အခန်း(၃၃) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


 
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

အခန်း(၃၃)

💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"ကျွန်မမေးနေတယ်လေ..

ရှင်ကလေးလိုချင်လားလို့"


မိန်းကလေးတန်မဲ့ ဝိုင်းလေးဘက်ကနေ

စမေးလိုက်ပေမဲ့ သူကတော့အင်းမလှုပ်

အဲမလှုပ်ဖြင့် တည်ငြိမ်နေနိုင်လွန်းသည်။

သူ့မိသားစုက ကလေးအရမ်းလိုချင်နေတော့

သူလည်း ကလေးလိုချင်နေမယ်လို့

ထင်ထားခဲ့မိတာ။


"ကိုယ်..မလိုချင်သေးဘူး.."


"ဘာလို့လဲ.."


ဝိုင်းလေးလည်း ကလေးယူဖို့အဆင်သင့်

မဖြစ်သေးပေမဲ့ သူ့ဘက်ကဒီလို

ထုတ်ပြောလာတော့ ၀မ်းနည်းသွားမိသလိုပဲ။

သူကတော့ အိပ်လျှက်ကနေ မျက်နှာကျက်ကို

ကြည့်ပြီး သူ့ရဲ့နဂိုပုံစံအတိုင်းအေးစက်စက်နဲ့ပါပဲ။


"မင်းအရမ်းငယ်သေးတယ်.."


"ဘာဆိုင်လို့လဲ.."


"ဆိုင်တာပေါ့..မင်းရဲ့အသက်ကအခုမှ

နှစ်ဆယ့်သုံးနှစ်ပဲရှိသေးတယ်လေ..

မရင့်ကျက်သေးတဲ့ လူတစ်ယောက်က

ကလေးမိခင်မဖြစ်သင့်သေးဘူး.."


"အောင်မယ်..လူကိုများအထင်သေးလို့

ဘာလို့မရင့်ကျက်သေးရမှာလဲ

တစ်ချို့ဆို အသက်နှစ်ဆယ်လောက်နဲ့တောင်

ကလေးယူကြသေးတာပဲ..သူတို့နဲ့စာရင်

ကျွန်မကရင့်ကျက်နေပါပြီနော်...

ကလေးထိန်းရတာများ ဘာခက်တာမှတ်လို့..."


ပါးဖောင်းဖောင်းလေးများက လှုပ်လီလှုပ်လဲ့ဖြင့်

သူ့ကိုသူ ရင့်ကျက်ကြောင်း ထုတ်ဖော်ပြနေသည့်

အမျိုးသမီးသည် ဘာကြောင့်များသိပ်ကို

ချစ်စရာကောင်းနေရတာလဲ။


မင်းစက်ဟာ ဘယ်လိုပဲအေးဆေးတည်ငြိမ်သည့်

ပုံစံနှင့် ထိန်းချုပ်နိုင်စွမ်းအားကောင်းသူ

ဖြစ်နေပါစေ ဒီလိုအလွန်အကျွံချစ်စရာ

ကောင်းလွန်းနေတာမျိုးကိုတော့ ဘယ်လို

လွန်ဆန်နိုင်မှာလဲ။အထူးသဖြင့် သူမပေါ့။


ရုတ်တရက်ထိန်းချုပ်နိုင်စွမ်းအားကောင်းသော

သူ့ရဲ့ သွေးကြောတွေပွင့်ထွက်သွားသည်ထင်ပါရဲ့။ သူသတိတရားပြန်၀င်လာသည့်

အခါမှာတော့ ခြင်္သေ့ကယုန်ဖြူလေးကို

အုပ်မိုးထားသလို သူလေးအပေါ်

ပြုမူလိုက်မိလေပြီ။


"ရှင်ဘာလုပ်တာလည်း.."


မေဝိုင်းလေးလည်း ရုတ်တရက်‌ 

လေပွေ၀င်တိုက်သလိုတောင်ထင်လိုက်မိသည်။

သူဟာအိပ်နေရင်းက လက်ကောက်၀တ်ကို

လှမ်းဆွဲပြီး တရုတ်သိုင်းကားထဲက

သိုင်းသမားတွေထက်မနိမ့်တဲ့ အရှိန်မျိုးဖြင့်

လူကို ချုပ်လိုက်၍လန့်တောင်သွားမိတယ်။


မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့

သူက အပေါ်စီးကနေစားတော့ဝါးတော့မတတ်

ကြည့်နှင့်နေပြီ။

ဝိုင်းလေးရဲ့ လက်နှစ်ဖက်ကိုသူ့အားကြီးနှင့်

အိပ်ယာမှာ ဖိကပ်ထား၍ရုန်းလို့လည်းမရပေ။

မဟုတ်ရင် သူ့ပါးကြီးပေါ်မှာလက်ငါးချောင်း

အရာကြီး ထင်းနေတာကြာပေါ့။


"ရှင်ဘာပြုံးတာလဲ.."


"ဘာကြောင့်ပြုံးတယ်လို့ထင်လဲ.."


"ကျွန်မရှင့်ကိုမကြောက်ဘူးနော်.."


"လောလောဆယ်မင်းက ကိုယ့်အောက်မှာနော်.."


"ကျွန်မကိုလွှတ်ပေး..ကိုယ့်ဘာသာအေးဆေး

အိပ်တာမဟုတ်ဘူး.."


"ကိုယ်အိပ်လို့မရအောင် မင်းပဲလာလုပ်တာ

မဟုတ်ဘူးလား..ငိုပြလိုက်..ရယ်ပြလိုက်နဲ့

အရူးမကြီးလိုပဲ.."


"အောင်မာ..ရှင်သာရူးနေတာ ကျွန်မကမရူးဘူး.."


"ဟုတ်ပါတယ်..မင်းကမရူးပါဘူး..

အသက်နှစ်ဆယ့်သုံးနှစ်ကြီးတောင်ပြည့်ပြီဆိုတော့

ကလေးတစ်ဒါဇင်လောက် မွေးပေးတော့မဲ့

အစ်မကြီးဖြစ်နေပြီလေ.."


"ရှင်ကြီးနော်..မဟုတ်တာတွေလျှောက်မပြောနဲ့

ကျွန်မဘယ်မှာ တစ်ဒါဇင်လောက်

မွေးပေးမယ်ပြောလို့လဲ..အလွန်ဆုံး

လေးယောက်လောက်ပေါ့.."


"အဟက်...လေးယောက်တောင်မှလား.."


ဒီတစ်ခါတော့ မင်းစက်အာဏာကြီးမနေနိုင်တော့ပဲ

သိသိသာသာ ရယ်လိုက်မိလေသည်။

မေဝိုင်းလေးအပေါ် မကျေနပ်တာတွေတောင်

ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားသည်အထိပင်။


သူ့အတွက် ကလေး‌(၄)ယောက်ကြီးတောင်

မွေးပေးမယ်တဲ့လေ။

လူကြည့်တော့ လေတိုက်ရင်တောင်

လွင့်ထွက်တော့မဲ့ပုံစံလေးနဲ့။

ကလေးတစ်ယောက်တောင် ထိန်းသိမ်းဖို့မလွယ်တာ လေးယောက်သာဆိုဘယ်လောက်

ပင်ပန်းမယ်ဆိုတာ မတွေးမိတည်းက

 မရင့်ကျက်သေးတဲ့

ကလေးမလေးဖြစ်နေလို့ပဲပေါ့။


"ရှင်ဘာလို့ကျွန်မကိုလှောင်နေတာလဲ.."


"မလှောင်ပါဘူး..မင်းကိုလေးစားနေမိတာ"


"..ကျွန်မကိုမရွဲ့နဲ့နော်.."


"မရွဲ့ပါဘူး..ကိုယ့်အမေတောင်

ကလေးသုံးယောက်ပဲမွေးနိုင်တာလေ..

မင်းက..လေးယောက်တောင်

မွေးပေးမယ်ဆိုတော့..တကယ်လေးစားတာပါ..."


"ရှင်..."


လှောင်ပြောင်လိုက်သည့် သူ့စကားကြောင့်

အခုမှ ပြန်တွေးကြည့်လိုက်မိပြီး ရှက်လွန်းလို့

မျက်နှာတွေပူလာလေသည်။

ဟုတ်သားပဲ။အန်တီရတနာတောင် သုံးယောက်ပဲ

မွေးထားတာ။

 ဝိုင်းလေးက..လေးယောက်တောင်

မွေးပေးမယ်ဆိုတော့ သူရယ်ပြီပေါ့။

ရှက်စရာကောင်းလိုက်တာ။

ဘာတွေပြောမိမှန်း ကိုယ့်ကိုကိုယ်ရော

သိသေးရဲ့လား အရူးမဝိုင်းလေးရယ်။


အရမ်းရှက်နေမိပေမဲ့ သူ့ရှေ့မှာအရှက်မကွဲချင်၍

မျက်နှာကိုခပ်တည်တည်ပဲ ပြန်နေလိုက်ပြီး

သူ့ရဲ့ အဲ့ဒီ့အေးစက်လှပါသည့်

မျက်၀န်းတွေကို ဗို့အားပြင်းပြင်းလွှတ်၍

ပြန်စိုက်ကြည့်ပစ်လိုက်သည်။


"ရှင်ကကျွန်မကို‌ကလေး..လေးယောက်

မွေးပေးမယ်လို့ပြောယုံနဲ့ လေးစားတယ်ဆိုရင်

ကလောကကျွန်မရဲ့..ကြီးတော်ကိုဆိုရင်

ထိုင်တောင် ကန်တော့မှာလားဟင်..

