အခန်း(၂၆) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 



 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 အခန်း(၂၆)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


အိမ်ရှေ့မှာ တက္ကစီရပ်လိုက်သည်နှင့် ကားပေါ်မှဆင်းကာ ခြံထဲသို့တစ်လှမ်းချင်း၀င်သွားမိလေသည်။

နာရီကိုကြည့်လိုက်တော့ သုံးနာရီထိုးနေလေပြီ။

ဒီနေ့ကစနေနေ့ဆိုပေမဲ့ အထည်ဆိုင်ကိုရောက်နေရင်တော့ အမေတို့ရှိလောက်မှာမဟုတ်ဘူး။

ဒါပေမဲ့ အမေတို့မရှိလည်းအဖေ့ကိုတွေ့ပြီး

ပြန်မယ်ဆိုသောအတွေးဖြင့် ရောက်လာမိခြင်းပါပဲ။


ကိုဦးပေးလိုက်သော ချယ်ရီသီးဗူးလေးကို

ကိုင်ထားမိရင်းနှင့် မရောက်တာကြာပြီဖြစ်သည့်

ခြံ၀န်းကြီးကို လိုက်၍ကြည့်နေမိလေသည်။

ခြံ၀န်းကြီးက ပုံမှန်အတိုင်းအမှိုက်တစ်စတောင်

မရှိပဲ သန့်ရှင်းနေသလိုစံပယ်ရုံတွေကလည်း

မွှေးမြဲမွှေးစဲပါပဲ။


အိမ်ထဲသို့၀င်ခါနီးမှာ ပန်းရောင်ဂါ၀န်လေးကို

လက်နှင့်အသာပြန့်ပြူးအောင်လုပ်လိုက်ပြီးနောက်

အိမ်ထဲသို့ ၀င်လိုက်သည်။


"ဟင်..ဝိုင်းလေး...သမီးလေးအိမ်လည်လာတာလား"


အိမ်ထဲသို့၀င်လိုက်သည်နှင့် အမေကဝိုင်းလေးကို

သတိထားမိသွားလေသည်။

ဝိုင်းလေးကိုတွေ့တာနှင့် အမေ့မျက်နှာက

ရွှင်မြူးသွားတာ‌ကြောင့် ဝိုင်းလေးလည်း

၀မ်းသာသွားမိသည်။


"အမေ..နေကောင်းတယ်မဟုတ်လား..

ဒီနေ့ဆိုင်ကိုမသွားရဘူးလား.."


"ကောင်းပါ့တော်..ဒီနေ့ကဆိုင်ထွက်တယ်သမီးရဲ့

ဒါပေမဲ့စောပြီးဆိုင်ပိတ်ခဲ့တာ

ခုဏလေးတင်အိမ်မှာထောပတ်သီး

ဖျော်ရည်လုပ်သောက်လို့ ဝိုင်းလေးကို

သတိရနေကြတာ.."


"ဟယ်..ငါ့တူမလေးပြန်လာပြီတော့..

ဆိုင်းမဆင့်ဗုံမဆင့်နဲ့ပါလား..

ဖုန်းလေးဘာလေးတော့မဆက်ဘူးကွယ်

ဟင်းကောင်းလေးဘာလေးချက်ထားမှာပေါ့.."


"အန်တီလေးတို့အလုပ်ရှုပ်မှာစိုးလို့ပါ.."


"အမယ်လေး..ဘာအလုပ်ရှုပ်စရာရှိလဲ

ကိုယ့်တူမလေးအိမ်ပြန်လာတာပဲဥစ္စာ

ဒေါ်လေးက သတိတွေရနေတာ..."


အပေါ်ထပ်မှ ဆင်းလာသောဒေါ်လေးသည်လည်း

ဝိုင်းလေးကိုတွေ့သည်နှင့် စကားတွေ

ရေပက်မ၀င်အောင် ပြောလေတော့သည်။

ပြီးတာနှင့် မိသားစုတွေအားလုံးဧည့်ခန်းထဲသို့

၀င်လိုက်ကြလေသည်။

ဧည့်ခန်းထဲတွင်တော့ ဖွားဖွားမိစံသည်

ဝိုင်းလေးကို တွေ့သည်နှင့်မျက်ရည်လေး

စမ်းစမ်းဖြစ်နေ၍ ပြေးဖက်လိုက်မိသည်။


"ဝိုင်းလေးကဖွားဖွားနုကိုတွေ့တိုင်း အဖွားကို

သတိရနေတာသိလား..အဖွားရောဒီတလောမှာ

ကျန်းမာရေးကောင်းတယ်မဟုတ်လားဟင်.."


"အမယ်လေးကောင်းပါ့နော်..အဖွားကသာ

ငါ့မြေးလေးကိုစိတ်ပူနေတာ..မိဘပေးစားတဲ့လူကို

ယူလိုက်ရတော့ ငါ့မြေးမပျော်မှာစိုးနေတာကွဲ့

ဟိုမှာအဆင်ရောပြေရဲ့လားကွယ်

ဒီရက်အတွင်းမှာ ဖုန်းမဆက်တော့အဖွားက

စိတ်ပူနေ‌တာ..."


"ဟုတ်တယ်ဝိုင်းလေးရယ်..အန်တီလေးလည်း

စိတ်ပူနေတာ..ငါ့တူမကိုအန်တီလေးရဲ့

မျက်လုံးထဲမှာတော့ အိမ်ထောင်ကျပြီးလည်း

ကလေးလေးလိုပဲမြင်တယ်..ဟိုအိမ်မှာနေရတာ

အဆင်ပြေရဲ့လား.."


အဖွားတင်မကပဲ အန်တီလေးကပါထမေးလာပြီး

အမေကလည်း သိချင်စိတ်နှင့် မျက်လုံးအဝိုင်းသားဖြစ်နေလေသည်။

အိမ်ထောင်ကျပြီးသွားတာနဲ့ အိမ်ထောင်ရေး

ဒုက္ခဆိုတာ လူတိုင်းခံစားကြရမှာပဲ။

ဒါကိုလိုက်ညီးတွားပြနေရင် ဘာမှကောင်းတာ

ဖြစ်လာမှာမဟုတ်ဘူးလို့တွေးလိုက်မိသည်။

ထို့ကြောင့် အားလုံးစိတ်ချမ်းသာအောင်

မျက်နှာထက်မှာ အပြုံးလေးကိုသာတင်လိုက်ပါသည်။


"အစစအရာရာအဆင်ပြေပါတယ်..

ဖွားနုတို့အိမ်မှာနေတုန်းကလည်း ဖွားနုကအရမ်း

ဂရုစိုက်‌ပေးတယ်လေ..အခုကိုမင်းစက်ရဲ့အိမ်မှာ

နေတော့လည်း အစစအရာရာလိုလေသေးမရှိပါဘူး

အမေတို့ရယ်..."


"ကိုစက်ရဲ့အိမ်ဟုတ်လား..ကိုစက်ကအိမ်ခွဲနေတာလား.."


"ဟုတ်တယ်..အမေရဲ့..သူကသီးသန့်အိမ်ခွဲနေတာ အခုဆိုဝိုင်းလေးကသူ့အိမ်မှာ

လိုက်နေရတာ‌လေ.."


"ဟုတ်လား..အိမ်ခွဲနေတာလည်းကောင်းပါတယ်

..ဒါနဲ့သမီးယောက်ျားရော..

အလုပ်အကိုင်အဆင်ပြေရဲ့လား..

အခုသူလိုက်ပို့တာလား..."


ကိုမင်းစက်အကြောင်းကိုမေးတော့ စိတ်ထဲမှာ

၀မ်းနည်းသလိုတောင်ဖြစ်လာမိသည်။

အိမ်ထောင်ကျပြီးတည်းက မိဘတွေဆီကို

သူနဲ့အတူအလည်လာသင့်တာဆိုပေမဲ့

အခုတော့ဝိုင်းလေးတစ်ယောက်တည်း

ရောက်လာရတယ်။အမေတို့လည်းသူတို့ရဲ့

သားမက်ကို တွေ့ချင်ရှာမှာပေါ့။

ဒါပေမဲ့ သူ့ကိုလည်းအိမ်ကိုအလည်သွားရအောင်လို့

မပြောရဲဘူး။

သူကကိုယ့်ကိုမချစ်ပဲ လက်ထက်ထားတာဆိုတော့

ကိုယ်တောင်းဆိုတိုင်း ဖြည့်ဆည်းပေးမှာမှ

မဟုတ်တာ။


"သူကအခုစင်္ကာပူကိုခရီးသွားနေတာလေ 

တစ်ပတ်လောက်ကြာမယ်ဆိုတော့

မနက်ဖြန်လောက်မှ ပြန်ရောက်လောက်မယ်.."


