(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၂၂)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
"ရတနာရယ်..ငါ့ကိုဘာလို့အတင်းဆွဲခေါ်လာ
ရတာလဲ..နင့်ချွေးမဘယ်လောက်ရိုင်းသလဲ
နင်မတွေ့ဘူးလား..ငါသူ့ကိုမှတ်လောက်အောင်
ဆုံးမနေတဲ့ဥစ္စာကို..."
မမခိုင်သည် အိမ်ပြန်နေသည့်တစ်လမ်းလုံး
မေဝိုင်းလေးကို ဒေါသထွက်နေပြီး
အပြစ်တွေကြီးပဲ ပြောလာလိုက်တာများ
နားတွေတောင်ပူနေလေပြီ။
မေဝိုင်းလေးအကြောင်းကို
ကိုယ်လည်း သိသင့်သလောက်သိပါတယ်။
ကလေးမကအဲ့လောက်လည်းမရိုင်းပါဘူး။
"ငါဟယ်..ပြန်တွေးလေဒေါသထွက်လေပဲ
ဘယ့်နယ်..သူကပဲပြောရတယ်ရှိသေး
သူများလင်မယားကြားကို၀င်မပါနဲ့တဲ့..
ငါ့တူကိစ္စကို ငါ၀င်မပါလို့ဖြစ်မလား
အခုတောင် ခေါင်းပေါက်လိုက်၊အပူလောင်လိုက်
ဖြစ်နေရင်..နောင်ဆို..ဒီ့ထက်ဆိုးတော့မှာပေါ့.."
"အစ်မကအဲ့ဒီ့ခေါင်းပေါက်တဲ့ကိစ္စကိုမကျေမနပ်ဖြစ်နေတာလား..အဲ့ဒီ့ကိစ္စကမေဝိုင်းလေးရဲ့
အမှားချည်းပဲမဟုတ်ဘူး..
ကျွန်မတို့ကြောင့်လည်းပါတယ်.."
"ဘယ်လို..နင်ဘာတွေလျှောက်ပြောနေတာလဲ.."
"လျှောက်ပြောနေတာမဟုတ်ဘူးအစ်မရေ..
တကယ်ပြောနေတာ..တကယ်တော့မနေ့ညက
ဒေါ်ခင်မြတို့အကူအညီနဲ့...မင်းစက်တို့လင်မယားကို
ဆေးတိုက်လိုက်မိတယ်လေ..."
"ဘာဆေးလဲ..."
ဒေါ်ရတနာလည်းယာဉ်မောင်းသမားရှိနေ၍
မမခိုင်၏အနားသို့ တိုးကပ်ကာပြောလိုက်တော့
မမခိုင်တစ်ယောက် အံ့ဩလွန်း၍
ပါးစပ်အဟောင်းသားနှင့် ရတနာကိုကြည့်လိုက်သည်။
"နင်တို့ဟယ်..ကြံကြံဖန်ဖန်
ဘာတွေလျှောက်လုပ်နေကြတာလဲ.."
"အစ်မသိတဲ့အတိုင်းပဲ မင်းစက်က
ဒီအိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး
အလေးအနက်သိပ်ထားတာမဟုတ်ဘူးလေ.
.ဒါကြောင့်သူတို့နှစ်ယောက်လည်းပိုရင်းနှီးအောင်
..တို့လည်းမြေးရအောင်လုပ်လိုက်မိတာ..
ရလဒ်ကတော့အစ်မတူခေါင်းပေါက်သွာတာပဲ.."
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့တူကိုခေါင်းပေါက်အောင်
လုပ်တဲ့အတွက် အဲ့မိန်းကလေးကိုငါလုံး၀
မကျေနပ်ဘူး...ကိုစက်ကသူ့ဘာသာသူဆို
ဘုရင်တစ်ပါးလိုနေရတဲ့လူဟဲ့
အခုဒီကောင်မလေးနဲ့ကြမှအမျိုးမျိုးဖြစ်နေတယ်
တစ်နေ့နေ့တော့ ငါနဲ့တွေ့အုံးမှာပါ.."
ပြောမရဆိုမရပဲ မေဝိုင်းလေးကိုသာ
မာန်တခဲခဲလုပ်နေသော မမခိုင်ကိုကြည့်ပြီး
ဒေါ်ရတနာလည်းခေါင်းသာခါလိုက်မိသည်။
ကိုယ်တောင်ခုဏလေးတင် အပြောအဆိုခံခဲ့ရတာ။
မမခိုင်အောက်ထပ်ကို ဆင်းသွားတဲ့အချိန်မှာ
မင်းစက်က အမေဖြစ်သူကိုတောင်
သံသယမျက်၀န်းတွေနဲ့ကြည့်လာခဲ့တယ်..