သူဆိုကလေးဆယ်ယောက်တောင်မွေးထားတာ.."


"ဘာ...ဟား..ဟား..ဟား..ဟား.."


"ရူးနေလား..ဘာလို့အကျယ်ကြီးထရယ်ရတာလဲ.."


ဒါလေးပြောလိုက်မိတာတောင် 

ရယ်နေလိုက်တာများ ပါးစပ်ကြီးကိုပြဲလို့။

ဝိုင်းလေးတောင် မျက်လုံးပြူးသွားမိတဲ့အထိပဲ။

ဝိုင်းလေးရဲ့ရှေ့မှာ သူဒီလိုအားပါးတရရယ်တာ

သိပ်မတွေ့ဖူးပေ။

တော်တော်အူရွှင်နေပုံရတယ်။


ဘာမဟုတ်တဲ့ ကလေးဆယ်ယောက်မွေးတဲ့

အကြောင်းကို ပြောမိတာကသူ့ကို

ရယ်စေမိတာလား။

ဘယ်လိုလူကြီးပါလိမ့်။ဒါရယ်စရာမှမဟုတ်ပဲနဲ့။


"မင်းကရည်မှန်းချက်ကြီးတဲ့မိန်းက‌လေးမှန်း

ကိုယ်တကယ်ကိုမသိခဲ့ဘူး..

ကလေးတစ်ဒါဇင်တောင်မွေးပြီး

အနာဂတ်မှာ ဘောလုံးအသင်းထောင်ဖို့

စိတ်ကူးရှိနေတာလား..ကောင်းပါတယ်

ကိုယ်ကလည်း အပေါဆုံးကပိုက်ဆံဖြစ်နေတော့

ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာ..

မင်းပြောမှပဲ စိတ်ကူးမိတော့တယ်.."


"ရှင်ကြီးနော်..ဘာပေါက်ပေါက်ရှာရှာတွေ

လျှောက်ပြောနေတာလဲ..သွား..ဖယ်.."


"ကိုယ်က ဘယ်ကိုဘယ်ကိုသွားရမှာလဲ

ဒါကကိုယ့်အခန်းလေ.."


"ကျွန်မကိုလွှတ်လို့ပြောနေတာ..

ဒီမှာရှင်ဖိညှစ်ထားလို့ လက်နာနေပြီ.."


ဝိုင်းလေးက သူ့ကိုအော်ထည့်လိုက်တော့မှ

သူ့မျက်နှာကြီးက ပြန်တည်ကျသွားတော့တယ်။

ဒါပေမဲ့ တိရိစ္ဆာန်ရုံကခြ‌င်္သေ့ဘ၀ကနေတော့

မကျွတ်သေးပုံပဲ။

အခုထိ ခုန်အုပ်ထားတာကိုမဖယ်နိုင်သေးဘူး။


အဲ့ဒီ့အစား သူ့မျက်လုံးတွေ ဝိုင်းလေး၏

အတွင်းစိတ်နံရံအထိ ဖောက်မြင်နေသည့်အလား

ကြည့်လာခဲ့ပြီး သူ့ဦးခေါင်းကလည်း

တဖြည်းဖြည်း ငိုက်ကျလာလေသည်။


"မလုပ်နဲ့နော်.."


"ကိုယ်ဘာလုပ်မယ်ထင်လို့လဲ.."


"ဟို..ဟိုဟာ.."


"ဘယ်ဟာလဲ.."


"ရှင်ကြီးနော်.."


"အဟင်း..."


အဲ့ဒီ့ခနဲ့တဲ့တဲ့ ရယ်သံကြီးကဘာကြီးလဲ။

အမြင်ကပ်စရာကြီး။ပြီးတော့ ကြောက်စရာကြီး။

တဖြည်းဖြည်းနဲ့ မျက်နှာနှစ်ခုက

ပိုနီးကပ်လာသည်ဟု ထင်လိုက်မိ၍

မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။


သူ့ကိုဝိုင်းလေး တားဆီးလို့ရမယ်မထင်ပါဘူး။

သူ့ဗလနဲ့ကိုယ့်ဗလကလည်း မျှမှမမျှပဲ။

ကိုယ်ကပုရွက်ဆိတ်ဆို သူကဆင်ကြီးလေ။


လူက ရုန်းနေမိပေမဲ့ သူကပိုအားကြီးတော့

တကယ်ပဲ ပုရွက်ဆိတ်ကို ဆင်တက်နင်းထားသလို

ဖြစ်နေပြီး ဘယ်လိုလုပ်လုပ်အချည်းနည်းပါပဲ။


"ဟင်.."


မျက်လုံးကို အသေမှိတ်ထားမိပေမဲ့

ရုတ်တရက် ပါးပြင်ပေါ်သို့လေငွေ့နွေးနွေး

ယှက်တိုက်သွားလေသည်။

သူဝိုင်းလေးကို နမ်းမလို့များလား။

ငါဘာလုပ်ရမလဲ။ဘာမှလဲလုပ်လို့မရဘူးလေ..။

အဲ့ဒီ့တော့...။


"ကလေးတစ်ယောက်ယူဖို့ ဘယ်လိုအဆင့်တွေကို

ဖြတ်ကျော်ရမလဲဆိုတာရော သိရဲ့လား.."


"ဟင်..."


ကြောင်တောင်တောင်လေးနဲ့ သူ့ကိုကြည့်လိုက်တော့ သူ့မျက်နှာကအခုထိရယ်ကြော

မပြတ်သေးပုံပဲ။

ဝိုင်းလေးကို လွှတ်ပေးလိုက်တဲ့ပြင်

အိပ်ယာထပ်မှာ ပြန်လှဲချကာဗိုက်နှိပ်၍

ရယ်နေလေသည်။


"ဘယ်လိုလူလဲမသိဘူး.."


သူ့မျက်နှာကြီးကို ကြည့်ရင်းပိုအမြင်ကပ်လာမိ၍

ကုတင်စွန်းသို့ ပိုတိုးသွားလိုက်ပြီး

သူ့ကိုကျောပေးကာ အိပ်ပစ်လိုက်သည်။

အချိန်ကလည်း တဖြည်းဖြည်းညဉ့်နက်သထက်

နက်လာပြီး အတွင်းရောအပြင်ပါ

 တိတ်ဆိတ်နေသည့် အခိုက်အတန့်လေးမှာတော့

မွေ့ယာခြေရင်းတွင် ပုံထားသောစောင်လေးသည်

မေဝိုင်းလေး၏ ကိုယ်လုံးပေါ်သို့

လွှမ်းခြုံလာပြီး နွေးထွေးစေလေသည်။


"..မင်းကကိုယ့်အတွက်

ဘေဘီလေး..လေးယောက်တောင်

မွေးပေးဖို့ဆန္ဒရှိလိမ့်မယ်လို့ ကိုယ်မထင်ခဲ့မိဘူး

မင်းကို ဒီလိုပြောထွက်လာဖို့ ဘယ်အရာတွေက

တိုက်တွန်းလိုက်သလဲ မသိပေမဲ့

ကျေးဇူးတင်ပါတယ်..

ကိုယ်မင်းကို ကလေးမယူစေချင်သေးဘူး

မင်းကအရမ်းငယ်သေးတယ်..

လူငယ်သဘာ၀လွတ်လွတ်လပ်လပ်‌ပဲ 

နေသင့်သေးတယ်.."


