အခန်း (၁၀) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 အခန်း   (၁၀)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"မင်္ဂလာပါရှင်..."


စူပါမားကတ်ကြီး၏ ဒုတိယထပ်တွင်ရှိသော

‌အအေးဆိုင်လေးထဲသို့ ၀င်လိုက်သည်နှင့်

၀န်ထမ်းတွေဟာ ဖော်ရွေစွာဖြင့် ကြိုဆိုလာကြသည်။


ဆောင်းရာသီကိုရောက်နေပေမဲ့ ဆိုင်အပြင်အဆင်ကတော့ နွေးဦး၏အရသာကို

ခံစားလိုက်ရသကဲ့သို့ နွေးထွေးပြီး

သစ်လွင်မှုကို ခံစားရစေသည်။

ဆိုင်အတွင်းမှ အခန်းရနံ့လေးကအစ

 သင်းပျံ့လွန်းသည်။


*ဒီဆိုင်လေးကို ဘယ်သူပိုင်တာများလဲ.."


နံရံကပ်စက္ကူတွေနှင့် မီးအလင်းရောင်တွေကို

သေချာချိန်ညှိနိုင်တာဟာ တော်ရုံစိတ်ကူး

ကောင်းပုံမျိုးမဟုတ်ဘူး။

ပန်းချီကားချပ်တွေကိုပါ နွေအရသာပေါ်စေတဲ့ ကားချပ်တွေကိုမှ ချိတ်ဆွဲထားတယ်။

ဝိုင်းလေးလည်း ဒီလိုဆိုင်မျိုးလေးကို

ပိုင်ဆိုင်နိုင်ရင် သိပ်ကောင်းမှာပဲ။


"ဟဲ့..ဟိုမှာသွားထိုင်ကြမယ်လေ..အဲ့မှာ

ရပ်ပြီးဘာလုပ်နေတာလဲ.."


ဆိုင်အပြင်အဆင်ကို လိုက်ငေးနေမိရာမှ

သူငယ်ချင်း ၀တ်ရည်ကလှမ်းခေါ်လိုက်၍

သူရှိရာဆီသို့ သွားလိုက်ရလေသည်။

 ၀တ်ရည်က ညာဘက်အခြမ်းရှိခုံတန်းတွင်

ထိုင်နေ၍ ဝိုင်းလေးလည်းသူ့နောက်သို့

လိုက်ထိုင်ရလေသည်။


"ဘာတွေ အဲ့လောက်တောင်သဘောကျနေတာလဲ.."


"ငါ..ဒီဆိုင်လေးကိုတစ်ခါမှ မရောက်ဖူးလို့ပါဟာ

..တော်တော်လေးလှတယ်နော်..

နွေဦးကို ရောက်သွားသလိုပဲ.."


"ငါလည်း ဟိုတစ်ခါကမိတ်ကပ်၀ယ်ပြီး

တူမလေးတွေအတွက်ဒီမားကတ်မှာ

အရုပ်၀င်၀ယ်ရင်းနဲ့ဒီဆိုင်လေးကို

စရောက်ဖြစ်တာပဲ..ဆိုင်နာမည်ကိုက

"Dear May..ချစ်ရပါသောမေ"..ဆိုတော့

ဆိုင်ပိုင်ရှင်က မေလကိုသဘောကျလို့

နေမှာပေါ့.."


"Dear Mayဆိုတော့မေကိုသဘောကျတာထက်  ချစ်တာနေမှာပေါ့.."


"အဟွန်း..ဟုတ်မှာပေါ့..."


ဝိုင်းလေးပြောလိုက်သည့်စကားကို

ဘာတွေအထကောက်လိုက်သလဲမသိပေ။

ပြုံးစိစိနှင့် ထရယ်တော့သည်။


"နင်ကဘာရယ်တာလဲဟ..

ငါကအကောင်းပြောနေတာကို.."


"မဟုတ်ပါဘူး..ဆိုင်နာမည်မှာမေပါနေတော့

နင့်နာမည်နဲ့ သွားပြီးတိုက်ဆိုင်နေလို့

ရယ်မိတာပါ.."


"အေးဟယ်..ငါလည်းဒီလိုဆိုင်မျိုးလေးကို

ပိုင်ချင်လိုက်တာ..ပြီးရင်ငါ့နာမည်လေးပါအောင် ပေးချင်တာဟ.."


"..ဝိုင်းလေးရယ်..ဒီဆိုင်ကိုမပိုင်ရလဲ

ဘာဖြစ်တုန်း..ဟော့ဒီ့စူပါမားကတ်ကြီးရဲ့

ပိုင်ရှင်ကို ယောက်ျား‌တော်ထားရပြီပဲဥစ္စာ..

ဘာတွေကြေကွဲနေတာလဲ.."


"..ဘာတွေလျှောက်ပြောနေတာလဲ..

သူများတွေကြားရင် ကဲ့ရဲ့နေအုန်းမယ်.."


"ငါလျှောက်ပြောနေတာမဟုတ်ဘူးလေ

ကုန်တိုက်ထဲကို၀င်လာတုန်းက..

KGဆိုတဲ့နာမည်ကြီးပြူးနေတာကို

မတွေ့လိုက်ဘူးလား..ဒီမားကတ်က

နင့်ယောက်ျားပိုင်တဲ့ကုန်တိုက်လေ.."


ဝိုင်းလေးမှာ ပါးစပ်အဟောင်းသားနှင့်

စွန့်အသွားရလေပြီ။

၀တ်ရည်သည် မြေနီကုန်းကစူပါမားကတ်မှာ

အင်္ကျီလေး၀ယ်ချင်တယ်ဆိုလို့ လိုက်လာမိပေမဲ့ မင်းစက်အာဏာပိုင်တဲ့

စူပါမားကတ်မှန်း မသိခဲ့ဘူး။


"ဟဲ့..၀တ်ရည်.."


"ဘာလဲ.."


