အခန်း(၁၆) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၁၆)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"မြေးလေးရယ်တိတ်ပါကွယ်..အခုလေ

ကိုစက်ကိုဖွားဖွားဖုန်းဆက်ပြီး ဆူလိုက်ပြီ

သိလား..သူ့အိမ်ကိုမပြန်ချင်လည်း

ဒီအိမ်မှာပဲကြိုက်သလောက်နေ..

ဝိုင်းလေးပျော်သလိုသာနေ.."


ကုတင်ပေါ်တွင် ခေါင်းလေးမှောက်၍

ငိုနေရှာသော မေဝိုင်းလေးကိုချော့နေရင်းနှင့်

ဝိုင်းလေးအားကိုစက်၏အိမ်သို့ ပို့လိုက်မိသောကိုယ့်ကိုကိုယ်သာ စိတ်တိုမိလေသည်။


ကိုစက်ရဲ့ကုမ္ပဏီမှာအလုပ်ပြန်ဆင်းဖို့ကိုလည်း ကိုယ်ကပဲတိုက်တွန်းလိုက်မိတာဆိုတော့

အခုဝိုင်းလေးခံစားနေရတဲ့ ဝေဒနာက

ကိုယ်နဲ့လည်း တစ်၀က်ဆိုင်သလိုဖြစ်နေတယ်။


*ကိုစက်..ကိုစက်..သူစွဲလှမ်း‌ယုံကြည်နေတဲ့

အစွဲကြီးကိုပျောက်စေချင်လို့

မိန်းကကောင်းလေးနဲ့ပေးစားတဲ့ဥစ္စာကို

လုံး၀တန်ဖိုးမထားဘူး..သူလည်းသူ့အဖေလို

အတ္တကိုရှေ့တန်းတင်တတ်တဲ့လူပါလား..*


ငယ်ငယ်လေးတည်းက ဖခင်ဘက်ကိုပါသွားခဲ့ရပြီး မိထွေးရယ်၊ဖအေတူမောင်နှစ်မတွေနဲ့အတူ

နေခဲ့ရတော့သူ့မှာ ခက်ခဲမှုတွေအများကြီး

ကြုံခဲ့ရမှန်းကိုယ်သာအသိဆုံး။

အဖေလုပ်သူရဲ့ တင်းကြပ်တဲ့ထိန်းကြောင်းမှုတွေ.. ရက်စက်တဲ့ဆုံးမနည်းတွေနဲ့အတူ

ကြီးပြင်းလာခဲ့ရတဲ့ ကလေးဆိုတော့

အတွင်းစိတ်သံန္တန်မှာနာကျည်းမှုတွေလည်း

ရှိနေမှာပဲ။


အမေဖြစ်သူကလည်း ယောက်ျားကိုမုန်းတဲ့

စိတ်နဲ့ ယောက်ျားဘက်ပါသွားတဲ့သားကို

ကိုယ့်လက်ထဲပြန်ရောက်တာတောင်

အေးစက်ခဲ့တော့ အခုအချိန်မှာဒီကောင်လေးရဲ့ အကျင့်တွေကိုပြင်ဖို့အရမ်းနောက်ကျသွားပြီထင်ပါရဲ့။


မိန်းမပေးစားလိုက်ရင်တော့ မိန်းကလေးဖြစ်သူက သူနဲ့အနီးကပ်နေပေးပြီး ပြုပြင်ပေးနိုင်ရင် ပြောင်းလဲနိုင်ကောင်းရဲ့လို့

တွေးခဲ့မိတာ။အခုတော့ မိန်းကလေးလည်း

ညှာတာရကောင်းမှန်း တစ်စက်မှမသိပါလား။


မူးရင်းစိတ်အခံက ကောင်းပေမဲ့

သူ့အကျိုးစီးပွားကို ထိရင်တော့ယူထားတဲ့

မိန်းမလည်း မမြင်တော့ပုံပဲ။

တွေးရင်းနဲ့ ဒင်းတို့အိမ်ထောင်ရေးကို

ငါတကယ်ရင်လေးမိတယ်။


"အမေ..ဘယ်လိုဖြစ်တာလဲ.."


အခန်း၀၌ပေါ်လာသော သမီးဖြစ်သူရတနာကို

မြင်လိုက်ရတော့ တိတ်တိတ်နေဖို့အချက်ပြလိုက်ပြီး အခန်းအပြင်မှာစောင့်နေရန်သာ အချက်ပြလိုက်မိလေသည်။


"ကြည်ကြည်..ဝိုင်းလေးရဲ့ဘေးနားမှာပဲ

နေနော်.."


"ဟုတ်ကဲ့ပါဖွားဖွားနု.."


မေဝိုင်းလေးကမင်းစက်အာဏာတို့အိမ်မှ

အထုပ်အပိုးတွေကို ဆွဲပြီးဆင်းလာတော့

ကြည်ကြည်တို့ ဒေါ်ခင်မြတို့ကပါ

ဒီအိမ်ကို ပြန်လိုက်လာကြခြင်းဖြစ်သည်။

ကြည်ကြည်သည်လည်း မေဝိုင်းလေးငိုနေတာကို ကြည့်ပြီးစိတ်မကောင်း၍

သူပါမျက်ရည်ဝဲလာလေတော့သည်။


ဒေါ်နုယဉ်ကတော့ သမီးဖြစ်သူနှင့်အတူ

အခြားအခန်းတစ်ခုသို့သွားကာ

ဆွေးနွေးခန်းဖွင့်ရလေတော့သည်။


"ဘယ်လိုလုပ်ကြမလဲအမေ..အမေ့ကို

ကျွန်မမပြောဘူးလား..မင်းစက်ကို

ဘာမှသွားပြီးစီစဉ်ပေးလို့မရပါဘူးလို့ဆိုတာ

အခုကြည့်..အပြတ်အပြတ်နဲ့နှာခေါင်းသွေး

ထွက်နေရပြီ.."


"ငါလည်းနင့်သားကို အိမ်ထောင်ပြုပေးလိုက်ရင် ပြောင်းလဲသွားမလားလို့အကြံထုတ်မိတာပေါ့

..နင့်သားကဒီလောက်ခါးခါးသီးသီးဖြစ်မယ်လို့

ဘယ်သူကထင်မှာလဲ..အခုနင့်သားက

ဘာလုပ်လိုက်လည်းသိလား..

မေဝိုင်းလေးကိုသူ့ကုမ္ပဏီမှာ

ထပ်ပြီး အလုပ်၀င်လို့မရအောင်

နာမည်ပျက်စာရင်းပါသွင်းမယ်တဲ့လေ.."


"ဟယ်..ဒါတော့အရမ်းတရားလွန်သွားပြီ

ကိုယ့်မိန်းမကိုယ်တောင် ဒီလိုလုပ်တယ်ပေါ့..

အမေ့မြေးကတော့ တကယ်ကိုမလွယ်ပါလား.."


"ဟုတ်တယ်..ငါလည်းအခုဘယ်လိုစဉ်းစားရမလဲ

မသိတော့အောင်ကို ခေါင်းရှုပ်နေပြီ..

