(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၂၇)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
မိသားစုနဲ့အတူရှိနေရတဲ့ခံစားချက်က တကယ်ကို
ပျော်ရွှင်ကြည်နူးရလွန်းလို့ ဘာနဲ့မှမလဲလှယ်နိုင်တဲ့
အခိုက်အတန့်လေးပါပဲ။
မိသားစုစကားဝိုင်းက နှလုံးသားကို
သစ်လွင်လာစေပြီး နွေးထွေးစေတယ်။
မိသားစုစုံစုံညီညီနဲ့မြိန်ရည်ယှက်ရည်စားရတဲ့
ထမင်းဝိုင်းလေးက ကမ္ဘာပေါ်မှာအရသာအရှိဆုံး
ပါပဲ။
အိမ်ထောင်ပြုလိုက်ခြင်းက
ဝိုင်းလေးနဲ့မိသားစုရဲ့ အကွာအဝေးကို
ထိန်းညှိလိုက်သလိုဖြစ်ခဲ့တယ်။
လူကြီးသူမတွေ ပြောနေကြတဲ့စကားအရ
အိမ်ထောင်ကျသွားတဲ့အခါ မိဘကသားသမီးကို
ဆိုင်သာဆိုင်မပိုင်တော့ဘူးဆိုတဲ့အတိုင်း
ကိုယ့်ဘ၀ထဲကနေ မိဘတွေဟာတဖြည်းဖြည်း
ခြေတစ်လှမ်းနောက်ဆုတ်ပေးသွားသလို
ခံစားရတယ်။
ကိုယ့်အနေနဲ့လည်း ကိုယ့်ဘာသာ
ရွေးချယ်လိုက်တဲ့ဘ၀မို့
ကောင်းကောင်းဆိုးဆိုး ခါးစည်းခံပြီး
ငယ်ငယ်ကလို အနိုင်ကျင့်ခံရတိုင်း
မေမေ့ဆီ၊ဖေဖေ့ဆီနဲ့အန်တီလေးဆီ
ပြေးတိုင်တတ်တဲ့ အကျင့်တွေပျောက်လာခဲ့တယ်။
ငါဟာကလေးမဟုတ်တော့ဘူး အိမ်ထောင်ရှင်မ
ဖြစ်နေပြီဆိုတဲ့ အသိတွေနဲ့ရင့်ကျက်ချင်ယောင်
ဆောင်နေရတယ်။
တစ်ခါတစ်လေသိပ်မွန်းကြပ်တာပဲ။
အခြားသူတွေတော့မသိပေမဲ့ ဝိုင်းလေးအတွက်တော့ အိမ်ထောင်ပြုလိုက်တာဟာ မှန်ကန်တဲ့
ဆုံးဖြတ်ချက်တစ်ခုလို့ အခုထိမထင်မိသေးဘူး။
ဝိုင်းလေးဟာ ဘွဲ့ရပြီးတာအရမ်းမကြာသေးဘူး၊၊လုပ်ငန်းခွင်အတွေ့အကြုံကိုအခုမှ
သင်ယူနေတဲ့လူတစ်ယောက်ဖြစ်ပြီး
ဘ၀အတွေ့အကြုံတွေအများကြီးလိုအပ်သေးသလို
လေ့လာသင်ယူစရာတွေလည်း အများကြီး
ရှိသေးတယ်။
ဘ၀မှာအိပ်မက်တွေ၊ဖြစ်ချင်တဲ့အရာလေးတွေကို
အမျိုးမျိုးစိတ်ကူးယဉ်ခဲ့ဖူးတယ်။
ငါအသက်၃၀လောက်ဆိုရင် ကိုယ်ပိုင်အိမ်လေး
တစ်လုံးနဲ့ကားလေးတစ်စီးလောက်ပိုင်ဆိုင်ပြီး
ခရီးတွေထွက်နိုင်မလား၊အဲ့အချိန်မှာ ချစ်သူရှိခဲ့ရင်ဘယ်လိုလေးလက်ထက်ပွဲကို ကျင်းပမလဲဆိုပြီး
မဖြစ်လာသေးတဲ့အနာဂတ်တွေကို
တိမ်တွေပေါ်မှာ အရုပ်ဆွဲသလို စိတ်ကူးကြည့်မိခဲ့တယ်။
အခုတော့ အသက်(၂၃)နှစ်ဆယ့်သုံးနှစ်မှာတင်
ရည်မှန်းချက်တွေအကုန်လုံးက
တက်တက်စင်အောင် လွဲပါလေရော။
ကံကြမ္မာကလည်း သိပ်ကိုဆန်းကျယ်တယ်။
အခြေအနေအရပ်ရပ်ကြောင့်
ကိုယ်အရမ်းမုန်းတဲ့လူနဲ့မှလက်ထက်ခဲ့ရတယ်။
သူကလည်း ကိုယ့်ကိုမကြင်နာသလို
ကိုယ်ကလည်း သူ့ကိုဘယ်လိုမှအမုန်းတွေကို
သင်ပုန်းမချေနိုင်ခဲ့ဘူး။
အခုကြပြန်တော့ အတိတ်ကိုပြန်တူးဖော်ပေးတဲ့
အမေတို့ကြောင့် ကိုယ်သိပ်မုန်းခဲ့တဲ့လူဟာ
ကိုယ့်ရဲ့အသက်သခင် ကျေးဇူးရှင်ဖြစ်နေတယ်
ဆိုတာကို သိလိုက်ရတယ်။
သူဟာဝိုင်းလေးကို အနာပေးလိုက်၊ဆေးပေးလိုက်
လုပ်ခဲ့သလိုပါပဲ။
ဒါပေမဲ့ ဝိုင်းလေးသူ့ကိုလက်ထက်လိုက်မိပြီလေ။
သူဟာဝိုင်းလေးရဲ့ ခင်ပွန်းဖြစ်နေပြီ
သူ့ကိုမုန်းသင့်သေးရဲ့လား။???
"ကဲ..စားလို့ရပါပြီ..."
"ဝိုင်းလေးများများထည့်စားနော်..ငါ့တူမလေး
ပိန်သွားသလိုပဲ.."
ညနေစာ စားချိန်ဖြစ်၍မေမေတို့က
ထမင်းအတူစားဖို့ ဖိတ်ခေါ်လာခဲ့သည်။
ဝိုင်းလေးလည်း မေမေတို့ရဲ့လက်ရာကို
မစားရတာ ကြာနေ၍ လွမ်းနေခဲ့တာပါ။
ဒါပေမဲ့ မပြောမဆိုနဲ့ဗြုန်းစားကြီးရောက်ချလာပြီး
အမေတို့၏ နေ့ဖို့ညစာကိုလည်း မစားရက်ဘူး
ဖြစ်နေသည်။
"အမေ..ဒီဟင်းတွေကအမေတို့ညမနက်စာ
ချက်ထားတာမဟုတ်လား သမီးပါ၀င်စားလိုက်ရင်
ကျန်တဲ့လူတွေအတွက် မကျန်တော့ပဲ
နေမှာပေါ့..."
"အဲ့ဒီ့အတွက်တော့ စိတ်ပူမနေစမ်းပါနဲ့
ကိုယ့်သမီးလေးတစ်ခါတစ်လေလာလို့
ကျွေးရတာပဲဥစ္စာ..ကုန်သွားလည်းအခုချက်ချင်း
ဈေးသွားပြီးပြန်ချက်လိုက်လို့ရပါတယ်အေ..
သမီးအဖေအတွက်လည်းချန်ထားပြီးပါပြီ
ထိပ်ထားကတော့ ဒီနေ့အိမ်ပြန်နောက်ကျမယ်တဲ့
ပြောထားခဲ့တယ်..နောက်ကျမယ်ဆိုရင်
ညစာလည်းသူကစားတော့မှာမဟုတ်ဘူးလေ.."
"အဲ့ဒါဆိုလည်း..ဆွဲပြီပေါ့..."
နဂိုတည်းကအမေ့လက်ရာကို လွမ်းနေခဲ့တာမို့
ပန်းကန်ထဲသို့အမေထည့်ပေးလာသော
ကြက်ချဉ်စပ်တွေကို ထမင်းနှင့်ရောပြီး
တစ်လုတ်မြည်းကြည့်လိုက်လေသည်။
"ဟာ..အမေရယ်..အမေ့လက်ရာကဆိုင်ထမင်း၊
ဟင်းထက်တောင်ကောင်းသေးတယ်သိလား
ခရမ်းချဉ်သီးနဲ့ကြက်သွန်ဖြူနံ့လေးက မွှေးနေတာပဲ
ရှမ်းနံနံကိုသမီးကကြိုက်တော့ကွက်တိပဲ..."
"အမယ်လေး..ကိုယ့်အမေကိုပြန်ပြီး
အမွှန်းတင်နေပြန်ပါပြီ.."
"တကယ်ပြောတာအမေရဲ့..ခရမ်းချဉ်သီး၊
ကြက်သွန်အဖြူ၊အနီနဲ့ရှမ်းနံနံပင်ကို
အနှစ်ရအောင် နှပ်ထားတာကတကယ်ကို
စားကောင်းတာ ခရုဆီအရသာလေးပါတော့
လျှာပေါ်မှာ စိမ့်သွားတာပဲ.."
"အဲ့ဒါဆိုရင်..အိမ်ရှေ့မှာအအေးဆိုင်နဲ့အတူ
ထမင်း၊ဟင်းဆိုင်လေးပါ ဖွင့်လိုက်ရင်
ကောင်းမလား.."
"အမေကလည်း အဲ့ဒါဆိုအမေကအလုပ်
နှစ်လုပ်ဖြစ်နေတော့ တအားပင်ပန်းမှာပေါ့.."
"ဘာပင်ပန်းစရာရှိလည်းသမီးရယ်..ထမင်း၊ဟင်းက
ချက်ထားပြီးသားကို အဆင်သင့်ရောင်းမှာလေ
အအေးဖျော်တာသာ လက်၀င်တာပါ..
တို့လမ်းထဲမှာလည်း အဆောင်တွေများတော့
အလုပ်သမားပေါတယ်လေ..ထမင်းဆိုင်က
သိပ်မရှိတော့ ရောင်းကောင်းလောက်တယ်.."
"အစ်မပြောတော့မှ ငါ့တူမလေးအရင်က
စားသောက်ဆိုင်ဖွင့်မဲ့ကိစ္စကို ပြန်သတိရမိတယ်
အဲ့ပိုက်ဆံတွေကို ထိပ်ထားဦးကျောင်းတက်ဖို့
အတွက်သာ မသုံးခဲ့ကြရင် အခုလောက်ဆို
အစ်မနဲ့ဝိုင်းလေးတို့နှစ်ယောက်ပေါင်းပြီး
စားသောက်ဆိုင်လေးက အောင်မြင်နေလောက်မှာ
သေချာတယ်..အဲ့ဒါဆိုငါ့တူမလေးလည်း
လက်ထက်စရာမလိုတော့ဘူးပေါ့..."
"ဖြစ်ခဲ့ပြီးတာတွေကို ပြန်အစမဖော်ပါနဲ့တော့
ရွှေရည်၀င်းရယ်..နောက်ပြန်လှည့်လို့
ရတော့တာလည်း မဟုတ်ဘူး.."
အန်တီလေးက အတိတ်ကိုပြန်တွေးပြီး
ဒေါသထွက်နေ၍ အဖွားက
ကြိုပိတ်လိုက်ရလေသည်။
အမေ့ကိုကြည့်လိုက်တော့ မျက်နှာလေး
ညှိုးကျသွားပြီး မျက်ရည်ဝဲသွားတာကို
တွေ့လိုက်ရသည်။
ဘယ်လောက်ပဲ အားလုံးကမင်းစက်အာဏာကို
သဘောကျတယ်ဆိုအုံးတော့ ပိုက်ဆံကိစ္စကြောင့်
လက်ထက်ခိုင်းလိုက်ရတယ်ဆိုသည့် နောင်တတွေကတော့ သူတို့ရင်ထဲမှာထုတ်မရသေးဘူးထင်ပါရဲ့။
"ဟာ..ဒီငါးခေါင်းချဉ်ရည်ဟင်းက တကယ်ကို
သောက်လို့ကောင်းတယ်နော်..