"အင်းလေ..ကိုစက်ကအလုပ်များတဲလူ

ဆိုတော့လည်း..ခရီးခဏခဏထွက်ရတာ

မဆန်းပါဘူး..ဒါနဲ့သမီးလေးတို့ဟန်းနီးမွန်း

မထွက်ရသေးဘူးမဟုတ်လား..."


အမေ့စကားကြောင့် ဝိုင်းလေး၏မျက်နှာဟာ

မသိမသာမဲ့သွားမိလေသည်။

ဟန်းနီးမွန်းထွက်ရဖို့မပြောနဲ့ မင်္ဂလာဆောင်ပြီး

နောက်တစ်နေ့မှာပဲ နှစ်လကြာအောင်ခရီး

ထွက်သွားလို့ရန်ဖြစ်ခဲ့ရသေးတယ်။


ဒေါ်တင်မမကတော့ သမီးဖြစ်သူ၏မျက်နှာကို

ရောက်လာတည်းက အရိပ်တကြည့်ကြည့်

လုပ်နေမိသူမို့ သမီးလေး၏မျက်နှာ

ညှိုးကျသွားတာကို သတိထားမိလိုက်လေသည်။

ထို့ကြောင့်  သမီးရဲ့ပခုံးလေးကို

ကိုင်လိုက်ကာ မေးလေးကိုကိုင်လိုက်ကာ

မေးလိုက်မိသည်။


"သမီးလေး..သမီးယောက်ျားနဲ့ရော

အဆင်ပြေရဲ့လား..ကိုစက်က

သမီးလေးအပေါ်မှာကြင်နာရဲ့လား..

အမေတို့ကိုပွင့်ပွင့်လင်းလင်းပြောနော်

ဘာပြဿနာပဲရှိရှိတစ်ယောက်တည်း ကြိတ်ပြီး

မခံစားနဲ့..ဒေါ်နုယဉ်တို့ကအမေတို့ကို

ကူညီပေးထားတယ်ဆိုတိုင်း..

တစ်ယောက်တည်းအရာအားလုံးကို

သည်းခံထားစရာမလိုဘူး..ဘာပဲဖြစ်လာလာ

အမေတို့ကိုတိုင်ပင်လို့ရတယ်.."


အမေ့မျက်နှာကိုကြည့်နေရင်းနှင့် ငိုချင်လာသလို

ခံစားလိုက်ရသည်။အမေ့အသံကလည်း

အရင်လို့ဂရုဏာသံအပြည့်နဲ့ နွေးထွေးနေတုန်းပါပဲ။

ဒါပေမဲ့ ဝိုင်းလေးဘာကိုမှမပြောချင်ဘူး။

ယောက်ျားကကြင်နာယုယတဲ့သူမဟုတ်ပေမဲ့

ဝိုင်းလေးအပေါ်မှာ တအားကြီးနှိပ်စက်နေတာလည်း မဟုတ်ပါဘူး။


တစ်ခါတစ်လေမှာ သူ့ရဲ့ဥပက္ခာတရားဟာ

ခံရခက်တယ်ဆိုပေမဲ့ မိဘတွေကိုတိုင်တောရအောင်အထိတော့ အရမ်းကြီးမားတဲ့

ပြဿနာမဟုတ်ဘူးလို့ထင်မိတယ်။

တကယ်လို့ ဖွားဖွားနုတို့အိမ်မှာသာ ဆက်နေဖြစ်ရင်

မချစ်သက်လျှာနဲ့ တည့်နိုင်မှာမဟုတ်ပေမဲ့

အခု ကိုမင်းစက်ရဲ့အိမ်မှာတော့ အရာအားလုံး

အဆင်ပြေနေပါသေးတယ်။


"သမီးတကယ်ကို အဆင်ပြေပါတယ်အမေရယ်

ဖွားဖွားနုတို့ကလည်း သမီးကိုချစ်ကြပါတယ်

ကိုမင်းစက်နဲ့လည်းအဆင်ပြေတာမို့လို့

စိတ်မပူနဲ့နော်.."


"အေးပါ..ဒီလိုဆိုလည်းပြီးတာပဲ.."


အမေကဝိုင်းလေး၏ခေါင်းလေးကို ပုတ်လိုက်ပြီး

အခုမှစိတ်သက်သာရာ ရသွားပုံဖြင့်သက်ပြင်း

ချလိုက်ကာ ဝိုင်းလေး၏လက်ထဲမှ

ချယ်ရီသီးဗူးလေးကို ကြည့်လိုက်လေသည်။


"ချယ်ရီသီးတွေ၀ယ်လာတာလား..."


"မဟုတ်ဘူးအမေရဲ့..လက်ဆောင်ရတာ.."


"တယ်ဟုတ်ပါလား..ဒီလောက်အများကြီးကို

လက်ဆောင်ပေးတယ်ဆိုတော့ ဝိုင်းလေးကို

တော်တော်ခင်လို့ပဲနေလိမ့်မယ်..ဖျော်ရည်

သောက်ချင်လား..အမေလုပ်ပေးမယ်လေ.."


"သောက်ချင်တာပေါ့အမေရဲ့..."


"အဲ့ဒါဆိုအမေ့ကိုပေး...ကောင်းကောင်းလေး

ဖျော်ခဲ့မယ်.."


ချယ်ရီသီးတွေကိုယူသွားသော အမေ့ကို

ကြည့်နေရင်းနှင့် ငယ်ငယ်တုန်းက

အကြောင်းတွေဟာခေါင်းထဲသို့

အလိုလိုရောက်လာလေသည်။

ဟိုအရင်ကဆို ချယ်ရီသီးတွေခူးပြီးတိုင်း

ဖျော်ရည်သောက်ချင်လို့ အမေ့ကိုအမြဲ

ပူဆာတတ်တယ်။အခုလည်းချယ်ရီသီးတွေ

လက်ဆောင်ရတာနဲ့ အမေကဖျော်ရည်

လုပ်ပေးပြန်ပြီ တကယ်ကိုတိုက်ဆိုင်တာပဲ။


"ဒါနဲ့..အန်တီလေးရော...ရည်းစားတွေဘာတွေ

မရသေးဘူးလား..."


"မိဝိုင်းလေးနော်..ငါကဒီအသက်အရွယ်ရောက်မှ

ရည်းစားထားရအုံးမှာလား...

အိမ်ကိုရောက်တာနဲ့ ငါ့ကိုနှိပ်ကွက်ဖို့ပဲတွေးနေတာလား.."


"မိဝိုင်းလေး.."ဆိုသည့်ခေါ်သံကိုကြားချင်၍

တမင်‌နောက်လိုက်တော့ ထင်သည့်အတိုင်း

ဝိုင်းလေးကိုမျက်စောင်းထိုးလာလေသည်။

ဒီအိမ်မှာက ယောက်ျားသားရယ်လို့

မရှိတော့ အိမ်မှာလူတစ်ယောက်လျှော့သွားတာနဲ့

တကယ်ကိုခက်ခဲမှာပဲ။

အဖေကလည်း ကျန်းမာရေးမကောင်းတော့

နောက်ကို ပိတ်ရက်တိုင်းအိမ်လာလည်ဖို့

ဆုံးဖြတ်လိုက်မိသည်။


"ဒါနဲ့လေ..မမထိပ်ထားရောမတွေ့ပါလား..

အပြင်သွားတာလား.."


"အမယ်လေး..အဲ့ကောင်မလေးအကြောင်းတော့

မပြောချင်တော့ပါဘူးဟယ်..တစ်နေ့တစ်နေ့

အိမ်မှာကိုမကပ်ဘူး..မနက်ဆိုလည်း

ဆယ်နာရီ၊ဆယ့်တစ်နာရီလောက်မှအိပ်ယာထတယ်

ပြီးရင် အိမ်ကိစ္စလည်းတစ်စက်မှကူညီတယ်မရှိဘူး

ညဆိုလည်း နောက်ကျမှပြန်လာလို့

စောစောပြန်ပါလို့ပြောတာလည်း မရပါဘူးဟယ်.."