ကောင်မလေးရဲ့ဖြူနု‌နေသော မျက်နှာလေးကို

ကြည့်ပြီး တိုးတိတ်စွာရေရွတ်လိုက်မိလေသည်။

သားသမီးမွေးတဲ့အခါ မိခင်တစ်ယောက်ရဲ့

ဆုံးမသွန်သင်မှုကလည်း အဓိကကျတယ်လို့

သူထင်မြင်မိတယ်။


ဒါကြောင့် မေဝိုင်းလေးကိုကလေးယူမယ်

ဆိုရင်တောင် နောက်နှနှစ်လောက်မှပဲ

ယူစေချင်တယ်။

အိမ်ထောင်ကျပြီး စောစောကလေးယူတာက

ကိုယ့်လို ၀င်ငွေကောင်းတဲ့

ယောက်ျားတွေအတွက်တော့  ကိစ္စမရှိပေမဲ့

တကယ်ကိုယ်၀န်လွယ်ပြီး ကလေးလေးမွေးပေးရမဲ့

မိန်းကလေးအတွက်တော့ သိပ်ခက်ခဲနေလိမ့်မယ်။


ဒါ့အပြင်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်၀န်ဆောင်ရတော့

ပိုဆိုးမှာပေါ့။

အစပိုင်းမှာတော့ သားသမီးကိုချစ်တဲ့စိတ်နဲ့

စိတ်အားထက်သန်နိုင်ပေမဲ့ ကြာလာတာနဲ့အမျှ

ငြီးငွေ့လာနိုင်ပြီး ပင်ပန်းမှုတွေကြောင့်

စိတ်ဒဏ်ရာမရစေချင်ဘူး။


ဘာသင်ယူလေ့လာမှုမှ မလုပ်လိုက်ရပဲ

အမေတစ်ယောက်ဖြစ်သွားရင် ဘယ်လို

အသားကျနိုင်ပါ့မလဲ။


သူ့မျက်လုံးထဲမှာလဲ ဒီကောင်မလေးကို

ကလေးတို့ရဲ့ အမေအဖြစ်မြင်ကြည့်လို့ကို

မရသေးဘူး။


အသက်ကသာနှစ်ဆယ့်သုံးနှစ်ဖြစ်နေပြီပေမဲ့

ဆယ့်ငါး၊ဆယ့်ခြောက်အရွယ်လေးလို

ဖြစ်နေတော့ ကလေးတစ်ယောက်ကို

ထိန်းနေရတဲ့ပုံစံက မေဝိုင်းလေးနဲ့

မလိုက်ဖက်သလိုပဲ။

ကလေးက ကလေးလိုပဲနေသင့်ပါသေးတယ်လေ။


ဒါပေမဲ့သူလေးဟာ 

ကလေး‌လေးတွေအကြောင်းပြောဆိုတည်းက 

ကိုယ့်နဲ့အကြာကြီးအတူရှိဖို့

ရွေးချယ်လိုက်တယ်လို့ပဲ သူယူဆလိုက်မိသည်။


ပုံမှန်ဆိုရင် မေဝိုင်းလေးကသူနဲ့ဝေးကွာဖို့ပဲ

အမြဲတွေးနေတယ်လို့ ထင်ခဲ့မိတာ။

ဒါပေမဲ့ ထိုအတွေးတွေကအခုတော့

အားလုံးပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။


မေဝိုင်းလေးကအမှားလုပ်ထားရင်တောင်

 ကျေအေးပေးနိုင်လောက်တဲ့အထိပေါ့။

သူဘယ်အချိန်တည်းက ဒီလောက်သဘောထား

ကြီးနေပြီမှန်း မသိလိုက်ပေမဲ့သူမနဲ့ပတ်သတ်ပြီး

အလျှော့ပေးနေမိတာတော့ သေချာတယ်။


ဒီကောင်မလေးကို သူအကြာကြီး

စိတ်မဆိုးနိုင်တဲ့အပြင် မိန်းမတွေငိုပြနေရင်

အလိုလိုမုန်းတီးအမြင်ကပ်တတ်ပေမဲ့

အခုတော့ ကောင်းမလေးရဲ့၀မ်းနည်းတဲ့

အသံကို ကြားရုံနဲ့သူလေးရဲ့ဆန္ဒတွေကိုပါ

လိုက်လျောချင်နေမိတယ်။


"ဟူး..ဘာလို့အမြဲတမ်းကိုယ်မင်းကို

လွန်ဆန်ဖို့ခက်နေရတာလဲ.."