ရော့..အမေကခေါင်းများများသား
ဒါမှ..ဘုရင်မဖြစ်မှာ.."
"အော်..အန်တီလေးကတော့အမှီးကိုစားပေါ့..
ဒါမှနောင်ဘ၀ကျရင်..အကောင်ကြီးရုံတင်မကပဲ
အမှီးရှည်တာကြီးနဲ့ဖူးစာဆုံနိုင်မှာ.."
"ငါ့မြေးရယ်...ကြည့်လုပ်ပါဟယ်..တော်ကြာ
နောင်ဘ၀ကြရင်..အမှီရှည်တဲ့ငါးကြီးနဲ့
ဖူးစာဆုံနေပါအုံးမယ်.."
"အဲ့ဒါလဲကောင်းတာပေါ့...
ရေကူးရတာဘယ်လောက်ပျော်စရာကောင်းလဲ.."
"မေဝိုင်းလေးနော်..ညည်းသာရေကူးရမှာဟဲ့
ငါ့ကိုများစော်စော်ကားကား.."
"ဟင်..သမီးတို့ကရေကူးရရင်ပိုတောင်ပျော်အုံးမယ်
တူနှစ်ကိုယ် တဲအိုပျက်မှာမနေရရင်ပြီးရော.."
"ဒီကောင်မလေးဟယ်..သူမို့ပေါက်ပေါက်ရှာရှာ
ပြောတယ်.."
အားလုံးစိတ်ညစ်နေသောကြောင့် တမင်အရွှန်းဖောက်လိုက်တော့ မျက်နှာလေးတွေ
ပြန်၍ ကြည်လင်သွားကြ၍
ဝိုင်းလေးလည်း စိတ်သက်သာရာရသွားလေတော့သည်။
"အမေ့..ဒီငါးနီတူလေးကိုရခိုင်သုပ်လေးလုပ်ထားတာ အရမ်းစားကောင်းတာပဲ.."
"စားကောင်းရင် များများစား.."
ငါးနီတူလေးတွေကို ချဉ်ချဉ်စပ်စပ်လေးသုတ်ထား၍ ခံတွင်းအလွန်မြိန်လေသည်။
အမေတို့နှင့် ထမင်းလက်စုံစားရ၍
ပိုပြီး အရဟာရှိတာဆိုရင်ပိုမှန်ပါလိမ့်မည်။
ညနေစာစားပြီးနောက် အဖေ့ဆီကိုသွားပြီး
စာကားပြောခွင့်ရခဲ့သောကြောင့် ဒီနေ့တစ်နေ့လုံး
သည်ဝိုင်းလေးအတွက် အဖိုးဖြတ်မရသော
နေ့ရက်ဖြစ်မည်ဟုဆိုရင် မမှားနိုင်ပေ။
🍒🍒🍒🍒🍒🍒🍒
ဒီနေ့က တနင်္ဂနွေနေ့ဖြစ်သောကြောင့် စနေနေ့တွင်
အနားယူလိုက်သော ဝိုင်းလေးနှင့်အခြားအဖွဲ့များသည် ဒီနေ့မှာအလုပ်ပြန်ဆင်းပေးရလေသည်။
ထို့ကြောင့် တနင်္ဂနွေတွင် နားရက်ရသော
သိမ့်သိမ့်၊ကိုရှိုင်းတို့အဖွဲ့နှင့်
ကွဲသွားပြီး မဂျူးကပါပိတ်သည့်အတွက်
ဝိုင်းလေးတို့အဖွဲ့ကို ခေါင်းဆောင်သော
သူမှာ အခြားတစ်ယောက်ပြောင်းသွားလေသည်။
ခေါင်းဆောင်၏နာမည်က ကိုညီညီဇော်ဖြစ်ပြီး
အသက်က၃၀ကျော်ရှိနေပြီဖြစ်သည်။
အဖွဲ့သားတွေကတော့ ကိုညီလို့
ခေါ်လေ့ရှိကြပြီး သဘောလည်းအင်မတန်
ကောင်းသည်။
ဝိုင်းလေးကတော့ ကိုညီဦးဆောင်သည့်အဖွဲ့မှာပဲ
အမြဲနေချင်မိသည်အထိဖြစ်မိတယ်။
ခေါင်းဆောင် မဂျူးနဲ့ဆိုရင်အမှားလုံး၀
မလုပ်ရဲသလို တာ၀န်ချိန်မှာပင်ပန်းလို့
ခဏထိုင်နားရင်တောင် သူ့မျက်လုံးအောက်မှာ
လုပ်၀မထိုင်ရဲဘူး။သူတွေ့တာနဲ့ ပိုးစိုးပက်စက်
ပြောလွှတ်တော့တာပဲ။
*သေချာတာပေါ့။
ထိုသို့အဆူခံရသည့်အထဲမှာ ဝိုင်းလေးလည်း
ပါတယ်။*
မဂျူးရဲ့ မျက်လုံးဟာ ကြည့်မိတာနဲ့ကျောက်ရုပ်
ဖြစ်သွားတတ်သော မက်ဒူဆာ၏ဦးခေါင်း
ထက်ပင် ကြောက်စရာကောင်းပါသည်။
သူ့မျက်လုံးကြီးနှင့် တစ်ချက်တစ်ချက်
ဆွေကြည့်လာရင် ဘာအမှားမှမလုပ်ထားလည်း
နောက်ကျောမလုံချင်တော့ပေ။
စည်းကမ်းတင်းကြပ်တာထက် အပေါက်ဆိုးပြီး
အပြစ်မရှိအပြစ်ရှာတတ်သောခေါင်းဆောင်ဟု
ဆိုရပေမည်။
ဒီနေ့ကတော့ မြေနီကုန်းကစင်တာမှာ
တာ၀န်ကျပေမဲ့ ကိုညီ၏လက်အောက်မှာမို့
မိန်းကလေးတွေက သိပ်မပင်ပန်းပဲ
သက်သာသည်ဟု ဆိုရမည်။
ဒီတစ်ခါက မိတ်ကပ်ပရိုမိုးရှင်းပွဲဖြစ်၍
မိတ်ကပ်ကို စမ်းလိမ်းနေကြသည့်အတွက်
အချိန်ပိုကြာမြင့်သလို ဝိုင်းလေးတို့ဆားဗစ်သမား
တွေလည်း ပို၍သက်သာလေသည်။
"တူ..တူ..တူ.."
ထိုအချိန်မှာ ဖုန်းမြည်သံကြား၍ ကြည့်လိုက်မိတော့
ကိုဦးဆီမှဖြစ်နေလေသည်။
"ဟယ်လို..ကိုဦး.."
"ဝိုင်းလေး..အခုအလုပ်လုပ်နေတာလား.."
"ဟုတ်တယ်လေ..မနေ့ကနားရက်ဆိုတော့
ဒီနေ့အလုပ်ပြန်ဆင်းရတာပေါ့.."
"ဟုတ်လား..ဝိုင်းလေးကဆားဗစ်မှာအလုပ်လုပ်တာလို့ ပြောဖူးတယ်နော်..ဟိုတစ်ခါလိုမြေနီကုန်းက
စင်တာမှာပဲလား.."
"ဟုတ်တယ်ကိုဦးရဲ့ မြေနီကုန်းကစင်တာမှာ.."
"ဟုတ်ပြီ..ဒါဆိုဘယ်အချိန်လောက်နားရမှာလဲ.."
"နောက်နာရီ၀က်လောက်နေမှ ထမင်းစား
နားခွင့်ရမှာ..အဲ့တာတောင်
အလှည့်ကျနားရတာလေ..
အကုန်နားရမှာမဟုတ်ဘူး"
"အိုခေ..ဒါဆိုရင်နောက်နာရီ၀က်ကြာရင်..
ဝိုင်းဝိုင်းကိုလူတစ်ယောက်လာခေါ်လိမ့်မယ်..
အဲ့လူကကိုယ့်ရဲ့ Dear Mayဆိုင်က၀န်ထမ်းလေးပဲ
ဝိုင်းဝိုင်းသူ့နောက်ကနေလိုက်သွားလိုက်နော်..
ကိုယ်အခုအလျှင်လိုနေလို့ ဒါပဲနော်.."
ဘာမှထွေထွေထူးထူးပြောမသွား၍
ဝိုင်းလေးကြောင်သွားမိလေသည်။
ဒီလိုနဲ့နောက်နာရီ၀က်အကြာ၌ ဝိုင်းလေးရဲ့
နားချိန်ရောက်တဲ့အခါ ကိုဦးတို့ဆိုင်လေးမှ
၀န်ထမ်းတစ်ယောက်က လာခေါ်နေ၍
ထပ်ပြီးအံ့ဩသွားရသည်။
"ခဏလေးပါအစ်မရယ်..အစ်မရဲ့အလုပ်ကို
အနှောက်အယှက်မဖြစ်စေရပါဘူး..."
၀န်ထမ်းကောင်မလေးကလည်း ကတိအထပ်ထပ်
ပေးပြီး ခေါ်နေ၍ဝိုင်းလေးလည်း
ကိုယ့်ထမင်းချိုင့်လေးကို ကိုင်ပြီးအနောက်မှ
လိုက်သွားမိသည်။
"အစ်မ..ရုံးခန်းထဲကို၀င်သွားလိုက်ပါနော်..
အထဲမှာ အစ်မကိုစောင့်နေတဲ့လူရှိတယ်.."
"ဘယ်သူလဲ..."
"အဲ့ဒါတော့ အထဲကိုရောက်ရင်သိပါလိမ့်မယ်.."
၀န်းထမ်းကောင်မလေးက ဗဟေဠိတွေထုတ်နေ၍
အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်မိလေသည်။
အလုပ်ပြန်၀င်ရင် နောက်ကျမည်စိုး၍
ရုံးခန်းတံခါးကို တွန်းဖွင့်ပြီးအထဲသို့၀င်လိုက်တော့
"စပရိုက်စ်..."
"ဟင်..ကိုဦးရောက်နေတာလား.."
"ဟုတ်တယ်လေ..အလုပ်ကြိုးစားတဲ့ကလေးမနဲ့
နေ့လည်စာ အတူစားချင်လို့လစ်ထွက်လာခဲ့တာ.."
အမှန်တကယ်မှာတော့ သူလေးကိုသတိရလွန်း၍
ရှိုးပွဲအတွက် ရီဟာဇယ်လုပ်နေရင်းမှ
မဇင်မသိအောင် ခိုးထွက်လာခဲ့ခြင်းဖြစ်သည်။
အခြားအဆိုတော်တွေလည်း ရီဟာဇယ်လုပ်ဖို့
ရှိတော့ သူပျောက်သွားတာကအရမ်းကြီးမားတဲ့
အပြစ်မဟုတ်ပေမဲ့ နှောက်နှေးမှုရှိသွားတာတော့
အမှန်ပါပဲ။
ဒါကြောင့်ပဲ ခုဏကမဇင်လှမ်းဆူတာကို
ခံလိုက်ရသေးသည်။
"ဒီဗူးတွေကဘာတွေလဲဟင်.."
"ကိုယ်တို့နှစ်ယောက်အတူတူ ထမင်းစားဖို့အတွက်
မှာထားတာတွေလေ..ဝိုင်းဝိုင်းကခဏနေရင်
အလုပ်ပြန်လုပ်ရမှာမဟုတ်လား..
ဒီမှာမြန်မြန်လာထိုင်လိုက်လေ..."