"အဲ့လောက်တောင်ပဲလား..အရင်ကဒီလို

မဟုတ်ပါဘူး.."


"အရင်ကအဲ့လိုမဟုတ်ပေမဲ့..အခုအဲ့လိုဖြစ်နေပြီ

ဂျပန်ကပြန်လာပြီးတည်းက သူ့ကိုယ်သူ

သူဌေးဆိုဒ်ဖမ်းနေတာ..ညည်းအမေနဲ့ဆိုခဏခဏ

ရန်ဖြစ်သလားမမေးနဲ့..အမေလည်းမခံဘူး

ပြန်အော်တာသိလား..ငါလည်းဘယ်လိုဆုံးမရမလဲ

မသိတော့ပါဘူးဟယ်..."


"မမထိပ်ထားက ဘာလို့အဲ့လိုဖြစ်သွားရတာလဲ.."


"ဘ၀င်ရူးသွားတာဟေ့..ငါကတော့အဲ့လိုပဲ

ထင်တယ်..."


မမထိပ်ထားအကြောင်းကို ပြောလိုက်သည်နှင့်

အန်တီလေး၏မျက်နှာဟာ ချက်ချင်းအိုစာ

သွားသလိုပဲ။

ဝိုင်းလေးအိမ်ကို ပြန်မလာချင်ရသည့်အဓိက

အကြောင်းအရင်းကလဲ မမထိပ်ထားကြောင့်ပါပဲ။

သူကဝိုင်းလေးကို အရမ်းမုန်းတီးနေတဲ့လူဆိုတော့

သူနဲ့ ထိပ်တိုက်တွေ့ရင် ပြဿနာတွေဖြစ်လာနိုင်သည်။


အခုတော့ ဝိုင်းလေးတင်မဟုတ်ပဲ အိမ်မှာ

သူ့ကြောင့် ကျန်တဲ့လူတွေပါစိတ်ဆင်းရဲနေကြပုံပဲ

မမထိပ်ထားက ဘာလို့ဒီလောက်ဆိုးနေရတာလဲ။

ဂျပန်ကပြန်လာပြီးတည်းက ပိုပြီးဆိုးနေခဲ့တာဆို

ပိုမှန်လိမ့်မယ်။


"ကဲ..ဒီမှာချယ်ရီသီးဖျော်ရည်ရပါပြီ..."


မေမေက ဖန်ခွက်အပြည့်ဖျော်ရည်တွေကို

သယ်လာ၍ စိတ်ညစ်စရာတွေကိုဘေးသို့

ထုတ်လိုက်ပြီး ချယ်ရီသီးဖျော်ရည်ကိုသာ

တစ်ခါတည်း မော့သောက်ပြစ်လိုက်သည်။

တစ်၀က်လောက်သောက်ပြီးမှ..


"အား..အမေဖျော်ပေးတဲ့လက်ရာကလေ

ဆိုင်ထက်တောင်ကောင်းနေသေးတယ်.."


"အဲ့ဒါကြောင့်အမေကတွေးနေတာ..ဈေးထဲက

အထည်ဆိုင်ကို သမီးရဲ့အဒေါ်ကိုဦးစီးခိုင်းပြီး

အမေကခြံရှေ့မှာ အအေးဆိုင်လေးဖွင့်မလားလို့.."


"အမေရယ်..အမေပင်ပန်းမှာပေါ့.."


"မပင်ပန်းပါဘူးသမီးရယ်..အမေကိုယ်တိုင်ကလည်း အဲ့အလုပ်ကိုဝါသနာပါတယ်လေ..

မန္တလေးမှာတုန်းကလည်း ဆိုင်ဖွင့်ခဲ့သေးတာပဲဥစ္စာ

အိမ်ရှေ့မှာဆိုင်လေးဖွင့်လိုက်ရင်

သမီးအဖေကိုလည်း ကြည့်လို့ရသလို

အမေတို့လည်းအပို၀င်ငွေတိုးတာပေါ့..."


အမေ့စကားကြောင့် ဝိုင်းလေးတကယ်ကို

မျက်ရည်တောင်ဝဲချင်လာသည်။

မမထိပ်ထားကလည်း အိမ်မှာဘာမှမကူပေးတော့

အမေပိုပင်ပန်းနေရပြီပေါ့။

 လစာထုတ်ရင် ဝိုင်းလေးရသမျှ

လစာတွေကို အမေ့ကိုပဲပြန်အပ်မည်ဟု

ဆုံးဖြတ်လိုက်သည်။

ကိုမင်းစက်တို့အိမ်မှာက ကိုယ်စားချင်တာမှန်သမျှ

ကြည်ကြည်တို့က လုပ်ပေးနေတာပဲ။

ဒါကြောင့် ဝိုင်းလေးမှာအသုံးမလိုအပ်ပါဘူးလေ။

ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေမိပြီး

ချယ်ရီသီးဖျော်ရည်တွေကို ထပ်သောက်နေလိုက်သည်။


ဒေါ်တင်မမကတော့ မေဝိုင်းလေးတစ်‌ယောက်

ချယ်ရီသီးဖျော်ရည်သောက်နေတာကိုကြည့်ပြီး တစ်ခုခုကိုသတိရသွားဟန်ဖြင့် ပြုံးလိုက်လေသည်။


"အစ်မကဘာတွေကို သဘောကျနေတာလဲ.."


ဒေါ်ရွှေရည်၀င်းသည်လည်း မေဝိုင်းလေးရောက်လာတည်းက မျက်နှာထက်မှာ

အပြုံးလေးတွေဝေနေသော အစ်မဖြစ်သူကို

ကြည့်ကာ သိချင်၍မေးလိုက်တော့သည်။

မေဝိုင်းလေးသည်လည်း သူ့အမေဘာကြောင့်

ပြုံးလိုက်သည်ကို သိချင်၍မျက်လုံးလေးတွေ

ဝိုင်းနေတော့သည်။


"သေချာပြန်တွေးကြည့်လိုက်တော့

ကိုစက်နဲ့ဝိုင်းလေးက တကယ်ကိုရေစက်ပါတာပဲ.."


"ဘာဖြစ်လို့လဲအစ်မရဲ့..."


"နင်မှတ်မိသေးလား..ကလောမှာတုန်းကလေ

ဝိုင်းလေးရဲ့ချယ်ရီသီးခြင်းကို နင့်တူမထိပ်ထားက

မှောက်အောင်လုပ်ပြီး ဖြတ်စီးလိုက်လို့

တစ်နေ့လုံးငိုတာလေ..နောက်တစ်နေ့မနက်ကျတော့

ချယ်ရီသီးခြင်းတစ်ခြင်း လာပေးတာဘယ်သူလဲ.."


အမေကသဘောတကျနှင့်အန်‌တီလေးကို

လှည့်၍မေးလိုက်တော့ အန်တီလေးကလည်း

မှတ်မိသွားသည့် ပုံစံနှင့်လက်ခုပ်ထတီးပြီး

သဘောတကျထရယ်လေသည်။


"ဘယ်သူဖြစ်ရမှာလည်း..အဲ့ဒါက

တို့ရဲ့သားမက်လေးကိုစက်ပေါ့..

အဲ့ဒီတုန်းကဝိုင်းလေးကအသက်

၁၀နှစ်လောက်ပဲရှိအုန်းမယ်..ကိုစက်က

လေးနှစ်လောက် ကြီးတယ်ဆိုတော့

ဆယ့်လေးနှစ်ပေါ့.."


"အင်း..သေချာပြန်တွေးကြည့်တော့ ငါတို့ရဲ့

သားမက်လေး‌က ဆယ့်လေးနှစ်သားတည်းက

တို့ကလေးကို အလိုလိုက်ခဲ့တာပဲ.."


"အမေနဲ့အန်တီလေး..

ဘာတွေပြောနေကြတာလဲ..အဲ့တုန်းက

ဝိုင်းလေးကို ချယ်ရီသီးခြင်းအစားလျော်ပေးတာက အမေတို့မဟုတ်ဘူးလား.."