"နင်ငါ့ကို ဓားစာခံအဖြစ်ခေါ်လာတာတော့

မဟုတ်ပါဘူးနော်.."


"နင်ဘာတွေလျှောက်ပြောနေတာလဲ.."


"ငါပြောချင်တာက..ငါ့မျက်နှာပြရုံနဲ့တော့

ဘာပရိုမိုးရှင်းမှ မရနိုင်ဘူးလို့ပြောချင်တာ

သူနဲ့ငါကအခုထိ အကြောတည့်သေးတာ

မဟုတ်တော့ သူပိုင်တဲ့ပစ္စည်းဆို

ဘာကိုမှထိချင်တာမဟုတ်ဘူး..အခုတောင်

ကြည်ကြည့်ဆီကနေ ပိုက်ဆံချေးလာရတာ.."


"..ကြည်ကြည်ကဘယ်သူတုန်း.."


"ငါတို့အိမ်ကအလုပ်သမားလေ.."


"ဗုဒ္ဓေါ..မေဝိုင်းလေး..နင်အဲ့လောက်တောင်

အခြေအနေဆိုးနေပြီလားဟယ်..

ဒီမားကတ်တစ်ခုလုံးပိုင်တဲ့ယောက်ျားကို

ယူထားပြီး ကိုယ့်အိမ်ကအလုပ်သမားဆီကနေ ပိုက်ဆံချေးလာရတယ်ဆိုတော့..

နင်ရူးများနေတာလားဟင်.."


၀တ်ရည်တစ်ယောက် ကိုယ့်နဖူးကိုယ်

ပြန်ရိုက်လိုက်မိလေသည်။

အရှေ့မှာထိုင်နေသော ကြွက်မခုတ်တတ်သည့် ကြောင်မလေးကိုလည်း အံ့ဩမိလေသည်။

ဝိုင်းလေးအကြောင်းကို ငယ်ပေါင်းဖြစ်တဲ့

ကိုယ်ကအသိဆုံးပဲ။


သူများပစ္စည်းဆို မတရားမယူတတ်သလို

သူတန်ဖိုးထားတဲ့ပစ္စည်းကို သွားလုရင်လည်း

လုံး၀မကြိုက်ဘူး။

‌တစ်ခါတစ်လေမှာစွာတယ်ထင်ရပေမဲ့ 

သူ့လောက်ရိုးပြီး တုံးအတာသူပဲရှိတယ်။


မိသားစုအပေါ်မှာ အရမ်းခင်တွယ်တတ်သလို

ကတိတစ်ခုကိုလည်း အလေးထားတတ်တယ်။

မေဝိုင်းလေးဟာ နွေဦးရောက်မှ

ထူးဆန်းစွာ ပွင့်ဖူးတတ်တဲ့ရွက်နုကလေးလိုပါပဲ။


အတွင်းစိတ်က ထိရှလွယ်ပြီး

အင်မတန်နူးညံ့တယ်။ခံစားချက်ကို

အရေးပေးလွန်းလို့ မိသားစုကြောင့်၊

ဘေးပတ်၀န်းကျင်ကြောင့် ခဏခဏ

ထိခိုက်ခံစားခဲ့ရတယ်။

အမှန်းအတိုင်းပြောရရင် ကိုယ့်သူငယ်ချင်းလေးကို ချမ်းသာတဲ့လူနဲ့ညားလို့ အရမ်း၀မ်းသာခဲ့ရတယ်။


ကံဆိုးချင်တော့ မိသားစုရဲ့နွေးထွေးမှု၊

ချစ်ခင်မှုနဲ့အရေးပေးဆက်ဆံမှုတွေကို

တကယ်လိုလားနေတဲ့ ကောင်မလေးဟာ

အိမ်ထောင်ရေး ကံမကောင်းခဲ့ရှာဘူး။

မင်းစက်အာဏာကို တိုက်ရိုက်သွားတွေ့ပြီး

ကျွန်မသူငယ်ချင်းအပေါ်ကို ကောင်းပေးပါလို့

ဒူးထောက်ပြီးသာ တောင်းဆိုလိုက်ချင်တော့တယ်။


"..အအေးမှာကြမယ်လေ..."


ဝိုင်းလေးက အအေးမှာဖို့သတိပေးတော့မှပဲ

၀တ်ရည်လည်း ကိုယ့်စိတ်ကိုယ်ပြန်ဖြည်သိမ့်

လိုက်ရင်း အအေးတစ်ယောက်တစ်ခွက်ဆီ

မှာလိုက်ကြလေသည်။


"ဝိုင်းလေး..နင်တကယ်ပဲသူ့ကုမ္ပဏီမှာ

အလုပ်ပြန်လုပ်ဖို့ စဉ်းစားထားတာလား.."


"ဟုတ်တယ်..ငါစဉ်းစားပြီးသွားပြီ..

လာမဲ့တနင်္လာနေ့ကစပြီး ငါအလုပ်၀င်တော့မှာ.."


"ဒီကိစ္စကို သူကရောလက်ခံရဲ့လား.."


"သူမသိ‌သေးဘူး..အဖွားကမန်နေဂျာနဲ့

ဆက်သွယ်ပြီး ငါအရင်ကအလုပ်လုပ်ခဲ့တဲ့ဌာနကခေါင်းဆောင်ကို ပြန်၀င်လို့ရအောင်

ပြောပေးထားတာ.."


"..အဲ့ဒါပြဿနာနော်..တကယ်လို့

သူသိသွားရင် ဘယ်လိုလုပ်မလဲ.."


"အဖွားရဲ့ခွင့်ပြုချက်နဲ့ အလုပ်၀င်တာလို့

ပြောလိုက်မှာပေါ့.."


"အလုပ်၀င်တာတော့ ဟုတ်ပါပြီ..

နင်ကသူ့ရဲ့ဇနီးမှန်းအလုပ်ကလူတွေက

သိနေတော့..နင်နေရခက်မှာပေါ့.."