မိစံတို့သိရင် ငါ့မျက်နှာကိုဘယ်နားမှာ

သွားထားရမှာလဲ..အခုနှစ်လကျော်နေပြီ

သူတို့လင်မယားက အတူတောင်မနေရသေးဘူး.."


"အဲ့ဒီ့ကိစ္စကို ကျွန်မတို့တစ်ခုခုလုပ်မှရမယ်

ထင်တယ်နော်..မေဝိုင်းလေးကလည်း

နည်းနည်းခေါင်းမာပုံရတယ်..မင်းစက်က

မချော့ရင် သူကလည်းပျော့မဲ့ပုံမလာဘူး...

ကျွန်မတို့မှ ကြားမ၀င်ရင်သူတို့နှစ်ယောက်

ဒီတစ်သက်နီးစပ်နိုင်မှာမဟုတ်တော့ဘူး.."


"နင်ကဘယ်လိုလုပ်ချင်လို့တုန်း..."


"ဒီလိုလေအမေရယ်.."


ဒေါ်ရတနာလည်း မိခင်ဖြစ်သူ၏နားကိုကပ်ခါ

သူမစဉ်းစားမိသလောက် အကြံဉာဏ်တွေကို

ပေးလာလေတော့သည်။

ဒေါ်နုယဉ်ကတော့ ခေါင်းတညိတ်ညိတ်နှင့်

နားထောင်နေပြီးနောက်..


"ဘယ်လိုလည်းအမေ..ကျွန်မအကြံကောင်းရဲ့လား.."


"အမယ်လေး..နင့်အကြံကြီးက

ကြက်သီးထစရာကြီးပါလား..

ဒါပေမဲ့ငါကြိုက်တယ်.."


"ဘယ်လိုလဲ..ကျွန်မတို့အကောင်အထည်

ဖော်ကြမလား.."


"မြန်မြန်လုပ်လေ..ကောင်းလေပဲ..ငါလည်း

မြစ်က‌လေးတွေစောစောချီရတာပေါ့.."


သားအမိနှစ်ယောက် မျက်နှာချင်းဆိုင်ကာ

ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီးနောက်

အသက်ကြီးမှ ငယ်မြူပြန်ရမလိုအတွေးမျိုးကို

တွေးနေကြရလေသည်။

ဒေါ်ရတနာသည်လည်း ဘယ်တုန်းကမှ

မတွေးခဲ့ဖူးသည့် အတွေးမျိုးကိုမင်းစက်တို့

လင်မယားနဲ့ကြမှ ပေါက်ပေါက်ရှာရှာတွေးနေရ၍

ကိုယ့်ကိုကိုယ်လည်း အံ့ဩနေရသည်။


"ဖွားဖွားနုရေ..အစ်ကိုလေးမင်းစက်ရောက်လာတယ်.."


အော်ပြီးအခန်းထဲသို့ ပြေး၍၀င်လာသော

အေးလှကြောင့် နှစ်ယောက်သားအံ့ဩ

သွားကြရလေတော့သည်။

မျက်လုံးလေးတွေပြူးကာ တစ်ယောက်မျက်နှာကို

တစ်ယောက်ပြန်ကြည့်လိုက်ကြမိပြန်သည်။


"ကိုစက်ကတကယ်ကြီးရောက်လာတယ်..

သူ့မိန်းမကို တကယ်လာချော့တာပေါ့.."


"နင်မလာသေးခင်က ငါနဲ့ဖုန်းဆက်တုန်းကတော့

သူလာခေါ်မယ်လို့ ပြောလိုက်သေးတယ်..

ငါကတကယ်လာခေါ်မယ်လို့ မထင်မိခဲ့ဖူး

အခုတကယ်ကြီးလာခေါ်တယ်ကြည့်စမ်း.."


"‌ဟဲ့..အေးလှ..ကိုစက်အခုဘယ်မှာလဲ.."


"ဧည့်ခန်းထဲမှာစောင့်နေပါတယ်..

မေဝိုင်းလေးကိုသွားခေါ်ပေးလို့

သမီးကိုပြောခိုင်းလိုက်တယ်.."


"အံမယ်..သူကသွားတွေ့တော့ဘာဖြစ်မှာမှတ်လို့

လာချော့တဲ့လူကလည်း အကြောကြီးနဲ့...

အေးလှ..ကိုစက်ကိုအခုချက်ချင်းသွားပြောလိုက်

အဖွားကတွေ့ချင်ရင် ကိုယ်တိုင်ကြွမြန်းပြီး

သူ့အခန်းထဲမှာ ဝိုင်းလေးကိုလာတွေ့လို့

ပြီးရင်ကောင်းကောင်းမွန်မွန်ချော့ခေါ်ရမယ်

မဟုတ်ရင် မေဝိုင်းလေးရဲ့မျက်နှာကိုတောင်

တွေ့ဖို့မစဉ်းစားနဲ့လို့ပြောလိုက်.."


"ဟာသမီးမပြောရဲပါဘူး..အစ်ကိုလေးရဲ့

မျက်နှာကြီးက ကြောက်စရာကြီး.."


"အမယ်လေး..နင့်ကိုဝါးမစားပါဘူးဟယ်..

အဖွားကပြောခိုင်းတယ်လို့သာ ပြောလိုက်.."


"ဟုတ်ကဲ့ပါဖွားဖွားနု..."