"အမေတို့မဟုတ်ဘူးကွဲ့..အဲ့ဒါကိုစက်ပဲ

မနက်အစောကြီးလာပြီး အမေတို့ကိုချယ်ရီသီး

တစ်ခြင်းလာပေးသွားခဲ့တာ..ဝိုင်းလေးကို

ပေးလိုက်ပါတဲ့လေ..ပြီတော့ချယ်ရီသီးတွေကို

သူပေးတယ်လို့ မပြောပါနဲ့ဆိုပြီးတားခဲ့လို့

အမေတို့က မပြောခဲ့တာ..

ရတနာ့ကိုမေးကြည့်တော့မှ မနက်အစောကြီး

စိုက်ပျိုးရေးခြံဘက်ကို သွားပြီးသူကိုယ်တိုင်

ချယ်ရီသီးတွေ သွားခူးလာတာတဲ့လေ..

အခုပြန်တွေးကြည့်တော့မှ

အဲ့ကောင်လေးက အပြင်ပန်းကသာအေးစက်စက်

လေးပေမဲ့..တကယ်ကိုစိတ်ထားကောင်းတာနော်"


" ဝိုင်းလေးရေနစ်တော့ ကယ်ခဲ့တာလည်း..

ကိုစက်ပဲမဟုတ်လား.."


အန်တီလေးက နောက်ထပ်အကြောင်းအရာ

တစ်ခုကို ထပ်ပြောလိုက်တော့

အမေက သဘောတကျနဲ့ထပ်ရယ်လိုက်ပြန်လေသည်။ဝိုင်းလေးမှာသာ အမေနဲ့အန်တီလေးတို့

နှစ်ယောက်ကိုကြည့်ပြီး လုံး၀နားမလည်နိုင်ဖြစ်နေရ

သည်။


"အမေ..ဝိုင်းလေးရေနစ်တုန်းက

လာကယ်ပေးတဲ့လူကကိုမင်းစက်လား..."


"ဟုတ်တာပေါ့..အဲ့တုန်းကကိုစက်ကြောင့်သာ

မဟုတ်ရင်..သမီးလေးအခုလိုအသက်ရှင်နေပါ့

မလားတောင် မသိဘူး..အမေတို့ကလည်း

ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သမီးတို့ကို

မကြည့်မိဘူးလေ...ကိုစက်ကသမီးကို

ရေထဲကနေကယ်လာပြီး တို့ခြံကိုရောက်တဲ့အထိ

ပွေ့လာခဲ့တာကွယ့်..သိပ်ကျေးဇူးတင်ဖို့

ကောင်းတာပဲ..သူ့ကြောင့်သာမဟုတ်ရင်

အမေတို့သမီးကို ဆုံးရှုံးလိုက်ရမှာလေ.."


"နေပါအုံး..သမီးကမမထိပ်ထားနဲ့သွားတာလေ

သူကဘယ်လိုလုပ်ပြီး သမီးရေနစ်တာကိုသိရတာလဲ.."


"ကိုစက်ကိုအမေတို့မေးကြည့်တာတော့..

ထိပ်ထားကသမီးကို အမြဲအနိုင်ကျင့်တာ

တွေ့ရလို့..ထိပ်ထားကတောင်ခြေကအိမ်ကို

ခေါ်သွားတော့နောက်ကနေလိုက်သွားတာတဲ့..

အမေလည်းလေ..အဲ့နေ့ကထိပ်ထားကို

စိတ်ဆိုးလွန်းလို့ ရိုက်ပြီးဆုံးမလိုက်မိတယ်

ကိုစက်သာမပြောခဲ့ရင် ထိပ်ထားကသမီးကို

ရေကန်ထဲ တွန်းချလိုက်တာကို

သိရမှာမဟုတ်ဘူးလေ.."


အမေ့ပြောပြသည့် ကလေးဘ၀က

အကြောင်းအရာတွေကို

 နားထောင်ပြီးနောက်မှာတော့

စိတ်ထဲမှာ နောင်တရသလိုလို၊ပျော်သလိုလို

ဖြစ်လာ လေသည်။

ဝိုင်းလေးကို ချယ်ရီခြင်းကြီးလက်ဆောင်ပေးခဲ့တာက မမေတို့မဟုတ်ပဲကိုစက်တဲ့လေ။


နောက်ပြီး ဝိုင်းလေးကိုရေကန်ထဲကနေ

ကယ်ထုတ်ပေးခဲ့တာလည်း သူပဲတဲ့။

သူဟာ ဝိုင်းလေးရဲ့အသက်ကယ်ကြိုးတစ်မျှင်

ဖြစ်ခဲ့တာပဲ။

ပြီးတော့ သူဟာအခုဝိုင်းလေးရဲ့အမျိုးသား

ဖြစ်နေပြီ။


တိုက်ဆိုင်မှုကြီးက တကယ်ကိုမယုံနိုင်လောက်စရာပဲ။

သူနဲ့ပတ်သတ်ရင် ဝိုင်းလေးအတွက်အမှတ်ရနေတာတွေက မုန်းတီးစရာတွေချည်းပဲဖြစ်နေခဲ့ပေမဲ့

အမှန်တကယ်တော့ သူဟာဝိုင်းလေးထင်သလို

မဟုတ်နေဘူးပဲ။

အမူအရာတွေက အေးစက်ပေမဲ့နှလုံးသားက

နွေးထွေးနေတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်

လူတစ်ယောက်ကို ကူညီပြီးရင်တောင်

နာမည်ကောင်းမယူတတ်တဲ့ လူမျိုးပေါ့။


‌ဝိုင်းလေးရေနစ်ခဲ့တဲ့နေရာက

 တောင်ခြေဘက်မှာဆိုတော့ 

အိမ်အထိရောက်လာအောင်ဝိုင်းလေးကို

သူခက်ခက်ခဲခဲနဲ့ သယ်လာခဲ့ရမှာပေါ့။

ပြီးတော့ ရေကန်ထဲကနေကယ်လာတဲ့အချိန်မှာ

ဝိုင်းလေးကို သူCPRလုပ်ပေးခဲ့သေးသလိုပဲ။

ထိုအကြောင်းကို ပြန်တွေးကြည့်လိုက်တော့

ဝိုင်းလေး၏ မျက်လုံးတွေချက်ချင်းပြူးကျယ်

သွားမိလေသည်။


*ဒါဆိုဝိုင်းလေးရဲ့ပထမဆုံးအနမ်းက

အသက်ဆယ့်တစ်နှစ်အရွယ်မှာပေါ့...

ပြီးတော့ အဲ့ဒီ့လူကလည်းသူပဲ...*


🍒🍒🍒🍒🍒🍒🍒


ကဲ အခုတော့ မရွှေဝိုင်းတို့

ယောက်ျားကို အိမ်ဦးခန်းမှာထားရမှန်းသိလောက်ပြီပေါ့..🤭


=========================================================================


အခန္း(၂၆)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


အိမ္ေရ႔ွမွာ တကၠစီရပ္လိုက္သည္ႏွင့္ ကားေပၚမွဆင္းကာ ၿခံထဲသို႔တစ္လွမ္းခ်င္း၀င္သြားမိေလသည္။

နာရီကိုၾကၫ့္လိုက္ေတာ့ သံုးနာရီထိုးေနေလၿပီ။

ဒီေန့ကစေနေန့ဆိုေပမဲ့ အထည္ဆိုင္ကိုေရာက္ေနရင္ေတာ့ အေမတို႔ရိွေလာက္မွာမဟုတ္ဘူး။

ဒါေပမဲ့ အေမတို႔မရိွလည္းအေဖ့ကိုေတြ့ၿပီး

ျပန္မယ္ဆိုေသာအေတြးျဖင့္ ေရာက္လာမိျခင္းပါပဲ။


ကိုဦးေပးလိုက္ေသာ ခ်ယ္ရီသီးဗူးေလးကို

ကိုင္ထားမိရင္းႏွင့္ မေရာက္တာၾကာၿပီျဖစ္သၫ့္

ၿခံ၀န္းႀကီးကို လိုက္၍ၾကၫ့္ေနမိေလသည္။

ၿခံ၀န္းႀကီးက ပံုမွန္အတိုင္းအမိႈက္တစ္စေတာင္

မရိွပဲ သန႔္ရွင္းေနသလိုစံပယ္ရံုေတြကလည္း

ေမႊးၿမဲေမႊးစဲပါပဲ။


အိမ္ထဲသို႔၀င္ခါနီးမွာ ပန္းေရာင္ဂါ၀န္ေလးကို

လက္ႏွင့္အသာျပန႔္ျပဴးေအာင္လုပ္လိုက္ၿပီးေနာက္

အိမ္ထဲသို႔ ၀င္လိုက္သည္။


"ဟင္..ဝိုင္းေလး...သမီးေလးအိမ္လည္လာတာလား"


အိမ္ထဲသို႔၀င္လိုက္သည္ႏွင့္ အေမကဝိုင္းေလးကို

သတိထားမိသြားေလသည္။

ဝိုင္းေလးကိုေတြ့တာႏွင့္ အေမ့မ်က္ႏွာက

ရႊင္ျမဴးသြားတာ‌ေၾကာင့္ ဝိုင္းေလးလည္း

၀မ္းသာသြားမိသည္။


"အေမ..ေနေကာင္းတယ္မဟုတ္လား..