"ဝိုင်းလေးအတွက်တကူးတကစီစဉ်ပေးစရာ
မလိုပါဘူးကိုဦးရယ်..ဝိုင်းလေးကဒီနေ့
ထမင်းချို့င်ပါတယ်.."
"ဟာ..ဟင်းတစ်မျိုးတည်းဆိုရင် ဘယ်လိုလုပ်ပြီး
အရသာရှိမှာလဲကွာ..လာစမ်းပါ..ပြီးရင်ပဲ
အလုပ်ပြန်ဆင်းရတော့မဲ့ဥစ္စာ
စကားတွေအများကြီး မပြောနဲ့တော့.."
ကိုဦးကအတင်းခေါ်နေ၍ ဝိုင်းလေးလည်း
အားနာပြီး ထိုင်ခုံမှာ၀င်ထိုင်လိုက်ရလေသည်။
သူကမှ အရမ်းအလုပ်များသည့်သူဟု
ထင်မိတဲ့အတွက် အိုက်တင်ခံမနေတော့ပဲ
အလကားရတဲ့ အရသာရှိသောနေ့လည်စာကို
စားဖိုဆုံးဖြတ်လိုက်သည်။
ဟင်းတွေကစုံသလို အရသာလည်းအင်မတန်ရှိ၍
ဝိုင်းလေးမှာ ဟန်တောင်မဆောင်နိုင်တော့ပဲ
အ၀တီးမိလေတော့သည်။
"ရော့..ပုဇွန်ထုတ်လေးစားကြည့်..
ငရုတ်သီးမပါတော့ ၀က်ခြံလည်းမထွက်သလို..
ဆံပင်လည်းမကျွတ်တော့ဘူးပေါ့.."
"ပြီးတော့..ဒီ၀က်ချိုချဉ်လေးလည်းစားကြည့်.."
"ဒီအသုပ်လေးရောပဲ.."
"ဝိုင်းဝိုင်းက လူကောင်နည်းနည်းညှပ်သလိုပဲ..
အသားများများစားမှပေါ့ကွာ
ရော့ဒီငါးသံပုရာပေါင်းလေးပါစားကြည့်.."
ဝိုင်းလေး၏ပန်းကန်ထဲသို့ ပါးစပ်ကလည်း
တတွတ်တွတ်ပြောရင်း ဟင်းအမျိုးစုံအောင်
ထည့်ပေးနေ၍ အားနာနာနှင့်စားနေရတာ
ဗိုက်တောင် တင်းလာလေပြီ။
မသိရင်ဝိုင်းလေးက ၀က်ကြီးကြနေတာပဲ။
ဝိုင်းလေးပုံစံက အစားပုတ်တဲ့ပုံပေါက်နေလို့များလား။သူ့ပန်းကန်ဆီသို့ကြည့်လိုက်မိတော့်
မုန်လာဥနီ ပန်းကော်ဖီစိမ်းနှင့်ပုဇွန်နဲနဲရယ်ကိုသာ
တွေ့လိုက်ရသည်။
"ကိုဦးကလည်း ဝိုင်းလေးကိုပဲထည့်ပေးနေတယ်
သူ့ပန်းကန်ထဲမှာကြတော့ ဘာမှလည်းမရှိဘူး.."
"ကိုယ်ကရှိုးပွဲရှိလို့..ဝိတ်ချနေတာလေ..
ဒါကြောင့်အများကြီးစားလို့မရဘူး.."
ပါးစပ်ထဲမှာ ထမင်းတွေပလုတ်ပလောင်းနှင့်
ပါးလေးဖောင်းပြီး စကားပြောလာသည့်
ကောင်မလေးကို အသံယားလွန်း၍
ခေါင်းလေးကို ပုတ်ပြီးပြောလိုက်တော့
သူ့ကို ကြောင်တောင်တောင်လေးပြန်ကြည့်လာလေသည်။
ကြောင်လေးလို အညိုရောင်သန်းနေတဲ့
မျက်၀န်းဝိုင်းလေးတွေက သူ့ကိုညှို့ယူနေသလိုပဲ။
အရမ်းသဘောကျမိ၍ သူပြုံးလိုက်သည်။
ဖြစ်နိုင်ရင် အခုပဲဖြစ်ဖြစ်ဖွင့်ပြောလိုက်ချင်တယ်။
ဒါပေမဲ့....
"ရှိုးပွဲဟုတ်လား..."
"အင်း..တရား၀င်မကြော်ငြာရသေးဘူးလေ.."
"အော်..ဒါကြောင့်ဝိုင်းလေးမသိတာပဲ.."
"ကိုယ်ဝိုင်းဝိုင်းကို ကတိတစ်ခုပေးခဲ့တယ်လေ
တစ်နေ့ကိုယ်အောင်မြင်တဲ့အခါ ပရိတ်သတ်တွေအများကြီးရှိတဲ့ ပွဲခင်းထဲအထိ
ဝိုင်းဝိုင်းကို ခေါ်သွားပေးမယ်ဆိုတာလေ..."
ဝိုင်းလေး..ကိုဦးကို အံ့ဩစွာကြည့်လိုက်မိသည်။
ဒီလောက်နှစ်တွေကြာသွားပြီးတာတောင်
ကိုဦးက ဒီစကားကိုမှတ်မိသေးတာပဲ။
ဝိုင်းလေးက သူမေ့နေပြီလို့တောင်ထင်ခဲ့တာ။
"ရှိုးပွဲနေ့ကြရင် စင်ပေါ်ကနေကိုယ်သီချင်းဆိုတာကို အားပေးလို့ရအောင်လုပ်ပေးမယ်..
ဝိုင်းဝိုင်းလာမယ်မဟုတ်လား.."
"လာမှာပေါ့ကိုဦးရဲ့..ဒါပေမဲ့စင်ပေါ်အထိတော့
မတက်ရဲပါဘူး..လက်မှတ်၀ယ်ပြီး
ပရိတ်သတ်နေရာကပဲ အားပေးပါ့မယ်.."
"အဲ့လိုမလုပ်ရပါဘူး..လူတွေအများကြီးနဲ့ဆိုတော့
ယောက်ျားလေးတွေလည်းပါမှာလေ..
ကိုယ်ဝိုင်းဝိုင်းကို စိတ်မချဘူး.."
"ကိုဦးကလည်း ကြံဖန်ပြီးစိတ်ပူနေပြန်ပြီ
ဝိုင်းလေးက သူငယ်ချင်းတွေနဲ့စုပြီး
လာကြည့်မှာလေ..ဘာစိတ်မချစရာရှိလို့လဲ.."
"ဘာဖြစ်လို့လဲဆိုတော့..ကိုယ်က.."
ဖြူစင်သည့် မျက်၀န်းလေးတွေကိုမြင်လိုက်ရတော့
သူ့စကားက တစ်၀က်တစ်ပျက်မှာတင်
ရပ်တန့်သွားလေတော့သည်။
ခုံပေါ်တွင် တင်ထားသောဝိုင်းဝိုင်း၏
လက်ကလေးကို ကိုင်မိတော့မည့်အခြေအနေကနေ
သူလေး၏ နှုတ်ခမ်းထောင့်တွင် ကပ်တင်နေသော
ထမင်းလုံးလေးကိုသာ ဖယ်ရှားပေးလိုက်မိသည်။
"နှုတ်ခမ်းမှာ ထမင်းလုံးကပ်နေလို့.."
ထမင်းလုံးလေးကို ဖယ်ရှားပေးလိုက်စဉ်မှာ
တွန့်ခနဲဖြစ်သွားသော ဝိုင်းဝိုင်းဟာ
ကြောင်ပေါက်လေးလိုမျိုး ထပ်ကြည့်လာပြန်သည်။
ဘယ်လိုလုပ်ရပါ့မလဲ။
အဲ့ဒီ့မျက်၀န်းလေးတွေကို သူတကယ်ရင်ဆိုင်ဖို့
ခက်လွန်းတယ်။
ဖြစ်နိုင်ရင် နှလုံးသားထဲမှာအပြီးအပိုင်
သော့ခတ်ပြီး သိမ်းထားလိုက်ချင်မိတဲ့အထိပဲ။
"တူ!!!တူ!!တူ..."
"ဟာ..ခေါင်းဆောင်ဆီကနေ ဖုန်းလာနေပြီ...
ဆူခံရတော့မယ်ထင်တယ်..ဝိုင်းလေးသွားတော့
မယ်နော်..နေ့လည်စာကျွေးတဲ့အတွက်
ကိုဦးကိုကျေးဇူးတင်ပါတယ်..နောက်တစ်ခါမှ
ဝိုင်းလေး၀ယ်ကျွေးမယ်နော်..."
ကျေးဇူးတင်စကားတွေကို မလိုအပ်ပါဘူး
ပြောလည်း ထပ်ပြီးကျေးဇူးတင်ခဲ့ကာ
ပြေးထွက်သွားလေသည်။
သူလည်း သက်ပြင်းချလိုက်မိတယ်။
ကိုယ့်ဘက်ကသာ ချစ်နေပါကြောင်း
သေချာနေပေမဲ့ သူမဘက်ကတော့
သိပ်ရိုးသားမှန်း မျက်လုံးလေးတွေကို
ကြည့်ရုံနဲ့ သိနိုင်တယ်။
ဖွင့်ပြောလိုက်တဲ့အခါမှ လက်မခံရင်ကိုယ်ပဲ
ဂွမ်းမှာ။
ဒါပေမဲ့ မပြောပြန်ရင်လည်းကောင်မလေးက
ဘယ်လိုလုပ်ပြီး သိမှာလဲ။
ဒီတစ်ခါတော့ သူသိပ်ညံ့လွန်းသည်ဟု
တွေးလိုက်မိသည်။အခွင့်အရေးရနေပါလျှက်နဲ့
ခဏခဏ လက်လွှတ်ဆုံးရှုံးနေရတယ်။
🍒🍒🍒🍒🍒
"ကောင်းသန့်..ပစ္စည်းတွေအကုန်လုံးကားထဲကို
ထည့်ပြီးပြီလား.."
"ထည့်ပြီးပါပြီဆရာ..ဆရာ့လက်ကေ့ခ်ျတွေရော
လက်ဆောင်အိတ်တွေရော ထည့်ပြီးပါပြီ.."
"ကောင်းပြီ..မင်းအတွက်ငါတက္ကစီခေါ်ပေးထားတယ် ဒီမှာခဏစောင့်လိုက်နေလိုက်ပေါ့
မကြာခင်ရောက်လာလိမ့်မယ်.."
"ကျွန်တော့်ကိုဆရာနဲ့အတူ ခေါ်မသွားပေးဘူးလား"
ကောင်းသန့်မှာ တစ်ခွန်းလေးပဲအပိုစောင်း၍
မေးမိလိုက်ပါတယ်။
ဆရာက"အပိုတွေမပြောနဲ့.."ဆိုသောအကြည့်နှင့်
သတိပေးလာ၍ ကိုယ့်ပါးစပ်ကိုယ်သာ
ပြန်ပိတ်လိုက်ရလေသည်။
သွားတုန်းက နှစ်ယောက်အတူသွားပြီး
အခုပြန်ရောက်တော့ အတူခေါ်သွားပေးလိုက်
ပြီးရောကို..။တက္ကစီခအကုန်ခံနေရသေးတယ်။
ကြည့်ရတာ သူ့မိန်းမကိုသတိရနေလို့များလား။
"ကျွန်တော်စကားပြောမှားသွားရင်
ခွင့်လွတ်ပါဆရာ..ကြင်စဦးဇနီးမောင်နှံဆိုတာ
ဘယ်အကြာကြီးခွဲနေလို့ကောင်းပါ့မလဲ..
အိမ်ပြန်နောက်ကျရင်
မိန်းမကဘယ်ကြိုက်ပါ့မလဲနော်..