"တကယ်တော့..ငါတို့နှစ်ယောက်ရဲ့အကြောင်းကို သူ့လုပ်ငန်းခွင်ကရှယ်ယာရှင်

အချို့လောက်ပဲသိကြတာပါ..ဒါပေမဲ့

တော်တော်များများက ငါ့ကိုမမြင်ဖူးကြပါဘူး

နင်လည်းသိပါတယ်..

သူငါ့အပေါ်မှာမောက်မာလွန်းလို့

ငါကသူထင်နေသလို ငွေမက်တဲ့မိန်းမ

မဟုတ်ကြောင်း သက်သေပြတဲ့အနေနဲ့

လက်ထပ်ပွဲကိုအကျဉ်းရုံးပြီး

ကျင်းပဖို့တောင်းဆိုခဲ့တာလေ

ဒါကြောင့် ငါတို့ရဲ့မင်္ဂလာဆွမ်းကျွေးကို

သူ့အလုပ်သမားခေါင်းဆောင်တွေကိုတောင်

သူမဖိတ်ခဲ့ဘူး..ကြည့်ရတာငါနဲ့လက်ထက်တဲ့

ကိစ္စကို လူအများကြီးမသိစေချင်လို့နေမယ်.."


"အဲ့ဒါတော့ အရမ်းတရားလွန်သွားပြီ

ဒီကိစ္စနဲ့ပတ်သတ်ပြီး နင့်မိဘတွေကို

ပြောပြသင့်တယ်နော်..ဒါမှသူတို့လည်း

နင့်ရဲ့အခြေအနေအစစ်အမှန်ကိုသိပြီး

တစ်ခုခုလုပ်ပေးလို့ရမှာပေါ့..."


"ဘယ်လိုလုပ်ပြီးဖြစ်မှာလဲ..ဖွားဖွားနုက

ငါတို့မိသားစုကို အကြွေးကူဆပ်ပေးထားတာဟ

ငါ့ကြောင့်ပြဿနာတွေဖြစ်ကုန်ကြရင်

နှစ်ဖက်လုံး မျက်နှာပျက်စရာတွေဖြစ်ကုန်မှာ

အမေတို့၊အန်တီလေးတို့သာငါဖြစ်နေတဲ့

ပြဿနာကိုသိရင် လုံး၀ဗြောင်းဆန်ကုန်လိမ့်မယ်..

ဒါကြောင့်ငါတွေးထားတာတစ်ခုရှိတယ်.."


"နင်ကဘာကိုတွေးထားလို့လဲ..."


ဝိုင်းလေး၏အတွေးထဲတွင် မင်းစက်အာဏာနှင့်

သူ့ရဲ့အတွင်းရေးမှူးတို့၏ပုံရိပ်တွေ ပေါ်လာပြီးနောက် မဲ့ပြုံးပြုံးလိုက်ကာ မှာထားသော

ဘလူးဘယ်ရီကိုပိုက်လေးနှင့် စုပ်၍တစ်ငုံ

သောက်လိုက်သည်။

ပြီးနောက် ၀တ်ရည်ကိုပြန်ကြည့်လိုက်ကာ


"ငါတွေးထားတာက မင်းစက်အာဏာရဲ့

ချို့ယွင်းချက်ကိုရှာပြီး ကလဲ့စားချေဖို့..."


"ဘယ်လို..‌ဝိုင်းလေး..နင်ဘာတွေ

လျှောက်တွေးနေတာလဲ..."


"ရန်သူရဲ့အနီးဆုံးကိုသွားပြီး သူ့ရဲ့အမှားကို

ရှာဖို့တွေးနေတာလေ..မင်္ဂလာဆောင်ပြီးပြီးချင်း

ငါ့ကိုပြစ်ထားခဲ့တာအတွက်ရော..

ငါ့ကိုအထင်သေးတဲ့အပြောတွေ၊အကြည့်တွေနဲ့

အမြဲနှိမ့်ချတတ်တဲ့ အပြုအမူတွေအတွက်ပါ

သူပြန်ပေးဆပ်စေရမယ်.."


ဝိုင်းလေးထင်တာမမှားဘူးဆိုရင် သူနဲ့သူ့ရဲ့

အတွင်းရေးမှူးမဟာ သိပ်ရိုးသားပုံမပေါ်ဘူး။

တကယ်လို့ သူတို့နှစ်ယောက်က သာမာန်ထက်

ပိုနေခဲ့တယ်ဆိုရင် နှစ်ယောက်လုံးကို

အမိဖမ်းပြီး လူအများသိအောင်ကို

အရှက်ခွဲပြစ်မယ်။


ကိုယ့်ယောက်ျားဖောက်ပြန်တာကို 

သံသယရှိနေတယ်လို့တော့

၀တ်ရည်ကိုမပြောချင်ပေ။

ဒါဟာ ကိုယ့်ရဲ့အတွင်းရေးဖြစ်တဲ့အတွက်

သေချာမှသာ ချပြမယ်။

တွေ့ကြသေးတာပေါ့ ကိုမင်းစက်ရယ်။

ရှင်ကကျွန်မရှိတဲ့နေရာကို ရောက်မလာမှတော့

ရှင်ရှိတဲ့နေရာကို အရောက်လာပြီး

ရှင့်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြမယ်။


"ဝိုင်းလေးရေ..စကားပြောတာလည်းကောင်းပေမဲ့

အိင်္ကျီ၀ယ်ဖို့ သွားကြရအောင်

ကိုယ်ပိုင်ကားနဲ့လာတာမဟုတ်တော့

 အရမ်းနောက်ကျနေလို့မဖြစ်ဘူး..

သူဌေးမကြီးနဲ့ပေါင်းမိပါတယ်

ကားလေးတောင် ကပ်ပြီးစီးခွင့်မရဘူး..ဟွန့်.."


"နင်ကလည်း..ပိုက်ဆံရှိတဲ့ယောက်ျားကို

ယူတိုင်း ချမ်းသာသွားတာမှမဟုတ်တာ..