အေးလှလည်း ခပ်ကြောက်ကြောက်နှင့်ပင်

အောက်ထပ်သို့ ဆင်းလာခဲ့ရလေသည်။

ဒီအိမ်ကိုလာတိုင်း အစ်ကိုလေးကတကယ်ကို

စကားတစ်ခွန်းမှမပြောခဲ့ဖူးပေ။

အစ်ကိုလေးက ဒီအိမ်ကို‌တော်ရုံပြန်လာတဲ့လူမဟုတ်ဘူး။လာရင်လည်း ဖိုးသားလောက်ပဲ

ခိုင်းဖို့ခေါ်တတ်တယ်။


အစ်ကိုလေးမင်္ဂလာဆောင်သွားတော့ အေးလှတို့

တူ၀ရီးတွေတော်တော်ကို အံ့ဩခဲ့ရတယ်။

အစ်ကိုလေးက တော်တန်ရုံမိန်းမတွေကို

စိတ်၀င်စားတတ်သူမဟုတ်ပဲ ဒီ့အရင်က

ဘယ်မိန်းကလေးကိုမှလည်း အိမ်သို့

ခေါ်မလာခဲ့ဖူးပေ။


ဒီအိမ်ကိုလာတိုင်း အေးလှတို့ကိုတောင်

အနားကပ်လာတာသိပ်မကြိုက်တတ်လို့

မိန်းမတွေကို ကြောက်တတ်တဲ့ရောဂါ

ရနေတယ်လို့တောင် ထင်ခဲ့မိတာ။


မထင်မှတ်ထားပဲ ဒီလိုလူကမိန်းမကောက်ယူသွားခဲ့တဲ့အပြင် ထိုမိန်းကလေးကလည်း သူ့လို

 ဆွေကြီးမျိုးကြီးထဲက အဆင့်အတန်းမြင့်တဲ့

မိန်းကလေးမဟုတ်ပဲ သာမာန်မိသားစုက

လူဆိုတော့ ဖွားဖွားနုတို့က အတင်းအကြပ်

ယူခိုင်းလို့များလားလို့ တွေးလိုက်မိသေးတယ်။


သေချာတွေးကြည့်ပြန်တော့လည်း ဒီအိမ်မှာ

အစ်ကိုလေးကိုနိုင်တဲ့လူလည်း တစ်ယောက်မှ

မရှိပါဘူး။အန်တီအေးသန်းပြောပြထားသလောက်ဆိုရင် အစ်ကိုလေးရဲ့ကြွယ်၀မှုက

သူ့အဖေကိုမမှီရင်တောင် ဒီမိသားစုတွေအားလုံး

ပေါင်းတဲ့လုပ်စာထက်တော့ ဆယ်ပုံလောက်

ကြွယ်၀နိုင်တယ်တဲ့။


သူလိုလူကို လက်ထက်လိုက်တဲ့မိန်းကလေးရဲ့

ကြွယ်၀မှုကတော့ သူ့အိပ်ခန်းတစ်ခန်းရဲ့

အပြင်အဆင်လောက်တောင် ရှိပါ့မလား။

အခုလည်း သူလိုလူက မိန်းမကိုလာချော့တယ်

ဆိုတော့ ဖြစ်နိုင်ပါ့မလား..။


အေးလှလည်း သူများအကြောင်းတွေကို

မဆီမဆိုင်လျှောက်တွေးနေမိရင်းနှင့်

ဧည့်ခန်းဆီသို့သွားနေသည့် လမ်းတစ်၀က်မှာတင်

အစ်ကိုလေးက မိမိဘေးမှဖြတ်လျှောက်သွား၍

အံ့ဩသွားရလေသည်။


ရှည်လျှားသောခြေတံဖြောင့်ဖြောင့်တွေကို

ပိုင်ဆိုင်ထားပြီး ဘောင်းဘီအိပ်ကပ်ထဲသို့

လက်တစ်ဖက်ကိုထည့်ကာ လျှောက်လာနေသောအစ်ကိုလေးသည်

ဘုရင်တစ်ပါးလိုဟိတ်ဟန်မျိုးရှိနေကာ

ကြည့်လိုက်ရုံနှင့် ခမ်းနား‌နေလေသည်။


အရှိန်အ၀ါကလည်း‌ကောင်းပြီး

ရုပ်ရည်ကလည်းတော်တော်လေးချောပေမဲ့

တည်တံ့လွန်းနေတာက ခက်သည်။

ဒါကြောင့်လည်း မိဘပေးစားတဲ့မိန်းမကိုယူလိုက်ရတာနေမှာပေါ့။သူ့ဘာသူဆို ဘယ်မိန်းကလေးမှ

သူ့အနားကိုကပ်ရဲမှာမဟုတ်လောက်ဘူး။


"မေဝိုင်းလေးကအခုငါ့အခန်းထဲမှာလား.."


"ဟုတ်..ဟုတ်ပါတယ်..ဖွားဖွားနုကလည်း

တွေ့ချင်ရင် အခန်းထဲကိုလာတွေ့လို့ ပြောခိုင်းလိုက်ပါတယ်.."


"ငါသိပြီ..."


အစ်ကိုလေးနဲ့စကားလေး နဲနဲပဲပြောရတာတောင်

အေးလှမှာ ရင်တောင်တုန်သွားလေသည်။

ကျောခိုင်းသွားတဲ့ အစ်ကိုလေးကိုကြည့်ပြီး

မေဝိုင်းလေးနဲ့ မတန်ဘူးလို့လည်းတွေးလိုက်မိသည်။


🍒🍒🍒🍒🍒


အိပ်ခန်း၀တွင် ငူငူကြီးရပ်ကာဖြင့်အခန်းထဲသို့

၀င်ရင်ကောင်းမလား ပြန်ပဲလှည့်ထွက်ရမလားဟု

သူတွေးနေမိသည်။

တံခါးဘုကိုကိုင်ထားမိပေမဲ့ တော်တော်နှင့်

မဖွင့်ဖြစ်ပေ။

သူနဲ့သိပ်မကြာခင်ကမှ စကားများခဲ့ပြီးသော

လူတစ်ယောက်ကို ပြန်ပြီးချော့ဖို့ဆိုတာ

စိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး။

ကိုယ့်ဘက်က လွန်သွားခဲ့တာဆို‌ပေမဲ့

မိန်းကလေးတစ်ယောက်ကို ချော့ရမှာမို့

ပိုပြီး တာ၀န်ကြီးနေသလိုခံစားရတယ်။


သူဘာလို့ဒီအထိ ရောက်လာခဲ့သလဲတောင်

မဝေခွဲတတ်တော့ဘူး။

ဘယ်ကနေဘယ်လိုစပြောရမှာလဲ..

"ကိုယ့်ဘက်ကမှားသွားလို့ ခွင့်လွှတ်ပေးနိုင်မလားဆိုပြီးတော့လား.."

"ဟာ..ဒါကငါ့ပုံစံမှမဟုတ်တာပဲ..သူကငါ့ထက်

ငယ်တာကိုအဲ့လောက်ကျိုးနွံစရာမှမလိုတာ.."


*ဒါမှမဟုတ် ကောင်မလေးကြိုက်တဲ့

ချယ်ရီသီးတွေ၀ယ်ပြီး‌လက်ဆောင်

ပေးလိုက်ရမလာ*..အဲ့ဒါလည်း..မဖြစ်သေးပါဘူး

အခန်းအရှေ့ကို‌တောင်ရောက်နေပြီး ပြန်လှည့်ရင်

အလုပ်ရှုပ်ပါတယ်..*


*မသိတော့ဘူးကွာ..ဒီအတိုင်းပဲ၀င်သွားလိုက်တော့မယ်..*တစ်ခါမှမတွေးခဲ့ဖူးသည့် ထူးဆန်းသော

အတွေးများကို ဖယ်ထုတ်လိုက်ပြီး

တံခါးကိုတွန်းဖွင့်ကာ၀င်လိုက်တော့...


"အဖွားတို့ကဒီမှာရှိနေတာလား..."


အခန်းထဲကို ၀င်လိုက်သည်နှင့်မေဝိုင်းလေး

တစ်ယောက်တည်းရှိနေတာမဟုတ်ပဲ

အမေတွေရော၊အဖွားတွေရော အိမ်အလုပ်သမား

နှစ်ယောက်ပါ ဝိုင်းအုံကြည့်လာ၍

မနေတတ်တော့သလို ဖြစ်နေရလေသည်။

ကိုယ့်မိန်းမကိုယ်လာခေါ်တာ ဒီလောက်လူတွေအများကြီးကို ဖြတ်ကျော်ရလိမ့်မယ်လို့

မထင်ထားခဲ့မိဘူး။


"နင်ဘာလာလုပ်တာလဲ.."