အရာအားလုံးကို သိနေသလိုမျိုးပေါ့။
စီးပွားရေးလုပ်ငန်းပေါင်းများစွာကို
တစ်ယောက်တည်း ကိုင်တွယ်နေရတဲ့
လူတစ်ယောက်အနေနဲ့ စိတ်ကြွဆေး
အခပ်ခံရတာကိုသူရိပ်မိနေခဲ့သည်။
"အမေတို့ကျွန်တော့ကိုဆေးခပ်လိုက်တာ
မဟုတ်လား..."
"ဟဲ့..မဟုတ်တာဘာတွေပြောနေတာလဲ.."
"ကျွန်တော့်ကိုမညာပါနဲ့..ကျွန်တော်ကအမြဲတမ်း
ကိုယ့်ကိုကိုယ် သတိထားနေတဲ့လူပါ..
မနေ့ညက..ဒေါ်ခင်မြလာပို့ပေးတဲ့ကော်ဖီကို
မသောက်ခင်အထိ
ကျွန်တော်အဆင်ပြေနေသေးတယ်..
ကော်ဖီကိုသောက်ပြီးမှသာ
ကျွန်တော့်ခန္ဓာကိုယ်က ပုံမှန်မဟုတ်တော့တာ
သေချာတာကတော့ ဒေါ်ခင်မြတို့က
သူတို့ဘာသာတော့ ဒီလိုလုပ်မှာမဟုတ်ဘူး..
နောက်ကွယ်မှာ အမေတို့ရှိနေလို့သာ သူတို့
ဒီလိုလုပ်ကြံရဲကြတာပေါ့..ဟုတ်တယ်မလား..."
သားဖြစ်သူက အကုန်သိနေခဲ့တော့ ကိုယ်လည်း
ဆက်ပြီးဟန်မဆောင်နိုင်တော့ပေ။
လိမ်တဲ့နေရာမှာလည်း ကျွမ်းကျင်အဆင့်
မဟုတ်တော့ ခေါင်းသာညိမ့်ပြလိုက်ရသည်။
ကိုယ်ကအမှန်အတိုင်းဖြေလိုက်တော့
မင်းစက်ဟာ သူ့ခန့်မှန်းချက်တွေမှန်ကန်သွား၍
ပိုပြီး ဒေါသထွက်သွားပုံပါပဲ။
ထို့ကြောင့် ကိုယ်လည်းသားအထင်မလွဲအောင်
ပျာပျာသလဲ ရှင်းပြရတော့တယ်။
"သားရယ်..အမေတို့ကိုအထင်မလွဲပါနဲ့နော်
သားနဲ့မေဝိုင်းလေးက အနေစိမ်းလွန်းနေကြတော့
အမေနဲ့မင်းရဲ့အဖွားအတူတိုင်ပင်ပြီး လုပ်မိလုပ်ရာ
လုပ်လိုက်မိတာပါ.."
"ဒီမှာအမေ..ကျွန်တော်က
လေးနှစ်သားလေးမဟုတ်ဘူး
ကျွန်တော်အရွယ်ရောက်နေပြီ..
ကျွန်တော်ဘာတွေခံစားရလဲ..ဘာလုပ်ရမယ်ဆိုတာ
ကိုယ့်ဘာသာစဉ်းစားတတ်တယ်..
နောက်နောင်ကျွန်တော့ကိစ္စတွေမှာ ၀င်မပါပါနဲ့.."
"ကိုစက်..နင်ဘယ်လိုပြောလိုက်တာလဲ..."
ထိုစကားကိုပြောနေတဲ့အချိန်မှာ ကိုစက်ရဲ့
မျက်၀န်းတွေမှတစ်ဆင့် အတိတ်တစ်ချိန်က
နာကျင်မှုတွေမပျောက်သေးတာကို
သိလိုက်ရတယ်။
ကိုစက်ဟာအခုအထိ အမေ့ကိုမုန်းတီးနေတုန်း
ပါလားဟု သိလိုက်ရ၍ ရင်နှင့်မဆန့်အောင်
၀မ်းနည်းခဲ့ရတယ်။
"ကိုစက်..မင်းဟာအရွယ်ရောက်လာပြီ..
ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်တတ်တယ်ဆိုပေမဲ့
သားရဲ့နောက်မှာမိသားစုရှိတယ်..
သားဟာတစ်ကောင်ကြွက်မဟုတ်ဘူး..
မိဘဆိုတာ သားသမီးကိုအမြဲတမ်းအဆင်ပြေစေချင်တယ်..ပျော်ရွှင်စေချင်တာသဘာ၀ပဲ
မိသားစုဆိုတာ တစ်ဦးအပေါ်တစ်ဦး
ဖေးမကူညီကြရမှာပဲလေ..
ဒါကြောင့်မင်းတို့လင်မယား
အဆင်ပြေအောင် အမေတို့ဘက်က
တတ်နိုင်သလောက် အားထုတ်မိတာအပြစ်လားကွယ်.."
အပ်ကွဲတုန်ယီသောအသံဖြင့် ကိုယ်ကထိုသို့
ပြောလိုက်တော့ မင်းစက်ဟာမဲ့ပြုံးပြုံးခဲ့လေသည်။
"အခုအချိန်မှဒါတွေလာပြောနေတော့
ဘာအကျိုးရှိတော့မှာလဲအမေ...
