(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၂၄)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
မနက်ခင်း၏နေရောင်ခြည်လေးသည်
သစ်ရွက်ကလေးများကြားမှ တိုးတိုက်ဖြတ်သန်း
လာခဲ့လေသည်။
ပန်းပွင့်လေးများပေါ်တွင် ခိုတွဲနေသော
နှင်းစက်ကလေးများဟာလည်း ပျယ်လွှင့်စ
ပြုလာခဲ့သလို ပန်းတို့၏ဥယျာဉ်မှူးများသည်လည်း
လုပ်ငန်းစနေကြလေပြီ။
အိမ်ကြီး၏အတွင်းအပြင်တစ်လျှောက်
အလုပ်သမားများသည် ကိုယ်စီအလုပ်လုပ်ကြရင်း
တက်ကြွရွှင်လန်းနေကြသည်။
မီးဖိုခန်းထဲ၌ ဒေါ်ခင်မြတို့သည်မေဝိုင်းလေး၏
အကြိုက် မနက်စာကိုပြင်ဆင်ပေးနေကြသလို
အိမ်သန့်ရှင်းရေး လုပ်သူများကလည်း
သူတို့၏အလုပ်ကို တာ၀န်ကျေအောင်
လုပ်နေကြလေသည်။
အပေါ်ထပ်အိပ်ခန်းထဲတွင်တော့ အိပ်ယာပေါ်၌
လူးလှိမ့်နေသော မိန်းကလေးတစ်ယောက်
ရှိလေသည်။ဆံပင်ရှည်များသည်
အိပ်ယာပေါ်၌ လှပစွာဖြန့်ခင်းထားသကဲ့သို့
နှစ်သက်စရာကောင်းနေပြီး
နှဖူးပြေပြေလေးများက သေသပ်လှပလွန်းသည်။
ပါးမို့လေးများဟာ
မက်မွန်သီးလေးများကဲ့သို့ရဲနေပြီး
ပန်းဆီရောင်သန်းနေသောနှုတ်ခမ်းလေးနှင့်
နှာတံလှလှလေးက သူမ၏မျက်နှာအလှကို
ပိုကြွစေသည်။
ရုတ်တရက် စောင်ပုံထဲတွင်ဟိုစမ်း၊ဒီစမ်း
လုပ်နေမိရင်းနှင့် မျက်လုံးတွေကို
ဖွင့်ကြည့်လိုက်မိတော့ ဘေးနားမှာ
တစ်ယောက်မှရှိမနေပေ။
ထထိုင်လိုက်မိသည့်အခါမှာတော့
ရင်စို့အထိ ဆွဲခြုံထားသောစောင်သည်
အောက်ကို လျှောကျသွားလေသည်။
"ဒီစောင်ကသူခြုံပေးသွားတာလား..
သူဘယ်ရောက်သွားတာလဲ..."
အခန်းတစ်ခုလုံးကို ဝေ့ဝဲပြီးကြည့်လိုက်သော်လည်း
မင်းစက်အာဏာ၏အရိပ်ကိုတောင်မတွေ့ရပေ။
ဖုန်းကိုထုတ်ကာ နာရီကိုကြည့်လိုက်တော့
ခုနှစ်နာရီထိုးဖို့ဆယ့်ငါးမိနစ်လောက်
လိုသေးသည်။
"အလုပ်သွားပြီများလား..ငါတောင်မသိလိုက်ဘူး.."
သူဘယ်အချိန်တည်းကနိုးပြီး အလုပ်ထသွားသလဲတောင်မသိလိုက်သည်အထိ အိပ်ပျော်နေမိသော
ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်မိသည်။
ရေချိုးခန်းထဲသို့၀င်လိုက်ကာ တစ်ကိုယ်ရည်
သန့်ရှင်းရေးလုပ်ပြီးသွားသည့်နောက်
မိတ်ကပ်ပါးပါးလေးပုတ်လိုက်ပြီး
ယူနီဖောင်းလဲကာ အိပ်ခန်းအပြင်သို့
ထွက်လာခဲ့လိုက်သည်။
ထမင်းစားခန်းထဲသို့ရောက်တော့
ကြည်ကြည်နှင့်အန်တီခင်မြတို့က ဝိုင်းလေး
စားချင်သည့် ထမင်းကြော်နှင့်ကြက်ဥကြော်ပန်းကန်လေးကို အဆင်သင့်ချထားပေးလေသည်။
"မမဝိုင်းလေးကိုကြည့်ရတာ မနေ့ညကအိပ်လို့
ကောင်းခဲ့တယ်ထင်ပါရဲ့...မျက်နှာလေးကို
ပြည့်ဖောင်းနေတာပဲ.."
"ဟုတ်လား..."
ဝိုင်းလေးလည်း ပြုံးရွှင်သွားပြီး
ကိုယ့်ပါးတွေကို ကိုင်ကြည့်လိုက်မိသည်။
ပြန်တွေးကြည့်လိုက်တော့ ညကဝိုင်းလေးရဲ့
ရင်ခွင်ထဲသို့ သူတိုး၀င်လာသည်ဆိုပေမဲ့
သူ့ကြောင့်လည်း ပိုလုံခြုံနွေးထွေးသလို
ခံစားရပြီး အိပ်လို့ကောင်းခဲ့တာထင်ပါတယ်။
ပုံမှန်ဆိုရင် ဝိုင်းလေးကညလယ်လောက်မှာ
လန့်နိုးလာတတ်ပြီး စိတ်တွေဂယောင်ခြောက်ခြား
ဖြစ်တတ်တယ်။
အိမ်မှာဆို ဒေါ်လေးနဲ့အတူအိပ်တဲ့အခါ
ဒေါ်လေးက ဖက်ထားပေးပေမဲ့သူနဲ့အတူရှိတဲ့
ဒီညက ပိုပြီးစိတ်သက်သာရာရနေသလိုပဲ။
"အော်..ဒါနဲ့..ကိုစက်ရော..အလုပ်သွားခါနီး
မနက်စာစားသွားသေးလား..."
"ဟယ်..မမဝိုင်းလေးကို အစ်ကိုလေးက
ဘာမှမပြောသွားဘူးလား.."
"ဘာကိုလဲဟ..."
"အစ်ကိုလေး..စင်္ကာပူကိုခရီးထွက်သွားပြီလေ
တစ်ပတ်လောက်ကြာမယ်တဲ့..."
"တကယ်ပြောနေတာလား..."
"တကယ်ပေါ့မမရဲ့...အဲ့ဒါတောင်အန်တီခင်မြက
ကိုမင်းသစ်ကြီးခရီးအိတ်လာသယ်တာတွေ့လို့
မေးကြည့်ရင်းနဲ့သိတာလေ.."
ထိုစကားကိုကြားတော့ စားကောင်းနေတဲ့
ထမင်းကြော်တောင် ပါးစပ်ထဲမှာလုံး၀အရသာ
မရှိတော့သလိုဖြစ်လာ၍ ဇွန်းကိုတောင်
ဆက်၍မကိုင်ချင်တော့ပေ။
*သူကအမြဲတမ်းဒီလိုကြီးပဲ ခရီးထွက်တိုင်း
ဝိုင်းလေးကို လုံး၀အသိမပေးခဲ့ဘူး..
အိပ်နေလို့မနှိုးချင်ဘူးဆိုလည်း စာလေးတော့
ရေးထားခဲ့ပါလား..ဒါမှမဟုတ်..အခုထိ
သူ့ကိုခါးနာအောင်၊ခေါင်းပေါက်အောင်
လုပ်လိုက်တဲ့ကိစ္စကို မကျေနပ်သေးတာများလား*
"သူဘာမှာခဲ့သေးလဲ..."
သူ့လို သွေးအေးပြီးအခြားသူတွေရဲ့ ခံစားချက်ကို
အလေးမထားတဲ့လူတစ်ယောက်က
အလွယ်လေးကောက်ယူထားတဲ့မိန်းမကို
ဘာမှ မမှာနိုင်လောက်ဘူးလို့ ထင်မိပေမဲ့
မျှော်လင့်ချက်လေးတစ်ခုတော့ ထားလိုက်မိသည်။
"အော်...တစ်ခုတော့မှာသွားခဲ့တယ်.."
"ဘာလဲဟင်.."
ဝိုင်းလေး၏မျက်လုံးများသည် ကြယ်ကလေးများလို အရောင်တောက်လာခဲ့သည်။
လိပ်ပြာတောင်ပံလေးတွေကဲ့သို့ မျက်တောင်ရှည်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည်ကိုကြည့်ကာ
ကြည်ကြည်ကလည်း ပြုံးလိုက်ပြီးနောက်..