ဝှီးချဲလ်ပေါ်မှ အဖွားကသူ့ကို

ရန်သူကြီးတစ်ယောက်လို စတင်၍

တိုက်ကွက်ဆင်လာလေသည်။

ပြီးနောက်အမေကအဖွားအရှေ့၌

ကာ၍ရပ်လိုက်ပြီး..


"နင်လုပ်ချင်တာလုပ်ပြီး..ငါတို့ကိုလာတွေ့ရဲသေးတယ်ပေါ့.."


"အမေတို့ကိုတွေ့ဖို့လာတာမဟုတ်ပါဘူး..

သူ့ကိုတွေ့ဖို့လာတာ.."


ကြည့်စမ်း..ကြည့်စမ်း..အမေကိုကျော်ပြီး

လက်ညှိုးထိုးလိုက်တာက သူ့မိန်းမ

မေဝိုင်းလေးဆီကိုပင်။

မွေးရကြိုးနပ်လိုက်တဲ့သားလေး အခု‌တော့

အမေကိုတောင် အဖက်မလုပ်ချင်တော့ဘူးပေါ့။

 မေးမိတဲ့ငါကိုကမှားတာ..။


"ဘာကိစ္စနဲ့လာတာလဲ.."


နောက်ထပ်တစ်ဖန် ဒေါ်နုယဉ်ကရှေ့မှာပိတ်ရပ်နေသည့် သမီးဖြစ်သူကိုဘေးသို့တွန်းလိုက်ကာ

မေးငေါ့၍ထပ်မေးပစ်လိုက်သည်။


"လာရင်းကိစ္စကို သူနဲ့‌ကျွန်တော်နှစ်ယောက်တည်း

ဆွေးနွေးချင်တယ်..အမေတို့အဖွားတို့

အပြင်ကိုထွက်ပေးကြပါလား..."


‌စကားကိုလိုတာထက်မပိုပဲ ပြန်ဖြေနေသော

မင်းစက်ကြောင့် ကြည်ကြည်နှင့်ဒေါ်ခင်မြလည်း

ကြိတ်၍ရယ်မိကြလေသည်။

သားအမိနှစ်ယောက်သား စကားစစ်ထိုးမလို့

ကြံစည်ထားကြပေမဲ့ ဟိုကစကားကို

အစမခံတာ။

ဒီတော့ သားအမိတွေတင်းပြီပေါ့။


"မင်းစက်အာဏာ..နင်ဟာလေ...

စကားများများပိုပြောလို့ကိုမရတဲ့အကောင်

လာပါအမေရယ်..သူတို့နှစ်ယောက်တည်းပဲ

ထားခဲ့လိုက်ပါတော့ သူနဲ့စကားဆက်ပြောနေရင်

ငရုတ်ဆုံထဲကို ထည့်ထောင်းမိလိမ့်မယ်.."


အမေနှင့်အဖွားကအပြင်သို့ထွက်သွားပြီးနောက်မှာတော့ သူ့မျက်နှာကိုမကြည့်ပဲ ခေါင်းငုံ့ထားသော

မေဝိုင်းလေး၏အနီးသို့ တိုးသွားလိုက်မိလေသည်။

ပြီးနောက် အခန်းထဲမှာအခြားသူတွေ

ရှိနေသေးတာကို သတိထားမိသွား၍

အခန်းထောင့်သို့ကြည့်လိုက်မိတော့

ဒေါ်ခင်မြတို့တူ၀ရီးကသူ့ကို

ပြူးကြောင်ကြောင်မျက်နှာပေးတွေနှင့်

ရပ်၍ကြည့်‌နေလေသည်။


"အဲ့ဒီ့မှာဘာရပ်လုပ်နေကြတာလဲ.."


"ဟို..အမေနဲ့အဖွားပဲအခန်းထဲကထွက်ဆိုလို့လေ.."


"မင်းတို့နှစ်ယောက်ပါ..ပါတယ်..ထွက်သွား.."


ကြည်ကြည်လည်း အစ်ကိုလေးက

ထအော်ံလိုက်၍လန့်သွားရကာ

အဒေါ့်လက်ကိုဆွဲပြီး

အခန်းထဲမှ ပြေးထွက်လာခဲ့ရလေတော့သည်။


အခန်းထဲတွင်တော့ မင်းစက်အာဏာသည်

သူ့မျက်နှာကို လုံး၀မကြည့်လာသော

မေဝိုင်းလေး၏ပခုံးကို လက်နှင့်ပုတ်လိုက်‌တော့

ကောင်မလေးက ပခုံးကိုရုန်းဖယ်လိုက်လေသည်။


စိတ်ထဲမှာ အလိုမကျဖြစ်သွားမိပေမဲ့

အတတ်နိုင်ဆုံး စိတ်ကိုလျှော့ထားလိုက်ပြီး

မေဝိုင်းလေး၏  ဖြူနုနေသောမေးဖျားလေးကို

ကိုင်ကာ ဆွဲမော့လိုက်တော့

ငိုထား၍ နီအစ်နေသောမျက်၀န်းလေးများက

သူ့ကိုနာကျဉ်းရိပ်သန်းကာ ကြည့်လာခဲ့လေသည်။


အတတ်နိုင်ဆုံး ၀မ်းခေါင်းသံမပါအောင်

လေသံကို တိုးလိုက်ပြီးနောက်

သူပြောလိုက်မိတာကတော့...


"အိမ်ကိုပြန်ကြရအောင်.."


အခန်း(၁၇)..ဆက်ရန်


🍒🍒🍒🍒🍒🍒🍒


"အမေတို့ကိုတွေ့ဖို့လာတာမဟုတ်ပါဘူး..သူ့ကိုတွေ့ဖို့လာတာတဲ့.."ဒဲ့ကြီးပဲနော်..🤭


=========================================================================


အခန္း(၁၆)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


"ေျမးေလးရယ္တိတ္ပါကြယ္..အခုေလ

ကိုစက္ကိုဖြားဖြားဖုန္းဆက္ၿပီး ဆူလိုက္ၿပီ

သိလား..သူ႔အိမ္ကိုမျပန္ခ်င္လည္း

ဒီအိမ္မွာပဲႀကိဳက္သေလာက္ေန..

ဝိုင္းေလးေပ်ာ္သလိုသာေန.."