ကျွန်တော့်လိုအပ်နေတဲ့အချိန်တုန်းက
အမေ့ရဲ့မေတ္တာတရားတွေက
ဘယ်ရောက်နေခဲ့တာလဲ..ကလောမှာ
အဖေကျွန်တော့်ကိုရိုက်နှက်ပြီးလာခေါ်တဲ့
အချိန်တုန်းက အမေဘာလို့ကျွန်တော့်ကို
တစ်စက်ကလေးတောင်
ဆွဲမထားခဲ့ရတာလဲ..
***
အခြားမောင်နှစ်မတွေထက်
ပိုကြီးတဲ့လက်ဆောင်တွေပေးပြီး
အဖေ့ဆီကိုပြန်ပြန်ပို့တာ ကျွန်တော်ဘယ်လောက်အထိ ရင်နာခဲ့ရလည်းအမေသိလား...
သားဘယ်မှာပျော်လဲ..ဘာလုပ်ချင်လည်းလို့
အမေတစ်ခါလောက်များ ကျွန်တော့်ကို
မေးခဲ့ဖူးလို့လား..အမေတို့ရဲ့အတ္တတွေကြားမှာ
ကျွန်တော့်ကိုမြေစာပင်အဖြစ်
သတ်မှတ်ခဲ့ကြတာလေ..
**
အခုကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်နိုင်တဲ့အချိန်ရောက်မှ
ကျွန်တော်ဟာတစ်ကောင်ကြွက်မဟုတ်ဘူး..
ဆိုပြီး လာစိုးရိမ်ပူပန်ပေးနေတော့
အရမ်းနောက်ကျသွားပြီလို့ မထင်ဘူးလား.."
သားဖြစ်သူ၏စကားတွေကို
ပြန်ကြားယောင်မိရင်းနှင့်
ကားပေါ်မှာ ငိုင်ပြီးထိုင်နေမိသည်။
ကိုသူရနဲ့လမ်းခွဲပြီးနောက် ကိုယ့်ဆီမှာ
သားအကြီးနဲ့သမီးအလတ်ကျန်ခဲ့ပြီး
ကိုသူရကတော့ သားအငယ်ကိုခေါ်သွားခဲ့တယ်။
သူရမင်းခေါင်ဆိုတာနဂိုတည်းက
တစ်ကိုယ်ကောင်းသမားဖြစ်တဲ့အပြင် အရာရာကို
သူပဲမှန်၊သူပဲတတ်တယ်လို့ နားထင်သွေးရောက်
နေတဲ့ အတ္တသမားကြီးဖြစ်သည်။
အိမ်ထောင်ရေးဖောက်ပြန်တာတောင်
ကိုယ့်ကိုကိုယ် မှားတယ်လို့မထင်ခဲ့တဲ့လူ။
သူဘယ်လောက်ချမ်းသာသာ ကိုယ်ကလည်း
ကိုယ့်မာနနဲ့မို့ ချက်ချင်းလမ်းခွဲပေးခဲ့တယ်။
သားသမီးသုံးယောက်ရတော့မှ ဂျိုကြွလာတဲ့
ထိုလူ့ကို သိပ်မုန်းလွန်းလို့ လုံး၀ကို
ပြန်မပတ်သတ်ချင်တော့တာ။
ဒါကြောင့်ပဲ စင်္ကာပူသို့သူ့သားငယ်ကို
ခေါ်သွားချင်တယ်ပြောတော့ ငါ့ကိုလာပြီး
ထပ်မပတ်သတ်နဲ့တော့ဆိုပြီး အသဲမာမာနဲ့
သားငယ်ကို ပေးပြစ်ခဲ့မိတယ်။
ဖြစ်ချင်တော့ သားငယ်ဟာသူ့အဖေမသိခင်
ခိုးပြီး တစ်ယောက်တည်းကိုယ့်စီကို
ပြန်လာခဲ့တယ်။
ထိုအဖြစ်အပျက်မျိုးက ခဏခဏဖြစ်လာတော့
နောက်ဆုံးတစ်ခေါက်မှာ ကိုသူရကသားငယ်ကို
ရက်စက်တဲ့ နည်းလမ်းကိုသုံးပြီးပြန်ခေါ်သွားခဲ့တယ်။
သားငယ်က ကိုသူရ၏အုပ်ထိန်းမှုအောက်မှာ
ရှိနေသူဖြစ်တဲ့အတွက် ကိုယ်လည်းသိပ်၀င်မပါပဲ
ပြန်ခေါ်ချင်ခေါ်သွားပါစေဆိုပြီး လွတ်ထားခဲ့မိတယ်။
မှတ်မိပါသေးတယ်။
ကိုစက်ရဲ့ကိုကလောကနေ လာခေါ်တဲ့နေ့က
ကိုသူရဟာအခန်းထဲကိုခေါ်ပြီး တံခါးပိတ်ကာခါးပတ်နဲ့ရိုက်ခဲ့တာကိုပေါ့။
အဲ့ဒီ့နေ့က ပြန်ခါနီးကိုယ့်ကိုမုန်းတီးနာကျည်းစွာ
ကြည့်သွားခဲ့တဲ့ သားငယ်ရဲ့မျက်၀န်းတွေကို