ဖွားဖွားနုတို့အိမ်မှာက ကားတွေရှိပေမဲ့ငါမှ

မမောင်းတတ်တာ..ကျန်တဲ့လူတွေက

ကိုယ့်ကားကိုယ်မောင်းကြတာလေ..

ရှိတဲ့ ဒါရိုင်ဘာကြတော့ဟိုလူကြီးက

အမြဲခေါ်ထားတယ်..ဖွားဖွားနုကတော့

ဒါရိုင်ဘာအသစ် ခေါ်ပေးမယ်ပြောတာပဲ..."


"အေးပါဟယ်..တစ်ခုချင်းဆီရွတ်မပြလည်း

ရပါတယ်.."


နှစ်ယောက်သား အအေးသောက်ပြီး၍

 ကောင်တာသို့သွားကာ ငွေရှင်းလိုက်ကြလေသည်။

အအေးဖိုးကိုတော့ ဝိုင်းလေးက

ညီးတွားလွန်းအားကြီး၍

၀တ်ရည်ကပဲ ရှင်းပေးလိုက်ရသည်။


ဟိုအရင်တည်းက ဘယ်နေရာကိုသွားသွား

တစ်ယောက်တစ်၀က်ဆီ အမြဲငွေရှင်းတတ်ကြပေမဲ့

အခု အိမ်ထောင်ကျသွားတဲ့ ဝိုင်းလေးက

မိဘဆီကနေ ပိုက်ဆံလည်းပြန်မတောင်းရဲသလို

၀င်ငွေလည်း မရှိလေတော့ကိုယ်ယောက္ခမအိမ်ရှိ

အလုပ်သမားဆီကနေငွေချေးလာရတဲ့အဖြစ်ကို

ရောက်နေရလေပြီ။


မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေထဲမှာ

တန်ဖိုးကြီးတာတွေပါပေမဲ့ မင်းစက်အာဏာတို့အမျိုးတွေ လက်ဖွဲ့ထားတာမို့ မထိချင်ပေ။

‌ဝိုင်းလေးဟာ အဲ့လိုလူမျိုးပဲ။

ပိုက်ဆံမရှိပေမဲ့ မာနတော့ရှိတယ်။

တစ်ခါပြောပြီးရင် တစ်သက်လုံး

မှတ်ထားတတ်တာမို့ သူနဲ့ပတ်သတ်သည့်

ဘယ်အရာကိုမှမထိချင်ပေ။


သူ့ရဲ့စည်းစိမ်ကို မက်လို့လက်ထက်တာဟု

စွပ်စွဲခံခဲ့ရတဲ့အတွက် သူ့ရဲ့ပစ္စည်းဥစ္စာကို

တစ်စက်ကလေးမှ စိတ်မ၀င်စားဘူးဆိုတာ

သူသိစေရမယ်။


"အစ်မတို့..အချိန်ရမယ်ဆိုရင်လေ..

အမှတ်တရစကားလုံးဖြစ်ဖြစ်..

ဆိုင်ကို မှတ်ချက်ကောင်းလေးဖြစ်ဖြစ်

ဒီစာရွက်လေးပေါ်မှာ ရေးခဲ့ပေးပါလားဟင်..

နံရံလေးမှာ ကပ်ထားဖို့ပါ..."


ဆိုင်၏နံရံတစ်ခုပေါ်တွင် ဒီဆိုင်လေးကို

လာသူများဟာ ကပ်ခွာစာရွက်လေးတွေကို ကပ်ထားခဲ့ကြပြီး

အချို့ကတော့ ချစ်သူနှင့်အမှတ်တရဒိတ်သည့်

နေ့စွဲလေးကို ရေးခဲ့ကြကာ..အချို့ကတော့

ကဗျာလေးတွေ ရေးထားခဲ့ကြလေသည်။

ဝိုင်းလေးလည်း ဆိုင်၀န်ထမ်း၏

တောင်းဆိုမှုကြောင့် ဒီဆိုင်လေးထဲကို

၀င်လာစဉ်မှာ ခံစားမိတာလေးကို ရေးပေးထားခဲ့လိုက်သည်။


"ကျေးဇူးတင်ပါတယ်နော်မမတို့..."


"ရပါတယ်..အအေးကလည်းသောက်လို့ကောင်းသလို ‌ဆိုင်လေးရဲ့အပြင်အဆင်ကိုလည်း

အရမ်းသဘောကျတယ်..."


ဆိုင်အ၀တွင်ခေါင်းလောင်းသေးသေးလေးပါသော

ကြိုးလေးတပ်ထား၍ မေဝိုင်းလေးတို့

ထွက်သွားသောအခါ ထိုခေါင်းလောင်းလေးဟာ

အသံမြည်သွားခဲ့လေသည်။


ပြန်၍အသံငြိမ်သွားသော ခေါင်းလောင်းလေးသည်

ခဏအကြာမှာ ပြန်၍လှုပ်ခက်သွားခဲ့ပြီး

ဆိုင်းအတွင်းသို့ အနက်ရောင်နှာခေါင်းစည်း

တပ်ထားသော လူတစ်ယောက်၀င်လာခဲ့သည်။

ထိုသူသည် ကောင်တာဆီသို့တန်းသွားလိုက်ပြီး

၀န်ထမ်းလေး တစ်ယောက်ကိုလက်တို့၍

ခေါ်လိုက်သည်။


"မန်နေဂျာဦးမြင့်ရှိလား..."


"ရှိပါတယ်ရှင့်..ရုံးခန်းထဲမှာထိုင်နေပါတယ်.."


"ဟုတ်ပြီ..ဒါဆိုခဏလောက်သွားခေါ်ပေးစမ်းပါ..

အပြင်သွားစရာရှိလို့ အထဲကိုမ၀င်တော့ဘူး.."


"ရှင်..အစ်ကိုကဘယ်သူမို့လို့လဲ..."