ငယ်ငယ်တုန်းကလည်း သူများတွေအနိုင်ကျင့်လို့

စိုက်ပျိုးရေးခြံထဲမှာ မှောက်သွားတဲ့

ချယ်ရီသီးခြင်း‌လေးနား၌

မေဝိုင်းလေးထိုင်ငိုနေတာကို 

ပြန်သတိရသွားမိတယ်။


အစကတော့ ကောင်မလေးချော်လဲတာက

ရယ်စရာကြီးဖြစ်နေလို့ သူအာပါးတရ

ရယ်လိုက်မိပေမဲ့ ဘေးနားကနေ

ဖြတ်လျှောက်မိတဲ့အချိန်မှာ ချယ်ရီသီးတစ်လုံးကို

တက်နင်းမိသွားတော့ ကိုယ့်ကိုကြည့်လာတဲ့

မျက်ရည်လွှမ်းနေသော မျက်လုံးရွှဲလေးတွေကြောင့် အရမ်းသနားသွားမိခဲ့တယ်။


ထို့ကြောင့်ပဲ တစ်ခါမှမလုပ်ဖူးသည့်အလုပ်ကို

လုပ်ခဲ့မိလိုက်တယ်။

အဲ့ဒါကတော့ ချယ်ရီသီးတစ်ခြင်းကို

ကိုယ်တိုင်ခူးပြီး အငိုသန်လေးအငိုတိတ်အောင်

လက်ဆောင်ပေးမိခြင်းပဲ။


ပြန်တွေးကြည့်ရင် အဲ့အချိန်တည်းက

အခြားသူတွေနဲ့မတူပဲ ဒီကောင်မလေးကို

သူမျက်နှာသာ ပိုပေးခဲ့မိတယ်ထင်ပါရဲ့။

အဲ့ဒီ့နူးနူးညံ့ညံ့နဲ့ အကဲပိုတတ်တဲ့ဟာလေးက 

သူ့ကိုဘာလို့ ဒီလိုဖြစ်နေစေတာလဲ။


🍒🍒🍒🍒🍒


မေဝိုင်းလေးတစ်ယောက် ဒီနေ့လည်း

အဖွားဘေးမှာပဲ အဖော်ပြုပေးရင်းနှင့်

အချိန်တွေကို ကုန်ဆုံးစေလိုက်သည်။

ဖွားနုရဲ့ကျန်းမာရေးကတော့ သိပ်ပြီး

မဆိုးဝါးပေမဲ့ တစ်ခါတလေ

သွေးပေါင်ချိန်ကြည့်ရင် သွေးတွေတအားတိုးလာ

တာမျိုး ဖြစ်တတ်၍ အရမ်းစိတ်ချရတဲ့

အနေအထားတော့ မဟုတ်သေးပေ။


ဒီအိမ်မှာက မနက်ပိုင်းလေးနဲ့ညပိုင်း‌လေး

တဖြတ်မှာသာအိမ်သားတွေ ရှိနေတတ်ကြပြီး

နေ့ခင်းပိုင်းရောက်တာနဲ့ တိတ်ဆိတ်နေတတ်သည်။


အန်တီရတနာကလည်း သူ့ဆိုင်အလုပ်တွေနဲ့

သူဖြစ်ပြီး ကျန်တဲ့လူတွေကလည်း

အလုပ်ကိုယ်စီနဲ့ဖြစ်ကာ အားယားနေတာဆိုလို့

ဖွားနုနှင့်ဝိုင်းလေးတို့နှစ်ယောက်သာ

ရှိလေသည်။

ကြည်ကြည်တောင်မှ အပင်ရေလောင်းရလိုက်၊

အိမ်သန့်ရှင်းရေးလုပ်ရလိုက်နဲ့ အားတယ်ရယ်လို့

မရှိပေ။


ဝိုင်းလေးက ကူလုပ်ပေးချင်ပေမဲ့အေးလှတို့

တူ၀ရီးက သူတို့နဲ့တန်းတူ‌လုပ်ပေးရင်

အဆင့်တူတူပဲဆိုပြီး ပိုရွဲ့စောင်းကြမှာစိုးလို့

အိမ်အလုပ်ကို မကူပေးရဲဘူး။

ထို့ကြောင့် ဖွားနု၏ဘေးနားမှာသာ

တစ်ချိန်လုံး အဖော်ပြုပေးနေလိုက်သည်။


နေ့လည်လောက်ရောက်တော့ မမူးကအိမ်ကို

ပြန်လာပြီး ဖွားနုနှင့်လာစကားပြောပေးပါတယ်။

မမှူးက နာမည်ကြီးအဆိုတော်လို့မပြောရဘူး

လှတာတော့ တော်တော်လှတယ်။

ဆံပင်ကို အတိုပဲထားတတ်ပေမဲ့ ဖြောင့်ထား၍

ဆင်းကျနေပြီး ခေါင်းရမ်းလိုက်ရင်

ဆံပင်တွေကတုန်တုန်အိအိလေးဖြစ်နေလေသည်။


ရိုက်ကွင်းကိုသွားမလို့ထင်ပါရဲ့ မျက်နှာလေးကို

ခြယ်ထားလိုက်တာများ ကြည့်လို့ကောင်းနေရောပဲ။

ဝိုင်းလေးတို့ အပြင်တစ်ခါသွားရင်

ပြင်တယ်ဆိုတာက မျက်တောင်ကော့တာ

အိုင်းလိုင်နာဆွဲတာလောက်ပဲ။


ပါးနီတောင် သိပ်မခြယ်တတ်တော့ မမှူးလို

အိုင်းရှဲဒိုးကို ကိုယ်လိုချင်သလိုလှလှလေး

မချယ်တတ်ဘူးရယ်။


အခုတော့ကြည့်ပါအုံး မျက်တောင်တုလေးက

မမှူးရဲ့ မျက်၀န်းလေးမှာဟပ်ကျနေပြီး

ကြောင်မျက်လုံးလေးလို ဝိုင်းထွက်နေတာပဲ။

မျက်ကပ်မှန် အပြာရောင်လေးတပ်ထားတော့

သမုဒ္ဒရာရေအ‌ရောင်ပမာ မမှူးရဲ့မျက်လုံးတွေက

ပိုဆွဲဆောင်မှုရှိနေစေတယ်။


ပါးနီခြယ်ထားတာလေးကလည်း ဝိုင်းလေးတို့လို

မဆိုးရွားပဲ မှုန်မှုန်လေးနဲ့လှလိုက်တာ

ပြောမနေနဲ့။

မင်းစက်အာဏာရဲ့ အစ်မလို့မပြောရဘူး။

စက်စက်ယိုအောင်ကိုလှလွန်းတာ။


"ဝိုင်းလေး..တို့မျက်နှာကိုဘာလို့အဲ့လောက်

ငေးကြည့်နေရတာလဲ..တို့မျက်နှာမှာ

တစ်ခုခုပေနေလို့လား.."


"ဟင့်အင်း..မပေပါဘူး..မမှူးကလှလွန်းလို့

ငေးကြည့်နေမိတာ..ဒီမိတ်ကပ်ကိုမမှူးကိုယ်တိုင်

ခြယ်ထားတာလားဟင်..လှလိုက်တာနော်.."


သူ့ကိုလှတယ်ပြောတော့လည်း အိမ့်ချစ်မှူးဝေ

ကျေနပ်သွားမိတာပေါ့။

ဘယ်သူက လှတယ်လို့အပြောမခံချင်ပါ့မလဲ။

အစကတော့ မေဝိုင်းလေးအပေါ်

 အထင်လွဲမိတာမျိုးရှိခဲ့ပေမဲ့ ကိုယ့်အဖွားကို

အနီးကပ်ပြုစုပေးနေတာမြင်ရတော့

ကျေးဇူးတောင်‌တင်နေမိတယ်။


မင်းစက်နဲ့က သိပ်မတည့်ပေမဲ့

ဒီလိုလိမ္မာတဲ့ ယောင်းမမျိုးလေးကို

ရလိုက်တဲ့အတွက် ကိုယ့်မောင်ကိုကျေးဇူးတောင်

တင်ရမလိုဖြစ်နေပြီ။


"တို့မှာကိုယ်ပိုင်မိတ်ကပ်ဆရာရှိပေမဲ့

များသောအားဖြင့် ကိုယ့်ဘာသာပြင်တာများတယ်

မေဝိုင်းလေးဆန္ဒရှိရင် အစ်မအားတဲ့အခါ

သင်ပေး‌မယ်လေ.."


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်မမှူး..ဒါနဲ့

မမှူးက ဒီနေ့ရိုက်ကူး‌ရေးရှိတာလား..

ဟုတ်တယ်..ဒီနေ့က၀င်းနဲ့နှစ်ယောက်ပေါင်းပြီး

ထုတ်ဖို့ရှိတဲ့ စီးရီးအတွက်ရိုက်ကူးရေး

သွားမလို့လေ..ဝိုင်းလေးရောလိုက်ခဲ့ပါလား

အတွေ့အကြုံရတာပေါ့..."


"ဟုတ်သားပဲ..ခဏနေဆိုအဖွားလည်း

တရေးအိပ်တော့မှာဆိုတော့

 ဝိုင်းလေးပျင်းနေမှာပေါ့..

လိုက်ချင်လိုက်သွားလေ..ကြည်ကြည့်ကိုသာ

အခန်းထဲကို လွှတ်လိုက်..အဖွားလည်းအခု

ကောင်းနေတာပဲဟာ.."


အဖွားကကောင်းနေတယ်ဆိုပေမဲ့ ရုတ်တရက်ကြီး

သွေးတွေထတိုးရင် ဘယ်လိုလုပ်မလဲ။

လိုက်တာကလိုက်ချင်ပေမဲ့ အဖွားကိုလည်း

စိတ်မချနိုင်ပေ။


မမှူးကလည်း လိုက်စေချင်ပုံရတယ်။

နောက်ပြီး ဝိုင်းလေးလည်းကိုဦးနဲ့တွေ့ချင်မိတယ်။

ဟိုတစ်နေ့က ရုံးခန်းထဲမှာဘာတွေဖြစ်သွားလို့

ကိုမင်းစက်က ဝိုင်းလေးကိုသိပ်စိတ်ဆိုးရတာလဲ

ဆိုတာ ကိုဦးကိုမေးကြည့်ချင်တယ်။


မဇင်ကတော့ လုံး၀ထုတ်ပြောမှာမဟုတ်ဘူး။

ကိုဦးကလည်း ဖုန်းခေါ်တိုင်းမကိုင်ဘူး။

ရုတ်တရက်ကြီး ဘာကြောင့်ခင်မင်မှုကို

ဖြတ်တောက်သွားရတာလဲ။

ဝိုင်းလေး သူတို့အပေါ်မှာဘာအမှားမှ

မကျူးလွန်ခဲ့တာတော့ သေချာတယ်။


ကိုဦးဘက်က ဝိုင်းလေးကိုစိတ်ဆိုးလောက်စရာ

ကိစ္စကြီးကြီးမားမားလည်း မရှိပဲဒီလိုကြီး

ဖုန်းခေါ်တောင် မကိုင်တဲ့အဆင့်ကတော့

နဲနဲများလွန်းတယ်လို့ ထင်မိတယ်။

ကြည့်ရတာ သူကဝိုင်းလေးကိုတကယ်အစစ်အမှန်

မခင်လို့နေမှာပေါ့။


"မမှူးနဲ့အတူဝိုင်းလေးလိုက်ခဲ့ပါ့မယ်..

ဒါပေမဲ့ အကြာကြီးတော့နေလို့မရလောက်ဘူး.."


"အိုကေပါ..တို့ကလည်းဒီနေ့ခဏပဲ 

အချိန်ရတာပါ..ညနေကြရင်ပါတီပွဲ

တက်ဖို့ရှိလို့လေ.."


"ဟုတ်ကဲ့..."


🍒🍒🍒🍒🍒🍒


(အချိုတွေကျွေးတယ်နော်..)😀

  ======================================================================


အခန္း(၃၃)

💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


"ကၽြန္မေမးေနတယ္ေလ..

ရွင္ကေလးလိုခ်င္လားလို႔"


မိန္းကေလးတန္မဲ့ ဝိုင္းေလးဘက္ကေန

စေမးလိုက္ေပမဲ့ သူကေတာ့အင္းမလႈပ္

အဲမလႈပ္ျဖင့္ တည္ၿငိမ္ေနႏိုင္လြန္းသည္။

သူ႔မိသားစုက ကေလးအရမ္းလိုခ်င္ေနေတာ့

သူလည္း ကေလးလိုခ်င္ေနမယ္လို႔

ထင္ထားခဲ့မိတာ။


"ကိုယ္..မလိုခ်င္ေသးဘူး.."


"ဘာလို႔လဲ.."


ဝိုင္းေလးလည္း ကေလးယူဖို႔အဆင္သင့္

မျဖစ္ေသးေပမဲ့ သူ႔ဘက္ကဒီလို

ထုတ္ေျပာလာေတာ့ ၀မ္းနည္းသြားမိသလိုပဲ။

သူကေတာ့ အိပ္လ်ွက္ကေန မ်က္ႏွာက်က္ကို

ၾကၫ့္ၿပီး သူ႔ရဲ့နဂိုပံုစံအတိုင္းေအးစက္စက္နဲ႔ပါပဲ။


"မင္းအရမ္းငယ္ေသးတယ္.."


"ဘာဆိုင္လို႔လဲ.."


"ဆိုင္တာေပါ့..မင္းရဲ့အသက္ကအခုမွ

ႏွစ္ဆယ့္သံုးႏွစ္ပဲရိွေသးတယ္ေလ..