ကျွန်တော်နားလည်ပါတယ်.."
"မင်းတော်တော်လျှာရှည်တာပဲ..
လစာထဲကအဖြတ်ခံချင်နေတာလား.."
"အင်..လစာထဲကတော့မဖြတ်ပါနဲ့ဆရာ.."
မနက်စောစောစီးစီး မိန်းမထက်ရာဇသံ
ပြင်းနေသော ကိုယ့်ဆရာကြောင့်ကောင်းသန့်မှာ
အခက်တွေ့နေရလေသည်။
ဆက်ပြောမိရင် ရှည်မိတဲ့လျှာပါအဖြတ်ခံရကိန်း
ဆိုက်တော့မည်မို့ ကားထဲသို့၀င်သွားသော
ဆရာ့ကိုသာ ပါးစပ်ပိတ်ပြီးပြုံးကာ
နှုတ်ဆက်လိုက်ရလေသည်။
မနက်လေးနာရီခွဲဆိုပေမဲ့ ကားလမ်းပေါ်တွင်တော့
ကားများစွာ ဥဒဟိုသွားနေကြလေသည်။
မင်းစက်ကတော့ ခရီးသွားရင် လေယာဉ်ပေါ်မှာ
မအိပ်တတ်၍ခေါင်းတွေကိုက်လာလေရာ လက်ပိုက်ပြီးအနောက်ကိုသာ မှီထားလိုက်သည်။
"မင်းသစ်..ငါမရှိတုန်းအိမ်မှာတစ်ခုခုထူးခြားတာ
ဖြစ်သေးလား.."
"မဖြစ်ပါဘူးဆရာ..ဘာဖြစ်လို့လဲ.."
"ဟင့်အင်း..ဒီတိုင်းမေးကြည့်တာ..
ဒါနဲ့..မေဝိုင်းလေးရော..အလုပ်သွား၊
အလုပ်ပြန်အဆင်ပြေရဲ့လား.."
"အဆင်ပြေမယ်ထင်တယ်ဆရာ..ကားဂိတ်ကလည်း
အရမ်းမဝေးတော့ လမ်းလျှောက်ရတာ
သိပ်မပင်ပန်းပါဘူး.."
မင်းသစ်လည်း ကားမှန်ထဲမှမြင်နေရသော
ဆရာ့မျက်နှာကြီးကို လှမ်းကြည့်ပြီး
ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။
သူ့မိန်းမအကြောင်းမေးချင်တာများ
ထူးခြားတာတွေ၊မထူးခြားတာတွေ လုပ်နေသေးတယ်။
"ဒါပေမဲ့...တစ်ခုတော့ရှိတယ်ဆရာ"
"ဘာရှိတာလဲ.."
မင်းသစ်၏နောက်ဆက်တွဲ ထွက်လာသည့်
စကားကြောင့် မင်းစက်အာဏာ၏
မှိတ်ထားမိသော မျက်၀န်းတွေဟာ
ချက်ချင်းပွင့်သွားလေတော့သည်။
ကိုယ်ကိုမတ်မတ်ပြန်ထိုင်ကာ လေးနက်သော
အသံဖြင့် မေးလိုက်တော့မင်းသစ်ကလည်း
ပြောမည့်အရေး ချောင်းဟန့်လိုက်သေးသည်။
"ကျွန်တော်ဆရာကတော်အလုပ်လုပ်တဲ့
ဌာနကို တိတ်တိတ်လေးစုံစမ်းကြည့်တော့
ဆရာကတော်တို့အဖွဲ့ခေါင်းဆောင်က
အပေါက်အရမ်းဆိုးတယ်တဲ့ဆရာ..
ဆရာကတော်လည်း ခဏခဏအဆူခံရတယ်တဲ့.."
မင်းသစ်၏စကားအဆုံးမှာမင်းစက်အာဏာ၏
မျက်၀န်းတွေဟာ မကျေမနပ်ဖြစ်သွားဟန်ဖြင့်
ဒေါသတရားတို့ ဖုံးလွှမ်းသွားလေသည်။
အလုပ်ခွင်မှာ လက်အောက်ငယ်သားက
အမှားလုပ်မိရင် ခေါင်းဆောင်တွေခေါ်ဆူတာဟာ
သဘာ၀ကျပေမဲ့ မေဝိုင်းလေးဆိုတာ
ကိုယ့်ဇနီးလေ။
အခုသူ့ရင်ထဲမှာ ခံစားနေရတဲ့ခံစားချက်က
ဘာနဲ့တူလည်းဆိုတော့ ကျောင်းခန်းထဲမှာ
ကိုယ့်ကလေးကစာမရလို့ ကြိမ်လုံးနဲ့ရိုက်လိုက်
သော ဆရာမကို မကျေနပ်သည့်
ခံစားချက်မျိုးဖြစ်နေတာ။
ဘယ်မိဘကများ ကိုယ့်ကလေးကို
သူများရိုက်တာကြိုက်ပါ့မလဲ။
ကိုယ်သာစကားနားမထောင်လို့ ကလေးကို
ဆုံးမရင်ဆုံးမမယ်။
သူများက အသားနာအောင်လုပ်ရင်တော့
ခါးရိုးကနေ လှန်ချိုးပစ်ချင်တာမျိုး။
ရုတ်တရက်ကြည်လင်နေသောစိတိတွေဟာ
မေဝိုင်းလေး၏ကိစ္စကြောင့် နောက်ကျိသွားရလေသည်။
မိန်းမငယ်ငယ်လေးကို ယူထားရတာလည်း
တကယ်ကိုမလွယ်ပါလား။
သူများအနိုင်ကျင့်မှာကို လိုက်စိတ်ပူနေရတယ်။
အသက်ကသာ ၂၃နှစ်ရှိနေပြီပေမဲ့
လူကောင်ကသေးပြီး ပုံစံကိုကသူများ
တက်နင်းတိုင်း ပြားသွားနိုင်တဲ့ပိုးဟပ်ဖြူလေးလို
ဖြစ်နေတော့ ဘယ်အချိန်ငိုပြီးပြန်လာမလဲ
တွေးပူနေရတယ်။
ကားလေးဟာ တဖြည်းဖြည်းနှင့်သူ့ဗီလာရှိသည့်
နေရာသို့ ရောက်လာပြီးခြံထဲသို့ မောင်း၀င်လိုက်လေသည်။
မင်းစက်လည်း ကားပေါ်မှဆင်းပြီးမှ
အကြောအခြင်တွေ ဆန့်ထုတ်ပြစ်လိုက်မိသည်။
"မင်းသစ်..ပစ္စည်းတွေကိုစာကြည့်ခန်းထဲကိုသာ
ရွှေ့ထားလိုက်.."
"ဆရာ့အခန်းထဲကို တန်းမသွင်းဘူးလား.."
"သူများအိပ်နေတယ်လေ..."
ထိုတော့မှ မင်းသစ်လည်းသဘောပေါက်
သွားလေတော့သည်။
ဆရာက သူ့မိန်းမအိပ်နေတော့ပစ္စည်းချတဲ့
အသံတွေကြားရင် နိုးသွားမှာစိုးလို့ထင်ပါရဲ့။
"ဒါများ..ငါ့မိန်းမအိပ်နေတယ်လေ.."လို့
တိုက်ရိုက်ပြောလိုက်လည်း ရတဲ့ဟာကို
သူများတဲ့..။
တို့ဆရာဟာလေ ကိုယ်လုပ်တဲ့ကောင်းမှုကို
လူသိမှာ တော်တော်ဆိုးတာပဲ။
အိမ်အပေါ်ထပ်သို့ တက်သွားနှင့်ပြီဖြစ်သော
ဆရာ့ကိုကြည့်ပြီး မင်းသစ်လည်း
ခေါင်းတခါခါလုပ်ရင်း ကျန်ခဲ့လေသည်။
မင်းစက်အာဏာကတော့ သူ့အိပ်ခန်းတခါးကို
အပိုဆောင်ထားသည့် သော့ဖြင့်ဖွင့်လိုက်သည်။
အခန်းထဲသို့ ၀င်လိုက်တော့ လင်းထိန်နေသော
အခန်းမီးရောင်နှင့်အတူ ကြီးမားသောသူ့ရဲ့
မွေ့ယာပေါ်တွင် အသက်ရှူသံမှန်မှန်ဖြင့်
အိပ်စက်နေသည့် သူ့ဇနီးကိုတွေ့လိုက်ရ၍
သူ့စိတ်ထဲမှာ အမည်မသိခံစားချက်တစ်ခုက
စီး၀င်လာခဲ့သည်။
အလုပ်တွေပြီးပြီးချင်း စောစောပြန်လာခဲ့ရသည့်
အကြောင်းအရာကို ရှာတွေ့သွားသလိုပါပဲ။
နက်ခ်တိုင်ကို ဖြေလျှော့ပြစ်လိုက်ကာ
ကုတင်အနားသို့ တဖြည်းဖြည်းတိုးကပ်သွား
လိုက်ပြီး ခါးထောက်၍အပေါ်စီးမှ
မေဝိုင်းလေး၏ ဖြူနုနေသောမျက်နှာလေးကို
ငုံ့ကြည့်လိုက်မိသည်။
ကျယ်ပြန်သော ကျောပြင်နှင့်လက်ပြင်ကားသော
သူဖြစ်၍ သူ့အရိပ်သည်မေဝိုင်းလေး၏
ခန္ဓာကိုယ် တစ်၀က်လောက်ကို လွှမ်းခြုံသွားခဲ့တယ်။
"ကောင်မလေး..ကိုယ်မင်းကို
ထင်ထားတာထက် သဘောကျနေမိပြီထင်တယ်.."
🔥🔥🔥🔥🔥🔥🔥
ဆရာကြီးပြန်ရောက်လာပြီဆိုတော့
သုံးပွင့်ဆိုင်လာတော့မယ်နော်...