"အိပ်ခန်းတံခါးကိုသွားမခေါက်နဲ့တဲ့..."
"ဟမ်!!!အဲ့ဒါပဲလား..."
"အဲ့ဒါပဲလေ..."
မမဝိုင်းလေးကတော့ ကြည်ကြည့်ရဲ့အဖြေကို
မနှစ်သက်သလိုဖြင့် ထမင်းကြော်စားနေတာတောင်
ရပ်လိုက်ပြီး မျက်နှာကြီးစူပုတ်ကာ ထွက်သွားပေမဲ့
ကြည်ကြည်ကတော့ မနက်၅နာရီခွဲလောက်ကတင်
အစ်ကိုလေးမင်းစက်၏ အမိန့်အာဏာသံကြီးကို
ပြန်ကြားယောင်ပြီး ကြက်သီးထနေရလေသည်။
အစ်ကိုလေးဟာ သူ့ရဲ့ပင်ကိုယ်ပုံစံအတိုင်း
အနက်ရောင်၀တ်စုံအပြည့်ကို ၀တ်ထားခဲ့ပြီး
"အိပ်ခန်းတံခါးကိုသွားမခေါက်မိစေနဲ့.."ဆိုပြီး
မိန့်ကြားသွားခဲ့တယ်။
သာမာန်စကားလုံးလေးတစ်ခုပဲ ဆိုပေမဲ့
ထိုစကားကို ပြောနေစဉ်အချိန်၌
အစ်ကိုလေး၏မျက်နှာထားသည်
ရေခဲတောင်ထိပ်မှာ ရပ်နေသလို
အေးစက်နေပြီး ညဉ့်အခါမှအိပ်ယာနိုးလာတဲ့ ဝံပုလွေတစ်ကောင်လိုအကြည့်တွေကအစ
စူးရှနေခဲ့တာပါ။
သူ့အိပ်ခန်းတံခါးကို သွားခေါက်မိရင်
ကမ္ဘာ့အကြီးမားဆုံး အပြစ်ကိုပင်ကျူးလွန်လိုက်
မိမဲ့ ပုံမျိုးနဲ့ပြောခဲ့တာ။
*ပြန်စဉ်စားကြည့်တော့ အိပ်ခန်းထဲမှာ
မမဝိုင်းလေးအိပ်နေတာကလွဲပြီး
မီးခံသေတ္တာလည်းမရှိဘူးလေ။..."
❤️❤️❤️❤️❤️
"ဒီဌာနမှာ မေဝိုင်းလေးကဘယ်သူလဲရှင်.."
"ကျွန်မပါ..."
အဖွဲ့တွေခွဲပြီး အပြင်ထွက်မလို့ပြင်နေချိန်မှာပဲ မိန်းကလေးတစ်ယောက်က ကိုယ့်နာမည်ကိုတပ်ပြီး
လာခေါ်နေသည့်အတွက် လန့်သွားမိလေသည်။
ထို့ကြောင့် ခွင့်တောင်းပြီးဌာနမအပြင်သို့
ထွက်လိုက်ကာ လာခေါ်သည့်မိန်းကလေးကို
သေချာလေးသွားကြည့်လိုက်လိုက်မိသည်။
"ကျွန်မကမေဝိုင်းလေးပါ ဘာကိစ္စရှိလို့လဲမသိဘူး"
ထိုမိန်းကလေးကို သေချာကြည့်လိုက်တဲ့အခါ
ဝိုင်းလေး သေချာမျက်မှန်းတန်းမိသွားလေသည်။
သူကကုမ္ပဏီထဲသို့ ၀င်လာသည်နှင့်
ကောင်တာတွင် ထိုင်ရသော
မိန်းကလေးနှစ်ယောက်တည်းက
တစ်ယောက်ဖြစ်သည်။
သူကိုယ်တိုင် လာခေါ်တာဆိုတော့
တစ်ယောက်ယောက်က ဝိုင်းလေးကို
တွေ့ချင်နေလို့များလား။
"ကျွန်မနဲ့လိုက်ခဲ့ပေးလို့ရမလား
ညီမကို အရေးတကြီးတွေ့ချင်နေတဲ့လူရှိလို့.."
"ဘယ်သူများလဲ.."
"သူ့ကိုယ်သူတော့ မသဇင်လို့ပြောတယ်..
အရေးကြီးကိစ္စရှိလို့တဲ့..ဧည့်တွေ့တဲ့နေရာကို
လာခဲ့လိုက်နော်.."
ထိုအစ်မက အကြောင်းကြားပေးပြီးတာနှင့်
ထွက်သွားလေတော့သည်။
သဇင်ဆိုတဲ့နာမည်ကို ဝိုင်းလေးတစ်ခါမှ
မကြားဖူးသလို ဝိုင်းလေးရဲ့အသိထဲမှာလည်း
အဲ့ဒီ့နာမည်မျိုး တစ်ယောက်မှမရှိပေ။
"ဘယ်သူလဲမသိဘူး..."
စဉ်းစားမရတဲ့အဆုံး ခေါင်းကိုသာဖိကုတ်လိုက်ပြီး
မဂျူးကိုခွင့်တောင်းကာ အောက်ဆုံးအထပ်သို့
ဆင်းလာခဲ့လိုက်သည်။
ဧည့်တွေ့သည့် နေရာမှာတော့ဆိုဖာပေါ်တွင်
မိန်းမတစ်ယောက် ထိုင်နေတာကိုတွေ့လိုက်ရ၍
မျက်ခုံးတွေ ပင့်တက်သွားရသည်။
ထိုအစ်မသည် အသက်၃၀နီးပါးလောက်ရှိလိမ့်မည်။အရပ်ကရှည်ပြီး ကုတ်အညိုရောက်ကို
အဖြူရောင် စတိုင်ပဲန်နှင့်တွဲ၀တ်ထားကာ
လှိုင်းတွန့်ပုံစကောက်ထားသော ဆံပင်ရှည်များကို
အနောက်သို့ ပို့ထားလေသည်။
မျက်နှာကျသွယ်သွယ်ဖြင့် ချောသည်ဟုဆိုရပေမဲ့
လက်ပိုက်ပြီး ဝိုင်းလေး၏အလာကိုကြည့်နေပုံက
အရာရာကို လွှမ်းမိုးနိုင်သောအရှိန်အဝါတွေရှိနေသည်ဟုခံစားရစေသည်။
"ဝိုင်းလေးကိုတွေ့ချင်တာအစ်မလား..."
သူ့အရှေ့မှာရပ်၍ မေးလိုက်တော့ထိုအစ်မကလည်း
ထရပ်လိုက်သည်။
အရပ်ချင်းယှဉ်ကြည့်လိုက်တော့ ဝိုင်းလေး၏
ဦးခေါင်းက သူ့နားရွက်နားလောက်ပဲရှိမည်ဟု
တွေးလိုက်မိသည်။
ရှည်လိုက်တဲ့အရပ်..
"တွေ့ရတာ၀မ်းသာပါတယ်...တို့နာမည်သဇင်ပါ
၀င်းကတော့မဇင်လို့ခေါ်တယ်..
ညီမလည်းအစ်မကိုအဲ့လိုခေါ်နိုင်ပါတယ်..."
"၀င်း...၀င်းဆိုတာက..."
ဝိုင်းလေးထင်နေသည့်လူတစ်ယောက်များ
ဖြစ်နေမလားဆိုသည့် မျှော်လင့်ချက်နှင့်
မေးလိုက်မိတော့ မဇင်ကပြုံးပြလာလေသည်။
ဒီအစ်မကိုကြည့်ရတာ အမြင်ထက်အတွင်းစိတ်က
ပိုနွေးထွေးသလိုပဲ။
"နွေဦးလေပြည်လေ...အဆိုတော်နွေဦးလေပြည်
အစ်မကသူ့ရဲ့မန်နေဂျာပါ..
သူကငါ့ညီမကို သိပ်တွေ့ချင်နေတယ်..
ဒါပေမဲ့ဒီနေ့ အသံသွင်းရမဲ့နေ့ဆိုတော့
သူကိုယ်တိုင်မလာအားလို့ အစ်မကိုလွှတ်လိုက်တာ
ညီမအားမဲ့တစ်ရက်လောက် တွေ့ချင်ပါတယ်တဲ့
ညီမကရော တွေ့ဖို့ဆန္ဒရှိလား..."
