါ့တူလေးရဲ့
ခေါင်းကဒဏ်ရာကနင့်ကြောင့်ဆိုတာ
သေချာသွားပြီ.."
"ဒီမှာအန်တီ..သူများလင်မယားကြားက
ကိစ္စကို အန်တီသိပ်ပြီး၀င်မပါသင့်ဘူးလို့
ထင်တယ်.."
ဝိုင်းလေးလည်း စိတ်မရှည်တော့၍
ပက်ခနဲပြန်ပြောလိုက်မိလေသည်။
ထိုအခါ အန်တီခိုင်မိုးမြင့်ကပို၍ဒေါ်သ
ထွက်သွားပုံပေါ်ကာ လက်သီးတွေပါဆုပ်ပြီး
မျက်လုံးမျက်ဆံတွေပြူးကျယ်လာကာ
အခုပဲ ကဆုန်ပေါက်တော့မလိုဖြစ်လာသည်။
"အမယ်လေး..နင်ကပဲငါ့ကိုပြန်ခံပြောရတယ်ရှိသေး
ချစ်သက်လျှာလိုဆရာ၀န်မတောင်ငါ့ကို
ဒီလိုရိုင်းရိုင်းစိုင်းစိုင်းမပြောဖူးဘူး
နင်ကဘာကောင်မမို့လို့ငါ့ကို ဒီလိုအပြောတွေ၊
အချိုးတွေလာလုပ်ပြနေတာလဲ..
အိမ်ရှေ့မှာ လာတောင်းစားတဲ့
သူတောင်းစားအဆင့်လောက်ပဲရှိတဲ့ဟာကများ.."
ဒီတစ်ခါတော့ ဒေါသမျက်၀န်းများဖြင့်မော့ကြည့်လိုက်သူမှာ မေဝိုင်းလေးဖြစ်သည်။
လက်သီးကို ဆုပ်ထားမိသည်မှာ လက်သည်းတွေ
တောင် အသားထဲသို့စိုက်၀င်လောက်သည်အထိ
အားပါလာခဲ့သည်။
"အန်တီမမိုက်ရိုင်းနဲ့နော်..လူကြီးဖြစ်ပြီး
စကားကိုဆင်ခြင်ပြီးပြော.."
"နင်ငါ့ကိုလာပြီးသင်ပြစရာမလိုဘူး..
နင်တို့လိုမျိုး သူများဆီမှာအကျွေးမယူထားတဲ့အတွက်..ပြောစရာရှိတာပြောရမှာပဲ
ဘာမှငဲ့ကွက်နေစရာအကြောင်းမရှိဘူး..
အထူးသဖြင့်ကိုယ့်ထက်အဆင့်နိမ့်တဲ့
လူတွေကို ဘာငဲ့ကွက်စရာရှိလဲ
နင်တို့တစ်မိသားစုလုံးက အောက်တန်းစားတွေလေ
ငွေအရမ်းလိုနေလို့ ချေးပေးထားတာကို
အခွင့်ကောင်းယူပြီး အကျွေးဆပ်သလိုလိုနဲ့
သမီးဖြစ်သူကို ထိုးကျွေးလိုက်တာကို
ငါမသိရင်ခက်မယ်..
အခုလည်းနင့်အကြံကငါ့တူကို တစ်နည်းမဟုတ်တစ်နည်းနဲ့လုပ်ကြံပြီး စည်းစိမ်တွေကို
အပိုင်လိုချင်လို့ မဟုတ်လား..."
ဒေါ်ခိုင်မိုးမြင့်၏စွပ်စွဲမှုကြောင့် အိမ်အတွင်းပိုင်းမှာ အလုပ်လုပ်နေကြသည့် သူများသည်
တမျိုးတမည်ထင်သော မျက်လုံးများနှင့်
ကြည့်လာ၍ ဝိုင်းလေးသိပ်ရှက်တာပဲ။
ဒီနေရာကနေ ချက်ချင်းထွက်ပြေးချင်စိတ်တွေတောင်ပေါက်လာမိသည်အထိပါပဲ။
"အစ်မ..နင်ဘာတွေပြောနေတာလဲ.."
ထိုအချိန်မှာ အပေါ်ထပ်မှအန်တီရတနာ
ဆင်းလာခဲ့လေသည်။
ဒေါ်ခိုင်းမိုးမြင့်ဘက်ကတော့ မာန်မလျှော့သေးပဲ
ဝိုင်းလေးကို လက်ညှိုးထိုးပြီးစွပ်စွဲလာပြန်သည်။
"ဘာတွေပြောရမှာလဲ..တရားခံကို
စစ်ဆေးနေတာလေ..နင့်သားအခုလို
ခေါင်းပေါက်တာ ဒင်းကြောင့်ဆိုတာသေချာတယ်..
ရတနာ..နောက်မှငါသတိမပေးဘူးလို့
မပြောနဲ့နော်..ဒီကောင်မလေးကိုချွေးမတော်ထားတာက မြွေပွေးကိုခါးပိုက်ပိုက်ထားတာထက်
ဆိုးလိမ့်မယ်ဟဲ့..."
"အစ်မရယ်..မဟုတ်တာတွေလျှောက်မပြောပါနဲ့
ဒီကိစ္စကို ကျွန်မလမ်းရောက်မှရှင်းပြပါ့မယ်
ဝိုင်းလေးရေ..အမေ့ရဲ့အစ်မကအဲ့လိုပဲ
မထင်ရင်မထင်သလို လျှောက်ပြောတတ်တယ်
စိတ်ထဲဘာမှမထားနဲ့နော်..အမေတို့
ပြန်လိုက်အုံးမယ်..."