========================================================================
အခန္း(၂၇)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
မိသားစုနဲ႔အတူရိွေနရတဲ့ခံစားခ်က္က တကယ္ကို
ေပ်ာ္ရႊင္ၾကည္ႏူးရလြန္းလို႔ ဘာနဲ႔မွမလဲလွယ္ႏိုင္တဲ့
အခိုက္အတန္႔ေလးပါပဲ။
မိသားစုစကားဝိုင္းက ႏွလံုးသားကို
သစ္လြင္လာေစၿပီး ေနြးေထြးေစတယ္။
မိသားစုစံုစံုညီညီနဲ႔ၿမိန္ရည္ယွက္ရည္စားရတဲ့
ထမင္းဝိုင္းေလးက ကမ႓ာေပၚမွာအရသာအရိွဆံုး
ပါပဲ။
အိမ္ေထာင္ျပဳလိုက္ျခင္းက
ဝိုင္းေလးနဲ႔မိသားစုရဲ့ အကြာအေဝးကို
ထိန္းၫွိလိုက္သလိုျဖစ္ခဲ့တယ္။
လူႀကီးသူမေတြ ေျပာေနၾကတဲ့စကားအရ
အိမ္ေထာင္က်သြားတဲ့အခါ မိဘကသားသမီးကို
ဆိုင္သာဆိုင္မပိုင္ေတာ့ဘူးဆိုတဲ့အတိုင္း
ကိုယ့္ဘ၀ထဲကေန မိဘေတြဟာတျဖည္းျဖည္း
ေျခတစ္လွမ္းေနာက္ဆုတ္ေပးသြားသလို
ခံစားရတယ္။
ကိုယ့္အေနနဲ႔လည္း ကိုယ့္ဘာသာ
ေရြးခ်ယ္လိုက္တဲ့ဘ၀မို႔
ေကာင္းေကာင္းဆိုးဆိုး ခါးစည္းခံၿပီး
ငယ္ငယ္ကလို အႏိုင္က်င့္ခံရတိုင္း
ေမေမ့ဆီ၊ေဖေဖ့ဆီနဲ႔အန္တီေလးဆီ
ေျပးတိုင္တတ္တဲ့ အက်င့္ေတြေပ်ာက္လာခဲ့တယ္။
ငါဟာကေလးမဟုတ္ေတာ့ဘူး အိမ္ေထာင္ရွင္မ
ျဖစ္ေနၿပီဆိုတဲ့ အသိေတြနဲ႔ရင့္က်က္ခ်င္ေယာင္
ေဆာင္ေနရတယ္။
တစ္ခါတစ္ေလသိပ္မြန္းၾကပ္တာပဲ။
အျခားသူေတြေတာ့မသိေပမဲ့ ဝိုင္းေလးအတြက္ေတာ့ အိမ္ေထာင္ျပဳလိုက္တာဟာ မွန္ကန္တဲ့
ဆံုးျဖတ္ခ်က္တစ္ခုလို႔ အခုထိမထင္မိေသးဘူး။
ဝိုင္းေလးဟာ ဘဲြ႔ရၿပီးတာအရမ္းမၾကာေသးဘူး၊၊လုပ္ငန္းခြင္အေတြ့အႄကံုကိုအခုမွ
သင္ယူေနတဲ့လူတစ္ေယာက္ျဖစ္ၿပီး
ဘ၀အေတြ့အႄကံုေတြအမ်ားႀကီးလိုအပ္ေသးသလို
ေလ့လာသင္ယူစရာေတြလည္း အမ်ားႀကီး
ရိွေသးတယ္။
ဘ၀မွာအိပ္မက္ေတြ၊ျဖစ္ခ်င္တဲ့အရာေလးေတြကို
အမ်ိဳးမ်ိဳးစိတ္ကူးယဉ္ခဲ့ဖူးတယ္။
ငါအသက္၃၀ေလာက္ဆိုရင္ ကိုယ္ပိုင္အိမ္ေလး
တစ္လံုးနဲ႔ကားေလးတစ္စီးေလာက္ပိုင္ဆိုင္ၿပီး
ခရီးေတြထြက္ႏိုင္မလား၊အဲ့အခ်ိန္မွာ ခ်စ္သူရိွခဲ့ရင္ဘယ္လိုေလးလက္ထက္ပဲြကို က်င္းပမလဲဆိုၿပီး
မျဖစ္လာေသးတဲ့အနာဂတ္ေတြကို
တိမ္ေတြေပၚမွာ အရုပ္ဆဲြသလို စိတ္ကူးၾကၫ့္မိခဲ့တယ္။
အခုေတာ့ အသက္(၂၃)ႏွစ္ဆယ့္သံုးႏွစ္မွာတင္
ရည္မွန္းခ်က္ေတြအကုန္လံုးက
တက္တက္စင္ေအာင္ လဲြပါေလေရာ။
ကံၾကမၼာကလည္း သိပ္ကိုဆန္းက်ယ္တယ္။
အေျခအေနအရပ္ရပ္ေၾကာင့္
ကိုယ္အရမ္းမုန္းတဲ့လူနဲ႔မွလက္ထက္ခဲ့ရတယ္။
သူကလည္း ကိုယ့္ကိုမၾကင္နာသလို
ကိုယ္ကလည္း သူ႔ကိုဘယ္လိုမွအမုန္းေတြကို
သင္ပုန္းမေခ်ႏိုင္ခဲ့ဘူး။
အခုၾကျပန္ေတာ့ အတိတ္ကိုျပန္တူးေဖာ္ေပးတဲ့
အေမတို႔ေၾကာင့္ ကိုယ္သိပ္မုန္းခဲ့တဲ့လူဟာ
ကိုယ့္ရဲ့အသက္သခင္ ေက်းဇူးရွင္ျဖစ္ေနတယ္
ဆိုတာကို သိလိုက္ရတယ္။
သူဟာဝိုင္းေလးကို အနာေပးလိုက္၊ေဆးေပးလိုက္
လုပ္ခဲ့သလိုပါပဲ။
ဒါေပမဲ့ ဝိုင္းေလးသူ႔ကိုလက္ထက္လိုက္မိၿပီေလ။
သူဟာဝိုင္းေလးရဲ့ ခင္ပြန္းျဖစ္ေနၿပီ
သူ႔ကိုမုန္းသင့္ေသးရဲ့လား။???
"ကဲ..စားလို႔ရပါၿပီ..."
"ဝိုင္းေလးမ်ားမ်ားထၫ့္စားေနာ္..ငါ့တူမေလး
ပိန္သြားသလိုပဲ.."
ညေနစာ စားခ်ိန္ျဖစ္၍ေမေမတို႔က
ထမင္းအတူစားဖို႔ ဖိတ္ေခၚလာခဲ့သည္။
ဝိုင္းေလးလည္း ေမေမတို႔ရဲ့လက္ရာကို
မစားရတာ ၾကာေန၍ လြမ္းေနခဲ့တာပါ။
ဒါေပမဲ့ မေျပာမဆိုနဲ႔ျဗဳန္းစားႀကီးေရာက္ခ်လာၿပီး
အေမတို႔၏ ေန့ဖို႔ညစာကိုလည္း မစားရက္ဘူး
ျဖစ္ေနသည္။
"အေမ..ဒီဟင္းေတြကအေမတို႔ညမနက္စာ
ခ်က္ထားတာမဟုတ္လား သမီးပါ၀င္စားလိုက္ရင္
က်န္တဲ့လူေတြအတြက္ မက်န္ေတာ့ပဲ
ေနမွာေပါ့..."
"အဲ့ဒီ့အတြက္ေတာ့ စိတ္ပူမေနစမ္းပါနဲ႔
ကိုယ့္သမီးေလးတစ္ခါတစ္ေလလာလို႔
ကၽြေးရတာပဲဥစၥာ..ကုန္သြားလည္းအခုခ်က္ခ်င္း
ေဈးသြားၿပီးျပန္ခ်က္လိုက္လို႔ရပါတယ္ေအ..
သမီးအေဖအတြက္လည္းခ်န္ထားၿပီးပါၿပီ
ထိပ္ထားကေတာ့ ဒီေန့အိမ္ျပန္ေနာက္က်မယ္တဲ့
ေျပာထားခဲ့တယ္..ေနာက္က်မယ္ဆိုရင္
ညစာလည္းသူကစားေတာ့မွာမဟုတ္ဘူးေလ.."
"အဲ့ဒါဆိုလည္း..ဆဲြၿပီေပါ့..."
နဂိုတည္းကအေမ့လက္ရာကို လြမ္းေနခဲ့တာမို႔
ပန္းကန္ထဲသို႔အေမထၫ့္ေပးလာေသာ
ၾကက္ခ်ဉ္စပ္ေတြကို ထမင္းႏွင့္ေရာၿပီး
တစ္လုတ္ျမည္းၾကၫ့္လိုက္ေလသည္။
"ဟာ..အေမရယ္..အေမ့လက္ရာကဆိုင္ထမင္း၊
ဟင္းထက္ေတာင္ေကာင္းေသးတယ္သိလား
ခရမ္းခ်ဉ္သီးနဲ႔ၾကက္သြန္ျဖဴနံ႔ေလးက ေမႊးေနတာပဲ
ရွမ္းနံနံကိုသမီးကႀကိဳက္ေတာ့ကြက္တိပဲ..."
"အမယ္ေလး..ကိုယ့္အေမကိုျပန္ၿပီး
အမႊန္းတင္ေနျပန္ပါၿပီ.."
"တကယ္ေျပာတာအေမရဲ့..ခရမ္းခ်ဉ္သီး၊
ၾကက္သြန္အျဖဴ၊အနီနဲ႔ရွမ္းနံနံပင္ကို
အႏွစ္ရေအာင္ ႏွပ္ထားတာကတကယ္ကို
စားေကာင္းတာ ခရုဆီအရသာေလးပါေတာ့
လ်ွာေပၚမွာ စိမ့္သြားတာပဲ.."
"အဲ့ဒါဆိုရင္..အိမ္ေရ႔ွမွာအေအးဆိုင္နဲ႔အတူ
ထမင္း၊ဟင္းဆိုင္ေလးပါ ဖြင့္လိုက္ရင္
ေကာင္းမလား.."
"အေမကလည္း အဲ့ဒါဆိုအေမကအလုပ္
ႏွစ္လုပ္ျဖစ္ေနေတာ့ တအားပင္ပန္းမွာေပါ့.."
"ဘာပင္ပန္းစရာရိွလည္းသမီးရယ္..ထမင္း၊ဟင္းက
ခ်က္ထားၿပီးသားကို အဆင္သင့္ေရာင္းမွာေလ
အေအးေဖ်ာ္တာသာ လက္၀င္တာပါ..
တို႔လမ္းထဲမွာလည္း အေဆာင္ေတြမ်ားေတာ့
အလုပ္သမားေပါတယ္ေလ..ထမင္းဆိုင္က
သိပ္မရိွေတာ့ ေရာင္းေကာင္းေလာက္တယ္.."
"အစ္မေျပာေတာ့မွ ငါ့တူမေလးအရင္က
စားေသာက္ဆိုင္ဖြင့္မဲ့ကိစၥကို ျပန္သတိရမိတယ္
အဲ့ပိုက္ဆံေတြကို ထိပ္ထားဦးေက်ာင္းတက္ဖို႔
အတြက္သာ မသံုးခဲ့ၾကရင္ အခုေလာက္ဆို
အစ္မနဲ႔ဝိုင္းေလးတို႔ႏွစ္ေယာက္ေပါင္းၿပီး
စားေသာက္ဆိုင္ေလးက ေအာင္ျမင္ေနေလာက္မွာ
ေသခ်ာတယ္..အဲ့ဒါဆိုငါ့တူမေလးလည္း
လက္ထက္စရာမလိုေတာ့ဘူးေပါ့..."
"ျဖစ္ခဲ့ၿပီးတာေတြကို ျပန္အစမေဖာ္ပါနဲ႔ေတာ့
ေရႊရည္၀င္းရယ္..ေနာက္ျပန္လွၫ့္လို႔
ရေတာ့တာလည္း မဟုတ္ဘူး.."
အန္တီေလးက အတိတ္ကိုျပန္ေတြးၿပီး
ေဒါသထြက္ေန၍ အဖြားက
ႀကိဳပိတ္လိုက္ရေလသည္။
အေမ့ကိုၾကၫ့္လိုက္ေတာ့ မ်က္ႏွာေလး
ၫွိုးက်သြားၿပီး မ်က္ရည္ဝဲသြားတာကို
ေတြ့လိုက္ရသည္။
ဘယ္ေလာက္ပဲ အားလံုးကမင္းစက္အာဏာကို
သေဘာက်တယ္ဆိုအံုးေတာ့ ပိုက္ဆံကိစၥေၾကာင့္
လက္ထက္ခိုင္းလိုက္ရတယ္ဆိုသၫ့္ ေနာင္တေတြကေတာ့ သူတို႔ရင္ထဲမွာထုတ္မရေသးဘူးထင္ပါရဲ့။
"ဟာ..ဒီငါးေခါင္းခ်ဉ္ရည္ဟင္းက တကယ္ကို
ေသာက္လို႔ေကာင္းတယ္ေနာ္..
ေရာ့..အေမကေခါင္းမ်ားမ်ားသား
ဒါမွ..ဘုရင္မျဖစ္မွာ.."
"ေအာ္..အန္တီေလးကေတာ့အမွီးကိုစားေပါ့..
ဒါမွေနာင္ဘ၀က်ရင္..အေကာင္ႀကီးရံုတင္မကပဲ
အမွီးရွည္တာႀကီးနဲ႔ဖူးစာဆံုႏိုင္မွာ.."