ဒီေန့ဆိုင္ကိုမသြားရဘူးလား.."


"ေကာင္းပါ့ေတာ္..ဒီေန့ကဆိုင္ထြက္တယ္သမီးရဲ့

ဒါေပမဲ့ေစာၿပီးဆိုင္ပိတ္ခဲ့တာ

ခုဏေလးတင္အိမ္မွာေထာပတ္သီး

ေဖ်ာ္ရည္လုပ္ေသာက္လို႔ ဝိုင္းေလးကို

သတိရေနၾကတာ.."


"ဟယ္..ငါ့တူမေလးျပန္လာၿပီေတာ့..

ဆိုင္းမဆင့္ဗံုမဆင့္နဲ႔ပါလား..

ဖုန္းေလးဘာေလးေတာ့မဆက္ဘူးကြယ္

ဟင္းေကာင္းေလးဘာေလးခ်က္ထားမွာေပါ့.."


"အန္တီေလးတို႔အလုပ္ရႈပ္မွာစိုးလို႔ပါ.."


"အမယ္ေလး..ဘာအလုပ္ရႈပ္စရာရိွလဲ

ကိုယ့္တူမေလးအိမ္ျပန္လာတာပဲဥစၥာ

ေဒၚေလးက သတိေတြရေနတာ..."


အေပၚထပ္မွ ဆင္းလာေသာေဒၚေလးသည္လည္း

ဝိုင္းေလးကိုေတြ့သည္ႏွင့္ စကားေတြ

ေရပက္မ၀င္ေအာင္ ေျပာေလေတာ့သည္။

ၿပီးတာႏွင့္ မိသားစုေတြအားလံုးဧၫ့္ခန္းထဲသို႔

၀င္လိုက္ၾကေလသည္။

ဧၫ့္ခန္းထဲတြင္ေတာ့ ဖြားဖြားမိစံသည္

ဝိုင္းေလးကို ေတြ့သည္ႏွင့္မ်က္ရည္ေလး

စမ္းစမ္းျဖစ္ေန၍ ေျပးဖက္လိုက္မိသည္။


"ဝိုင္းေလးကဖြားဖြားႏုကိုေတြ့တိုင္း အဖြားကို

သတိရေနတာသိလား..အဖြားေရာဒီတေလာမွာ

က်န္းမာေရးေကာင္းတယ္မဟုတ္လားဟင္.."


"အမယ္ေလးေကာင္းပါ့ေနာ္..အဖြားကသာ

ငါ့ေျမးေလးကိုစိတ္ပူေနတာ..မိဘေပးစားတဲ့လူကို

ယူလိုက္ရေတာ့ ငါ့ေျမးမေပ်ာ္မွာစိုးေနတာကဲြ႔

ဟိုမွာအဆင္ေရာေျပရဲ့လားကြယ္

ဒီရက္အတြင္းမွာ ဖုန္းမဆက္ေတာ့အဖြားက

စိတ္ပူေန‌တာ..."


"ဟုတ္တယ္ဝိုင္းေလးရယ္..အန္တီေလးလည္း

စိတ္ပူေနတာ..ငါ့တူမကိုအန္တီေလးရဲ့

မ်က္လံုးထဲမွာေတာ့ အိမ္ေထာင္က်ၿပီးလည္း

ကေလးေလးလိုပဲျမင္တယ္..ဟိုအိမ္မွာေနရတာ

အဆင္ေျပရဲ့လား.."


အဖြားတင္မကပဲ အန္တီေလးကပါထေမးလာၿပီး

အေမကလည္း သိခ်င္စိတ္ႏွင့္ မ်က္လံုးအဝိုင္းသားျဖစ္ေနေလသည္။

အိမ္ေထာင္က်ၿပီးသြားတာနဲ႔ အိမ္ေထာင္ေရး

ဒုကၡဆိုတာ လူတိုင္းခံစားၾကရမွာပဲ။

ဒါကိုလိုက္ညီးတြားျပေနရင္ ဘာမွေကာင္းတာ

ျဖစ္လာမွာမဟုတ္ဘူးလို႔ေတြးလိုက္မိသည္။

ထို႔ေၾကာင့္ အားလံုးစိတ္ခ်မ္းသာေအာင္

မ်က္ႏွာထက္မွာ အႃပံုးေလးကိုသာတင္လိုက္ပါသည္။


"အစစအရာရာအဆင္ေျပပါတယ္..

ဖြားႏုတို႔အိမ္မွာေနတုန္းကလည္း ဖြားႏုကအရမ္း

ဂရုစိုက္‌ေပးတယ္ေလ..အခုကိုမင္းစက္ရဲ့အိမ္မွာ

ေနေတာ့လည္း အစစအရာရာလိုေလေသးမရိွပါဘူး

အေမတို႔ရယ္..."


"ကိုစက္ရဲ့အိမ္ဟုတ္လား..ကိုစက္ကအိမ္ခဲြေနတာလား.."


"ဟုတ္တယ္..အေမရဲ့..သူကသီးသန္႔အိမ္ခဲြေနတာ အခုဆိုဝိုင္းေလးကသူ႔အိမ္မွာ

လိုက္ေနရတာ‌ေလ.."


"ဟုတ္လား..အိမ္ခဲြေနတာလည္းေကာင္းပါတယ္

..ဒါနဲ႔သမီးေယာက္်ားေရာ..

အလုပ္အကိုင္အဆင္ေျပရဲ့လား..

အခုသူလိုက္ပို႔တာလား..."


ကိုမင္းစက္အေၾကာင္းကိုေမးေတာ့ စိတ္ထဲမွာ

၀မ္းနည္းသလိုေတာင္ျဖစ္လာမိသည္။

အိမ္ေထာင္က်ၿပီးတည္းက မိဘေတြဆီကို

သူနဲ႔အတူအလည္လာသင့္တာဆိုေပမဲ့

အခုေတာ့ဝိုင္းေလးတစ္ေယာက္တည္း

ေရာက္လာရတယ္။အေမတို႔လည္းသူတို႔ရဲ့

သားမက္ကို ေတြ့ခ်င္ရွာမွာေပါ့။

ဒါေပမဲ့ သူ႔ကိုလည္းအိမ္ကိုအလည္သြားရေအာင္လို႔

မေျပာရဲဘူး။

သူကကိုယ့္ကိုမခ်စ္ပဲ လက္ထက္ထားတာဆိုေတာ့

ကိုယ္ေတာင္းဆိုတိုင္း ျဖၫ့္ဆည္းေပးမွာမွ

မဟုတ္တာ။


"သူကအခုစကၤာပူကိုခရီးသြားေနတာေလ 

တစ္ပတ္ေလာက္ၾကာမယ္ဆိုေတာ့

မနက္ျဖန္ေလာက္မွ ျပန္ေရာက္ေလာက္မယ္.."


"အင္းေလ..ကိုစက္ကအလုပ္မ်ားတဲလူ

ဆိုေတာ့လည္း..ခရီးခဏခဏထြက္ရတာ

မဆန္းပါဘူး..ဒါနဲ႔သမီးေလးတို႔ဟန္းနီးမြန္း

မထြက္ရေသးဘူးမဟုတ္လား..."