တွေ့တော့တွေ့ချင်တယ် ဒါပေမဲ့မတွေ့ရဲဘူး။
နောက်ပြီး သူကအရမ်းကျော်ကြားနေတဲ့
လူဆိုတော့သွားတွေ့မိရင် အဆိုတော်ဖြစ်နေလို့
လာတွေ့တယ်ဟု ထင်သွားမှာစိုးတယ်။
ကိုယ်တိုင်ကလည်း တကယ်အမှားလုပ်ခဲ့မိတာပါ။
ဘာလို့များ မနေ့ကပွဲမှာသူ့ကို
"ကျွန်မကမေဝိုင်းလေးပါလို."လှမ်းအော်ပြောမိလိုက်သလဲ မသိတော့ဘူး။
မပြောခဲ့မိရင်ကောင်းသား။
"ဘာဖြစ်လို့လဲညီမ..."
"ဘာပြောရမှန်းတောင်မသိတော့ပါဘူးအစ်မရယ်
သူနဲ့ညီမက မတွေ့တာ၈နှစ်လောက်ရှိနေပြီ
သူညီမကို တွေ့ချင်နေလိမ့်အုံးမယ်လို့ကို
မထင်မိတာ.."
မဇင်သည် မက်မွန်သီးလိုပါးမို့လေးတွေရဲနေပြီး
စိတ်လှုပ်ရှားနေသော ကောင်မလေးကိုကြည့်ကာ
ပြုံးလိုက်မိလေသည်။
အသက်၂၇နှစ်ရှိသွားပြီဆိုပေမဲ့ ၀င်းတစ်ယောက်
ဘာDatingသတင်းမှမထွက်တာလည်း
အံ့ဩစရာမရှိတော့ပါဘူး။
သူတကယ်စောင့်မျှော်နေတဲ့ ကလေးမက
တကယ်ကိုဖြူစင်ပြီး ချစ်စရာကောင်းနေခဲ့တာကို။
အသားအရည်က နှင်းစက်လေးတွေလိုဖြူဖွေးပြီး
မျက်လုံးလေးတွေက ဝိုင်းစက်နေကာ
ကြောင်ပေါက်ကလေးလိုပါပဲ။
သိပ်မပြင်မဆင်ပဲတောင် ၀င်းနှင့်တွဲပြီး
သရုပ်ဆောင်တဲ့မင်းသမီးတွေ အဆိုတော်တွေလောက်က မယှဉ်ရဲစရာမရှိပေ။
မေဝိုင်းလေးလိုပုံစံကို ဘယ်ယောက်ျားလေးက
သဘောမကျပဲရှိလိမ့်မလဲ။
ဒီလို ရတနာမျိုးလေးကို ၀င်းတစ်ယောက်
ဘယ်နေရာမှာများ ရှာတွေ့ခဲ့တာပါလိမ့်။
မိန်းကလေးအချင်းချင်းတောင် တစ်ချက်ကြည့်ရုံနဲ့
နှစ်သက်မိမဲ့ ပုံစံလေး။
မေဝိုင်းလေး၏ပုံစံက စိတ်လှုပ်ရှားပြီး
ကိုယ်ရင်းနှီးခဲ့သော မိတ်ဆွေကနာမည်ကြီး
အဆိုတော်ဖြစ်သွားတော့ မတွေ့ရဲတော့သည့်
ပုံပေါ်နေ၍ ကောင်မလေး၏ ယှက်ထွေးထားသော
လက်ကလေးကို အားပေးသည့်အနေဖြင့်
ဆုပ်ကိုင်လိုက်မိသည်။
"စိတ်မပူပါနဲ့ညီမရယ်..အချိန်တွေကြာသွားပြီ
ဆိုပေမဲ့..ကိုယ့်အပေါ်ကောင်းပေးတဲ့
လူတွေကိုတော့ ဘယ်သူကမေ့နိုင်မှာလဲ
..၈နှစ်လောက်ကြာသွားလဲ
ညီမကိုသူဆက်ပြီး ခင်မင်နေတုန်းပဲဆိုတာ
အစ်မအတတ်ပြောရဲတယ်...
အစ်မတို့ဖုန်းနံပါတ်ချင်းလဲပြီး ဖေ့ဘွတ်မှာ
သူငယ်ချင်းဖွဲ့ကြမယ်လေ..ညီမအားတဲ့ရက်ကို
ချိန်းကြတာပေါ့..."
"ညီမတို့ဆားဗစ်သမားတွေ ပုံသေပိတ်ရက်မရှိဘူး
အစ်မရဲ့..ဒါပေမဲ့ဒီတစ်ပတ်စနေတော့ညီမ
နားရမလားမသိဘူး..
တစ်ချက်မေးကြည့်လိုက်မယ်လေ.."
"ကောင်းပြီလေ..ဒါဆိုရင်..ညီမလေးအဆင်ပြေတဲ့
အချိန်ကြစာပို့ပြီးဖြစ်ဖြစ် ဖုန်းဆက်ပြီးဖြစ်ဖြစ်
အသိပေးပေါ့..၀င်းရဲ့အချိန်ဇယားနဲ့ညှိပြီး
တွေ့ဖို့စီစဉ်လိုက်မယ်နော်..."
"ဟုတ်ကဲ့ပါ.."
အချင်းချင်းဖုန်းနံပါတ်တွေ အလဲအလှယ်လုပ်ကြပြီးဖေ့ဘွတ်မှာလည်း အကောင့်အပ်လိုက်ကြသည်။
ပြီးနောက်ဝိုင်းလေးလည်း ကိုယ့်ဌာနသို့ ပြန်လာ
ခဲ့လိုက်ပါသည်။
🍒🍒🍒🍒🍒🍒🍒
တစ်ဖက်တွင်တော့ မင်းစက်သည်လေယာဉ်ပေါ်၌
ခါးပတ်ကိုဖြုတ်လိုက်ပြီးနောက် ရွေ့လျှားနေသော
တိမ်စိုင်တို့ကို ကြည့်လျှက်ပြုံးလိုက်မိလေသည်။
တိမ်စိုင်လေးတွေက တဖြည်းဖြည်းရွေ့လျှားနေပြီး
ကိုင်ကြည့်လို့ မရပေမဲ့အမြင်မှာတော့
နူးညံ့နေသလိုပဲ။
ခေါင်းကိုရှေ့တည့်တည့်သို့ ပြန်လှည့်လိုက်ပြီး
မျက်လုံးတွေကိုမှိတ်လိုက်မိသည့်အခါမှာတော့
သူ့မျက်၀န်းထဲတွင် မနက်အိပ်ယာနိုးတည်းက
ကပ်ပါလာနေသည့် ပုံရိပ်ကလေးကို
ထပ်တွေ့လိုက်ရပြန်သည်။
မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့ဟာတကယ်ကို ထူးခြားတာပါလား။
စူးရှရှရေမွှေးရနံ့မျိုးမဟုတ်ပဲ ပင်ကိုယ်
မွှေးတဲ့ရနံ့လေး။
အသားအရည်ကလည်း ဘာကြောင့်ဒီလောက်
ကောင်းနေရတာလဲ။
နူးညံ့လွန်းလို့ ဂွမ်းစလေးကိုထိလိုက်ရသလိုပဲ
တစ်ချက်လောက်ဖြစ်ညှစ်လိုက်တာနဲ့
ကြေပဲ့သွားတော့မလိုကို ခံစားရတာ။
လည်တိုင်လေးကအစ ပုလဲလုံးလေးကို
ပွတ်သပ်ကြည့်ရသလို ချောမွေ့နေတာ။
တွေးရင်းနှင့် ကိုယ့်လက်ကိုယ်ပြန်ကြည့်လိုက်မိ
လေသည်။
လက်ချောင်းအချင်းချင်း ပွတ်သပ်ကြည့်လိုက်မိသည့်အခါမှာတော့ သူမရဲ့ဆံစလေးများကို
ဆုပ်ထွေးပြီး လည်တိုင်ကျော့ကျော့လေးကို
ထိတွေ့မိခဲ့တဲ့ ခံစားမှုတွေကပျောက်ကွယ်မသွားသေးဘူး။
"ဟူး!!!."
သူသက်ပြင်းချလိုက်မိလေသည်။
ပုံမှန်ဆိုရင်တစ်ယောက်တည်းပဲ အေးဆေး
အိပ်တတ်သည့်ကိုယ်ဟာ အခုတော့
မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲကနေအိပ်မက်
လှလှမက်ပြီး နိုးထလာခဲ့ရတယ်။
နဲနဲတော့လည်း ရှက်စရာကောင်းသား။
"ဆရာ..ဘာတွေသဘောကျနေတာလဲ.."