ယောက္ခမဆိုတာလည်း မိခင်လိုသဘောထားရမည်
ဆိုတဲ့အတိုင်း အန်တီရတနာကတော့အမေဆိုပြီး
သူ့ကိုယ်သူ သုံးနှုန်းခဲ့ကာ အိမ်ထဲမှအလောတကြီး
ထွက်သွားခဲ့လေသည်။
ဝိုင်းလေးလည်း စိတ်တွေသိပ်မကြည်ပေမဲ့
ကိုမင်းစက်ကို ဆေးလိမ်းပေးဖို့အပေါ်သို့
ပြန်တက်လာခဲ့လိုက်သည်။
သူ့အိပ်ခန်းထဲသို့ ၀င်လိုက်တော့အပေါ်အင်္ကျီ
ကျွတ်ကြီးနဲ့ အလုပ်လုပ်နေပြန်တဲ့ ကိုမင်းစက်ကို
တွေ့လိုက်ရသည်။
ဝိုင်းလေး ထပ်မံ၍သက်ပြင်းချလိုက်မိလေသည်။
ဒီအိမ်မှာ ဝိုင်းလေးဘယ်သူ့ကိုမှမနိုင်သလို
ကိုယ့်စကားဆိုလည်းဘယ်သူမှ နားမထောင်ကြဘူး။
ခုဏကတော့ ပူလို့အသဲအသန်ဖြစ်နေပြီး
အခုကြတော့ လက်ပ်တော့တစ်လုံးနှင့်
အလုပ်ရှုပ်နေပြန်သည်။
"ဒီမှာ ဆေးလိမ်းဖို့ယူလာတယ်.."
သူ့မျက်နှာရှေ့တည့်တည့်သို့ ဆေးဗူးကိုမြှောက်ပြ
လိုက်တော့ ဝိုင်းလေးကိုမော့ကြည့်လာလေသည်။
ပြီးနောက် ဆေးဗူးကိုယူလိုက်ပြီး လက်ပ်တော့ကိုတော့ ဝိုင်းလေးဘက်သို့လှည့်ပေးလာသည်။
"မင်းလည်းစီမံဘက်ကလူဆိုတော့ စားရင်းပိုင်းတော့ နိုင်မှာပဲ..ကိုယ့်ကိုဒါလေးတစ်ချက်လောက်
စစ်ပေးပါလား..."
"ကောင်းပြီ စစ်ပေးမယ်..."
သူကဆေးလိမ်းရအုံးမှာမို့ ဝိုင်းလေးလည်း
ကုတင်အောက်တွင် ဒူးထောင်ထိုင်ချလိုက်ကာ
ကုတင်ပေါ်သို့ လက်တင်၍စာရင်းတွေကို
စစ်ကြည့်လိုက်မိသည်။
"မျက်နှာမကောင်းပါလား..ဘာဖြစ်လာတာလဲ.."
သူဟာအိင်္ကျီကိုပြန်၀တ်လိုက်ပြီး ဝိုင်းလေး၏
မျက်နှာကိုလည်း အကဲခတ်လာလေသည်။
သူ့အဒေါ်နဲ့ပြဿနာဖြစ်ခဲ့တာဆိုတော့
အဒေါ်နဲ့တူကြားမှာ ရန်တိုက်သလိုမဖြစ်ချင်၍
နှုတ်ဆိတ်၍သာ နေလိုက်သည်။
"ကိုယ်မေးနေတာဖြေလေ.."
"ဘာမှမဖြစ်ပါဘူး..ဒီအတိုင်းပဲစိတ်မကြည်လို့.."
"ဘာလဲ..ဒေါ်လေးကရန်ရှာလိုက်လို့လား.."
တိုက်ရိုက်မေးချလိုက်သောကြောင့် အံ့ဩစွာ
သူ့ကိုကြည့်လိုက်မိတော့ သူခန့်မှန်းတာမှန်သွား
သလိုပုံနှင့် မျက်ခုံးပင့်ပြလေသည်။
"ဒေါ်လေးက..နည်းနည်းစကားပြောရ
သိပ်မကောင်းဘူး..ဇီဇာလည်းကြောင်တယ်
နောက်တစ်ခါသူနဲ့ထိပ်တိုက်မတွေ့မိအောင်နေ
စရိုက်ကြမ်းတော့ သူ့ရဲ့စကားကြမ်းတွေကို
မင်းခံနိုင်မှာမဟုတ်ဘူး.."
သူ့အဒေါ်အကြောင်းကို သေချာသိနေသောပုံနှင့်
ဝိုင်းလေးကို သတိပေးလာလေသည်။
ဟုတ်ပါတယ်။လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတော့
တစ်မိတည်းမွေးပေမဲ့ စရိုက်ချင်းက
ဘယ်တူနိုင်ပါ့မလဲ။
အန်တီရတနာဆိုရင် အရမ်းစိတ်သဘောထား
ပြည့်၀တာ အဲ့ဒီ့ဒေါ်ခိုင်မိုးမြင့်ကြီးနဲ့တော့
တစ်ခြားစီပဲ။
နောက်လည်း အဲ့ဒီမိန်းမကြီးကဝိုင်းလေးကို
တွေ့တိုင်းပြဿနာရှာနိုင်သည်မို့
ထိပ်တိုက်မတွေ့အောင် နေလိုက်တာပဲ
အေးမှာပါလေ။
"စာရင်းတွေကအကုန်မှန်ပါတယ်.."
"အင်း..ကူညီပေးလို့ကျေးဇူးပဲ.."
သူ့ဆီကနေ ပထမဆုံးကျေးဇူးတင်စကားကို
ကြားလိုက်ရတာပဲ။
သူ့မျက်နှာကို မော့ကြည့်လိုက်တော့
ခေါင်းမှာပတ်တီးပက်ထားတာတောင်
ကြည့်ကောင်းနေသည်။
တကယ်လည်း သူလိုလူနဲ့ဝိုင်းလေးဟာ
မထိုက်တန်ပါဘူး။
သူပိုင်တဲ့အိမ်၊သူပိုင်တဲ့ဥယျာဉ်၊ကားနဲ့
ကုမ္ပဏီကအစ အထင်ကြီးလောက်စရာပါပဲ။
ဝိုင်းလေးမှာတော့ ဘာဆိုဘာမှမရှိဘူး။
"မင်း..အလုပ်ဆင်းရအုံးမယ်..မဟုတ်လား.."