အေမ့စကားေၾကာင့္ ဝိုင္းေလး၏မ်က္ႏွာဟာ

မသိမသာမဲ့သြားမိေလသည္။

ဟန္းနီးမြန္းထြက္ရဖို႔မေျပာနဲ႔ မဂၤလာေဆာင္ၿပီး

ေနာက္တစ္ေန့မွာပဲ ႏွစ္လၾကာေအာင္ခရီး

ထြက္သြားလို႔ရန္ျဖစ္ခဲ့ရေသးတယ္။


ေဒၚတင္မမကေတာ့ သမီးျဖစ္သူ၏မ်က္ႏွာကို

ေရာက္လာတည္းက အရိပ္တၾကၫ့္ၾကၫ့္

လုပ္ေနမိသူမို႔ သမီးေလး၏မ်က္ႏွာ

ၫွိုးက်သြားတာကို သတိထားမိလိုက္ေလသည္။

ထို႔ေၾကာင့္  သမီးရဲ့ပခံုးေလးကို

ကိုင္လိုက္ကာ ေမးေလးကိုကိုင္လိုက္ကာ

ေမးလိုက္မိသည္။


"သမီးေလး..သမီးေယာက္်ားနဲ႔ေရာ

အဆင္ေျပရဲ့လား..ကိုစက္က

သမီးေလးအေပၚမွာၾကင္နာရဲ့လား..

အေမတို႔ကိုပြင့္ပြင့္လင္းလင္းေျပာေနာ္

ဘာျပႆနာပဲရိွရိွတစ္ေယာက္တည္း ႀကိတ္ၿပီး

မခံစားနဲ႔..ေဒၚႏုယဉ္တို႔ကအေမတို႔ကို

ကူညီေပးထားတယ္ဆိုတိုင္း..

တစ္ေယာက္တည္းအရာအားလံုးကို

သည္းခံထားစရာမလိုဘူး..ဘာပဲျဖစ္လာလာ

အေမတို႔ကိုတိုင္ပင္လို႔ရတယ္.."


အေမ့မ်က္ႏွာကိုၾကၫ့္ေနရင္းႏွင့္ ငိုခ်င္လာသလို

ခံစားလိုက္ရသည္။အေမ့အသံကလည္း

အရင္လို႔ဂရုဏာသံအျပၫ့္နဲ႔ ေနြးေထြးေနတုန္းပါပဲ။

ဒါေပမဲ့ ဝိုင္းေလးဘာကိုမွမေျပာခ်င္ဘူး။

ေယာက္်ားကၾကင္နာယုယတဲ့သူမဟုတ္ေပမဲ့

ဝိုင္းေလးအေပၚမွာ တအားႀကီးႏိွပ္စက္ေနတာလည္း မဟုတ္ပါဘူး။


တစ္ခါတစ္ေလမွာ သူ႔ရဲ့ဥပကၡာတရားဟာ

ခံရခက္တယ္ဆိုေပမဲ့ မိဘေတြကိုတိုင္ေတာရေအာင္အထိေတာ့ အရမ္းႀကီးမားတဲ့

ျပႆနာမဟုတ္ဘူးလို႔ထင္မိတယ္။

တကယ္လို႔ ဖြားဖြားႏုတို႔အိမ္မွာသာ ဆက္ေနျဖစ္ရင္

မခ်စ္သက္လ်ွာနဲ႔ တၫ့္ႏိုင္မွာမဟုတ္ေပမဲ့

အခု ကိုမင္းစက္ရဲ့အိမ္မွာေတာ့ အရာအားလံုး

အဆင္ေျပေနပါေသးတယ္။


"သမီးတကယ္ကို အဆင္ေျပပါတယ္အေမရယ္

ဖြားဖြားႏုတို႔ကလည္း သမီးကိုခ်စ္ၾကပါတယ္

ကိုမင္းစက္နဲ႔လည္းအဆင္ေျပတာမို႔လို႔

စိတ္မပူနဲ႔ေနာ္.."


"ေအးပါ..ဒီလိုဆိုလည္းၿပီးတာပဲ.."


အေမကဝိုင္းေလး၏ေခါင္းေလးကို ပုတ္လိုက္ၿပီး

အခုမွစိတ္သက္သာရာ ရသြားပံုျဖင့္သက္ျပင္း

ခ်လိုက္ကာ ဝိုင္းေလး၏လက္ထဲမွ

ခ်ယ္ရီသီးဗူးေလးကို ၾကၫ့္လိုက္ေလသည္။


"ခ်ယ္ရီသီးေတြ၀ယ္လာတာလား..."


"မဟုတ္ဘူးအေမရဲ့..လက္ေဆာင္ရတာ.."


"တယ္ဟုတ္ပါလား..ဒီေလာက္အမ်ားႀကီးကို

လက္ေဆာင္ေပးတယ္ဆိုေတာ့ ဝိုင္းေလးကို

ေတာ္ေတာ္ခင္လို႔ပဲေနလိမ့္မယ္..ေဖ်ာ္ရည္

ေသာက္ခ်င္လား..အေမလုပ္ေပးမယ္ေလ.."


"ေသာက္ခ်င္တာေပါ့အေမရဲ့..."


"အဲ့ဒါဆိုအေမ့ကိုေပး...ေကာင္းေကာင္းေလး

ေဖ်ာ္ခဲ့မယ္.."


ခ်ယ္ရီသီးေတြကိုယူသြားေသာ အေမ့ကို

ၾကၫ့္ေနရင္းႏွင့္ ငယ္ငယ္တုန္းက

အေၾကာင္းေတြဟာေခါင္းထဲသို႔

အလိုလိုေရာက္လာေလသည္။

ဟိုအရင္ကဆို ခ်ယ္ရီသီးေတြခူးၿပီးတိုင္း

ေဖ်ာ္ရည္ေသာက္ခ်င္လို႔ အေမ့ကိုအၿမဲ

ပူဆာတတ္တယ္။အခုလည္းခ်ယ္ရီသီးေတြ

လက္ေဆာင္ရတာနဲ႔ အေမကေဖ်ာ္ရည္

လုပ္ေပးျပန္ၿပီ တကယ္ကိုတိုက္ဆိုင္တာပဲ။


"ဒါနဲ႔..အန္တီေလးေရာ...ရည္းစားေတြဘာေတြ

မရေသးဘူးလား..."


"မိဝိုင္းေလးေနာ္..ငါကဒီအသက္အရြယ္ေရာက္မွ

ရည္းစားထားရအံုးမွာလား...

အိမ္ကိုေရာက္တာနဲ႔ ငါ့ကိုႏိွပ္ကြက္ဖို႔ပဲေတြးေနတာလား.."


"မိဝိုင္းေလး.."ဆိုသၫ့္ေခၚသံကိုၾကားခ်င္၍

တမင္‌ေနာက္လိုက္ေတာ့ ထင္သၫ့္အတိုင္း

ဝိုင္းေလးကိုမ်က္ေစာင္းထိုးလာေလသည္။

ဒီအိမ္မွာက ေယာက္်ားသားရယ္လို႔

မရိွေတာ့ အိမ္မွာလူတစ္ေယာက္ေလ်ွာ့သြားတာနဲ႔

တကယ္ကိုခက္ခဲမွာပဲ။

အေဖကလည္း က်န္းမာေရးမေကာင္းေတာ့

ေနာက္ကို ပိတ္ရက္တိုင္းအိမ္လာလည္ဖို႔

ဆံုးျဖတ္လိုက္မိသည္။


"ဒါနဲ႔ေလ..မမထိပ္ထားေရာမေတြ့ပါလား..

အျပင္သြားတာလား.."


"အမယ္ေလး..အဲ့ေကာင္မေလးအေၾကာင္းေတာ့

မေျပာခ်င္ေတာ့ပါဘူးဟယ္..တစ္ေန့တစ္ေန့

အိမ္မွာကိုမကပ္ဘူး..မနက္ဆိုလည္း

ဆယ္နာရီ၊ဆယ့္တစ္နာရီေလာက္မွအိပ္ယာထတယ္

ၿပီးရင္ အိမ္ကိစၥလည္းတစ္စက္မွကူညီတယ္မရိွဘူး

ညဆိုလည္း ေနာက္က်မျွပန္လာလို႔

ေစာေစာျပန္ပါလို႔ေျပာတာလည္း မရပါဘူးဟယ္.."