မရင့္က်က္ေသးတဲ့ လူတစ္ေယာက္က

ကေလးမိခင္မျဖစ္သင့္ေသးဘူး.."


"ေအာင္မယ္..လူကိုမ်ားအထင္ေသးလို႔

ဘာလို႔မရင့္က်က္ေသးရမွာလဲ

တစ္ခ်ိဳ႕ဆို အသက္ႏွစ္ဆယ္ေလာက္နဲ႔ေတာင္

ကေလးယူၾကေသးတာပဲ..သူတို႔နဲ႔စာရင္

ကၽြန္မကရင့္က်က္ေနပါၿပီေနာ္...

ကေလးထိန္းရတာမ်ား ဘာခက္တာမွတ္လို႔..."


ပါးေဖာင္းေဖာင္းေလးမ်ားက လႈပ္လီလႈပ္လဲ့ျဖင့္

သူ႔ကိုသူ ရင့္က်က္ေၾကာင္း ထုတ္ေဖာ္ျပေနသၫ့္

အမ်ိဳးသမီးသည္ ဘာေၾကာင့္မ်ားသိပ္ကို

ခ်စ္စရာေကာင္းေနရတာလဲ။


မင္းစက္ဟာ ဘယ္လိုပဲေအးေဆးတည္ၿငိမ္သၫ့္

ပံုစံႏွင့္ ထိန္းခ်ဳပ္ႏိုင္စြမ္းအားေကာင္းသူ

ျဖစ္ေနပါေစ ဒီလိုအလြန္အကၽြံခ်စ္စရာ

ေကာင္းလြန္းေနတာမ်ိဳးကိုေတာ့ ဘယ္လို

လြန္ဆန္ႏိုင္မွာလဲ။အထူးသျဖင့္ သူမေပါ့။


ရုတ္တရက္ထိန္းခ်ဳပ္ႏိုင္စြမ္းအားေကာင္းေသာ

သူ႔ရဲ့ ေသြးေၾကာေတြပြင့္ထြက္သြားသည္ထင္ပါရဲ့။ သူသတိတရားျပန္၀င္လာသၫ့္

အခါမွာေတာ့ ျခေသၤ့ကယုန္ျဖဴေလးကို

အုပ္မိုးထားသလို သူေလးအေပၚ

ျပဳမူလိုက္မိေလၿပီ။


"ရွင္ဘာလုပ္တာလည္း.."


ေမဝိုင္းေလးလည္း ရုတ္တရက္‌ 

ေလေပြ၀င္တိုက္သလိုေတာင္ထင္လိုက္မိသည္။

သူဟာအိပ္ေနရင္းက လက္ေကာက္၀တ္ကို

လွမ္းဆဲြၿပီး တရုတ္သိုင္းကားထဲက

သိုင္းသမားေတြထက္မနိမ့္တဲ့ အရိွန္မ်ိဳးျဖင့္

လူကို ခ်ဳပ္လိုက္၍လန႔္ေတာင္သြားမိတယ္။


မ်က္လံုးဖြင့္ၾကၫ့္လိုက္တဲ့ အခ်ိန္မွာေတာ့

သူက အေပၚစီးကေနစားေတာ့ဝါးေတာ့မတတ္

ၾကၫ့္ႏွင့္ေနၿပီ။

ဝိုင္းေလးရဲ့ လက္ႏွစ္ဖက္ကိုသူ႔အားႀကီးႏွင့္

အိပ္ယာမွာ ဖိကပ္ထား၍ရုန္းလို႔လည္းမရေပ။

မဟုတ္ရင္ သူ႔ပါးႀကီးေပၚမွာလက္ငါးေခ်ာင္း

အရာႀကီး ထင္းေနတာၾကာေပါ့။


"ရွင္ဘာႃပံုးတာလဲ.."


"ဘာေၾကာင့္ႃပံုးတယ္လို႔ထင္လဲ.."


"ကၽြန္မရွင့္ကိုမေၾကာက္ဘူးေနာ္.."


"ေလာေလာဆယ္မင္းက ကိုယ့္ေအာက္မွာေနာ္.."


"ကၽြန္မကိုလႊတ္ေပး..ကိုယ့္ဘာသာေအးေဆး

အိပ္တာမဟုတ္ဘူး.."


"ကိုယ္အိပ္လို႔မရေအာင္ မင္းပဲလာလုပ္တာ

မဟုတ္ဘူးလား..ငိုျပလိုက္..ရယ္ျပလိုက္နဲ႔

အရူးမႀကီးလိုပဲ.."


"ေအာင္မာ..ရွင္သာရူးေနတာ ကၽြန္မကမရူးဘူး.."


"ဟုတ္ပါတယ္..မင္းကမရူးပါဘူး..

အသက္ႏွစ္ဆယ့္သံုးႏွစ္ႀကီးေတာင္ျပၫ့္ၿပီဆိုေတာ့

ကေလးတစ္ဒါဇင္ေလာက္ ေမြးေပးေတာ့မဲ့

အစ္မႀကီးျဖစ္ေနၿပီေလ.."


"ရွင္ႀကီးေနာ္..မဟုတ္တာေတြေလ်ွာက္မေျပာနဲ႔

ကၽြန္မဘယ္မွာ တစ္ဒါဇင္ေလာက္

ေမြးေပးမယ္ေျပာလို႔လဲ..အလြန္ဆံုး

ေလးေယာက္ေလာက္ေပါ့.."


"အဟက္...ေလးေယာက္ေတာင္မွလား.."


ဒီတစ္ခါေတာ့ မင္းစက္အာဏာႀကီးမေနႏိုင္ေတာ့ပဲ

သိသိသာသာ ရယ္လိုက္မိေလသည္။

ေမဝိုင္းေလးအေပၚ မေက်နပ္တာေတြေတာင္

ၾကက္ေပ်ာက္ ငွက္ေပ်ာက္ျဖစ္သြားသည္အထိပင္။


သူ႔အတြက္ ကေလး‌(၄)ေယာက္ႀကီးေတာင္

ေမြးေပးမယ္တဲ့ေလ။

လူၾကၫ့္ေတာ့ ေလတိုက္ရင္ေတာင္

လြင့္ထြက္ေတာ့မဲ့ပံုစံေလးနဲ႔။

ကေလးတစ္ေယာက္ေတာင္ ထိန္းသိမ္းဖို႔မလြယ္တာ ေလးေယာက္သာဆိုဘယ္ေလာက္

ပင္ပန္းမယ္ဆိုတာ မေတြးမိတည္းက

 မရင့္က်က္ေသးတဲ့

ကေလးမေလးျဖစ္ေနလို႔ပဲေပါ့။


"ရွင္ဘာလို႔ကၽြန္မကိုေလွာင္ေနတာလဲ.."


"မေလွာင္ပါဘူး..မင္းကိုေလးစားေနမိတာ"


"..ကၽြန္မကိုမရဲြ႔နဲ႔ေနာ္.."


"မရဲြ႔ပါဘူး..ကိုယ့္အေမေတာင္

ကေလးသံုးေယာက္ပဲေမြးႏိုင္တာေလ..

မင္းက..ေလးေယာက္ေတာင္

ေမြးေပးမယ္ဆိုေတာ့..တကယ္ေလးစားတာပါ..."


"ရွင္..."


ေလွာင္ေျပာင္လိုက္သၫ့္ သူ႔စကားေၾကာင့္

အခုမွ ျပန္ေတြးၾကၫ့္လိုက္မိၿပီး ရွက္လြန္းလို႔

မ်က္ႏွာေတြပူလာေလသည္။

ဟုတ္သားပဲ။အန္တီရတနာေတာင္ သံုးေယာက္ပဲ

ေမြးထားတာ။

 ဝိုင္းေလးက..ေလးေယာက္ေတာင္

ေမြးေပးမယ္ဆိုေတာ့ သူရယ္ၿပီေပါ့။

ရွက္စရာေကာင္းလိုက္တာ။

ဘာေတြေျပာမိမွန္း ကိုယ့္ကိုကိုယ္ေရာ

သိေသးရဲ့လား အရူးမဝိုင္းေလးရယ္။


အရမ္းရွက္ေနမိေပမဲ့ သူ႔ေရ႔ွမွာအရွက္မကဲြခ်င္၍

မ်က္ႏွာကိုခပ္တည္တည္ပဲ ျပန္ေနလိုက္ၿပီး

သူ႔ရဲ့ အဲ့ဒီ့ေအးစက္လွပါသၫ့္

မ်က္၀န္းေတြကို ဗို႔အားျပင္းျပင္းလႊတ္၍

ျပန္စိုက္ၾကၫ့္ပစ္လိုက္သည္။


"ရွင္ကကၽြန္မကို‌ကေလး..ေလးေယာက္

ေမြးေပးမယ္လို႔ေျပာယံုနဲ႔ ေလးစားတယ္ဆိုရင္

ကေလာကကၽြန္မရဲ့..ႀကီးေတာ္ကိုဆိုရင္

ထိုင္ေတာင္ ကန္ေတာ့မွာလားဟင္..