ဟိုဘက်အခြမ်းတွင်ထိုင်နေသော
ကောင်းသန့်သည် သူ့ဆရာသမားတစ်ယောက်တည်းပြုံးနေတာကို တွေ့လိုက်ရ၍
အလွန်အံ့ဩသွားကာ မနေနိုင်ပဲထမေးလိုက်မိတော့သည်။
သူမေးလိုက်မှပဲ ဆရာကချက်ချင်းတည်
သွားတော့သည်။
ကောင်းသန့်၏ စိတ်ထဲတွင်တော့..
*ဒါမှန်းသိရင်မမေးပါဘူး..
သူ့ဘာသာစိတ်ကူးလေးနဲ့ ဆက်ရူးခိုင်းလိုက်ပါတယ်..."
"ကောင်းသန့်..."
"ဗျာ.."
"မင်းတို့မင်္ဂလာဦးညတုန်းက အဆင်ပြေကြလား.."
"ဟာ..ဆရာရယ်..အဆင်ပြေလို့ပဲ
ကလေးတစ်ယောက်တောင်ရနေပြီဥစ္စာကို.."
"ဟာ..ငါမေးတာအဲ့ဒါမဟုတ်ဘူးဟ.."
"ဆရာကလည်း..ဘာတွေမေးနေမှန်းမှမသိတာ.."
စကားကိုအများကြီးမပြောတာက ဆရာ့ရဲ့
စတိုင်လ်ဖြစ်ပေမဲ့ တစ်ခါတလေလည်း
တုံးတိကြီး ပြောတတ်လွန်းလို့နားကိုမလည်ပေ။
အခုလည်း ကောက်ခါငင်ကာကြီးမင်္ဂလာဦးညက
အကြောင်းကို ထမေးလာတယ်။
ကြည့်ရတာ ငါတို့ကသမီးလေးမွေးတော့
အားကျလို့ထင်ပါတယ်။
"ငါမေးချင်တာကကွာ..မင်းတို့ရဲ့မင်္ဂလာဦးညမှာ
မင်းရဲ့မိန်းမက ကုတင်ပေါ်ကနေ
ကန်ချတာတို့ဘာတို့ လုပ်သလား..."
"မလုပ်ပါဘူးဆရာရယ်..ကျွန်တော်တို့လင်မယားက
ငယ်ချစ်တွေဗျ..လုပ်ရဲလုပ်ကြည့်ပါလား
ကျွန်တော်နဲ့တွေ့သွားမှာပေါ့..."
"ဘာလဲ..မင်းရဲ့မိန်းမကမင်းကို
ကြောက်ရတယ်ပေါ့.."
"ဘယ်ကလာ..မောင်ရေဆိုတာနဲ့
ရေခပ်ပြီးသား..ထမင်းခူးပြီသား..အ၀တ်တောင်
လျှော်ပေးရတယ်ဆရာရယ်.."
ဒီနေရာမှာတော့ ကောင်းသန့်တို့မျက်ရည်
နှစ်စက်တောင် ကျချင်သွားသည်။
မိန်းမကိုနိုင်ဖို့မပြောနဲ့ ဘီယာလေးနည်းနည်းသောက်မိတာနဲ့ တစ်နေ့လုံးတစ်ညလုံးကိုယ့်မှာ နားရွက်တွေပြုတ်ထွက်မတတ်ကို အပြောခံရတာ.။
"ဒါနဲ့ဆရာကကျွန်တော့်ကိုဘာလို့မေးတာလဲ
ဘာလဲ..မင်္ဂလာဦးညမှာဆရာ့ကို
ဆရာ့မိန်းမက ကုတင်ပေါ်ကနေကန်ချလိုက်လို့လား.."
"ဟာ..သူလားကန်ရဲမှာ..."
မင်းစက်သည်လည်း ဒီစကားကိုတော့
မျက်နှာပြောင်တိုက်ကာ ဗြောင်လိမ်လိုက်ရလေသည်။
အရာရာကို အမှန်မှန်ကန်ကန်ပဲလုပ်တတ်သူ
ဆိုပေမဲ့ ဒီကိစ္စမျိုးကတော့အမှန်အတိုင်း
ပြောလို့မကောင်းပေ။
KGရဲ့စီအီးအိုက မိန်းမကိုမနိုင်ဘူးဟုလည်း
အပြောမခံနိုင်ပေ။
"ဒါနဲ့..မိန်းမတွေကဘာကိုကြိုက်တတ်ကြလဲ.."
"အစုံပါပဲဆရာရယ်..တစ်ချို့ကတော့
ပန်းစည်းတို့၊ပိုက်ဆံအိတ်၊ချောကလက်
နဲ့ရွှေတွေကြိုက်ရင်ကြိုက်မှာပေါ့
ဒါပေမဲ့ ကျွန်တော့်မိန်းမအကြိုက်ဆုံးကတော့
ပိုက်ဆံပဲ.."
"ပိုက်ဆံဟုတ်လား..ဘာလို့လဲ.."
"ဘာလို့ရမှာလဲဆရာရယ်..လကုန်ခါနီးဆို
တဆူဆူဖြစ်နေပေမဲ့..ဟော..
လစာထုတ်ရက်လည်းရောက်ရော သူ့လက်ထဲကို
ပိုက်ဆံအပ်လိုက်တာနဲ့ ကမ္ဘာပေါ်မှာ
သူတစ်ယောက်ပဲ အပျော်ဆုံးလူသားလို
ဖြစ်နေတော့တာဆရာရဲ့..မယုံရင်ဆရာလည်း
ဆရာ့မိန်းမကို ငွေအပ်ကြည့်လိုက်..
ထမခုန်ရင် ကျွန်တော့်ကိုကြိုက်သလိုပြော..
ကျွန်တော်တို့တောင် အိတ်ထဲမှာပိုက်ဆံ
လေးရွှင်နေရင် စိတ်ကျေနပ်သေးတာပဲဆရာရယ်..မိန်းမပဲလေ..ပိုက်ဆံကိုမကြိုက်ရင်
အဲ့ဒါသူလိမ်တာ.."
ကောင်းသန့်၏စကားကြောင့် သူလည်း
သေချာစဉ်းစားခန်းဖွင့်လိုက်မိသည် ။
အခြားမိန်းကလေးတွေက ငွေကိုကြိုက်ပေမဲ့
မေဝိုင်းလေးကတော့ ငွေအပ်တာကို
ကြိုက်ပါ့မလား။
🌹🌹🌹🌹🌹🌹🌹
ဝိုင်းလေးမကြိုက်လည်းတို့ကြိုက်တယ်နော်😄
**အခန်း(၂၅)ဆက်ရန်*
စာရေးသူ...ဆောင်းငွေ့ဝေ
========================================================================
အခန္း(၂၄)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
မနက္ခင္း၏ေနေရာင္ျခည္ေလးသည္
သစ္ရြက္ကေလးမ်ားၾကားမွ တိုးတိုက္ျဖတ္သန္း
လာခဲ့ေလသည္။
ပန္းပြင့္ေလးမ်ားေပၚတြင္ ခိုတဲြေနေသာ
ႏွင္းစက္ကေလးမ်ားဟာလည္း ပ်ယ္လႊင့္စ
ျပဳလာခဲ့သလို ပန္းတို႔၏ဥယ်ာဉ္မွဴးမ်ားသည္လည္း
လုပ္ငန္းစေနၾကေလၿပီ။
အိမ္ႀကီး၏အတြင္းအျပင္တစ္ေလ်ွာက္
အလုပ္သမားမ်ားသည္ ကိုယ္စီအလုပ္လုပ္ၾကရင္း
တက္ႂကြရႊင္လန္းေနၾကသည္။
မီးဖိုခန္းထဲ၌ ေဒၚခင္ျမတို႔သည္ေမဝိုင္းေလး၏
အႀကိဳက္ မနက္စာကိုျပင္ဆင္ေပးေနၾကသလို
အိမ္သန႔္ရွင္းေရး လုပ္သူမ်ားကလည္း
သူတို႔၏အလုပ္ကို တာ၀န္ေက်ေအာင္
လုပ္ေနၾကေလသည္။
အေပၚထပ္အိပ္ခန္းထဲတြင္ေတာ့ အိပ္ယာေပၚ၌
လူးလိွမ့္ေနေသာ မိန္းကေလးတစ္ေယာက္
ရိွေလသည္။ဆံပင္ရွည္မ်ားသည္
အိပ္ယာေပၚ၌ လွပစြာျဖန႔္ခင္းထားသကဲ့သို႔
ႏွစ္သက္စရာေကာင္းေနၿပီး
ႏွဖူးေျပျပေလးမ်ားက ေသသပ္လွပလြန္းသည္။
ပါးမို႔ေလးမ်ားဟာ
မက္မြန္သီးေလးမ်ားကဲ့သို႔ရဲေနၿပီး
ပန္းဆီေရာင္သန္းေနေသာႏႈတ္ခမ္းေလးႏွင့္
ႏွာတံလွလွေလးက သူမ၏မ်က္ႏွာအလွကို
ပိုႂကြေစသည္။
ရုတ္တရက္ ေစာင္ပံုထဲတြင္ဟိုစမ္း၊ဒီစမ္း
လုပ္ေနမိရင္းႏွင့္ မ်က္လံုးေတြကို
ဖြင့္ၾကၫ့္လိုက္မိေတာ့ ေဘးနားမွာ
တစ္ေယာက္မွရိွမေနေပ။
ထထိုင္လိုက္မိသၫ့္အခါမွာေတာ့
ရင္စို႔အထိ ဆဲြႃခံုထားေသာေစာင္သည္
ေအာက္ကို ေလ်ွာက်သြားေလသည္။
"ဒီေစာင္ကသူႃခံုေပးသြားတာလား..