အခုထိမေ့လို့မရနိုင်ခဲ့ဘူး။
ထိုအကြည့်ကြောင့်ပဲ နောင်တကြီးစွာ
ရခဲ့မိတယ်။
ကိုယ့်သားတစ်ယောက်လုံး ကိုယ့်လက်ထဲကို
ရောက်လာတာတောင် ဘာလို့မဆွဲထားမိလိုက်သလဲဆိုပြီး ရင်ကြုံးမရဖြစ်ခဲ့ရတယ်။
ထိုနေ့ကစပြီး သားငယ်ဟာကိုယ့်ဆီကို
လုံး၀ပြန်မလာခဲ့တော့ဘူး။
နိုင်ငံခြားကနေ အမေနဲ့တွေချင်လို့
တစ်ယောက်တည်း ပြန်လာခဲ့တဲ့ကလေးကို
ဘာကြောင့်ဖက်တွယ်ပြီး "အမေလည်းသားကို
လွမ်းနေတာ.."လို့မပြောခဲ့မိရတာလဲ။
သူ့အဖေကိုမုန်းတဲ့စိတ်တစ်ခုနဲ့ ကိုသူရရဲ့
အုပ်ထိန်းမှုအောက်မှာကြီးပျင်းလာခဲ့တဲ့
ကလေးဆိုပြီး လစ်လျှူရှုထားခဲ့မိတယ်။
"အမေ..ဟိုမှာသားမပျော်ဘူး..စနိုးကအမြဲ
ဂျီကျပြီး..ထက်မြက်ကလည်းအရမ်းဆိုးတာပဲ
သားကိုသူတို့မကြိုက်ကြဘူး..
အန်တီချယ်ရီကလည်းသားကိုနိုင်ကျင့်တယ်.."
***
"အမေ..ကျွန်တော်အဖေနဲ့ပြန်မလိုက်ချင်ဘူး
သားကိုအပြီးခေါ်ထားပေးလို့မရဘူးလား.."
မျက်ရည်လေးတွေဝိုင်းပြီး သားလေးဟာ
ထိုသို့တောင်းဆိုလေ့ရှိခဲ့တယ်။
သူ့အဖေအိမ်မှာ သူဘယ်လောက်အောင်
သည်းခံနေခဲ့ရမလဲ။
ငယ်ငယ်တုန်းကအငိုသန်ပြီး အငယ်ဆုံး
အချွဲဆုံးဖြစ်ခဲ့တဲ့ သားလေးဟာ
အခုများတော့ သံမဏိလိုနှလုံးသားနဲ့
သွေးအေးတဲ့ ကောင်လေးတစ်ယောက်
ဖြစ်နေခဲ့ပြီ။
အားလုံးဟာကိုယ့်အမှားတွေပါပဲ။
မိခင်တစ်ယောင်အနေနဲ့ မိခင်မေတ္တာကိုအပြည့်အ၀
မပေးခဲ့မိတဲ့ ကိုယ့်အပြစ်တွေပါပဲ။
ဒါတွေကို ဘယ်လိုများကုစားရပါ့မလဲ။
မေဝိုင်းလေးနဲ့အဆင်ပြေပြီး နောင်မှာ
ပျော်ရွှင်ဖွယ်မိသားစုဘ၀လေးကို
ပိုင်ဆိုင်နိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့။
အခန်း(၂၃)ဆက်ရန်...
🍒🍒🍒🍒🍒🍒🍒🍒
ဖတ်ရှုပေးသူ..တစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူးတင်ရှိပါတယ်...
=========================================================================
အခန္း(၂၂)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
"ရတနာရယ္..ငါ့ကိုဘာလို႔အတင္းဆဲြေခၚလာ
ရတာလဲ..နင့္ခၽြေးမဘယ္ေလာက္ရိုင္းသလဲ
နင္မေတြ့ဘူးလား..ငါသူ႔ကိုမွတ္ေလာက္ေအာင္
ဆံုးမေနတဲ့ဥစၥာကို..."
မမခိုင္သည္ အိမ္ျပန္ေနသၫ့္တစ္လမ္းလံုး
ေမဝိုင္းေလးကို ေဒါသထြက္ေနၿပီး
အျပစ္ေတြႀကီးပဲ ေျပာလာလိုက္တာမ်ား
နားေတြေတာင္ပူေနေလၿပီ။
ေမဝိုင္းေလးအေၾကာင္းကို
ကိုယ္လည္း သိသင့္သေလာက္သိပါတယ္။
ကေလးမကအဲ့ေလာက္လည္းမရိုင္းပါဘူး။
"ငါဟယ္..ျပန္ေတြးေလေဒါသထြက္ေလပဲ
ဘယ့္နယ္..သူကပဲေျပာရတယ္ရိွေသး
သူမ်ားလင္မယားၾကားကို၀င္မပါနဲ႔တဲ့..