"အင်း..ဟုတ်တယ်.."
"ဘယ်ဌာနမှာလုပ်မယ်လို့ဆုံးဖြတ်ထားလဲ.."
"ဗဟို၀န်ဆောင်မှုမှာ..."
ဗဟို၀န်ဆောင်မှုလို့ ပြောလိုက်တော့သူက
တစ်ခုခုကို စဉ်းစားလိုက်လေသည်။
ပြီးနောက် ဝိုင်းလေးကိုပြန်ကြည့်လာကာ
"ဒါဆိုရင် ဒီနေ့အလုပ်ကိုစောစောသွား
ဒီနေ့မြေနီကုန်းကစင်တာမှာ မိတ်ဆက်ပွဲတစ်ခုရှိတယ် အဆိုတော်နွေဦးလေပြည်လေ..
သိတယ်မဟုတ်လား...ဒီပွဲကပရိတ်သတ်အာရုံစိုက်နေတဲ့ ပွဲမို့..ပါ၀င်နိုင်အောင်လုပ်..ဒါဆိုပိုပြီး
နာမည်ရလိမ့်မယ်..."
"နွေဦးလေပြည်ဟုတ်လား..."
"ဟုတ်တယ်...မင်းသူ့ကိုသိလား.."
သိပ်သိတာပေါ့။သူဟာဝိုင်းလေးအပေါ်မှာ
အရမ်းကောင်းမွန်ပေးခဲ့တဲ့ လူတစ်ယောက်ပဲဥစ္စာ။
"ကျွန်မသူ့ကိုသိပါတယ်..သူကနာမည်ကြီးပဲလေ.."
ကိုယ့်အမျိုးသားကိုတော့ အမှန်အတိုင်းပြောလို့
မဖြစ်တဲ့ကိစ္စမို့ သာမာန်သိရုံလောက်ပုံစံ
ဖမ်းလိုက်ရသည်။
"ဒါပေမဲ့ ဒီနေ့အလုပ်သွားလို့မဖြစ်ဘူးထင်တယ်
ရှင်ကနေထိုင်လို့မှမကောင်းတာ.."
"ကိုယ့်ကိုစိတ်မပူနဲ့..ဒီပတ်တီးကလည်း
မင်းစည်းခိုင်းလို့ဆရာ၀န်ကစည်းပေးသွားတာ
ဒဏ်ရာက သေးသေးလေးကို...
အလုပ်သာနောက်မကျစေနဲ့...အမှားတစ်ခုခု
ဖြစ်တာနဲ့ အလုပ်ထုတ်မယ်လို့ကိုယ်ကြို
ပြောထားပြီးသားနော်..."
အလုပ်နဲ့ပတ်သတ်ရင် အမှားမခံနိုင်စွာ
လာခြိမ်းခြောက်နေ၍ သူ့ကိုမျက်စောင်းထိုး
ပြစ်ခဲ့ပြီးရေချိုးခန်းထဲသို့သာ ၀င်လိုက်တော့သည်။
စိတ်တွေလည်း အရမ်းလှုပ်ရှားနေမိတယ်။
နှစ်တွေအများကြီးကြာသည်အထိ ကွဲကွာခဲ့ရတဲ့
မိတ်ဆွေဟောင်းကြီးကို တကယ်ပဲတွေ့ရတော့မှာပါလား။
"ကိုဦးကရော..ငါ့ကိုမှတ်မိပါ့မလား.."
🔥🔥🔥🔥🔥🔥🔥
ကိုဦးနဲ့ပြန်တွေ့နိုင်မလား???
အခန်း(၂၂) ဆက်ရန်
=========================================================================
အခန္း(၂၁)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
"ၾကၫ့္စမ္းငါ့တူေလးအပူေလာင္သြားၿပီ
နင္ဘယ္လိုလုပ္လိုက္တာလဲ.."
ေဒၚခိုင္မိုးျမင့္သည္ အခန္းထဲသို႔ေျပး၀င္လိုက္ၿပီး ေမဝိုင္းေလးကိုေအာ္ထၫ့္လိုက္ေလသည္။
မင္းစက္သည္လည္း ပူလြန္းလို႔မ်က္ႏွာႀကီး
ရႈံ႔မဲ့ေနကာ အိက်ႌကိုအတင္းဆဲြခၽြတ္ျပစ္လိုက္ေတာ့ ၀မ္းဗိုက္ေနရာတြင္အပူေလာင္ထား၍ အနီကြက္ႀကီးျဖစ္သြား ေလသည္။
မင္းစက္၏၀မ္းဗိုက္မွ အပူေလာင္ၿပီး
နီသြားသၫ့္ေနရာကို ၾကၫ့္ေနရင္းႏွင့္
ေဒၚခိုင္မိုးျမင့္ဟာ ရင္ထိတ္သြားရကာ
မင္းစက္ကိုလည္း သနားသြားမိသည္။
အပူေလာင္ေအာင္လုပ္လိုက္ၿပီး မ်က္လံုး
အဝိုင္းသားျဖစ္ေနကာ အံ့ဩေနေသာ
ေမဝိုင္းေလးကိုမူ ေဒါသျဖစ္သြားေလသည္။
ေရ႔ွမၾကၫ့္၊ေနာက္မၾကၫ့္ႏွင့္ နေမာ္နမဲ့
ႏိုင္လြန္းသည္ဟုလည္းေတြးလိုက္ကာ
နဂိုကမွအျမင္မၾကည္တာ အခုပိုလို႔ေတာင္
အလိုမက်ျဖစ္သြားရသည္။
ရတနာကေတာ့ သားျဖစ္သူ၏အပူေလာင္သြားသၫ့္ ေနရာကိုၾကၫ့္ကာ
ကိုယ့္ပါးစပ္ကိုယ္ေတာင္ လက္ဖဝါးႏွင့္
အုပ္မိသည္အထိ ထိတ္လန႔္သြားသည္။
အသားျဖဴသူမို႔ အပူနဲ႔ထိသၫ့္ေနရာဟာ
ခ်က္ခ်င္းကို ရဲတက္သြားခဲ့တာ။
"..သားရယ္..ေတာ္ေတာ္ပူေနမွာပဲေနာ္
အေမ..ၾကည္ၾကည္တို႔ဆီကိုသြားၿပီး
ေဆးသြားေတာင္းလိုက္အံုးမယ္.."