သူဘယ္ေရာက္သြားတာလဲ..."
အခန္းတစ္ခုလံုးကို ေဝ့ဝဲၿပီးၾကၫ့္လိုက္ေသာ္လည္း
မင္းစက္အာဏာ၏အရိပ္ကိုေတာင္မေတြ့ရေပ။
ဖုန္းကိုထုတ္ကာ နာရီကိုၾကၫ့္လိုက္ေတာ့
ခုႏွစ္နာရီထိုးဖို႔ဆယ့္ငါးမိနစ္ေလာက္
လိုေသးသည္။
"အလုပ္သြားၿပီမ်ားလား..ငါေတာင္မသိလိုက္ဘူး.."
သူဘယ္အခ်ိန္တည္းကႏိုးၿပီး အလုပ္ထသြားသလဲေတာင္မသိလိုက္သည္အထိ အိပ္ေပ်ာ္ေနမိေသာ
ကိုယ့္ကိုကိုယ္သာ အျပစ္တင္လိုက္မိသည္။
ေရခ်ိဳးခန္းထဲသို႔၀င္လိုက္ကာ တစ္ကိုယ္ရည္
သန႔္ရွင္းေရးလုပ္ၿပီးသြားသၫ့္ေနာက္
မိတ္ကပ္ပါးပါးေလးပုတ္လိုက္ၿပီး
ယူနီေဖာင္းလဲကာ အိပ္ခန္းအျပင္သို႔
ထြက္လာခဲ့လိုက္သည္။
ထမင္းစားခန္းထဲသို႔ေရာက္ေတာ့
ၾကည္ၾကည္ႏွင့္အန္တီခင္ျမတို႔က ဝိုင္းေလး
စားခ်င္သၫ့္ ထမင္းေၾကာ္ႏွင့္ၾကက္ဥေၾကာ္ပန္းကန္ေလးကို အဆင္သင့္ခ်ထားေပးေလသည္။
"မမဝိုင္းေလးကိုၾကၫ့္ရတာ မေန့ညကအိပ္လို႔
ေကာင္းခဲ့တယ္ထင္ပါရဲ့...မ်က္ႏွာေလးကို
ျပၫ့္ေဖာင္းေနတာပဲ.."
"ဟုတ္လား..."
ဝိုင္းေလးလည္း ႃပံုးရႊင္သြားၿပီး
ကိုယ့္ပါးေတြကို ကိုင္ၾကၫ့္လိုက္မိသည္။
ျပန္ေတြးၾကၫ့္လိုက္ေတာ့ ညကဝိုင္းေလးရဲ့
ရင္ခြင္ထဲသို႔ သူတိုး၀င္လာသည္ဆိုေပမဲ့
သူ႔ေၾကာင့္လည္း ပိုလံုႃခံုေနြးေထြးသလို
ခံစားရၿပီး အိပ္လို႔ေကာင္းခဲ့တာထင္ပါတယ္။
ပံုမွန္ဆိုရင္ ဝိုင္းေလးကညလယ္ေလာက္မွာ
လန႔္ႏိုးလာတတ္ၿပီး စိတ္ေတြဂေယာင္ေျခာက္ျခား
ျဖစ္တတ္တယ္။
အိမ္မွာဆို ေဒၚေလးနဲ႔အတူအိပ္တဲ့အခါ
ေဒၚေလးက ဖက္ထားေပးေပမဲ့သူနဲ႔အတူရိွတဲ့
ဒီညက ပိုၿပီးစိတ္သက္သာရာရေနသလိုပဲ။
"ေအာ္..ဒါနဲ႔..ကိုစက္ေရာ..အလုပ္သြားခါနီး
မနက္စာစားသြားေသးလား..."
"ဟယ္..မမဝိုင္းေလးကို အစ္ကိုေလးက
ဘာမွမေျပာသြားဘူးလား.."
"ဘာကိုလဲဟ..."
"အစ္ကိုေလး..စကၤာပူကိုခရီးထြက္သြားၿပီေလ
တစ္ပတ္ေလာက္ၾကာမယ္တဲ့..."
"တကယ္ေျပာေနတာလား..."
"တကယ္ေပါ့မမရဲ့...အဲ့ဒါေတာင္အန္တီခင္ျမက
ကိုမင္းသစ္ႀကီးခရီးအိတ္လာသယ္တာေတြ့လို႔
ေမးၾကၫ့္ရင္းနဲ႔သိတာေလ.."
ထိုစကားကိုၾကားေတာ့ စားေကာင္းေနတဲ့
ထမင္းေၾကာ္ေတာင္ ပါးစပ္ထဲမွာလံုး၀အရသာ
မရိွေတာ့သလိုျဖစ္လာ၍ ဇြန္းကိုေတာင္
ဆက္၍မကိုင္ခ်င္ေတာ့ေပ။
*သူကအၿမဲတမ္းဒီလိုႀကီးပဲ ခရီးထြက္တိုင္း
ဝိုင္းေလးကို လံုး၀အသိမေပးခဲ့ဘူး..
အိပ္ေနလို႔မႏိႈးခ်င္ဘူးဆိုလည္း စာေလးေတာ့
ေရးထားခဲ့ပါလား..ဒါမွမဟုတ္..အခုထိ
သူ႔ကိုခါးနာေအာင္၊ေခါင္းေပါက္ေအာင္
လုပ္လိုက္တဲ့ကိစၥကို မေက်နပ္ေသးတာမ်ားလား*
"သူဘာမွာခဲ့ေသးလဲ..."
သူ႔လို ေသြးေအးၿပီးအျခားသူေတြရဲ့ ခံစားခ်က္ကို
အေလးမထားတဲ့လူတစ္ေယာက္က
အလြယ္ေလးေကာက္ယူထားတဲ့မိန္းမကို
ဘာမွ မမွာႏိုင္ေလာက္ဘူးလို႔ ထင္မိေပမဲ့
ေမ်ွာ္လင့္ခ်က္ေလးတစ္ခုေတာ့ ထားလိုက္မိသည္။
"ေအာ္...တစ္ခုေတာ့မွာသြားခဲ့တယ္.."
"ဘာလဲဟင္.."
ဝိုင္းေလး၏မ်က္လံုးမ်ားသည္ ၾကယ္ကေလးမ်ားလို အေရာင္ေတာက္လာခဲ့သည္။
လိပ္ျပာေတာင္ပံေလးေတြကဲ့သို႔ မ်က္ေတာင္ရွည္မ်ား ပုတ္ခတ္ပုတ္ခတ္ျဖစ္ေနသည္ကိုၾကၫ့္ကာ
ၾကည္ၾကည္ကလည္း ႃပံုးလိုက္ၿပီးေနာက္..
"အိပ္ခန္းတံခါးကိုသြားမေခါက္နဲ႔တဲ့..."
"ဟမ္!!!အဲ့ဒါပဲလား..."
"အဲ့ဒါပဲေလ..."