ငါ့တူကိစၥကို ငါ၀င္မပါလို႔ျဖစ္မလား
အခုေတာင္ ေခါင္းေပါက္လိုက္၊အပူေလာင္လိုက္
ျဖစ္ေနရင္..ေနာင္ဆို..ဒီ့ထက္ဆိုးေတာ့မွာေပါ့.."
"အစ္မကအဲ့ဒီ့ေခါင္းေပါက္တဲ့ကိစၥကိုမေက်မနပ္ျဖစ္ေနတာလား..အဲ့ဒီ့ကိစၥကေမဝိုင္းေလးရဲ့
အမွားခ်ည္းပဲမဟုတ္ဘူး..
ကၽြန္မတို႔ေၾကာင့္လည္းပါတယ္.."
"ဘယ္လို..နင္ဘာေတြေလ်ွာက္ေျပာေနတာလဲ.."
"ေလ်ွာက္ေျပာေနတာမဟုတ္ဘူးအစ္မေရ..
တကယ္ေျပာေနတာ..တကယ္ေတာ့မေန့ညက
ေဒၚခင္ျမတို႔အကူအညီနဲ႔...မင္းစက္တို႔လင္မယားကို
ေဆးတိုက္လိုက္မိတယ္ေလ..."
"ဘာေဆးလဲ..."
ေဒၚရတနာလည္းယာဉ္ေမာင္းသမားရိွေန၍
မမခိုင္၏အနားသို႔ တိုးကပ္ကာေျပာလိုက္ေတာ့
မမခိုင္တစ္ေယာက္ အံ့ဩလြန္း၍
ပါးစပ္အေဟာင္းသားႏွင့္ ရတနာကိုၾကၫ့္လိုက္သည္။
"နင္တို႔ဟယ္..ႀကံၾကံဖန္ဖန္
ဘာေတြေလ်ွာက္လုပ္ေနၾကတာလဲ.."
"အစ္မသိတဲ့အတိုင္းပဲ မင္းစက္က
ဒီအိမ္ေထာင္ေရးနဲ႔ပတ္သတ္ၿပီး
အေလးအနက္သိပ္ထားတာမဟုတ္ဘူးေလ.
.ဒါေၾကာင့္သူတို႔ႏွစ္ေယာက္လည္းပိုရင္းႏွီးေအာင္
..တို႔လည္းေျမးရေအာင္လုပ္လိုက္မိတာ..
ရလဒ္ကေတာ့အစ္မတူေခါင္းေပါက္သြာတာပဲ.."
"ဘယ္လိုပဲျဖစ္ျဖစ္ ငါ့တူကိုေခါင္းေပါက္ေအာင္
လုပ္တဲ့အတြက္ အဲ့မိန္းကေလးကိုငါလံုး၀
မေက်နပ္ဘူး...ကိုစက္ကသူ႔ဘာသာသူဆို
ဘုရင္တစ္ပါးလိုေနရတဲ့လူဟဲ့
အခုဒီေကာင္မေလးနဲ႔ၾကမွအမ်ိဳးမ်ိဳးျဖစ္ေနတယ္
တစ္ေန့ေန့ေတာ့ ငါနဲ႔ေတြ့အံုးမွာပါ.."
ေျပာမရဆိုမရပဲ ေမဝိုင္းေလးကိုသာ
မာန္တခဲခဲလုပ္ေနေသာ မမခိုင္ကိုၾကၫ့္ၿပီး
ေဒၚရတနာလည္းေခါင္းသာခါလိုက္မိသည္။
ကိုယ္ေတာင္ခုဏေလးတင္ အေျပာအဆိုခံခဲ့ရတာ။
မမခိုင္ေအာက္ထပ္ကို ဆင္းသြားတဲ့အခ်ိန္မွာ
မင္းစက္က အေမျဖစ္သူကိုေတာင္
သံသယမ်က္၀န္းေတြနဲ႔ၾကၫ့္လာခဲ့တယ္..
အရာအားလံုးကို သိေနသလိုမ်ိဳးေပါ့။
စီးပြားေရးလုပ္ငန္းေပါင္းမ်ားစြာကို
တစ္ေယာက္တည္း ကိုင္တြယ္ေနရတဲ့
လူတစ္ေယာက္အေနနဲ႔ စိတ္ႂကြေဆး
အခပ္ခံရတာကိုသူရိပ္မိေနခဲ့သည္။
"အေမတို႔ကၽြန္ေတာ့ကိုေဆးခပ္လိုက္တာ
မဟုတ္လား..."
"ဟဲ့..မဟုတ္တာဘာေတြေျပာေနတာလဲ.."