"အဲ့ေလာက္ေတာင္ပဲလား..အရင္ကဒီလို

မဟုတ္ပါဘူး.."


"အရင္ကအဲ့လိုမဟုတ္ေပမဲ့..အခုအဲ့လိုျဖစ္ေနၿပီ

ဂ်ပန္ကျပန္လာၿပီးတည္းက သူ႔ကိုယ္သူ

သူေဌးဆိုဒ္ဖမ္းေနတာ..ညည္းအေမနဲ႔ဆိုခဏခဏ

ရန္ျဖစ္သလားမေမးနဲ႔..အေမလည္းမခံဘူး

ျပန္ေအာ္တာသိလား..ငါလည္းဘယ္လိုဆံုးမရမလဲ

မသိေတာ့ပါဘူးဟယ္..."


"မမထိပ္ထားက ဘာလို႔အဲ့လိုျဖစ္သြားရတာလဲ.."


"ဘ၀င္ရူးသြားတာေဟ့..ငါကေတာ့အဲ့လိုပဲ

ထင္တယ္..."


မမထိပ္ထားအေၾကာင္းကို ေျပာလိုက္သည္ႏွင့္

အန္တီေလး၏မ်က္ႏွာဟာ ခ်က္ခ်င္းအိုစာ

သြားသလိုပဲ။

ဝိုင္းေလးအိမ္ကို ျပန္မလာခ်င္ရသၫ့္အဓိက

အေၾကာင္းအရင္းကလဲ မမထိပ္ထားေၾကာင့္ပါပဲ။

သူကဝိုင္းေလးကို အရမ္းမုန္းတီးေနတဲ့လူဆိုေတာ့

သူနဲ႔ ထိပ္တိုက္ေတြ့ရင္ ျပႆနာေတျြဖစ္လာႏိုင္သည္။


အခုေတာ့ ဝိုင္းေလးတင္မဟုတ္ပဲ အိမ္မွာ

သူ႔ေၾကာင့္ က်န္တဲ့လူေတြပါစိတ္ဆင္းရဲေနၾကပံုပဲ

မမထိပ္ထားက ဘာလို႔ဒီေလာက္ဆိုးေနရတာလဲ။

ဂ်ပန္ကျပန္လာၿပီးတည္းက ပိုၿပီးဆိုးေနခဲ့တာဆို

ပိုမွန္လိမ့္မယ္။


"ကဲ..ဒီမွာခ်ယ္ရီသီးေဖ်ာ္ရည္ရပါၿပီ..."


ေမေမက ဖန္ခြက္အျပၫ့္ေဖ်ာ္ရည္ေတြကို

သယ္လာ၍ စိတ္ညစ္စရာေတြကိုေဘးသို႔

ထုတ္လိုက္ၿပီး ခ်ယ္ရီသီးေဖ်ာ္ရည္ကိုသာ

တစ္ခါတည္း ေမာ့ေသာက္ျပစ္လိုက္သည္။

တစ္၀က္ေလာက္ေသာက္ၿပီးမွ..


"အား..အေမေဖ်ာ္ေပးတဲ့လက္ရာကေလ

ဆိုင္ထက္ေတာင္ေကာင္းေနေသးတယ္.."


"အဲ့ဒါေၾကာင့္အေမကေတြးေနတာ..ေဈးထဲက

အထည္ဆိုင္ကို သမီးရဲ့အေဒၚကိုဦးစီးခိုင္းၿပီး

အေမကၿခံေရ႔ွမွာ အေအးဆိုင္ေလးဖြင့္မလားလို႔.."


"အေမရယ္..အေမပင္ပန္းမွာေပါ့.."


"မပင္ပန္းပါဘူးသမီးရယ္..အေမကိုယ္တိုင္ကလည္း အဲ့အလုပ္ကိုဝါသနာပါတယ္ေလ..

မႏၲေလးမွာတုန္းကလည္း ဆိုင္ဖြင့္ခဲ့ေသးတာပဲဥစၥာ

အိမ္ေရ႔ွမွာဆိုင္ေလးဖြင့္လိုက္ရင္

သမီးအေဖကိုလည္း ၾကၫ့္လို႔ရသလို

အေမတို႔လည္းအပို၀င္ေငြတိုးတာေပါ့..."


အေမ့စကားေၾကာင့္ ဝိုင္းေလးတကယ္ကို

မ်က္ရည္ေတာင္ဝဲခ်င္လာသည္။

မမထိပ္ထားကလည္း အိမ္မွာဘာမွမကူေပးေတာ့

အေမပိုပင္ပန္းေနရၿပီေပါ့။

 လစာထုတ္ရင္ ဝိုင္းေလးရသမ်ွ

လစာေတြကို အေမ့ကိုပဲျပန္အပ္မည္ဟု

ဆံုးျဖတ္လိုက္သည္။

ကိုမင္းစက္တို႔အိမ္မွာက ကိုယ္စားခ်င္တာမွန္သမ်ွ

ၾကည္ၾကည္တို႔က လုပ္ေပးေနတာပဲ။

ဒါေၾကာင့္ ဝိုင္းေလးမွာအသံုးမလိုအပ္ပါဘူးေလ။

ကိုယ့္အေတြးႏွင့္ကိုယ္ ေက်နပ္ေနမိၿပီး

ခ်ယ္ရီသီးေဖ်ာ္ရည္ေတြကို ထပ္ေသာက္ေနလိုက္သည္။


ေဒၚတင္မမကေတာ့ ေမဝိုင္းေလးတစ္‌ေယာက္

ခ်ယ္ရီသီးေဖ်ာ္ရည္ေသာက္ေနတာကိုၾကၫ့္ၿပီး တစ္ခုခုကိုသတိရသြားဟန္ျဖင့္ ႃပံုးလိုက္ေလသည္။


"အစ္မကဘာေတြကို သေဘာက်ေနတာလဲ.."


ေဒၚေရႊရည္၀င္းသည္လည္း ေမဝိုင္းေလးေရာက္လာတည္းက မ်က္ႏွာထက္မွာ

အႃပံုးေလးေတြေဝေနေသာ အစ္မျဖစ္သူကို

ၾကၫ့္ကာ သိခ်င္၍ေမးလိုက္ေတာ့သည္။

ေမဝိုင္းေလးသည္လည္း သူ႔အေမဘာေၾကာင့္

ႃပံုးလိုက္သည္ကို သိခ်င္၍မ်က္လံုးေလးေတြ

ဝိုင္းေနေတာ့သည္။


"ေသခ်ာျပန္ေတြးၾကၫ့္လိုက္ေတာ့

ကိုစက္နဲ႔ဝိုင္းေလးက တကယ္ကိုေရစက္ပါတာပဲ.."


"ဘာျဖစ္လို႔လဲအစ္မရဲ့..."


"နင္မွတ္မိေသးလား..ကေလာမွာတုန္းကေလ

ဝိုင္းေလးရဲ့ခ်ယ္ရီသီးျခင္းကို နင့္တူမထိပ္ထားက

ေမွာက္ေအာင္လုပ္ၿပီး ျဖတ္စီးလိုက္လို႔

တစ္ေန့လံုးငိုတာေလ..ေနာက္တစ္ေန့မနက္က်ေတာ့

ခ်ယ္ရီသီးျခင္းတစ္ျခင္း လာေပးတာဘယ္သူလဲ.."


အေမကသေဘာတက်ႏွင့္အန္‌တီေလးကို

လွၫ့္၍ေမးလိုက္ေတာ့ အန္တီေလးကလည္း

မွတ္မိသြားသၫ့္ ပံုစံႏွင့္လက္ခုပ္ထတီးၿပီး

သေဘာတက်ထရယ္ေလသည္။


"ဘယ္သူျဖစ္ရမွာလည္း..အဲ့ဒါက

တို႔ရဲ့သားမက္ေလးကိုစက္ေပါ့..

အဲ့ဒီတုန္းကဝိုင္းေလးကအသက္

၁၀ႏွစ္ေလာက္ပဲရိွအုန္းမယ္..ကိုစက္က

ေလးႏွစ္ေလာက္ ႀကီးတယ္ဆိုေတာ့

ဆယ့္ေလးႏွစ္ေပါ့.."