ကုတင္ေပၚတြင္ ေခါင္းေလးေမွာက္၍

ငိုေနရွာေသာ ေမဝိုင္းေလးကိုေခ်ာ့ေနရင္းႏွင့္

ဝိုင္းေလးအားကိုစက္၏အိမ္သို႔ ပို႔လိုက္မိေသာကိုယ့္ကိုကိုယ္သာ စိတ္တိုမိေလသည္။


ကိုစက္ရဲ့ကုမၸဏီမွာအလုပ္ျပန္ဆင္းဖို႔ကိုလည္း ကိုယ္ကပဲတိုက္တြန္းလိုက္မိတာဆိုေတာ့

အခုဝိုင္းေလးခံစားေနရတဲ့ ေဝဒနာက

ကိုယ္နဲ႔လည္း တစ္၀က္ဆိုင္သလိုျဖစ္ေနတယ္။


*ကိုစက္..ကိုစက္..သူစဲြလွမ္း‌ယံုၾကည္ေနတဲ့

အစဲြႀကီးကိုေပ်ာက္ေစခ်င္လို႔

မိန္းကေကာင္းေလးနဲ႔ေပးစားတဲ့ဥစၥာကို

လံုး၀တန္ဖိုးမထားဘူး..သူလည္းသူ႔အေဖလို

အတၲကိုေရ႔ွတန္းတင္တတ္တဲ့လူပါလား..*


ငယ္ငယ္ေလးတည္းက ဖခင္ဘက္ကိုပါသြားခဲ့ရၿပီး မိေထြးရယ္၊ဖေအတူေမာင္ႏွစ္မေတြနဲ႔အတူ

ေနခဲ့ရေတာ့သူ႔မွာ ခက္ခဲမႈေတြအမ်ားႀကီး

ႄကံုခဲ့ရမွန္းကိုယ္သာအသိဆံုး။

အေဖလုပ္သူရဲ့ တင္းၾကပ္တဲ့ထိန္းေၾကာင္းမႈေတြ.. ရက္စက္တဲ့ဆံုးမနည္းေတြနဲ႔အတူ

ႀကီးျပင္းလာခဲ့ရတဲ့ ကေလးဆိုေတာ့

အတြင္းစိတ္သံႏၲန္မွာနာက်ည္းမႈေတြလည္း

ရိွေနမွာပဲ။


အေမျဖစ္သူကလည္း ေယာက္်ားကိုမုန္းတဲ့

စိတ္နဲ႔ ေယာက္်ားဘက္ပါသြားတဲ့သားကို

ကိုယ့္လက္ထဲျပန္ေရာက္တာေတာင္

ေအးစက္ခဲ့ေတာ့ အခုအခ်ိန္မွာဒီေကာင္ေလးရဲ့ အက်င့္ေတြကိုျပင္ဖို႔အရမ္းေနာက္က်သြားၿပီထင္ပါရဲ့။


မိန္းမေပးစားလိုက္ရင္ေတာ့ မိန္းကေလးျဖစ္သူက သူနဲ႔အနီးကပ္ေနေပးၿပီး ျပဳျပင္ေပးႏိုင္ရင္ ေျပာင္းလဲႏိုင္ေကာင္းရဲ့လို႔

ေတြးခဲ့မိတာ။အခုေတာ့ မိန္းကေလးလည္း

ၫွာတာရေကာင္းမွန္း တစ္စက္မွမသိပါလား။


မူးရင္းစိတ္အခံက ေကာင္းေပမဲ့

သူ႔အက်ိဳးစီးပြားကို ထိရင္ေတာ့ယူထားတဲ့

မိန္းမလည္း မျမင္ေတာ့ပံုပဲ။

ေတြးရင္းနဲ႔ ဒင္းတို႔အိမ္ေထာင္ေရးကို

ငါတကယ္ရင္ေလးမိတယ္။


"အေမ..ဘယ္လိုျဖစ္တာလဲ.."


အခန္း၀၌ေပၚလာေသာ သမီးျဖစ္သူရတနာကို

ျမင္လိုက္ရေတာ့ တိတ္တိတ္ေနဖို႔အခ်က္ျပလိုက္ၿပီး အခန္းအျပင္မွာေစာင့္ေနရန္သာ အခ်က္ျပလိုက္မိေလသည္။


"ၾကည္ၾကည္..ဝိုင္းေလးရဲ့ေဘးနားမွာပဲ

ေနေနာ္.."


"ဟုတ္ကဲ့ပါဖြားဖြားႏု.."


ေမဝိုင္းေလးကမင္းစက္အာဏာတို႔အိမ္မွ

အထုပ္အပိုးေတြကို ဆဲြၿပီးဆင္းလာေတာ့

ၾကည္ၾကည္တို႔ ေဒၚခင္ျမတို႔ကပါ

ဒီအိမ္ကို ျပန္လိုက္လာၾကျခင္းျဖစ္သည္။

ၾကည္ၾကည္သည္လည္း ေမဝိုင္းေလးငိုေနတာကို ၾကၫ့္ၿပီးစိတ္မေကာင္း၍

သူပါမ်က္ရည္ဝဲလာေလေတာ့သည္။


ေဒၚႏုယဉ္ကေတာ့ သမီးျဖစ္သူႏွင့္အတူ

အျခားအခန္းတစ္ခုသို႔သြားကာ

ေဆြးေနြးခန္းဖြင့္ရေလေတာ့သည္။


"ဘယ္လိုလုပ္ၾကမလဲအေမ..အေမ့ကို

ကၽြန္မမေျပာဘူးလား..မင္းစက္ကို

ဘာမွသြားၿပီးစီစဉ္ေပးလို႔မရပါဘူးလို႔ဆိုတာ

အခုၾကၫ့္..အျပတ္အျပတ္နဲ႔ႏွာေခါင္းေသြး

ထြက္ေနရၿပီ.."


"ငါလည္းနင့္သားကို အိမ္ေထာင္ျပဳေပးလိုက္ရင္ ေျပာင္းလဲသြားမလားလို႔အႀကံထုတ္မိတာေပါ့

..နင့္သားကဒီေလာက္ခါးခါးသီးသီးျဖစ္မယ္လို႔

ဘယ္သူကထင္မွာလဲ..အခုနင့္သားက

ဘာလုပ္လိုက္လည္းသိလား..

ေမဝိုင္းေလးကိုသူ႔ကုမၸဏီမွာ

ထပ္ၿပီး အလုပ္၀င္လို႔မရေအာင္

နာမည္ပ်က္စာရင္းပါသြင္းမယ္တဲ့ေလ.."


"ဟယ္..ဒါေတာ့အရမ္းတရားလြန္သြားၿပီ

ကိုယ့္မိန္းမကိုယ္ေတာင္ ဒီလိုလုပ္တယ္ေပါ့..

အေမ့ေျမးကေတာ့ တကယ္ကိုမလြယ္ပါလား.."


"ဟုတ္တယ္..ငါလည္းအခုဘယ္လိုစဉ္းစားရမလဲ

မသိေတာ့ေအာင္ကို ေခါင္းရႈပ္ေနၿပီ..

မိစံတို႔သိရင္ ငါ့မ်က္ႏွာကိုဘယ္နားမွာ

သြားထားရမွာလဲ..အခုႏွစ္လေက်ာ္ေနၿပီ

သူတို႔လင္မယားက အတူေတာင္မေနရေသးဘူး.."


"အဲ့ဒီ့ကိစၥကို ကၽြန္မတို႔တစ္ခုခုလုပ္မွရမယ္

ထင္တယ္ေနာ္..ေမဝိုင္းေလးကလည္း

နည္းနည္းေခါင္းမာပံုရတယ္..မင္းစက္က

မေခ်ာ့ရင္ သူကလည္းေပ်ာ့မဲ့ပံုမလာဘူး...