"ကၽြန္ေတာ့္ကိုမညာပါနဲ႔..ကၽြန္ေတာ္ကအၿမဲတမ္း
ကိုယ့္ကိုကိုယ္ သတိထားေနတဲ့လူပါ..
မေန့ညက..ေဒၚခင္ျမလာပို႔ေပးတဲ့ေကာ္ဖီကို
မေသာက္ခင္အထိ
ကၽြန္ေတာ္အဆင္ေျပေနေသးတယ္..
ေကာ္ဖီကိုေသာက္ၿပီးမွသာ
ကၽြန္ေတာ့္ခႏၶာကိုယ္က ပံုမွန္မဟုတ္ေတာ့တာ
ေသခ်ာတာကေတာ့ ေဒၚခင္ျမတို႔က
သူတို႔ဘာသာေတာ့ ဒီလိုလုပ္မွာမဟုတ္ဘူး..
ေနာက္ကြယ္မွာ အေမတို႔ရိွေနလို႔သာ သူတို႔
ဒီလိုလုပ္ႀကံရဲၾကတာေပါ့..ဟုတ္တယ္မလား..."
သားျဖစ္သူက အကုန္သိေနခဲ့ေတာ့ ကိုယ္လည္း
ဆက္ၿပီးဟန္မေဆာင္ႏိုင္ေတာ့ေပ။
လိမ္တဲ့ေနရာမွာလည္း ကၽြမ္းက်င္အဆင့္
မဟုတ္ေတာ့ ေခါင္းသာညိမ့္ျပလိုက္ရသည္။
ကိုယ္ကအမွန္အတိုင္းေျဖလိုက္ေတာ့
မင္းစက္ဟာ သူ႔ခန႔္မွန္းခ်က္ေတြမွန္ကန္သြား၍
ပိုၿပီး ေဒါသထြက္သြားပံုပါပဲ။
ထို႔ေၾကာင့္ ကိုယ္လည္းသားအထင္မလဲြေအာင္
ပ်ာပ်ာသလဲ ရွင္းျပရေတာ့တယ္။
"သားရယ္..အေမတို႔ကိုအထင္မလဲြပါနဲ႔ေနာ္
သားနဲ႔ေမဝိုင္းေလးက အေနစိမ္းလြန္းေနၾကေတာ့
အေမနဲ႔မင္းရဲ့အဖြားအတူတိုင္ပင္ၿပီး လုပ္မိလုပ္ရာ
လုပ္လိုက္မိတာပါ.."
"ဒီမွာအေမ..ကၽြန္ေတာ္က
ေလးႏွစ္သားေလးမဟုတ္ဘူး
ကၽြန္ေတာ္အရြယ္ေရာက္ေနၿပီ..
ကၽြန္ေတာ္ဘာေတြခံစားရလဲ..ဘာလုပ္ရမယ္ဆိုတာ
ကိုယ့္ဘာသာစဉ္းစားတတ္တယ္..
ေနာက္ေနာင္ကၽြန္ေတာ့ကိစၥေတြမွာ ၀င္မပါပါနဲ႔.."
"ကိုစက္..နင္ဘယ္လိုေျပာလိုက္တာလဲ..."
ထိုစကားကိုေျပာေနတဲ့အခ်ိန္မွာ ကိုစက္ရဲ့
မ်က္၀န္းေတြမွတစ္ဆင့္ အတိတ္တစ္ခ်ိန္က
နာက်င္မႈေတြမေပ်ာက္ေသးတာကို
သိလိုက္ရတယ္။
ကိုစက္ဟာအခုအထိ အေမ့ကိုမုန္းတီးေနတုန္း
ပါလားဟု သိလိုက္ရ၍ ရင္ႏွင့္မဆန႔္ေအာင္
၀မ္းနည္းခဲ့ရတယ္။
"ကိုစက္..မင္းဟာအရြယ္ေရာက္လာၿပီ..
ကိုယ့္ဘာသာကိုယ္ဆံုးျဖတ္တတ္တယ္ဆိုေပမဲ့
သားရဲ့ေနာက္မွာမိသားစုရိွတယ္..
သားဟာတစ္ေကာင္ႂကြက္မဟုတ္ဘူး..
မိဘဆိုတာ သားသမီးကိုအၿမဲတမ္းအဆင္ေျပေစခ်င္တယ္..ေပ်ာ္ရႊင္ေစခ်င္တာသဘာ၀ပဲ
မိသားစုဆိုတာ တစ္ဦးအေပၚတစ္ဦး
ေဖးမကူညီၾကရမွာပဲေလ..
ဒါေၾကာင့္မင္းတို႔လင္မယား
အဆင္ေျပေအာင္ အေမတို႔ဘက္က
တတ္ႏိုင္သေလာက္ အားထုတ္မိတာအျပစ္လားကြယ္.."