မန်နေဂျာကိုတောင် အထက်စီးကလေသံနှင့်

သွားခေါ်ခိုင်းနေ၍ ကောင်တာမှကောင်မလေးသည်

မယုံသင်္ကာဖြင့် မေးလိုက်တော့ နွေဦးလေပြည်ဟာ သူ့ရဲ့နှာခေါင်းစည်းကို ချွတ်ရလေတော့သည်။


"ငါကဒီဆိုင်ပိုင်ရှင်...."


"ဟင်..အဆိုတော်နွေဦးလေပြည်..."


"ရှူး...ဦးမြင့်ကိုသာသွားခေါ်ပေးတော့.."


ကောင်မလေးကထအော်လိုက်လျှင်

လူတွေဝိုင်းအုံလာကြမည်စိုး၍ နှုတ်ခမ်းနားမှာ

လက်ညှိုး‌တေ့ပြလိုက်ရလေသည်။

ကောင်မလေးကတော့ သူ့ကိုတွေ့တာနှင့်

အံ့ဩတာရော စိတ်လှုပ်ရှားတာရောပေါင်းလျှက်

ဦးမြင့်ရှိသော ရုံးခန်းဆီသို့ ပြေးလေတော့သည်။

၀င်းကတော့ maskကိုပြန်အုပ်ကာ သဘောတကျ

ရယ်လိုက်မိလေသည်။


"ဒါကဘာလဲ.."


ကောင်တာပေါ်မှာတင်ထားသော အရောင်စုံ

ကပ်ခွာစာရွက်လေးတွေကို တွေ့လိုက်ရ၍

ကိုင်ကြည့်လိုက်မိသည်။


"အော်...အမှတ်တရရေးပေးခဲ့တဲ့စာလေးပဲ..."


စာရွက်လေးပေါ်မှာ ရေးထားသောစာလုံးလေးတွေဟာ ဝိုင်းစက်နေပြီးသေသေသပ်သပ်လေး 

ဖြစ်နေ၍ စိတ်၀င်စားစွာ ဖတ်ကြည့်လိုက်မိတော့...


"ဒီဆိုင်လေးကိုအရမ်းသဘောကျမိပါတယ်

အဓိကကတော့..ဆိုင်နာမည်Dear Mayမှာ

မေဆိုတာကျွန်မရဲ့နာမည်အစစာလုံးပါနေတယ်

ဆိုင်လေးရဲ့အပြင်အဆင်ကြောင့်

လူတစ်ယောက်ကိုတောင် သတိရမိတယ်

သူ့နာမည်က"နွေဦးလေပြည်"တဲ့


                                 "မေဝိုင်းလေး..."


သူ့မှာမိန်းကလေးပရိတ်သတ်တွေအများအပြား

ရှိသောကြောင့် သူ့နာမည်ကိုထည့်ရေးတာက

မထူးဆန်းပေမဲ့ "မေဝိုင်းလေး"ဆိုတဲ့နာမည်ကတော့

သိပ်ကိုထူးဆန်းတယ်။

သူဆယ့်ကိုးနှစ်အရွယ်မှာ ကလောကို

အလည်သွားတဲ့အချိန် ဆုံတွေ့ခဲ့ရတဲ့

ကောင်မလေးတစ်ယောက်..

ဆံပင်ရှည်ရှည်လေးနှင့်ပါးဖောင်းဖောင်းလေးကို

ပိုင်ဆိုင်ထားပြီး ရယ်လိုက်ရင်အရမ်းချစ်စရာ

ကောင်းတဲ့ ကောင်မလေး။

ပြီးတော့..သူမဟာကိုယ့်ရဲ့အချစ်ဦး


"ဟေ့..၀င်း..ဘယ်တုန်းကပြန်ရောက်နေတာလဲ..."


မန်နေဂျာဦးမြင့်က သူ့ပခုံးကိုလာပုတ်လိုက်၍

အတွေးများနေရာမှ လန့်သွားမိလေသည်။

ကပ်ခွာစာရွက်လေးကို ခွာယူလိုက်ပြီး

ကောင်တာတွင် ပြန်၀င်ထိုင်နေသော

ကောင်မလေးကို လှမ်းကြည့်လိုက်မိသည်။


"ညီမ..ဒီစာရွက်မှာစာရေးပေးသွားခဲ့တဲ့

ကောင်မလေးကဘယ်အချိန်တုန်းက

လာသွားခဲ့တာလဲ..."


"ရှင်..အဲ့ဒီ့စာရွက်လား..အဲ့ဒါသူဌေးမလာခင်

ပြန်ထွက်သွားတဲ့အစ်မကြီးတွေ ရေးပေးခဲ့တာပါ.."


"သူတို့ဘယ်ဘက်ကိုထွက်သွားတာလဲသိလား..."


"အဲ့ဒါတော့မသိလိုက်ဘူးရှင့်..."


ကောင်မလေး၏စကားဆုံးသည်နှင့် ဆိုင်ထဲမှ

ချက်ချင်းပြေးထွက်လိုက်ပြီး ကုန်တိုက်ထဲရှိ

နေရာမျိုးစုံမှာ မေဝိုင်းလေးကိုလိုက်ရှာမိလေသည်။

စက်လှေကားကို အပြန်ပြန်အလှန်လှန်တက်ရ၍

သူ့ခြေထောက်တွေ ညောင်းညာနေလည်းပဲ

အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားနေမိသည်။


နောက်ဆုံးအချိန်အထိ ရှာဖွေလိုက်ပြီးနောက်

သူလက်လျှော့ဖို့ ဆုံးဖြတ်လိုက်မိစဉ်မှာပဲ

တတိယထပ်ရှိ မှန်ချပ်များကာရံထားသောနေရာမှ

အပြင်ကားလမ်းဘက်သို့ ‌ငုံ့ကြည့်လိုက်သောအခါ တက္ကစီတစ်စီးကိုတားနေသော ကောင်မလေး

နှစ်ယောက်ကို လှမ်းတွေ့လိုက်ရလေသည်။

ဆံပင်အရှည်နှင့် ကောင်မလေးကို သေချာကြည့်နေစဉ်မှာပဲ စူပါမားကတ်ဘက်အခြမ်းသို့

ကောင်မလေးက မျက်နှာမူလာခဲ့သည်။


"‌ဝိုင်းဝိုင်း...တကယ်ပဲမင်းပေါ့.."