"ဟဲ့..ရတနာ..နင္ကအေမေလ..ဘာလို႔
နင္ကိုယ္တိုင္သြားရမွာလဲ..
ဒါမ်ိဳးလက္တိုလက္ေတာင္ခိုင္းတာက..
ခၽြေးမကိုလုပ္ခိုင္းရတယ္ဟဲ့..
ေမဝိုင္းေလး..ၾကည္ၾကည္တို႔ဆီမွာအပူေလာင္ရင္ လိမ္းတဲ့ေဆးသြားယူလာခဲ့.."
"ဟုတ္ကဲ့..ယူလာခဲ့ပါ့မယ္.."
ကိုမင္းစက္၏အေဒၚျဖစ္သူက ဝိုင္းေလးကို
သူ႔အိမ္ကအလုပ္သမားကဲ့သို႔ ေလသံမာမာႏွင့္
ေျပာေနတာသိေပမဲ့ ကိုယ့္ေၾကာင့္
သူအပူေလာင္သြားတာဆိုသၫ့္
အျပစ္ရိွစိတ္ႏွင့္ ခ်က္ခ်င္းထလာခဲ့လိုက္သည္။
ကုတင္ေပၚကမထခင္ အပူေလာင္သြားသၫ့္
သူ႔ဗိုက္ကို ၾကၫ့္လိုက္မိ၍အခန္းအျပင္သို႔
ေရာက္သည္ႏွင့္ ေလးလံစြာသက္ျပင္း
ခ်လိုက္မိေလသည္။
"ဘယ့္ႏွယ့္ရိွစ..ေမဝိုင္းေလးေရ..
ေစတနာကေန ေဝဒနာေတျြဖစ္ကုန္ၿပီ
ဘာလို႔မ်ား လက္ကခြက္ကိုေသခ်ာ
မကိုင္ထားႏိုင္ရတာလဲ.."
ကိုယ့္ကိုကိုယ္သာ အျပစ္တင္ရင္းႏွင့္
ၾကည္ၾကည္တို႔ရိွေသာ မီးဖိုခန္းထဲသို႔၀င္လာ
ခဲ့လိုက္သည္။
"ၾကည္ၾကည္ေရ..အပူေလာင္ရင္သက္သာ
ေအာင္လိမ္းတဲ့ေဆးရိွလား.."
ၾကည္ၾကည္ကလည္း သိပံုမေပၚပဲေခါင္းကုတ္ေနေလေတာ့သည္။
ခဏအၾကာမွ အႀကံတစ္ခုရသြားပံုႏွင့္
အ၀တ္ေတြလွမ္းသၫ့္အျပင္သို႔ ထြက္သြား၍
ဝိုင္းေလးလည္း အေနာက္မွလိုက္ရေလသည္။
ဒီအိမ္မွာက အိမ္ရွင္အတြက္အ၀တ္
ေလ်ွာ္စက္တင္မကပဲ အလုပ္သမားေတြအတြက္ပါ
သီးသန႔္အ၀တ္ေလ်ွာ္စက္၊အေျခာက္ခံစက္
ရိွေလသည္။
ဒါေပမဲ့ အ၀တ္ေလ်ွာ္စက္ဆိုတာလည္း
ကိုယ္တိုင္လက္နဲ႔ေလ်ွာ္တာေလာက္ေတာ့
ဘယ္ေျပာင္ပါ့မလဲ။
ဒီေတာ့ အခ်ိဳ႕အလုပ္သမားေတြဟာ
အ၀တ္ေတြကို ကိုယ္တိုင္ေလ်ွာ္ၿပီး
အိမ္ႀကီးႏွင့္ နည္းနည္းလွမ္းသၫ့္
ေနရာမွာ လာလွန္းေလ့ရိွၾကသည္။
အခုလည္း သူတို႔အ၀တ္လွန္းၾကသၫ့္
ေနရာအထိ ၾကည္ၾကည္တစ္ေယာက္
ေျပးသြားေန၍ ဝိုင္းေလးလည္း
အေနာက္မွေျပးလိုက္ရေလသည္။
ၾကည္ၾကည္သည္ အ၀တ္ေတြလွန္းေနေသာ
ေဒၚစိမ္းၾကည္၏အနားသို႔ သြားကာ
"အန္တီစိမ္းေရ..အပူေလာင္ရင္လိမ္းတဲ့ေဆး
အိမ္မွာရိွလား..ဘယ္နားမွာထားလဲ.."
ၾကည္ၾကည္ကေမးလိုက္ေတာ့ အန္တီစိမ္းကလည္း အ၀တ္လွမ္းေနတာကို ရပ္တန႔္လိုက္ကာ
ခဏမ်ွစဉ္းစားလိုက္ၿပီးေနာက္
"ေဆးေသတၲာထဲမွာေတာ့ အဲ့ေဆးမရိွဘူးဟဲ့
ဒါေပမဲ့ ဟိုေန့က တင္တက္အပူေလာင္လို႔
ငါ၀ယ္ထားတာေတာ့ရိွတယ္
ေနအုန္းငါ့အိပ္ခန္းထဲမွာ သိမ္းထားတာ
ရွာၿပီးေပးလိုက္မယ္.."