အပ္ကဲြတုန္ယီေသာအသံျဖင့္ ကိုယ္ကထိုသို႔
ေျပာလိုက္ေတာ့ မင္းစက္ဟာမဲ့ႃပံုးႃပံုးခဲ့ေလသည္။
"အခုအခ်ိန္မွဒါေတြလာေျပာေနေတာ့
ဘာအက်ိဳးရိွေတာ့မွာလဲအေမ...
ကၽြန္ေတာ့္လိုအပ္ေနတဲ့အခ်ိန္တုန္းက
အေမ့ရဲ့ေမတၲာတရားေတြက
ဘယ္ေရာက္ေနခဲ့တာလဲ..ကေလာမွာ
အေဖကၽြန္ေတာ့္ကိုရိုက္ႏွက္ၿပီးလာေခၚတဲ့
အခ်ိန္တုန္းက အေမဘာလို႔ကၽြန္ေတာ့္ကို
တစ္စက္ကေလးေတာင္
ဆဲြမထားခဲ့ရတာလဲ..
***
အျခားေမာင္ႏွစ္မေတြထက္
ပိုႀကီးတဲ့လက္ေဆာင္ေတြေပးၿပီး
အေဖ့ဆီကိုျပန္ျပန္ပို႔တာ ကၽြန္ေတာ္ဘယ္ေလာက္အထိ ရင္နာခဲ့ရလည္းအေမသိလား...
သားဘယ္မွာေပ်ာ္လဲ..ဘာလုပ္ခ်င္လည္းလို႔
အေမတစ္ခါေလာက္မ်ား ကၽြန္ေတာ့္ကို
ေမးခဲ့ဖူးလို႔လား..အေမတို႔ရဲ့အတၲေတြၾကားမွာ
ကၽြန္ေတာ့္ကိုေျမစာပင္အျဖစ္
သတ္မွတ္ခဲ့ၾကတာေလ..
**
အခုကိုယ့္ေျခေထာက္အေပၚ ကိုယ္ရပ္တည္ႏိုင္တဲ့အခ်ိန္ေရာက္မွ
ကၽြန္ေတာ္ဟာတစ္ေကာင္ႂကြက္မဟုတ္ဘူး..
ဆိုၿပီး လာစိုးရိမ္ပူပန္ေပးေနေတာ့
အရမ္းေနာက္က်သြားၿပီလို႔ မထင္ဘူးလား.."
သားျဖစ္သူ၏စကားေတြကို
ျပန္ၾကားေယာင္မိရင္းႏွင့္
ကားေပၚမွာ ငိုင္ၿပီးထိုင္ေနမိသည္။
ကိုသူရနဲ႔လမ္းခဲြၿပီးေနာက္ ကိုယ့္ဆီမွာ
သားအႀကီးနဲ႔သမီးအလတ္က်န္ခဲ့ၿပီး
ကိုသူရကေတာ့ သားအငယ္ကိုေခၚသြားခဲ့တယ္။
သူရမင္းေခါင္ဆိုတာနဂိုတည္းက
တစ္ကိုယ္ေကာင္းသမားျဖစ္တဲ့အျပင္ အရာရာကို
သူပဲမွန္၊သူပဲတတ္တယ္လို႔ နားထင္ေသြးေရာက္
ေနတဲ့ အတၲသမားႀကီးျဖစ္သည္။
အိမ္ေထာင္ေရးေဖာက္ျပန္တာေတာင္
ကိုယ့္ကိုကိုယ္ မွားတယ္လို႔မထင္ခဲ့တဲ့လူ။
သူဘယ္ေလာက္ခ်မ္းသာသာ ကိုယ္ကလည္း
ကိုယ့္မာနနဲ႔မို႔ ခ်က္ခ်င္းလမ္းခဲြေပးခဲ့တယ္။
သားသမီးသံုးေယာက္ရေတာ့မွ ဂ်ိဳႂကြလာတဲ့
ထိုလူ႔ကို သိပ္မုန္းလြန္းလို႔ လံုး၀ကို
ျပန္မပတ္သတ္ခ်င္ေတာ့တာ။
ဒါေၾကာင့္ပဲ စကၤာပူသို႔သူ႔သားငယ္ကို
ေခၚသြားခ်င္တယ္ေျပာေတာ့ ငါ့ကိုလာၿပီး
ထပ္မပတ္သတ္နဲ႔ေတာ့ဆိုၿပီး အသဲမာမာနဲ႔
သားငယ္ကို ေပးျပစ္ခဲ့မိတယ္။
ျဖစ္ခ်င္ေတာ့ သားငယ္ဟာသူ႔အေဖမသိခင္
ခိုးၿပီး တစ္ေယာက္တည္းကိုယ့္စီကို
ျပန္လာခဲ့တယ္။
ထိုအျဖစ္အပ်က္မ်ိဳးက ခဏခဏျဖစ္လာေတာ့
ေနာက္ဆံုးတစ္ေခါက္မွာ ကိုသူရကသားငယ္ကို
ရက္စက္တဲ့ နည္းလမ္းကိုသံုးၿပီးျပန္ေခၚသြားခဲ့တယ္။