မမဝိုင္းေလးကေတာ့ ၾကည္ၾကၫ့္ရဲ့အေျဖကို
မႏွစ္သက္သလိုျဖင့္ ထမင္းေၾကာ္စားေနတာေတာင္
ရပ္လိုက္ၿပီး မ်က္ႏွာႀကီးစူပုတ္ကာ ထြက္သြားေပမဲ့
ၾကည္ၾကည္ကေတာ့ မနက္၅နာရီခဲြေလာက္ကတင္
အစ္ကိုေလးမင္းစက္၏ အမိန႔္အာဏာသံႀကီးကို
ျပန္ၾကားေယာင္ၿပီး ၾကက္သီးထေနရေလသည္။
အစ္ကိုေလးဟာ သူ႔ရဲ့ပင္ကိုယ္ပံုစံအတိုင္း
အနက္ေရာင္၀တ္စံုအျပၫ့္ကို ၀တ္ထားခဲ့ၿပီး
"အိပ္ခန္းတံခါးကိုသြားမေခါက္မိေစနဲ႔.."ဆိုၿပီး
မိန႔္ၾကားသြားခဲ့တယ္။
သာမာန္စကားလံုးေလးတစ္ခုပဲ ဆိုေပမဲ့
ထိုစကားကို ေျပာေနစဉ္အခ်ိန္၌
အစ္ကိုေလး၏မ်က္ႏွာထားသည္
ေရခဲေတာင္ထိပ္မွာ ရပ္ေနသလို
ေအးစက္ေနၿပီး ညၪ့္အခါမွအိပ္ယာႏိုးလာတဲ့ ဝံပုေလြတစ္ေကာင္လိုအၾကၫ့္ေတြကအစ
စူးရွေနခဲ့တာပါ။
သူ႔အိပ္ခန္းတံခါးကို သြားေခါက္မိရင္
ကမ႓ာ့အႀကီးမားဆံုး အျပစ္ကိုပင္က်ူးလြန္လိုက္
မိမဲ့ ပံုမ်ိဳးနဲ႔ေျပာခဲ့တာ။
*ျပန္စဉ္စားၾကၫ့္ေတာ့ အိပ္ခန္းထဲမွာ
မမဝိုင္းေလးအိပ္ေနတာကလဲြၿပီး
မီးခံေသတၲာလည္းမရိွဘူးေလ။..."
❤️❤️❤️❤️❤️
"ဒီဌာနမွာ ေမဝိုင္းေလးကဘယ္သူလဲရွင္.."
"ကၽြန္မပါ..."
အဖဲြ႔ေတြခဲြၿပီး အျပင္ထြက္မလို႔ျပင္ေနခ်ိန္မွာပဲ မိန္းကေလးတစ္ေယာက္က ကိုယ့္နာမည္ကိုတပ္ၿပီး
လာေခၚေနသၫ့္အတြက္ လန႔္သြားမိေလသည္။
ထို႔ေၾကာင့္ ခြင့္ေတာင္းၿပီးဌာနမအျပင္သို႔
ထြက္လိုက္ကာ လာေခၚသၫ့္မိန္းကေလးကို
ေသခ်ာေလးသြားၾကၫ့္လိုက္လိုက္မိသည္။
"ကၽြန္မကေမဝိုင္းေလးပါ ဘာကိစၥရိွလို႔လဲမသိဘူး"
ထိုမိန္းကေလးကို ေသခ်ာၾကၫ့္လိုက္တဲ့အခါ
ဝိုင္းေလး ေသခ်ာမ်က္မွန္းတန္းမိသြားေလသည္။
သူကကုမၸဏီထဲသို႔ ၀င္လာသည္ႏွင့္
ေကာင္တာတြင္ ထိုင္ရေသာ
မိန္းကေလးႏွစ္ေယာက္တည္းက
တစ္ေယာက္ျဖစ္သည္။
သူကိုယ္တိုင္ လာေခၚတာဆိုေတာ့
တစ္ေယာက္ေယာက္က ဝိုင္းေလးကို
ေတြ့ခ်င္ေနလို႔မ်ားလား။
"ကၽြန္မနဲ႔လိုက္ခဲ့ေပးလို႔ရမလား
ညီမကို အေရးတႀကီးေတြ့ခ်င္ေနတဲ့လူရိွလို႔.."
"ဘယ္သူမ်ားလဲ.."
"သူ႔ကိုယ္သူေတာ့ မသဇင္လို႔ေျပာတယ္..
အေရးႀကီးကိစၥရိွလို႔တဲ့..ဧၫ့္ေတြ့တဲ့ေနရာကို
လာခဲ့လိုက္ေနာ္.."
ထိုအစ္မက အေၾကာင္းၾကားေပးၿပီးတာႏွင့္
ထြက္သြားေလေတာ့သည္။
သဇင္ဆိုတဲ့နာမည္ကို ဝိုင္းေလးတစ္ခါမွ
မၾကားဖူးသလို ဝိုင္းေလးရဲ့အသိထဲမွာလည္း
အဲ့ဒီ့နာမည္မ်ိဳး တစ္ေယာက္မွမရိွေပ။
"ဘယ္သူလဲမသိဘူး..."
စဉ္းစားမရတဲ့အဆံုး ေခါင္းကိုသာဖိကုတ္လိုက္ၿပီး
မဂ်ူးကိုခြင့္ေတာင္းကာ ေအာက္ဆံုးအထပ္သို႔
ဆင္းလာခဲ့လိုက္သည္။
ဧၫ့္ေတြ့သၫ့္ ေနရာမွာေတာ့ဆိုဖာေပၚတြင္
မိန္းမတစ္ေယာက္ ထိုင္ေနတာကိုေတြ့လိုက္ရ၍
မ်က္ခံုးေတြ ပင့္တက္သြားရသည္။
ထိုအစ္မသည္ အသက္၃၀နီးပါးေလာက္ရိွလိမ့္မည္။အရပ္ကရွည္ၿပီး ကုတ္အညိုေရာက္ကို
အျဖဴေရာင္ စတိုင္ပဲန္ႏွင့္တဲြ၀တ္ထားကာ
လိႈင္းတြန႔္ပံုစေကာက္ထားေသာ ဆံပင္ရွည္မ်ားကို
အေနာက္သို႔ ပို႔ထားေလသည္။
မ်က္ႏွာက်သြယ္သြယ္ျဖင့္ ေခ်ာသည္ဟုဆိုရေပမဲ့
လက္ပိုက္ၿပီး ဝိုင္းေလး၏အလာကိုၾကၫ့္ေနပံုက
အရာရာကို လႊမ္းမိုးႏိုင္ေသာအရိွန္အဝါေတြရိွေနသည္ဟုခံစားရေစသည္။
"ဝိုင္းေလးကိုေတြ့ခ်င္တာအစ္မလား..."
သူ႔အေရ႔ွမွာရပ္၍ ေမးလိုက္ေတာ့ထိုအစ္မကလည္း
ထရပ္လိုက္သည္။
အရပ္ခ်င္းယွဉ္ၾကၫ့္လိုက္ေတာ့ ဝိုင္းေလး၏
ဦးေခါင္းက သူ႔နားရြက္နားေလာက္ပဲရိွမည္ဟု
ေတြးလိုက္မိသည္။
ရွည္လိုက္တဲ့အရပ္..
"ေတြ့ရတာ၀မ္းသာပါတယ္...တို႔နာမည္သဇင္ပါ
၀င္းကေတာ့မဇင္လို႔ေခၚတယ္..
ညီမလည္းအစ္မကိုအဲ့လိုေခၚႏိုင္ပါတယ္..."
"၀င္း...၀င္းဆိုတာက..."
ဝိုင္းေလးထင္ေနသၫ့္လူတစ္ေယာက္မ်ား
ျဖစ္ေနမလားဆိုသၫ့္ ေမ်ွာ္လင့္ခ်က္ႏွင့္
ေမးလိုက္မိေတာ့ မဇင္ကႃပံုးျပလာေလသည္။
ဒီအစ္မကိုၾကၫ့္ရတာ အျမင္ထက္အတြင္းစိတ္က
ပိုေနြးေထြးသလိုပဲ။
"ေနြဦးေလျပည္ေလ...အဆိုေတာ္ေနြဦးေလျပည္
အစ္မကသူ႔ရဲ့မန္ေနဂ်ာပါ..
သူကငါ့ညီမကို သိပ္ေတြ့ခ်င္ေနတယ္..
ဒါေပမဲ့ဒီေန့ အသံသြင္းရမဲ့ေန့ဆိုေတာ့
သူကိုယ္တိုင္မလာအားလို႔ အစ္မကိုလႊတ္လိုက္တာ
ညီမအားမဲ့တစ္ရက္ေလာက္ ေတြ့ခ်င္ပါတယ္တဲ့
ညီမကေရာ ေတြ့ဖို႔ဆႏၵရိွလား..."