"ငါ့ေျမးရယ္...ၾကၫ့္လုပ္ပါဟယ္..ေတာ္ၾကာ
ေနာင္ဘ၀ၾကရင္..အမွီရွည္တဲ့ငါးႀကီးနဲ႔
ဖူးစာဆံုေနပါအံုးမယ္.."
"အဲ့ဒါလဲေကာင္းတာေပါ့...
ေရကူးရတာဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ.."
"ေမဝိုင္းေလးေနာ္..ညည္းသာေရကူးရမွာဟဲ့
ငါ့ကိုမ်ားေစာ္ေစာ္ကားကား.."
"ဟင္..သမီးတို႔ကေရကူးရရင္ပိုေတာင္ေပ်ာ္အံုးမယ္
တူႏွစ္ကိုယ္ တဲအိုပ်က္မွာမေနရရင္ၿပီးေရာ.."
"ဒီေကာင္မေလးဟယ္..သူမို႔ေပါက္ေပါက္ရွာရွာ
ေျပာတယ္.."
အားလံုးစိတ္ညစ္ေနေသာေၾကာင့္ တမင္အရႊန္းေဖာက္လိုက္ေတာ့ မ်က္ႏွာေလးေတြ
ျပန္၍ ၾကည္လင္သြားၾက၍
ဝိုင္းေလးလည္း စိတ္သက္သာရာရသြားေလေတာ့သည္။
"အေမ့..ဒီငါးနီတူေလးကိုရခိုင္သုပ္ေလးလုပ္ထားတာ အရမ္းစားေကာင္းတာပဲ.."
"စားေကာင္းရင္ မ်ားမ်ားစား.."
ငါးနီတူေလးေတြကို ခ်ဉ္ခ်ဉ္စပ္စပ္ေလးသုတ္ထား၍ ခံတြင္းအလြန္ၿမိန္ေလသည္။
အေမတို႔ႏွင့္ ထမင္းလက္စံုစားရ၍
ပိုၿပီး အရဟာရိွတာဆိုရင္ပိုမွန္ပါလိမ့္မည္။
ညေနစာစားၿပီးေနာက္ အေဖ့ဆီကိုသြားၿပီး
စာကားေျပာခြင့္ရခဲ့ေသာေၾကာင့္ ဒီေန့တစ္ေန့လံုး
သည္ဝိုင္းေလးအတြက္ အဖိုးျဖတ္မရေသာ
ေန့ရက္ျဖစ္မည္ဟုဆိုရင္ မမွားႏိုင္ေပ။
🍒🍒🍒🍒🍒🍒🍒
ဒီေန့က တနဂၤေနြေန့ျဖစ္ေသာေၾကာင့္ စေနေန့တြင္
အနားယူလိုက္ေသာ ဝိုင္းေလးႏွင့္အျခားအဖဲြ႔မ်ားသည္ ဒီေန့မွာအလုပ္ျပန္ဆင္းေပးရေလသည္။
ထို႔ေၾကာင့္ တနဂၤေနြတြင္ နားရက္ရေသာ
သိမ့္သိမ့္၊ကိုရိႈင္းတို႔အဖဲြ႔ႏွင့္
ကဲြသြားၿပီး မဂ်ူးကပါပိတ္သၫ့္အတြက္
ဝိုင္းေလးတို႔အဖဲြ႔ကို ေခါင္းေဆာင္ေသာ
သူမွာ အျခားတစ္ေယာက္ေျပာင္းသြားေလသည္။
ေခါင္းေဆာင္၏နာမည္က ကိုညီညီေဇာ္ျဖစ္ၿပီး
အသက္က၃၀ေက်ာ္ရိွေနၿပီျဖစ္သည္။
အဖဲြ႔သားေတြကေတာ့ ကိုညီလို႔
ေခၚေလ့ရိွၾကၿပီး သေဘာလည္းအင္မတန္
ေကာင္းသည္။
ဝိုင္းေလးကေတာ့ ကိုညီဦးေဆာင္သၫ့္အဖဲြ႔မွာပဲ
အၿမဲေနခ်င္မိသည္အထိျဖစ္မိတယ္။
ေခါင္းေဆာင္ မဂ်ူးနဲ႔ဆိုရင္အမွားလံုး၀
မလုပ္ရဲသလို တာ၀န္ခ်ိန္မွာပင္ပန္းလို႔
ခဏထိုင္နားရင္ေတာင္ သူ႔မ်က္လံုးေအာက္မွာ
လုပ္၀မထိုင္ရဲဘူး။သူေတြ့တာနဲ႔ ပိုးစိုးပက္စက္
ေျပာလႊတ္ေတာ့တာပဲ။
*ေသခ်ာတာေပါ့။
ထိုသို႔အဆူခံရသည့္အထဲမွာ ဝိုင္းေလးလည္း
ပါတယ္။*
မဂ်ူးရဲ့ မ်က္လံုးဟာ ၾကၫ့္မိတာနဲ႔ေက်ာက္ရုပ္
ျဖစ္သြားတတ္ေသာ မက္ဒူဆာ၏ဦးေခါင္း
ထက္ပင္ ေၾကာက္စရာေကာင္းပါသည္။
သူ႔မ်က္လံုးႀကီးႏွင့္ တစ္ခ်က္တစ္ခ်က္
ေဆြၾကၫ့္လာရင္ ဘာအမွားမွမလုပ္ထားလည္း
ေနာက္ေက်ာမလံုခ်င္ေတာ့ေပ။
စည္းကမ္းတင္းၾကပ္တာထက္ အေပါက္ဆိုးၿပီး
အျပစ္မရိွအျပစ္ရွာတတ္ေသာေခါင္းေဆာင္ဟု
ဆိုရေပမည္။
ဒီေန့ကေတာ့ ေျမနီကုန္းကစင္တာမွာ
တာ၀န္က်ေပမဲ့ ကိုညီ၏လက္ေအာက္မွာမို႔
မိန္းကေလးေတြက သိပ္မပင္ပန္းပဲ
သက္သာသည္ဟု ဆိုရမည္။
ဒီတစ္ခါက မိတ္ကပ္ပရိုမိုးရွင္းပဲြျဖစ္၍
မိတ္ကပ္ကို စမ္းလိမ္းေနၾကသၫ့္အတြက္
အခ်ိန္ပိုၾကာျမင့္သလို ဝိုင္းေလးတို႔ဆားဗစ္သမား
ေတြလည္း ပို၍သက္သာေလသည္။
"တူ..တူ..တူ.."
ထိုအခ်ိန္မွာ ဖုန္းျမည္သံၾကား၍ ၾကၫ့္လိုက္မိေတာ့
ကိုဦးဆီမျွဖစ္ေနေလသည္။
"ဟယ္လို..ကိုဦး.."
"ဝိုင္းေလး..အခုအလုပ္လုပ္ေနတာလား.."
"ဟုတ္တယ္ေလ..မေန့ကနားရက္ဆိုေတာ့
ဒီေန့အလုပ္ျပန္ဆင္းရတာေပါ့.."
"ဟုတ္လား..ဝိုင္းေလးကဆားဗစ္မွာအလုပ္လုပ္တာလို႔ ေျပာဖူးတယ္ေနာ္..ဟိုတစ္ခါလိုေျမနီကုန္းက
စင္တာမွာပဲလား.."
"ဟုတ္တယ္ကိုဦးရဲ့ ေျမနီကုန္းကစင္တာမွာ.."
"ဟုတ္ၿပီ..ဒါဆိုဘယ္အခ်ိန္ေလာက္နားရမွာလဲ.."
"ေနာက္နာရီ၀က္ေလာက္ေနမွ ထမင္းစား
နားခြင့္ရမွာ..အဲ့တာေတာင္
အလွၫ့္က်နားရတာေလ..
အကုန္နားရမွာမဟုတ္ဘူး"
"အိုေခ..ဒါဆိုရင္ေနာက္နာရီ၀က္ၾကာရင္..
ဝိုင္းဝိုင္းကိုလူတစ္ေယာက္လာေခၚလိမ့္မယ္..
အဲ့လူကကိုယ့္ရဲ့ Dear Mayဆိုင္က၀န္ထမ္းေလးပဲ
ဝိုင္းဝိုင္းသူ႔ေနာက္ကေနလိုက္သြားလိုက္ေနာ္..
ကိုယ္အခုအလ်ွင္လိုေနလို႔ ဒါပဲေနာ္.."
ဘာမွေထြေထြထူးထူးေျပာမသြား၍
ဝိုင္းေလးေၾကာင္သြားမိေလသည္။
ဒီလိုနဲ႔ေနာက္နာရီ၀က္အၾကာ၌ ဝိုင္းေလးရဲ့
နားခ်ိန္ေရာက္တဲ့အခါ ကိုဦးတို႔ဆိုင္ေလးမွ
၀န္ထမ္းတစ္ေယာက္က လာေခၚေန၍
ထပ္ၿပီးအံ့ဩသြားရသည္။
"ခဏေလးပါအစ္မရယ္..အစ္မရဲ့အလုပ္ကို
အေနွာက္အယွက္မျဖစ္ေစရပါဘူး..."
၀န္ထမ္းေကာင္မေလးကလည္း ကတိအထပ္ထပ္
ေပးၿပီး ေခၚေန၍ဝိုင္းေလးလည္း
ကိုယ့္ထမင္းခ်ိဳင့္ေလးကို ကိုင္ၿပီးအေနာက္မွ
လိုက္သြားမိသည္။
"အစ္မ..ရံုးခန္းထဲကို၀င္သြားလိုက္ပါေနာ္..
အထဲမွာ အစ္မကိုေစာင့္ေနတဲ့လူရိွတယ္.."
"ဘယ္သူလဲ..."
"အဲ့ဒါေတာ့ အထဲကိုေရာက္ရင္သိပါလိမ့္မယ္.."
၀န္းထမ္းေကာင္မေလးက ဗေဟဠိေတြထုတ္ေန၍
အလိုမက်စြာ မ်က္ေမွာင္ႄကံု႔လိုက္မိေလသည္။
အလုပ္ျပန္၀င္ရင္ ေနာက္က်မည္စိုး၍
ရံုးခန္းတံခါးကို တြန္းဖြင့္ၿပီးအထဲသို႔၀င္လိုက္ေတာ့
"စပရိုက္စ္..."
"ဟင္..ကိုဦးေရာက္ေနတာလား.."
"ဟုတ္တယ္ေလ..အလုပ္ႀကိဳးစားတဲ့ကေလးမနဲ႔
ေန့လည္စာ အတူစားခ်င္လို႔လစ္ထြက္လာခဲ့တာ.."
အမွန္တကယ္မွာေတာ့ သူေလးကိုသတိရလြန္း၍
ရိႈးပဲြအတြက္ ရီဟာဇယ္လုပ္ေနရင္းမွ
မဇင္မသိေအာင္ ခိုးထြက္လာခဲ့ျခင္းျဖစ္သည္။
အျခားအဆိုေတာ္ေတြလည္း ရီဟာဇယ္လုပ္ဖို႔
ရိွေတာ့ သူေပ်ာက္သြားတာကအရမ္းႀကီးမားတဲ့
အျပစ္မဟုတ္ေပမဲ့ ေနွာက္ေနွးမႈရိွသြားတာေတာ့
အမွန္ပါပဲ။
ဒါေၾကာင့္ပဲ ခုဏကမဇင္လွမ္းဆူတာကို
ခံလိုက္ရေသးသည္။
"ဒီဗူးေတြကဘာေတြလဲဟင္.."
"ကိုယ္တို႔ႏွစ္ေယာက္အတူတူ ထမင္းစားဖို႔အတြက္
မွာထားတာေတြေလ..ဝိုင္းဝိုင္းကခဏေနရင္
အလုပ္ျပန္လုပ္ရမွာမဟုတ္လား..
ဒီမွာျမန္ျမန္လာထိုင္လိုက္ေလ..."