သူဆိုကေလးဆယ္ေယာက္ေတာင္ေမြးထားတာ.."


"ဘာ...ဟား..ဟား..ဟား..ဟား.."


"ရူးေနလား..ဘာလို႔အက်ယ္ႀကီးထရယ္ရတာလဲ.."


ဒါေလးေျပာလိုက္မိတာေတာင္ 

ရယ္ေနလိုက္တာမ်ား ပါးစပ္ႀကီးကိုၿပဲလို႔။

ဝိုင္းေလးေတာင္ မ်က္လံုးျပဴးသြားမိတဲ့အထိပဲ။

ဝိုင္းေလးရဲ့ေရ႔ွမွာ သူဒီလိုအားပါးတရရယ္တာ

သိပ္မေတြ့ဖူးေပ။

ေတာ္ေတာ္အူရႊင္ေနပံုရတယ္။


ဘာမဟုတ္တဲ့ ကေလးဆယ္ေယာက္ေမြးတဲ့

အေၾကာင္းကို ေျပာမိတာကသူ႔ကို

ရယ္ေစမိတာလား။

ဘယ္လိုလူႀကီးပါလိမ့္။ဒါရယ္စရာမွမဟုတ္ပဲနဲ႔။


"မင္းကရည္မွန္းခ်က္ႀကီးတဲ့မိန္းက‌ေလးမွန္း

ကိုယ္တကယ္ကိုမသိခဲ့ဘူး..

ကေလးတစ္ဒါဇင္ေတာင္ေမြးၿပီး

အနာဂတ္မွာ ေဘာလံုးအသင္းေထာင္ဖို႔

စိတ္ကူးရိွေနတာလား..ေကာင္းပါတယ္

ကိုယ္ကလည္း အေပါဆံုးကပိုက္ဆံျဖစ္ေနေတာ့

ဘာလုပ္ရမွန္းမသိဘူးျဖစ္ေနတာ..

မင္းေျပာမွပဲ စိတ္ကူးမိေတာ့တယ္.."


"ရွင္ႀကီးေနာ္..ဘာေပါက္ေပါက္ရွာရွာေတြ

ေလ်ွာက္ေျပာေနတာလဲ..သြား..ဖယ္.."


"ကိုယ္က ဘယ္ကိုဘယ္ကိုသြားရမွာလဲ

ဒါကကိုယ့္အခန္းေလ.."


"ကၽြန္မကိုလႊတ္လို႔ေျပာေနတာ..

ဒီမွာရွင္ဖိၫွစ္ထားလို႔ လက္နာေနၿပီ.."


ဝိုင္းေလးက သူ႔ကိုေအာ္ထၫ့္လိုက္ေတာ့မွ

သူ႔မ်က္ႏွာႀကီးက ျပန္တည္က်သြားေတာ့တယ္။

ဒါေပမဲ့ တိရိစၧာန္ရံုကျခ‌ေသၤ့ဘ၀ကေနေတာ့

မကၽြတ္ေသးပံုပဲ။

အခုထိ ခုန္အုပ္ထားတာကိုမဖယ္ႏိုင္ေသးဘူး။


အဲ့ဒီ့အစား သူ႔မ်က္လံုးေတြ ဝိုင္းေလး၏

အတြင္းစိတ္နံရံအထိ ေဖာက္ျမင္ေနသၫ့္အလား

ၾကၫ့္လာခဲ့ၿပီး သူ႔ဦးေခါင္းကလည္း

တျဖည္းျဖည္း ငိုက္က်လာေလသည္။


"မလုပ္နဲ႔ေနာ္.."


"ကိုယ္ဘာလုပ္မယ္ထင္လို႔လဲ.."


"ဟို..ဟိုဟာ.."


"ဘယ္ဟာလဲ.."


"ရွင္ႀကီးေနာ္.."


"အဟင္း..."


အဲ့ဒီ့ခနဲ႔တဲ့တဲ့ ရယ္သံႀကီးကဘာႀကီးလဲ။

အျမင္ကပ္စရာႀကီး။ၿပီးေတာ့ ေၾကာက္စရာႀကီး။

တျဖည္းျဖည္းနဲ႔ မ်က္ႏွာႏွစ္ခုက

ပိုနီးကပ္လာသည္ဟု ထင္လိုက္မိ၍

မ်က္လံုးေတြကို မိွတ္ခ်လိုက္မိသည္။


သူ႔ကိုဝိုင္းေလး တားဆီးလို႔ရမယ္မထင္ပါဘူး။

သူ႔ဗလနဲ႔ကိုယ့္ဗလကလည္း မ်ွမွမမ်ွပဲ။

ကိုယ္ကပုရြက္ဆိတ္ဆို သူကဆင္ႀကီးေလ။


လူက ရုန္းေနမိေပမဲ့ သူကပိုအားႀကီးေတာ့

တကယ္ပဲ ပုရြက္ဆိတ္ကို ဆင္တက္နင္းထားသလို

ျဖစ္ေနၿပီး ဘယ္လိုလုပ္လုပ္အခ်ည္းနည္းပါပဲ။


"ဟင္.."


မ်က္လံုးကို အေသမိွတ္ထားမိေပမဲ့

ရုတ္တရက္ ပါးျပင္ေပၚသို႔ေလေငြ့ေနြးေနြး

ယွက္တိုက္သြားေလသည္။

သူဝိုင္းေလးကို နမ္းမလို႔မ်ားလား။

ငါဘာလုပ္ရမလဲ။ဘာမွလဲလုပ္လို႔မရဘူးေလ..။

အဲ့ဒီ့ေတာ့...။


"ကေလးတစ္ေယာက္ယူဖို႔ ဘယ္လိုအဆင့္ေတြကို

ျဖတ္ေက်ာ္ရမလဲဆိုတာေရာ သိရဲ့လား.."


"ဟင္..."


ေၾကာင္ေတာင္ေတာင္ေလးနဲ႔ သူ႔ကိုၾကၫ့္လိုက္ေတာ့ သူ႔မ်က္ႏွာကအခုထိရယ္ေၾကာ

မျပတ္ေသးပံုပဲ။

ဝိုင္းေလးကို လႊတ္ေပးလိုက္တဲ့ျပင္

အိပ္ယာထပ္မွာ ျပန္လွဲခ်ကာဗိုက္ႏိွပ္၍

ရယ္ေနေလသည္။


"ဘယ္လိုလူလဲမသိဘူး.."


သူ႔မ်က္ႏွာႀကီးကို ၾကၫ့္ရင္းပိုအျမင္ကပ္လာမိ၍

ကုတင္စြန္းသို႔ ပိုတိုးသြားလိုက္ၿပီး

သူ႔ကိုေက်ာေပးကာ အိပ္ပစ္လိုက္သည္။

အခ်ိန္ကလည္း တျဖည္းျဖည္းညၪ့္နက္သထက္

နက္လာၿပီး အတြင္းေရာအျပင္ပါ

 တိတ္ဆိတ္ေနသၫ့္ အခိုက္အတန႔္ေလးမွာေတာ့

ေမြ့ယာေျခရင္းတြင္ ပံုထားေသာေစာင္ေလးသည္

ေမဝိုင္းေလး၏ ကိုယ္လံုးေပၚသို႔

လႊမ္းႃခံုလာၿပီး ေနြးေထြးေစေလသည္။


"..မင္းကကိုယ့္အတြက္

ေဘဘီေလး..ေလးေယာက္ေတာင္

ေမြးေပးဖို႔ဆႏၵရိွလိမ့္မယ္လို႔ ကိုယ္မထင္ခဲ့မိဘူး

မင္းကို ဒီလိုေျပာထြက္လာဖို႔ ဘယ္အရာေတြက

တိုက္တြန္းလိုက္သလဲ မသိေပမဲ့

ေက်းဇူးတင္ပါတယ္..

ကိုယ္မင္းကို ကေလးမယူေစခ်င္ေသးဘူး

မင္းကအရမ္းငယ္ေသးတယ္..

လူငယ္သဘာ၀လြတ္လြတ္လပ္လပ္‌ပဲ 

ေနသင့္ေသးတယ္.."