ေတြ့ေတာ့ေတြ့ခ်င္တယ္ ဒါေပမဲ့မေတြ့ရဲဘူး။
ေနာက္ၿပီး သူကအရမ္းေက်ာ္ၾကားေနတဲ့
လူဆိုေတာ့သြားေတြ့မိရင္ အဆိုေတာ္ျဖစ္ေနလို႔
လာေတြ့တယ္ဟု ထင္သြားမွာစိုးတယ္။
ကိုယ္တိုင္ကလည္း တကယ္အမွားလုပ္ခဲ့မိတာပါ။
ဘာလို႔မ်ား မေန့ကပဲြမွာသူ႔ကို
"ကၽြန္မကေမဝိုင္းေလးပါလို."လွမ္းေအာ္ေျပာမိလိုက္သလဲ မသိေတာ့ဘူး။
မေျပာခဲ့မိရင္ေကာင္းသား။
"ဘာျဖစ္လို႔လဲညီမ..."
"ဘာေျပာရမွန္းေတာင္မသိေတာ့ပါဘူးအစ္မရယ္
သူနဲ႔ညီမက မေတြ့တာ၈ႏွစ္ေလာက္ရိွေနၿပီ
သူညီမကို ေတြ့ခ်င္ေနလိမ့္အံုးမယ္လို႔ကို
မထင္မိတာ.."
မဇင္သည္ မက္မြန္သီးလိုပါးမို႔ေလးေတြရဲေနၿပီး
စိတ္လႈပ္ရွားေနေသာ ေကာင္မေလးကိုၾကၫ့္ကာ
ႃပံုးလိုက္မိေလသည္။
အသက္၂၇ႏွစ္ရိွသြားၿပီဆိုေပမဲ့ ၀င္းတစ္ေယာက္
ဘာDatingသတင္းမွမထြက္တာလည္း
အံ့ဩစရာမရိွေတာ့ပါဘူး။
သူတကယ္ေစာင့္ေမ်ွာ္ေနတဲ့ ကေလးမက
တကယ္ကိုျဖဴစင္ၿပီး ခ်စ္စရာေကာင္းေနခဲ့တာကို။
အသားအရည္က ႏွင္းစက္ေလးေတြလိုျဖဴေဖြးၿပီး
မ်က္လံုးေလးေတြက ဝိုင္းစက္ေနကာ
ေၾကာင္ေပါက္ကေလးလိုပါပဲ။
သိပ္မျပင္မဆင္ပဲေတာင္ ၀င္းႏွင့္တဲြၿပီး
သရုပ္ေဆာင္တဲ့မင္းသမီးေတြ အဆိုေတာ္ေတြေလာက္က မယွဉ္ရဲစရာမရိွေပ။
ေမဝိုင္းေလးလိုပံုစံကို ဘယ္ေယာက္်ားေလးက
သေဘာမက်ပဲရိွလိမ့္မလဲ။
ဒီလို ရတနာမ်ိဳးေလးကို ၀င္းတစ္ေယာက္
ဘယ္ေနရာမွာမ်ား ရွာေတြ့ခဲ့တာပါလိမ့္။
မိန္းကေလးအခ်င္းခ်င္းေတာင္ တစ္ခ်က္ၾကၫ့္ရံုနဲ႔
ႏွစ္သက္မိမဲ့ ပံုစံေလး။
ေမဝိုင္းေလး၏ပံုစံက စိတ္လႈပ္ရွားၿပီး
ကိုယ္ရင္းႏွီးခဲ့ေသာ မိတ္ေဆြကနာမည္ႀကီး
အဆိုေတာ္ျဖစ္သြားေတာ့ မေတြ့ရဲေတာ့သၫ့္
ပံုေပၚေန၍ ေကာင္မေလး၏ ယွက္ေထြးထားေသာ
လက္ကေလးကို အားေပးသၫ့္အေနျဖင့္
ဆုပ္ကိုင္လိုက္မိသည္။
"စိတ္မပူပါနဲ႔ညီမရယ္..အခ်ိန္ေတြၾကာသြားၿပီ
ဆိုေပမဲ့..ကိုယ့္အေပၚေကာင္းေပးတဲ့
လူေတြကိုေတာ့ ဘယ္သူကေမ့ႏိုင္မွာလဲ
..၈ႏွစ္ေလာက္ၾကာသြားလဲ
ညီမကိုသူဆက္ၿပီး ခင္မင္ေနတုန္းပဲဆိုတာ
အစ္မအတတ္ေျပာရဲတယ္...
အစ္မတို႔ဖုန္းနံပါတ္ခ်င္းလဲၿပီး ေဖ့ဘြတ္မွာ
သူငယ္ခ်င္းဖဲြ႔ၾကမယ္ေလ..ညီမအားတဲ့ရက္ကို
ခ်ိန္းၾကတာေပါ့..."
"ညီမတို႔ဆားဗစ္သမားေတြ ပံုေသပိတ္ရက္မရိွဘူး
အစ္မရဲ့..ဒါေပမဲ့ဒီတစ္ပတ္စေနေတာ့ညီမ
နားရမလားမသိဘူး..
တစ္ခ်က္ေမးၾကၫ့္လိုက္မယ္ေလ.."
"ေကာင္းၿပီေလ..ဒါဆိုရင္..ညီမေလးအဆင္ေျပတဲ့
အခ်ိန္ၾကစာပို႔ၿပီးျဖစ္ျဖစ္ ဖုန္းဆက္ၿပီးျဖစ္ျဖစ္
အသိေပးေပါ့..၀င္းရဲ့အခ်ိန္ဇယားနဲ႔ၫွိၿပီး
ေတြ့ဖို႔စီစဉ္လိုက္မယ္ေနာ္..."
"ဟုတ္ကဲ့ပါ.."
အခ်င္းခ်င္းဖုန္းနံပါတ္ေတြ အလဲအလွယ္လုပ္ၾကၿပီးေဖ့ဘြတ္မွာလည္း အေကာင့္အပ္လိုက္ၾကသည္။
ၿပီးေနာက္ဝိုင္းေလးလည္း ကိုယ့္ဌာနသို႔ ျပန္လာ
ခဲ့လိုက္ပါသည္။
🍒🍒🍒🍒🍒🍒🍒
တစ္ဖက္တြင္ေတာ့ မင္းစက္သည္ေလယာဉ္ေပၚ၌
ခါးပတ္ကိုျဖဳတ္လိုက္ၿပီးေနာက္ ေရြ့လ်ွားေနေသာ
တိမ္စိုင္တို႔ကို ၾကၫ့္လ်ွက္ႃပံုးလိုက္မိေလသည္။
တိမ္စိုင္ေလးေတြက တျဖည္းျဖည္းေရြ့လ်ွားေနၿပီး
ကိုင္ၾကၫ့္လို႔ မရေပမဲ့အျမင္မွာေတာ့
ႏူးညံ့ေနသလိုပဲ။
ေခါင္းကိုေရ႔ွတၫ့္တၫ့္သို႔ ျပန္လွၫ့္လိုက္ၿပီး
မ်က္လံုးေတြကိုမိွတ္လိုက္မိသၫ့္အခါမွာေတာ့
သူ႔မ်က္၀န္းထဲတြင္ မနက္အိပ္ယာႏိုးတည္းက
ကပ္ပါလာေနသၫ့္ ပံုရိပ္ကေလးကို
ထပ္ေတြ့လိုက္ရျပန္သည္။
မိန္းကေလးတစ္ေယာက္ရဲ့ ကိုယ္သင္းရနံ႔ဟာတကယ္ကို ထူးျခားတာပါလား။
စူးရွရွေရေမႊးရနံ႔မ်ိဳးမဟုတ္ပဲ ပင္ကိုယ္
ေမႊးတဲ့ရနံ႔ေလး။
အသားအရည္ကလည္း ဘာေၾကာင့္ဒီေလာက္
ေကာင္းေနရတာလဲ။
ႏူးညံ့လြန္းလို႔ ဂြမ္းစေလးကိုထိလိုက္ရသလိုပဲ
တစ္ခ်က္ေလာက္ျဖစ္ၫွစ္လိုက္တာနဲ႔
ေၾကပဲ့သြားေတာ့မလိုကို ခံစားရတာ။
လည္တိုင္ေလးကအစ ပုလဲလံုးေလးကို
ပြတ္သပ္ၾကၫ့္ရသလို ေခ်ာေမြ့ေနတာ။
ေတြးရင္းႏွင့္ ကိုယ့္လက္ကိုယ္ျပန္ၾကၫ့္လိုက္မိ
ေလသည္။
လက္ေခ်ာင္းအခ်င္းခ်င္း ပြတ္သပ္ၾကၫ့္လိုက္မိသၫ့္အခါမွာေတာ့ သူမရဲ့ဆံစေလးမ်ားကို
ဆုပ္ေထြးၿပီး လည္တိုင္ေက်ာ့ေက်ာ့ေလးကို
ထိေတြ့မိခဲ့တဲ့ ခံစားမႈေတြကေပ်ာက္ကြယ္မသြားေသးဘူး။
"ဟူး!!!."