ကၽြန္မတို႔မွ ၾကားမ၀င္ရင္သူတို႔ႏွစ္ေယာက္

ဒီတစ္သက္နီးစပ္ႏိုင္မွာမဟုတ္ေတာ့ဘူး.."


"နင္ကဘယ္လိုလုပ္ခ်င္လို႔တုန္း..."


"ဒီလိုေလအေမရယ္.."


ေဒၚရတနာလည္း မိခင္ျဖစ္သူ၏နားကိုကပ္ခါ

သူမစဉ္းစားမိသေလာက္ အႀကံဉာဏ္ေတြကို

ေပးလာေလေတာ့သည္။

ေဒၚႏုယဉ္ကေတာ့ ေခါင္းတညိတ္ညိတ္ႏွင့္

နားေထာင္ေနၿပီးေနာက္..


"ဘယ္လိုလည္းအေမ..ကၽြန္မအႀကံေကာင္းရဲ့လား.."


"အမယ္ေလး..နင့္အႀကံၾကီးက

ၾကက္သီးထစရာႀကီးပါလား..

ဒါေပမဲ့ငါႀကိဳက္တယ္.."


"ဘယ္လိုလဲ..ကၽြန္မတို႔အေကာင္အထည္

ေဖာ္ၾကမလား.."


"ျမန္ျမန္လုပ္ေလ..ေကာင္းေလပဲ..ငါလည္း

ျမစ္က‌ေလးေတြေစာေစာခ်ီရတာေပါ့.."


သားအမိႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ကာ

ညစ္က်ယ္က်ယ္ႃပံုးလိုက္ၿပီးေနာက္

အသက္ႀကီးမွ ငယ္ျမဴျပန္ရမလိုအေတြးမ်ိဳးကို

ေတြးေနၾကရေလသည္။

ေဒၚရတနာသည္လည္း ဘယ္တုန္းကမွ

မေတြးခဲ့ဖူးသၫ့္ အေတြးမ်ိဳးကိုမင္းစက္တို႔

လင္မယားနဲ႔ၾကမွ ေပါက္ေပါက္ရွာရွာေတြးေနရ၍

ကိုယ့္ကိုကိုယ္လည္း အံ့ဩေနရသည္။


"ဖြားဖြားႏုေရ..အစ္ကိုေလးမင္းစက္ေရာက္လာတယ္.."


ေအာ္ၿပီးအခန္းထဲသို႔ ေျပး၍၀င္လာေသာ

ေအးလွေၾကာင့္ ႏွစ္ေယာက္သားအံ့ဩ

သြားၾကရေလေတာ့သည္။

မ်က္လံုးေလးေတျြပဴးကာ တစ္ေယာက္မ်က္ႏွာကို

တစ္ေယာက္ျပန္ၾကၫ့္လိုက္ၾကမိျပန္သည္။


"ကိုစက္ကတကယ္ႀကီးေရာက္လာတယ္..

သူ႔မိန္းမကို တကယ္လာေခ်ာ့တာေပါ့.."


"နင္မလာေသးခင္က ငါနဲ႔ဖုန္းဆက္တုန္းကေတာ့

သူလာေခၚမယ္လို႔ ေျပာလိုက္ေသးတယ္..

ငါကတကယ္လာေခၚမယ္လို႔ မထင္မိခဲ့ဖူး

အခုတကယ္ႀကီးလာေခၚတယ္ၾကၫ့္စမ္း.."


"‌ဟဲ့..ေအးလွ..ကိုစက္အခုဘယ္မွာလဲ.."


"ဧၫ့္ခန္းထဲမွာေစာင့္ေနပါတယ္..

ေမဝိုင္းေလးကိုသြားေခၚေပးလို႔

သမီးကိုေျပာခိုင္းလိုက္တယ္.."


"အံမယ္..သူကသြားေတြ့ေတာ့ဘာျဖစ္မွာမွတ္လို႔

လာေခ်ာ့တဲ့လူကလည္း အေၾကာႀကီးနဲ႔...

ေအးလွ..ကိုစက္ကိုအခုခ်က္ခ်င္းသြားေျပာလိုက္

အဖြားကေတြ့ခ်င္ရင္ ကိုယ္တိုင္ႂကျြမန္းၿပီး

သူ႔အခန္းထဲမွာ ဝိုင္းေလးကိုလာေတြ့လို႔

ၿပီးရင္ေကာင္းေကာင္းမြန္မြန္ေခ်ာ့ေခၚရမယ္

မဟုတ္ရင္ ေမဝိုင္းေလးရဲ့မ်က္ႏွာကိုေတာင္

ေတြ့ဖို႔မစဉ္းစားနဲ႔လို႔ေျပာလိုက္.."


"ဟာသမီးမေျပာရဲပါဘူး..အစ္ကိုေလးရဲ့

မ်က္ႏွာႀကီးက ေၾကာက္စရာႀကီး.."


"အမယ္ေလး..နင့္ကိုဝါးမစားပါဘူးဟယ္..

အဖြားကေျပာခိုင္းတယ္လို႔သာ ေျပာလိုက္.."


"ဟုတ္ကဲ့ပါဖြားဖြားႏု..."