အန္တီစိမ္းကအားတက္သေရာ ေျပာလိုက္ေတာ့ ဝိုင္းေလးလည္း၀မ္းသာလြန္း၍
ႃပံုးလိုက္မိေလသည္။
"ေက်းဇူးပဲအန္တီစိမ္းေရ..ကိုမင္းစက္
အပူေလာင္လို႔..အခုလိမ္းမျွဖစ္မွာမို႔ပါ
ေနာက္မျွပန္၀ယ္ေပးပါ့မယ္ေနာ္.."
"ဟယ္..ဆရာအပူေလာင္တာလား..
အဲ့ဒါဆိုျမန္ျမန္သြားရေအာင္.."
ညကသူေခါင္းေပါက္ၿပီး ခါးနာသြား၍
အခုမနက္ေစာေစာ ဆရာ၀န္ကိုအိမ္အထိ
ပင့္ေပးထားခဲ့ရသည္။
အခုထပ္ၿပီး အပူေလာင္ျပန္ၿပီ။
ေကာလဟာလေတြအရ ထက္ျမက္ၿပီး
ဘာလုပ္လုပ္ေအာင္ျမင္တတ္သၫ့္
လက္ကီးဘြိုင္းမင္းစက္အာဏာလည္း
ဝိုင္းေလးနဲ႔ေတြ့မွ အမ်ိဳးမ်ိူးကိုကံဆိုးေနေတာ့တာပဲ။
အန္တီစိမ္း၊ၾကည္ၾကည္ႏွင့္အတူ သံုးေယာက္သား အေျပးအလႊားႏွင့္ေဆးသြားယူၾကၿပီး
အေပၚထပ္ကို တက္မယ္လုပ္ေတာ့
အန္တီခိုင္မိုးျမင့္က ေျခသန္ခပ္ေစာင့္ေစာင့္ႏွင့္ ေလွကားေပၚမွဆင္းလာေလသည္။
ဝိုင္းေလးကိုလည္း မနာလိုမုန္းတီးစြာ
စိုက္ၾကၫ့္ေနတာမွန္း သတိထားလိုက္မိသည္။
ဒါေပမဲ့ တစ္ခါတစ္ေလအိမ္ကိုလာသၫ့္သူမို႔
မသိခ်င္ေယာင္ပဲ ေဆာင္ေနလိုက္ကာ
အေပၚထပ္သို႔ တက္ရန္သူ႔ေဘးနားမွ
ျဖတ္ေလ်ွာက္ေတာ့ ဝိုင္းေလး၏လက္ေမာင္းကို ဖမ္းဆုပ္လိုက္ကာ ေလးကားေအာက္
တစ္ဆင့္သို႔ ယိုင္က်သည္အထိ ျပန္ဆဲြခ်လာသည္။
"ဟယ္..မမဝိုင္းေလး.."
ၾကည္ၾကည္ႏွင့္အန္တီစိမ္းကလည္း
အေနာက္မွ ထပ္ၾကပ္မခြာလိုက္လာၾကသည္မို႔ အေျခအေနအရပ္ရပ္ကိုျမင္ကာ
ဝိုင္းေလးျပဳတ္က်မည္ကို စိုးရိမ္သြားၾကေလသည္။
"နင္ကေတာ္ေတာ္ကိုအသံုးမက်တာပဲေနာ္
ငါ့တူကို အပူေလာင္ေအာင္လည္းလုပ္ေသးတယ္
..ေဆးပူးေလးသြားယူခိုင္းေတာ့လည္း
ၾကာလိုက္တာေျပာမေနနဲ႔..ေသမဲ့လူဆို
ေသေနေလာက္ၿပီ.."
"..လိမ္းေဆးက
ေဆးေသတၲာထဲမွာမရိွဘူး..ဒါေၾကာင့္
သူမ်ားဆီကသြားယူေနရလို႔ၾကာသြားတာပါ"
ျပႆနာမျဖစ္ခ်င္တာေၾကာင့္ အတတ္ႏိုင္ဆံုး
ကိုယ့္ဘက္ကေန ေလ်ွာ့ထားလိုက္မိသည္။
ေဒၚခိုင္မိုးျမင့္က ကိုမင္းစက္ရဲ့အေဒၚအရင္း
ျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္
ေျပျပေလည္လည္ပဲ ျဖစ္ခ်င္သည္။
"ဆင္ေျခေတြလာေပးမေနပါနဲ႔..ေမဝိုင္းေလး
နင္ကငါ့တူကိုလုပ္ႀကံျပီး သူ႔ရဲ့ပစၥည္းဥစၥာေတြကို အပိုင္ခ်ိဳင္ခ်င္ေနတာမဟုတ္လား.."
"အန္တီအထင္လဲြေနၿပီး..ဝိုင္းေလးမွာ
အဲ့လိုစိတ္မ်ိဳးလံုး၀မရိွဘူး..အခုကလည္း
အန္တီတို႔ကအခန္းတံခါးကို အေလာတႀကီး
တြန္းဖြင့္လိုက္ၾကေတာ့ ရုတ္တရက္လန႔္ၿပီး
မေတာ္တဆျဖစ္သြားတာပါ.."
"နင့္စကားကိုငါကယံုမယ္မ်ားမွတ္ေနလား
အပူေလာင္တာက ခဏထားရင္ထားလို႔ရမယ္
သူ႔ေခါင္းက ဒဏ္ရာကေတာ့ထားလိုက္လို႔
မရဘူး..ကိုစက္ကေတာ့မေတာ္တဆျဖစ္ၿပီး
ေရခ်ိဳးခန္းထဲမွာ ေခ်ာ္လဲတာလို႔ေျပာလိုက္ေပမဲ့
..ငါလံုး၀မယံုဘူး..မွန္မွန္ေျပာစမ္း..
ကိုစက္ရဲ့ေခါင္းဒဏ္ရာက နင္လုပ္လိုက္တာ
မဟုတ္လား.."