ေကာင္မေလးရဲ့ျဖဴႏု‌ေနေသာ မ်က္ႏွာေလးကို

ၾကၫ့္ၿပီး တိုးတိတ္စြာေရရြတ္လိုက္မိေလသည္။

သားသမီးေမြးတဲ့အခါ မိခင္တစ္ေယာက္ရဲ့

ဆံုးမသြန္သင္မႈကလည္း အဓိကက်တယ္လို႔

သူထင္ျမင္မိတယ္။


ဒါေၾကာင့္ ေမဝိုင္းေလးကိုကေလးယူမယ္

ဆိုရင္ေတာင္ ေနာက္ႏွႏွစ္ေလာက္မွပဲ

ယူေစခ်င္တယ္။

အိမ္ေထာင္က်ၿပီး ေစာေစာကေလးယူတာက

ကိုယ့္လို ၀င္ေငြေကာင္းတဲ့

ေယာက္်ားေတြအတြက္ေတာ့  ကိစၥမရိွေပမဲ့

တကယ္ကိုယ္၀န္လြယ္ၿပီး ကေလးေလးေမြးေပးရမဲ့

မိန္းကေလးအတြက္ေတာ့ သိပ္ခက္ခဲေနလိမ့္မယ္။


ဒါ့အျပင္ငယ္ငယ္ရြယ္ရြယ္နဲ႔ ကိုယ္၀န္ေဆာင္ရေတာ့

ပိုဆိုးမွာေပါ့။

အစပိုင္းမွာေတာ့ သားသမီးကိုခ်စ္တဲ့စိတ္နဲ႔

စိတ္အားထက္သန္ႏိုင္ေပမဲ့ ၾကာလာတာနဲ႔အမ်ွ

ၿငီးေငြ့လာႏိုင္ၿပီး ပင္ပန္းမႈေတြေၾကာင့္

စိတ္ဒဏ္ရာမရေစခ်င္ဘူး။


ဘာသင္ယူေလ့လာမႈမွ မလုပ္လိုက္ရပဲ

အေမတစ္ေယာက္ျဖစ္သြားရင္ ဘယ္လို

အသားက်ႏိုင္ပါ့မလဲ။


သူ႔မ်က္လံုးထဲမွာလဲ ဒီေကာင္မေလးကို

ကေလးတို႔ရဲ့ အေမအျဖစ္ျမင္ၾကၫ့္လို႔ကို

မရေသးဘူး။


အသက္ကသာႏွစ္ဆယ့္သံုးႏွစ္ျဖစ္ေနၿပီေပမဲ့

ဆယ့္ငါး၊ဆယ့္ေျခာက္အရြယ္ေလးလို

ျဖစ္ေနေတာ့ ကေလးတစ္ေယာက္ကို

ထိန္းေနရတဲ့ပံုစံက ေမဝိုင္းေလးနဲ႔

မလိုက္ဖက္သလိုပဲ။

ကေလးက ကေလးလိုပဲေနသင့္ပါေသးတယ္ေလ။


ဒါေပမဲ့သူေလးဟာ 

ကေလး‌ေလးေတြအေၾကာင္းေျပာဆိုတည္းက 

ကိုယ့္နဲ႔အၾကာႀကီးအတူရိွဖို႔

ေရြးခ်ယ္လိုက္တယ္လို႔ပဲ သူယူဆလိုက္မိသည္။


ပံုမွန္ဆိုရင္ ေမဝိုင္းေလးကသူနဲ႔ေဝးကြာဖို႔ပဲ

အၿမဲေတြးေနတယ္လို႔ ထင္ခဲ့မိတာ။

ဒါေပမဲ့ ထိုအေတြးေတြကအခုေတာ့

အားလံုးေပ်ာက္ကြယ္သြားသလို ခံစားလိုက္ရတယ္။


ေမဝိုင္းေလးကအမွားလုပ္ထားရင္ေတာင္

 ေက်ေအးေပးႏိုင္ေလာက္တဲ့အထိေပါ့။

သူဘယ္အခ်ိန္တည္းက ဒီေလာက္သေဘာထား

ႀကီးေနၿပီမွန္း မသိလိုက္ေပမဲ့သူမနဲ႔ပတ္သတ္ၿပီး

အေလ်ွာ့ေပးေနမိတာေတာ့ ေသခ်ာတယ္။


ဒီေကာင္မေလးကို သူအၾကာႀကီး

စိတ္မဆိုးႏိုင္တဲ့အျပင္ မိန္းမေတြငိုျပေနရင္

အလိုလိုမုန္းတီးအျမင္ကပ္တတ္ေပမဲ့

အခုေတာ့ ေကာင္းမေလးရဲ့၀မ္းနည္းတဲ့

အသံကို ၾကားရံုနဲ႔သူေလးရဲ့ဆႏၵေတြကိုပါ

လိုက္ေလ်ာခ်င္ေနမိတယ္။


"ဟူး..ဘာလို႔အၿမဲတမ္းကိုယ္မင္းကို

လြန္ဆန္ဖို႔ခက္ေနရတာလဲ.."