ေအးလွလည္း ခပ္ေၾကာက္ေၾကာက္ႏွင့္ပင္

ေအာက္ထပ္သို႔ ဆင္းလာခဲ့ရေလသည္။

ဒီအိမ္ကိုလာတိုင္း အစ္ကိုေလးကတကယ္ကို

စကားတစ္ခြန္းမွမေျပာခဲ့ဖူးေပ။

အစ္ကိုေလးက ဒီအိမ္ကို‌ေတာ္ရံုျပန္လာတဲ့လူမဟုတ္ဘူး။လာရင္လည္း ဖိုးသားေလာက္ပဲ

ခိုင္းဖို႔ေခၚတတ္တယ္။


အစ္ကိုေလးမဂၤလာေဆာင္သြားေတာ့ ေအးလွတို႔

တူ၀ရီးေတြေတာ္ေတာ္ကို အံ့ဩခဲ့ရတယ္။

အစ္ကိုေလးက ေတာ္တန္ရံုမိန္းမေတြကို

စိတ္၀င္စားတတ္သူမဟုတ္ပဲ ဒီ့အရင္က

ဘယ္မိန္းကေလးကိုမွလည္း အိမ္သို႔

ေခၚမလာခဲ့ဖူးေပ။


ဒီအိမ္ကိုလာတိုင္း ေအးလွတို႔ကိုေတာင္

အနားကပ္လာတာသိပ္မႀကိဳက္တတ္လို႔

မိန္းမေတြကို ေၾကာက္တတ္တဲ့ေရာဂါ

ရေနတယ္လို႔ေတာင္ ထင္ခဲ့မိတာ။


မထင္မွတ္ထားပဲ ဒီလိုလူကမိန္းမေကာက္ယူသြားခဲ့တဲ့အျပင္ ထိုမိန္းကေလးကလည္း သူ႔လို

 ေဆြႀကီးမ်ိဳးႀကီးထဲက အဆင့္အတန္းျမင့္တဲ့

မိန္းကေလးမဟုတ္ပဲ သာမာန္မိသားစုက

လူဆိုေတာ့ ဖြားဖြားႏုတို႔က အတင္းအၾကပ္

ယူခိုင္းလို႔မ်ားလားလို႔ ေတြးလိုက္မိေသးတယ္။


ေသခ်ာေတြးၾကၫ့္ျပန္ေတာ့လည္း ဒီအိမ္မွာ

အစ္ကိုေလးကိုႏိုင္တဲ့လူလည္း တစ္ေယာက္မွ

မရိွပါဘူး။အန္တီေအးသန္းေျပာျပထားသေလာက္ဆိုရင္ အစ္ကိုေလးရဲ့ႂကြယ္၀မႈက

သူ႔အေဖကိုမမွီရင္ေတာင္ ဒီမိသားစုေတြအားလံုး

ေပါင္းတဲ့လုပ္စာထက္ေတာ့ ဆယ္ပံုေလာက္

ႂကြယ္၀ႏိုင္တယ္တဲ့။


သူလိုလူကို လက္ထက္လိုက္တဲ့မိန္းကေလးရဲ့

ႂကြယ္၀မႈကေတာ့ သူ႔အိပ္ခန္းတစ္ခန္းရဲ့

အျပင္အဆင္ေလာက္ေတာင္ ရိွပါ့မလား။

အခုလည္း သူလိုလူက မိန္းမကိုလာေခ်ာ့တယ္

ဆိုေတာ့ ျဖစ္ႏိုင္ပါ့မလား..။


ေအးလွလည္း သူမ်ားအေၾကာင္းေတြကို

မဆီမဆိုင္ေလ်ွာက္ေတြးေနမိရင္းႏွင့္

ဧၫ့္ခန္းဆီသို႔သြားေနသၫ့္ လမ္းတစ္၀က္မွာတင္

အစ္ကိုေလးက မိမိေဘးမျွဖတ္ေလ်ွာက္သြား၍

အံ့ဩသြားရေလသည္။


ရွည္လ်ွားေသာေျခတံေျဖာင့္ေျဖာင့္ေတြကို

ပိုင္ဆိုင္ထားၿပီး ေဘာင္းဘီအိပ္ကပ္ထဲသို႔

လက္တစ္ဖက္ကိုထၫ့္ကာ ေလ်ွာက္လာေနေသာအစ္ကိုေလးသည္

ဘုရင္တစ္ပါးလိုဟိတ္ဟန္မ်ိဳးရိွေနကာ

ၾကၫ့္လိုက္ရံုႏွင့္ ခမ္းနား‌ေနေလသည္။


အရိွန္အဝါကလည္း‌ေကာင္းၿပီး

ရုပ္ရည္ကလည္းေတာ္ေတာ္ေလးေခ်ာေပမဲ့

တည္တံ့လြန္းေနတာက ခက္သည္။

ဒါေၾကာင့္လည္း မိဘေပးစားတဲ့မိန္းမကိုယူလိုက္ရတာေနမွာေပါ့။သူ႔ဘာသူဆို ဘယ္မိန္းကေလးမွ

သူ႔အနားကိုကပ္ရဲမွာမဟုတ္ေလာက္ဘူး။


"ေမဝိုင္းေလးကအခုငါ့အခန္းထဲမွာလား.."


"ဟုတ္..ဟုတ္ပါတယ္..ဖြားဖြားႏုကလည္း

ေတြ့ခ်င္ရင္ အခန္းထဲကိုလာေတြ့လို႔ ေျပာခိုင္းလိုက္ပါတယ္.."


"ငါသိၿပီ..."


အစ္ကိုေလးနဲ႔စကားေလး နဲနဲပဲေျပာရတာေတာင္

ေအးလွမွာ ရင္ေတာင္တုန္သြားေလသည္။

ေက်ာခိုင္းသြားတဲ့ အစ္ကိုေလးကိုၾကၫ့္ၿပီး

ေမဝိုင္းေလးနဲ႔ မတန္ဘူးလို႔လည္းေတြးလိုက္မိသည္။


🍒🍒🍒🍒🍒


အိပ္ခန္း၀တြင္ ငူငူႀကီးရပ္ကာျဖင့္အခန္းထဲသို႔

၀င္ရင္ေကာင္းမလား ျပန္ပဲလွၫ့္ထြက္ရမလားဟု

သူေတြးေနမိသည္။

တံခါးဘုကိုကိုင္ထားမိေပမဲ့ ေတာ္ေတာ္ႏွင့္

မဖြင့္ျဖစ္ေပ။

သူနဲ႔သိပ္မၾကာခင္ကမွ စကားမ်ားခဲ့ၿပီးေသာ

လူတစ္ေယာက္ကို ျပန္ၿပီးေခ်ာ့ဖို႔ဆိုတာ

စိတ္ကူးေတာင္မယဉ္ခဲ့ဖူးဘူး။

ကိုယ့္ဘက္က လြန္သြားခဲ့တာဆို‌ေပမဲ့

မိန္းကေလးတစ္ေယာက္ကို ေခ်ာ့ရမွာမို႔

ပိုၿပီး တာ၀န္ႀကီးေနသလိုခံစားရတယ္။


သူဘာလို႔ဒီအထိ ေရာက္လာခဲ့သလဲေတာင္

မေဝခဲြတတ္ေတာ့ဘူး။

ဘယ္ကေနဘယ္လိုစေျပာရမွာလဲ..

"ကိုယ့္ဘက္ကမွားသြားလို႔ ခြင့္လႊတ္ေပးႏိုင္မလားဆိုၿပီးေတာ့လား.."

"ဟာ..ဒါကငါ့ပံုစံမွမဟုတ္တာပဲ..သူကငါ့ထက္

ငယ္တာကိုအဲ့ေလာက္က်ိဳးႏြံစရာမွမလိုတာ.."


*ဒါမွမဟုတ္ ေကာင္မေလးႀကိဳက္တဲ့

ခ်ယ္ရီသီးေတြ၀ယ္ၿပီး‌လက္ေဆာင္

ေပးလိုက္ရမလာ*..အဲ့ဒါလည္း..မျဖစ္ေသးပါဘူး

အခန္းအေရ႔ွကို‌ေတာင္ေရာက္ေနၿပီး ျပန္လွၫ့္ရင္

အလုပ္ရႈပ္ပါတယ္..*


*မသိေတာ့ဘူးကြာ..ဒီအတိုင္းပဲ၀င္သြားလိုက္ေတာ့မယ္..*တစ္ခါမွမေတြးခဲ့ဖူးသၫ့္ ထူးဆန္းေသာ

အေတြးမ်ားကို ဖယ္ထုတ္လိုက္ၿပီး

တံခါးကိုတြန္းဖြင့္ကာ၀င္လိုက္ေတာ့...


"အဖြားတို႔ကဒီမွာရိွေနတာလား..."