ဝိုင္းေလးလည္းအမွန္တကယ္ ကိုယ့္ေၾကာင့္
ျဖစ္သြားတာမို႔ လိမ္လည္းမလိမ္ခ်င္သလို
အမွန္အတိုင္းလည္းမေျပာခ်င္၍
ၿငိမ္၍သာေနလိုက္သည္။
ထိုသို႔ ၿငိမ္ေနလိုက္ျခင္းကေဒၚခိုင္မိုးျမင့္ကို
ပို၍ ေဒါသထြက္သြားေစသည္ထင္ပါရဲ့
လက္ၫွိုးေငါက္ေငါက္ထိုးကာ
ပို၍ရန္ရွာလာေလသည္။
"ၾကၫ့္စမ္း..လူႀကီးကစကားေျပာေနတာကို
ျပန္ေျပာခ်င္သလို မေျပာခ်င္သလိုနဲ႔
အခုလိုၿငိမ္ေနတယ္ဆိုတည္းက ငါ့တူေလးရဲ့
ေခါင္းကဒဏ္ရာကနင့္ေၾကာင့္ဆိုတာ
ေသခ်ာသြားၿပီ.."
"ဒီမွာအန္တီ..သူမ်ားလင္မယားၾကားက
ကိစၥကို အန္တီသိပ္ၿပီး၀င္မပါသင့္ဘူးလို႔
ထင္တယ္.."
ဝိုင္းေလးလည္း စိတ္မရွည္ေတာ့၍
ပက္ခနဲျပန္ေျပာလိုက္မိေလသည္။
ထိုအခါ အန္တီခိုင္မိုးျမင့္ကပို၍ေဒၚသ
ထြက္သြားပံုေပၚကာ လက္သီးေတြပါဆုပ္ၿပီး
မ်က္လံုးမ်က္ဆံေတျြပဴးက်ယ္လာကာ
အခုပဲ ကဆုန္ေပါက္ေတာ့မလိုျဖစ္လာသည္။
"အမယ္ေလး..နင္ကပဲငါ့ကိုျပန္ခံေျပာရတယ္ရိွေသး
ခ်စ္သက္လ်ွာလိုဆရာ၀န္မေတာင္ငါ့ကို
ဒီလိုရိုင္းရိုင္းစိုင္းစိုင္းမေျပာဖူးဘူး
နင္ကဘာေကာင္မမို႔လို႔ငါ့ကို ဒီလိုအေျပာေတြ၊
အခ်ိဳးေတြလာလုပ္ျပေနတာလဲ..
အိမ္ေရ႔ွမွာ လာေတာင္းစားတဲ့
သူေတာင္းစားအဆင့္ေလာက္ပဲရိွတဲ့ဟာကမ်ား.."
ဒီတစ္ခါေတာ့ ေဒါသမ်က္၀န္းမ်ားျဖင့္ေမာ့ၾကၫ့္လိုက္သူမွာ ေမဝိုင္းေလးျဖစ္သည္။
လက္သီးကို ဆုပ္ထားမိသည္မွာ လက္သည္းေတြ
ေတာင္ အသားထဲသို႔စိုက္၀င္ေလာက္သည္အထိ
အားပါလာခဲ့သည္။
"အန္တီမမိုက္ရိုင္းနဲ႔ေနာ္..လူႀကီးျဖစ္ၿပီး
စကားကိုဆင္ျခင္ၿပီးေျပာ.."
"နင္ငါ့ကိုလာၿပီးသင္ျပစရာမလိုဘူး..
နင္တို႔လိုမ်ိဳး သူမ်ားဆီမွာအကၽြေးမယူထားတဲ့အတြက္..ေျပာစရာရိွတာေျပာရမွာပဲ
ဘာမွငဲ့ကြက္ေနစရာအေၾကာင္းမရိွဘူး..
အထူးသျဖင့္ကိုယ့္ထက္အဆင့္နိမ့္တဲ့
လူေတြကို ဘာငဲ့ကြက္စရာရိွလဲ
နင္တို႔တစ္မိသားစုလံုးက ေအာက္တန္းစားေတြေလ
ေငြအရမ္းလိုေနလို႔ ေခ်းေပးထားတာကို
အခြင့္ေကာင္းယူၿပီး အကၽြေးဆပ္သလိုလိုနဲ႔
သမီးျဖစ္သူကို ထိုးကၽြေးလိုက္တာကို
ငါမသိရင္ခက္မယ္..
အခုလည္းနင့္အႀကံကငါ့တူကို တစ္နည္းမဟုတ္တစ္နည္းနဲ႔လုပ္ႀကံျပီး စည္းစိမ္ေတြကို
အပိုင္လိုခ်င္လို႔ မဟုတ္လား..."
ေဒၚခိုင္မိုးျမင့္၏စြပ္စဲြမႈေၾကာင့္ အိမ္အတြင္းပိုင္းမွာ အလုပ္လုပ္ေနၾကသၫ့္ သူမ်ားသည္
တမ်ိဳးတမည္ထင္ေသာ မ်က္လံုးမ်ားႏွင့္
ၾကၫ့္လာ၍ ဝိုင္းေလးသိပ္ရွက္တာပဲ။
ဒီေနရာကေန ခ်က္ခ်င္းထြက္ေျပးခ်င္စိတ္ေတြေတာင္ေပါက္လာမိသည္အထိပါပဲ။
"အစ္မ..နင္ဘာေတြေျပာေနတာလဲ.."
ထိုအခ်ိန္မွာ အေပၚထပ္မွအန္တီရတနာ
ဆင္းလာခဲ့ေလသည္။
ေဒၚခိုင္းမိုးျမင့္ဘက္ကေတာ့ မာန္မေလ်ွာ့ေသးပဲ
ဝိုင္းေလးကို လက္ၫွိုးထိုးၿပီးစြပ္စဲြလာျပန္သည္။
"ဘာေတြေျပာရမွာလဲ..တရားခံကို
စစ္ေဆးေနတာေလ..နင့္သားအခုလို
ေခါင္းေပါက္တာ ဒင္းေၾကာင့္ဆိုတာေသခ်ာတယ္..