မေဝိုင်းလေးမှန်းသေချာသွား၍ သူအရမ်း

၀မ်းသာသွားမိသည်။

ချက်ချင်းပဲ အောက်ထပ်သို့

ဆင်းဖို့ရန် စက်လှေကားဆီသို့အသဲအသန်

ပြေးရလေသည်။

‌အောက်ဆုံးအလွှာသို့ ရောက်သည်နှင့်

ကုန်တိုက်၏အပြင်ဘက်သို့ ပြေးထွက်လိုက်ပေမဲ့

ကောင်မလေးနှစ်ယောက်၏ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ပေ။


"ဟာကွာ..မျက်စိအရှေ့တင်ကိုဘာ‌လို့ဒီလောက်

မြန်မြန်ထွက်သွားရတာလဲ..."


မကျေနပ်ချက်မျိုးစုံနှင့် ညီးတွားမိရင်း

ထိုနေရာ၌အကြာကြီးရပ်နေမိလေသည်။

အဆိုတော်တစ်ယောက်အနေနဲ့

သူနာမည်ရတဲ့အချိန်မှာ ကလောဘက်ကို

လူလွတ်ပြီး ဝိုင်းဝိုင်းရဲ့အကြောင်းကို

စုံစမ်းကြည့်မိပေမဲ့ဘာသတင်းမှ သေချာမသိခဲ့ရဘူး။ကိုယ်နဲ့သူစတွေ့တည်းက 

ဝိုင်းဝိုင်းတို့မိသားစုသည် မန္တလေးမှာအခြေကျ

နေခဲ့သည်တဲ့လေ။

မန္တလေးမှာ ထပ်စုံစမ်းကြည့်တော့ အစအနကို

ရှာမရခဲ့ဘူး။


ကလောကိုသွားလည်စဉ်က ကျွန်းတောထဲမှာ

ဝိုင်းဝိုင်းနဲ့နေ့တိုင်းနီးပါးတွေ့ခဲ့ရပေမဲ့

ဝိုင်းဝိုင်းနဲ့အတူပါလာတတ်တဲ့ သူ့ရဲ့အစ်မဆိုသူကလွဲ၍၀ိုင်း၀ိုင်းရဲ့အကြောင်းကို သူမသိခဲ့သလို၊

မေးလည်းမမေးမိခဲ့ဘူး။

အခုတော့ကောင်းရော..ကောက်ရိုးပုံထဲမှာ

အပ်ပျောက်ရှာနေရသလိုပဲ..။


❤️❤️❤️❤️❤️❤️


"ကားဆရာ...ခဏရပ်ပေးပါအုံး..."


ဟံသာ၀တီအဝိုင်းကို ကျော်လာပြီး

သိပ်မကြာခင်မှာပဲ ဆေးရုံတစ်ခုထဲသို့၀င်သွားသော

မမခင်ထိပ်ထားဦးနှင့် သူ့သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။

မမထိပ်ထားရဲ့မျက်နှာက

ဖြူဖက်ဖြူလျှော်ဖြစ်နေကာ 

သူ့သူငယ်ချင်းကဘာလို့တွဲပြီး ခေါ်လာခဲ့တာလဲ..။


"ဝိုင်းလေး..တစ်ခုခုဖြစ်လို့လား.."


၀တ်ရည်က သတိပေးလာတော့မှ ငေးနေမိသော

အာရုံကို ဖြတ်တောက်လိုက်ပြီး ခေါင်းသာ

ခါပြလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် မမထိပ်ထားကဝိုင်းလေးကို

တွေ့ချင်မှာလည်း မဟုတ်သလို၊တွေ့လျှင်လည်း

အမြင်ကြည်မှာမဟုတ်ဘူး။


အိမ်ကို တော်ရုံမပြန်ချင်တာကလည်း

သူနဲ့ထိပ်တိုက်မတွေ့ချင်၍ ဖြစ်သည်။

မမထိပ်ထားကိုတော့ ငယ်ကြောက်ဖြစ်၍

သူကမျက်လုံးနဲ့ဆွေကြည့်ရင်တောင် စိတ်ထဲမှာ

အခုထိ ကြောက်ရတုံးပင်။

ငယ်ငယ်ကဆိုရင်ဝိုင်းလေးကို ရေဆိုးမြောင်းထဲသို့

တွန်းချရဲတဲ့အထိ ရဲတင်းလွန်းသူဖြစ်သည်။


*နေမကောင်းတာကသူလား

သူ့သူငယ်ချင်းလား..မရေရာပေမဲ့

သူကစိမ်းမှတော့ကိုယ်ကလည်းပြန်စိမ်းလိုက်တာပဲ

ကောင်းပါတယ်...

သူ့နေရာမှာ ကိုယ်ဆိုရင်

သူလှည့်တောင်ကြည့်မယ် မထင်ဘူး..*


❤️❤️❤️❤️❤️❤️❤️


"မမဝိုင်းလေး..ကြည်ကြည်နဲ့အတူ

တစ်နေရာကိုလိုက်ခဲ့ပါလား..."


အခန်းထဲတွင် အ၀တ်တွေကိုမီးပူထိုးနေတုန်း

ကြည်ကြည်က အတင်းပြေး၀င်လာခဲ့လေသည်။


"ဘယ်နေရာကိုလိုက်ခဲ့ရမှာလည်းကြည်ကြည်ရဲ့.."