အခန္းထဲကို ၀င္လိုက္သည္ႏွင့္ေမဝိုင္းေလး

တစ္ေယာက္တည္းရိွေနတာမဟုတ္ပဲ

အေမေတြေရာ၊အဖြားေတြေရာ အိမ္အလုပ္သမား

ႏွစ္ေယာက္ပါ ဝိုင္းအံုၾကၫ့္လာ၍

မေနတတ္ေတာ့သလို ျဖစ္ေနရေလသည္။

ကိုယ့္မိန္းမကိုယ္လာေခၚတာ ဒီေလာက္လူေတြအမ်ားႀကီးကို ျဖတ္ေက်ာ္ရလိမ့္မယ္လို႔

မထင္ထားခဲ့မိဘူး။


"နင္ဘာလာလုပ္တာလဲ.."


ဝွီးခ်ဲလ္ေပၚမွ အဖြားကသူ႔ကို

ရန္သူႀကီးတစ္ေယာက္လို စတင္၍

တိုက္ကြက္ဆင္လာေလသည္။

ၿပီးေနာက္အေမကအဖြားအေရ႔ွ၌

ကာ၍ရပ္လိုက္ၿပီး..


"နင္လုပ္ခ်င္တာလုပ္ၿပီး..ငါတို႔ကိုလာေတြ့ရဲေသးတယ္ေပါ့.."


"အေမတို႔ကိုေတြ့ဖို႔လာတာမဟုတ္ပါဘူး..

သူ႔ကိုေတြ့ဖို႔လာတာ.."


ၾကၫ့္စမ္း..ၾကၫ့္စမ္း..အေမကိုေက်ာ္ၿပီး

လက္ၫွိုးထိုးလိုက္တာက သူ႔မိန္းမ

ေမဝိုင္းေလးဆီကိုပင္။

ေမြးရႀကိဳးနပ္လိုက္တဲ့သားေလး အခု‌ေတာ့

အေမကိုေတာင္ အဖက္မလုပ္ခ်င္ေတာ့ဘူးေပါ့။

 ေမးမိတဲ့ငါကိုကမွားတာ..။


"ဘာကိစၥနဲ႔လာတာလဲ.."


ေနာက္ထပ္တစ္ဖန္ ေဒၚႏုယဉ္ကေရ႔ွမွာပိတ္ရပ္ေနသၫ့္ သမီးျဖစ္သူကိုေဘးသို႔တြန္းလိုက္ကာ

ေမးေငါ့၍ထပ္ေမးပစ္လိုက္သည္။


"လာရင္းကိစၥကို သူနဲ႔‌ကၽြန္ေတာ္ႏွစ္ေယာက္တည္း

ေဆြးေနြးခ်င္တယ္..အေမတို႔အဖြားတို႔

အျပင္ကိုထြက္ေပးၾကပါလား..."


‌စကားကိုလိုတာထက္မပိုပဲ ျပန္ေျဖေနေသာ

မင္းစက္ေၾကာင့္ ၾကည္ၾကည္ႏွင့္ေဒၚခင္ျမလည္း

ႀကိတ္၍ရယ္မိၾကေလသည္။

သားအမိႏွစ္ေယာက္သား စကားစစ္ထိုးမလို႔

ႀကံစည္ထားၾကေပမဲ့ ဟိုကစကားကို

အစမခံတာ။

ဒီေတာ့ သားအမိေတြတင္းၿပီေပါ့။


"မင္းစက္အာဏာ..နင္ဟာေလ...

စကားမ်ားမ်ားပိုေျပာလို႔ကိုမရတဲ့အေကာင္

လာပါအေမရယ္..သူတို႔ႏွစ္ေယာက္တည္းပဲ

ထားခဲ့လိုက္ပါေတာ့ သူနဲ႔စကားဆက္ေျပာေနရင္

ငရုတ္ဆံုထဲကို ထၫ့္ေထာင္းမိလိမ့္မယ္.."


အေမႏွင့္အဖြားကအျပင္သို႔ထြက္သြားၿပီးေနာက္မွာေတာ့ သူ႔မ်က္ႏွာကိုမၾကၫ့္ပဲ ေခါင္းငံု႔ထားေသာ

ေမဝိုင္းေလး၏အနီးသို႔ တိုးသြားလိုက္မိေလသည္။

ၿပီးေနာက္ အခန္းထဲမွာအျခားသူေတြ

ရိွေနေသးတာကို သတိထားမိသြား၍

အခန္းေထာင့္သို႔ၾကၫ့္လိုက္မိေတာ့

ေဒၚခင္ျမတို႔တူ၀ရီးကသူ႔ကို

ျပဴးေၾကာင္ေၾကာင္မ်က္ႏွာေပးေတြႏွင့္

ရပ္၍ၾကၫ့္‌ေနေလသည္။


"အဲ့ဒီ့မွာဘာရပ္လုပ္ေနၾကတာလဲ.."


"ဟို..အေမနဲ႔အဖြားပဲအခန္းထဲကထြက္ဆိုလို႔ေလ.."


"မင္းတို႔ႏွစ္ေယာက္ပါ..ပါတယ္..ထြက္သြား.."


ၾကည္ၾကည္လည္း အစ္ကိုေလးက

ထေအာ္ံလိုက္၍လန႔္သြားရကာ

အေဒါ့္လက္ကိုဆဲြၿပီး

အခန္းထဲမွ ေျပးထြက္လာခဲ့ရေလေတာ့သည္။


အခန္းထဲတြင္ေတာ့ မင္းစက္အာဏာသည္

သူ႔မ်က္ႏွာကို လံုး၀မၾကည့္လာေသာ

ေမဝိုင္းေလး၏ပခံုးကို လက္ႏွင့္ပုတ္လိုက္‌ေတာ့

ေကာင္မေလးက ပခံုးကိုရုန္းဖယ္လိုက္ေလသည္။


စိတ္ထဲမွာ အလိုမက်ျဖစ္သြားမိေပမဲ့

အတတ္ႏိုင္ဆံုး စိတ္ကိုေလ်ွာ့ထားလိုက္ၿပီး

ေမဝိုင္းေလး၏  ျဖဴႏုေနေသာေမးဖ်ားေလးကို

ကိုင္ကာ ဆဲြေမာ့လိုက္ေတာ့

ငိုထား၍ နီအစ္ေနေသာမ်က္၀န္းေလးမ်ားက

သူ႔ကိုနာက်ဉ္းရိပ္သန္းကာ ၾကၫ့္လာခဲ့ေလသည္။


အတတ္ႏိုင္ဆံုး ၀မ္းေခါင္းသံမပါေအာင္

ေလသံကို တိုးလိုက္ၿပီးေနာက္

သူေျပာလိုက္မိတာကေတာ့...


"အိမ္ကိုျပန္ၾကရေအာင္.."


အခန္း(၁၇)..ဆက္ရန္


🍒🍒🍒🍒🍒🍒🍒


"အေမတို႔ကိုေတြ့ဖို႔လာတာမဟုတ္ပါဘူး..သူ႔ကိုေတြ့ဖို႔လာတာတဲ့.."ဒဲ့ႀကီးပဲေနာ္..🤭

No comments:

Post a Comment