ရတနာ..ေနာက္မွငါသတိမေပးဘူးလို႔
မေျပာနဲ႔ေနာ္..ဒီေကာင္မေလးကိုခၽြေးမေတာ္ထားတာက ႁမြေပြးကိုခါးပိုက္ပိုက္ထားတာထက္
ဆိုးလိမ့္မယ္ဟဲ့..."
"အစ္မရယ္..မဟုတ္တာေတြေလ်ွာက္မေျပာပါနဲ႔
ဒီကိစၥကို ကၽြန္မလမ္းေရာက္မွရွင္းျပပါ့မယ္
ဝိုင္းေလးေရ..အေမ့ရဲ့အစ္မကအဲ့လိုပဲ
မထင္ရင္မထင္သလို ေလ်ွာက္ေျပာတတ္တယ္
စိတ္ထဲဘာမွမထားနဲ႔ေနာ္..အေမတို႔
ျပန္လိုက္အံုးမယ္..."
ေယာကၡမဆိုတာလည္း မိခင္လိုသေဘာထားရမည္
ဆိုတဲ့အတိုင္း အန္တီရတနာကေတာ့အေမဆိုၿပီး
သူ႔ကိုယ္သူ သံုးႏႈန္းခဲ့ကာ အိမ္ထဲမွအေလာတႀကီး
ထြက္သြားခဲ့ေလသည္။
ဝိုင္းေလးလည္း စိတ္ေတြသိပ္မၾကည္ေပမဲ့
ကိုမင္းစက္ကို ေဆးလိမ္းေပးဖို႔အေပၚသို႔
ျပန္တက္လာခဲ့လိုက္သည္။
သူ႔အိပ္ခန္းထဲသို႔ ၀င္လိုက္ေတာ့အေပၚအက်ႌ
ကၽြတ္ႀကီးနဲ႔ အလုပ္လုပ္ေနျပန္တဲ့ ကိုမင္းစက္ကို
ေတြ့လိုက္ရသည္။
ဝိုင္းေလး ထပ္မံ၍သက္ျပင္းခ်လိုက္မိေလသည္။
ဒီအိမ္မွာ ဝိုင္းေလးဘယ္သူ႔ကိုမွမႏိုင္သလို
ကိုယ့္စကားဆိုလည္းဘယ္သူမွ နားမေထာင္ၾကဘူး။
ခုဏကေတာ့ ပူလို႔အသဲအသန္ျဖစ္ေနၿပီး
အခုၾကေတာ့ လက္ပ္ေတာ့တစ္လံုးႏွင့္
အလုပ္ရႈပ္ေနျပန္သည္။
"ဒီမွာ ေဆးလိမ္းဖို႔ယူလာတယ္.."
သူ႔မ်က္ႏွာေရ႔ွတၫ့္တၫ့္သို႔ ေဆးဗူးကိုၿမွောက္ျပ
လိုက္ေတာ့ ဝိုင္းေလးကိုေမာ့ၾကၫ့္လာေလသည္။
ၿပီးေနာက္ ေဆးဗူးကိုယူလိုက္ၿပီး လက္ပ္ေတာ့ကိုေတာ့ ဝိုင္းေလးဘက္သို႔လွၫ့္ေပးလာသည္။
"မင္းလည္းစီမံဘက္ကလူဆိုေတာ့ စားရင္းပိုင္းေတာ့ ႏိုင္မွာပဲ..ကိုယ့္ကိုဒါေလးတစ္ခ်က္ေလာက္
စစ္ေပးပါလား..."
"ေကာင္းၿပီ စစ္ေပးမယ္..."
သူကေဆးလိမ္းရအံုးမွာမို႔ ဝိုင္းေလးလည္း
ကုတင္ေအာက္တြင္ ဒူးေထာင္ထိုင္ခ်လိုက္ကာ
ကုတင္ေပၚသို႔ လက္တင္၍စာရင္းေတြကို
စစ္ၾကၫ့္လိုက္မိသည္။
"မ်က္ႏွာမေကာင္းပါလား..ဘာျဖစ္လာတာလဲ.."
သူဟာအိက်ႌကိုျပန္၀တ္လိုက္ၿပီး ဝိုင္းေလး၏
မ်က္ႏွာကိုလည္း အကဲခတ္လာေလသည္။
သူ႔အေဒၚနဲ႔ျပႆနာျဖစ္ခဲ့တာဆိုေတာ့
အေဒၚနဲ႔တူၾကားမွာ ရန္တိုက္သလိုမျဖစ္ခ်င္၍
ႏႈတ္ဆိတ္၍သာ ေနလိုက္သည္။
"ကိုယ္ေမးေနတာေျဖေလ.."
"ဘာမွမျဖစ္ပါဘူး..ဒီအတိုင္းပဲစိတ္မၾကည္လို႔.."
"ဘာလဲ..ေဒၚေလးကရန္ရွာလိုက္လို႔လား.."
တိုက္ရိုက္ေမးခ်လိုက္ေသာေၾကာင့္ အံ့ဩစြာ
သူ႔ကိုၾကၫ့္လိုက္မိေတာ့ သူခန႔္မွန္းတာမွန္သြား
သလိုပံုႏွင့္ မ်က္ခံုးပင့္ျပေလသည္။
"ေဒၚေလးက..နည္းနည္းစကားေျပာရ
သိပ္မေကာင္းဘူး..ဇီဇာလည္းေၾကာင္တယ္
ေနာက္တစ္ခါသူနဲ႔ထိပ္တိုက္မေတြ့မိေအာင္ေန
စရိုက္ၾကမ္းေတာ့ သူ႔ရဲ့စကားၾကမ္းေတြကို
မင္းခံႏိုင္မွာမဟုတ္ဘူး.."