သားငယ္က ကိုသူရ၏အုပ္ထိန္းမႈေအာက္မွာ
ရိွေနသူျဖစ္တဲ့အတြက္ ကိုယ္လည္းသိပ္၀င္မပါပဲ
ျပန္ေခၚခ်င္ေခၚသြားပါေစဆိုၿပီး လြတ္ထားခဲ့မိတယ္။
မွတ္မိပါေသးတယ္။
ကိုစက္ရဲ့ကိုကေလာကေန လာေခၚတဲ့ေန့က
ကိုသူရဟာအခန္းထဲကိုေခၚၿပီး တံခါးပိတ္ကာခါးပတ္နဲ႔ရိုက္ခဲ့တာကိုေပါ့။
အဲ့ဒီ့ေန့က ျပန္ခါနီးကိုယ့္ကိုမုန္းတီးနာက်ည္းစြာ
ၾကၫ့္သြားခဲ့တဲ့ သားငယ္ရဲ့မ်က္၀န္းေတြကို
အခုထိေမ့လို႔မရႏိုင္ခဲ့ဘူး။
ထိုအၾကၫ့္ေၾကာင့္ပဲ ေနာင္တႀကီးစြာ
ရခဲ့မိတယ္။
ကိုယ့္သားတစ္ေယာက္လံုး ကိုယ့္လက္ထဲကို
ေရာက္လာတာေတာင္ ဘာလို႔မဆဲြထားမိလိုက္သလဲဆိုၿပီး ရင္ႄကံုးမရျဖစ္ခဲ့ရတယ္။
ထိုေန့ကစၿပီး သားငယ္ဟာကိုယ့္ဆီကို
လံုး၀ျပန္မလာခဲ့ေတာ့ဘူး။
ႏိုင္ငံျခားကေန အေမနဲ႔ေတြခ်င္လို႔
တစ္ေယာက္တည္း ျပန္လာခဲ့တဲ့ကေလးကို
ဘာေၾကာင့္ဖက္တြယ္ၿပီး "အေမလည္းသားကို
လြမ္းေနတာ.."လို႔မေျပာခဲ့မိရတာလဲ။
သူ႔အေဖကိုမုန္းတဲ့စိတ္တစ္ခုနဲ႔ ကိုသူရရဲ့
အုပ္ထိန္းမႈေအာက္မွာႀကီးပ်င္းလာခဲ့တဲ့
ကေလးဆိုၿပီး လစ္လ်ွူရႈထားခဲ့မိတယ္။
"အေမ..ဟိုမွာသားမေပ်ာ္ဘူး..စႏိုးကအၿမဲ
ဂ်ီက်ၿပီး..ထက္ျမက္ကလည္းအရမ္းဆိုးတာပဲ
သားကိုသူတို႔မႀကိဳက္ၾကဘူး..
အန္တီခ်ယ္ရီကလည္းသားကိုႏိုင္က်င့္တယ္.."
***
"အေမ..ကၽြန္ေတာ္အေဖနဲ႔ျပန္မလိုက္ခ်င္ဘူး
သားကိုအၿပီးေခၚထားေပးလို႔မရဘူးလား.."
မ်က္ရည္ေလးေတြဝိုင္းၿပီး သားေလးဟာ
ထိုသို႔ေတာင္းဆိုေလ့ရိွခဲ့တယ္။
သူ႔အေဖအိမ္မွာ သူဘယ္ေလာက္ေအာင္
သည္းခံေနခဲ့ရမလဲ။
ငယ္ငယ္တုန္းကအငိုသန္ၿပီး အငယ္ဆံုး
အခၽဲြဆံုးျဖစ္ခဲ့တဲ့ သားေလးဟာ
အခုမ်ားေတာ့ သံမဏိလိုႏွလံုးသားနဲ႔
ေသြးေအးတဲ့ ေကာင္ေလးတစ္ေယာက္
ျဖစ္ေနခဲ့ၿပီ။
အားလံုးဟာကိုယ့္အမွားေတြပါပဲ။
မိခင္တစ္ေယာင္အေနနဲ႔ မိခင္ေမတၲာကိုအျပၫ့္အ၀
မေပးခဲ့မိတဲ့ ကိုယ့္အျပစ္ေတြပါပဲ။
ဒါေတြကို ဘယ္လိုမ်ားကုစားရပါ့မလဲ။
ေမဝိုင္းေလးနဲ႔အဆင္ေျပၿပီး ေနာင္မွာ
ေပ်ာ္ရႊင္ဖြယ္မိသားစုဘ၀ေလးကို
ပိုင္ဆိုင္ႏိုင္ပါေစလို႔ပဲ ဆုေတာင္းရေတာ့မွာေပါ့။
အခန္း(၂၃)ဆက္ရန္...
🍒🍒🍒🍒🍒🍒🍒🍒
ဖတ္ရႈေပးသူ..တစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူးတင္ရိွပါတယ္...

No comments:
Post a Comment