သူသက္ျပင္းခ်လိုက္မိေလသည္။
ပံုမွန္ဆိုရင္တစ္ေယာက္တည္းပဲ ေအးေဆး
အိပ္တတ္သၫ့္ကိုယ္ဟာ အခုေတာ့
မိန္းမတစ္ေယာက္ရဲ့ ရင္ခြင္ထဲကေနအိပ္မက္
လွလွမက္ၿပီး ႏိုးထလာခဲ့ရတယ္။
နဲနဲေတာ့လည္း ရွက္စရာေကာင္းသား။
"ဆရာ..ဘာေတြသေဘာက်ေနတာလဲ.."
ဟိုဘက္အျခမ္းတြင္ထိုင္ေနေသာ
ေကာင္းသန႔္သည္ သူ႔ဆရာသမားတစ္ေယာက္တည္းႃပံုးေနတာကို ေတြ့လိုက္ရ၍
အလြန္အံ့ဩသြားကာ မေနႏိုင္ပဲထေမးလိုက္မိေတာ့သည္။
သူေမးလိုက္မွပဲ ဆရာကခ်က္ခ်င္းတည္
သြားေတာ့သည္။
ေကာင္းသန႔္၏ စိတ္ထဲတြင္ေတာ့..
*ဒါမွန္းသိရင္မေမးပါဘူး..
သူ႔ဘာသာစိတ္ကူးေလးနဲ႔ ဆက္ရူးခိုင္းလိုက္ပါတယ္..."
"ေကာင္းသန႔္..."
"ဗ်ာ.."
"မင္းတို႔မဂၤလာဦးညတုန္းက အဆင္ေျပၾကလား.."
"ဟာ..ဆရာရယ္..အဆင္ေျပလို႔ပဲ
ကေလးတစ္ေယာက္ေတာင္ရေနၿပီဥစၥာကို.."
"ဟာ..ငါေမးတာအဲ့ဒါမဟုတ္ဘူးဟ.."
"ဆရာကလည္း..ဘာေတြေမးေနမွန္းမွမသိတာ.."
စကားကိုအမ်ားႀကီးမေျပာတာက ဆရာ့ရဲ့
စတိုင္လ္ျဖစ္ေပမဲ့ တစ္ခါတေလလည္း
တံုးတိႀကီး ေျပာတတ္လြန္းလို႔နားကိုမလည္ေပ။
အခုလည္း ေကာက္ခါငင္ကာႀကီးမဂၤလာဦးညက
အေၾကာင္းကို ထေမးလာတယ္။
ၾကၫ့္ရတာ ငါတို႔ကသမီးေလးေမြးေတာ့
အားက်လို႔ထင္ပါတယ္။
"ငါေမးခ်င္တာကကြာ..မင္းတို႔ရဲ့မဂၤလာဦးညမွာ
မင္းရဲ့မိန္းမက ကုတင္ေပၚကေန
ကန္ခ်တာတို႔ဘာတို႔ လုပ္သလား..."
"မလုပ္ပါဘူးဆရာရယ္..ကၽြန္ေတာ္တို႔လင္မယားက
ငယ္ခ်စ္ေတြဗ်..လုပ္ရဲလုပ္ၾကၫ့္ပါလား
ကၽြန္ေတာ္နဲ႔ေတြ့သြားမွာေပါ့..."
"ဘာလဲ..မင္းရဲ့မိန္းမကမင္းကို
ေၾကာက္ရတယ္ေပါ့.."
"ဘယ္ကလာ..ေမာင္ေရဆိုတာနဲ႔
ေရခပ္ၿပီးသား..ထမင္းခူးၿပီသား..အ၀တ္ေတာင္
ေလ်ွာ္ေပးရတယ္ဆရာရယ္.."
ဒီေနရာမွာေတာ့ ေကာင္းသန႔္တို႔မ်က္ရည္
ႏွစ္စက္ေတာင္ က်ခ်င္သြားသည္။
မိန္းမကိုႏိုင္ဖို႔မေျပာနဲ႔ ဘီယာေလးနည္းနည္းေသာက္မိတာနဲ႔ တစ္ေန့လံုးတစ္ညလံုးကိုယ့္မွာ နားရြက္ေတျြပဳတ္ထြက္မတတ္ကို အေျပာခံရတာ.။
"ဒါနဲ႔ဆရာကကၽြန္ေတာ့္ကိုဘာလို႔ေမးတာလဲ
ဘာလဲ..မဂၤလာဦးညမွာဆရာ့ကို
ဆရာ့မိန္းမက ကုတင္ေပၚကေနကန္ခ်လိုက္လို႔လား.."
"ဟာ..သူလားကန္ရဲမွာ..."
မင္းစက္သည္လည္း ဒီစကားကိုေတာ့
မ်က္ႏွာေျပာင္တိုက္ကာ ေျဗာင္လိမ္လိုက္ရေလသည္။
အရာရာကို အမွန္မွန္ကန္ကန္ပဲလုပ္တတ္သူ
ဆိုေပမဲ့ ဒီကိစၥမ်ိဳးကေတာ့အမွန္အတိုင္း
ေျပာလို႔မေကာင္းေပ။
KGရဲ့စီအီးအိုက မိန္းမကိုမႏိုင္ဘူးဟုလည္း
အေျပာမခံႏိုင္ေပ။
"ဒါနဲ႔..မိန္းမေတြကဘာကိုႀကိဳက္တတ္ၾကလဲ.."
"အစံုပါပဲဆရာရယ္..တစ္ခ်ိဳ႕ကေတာ့
ပန္းစည္းတို႔၊ပိုက္ဆံအိတ္၊ေခ်ာကလက္
နဲ႔ေရႊေတြႀကိဳက္ရင္ႀကိဳက္မွာေပါ့
ဒါေပမဲ့ ကၽြန္ေတာ့္မိန္းမအႀကိဳက္ဆံုးကေတာ့
ပိုက္ဆံပဲ.."
"ပိုက္ဆံဟုတ္လား..ဘာလို႔လဲ.."
"ဘာလို႔ရမွာလဲဆရာရယ္..လကုန္ခါနီးဆို
တဆူဆူျဖစ္ေနေပမဲ့..ေဟာ..
လစာထုတ္ရက္လည္းေရာက္ေရာ သူ႔လက္ထဲကို
ပိုက္ဆံအပ္လိုက္တာနဲ႔ ကမ႓ာေပၚမွာ
သူတစ္ေယာက္ပဲ အေပ်ာ္ဆံုးလူသားလို
ျဖစ္ေနေတာ့တာဆရာရဲ့..မယံုရင္ဆရာလည္း
ဆရာ့မိန္းမကို ေငြအပ္ၾကၫ့္လိုက္..
ထမခုန္ရင္ ကၽြန္ေတာ့္ကိုႀကိဳက္သလိုေျပာ..
ကၽြန္ေတာ္တို႔ေတာင္ အိတ္ထဲမွာပိုက္ဆံ
ေလးရႊင္ေနရင္ စိတ္ေက်နပ္ေသးတာပဲဆရာရယ္..မိန္းမပဲေလ..ပိုက္ဆံကိုမႀကိဳက္ရင္
အဲ့ဒါသူလိမ္တာ.."
ေကာင္းသန႔္၏စကားေၾကာင့္ သူလည္း
ေသခ်ာစဉ္းစားခန္းဖြင့္လိုက္မိသည္ ။
အျခားမိန္းကေလးေတြက ေငြကိုႀကိဳက္ေပမဲ့
ေမဝိုင္းေလးကေတာ့ ေငြအပ္တာကို
ႀကိဳက္ပါ့မလား။
🌹🌹🌹🌹🌹🌹🌹
ဝိုင္းေလးမႀကိဳက္လည္းတို႔ႀကိဳက္တယ္ေနာ္😄
**အခန္း(၂၅)ဆက္ရန္*
စာေရးသူ...ေဆာင္းေငြ့ေဝ

No comments:
Post a Comment