သူ႔အေဒၚအေၾကာင္းကို ေသခ်ာသိေနေသာပံုႏွင့္
ဝိုင္းေလးကို သတိေပးလာေလသည္။
ဟုတ္ပါတယ္။လူတစ္ကိုယ္ စိတ္တစ္မ်ိဳးဆိုေတာ့
တစ္မိတည္းေမြးေပမဲ့ စရိုက္ခ်င္းက
ဘယ္တူႏိုင္ပါ့မလဲ။
အန္တီရတနာဆိုရင္ အရမ္းစိတ္သေဘာထား
ျပၫ့္၀တာ အဲ့ဒီ့ေဒၚခိုင္မိုးျမင့္ႀကီးနဲ႔ေတာ့
တစ္ျခားစီပဲ။
ေနာက္လည္း အဲ့ဒီမိန္းမႀကီးကဝိုင္းေလးကို
ေတြ့တိုင္းျပႆနာရွာႏိုင္သည္မို႔
ထိပ္တိုက္မေတြ့ေအာင္ ေနလိုက္တာပဲ
ေအးမွာပါေလ။
"စာရင္းေတြကအကုန္မွန္ပါတယ္.."
"အင္း..ကူညီေပးလို႔ေက်းဇူးပဲ.."
သူ႔ဆီကေန ပထမဆံုးေက်းဇူးတင္စကားကို
ၾကားလိုက္ရတာပဲ။
သူ႔မ်က္ႏွာကို ေမာ့ၾကၫ့္လိုက္ေတာ့
ေခါင္းမွာပတ္တီးပက္ထားတာေတာင္
ၾကၫ့္ေကာင္းေနသည္။
တကယ္လည္း သူလိုလူနဲ႔ဝိုင္းေလးဟာ
မထိုက္တန္ပါဘူး။
သူပိုင္တဲ့အိမ္၊သူပိုင္တဲ့ဥယ်ာဉ္၊ကားနဲ႔
ကုမၸဏီကအစ အထင္ႀကီးေလာက္စရာပါပဲ။
ဝိုင္းေလးမွာေတာ့ ဘာဆိုဘာမွမရိွဘူး။
"မင္း..အလုပ္ဆင္းရအံုးမယ္..မဟုတ္လား.."
"အင္း..ဟုတ္တယ္.."
"ဘယ္ဌာနမွာလုပ္မယ္လို႔ဆံုးျဖတ္ထားလဲ.."
"ဗဟို၀န္ေဆာင္မႈမွာ..."
ဗဟို၀န္ေဆာင္မႈလို႔ ေျပာလိုက္ေတာ့သူက
တစ္ခုခုကို စဉ္းစားလိုက္ေလသည္။
ၿပီးေနာက္ ဝိုင္းေလးကိုျပန္ၾကၫ့္လာကာ
"ဒါဆိုရင္ ဒီေန့အလုပ္ကိုေစာေစာသြား
ဒီေန့ေျမနီကုန္းကစင္တာမွာ မိတ္ဆက္ပဲြတစ္ခုရိွတယ္ အဆိုေတာ္ေနြဦးေလျပည္ေလ..
သိတယ္မဟုတ္လား...ဒီပဲြကပရိတ္သတ္အာရံုစိုက္ေနတဲ့ ပဲြမို႔..ပါ၀င္ႏိုင္ေအာင္လုပ္..ဒါဆိုပိုၿပီး
နာမည္ရလိမ့္မယ္..."
"ေနြဦးေလျပည္ဟုတ္လား..."
"ဟုတ္တယ္...မင္းသူ႔ကိုသိလား.."
သိပ္သိတာေပါ့။သူဟာဝိုင္းေလးအေပၚမွာ
အရမ္းေကာင္းမြန္ေပးခဲ့တဲ့ လူတစ္ေယာက္ပဲဥစၥာ။
"ကၽြန္မသူ႔ကိုသိပါတယ္..သူကနာမည္ႀကီးပဲေလ.."
ကိုယ့္အမ်ိဳးသားကိုေတာ့ အမွန္အတိုင္းေျပာလို႔
မျဖစ္တဲ့ကိစၥမို႔ သာမာန္သိရံုေလာက္ပံုစံ
ဖမ္းလိုက္ရသည္။
"ဒါေပမဲ့ ဒီေန့အလုပ္သြားလို႔မျဖစ္ဘူးထင္တယ္
ရွင္ကေနထိုင္လို႔မွမေကာင္းတာ.."
"ကိုယ့္ကိုစိတ္မပူနဲ႔..ဒီပတ္တီးကလည္း
မင္းစည္းခိုင္းလို႔ဆရာ၀န္ကစည္းေပးသြားတာ
ဒဏ္ရာက ေသးေသးေလးကို...
အလုပ္သာေနာက္မက်ေစနဲ႔...အမွားတစ္ခုခု
ျဖစ္တာနဲ႔ အလုပ္ထုတ္မယ္လို႔ကိုယ္ႀကိဳ
ေျပာထားၿပီးသားေနာ္..."
အလုပ္နဲ႔ပတ္သတ္ရင္ အမွားမခံႏိုင္စြာ
လာၿခိမ္းေျခာက္ေန၍ သူ႔ကိုမ်က္ေစာင္းထိုး
ျပစ္ခဲ့ၿပီးေရခ်ိဳးခန္းထဲသို႔သာ ၀င္လိုက္ေတာ့သည္။
စိတ္ေတြလည္း အရမ္းလႈပ္ရွားေနမိတယ္။
ႏွစ္ေတြအမ်ားႀကီးၾကာသည္အထိ ကဲြကြာခဲ့ရတဲ့
မိတ္ေဆြေဟာင္းႀကီးကို တကယ္ပဲေတြ့ရေတာ့မွာပါလား။
"ကိုဦးကေရာ..ငါ့ကိုမွတ္မိပါ့မလား.."
🔥🔥🔥🔥🔥🔥🔥
ကိုဦးနဲ႔ျပန္ေတြ့ႏိုင္မလား???
အခန္း(၂၂) ဆက္ရန္

No comments:
Post a Comment