ဝိုင်းလေးကမေးတော့ ကြည်ကြည်သည်

တစ်ခုခုကိုလျှို့ဝှက်ထားသလိုမျက်နှာလေးနှင့်

မချိုမချဉ်လေးပြုံးလိုက်ကာ..


"လမ်းရောက်မှပြောပြရမယ်လို့ ဖွားနုက

မှာလိုက်တယ်..မမလေးအိမ့်ချစ်မှူးက

အညာမှာသီချင်းခွေအတွက်ရိုက်ကူးရေး

သွားလုပ်ရင်းနဲ့အညာလက်ဆောင်တွေ

၀ယ်လာလို့လေ..ဖွားဖွားနုကသွားပို့ခိုင်းလိုက်တာ

အဲ့ဒါမမဝိုင်းလေးကိုပါ ခေါ်သွားရမယ်တဲ့..

လိုက်ခဲ့ပါနော်..."


"ဘာကိစ္စမို့လို့ လျှို့ဝှက်နေရတာလဲ...

အခုပြောလိုက်လည်းရတာပဲကို..."


"မမကလည်းလမ်းရောက်လည်းသိမှာပဲကို

လာပါ..လိုက်ခဲ့ပါ..."


"နေအုံးလေ..အ၀တ်အစားလဲလိုက်အုံးမယ်..

ဂါ၀န်ကပါးသလားလို့.."


ပန်းနုရောင်လက်ပြတ် ဇာဂါ၀န်ဖြစ်၍

လဲပြီးသွားချင်ပေမဲ့ ကြည်ကြည်ကလည်း

ကိုယ်စိတ်ပြောင်းမှာ စိုးလို့ထင်ပါရဲ့

အတင်းကိုဆွဲခေါ်နေတော့တာပဲ။

ဆောင်းတွင်းဆိုပေမဲ့ ရန်ကုန်ဆောင်းက

နေ့လည်ဘက်ဆို ပူမြဲပူဆဲမို့ အနွေးထည်လည်း

ယူမနေတော့ပဲ အိမ်နေရင်းအတိုင်းပဲ

ဖိနပ်ပါးလေးကို စီးကာထွက်လာခဲ့လိုက်သည်။


ကားဒါရိုင်ဘာက ကိုမင်းသစ်ဖြစ်နေ၍

ဒီနေ့ဟာ ကိုမင်းစက်တို့ရုံးပိတ်ရက်မှန်း

သတိရလိုက်မိလေသည်။

သူ့အကြောင်းကို တွေးမိတိုင်းရင်ထဲမှာ

အော်ဂလီဆန်အောင်ကို မုန်းတယ်။


ချွေးမချင်းအတူတူတောင် မချစ်သက်လျှာက

အားအားရှိနှိမ်တာလည်းမပြောနဲ့

ဒင်းကဝိုင်းလေးကို သူမိဖုရားမြှောက်ပြီး

မချစ်မနှစ်သက်၍ ဆောင်တော်မကူးချင်သလို

အချိုးမျိုး ချိုးနေခဲ့တာကြလေပြီ။

ဘုရင်ခောတ်ကလို လင်တော်မောင်

မင်းကြီးကြွချီလာမဲ့အချိန်ကို စောင့်နေမဲ့

မောင်းမတော်များ မှတ်နေသလားမသိဘူး။


အခုနောက်ပိုင်းဆိုရင် သူနဲ့ကိုယ်ကယူထားပြီး

အနေစိမ်းနေတဲ့ပြင် ‌သူကနေချင်တဲ့နေရာမှာ

သွားနေနေတော့ ယောက္ခမကြီးကပါ

ကိုယ့်ကို အဖြစ်မရှိတဲ့လူလို့မြင်လာသလိုပဲ။

သူတို့အဒေါ်ကြီးဆိုရင် တွေ့တာနဲ့ကိုရန်ရှာတော့

တာပဲ။


အများရဲ့အမြင်မှာ ဝိုင်းလေးဟာ

ယောက်ျားတစ်ယောက်ကို လုံး၀စွဲဆောင်နိုင်စွမ်း

မရှိတဲ့မိန်းမဖြစ်နေလေပြီ။

မြစ်လိုချင်တဲ့ ဖွားဖွားနုကတော့

သူ့မြေးကိုလည်းပြောမရသလို ဝိုင်းလေးကိုလည်း

ဖြောင်းဖျမရ၍ စိတ်ညစ်နေလေပြီ။


ဒီပြဿနာတွေဟာ ဘယ်ကနေစခဲ့သလဲဆိုရင်

သူ့ကိုအိပ်ယာပေါ်ကနေ ကန်ချလိုက်မိတဲ့

ညကနေစခဲ့တာပဲ။

မိန်းမတစ်ယောက်ရဲ့စိတ်ကိုလည်း တစ်စက်မှ

နားမလည်ဘူး။သူဖြစ်ချင်တာပဲသူသိတယ်။

ယောက်ျားကြီးဖြစ်ပြီး စိတ်ကောက်တတ်လိုက်တာလည်း လွန်ရော။

စကားအပြောအဆိုကလည်း ရိုက်ပေါက်ကြီး..။

ဒီလိုလူမျိုး စီးပွားရေးလုပ်လို့အောင်မြင်တာ

သူတစ်ယောက်ပဲရှိအုံးမယ်။


ကိုယ့်ဘာသာအတွေးများနေတာနဲ့ ကားက

အိမ်နှင့်အတော်လေးအလှမ်းဝေးလာတော့မှ

သာ လမ်းရောက်ရင်ပြောပြမည်ဆိုသော

ကြည်ကြည့်ရဲ့စကားကို သတိရလေတော့သည်။


"ကြည်ကြည်..တို့တွေဘယ်ကိုသွားနေကြတာလဲ.."


"ဟိုလေ..ရွှေတောင်ကြားလမ်းကိုသွားနေတာပါ

မမ..."


"ရွှေတောင်ကြားလမ်းဟုတ်လား..ဘယ်သူ့ဆီကို

သွားနေတာလဲဟင်..."