"ဝိုင္းေလးအတြက္တကူးတကစီစဉ္ေပးစရာ
မလိုပါဘူးကိုဦးရယ္..ဝိုင္းေလးကဒီေန့
ထမင္းခ်ိဳ႕င္ပါတယ္.."
"ဟာ..ဟင္းတစ္မ်ိဳးတည္းဆိုရင္ ဘယ္လိုလုပ္ၿပီး
အရသာရိွမွာလဲကြာ..လာစမ္းပါ..ၿပီးရင္ပဲ
အလုပ္ျပန္ဆင္းရေတာ့မဲ့ဥစၥာ
စကားေတြအမ်ားႀကီး မေျပာနဲ႔ေတာ့.."
ကိုဦးကအတင္းေခၚေန၍ ဝိုင္းေလးလည္း
အားနာၿပီး ထိုင္ခံုမွာ၀င္ထိုင္လိုက္ရေလသည္။
သူကမွ အရမ္းအလုပ္မ်ားသၫ့္သူဟု
ထင္မိတဲ့အတြက္ အိုက္တင္ခံမေနေတာ့ပဲ
အလကားရတဲ့ အရသာရိွေသာေန့လည္စာကို
စားဖိုဆံုးျဖတ္လိုက္သည္။
ဟင္းေတြကစံုသလို အရသာလည္းအင္မတန္ရိွ၍
ဝိုင္းေလးမွာ ဟန္ေတာင္မေဆာင္ႏိုင္ေတာ့ပဲ
အ၀တီးမိေလေတာ့သည္။
"ေရာ့..ပုဇြန္ထုတ္ေလးစားၾကၫ့္..
ငရုတ္သီးမပါေတာ့ ၀က္ၿခံလည္းမထြက္သလို..
ဆံပင္လည္းမကၽြတ္ေတာ့ဘူးေပါ့.."
"ၿပီးေတာ့..ဒီ၀က္ခ်ိဳခ်ဉ္ေလးလည္းစားၾကၫ့္.."
"ဒီအသုပ္ေလးေရာပဲ.."
"ဝိုင္းဝိုင္းက လူေကာင္နည္းနည္းၫွပ္သလိုပဲ..
အသားမ်ားမ်ားစားမွေပါ့ကြာ
ေရာ့ဒီငါးသံပုရာေပါင္းေလးပါစားၾကၫ့္.."
ဝိုင္းေလး၏ပန္းကန္ထဲသို႔ ပါးစပ္ကလည္း
တတြတ္တြတ္ေျပာရင္း ဟင္းအမ်ိဳးစံုေအာင္
ထၫ့္ေပးေန၍ အားနာနာႏွင့္စားေနရတာ
ဗိုက္ေတာင္ တင္းလာေလၿပီ။
မသိရင္ဝိုင္းေလးက ၀က္ႀကီးၾကေနတာပဲ။
ဝိုင္းေလးပံုစံက အစားပုတ္တဲ့ပံုေပါက္ေနလို႔မ်ားလား။သူ႔ပန္းကန္ဆီသို႔ၾကၫ့္လိုက္မိေတာ့္
မုန္လာဥနီ ပန္းေကာ္ဖီစိမ္းႏွင့္ပုဇြန္နဲနဲရယ္ကိုသာ
ေတြ့လိုက္ရသည္။
"ကိုဦးကလည္း ဝိုင္းေလးကိုပဲထၫ့္ေပးေနတယ္
သူ႔ပန္းကန္ထဲမွာၾကေတာ့ ဘာမွလည္းမရိွဘူး.."
"ကိုယ္ကရိႈးပဲြရိွလို႔..ဝိတ္ခ်ေနတာေလ..
ဒါေၾကာင့္အမ်ားႀကီးစားလို႔မရဘူး.."
ပါးစပ္ထဲမွာ ထမင္းေတြပလုတ္ပေလာင္းႏွင့္
ပါးေလးေဖာင္းၿပီး စကားေျပာလာသၫ့္
ေကာင္မေလးကို အသံယားလြန္း၍
ေခါင္းေလးကို ပုတ္ၿပီးေျပာလိုက္ေတာ့
သူ႔ကို ေၾကာင္ေတာင္ေတာင္ေလးျပန္ၾကၫ့္လာေလသည္။
ေၾကာင္ေလးလို အညိုေရာင္သန္းေနတဲ့
မ်က္၀န္းဝိုင္းေလးေတြက သူ႔ကိုၫွို႔ယူေနသလိုပဲ။
အရမ္းသေဘာက်မိ၍ သူႃပံုးလိုက္သည္။
ျဖစ္ႏိုင္ရင္ အခုပဲျဖစ္ျဖစ္ဖြင့္ေျပာလိုက္ခ်င္တယ္။
ဒါေပမဲ့....
"ရိႈးပဲြဟုတ္လား..."
"အင္း..တရား၀င္မေၾကာ္ျငာရေသးဘူးေလ.."
"ေအာ္..ဒါေၾကာင့္ဝိုင္းေလးမသိတာပဲ.."
"ကိုယ္ဝိုင္းဝိုင္းကို ကတိတစ္ခုေပးခဲ့တယ္ေလ
တစ္ေန့ကိုယ္ေအာင္ျမင္တဲ့အခါ ပရိတ္သတ္ေတြအမ်ားႀကီးရိွတဲ့ ပဲြခင္းထဲအထိ
ဝိုင္းဝိုင္းကို ေခၚသြားေပးမယ္ဆိုတာေလ..."
ဝိုင္းေလး..ကိုဦးကို အံ့ဩစြာၾကၫ့္လိုက္မိသည္။
ဒီေလာက္ႏွစ္ေတြၾကာသြားၿပီးတာေတာင္
ကိုဦးက ဒီစကားကိုမွတ္မိေသးတာပဲ။
ဝိုင္းေလးက သူေမ့ေနၿပီလို႔ေတာင္ထင္ခဲ့တာ။
"ရိႈးပဲြေန့ၾကရင္ စင္ေပၚကေနကိုယ္သီခ်င္းဆိုတာကို အားေပးလို႔ရေအာင္လုပ္ေပးမယ္..
ဝိုင္းဝိုင္းလာမယ္မဟုတ္လား.."
"လာမွာေပါ့ကိုဦးရဲ့..ဒါေပမဲ့စင္ေပၚအထိေတာ့
မတက္ရဲပါဘူး..လက္မွတ္၀ယ္ၿပီး
ပရိတ္သတ္ေနရာကပဲ အားေပးပါ့မယ္.."
"အဲ့လိုမလုပ္ရပါဘူး..လူေတြအမ်ားႀကီးနဲ႔ဆိုေတာ့
ေယာက္်ားေလးေတြလည္းပါမွာေလ..
ကိုယ္ဝိုင္းဝိုင္းကို စိတ္မခ်ဘူး.."
"ကိုဦးကလည္း ႀကံဖန္ၿပီးစိတ္ပူေနျပန္ၿပီ
ဝိုင္းေလးက သူငယ္ခ်င္းေတြနဲ႔စုၿပီး
လာၾကၫ့္မွာေလ..ဘာစိတ္မခ်စရာရိွလို႔လဲ.."
"ဘာျဖစ္လို႔လဲဆိုေတာ့..ကိုယ္က.."
ျဖဴစင္သၫ့္ မ်က္၀န္းေလးေတြကိုျမင္လိုက္ရေတာ့
သူ႔စကားက တစ္၀က္တစ္ပ်က္မွာတင္
ရပ္တန႔္သြားေလေတာ့သည္။
ခံုေပၚတြင္ တင္ထားေသာဝိုင္းဝိုင္း၏
လက္ကေလးကို ကိုင္မိေတာ့မၫ့္အေျခအေနကေန
သူေလး၏ ႏႈတ္ခမ္းေထာင့္တြင္ ကပ္တင္ေနေသာ
ထမင္းလံုးေလးကိုသာ ဖယ္ရွားေပးလိုက္မိသည္။
"ႏႈတ္ခမ္းမွာ ထမင္းလံုးကပ္ေနလို႔.."
ထမင္းလံုးေလးကို ဖယ္ရွားေပးလိုက္စဉ္မွာ
တြန႔္ခနဲျဖစ္သြားေသာ ဝိုင္းဝိုင္းဟာ
ေၾကာင္ေပါက္ေလးလိုမ်ိဳး ထပ္ၾကၫ့္လာျပန္သည္။
ဘယ္လိုလုပ္ရပါ့မလဲ။
အဲ့ဒီ့မ်က္၀န္းေလးေတြကို သူတကယ္ရင္ဆိုင္ဖို႔
ခက္လြန္းတယ္။
ျဖစ္ႏိုင္ရင္ ႏွလံုးသားထဲမွာအၿပီးအပိုင္
ေသာ့ခတ္ၿပီး သိမ္းထားလိုက္ခ်င္မိတဲ့အထိပဲ။
"တူ!!!တူ!!တူ..."
"ဟာ..ေခါင္းေဆာင္ဆီကေန ဖုန္းလာေနၿပီ...
ဆူခံရေတာ့မယ္ထင္တယ္..ဝိုင္းေလးသြားေတာ့
မယ္ေနာ္..ေန့လည္စာကၽြေးတဲ့အတြက္
ကိုဦးကိုေက်းဇူးတင္ပါတယ္..ေနာက္တစ္ခါမွ
ဝိုင္းေလး၀ယ္ကၽြေးမယ္ေနာ္..."
ေက်းဇူးတင္စကားေတြကို မလိုအပ္ပါဘူး
ေျပာလည္း ထပ္ၿပီးေက်းဇူးတင္ခဲ့ကာ
ေျပးထြက္သြားေလသည္။
သူလည္း သက္ျပင္းခ်လိုက္မိတယ္။
ကိုယ့္ဘက္ကသာ ခ်စ္ေနပါေၾကာင္း
ေသခ်ာေနေပမဲ့ သူမဘက္ကေတာ့
သိပ္ရိုးသားမွန္း မ်က္လံုးေလးေတြကို
ၾကၫ့္ရံုနဲ႔ သိႏိုင္တယ္။
ဖြင့္ေျပာလိုက္တဲ့အခါမွ လက္မခံရင္ကိုယ္ပဲ
ဂြမ္းမွာ။
ဒါေပမဲ့ မေျပာျပန္ရင္လည္းေကာင္မေလးက
ဘယ္လိုလုပ္ၿပီး သိမွာလဲ။
ဒီတစ္ခါေတာ့ သူသိပ္ညံ့လြန္းသည္ဟု
ေတြးလိုက္မိသည္။အခြင့္အေရးရေနပါလ်ွက္နဲ႔
ခဏခဏ လက္လႊတ္ဆံုးရႈံးေနရတယ္။
🍒🍒🍒🍒🍒
"ေကာင္းသန႔္..ပစၥည္းေတြအကုန္လံုးကားထဲကို
ထၫ့္ၿပီးၿပီလား.."
"ထၫ့္ၿပီးပါၿပီဆရာ..ဆရာ့လက္ေက့ခ္်ေတြေရာ
လက္ေဆာင္အိတ္ေတြေရာ ထၫ့္ၿပီးပါၿပီ.."
"ေကာင္းၿပီ..မင္းအတြက္ငါတကၠစီေခၚေပးထားတယ္ ဒီမွာခဏေစာင့္လိုက္ေနလိုက္ေပါ့
မၾကာခင္ေရာက္လာလိမ့္မယ္.."