ငယ္ငယ္တုန္းကလည္း သူမ်ားေတြအႏိုင္က်င့္လို႔

စိုက္ပ်ိဳးေရးၿခံထဲမွာ ေမွာက္သြားတဲ့

ခ်ယ္ရီသီးျခင္း‌ေလးနား၌

ေမဝိုင္းေလးထိုင္ငိုေနတာကို 

ျပန္သတိရသြားမိတယ္။


အစကေတာ့ ေကာင္မေလးေခ်ာ္လဲတာက

ရယ္စရာႀကီးျဖစ္ေနလို႔ သူအာပါးတရ

ရယ္လိုက္မိေပမဲ့ ေဘးနားကေန

ျဖတ္ေလ်ွာက္မိတဲ့အခ်ိန္မွာ ခ်ယ္ရီသီးတစ္လံုးကို

တက္နင္းမိသြားေတာ့ ကိုယ့္ကိုၾကၫ့္လာတဲ့

မ်က္ရည္လႊမ္းေနေသာ မ်က္လံုးရႊဲေလးေတြေၾကာင့္ အရမ္းသနားသြားမိခဲ့တယ္။


ထို႔ေၾကာင့္ပဲ တစ္ခါမွမလုပ္ဖူးသၫ့္အလုပ္ကို

လုပ္ခဲ့မိလိုက္တယ္။

အဲ့ဒါကေတာ့ ခ်ယ္ရီသီးတစ္ျခင္းကို

ကိုယ္တိုင္ခူးၿပီး အငိုသန္ေလးအငိုတိတ္ေအာင္

လက္ေဆာင္ေပးမိျခင္းပဲ။


ျပန္ေတြးၾကၫ့္ရင္ အဲ့အခ်ိန္တည္းက

အျခားသူေတြနဲ႔မတူပဲ ဒီေကာင္မေလးကို

သူမ်က္ႏွာသာ ပိုေပးခဲ့မိတယ္ထင္ပါရဲ့။

အဲ့ဒီ့ႏူးႏူးညံ့ညံ့နဲ႔ အကဲပိုတတ္တဲ့ဟာေလးက 

သူ႔ကိုဘာလို႔ ဒီလိုျဖစ္ေနေစတာလဲ။


🍒🍒🍒🍒🍒


ေမဝိုင္းေလးတစ္ေယာက္ ဒီေန့လည္း

အဖြားေဘးမွာပဲ အေဖာ္ျပဳေပးရင္းႏွင့္

အခ်ိန္ေတြကို ကုန္ဆံုးေစလိုက္သည္။

ဖြားႏုရဲ့က်န္းမာေရးကေတာ့ သိပ္ၿပီး

မဆိုးဝါးေပမဲ့ တစ္ခါတေလ

ေသြးေပါင္ခ်ိန္ၾကၫ့္ရင္ ေသြးေတြတအားတိုးလာ

တာမ်ိဳး ျဖစ္တတ္၍ အရမ္းစိတ္ခ်ရတဲ့

အေနအထားေတာ့ မဟုတ္ေသးေပ။


ဒီအိမ္မွာက မနက္ပိုင္းေလးနဲ႔ညပိုင္း‌ေလး

တျဖတ္မွာသာအိမ္သားေတြ ရိွေနတတ္ၾကၿပီး

ေန့ခင္းပိုင္းေရာက္တာနဲ႔ တိတ္ဆိတ္ေနတတ္သည္။


အန္တီရတနာကလည္း သူ႔ဆိုင္အလုပ္ေတြနဲ႔

သူျဖစ္ၿပီး က်န္တဲ့လူေတြကလည္း

အလုပ္ကိုယ္စီနဲ႔ျဖစ္ကာ အားယားေနတာဆိုလို႔

ဖြားႏုႏွင့္ဝိုင္းေလးတို႔ႏွစ္ေယာက္သာ

ရိွေလသည္။

ၾကည္ၾကည္ေတာင္မွ အပင္ေရေလာင္းရလိုက္၊

အိမ္သန႔္ရွင္းေရးလုပ္ရလိုက္နဲ႔ အားတယ္ရယ္လို႔

မရိွေပ။


ဝိုင္းေလးက ကူလုပ္ေပးခ်င္ေပမဲ့ေအးလွတို႔

တူ၀ရီးက သူတို႔နဲ႔တန္းတူ‌လုပ္ေပးရင္

အဆင့္တူတူပဲဆိုၿပီး ပိုရဲြ႔ေစာင္းၾကမွာစိုးလို႔

အိမ္အလုပ္ကို မကူေပးရဲဘူး။

ထို႔ေၾကာင့္ ဖြားႏု၏ေဘးနားမွာသာ

တစ္ခ်ိန္လံုး အေဖာ္ျပဳေပးေနလိုက္သည္။


ေန့လည္ေလာက္ေရာက္ေတာ့ မမူးကအိမ္ကို

ျပန္လာၿပီး ဖြားႏုႏွင့္လာစကားေျပာေပးပါတယ္။

မမွဴးက နာမည္ႀကီးအဆိုေတာ္လို႔မေျပာရဘူး

လွတာေတာ့ ေတာ္ေတာ္လွတယ္။

ဆံပင္ကို အတိုပဲထားတတ္ေပမဲ့ ေျဖာင့္ထား၍

ဆင္းက်ေနၿပီး ေခါင္းရမ္းလိုက္ရင္

ဆံပင္ေတြကတုန္တုန္အိအိေလးျဖစ္ေနေလသည္။


ရိုက္ကြင္းကိုသြားမလို႔ထင္ပါရဲ့ မ်က္ႏွာေလးကို

ျခယ္ထားလိုက္တာမ်ား ၾကၫ့္လို႔ေကာင္းေနေရာပဲ။

ဝိုင္းေလးတို႔ အျပင္တစ္ခါသြားရင္

ျပင္တယ္ဆိုတာက မ်က္ေတာင္ေကာ့တာ

အိုင္းလိုင္နာဆဲြတာေလာက္ပဲ။


ပါးနီေတာင္ သိပ္မျခယ္တတ္ေတာ့ မမွဴးလို

အိုင္းရွဲဒိုးကို ကိုယ္လိုခ်င္သလိုလွလွေလး

မခ်ယ္တတ္ဘူးရယ္။


အခုေတာ့ၾကၫ့္ပါအံုး မ်က္ေတာင္တုေလးက

မမွဴးရဲ့ မ်က္၀န္းေလးမွာဟပ္က်ေနၿပီး

ေၾကာင္မ်က္လံုးေလးလို ဝိုင္းထြက္ေနတာပဲ။

မ်က္ကပ္မွန္ အျပာေရာင္ေလးတပ္ထားေတာ့

သမုဒၵရာေရအ‌ေရာင္ပမာ မမွဴးရဲ့မ်က္လံုးေတြက

ပိုဆဲြေဆာင္မႈရိွေနေစတယ္။


ပါးနီျခယ္ထားတာေလးကလည္း ဝိုင္းေလးတို႔လို

မဆိုးရြားပဲ မႈန္မႈန္ေလးနဲ႔လွလိုက္တာ

ေျပာမေနနဲ႔။

မင္းစက္အာဏာရဲ့ အစ္မလို႔မေျပာရဘူး။

စက္စက္ယိုေအာင္ကိုလွလြန္းတာ။


"ဝိုင္းေလး..တို႔မ်က္ႏွာကိုဘာလို႔အဲ့ေလာက္

ေငးၾကၫ့္ေနရတာလဲ..တို႔မ်က္ႏွာမွာ

တစ္ခုခုေပေနလို႔လား.."


"ဟင့္အင္း..မေပပါဘူး..မမွဴးကလွလြန္းလို႔

ေငးၾကၫ့္ေနမိတာ..ဒီမိတ္ကပ္ကိုမမွဴးကိုယ္တိုင္

ျခယ္ထားတာလားဟင္..လွလိုက္တာေနာ္.."


သူ႔ကိုလွတယ္ေျပာေတာ့လည္း အိမ့္ခ်စ္မွဴးေဝ

ေက်နပ္သြားမိတာေပါ့။

ဘယ္သူက လွတယ္လို႔အေျပာမခံခ်င္ပါ့မလဲ။

အစကေတာ့ ေမဝိုင္းေလးအေပၚ

 အထင္လဲြမိတာမ်ိဳးရိွခဲ့ေပမဲ့ ကိုယ့္အဖြားကို

အနီးကပ္ျပဳစုေပးေနတာျမင္ရေတာ့

ေက်းဇူးေတာင္‌တင္ေနမိတယ္။


မင္းစက္နဲ႔က သိပ္မတၫ့္ေပမဲ့

ဒီလိုလိမၼာတဲ့ ေယာင္းမမ်ိဳးေလးကို

ရလိုက္တဲ့အတြက္ ကိုယ့္ေမာင္ကိုေက်းဇူးေတာင္

တင္ရမလိုျဖစ္ေနၿပီ။


"တို႔မွာကိုယ္ပိုင္မိတ္ကပ္ဆရာရိွေပမဲ့

မ်ားေသာအားျဖင့္ ကိုယ့္ဘာသာျပင္တာမ်ားတယ္

ေမဝိုင္းေလးဆႏၵရိွရင္ အစ္မအားတဲ့အခါ

သင္ေပး‌မယ္ေလ.."


"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္မမွဴး..ဒါနဲ႔

မမွဴးက ဒီေန့ရိုက္ကူး‌ေရးရိွတာလား..

ဟုတ္တယ္..ဒီေန့က၀င္းနဲ႔ႏွစ္ေယာက္ေပါင္းၿပီး

ထုတ္ဖို႔ရိွတဲ့ စီးရီးအတြက္ရိုက္ကူးေရး

သြားမလို႔ေလ..ဝိုင္းေလးေရာလိုက္ခဲ့ပါလား

အေတြ့အႄကံုရတာေပါ့..."


"ဟုတ္သားပဲ..ခဏေနဆိုအဖြားလည္း

တေရးအိပ္ေတာ့မွာဆိုေတာ့

 ဝိုင္းေလးပ်င္းေနမွာေပါ့..

လိုက္ခ်င္လိုက္သြားေလ..ၾကည္ၾကၫ့္ကိုသာ

အခန္းထဲကို လႊတ္လိုက္..အဖြားလည္းအခု

ေကာင္းေနတာပဲဟာ.."


အဖြားကေကာင္းေနတယ္ဆိုေပမဲ့ ရုတ္တရက္ႀကီး

ေသြးေတြထတိုးရင္ ဘယ္လိုလုပ္မလဲ။

လိုက္တာကလိုက္ခ်င္ေပမဲ့ အဖြားကိုလည္း

စိတ္မခ်ႏိုင္ေပ။


မမွဴးကလည္း လိုက္ေစခ်င္ပံုရတယ္။

ေနာက္ၿပီး ဝိုင္းေလးလည္းကိုဦးနဲ႔ေတြ့ခ်င္မိတယ္။

ဟိုတစ္ေန့က ရံုးခန္းထဲမွာဘာေတျြဖစ္သြားလို႔

ကိုမင္းစက္က ဝိုင္းေလးကိုသိပ္စိတ္ဆိုးရတာလဲ

ဆိုတာ ကိုဦးကိုေမးၾကၫ့္ခ်င္တယ္။


မဇင္ကေတာ့ လံုး၀ထုတ္ေျပာမွာမဟုတ္ဘူး။

ကိုဦးကလည္း ဖုန္းေခၚတိုင္းမကိုင္ဘူး။

ရုတ္တရက္ႀကီး ဘာေၾကာင့္ခင္မင္မႈကို

ျဖတ္ေတာက္သြားရတာလဲ။

ဝိုင္းေလး သူတို႔အေပၚမွာဘာအမွားမွ

မက်ူးလြန္ခဲ့တာေတာ့ ေသခ်ာတယ္။


ကိုဦးဘက္က ဝိုင္းေလးကိုစိတ္ဆိုးေလာက္စရာ

ကိႁစၥကီးႀကီးမားမားလည္း မရိွပဲဒီလိုႀကီး

ဖုန္းေခၚေတာင္ မကိုင္တဲ့အဆင့္ကေတာ့

နဲနဲမ်ားလြန္းတယ္လို႔ ထင္မိတယ္။

ၾကၫ့္ရတာ သူကဝိုင္းေလးကိုတကယ္အစစ္အမွန္

မခင္လို႔ေနမွာေပါ့။


"မမွဴးနဲ႔အတူဝိုင္းေလးလိုက္ခဲ့ပါ့မယ္..

ဒါေပမဲ့ အၾကာႀကီးေတာ့ေနလို႔မရေလာက္ဘူး.."


"အိုေကပါ..တို႔ကလည္းဒီေန့ခဏပဲ 

အခ်ိန္ရတာပါ..ညေနၾကရင္ပါတီပဲြ

တက္ဖို႔ရိွလို႔ေလ.."


"ဟုတ္ကဲ့..."


🍒🍒🍒🍒🍒🍒


(အခ်ိဳေတြကၽြေးတယ္ေနာ္..)😀

  

No comments:

Post a Comment