"အင္း..ေသခ်ာျပန္ေတြးၾကၫ့္ေတာ့ ငါတို႔ရဲ့

သားမက္ေလး‌က ဆယ့္ေလးႏွစ္သားတည္းက

တို႔ကေလးကို အလိုလိုက္ခဲ့တာပဲ.."


"အေမနဲ႔အန္တီေလး..

ဘာေတြေျပာေနၾကတာလဲ..အဲ့တုန္းက

ဝိုင္းေလးကို ခ်ယ္ရီသီးျခင္းအစားေလ်ာ္ေပးတာက အေမတို႔မဟုတ္ဘူးလား.."


"အေမတို႔မဟုတ္ဘူးကဲြ႔..အဲ့ဒါကိုစက္ပဲ

မနက္အေစာႀကီးလာၿပီး အေမတို႔ကိုခ်ယ္ရီသီး

တစ္ျခင္းလာေပးသြားခဲ့တာ..ဝိုင္းေလးကို

ေပးလိုက္ပါတဲ့ေလ..ၿပီေတာ့ခ်ယ္ရီသီးေတြကို

သူေပးတယ္လို႔ မေျပာပါနဲ႔ဆိုၿပီးတားခဲ့လို႔

အေမတို႔က မေျပာခဲ့တာ..

ရတနာ့ကိုေမးၾကၫ့္ေတာ့မွ မနက္အေစာႀကီး

စိုက္ပ်ိဳးေရးၿခံဘက္ကို သြားၿပီးသူကိုယ္တိုင္

ခ်ယ္ရီသီးေတြ သြားခူးလာတာတဲ့ေလ..

အခုျပန္ေတြးၾကၫ့္ေတာ့မွ

အဲ့ေကာင္ေလးက အျပင္ပန္းကသာေအးစက္စက္

ေလးေပမဲ့..တကယ္ကိုစိတ္ထားေကာင္းတာေနာ္"


" ဝိုင္းေလးေရနစ္ေတာ့ ကယ္ခဲ့တာလည္း..

ကိုစက္ပဲမဟုတ္လား.."


အန္တီေလးက ေနာက္ထပ္အေၾကာင္းအရာ

တစ္ခုကို ထပ္ေျပာလိုက္ေတာ့

အေမက သေဘာတက်နဲ႔ထပ္ရယ္လိုက္ျပန္ေလသည္။ဝိုင္းေလးမွာသာ အေမနဲ႔အန္တီေလးတို႔

ႏွစ္ေယာက္ကိုၾကၫ့္ၿပီး လံုး၀နားမလည္ႏိုင္ျဖစ္ေနရ

သည္။


"အေမ..ဝိုင္းေလးေရနစ္တုန္းက

လာကယ္ေပးတဲ့လူကကိုမင္းစက္လား..."


"ဟုတ္တာေပါ့..အဲ့တုန္းကကိုစက္ေၾကာင့္သာ

မဟုတ္ရင္..သမီးေလးအခုလိုအသက္ရွင္ေနပါ့

မလားေတာင္ မသိဘူး..အေမတို႔ကလည္း

ကိုယ့္အလုပ္နဲ႔ကိုယ္ဆိုေတာ့ သမီးတို႔ကို

မၾကၫ့္မိဘူးေလ...ကိုစက္ကသမီးကို

ေရထဲကေနကယ္လာၿပီး တို႔ၿခံကိုေရာက္တဲ့အထိ

ေပြ့လာခဲ့တာကြယ့္..သိပ္ေက်းဇူးတင္ဖို႔

ေကာင္းတာပဲ..သူ႔ေၾကာင့္သာမဟုတ္ရင္

အေမတို႔သမီးကို ဆံုးရႈံးလိုက္ရမွာေလ.."


"ေနပါအံုး..သမီးကမမထိပ္ထားနဲ႔သြားတာေလ

သူကဘယ္လိုလုပ္ၿပီး သမီးေရနစ္တာကိုသိရတာလဲ.."


"ကိုစက္ကိုအေမတို႔ေမးၾကၫ့္တာေတာ့..

ထိပ္ထားကသမီးကို အၿမဲအႏိုင္က်င့္တာ

ေတြ့ရလို႔..ထိပ္ထားကေတာင္ေျခကအိမ္ကို

ေခၚသြားေတာ့ေနာက္ကေနလိုက္သြားတာတဲ့..

အေမလည္းေလ..အဲ့ေန့ကထိပ္ထားကို

စိတ္ဆိုးလြန္းလို႔ ရိုက္ၿပီးဆံုးမလိုက္မိတယ္

ကိုစက္သာမေျပာခဲ့ရင္ ထိပ္ထားကသမီးကို

ေရကန္ထဲ တြန္းခ်လိုက္တာကို

သိရမွာမဟုတ္ဘူးေလ.."


အေမ့ေျပာျပသၫ့္ ကေလးဘ၀က

အေၾကာင္းအရာေတြကို

 နားေထာင္ၿပီးေနာက္မွာေတာ့

စိတ္ထဲမွာ ေနာင္တရသလိုလို၊ေပ်ာ္သလိုလို

ျဖစ္လာ ေလသည္။

ဝိုင္းေလးကို ခ်ယ္ရီျခင္းႀကီးလက္ေဆာင္ေပးခဲ့တာက မေမတို႔မဟုတ္ပဲကိုစက္တဲ့ေလ။


ေနာက္ၿပီး ဝိုင္းေလးကိုေရကန္ထဲကေန

ကယ္ထုတ္ေပးခဲ့တာလည္း သူပဲတဲ့။

သူဟာ ဝိုင္းေလးရဲ့အသက္ကယ္ႀကိဳးတစ္မ်ွင္

ျဖစ္ခဲ့တာပဲ။

ၿပီးေတာ့ သူဟာအခုဝိုင္းေလးရဲ့အမ်ိဳးသား

ျဖစ္ေနၿပီ။


တိုက္ဆိုင္မႈႀကီးက တကယ္ကိုမယံုႏိုင္ေလာက္စရာပဲ။

သူနဲ႔ပတ္သတ္ရင္ ဝိုင္းေလးအတြက္အမွတ္ရေနတာေတြက မုန္းတီးစရာေတြခ်ည္းပဲျဖစ္ေနခဲ့ေပမဲ့

အမွန္တကယ္ေတာ့ သူဟာဝိုင္းေလးထင္သလို

မဟုတ္ေနဘူးပဲ။

အမူအရာေတြက ေအးစက္ေပမဲ့ႏွလံုးသားက

ေနြးေထြးေနတဲ့လူတစ္ေယာက္ျဖစ္ေနခဲ့တယ္

လူတစ္ေယာက္ကို ကူညီၿပီးရင္ေတာင္

နာမည္ေကာင္းမယူတတ္တဲ့ လူမ်ိဳးေပါ့။


‌ဝိုင္းေလးေရနစ္ခဲ့တဲ့ေနရာက

 ေတာင္ေျခဘက္မွာဆိုေတာ့ 

အိမ္အထိေရာက္လာေအာင္ဝိုင္းေလးကို

သူခက္ခက္ခဲခဲနဲ႔ သယ္လာခဲ့ရမွာေပါ့။

ၿပီးေတာ့ ေရကန္ထဲကေနကယ္လာတဲ့အခ်ိန္မွာ

ဝိုင္းေလးကို သူCPRလုပ္ေပးခဲ့ေသးသလိုပဲ။

ထိုအေၾကာင္းကို ျပန္ေတြးၾကၫ့္လိုက္ေတာ့

ဝိုင္းေလး၏ မ်က္လံုးေတြခ်က္ခ်င္းျပဴးက်ယ္

သြားမိေလသည္။


*ဒါဆိုဝိုင္းေလးရဲ့ပထမဆံုးအနမ္းက

အသက္ဆယ့္တစ္ႏွစ္အရြယ္မွာေပါ့...

ၿပီးေတာ့ အဲ့ဒီ့လူကလည္းသူပဲ...*


🍒🍒🍒🍒🍒🍒🍒


ကဲ အခုေတာ့ မေရႊဝိုင္းတို႔

ေယာက္်ားကို အိမ္ဦးခန္းမွာထားရမွန္းသိေလာက္ၿပီေပါ့..🤭

No comments:

Post a Comment