"ကၽြန္ေတာ့္ကိုဆရာနဲ႔အတူ ေခၚမသြားေပးဘူးလား"
ေကာင္းသန႔္မွာ တစ္ခြန္းေလးပဲအပိုေစာင္း၍
ေမးမိလိုက္ပါတယ္။
ဆရာက"အပိုေတြမေျပာနဲ႔.."ဆိုေသာအၾကၫ့္ႏွင့္
သတိေပးလာ၍ ကိုယ့္ပါးစပ္ကိုယ္သာ
ျပန္ပိတ္လိုက္ရေလသည္။
သြားတုန္းက ႏွစ္ေယာက္အတူသြားၿပီး
အခုျပန္ေရာက္ေတာ့ အတူေခၚသြားေပးလိုက္
ၿပီးေရာကို..။တကၠစီခအကုန္ခံေနရေသးတယ္။
ၾကၫ့္ရတာ သူ႔မိန္းမကိုသတိရေနလို႔မ်ားလား။
"ကၽြန္ေတာ္စကားေျပာမွားသြားရင္
ခြင့္လြတ္ပါဆရာ..ၾကင္စဦးဇနီးေမာင္ႏွံဆိုတာ
ဘယ္အၾကာႀကီးခဲြေနလို႔ေကာင္းပါ့မလဲ..
အိမ္ျပန္ေနာက္က်ရင္
မိန္းမကဘယ္ႀကိဳက္ပါ့မလဲေနာ္..
ကၽြန္ေတာ္နားလည္ပါတယ္.."
"မင္းေတာ္ေတာ္လ်ွာရွည္တာပဲ..
လစာထဲကအျဖတ္ခံခ်င္ေနတာလား.."
"အင္..လစာထဲကေတာ့မျဖတ္ပါနဲ႔ဆရာ.."
မနက္ေစာေစာစီးစီး မိန္းမထက္ရာဇသံ
ျပင္းေနေသာ ကိုယ့္ဆရာေၾကာင့္ေကာင္းသန႔္မွာ
အခက္ေတြ့ေနရေလသည္။
ဆက္ေျပာမိရင္ ရွည္မိတဲ့လ်ွာပါအျဖတ္ခံရကိန္း
ဆိုက္ေတာ့မည္မို႔ ကားထဲသို႔၀င္သြားေသာ
ဆရာ့ကိုသာ ပါးစပ္ပိတ္ၿပီးႃပံုးကာ
ႏႈတ္ဆက္လိုက္ရေလသည္။
မနက္ေလးနာရီခဲြဆိုေပမဲ့ ကားလမ္းေပၚတြင္ေတာ့
ကားမ်ားစြာ ဥဒဟိုသြားေနၾကေလသည္။
မင္းစက္ကေတာ့ ခရီးသြားရင္ ေလယာဉ္ေပၚမွာ
မအိပ္တတ္၍ေခါင္းေတြကိုက္လာေလရာ လက္ပိုက္ၿပီးအေနာက္ကိုသာ မွီထားလိုက္သည္။
"မင္းသစ္..ငါမရိွတုန္းအိမ္မွာတစ္ခုခုထူးျခားတာ
ျဖစ္ေသးလား.."
"မျဖစ္ပါဘူးဆရာ..ဘာျဖစ္လို႔လဲ.."
"ဟင့္အင္း..ဒီတိုင္းေမးၾကၫ့္တာ..
ဒါနဲ႔..ေမဝိုင္းေလးေရာ..အလုပ္သြား၊
အလုပ္ျပန္အဆင္ေျပရဲ့လား.."
"အဆင္ေျပမယ္ထင္တယ္ဆရာ..ကားဂိတ္ကလည္း
အရမ္းမေဝးေတာ့ လမ္းေလ်ွာက္ရတာ
သိပ္မပင္ပန္းပါဘူး.."
မင္းသစ္လည္း ကားမွန္ထဲမျွမင္ေနရေသာ
ဆရာ့မ်က္ႏွာႀကီးကို လွမ္းၾကၫ့္ၿပီး
ရယ္ခ်င္စိတ္ကို ထိန္းလိုက္ရသည္။
သူ႔မိန္းမအေၾကာင္းေမးခ်င္တာမ်ား
ထူးျခားတာေတြ၊မထူးျခားတာေတြ လုပ္ေနေသးတယ္။
"ဒါေပမဲ့...တစ္ခုေတာ့ရိွတယ္ဆရာ"
"ဘာရိွတာလဲ.."
မင္းသစ္၏ေနာက္ဆက္တဲြ ထြက္လာသၫ့္
စကားေၾကာင့္ မင္းစက္အာဏာ၏
မိွတ္ထားမိေသာ မ်က္၀န္းေတြဟာ
ခ်က္ခ်င္းပြင့္သြားေလေတာ့သည္။
ကိုယ္ကိုမတ္မတ္ျပန္ထိုင္ကာ ေလးနက္ေသာ
အသံျဖင့္ ေမးလိုက္ေတာ့မင္းသစ္ကလည္း
ေျပာမၫ့္အေရး ေခ်ာင္းဟန႔္လိုက္ေသးသည္။
"ကၽြန္ေတာ္ဆရာကေတာ္အလုပ္လုပ္တဲ့
ဌာနကို တိတ္တိတ္ေလးစံုစမ္းၾကၫ့္ေတာ့
ဆရာကေတာ္တို႔အဖဲြ႔ေခါင္းေဆာင္က
အေပါက္အရမ္းဆိုးတယ္တဲ့ဆရာ..
ဆရာကေတာ္လည္း ခဏခဏအဆူခံရတယ္တဲ့.."
မင္းသစ္၏စကားအဆံုးမွာမင္းစက္အာဏာ၏
မ်က္၀န္းေတြဟာ မေက်မနပ္ျဖစ္သြားဟန္ျဖင့္
ေဒါသတရားတို႔ ဖံုးလႊမ္းသြားေလသည္။
အလုပ္ခြင္မွာ လက္ေအာက္ငယ္သားက
အမွားလုပ္မိရင္ ေခါင္းေဆာင္ေတြေခၚဆူတာဟာ
သဘာ၀က်ေပမဲ့ ေမဝိုင္းေလးဆိုတာ
ကိုယ့္ဇနီးေလ။
အခုသူ႔ရင္ထဲမွာ ခံစားေနရတဲ့ခံစားခ်က္က
ဘာနဲ႔တူလည္းဆိုေတာ့ ေက်ာင္းခန္းထဲမွာ
ကိုယ့္ကေလးကစာမရလို႔ ႀကိမ္လံုးနဲ႔ရိုက္လိုက္
ေသာ ဆရာမကို မေက်နပ္သည့္
ခံစားခ်က္မ်ိဳးျဖစ္ေနတာ။
ဘယ္မိဘကမ်ား ကိုယ့္ကေလးကို
သူမ်ားရိုက္တာႀကိဳက္ပါ့မလဲ။
ကိုယ္သာစကားနားမေထာင္လို႔ ကေလးကို
ဆံုးမရင္ဆံုးမမယ္။
သူမ်ားက အသားနာေအာင္လုပ္ရင္ေတာ့
ခါးရိုးကေန လွန္ခ်ိဳးပစ္ခ်င္တာမ်ိဳး။
ရုတ္တရက္ၾကည္လင္ေနေသာစိတိေတြဟာ
ေမဝိုင္းေလး၏ကိစၥေၾကာင့္ ေနာက္က်ိသြားရေလသည္။
မိန္းမငယ္ငယ္ေလးကို ယူထားရတာလည္း
တကယ္ကိုမလြယ္ပါလား။
သူမ်ားအႏိုင္က်င့္မွာကို လိုက္စိတ္ပူေနရတယ္။
အသက္ကသာ ၂၃ႏွစ္ရိွေနၿပီေပမဲ့
လူေကာင္ကေသးၿပီး ပံုစံကိုကသူမ်ား
တက္နင္းတိုင္း ျပားသြားႏိုင္တဲ့ပိုးဟပ္ျဖဴေလးလို
ျဖစ္ေနေတာ့ ဘယ္အခ်ိန္ငိုၿပီးျပန္လာမလဲ
ေတြးပူေနရတယ္။
ကားေလးဟာ တျဖည္းျဖည္းႏွင့္သူ႔ဗီလာရိွသၫ့္
ေနရာသို႔ ေရာက္လာၿပီးၿခံထဲသို႔ ေမာင္း၀င္လိုက္ေလသည္။
မင္းစက္လည္း ကားေပၚမွဆင္းၿပီးမွ
အေၾကာအျခင္ေတြ ဆန႔္ထုတ္ျပစ္လိုက္မိသည္။
"မင္းသစ္..ပစၥည္းေတြကိုစာၾကၫ့္ခန္းထဲကိုသာ
ေရႊ့ထားလိုက္.."
"ဆရာ့အခန္းထဲကို တန္းမသြင္းဘူးလား.."
"သူမ်ားအိပ္ေနတယ္ေလ..."
ထိုေတာ့မွ မင္းသစ္လည္းသေဘာေပါက္
သြားေလေတာ့သည္။
ဆရာက သူ႔မိန္းမအိပ္ေနေတာ့ပစၥည္းခ်တဲ့
အသံေတြၾကားရင္ ႏိုးသြားမွာစိုးလို႔ထင္ပါရဲ့။
"ဒါမ်ား..ငါ့မိန္းမအိပ္ေနတယ္ေလ.."လို႔
တိုက္ရိုက္ေျပာလိုက္လည္း ရတဲ့ဟာကို
သူမ်ားတဲ့..။
တို႔ဆရာဟာေလ ကိုယ္လုပ္တဲ့ေကာင္းမႈကို
လူသိမွာ ေတာ္ေတာ္ဆိုးတာပဲ။
အိမ္အေပၚထပ္သို႔ တက္သြားႏွင့္ၿပီျဖစ္ေသာ
ဆရာ့ကိုၾကၫ့္ၿပီး မင္းသစ္လည္း
ေခါင္းတခါခါလုပ္ရင္း က်န္ခဲ့ေလသည္။
မင္းစက္အာဏာကေတာ့ သူ႔အိပ္ခန္းတခါးကို
အပိုေဆာင္ထားသၫ့္ ေသာ့ျဖင့္ဖြင့္လိုက္သည္။
အခန္းထဲသို႔ ၀င္လိုက္ေတာ့ လင္းထိန္ေနေသာ
အခန္းမီးေရာင္ႏွင့္အတူ ႀကီးမားေသာသူ႔ရဲ့
ေမြ့ယာေပၚတြင္ အသက္ရႉသံမွန္မွန္ျဖင့္
အိပ္စက္ေနသၫ့္ သူ႔ဇနီးကိုေတြ့လိုက္ရ၍
သူ႔စိတ္ထဲမွာ အမည္မသိခံစားခ်က္တစ္ခုက
စီး၀င္လာခဲ့သည္။
အလုပ္ေတြၿပီးၿပီးခ်င္း ေစာေစာျပန္လာခဲ့ရသၫ့္
အေၾကာင္းအရာကို ရွာေတြ့သြားသလိုပါပဲ။
နက္ခ္တိုင္ကို ေျဖေလ်ွာ့ျပစ္လိုက္ကာ
ကုတင္အနားသို႔ တျဖည္းျဖည္းတိုးကပ္သြား
လိုက္ၿပီး ခါးေထာက္၍အေပၚစီးမွ
ေမဝိုင္းေလး၏ ျဖဴႏုေနေသာမ်က္ႏွာေလးကို
ငံု႔ၾကၫ့္လိုက္မိသည္။
က်ယ္ျပန္ေသာ ေက်ာျပင္ႏွင့္လက္ျပင္ကားေသာ
သူျဖစ္၍ သူ႔အရိပ္သည္ေမဝိုင္းေလး၏
ခႏၶာကိုယ္ တစ္၀က္ေလာက္ကို လႊမ္းႃခံုသြားခဲ့တယ္။
"ေကာင္မေလး..ကိုယ္မင္းကို
ထင္ထားတာထက္ သေဘာက်ေနမိၿပီထင္တယ္.."
🔥🔥🔥🔥🔥🔥🔥
ဆရာႀကီးျပန္ေရာက္လာၿပီဆိုေတာ့
သံုးပြင့္ဆိုင္လာေတာ့မယ္ေနာ္...

No comments:
Post a Comment