"အစ်ကိုလေးမင်းစက်အာဏာရဲ့အိမ်ကိုပါ..."


"ဘာ!!!"


ဝိုင်းလေးကအသံကျယ်ကျယ်နှင့် အော်လိုက်တော့

ကြည်ကြည်က မတတ်သာလို့လုပ်ရတာပါဆိုသည့်

မချိပြုံးလေးနှင့်တောင်းပန်လာလေသည်။

အဲ့လူနဲ့မတွေ့ချင်ပါဘူးဆိုနေမှ ဖွားဖွားနုတို့က

လုပ်ချလိုက်ပြန်ပြီ....။

ဘယ်တတ်နိုင်တော့မှာလဲ လမ်းကဖြင့်

တစ်၀က်ကျိုးနေပြီ..။


"ပစ္စည်းပို့ပြီးရင် ချက်ချင်းတန်းပြန်မှာ

မဟုတ်လား..."


"ဟုတ်ပါတယ်...ပို့ပြီးတာနဲ့တန်းပြန်မှာပါ..."


"ဒါဆိုလည်းပြီးရော...ဒီတစ်ခါပဲရမယ်နော်

နောက်တစ်ခါလိမ်ပြောတာတို့လျှို့ဝှက်ထားတာတို့

ဆိုရင် လုံး၀ခွင့်မလွှတ်ဘူး..."


"စိတ်ချပါမမဝိုင်းလေးရယ်..."


ကြည်ကြည်ကတိပေးလိုက်တော့မှ လက်ပိုက်ပြီး

အနောက်သို့မှီချလိုက်သည့် မမဝိုင်းလေးသည်

သိပ်တော့ ကျေနပ်ပုံမပေါ်သေးပေ။

ဒါပေမဲ့ ကြည်ကြည်လည်းမတတ်နိုင်ဘူးလေ။

ဒါက ဖွားဖွားနုရဲ့တစ်ချက်လွတ်အမိန့်ဆိုတော့

ကြည်ကြည့်လို တုံးအောက်ကဖားလေးက

မပြားရအောင်တော့ ကိုယ်‌ဘေးကိုယ်ကာကွယ်

ရမှာပဲ။


ဒါပေမဲ့ မမဝိုင်းလေးအတွက်ကြည်ကြည်လည်း

ဖွားနုရဲ့အကြံဟာ ကောင်းမယ်ထင်မိလို့

ငရဲကြီးရှစ်ထပ်မှာ ဂျိုးကပ်လည်းကပ်ပါစေတော့

ကြည်ကြည် ရဲရဲကြီးခံလိုက်ပါတော့မယ်ဆိုပြီး

အရဲစွန့်မိတာပါ။


"မမဝိုင်းလေး...ရောက်ပြီ..ဒီအိမ်ပဲ..."


ရွှေတောင်ကြားလမ်း၏VIPရပ်ကွက်ဖြစ်၍

တိတ်ဆိတ်မှုအားတော့ အလွန်ကောင်းသည်။

မင်းစက်အာဏာ၏ဗီလာသည် ‌ကုန်းမြင့်လေးပေါ်မှာ တည်ရှိနေခြင်းဖြစ်ပြီး အခြားနေအိမ်များနှင့်

နည်းနည်းတော့ အလှမ်းဝေးကာတသီးတသန့်တည်း ဖြစ်၍နေသည်။


ကားဟွန်းတီးလိုက်သည့်အခါ ရွှေရောင်

ကနုတ်များဖြင့် အသေးစိတ်ဖန်တီးထားသော

သံဗန်းတံခါးကြီးက ပွင့်သွားခဲ့လေသည်။

မထင်မှတ်ထားသည်က မင်းစက်အာဏာ၏

အိမ်သည် ဖွားဖွားနုတို့၏အိမ်ထက်

အဆပေါင်းများစွာ ကြီးနေခြင်းဖြစ်သည်။

ဒါကြောင့်လည်း သူကဟိုအိမ်ကိုပြန်မလာတာ

နေမှာပေါ့။


အိမ်ကြီးဆီသို့ သွားသောလမ်းတစ်လျှောက်တွင်

အလှသစ်ပင်များကို သေချာလေးပုံဖော်ထားပြီး

အရမ်းလှတဲ့ဥယျာဉ်ကြီးကိုလည်း လှမ်း၍

မြင်လိုက်ရသည်။

ထိုဥယျာဉ်ထဲတွင်တော့ အလုပ်သမားငါးယောက်လောက် ရှိနေလေသည်။

တစ်ဖက်ခြမ်းမှာလည်း အလှစိုက်ထားသော

မြက်ပင်တွေကို ရေဖြန်းနေသူများလည်း

သုံးယောက်လောက် တွေ့လိုက်ရသည်။


ခြံကြီးကဧကဘယ်လောက် ကျယ်မလဲမသိပေမဲ့

စ၀င်လာတည်းက အလုပ်သမားများစွာကို

တွေ့နေတာက တကယ်ကိုထူးဆန်းလွန်းသည်။

သူဟာ မာနသိပ်ကြီးလွန်းတာလည်း

မဆန်းတော့ပါဘူး။

ဘုရင်တစ်ပါးလို နေနေတဲ့လူပဲ။


ဒါကြောင့်လည်း အတ္တကြီးလွန်းတဲ့ဘုရင်ကြီးက

မိန်းမတစ်ယောက်ကို လွယ်လွယ်လေး

ကောက်ယူပြီး ပြစ်ထားခဲ့တာပေါ့လေ။

သူ့ကိုအပြစ်မတင်ရဲကြတော့ နောက်ဆုံးမှာ

ဝိုင်းလေးဟာ ယောက်ျားတစ်ယောက်ကို

ကိုယ့်ဘက်ပါအောင် မစွဲဆောင်နိုင်နဲ့မိန်းမ

ဖြစ်သွားရတော့တာပဲ။


သူ့ကိုကျိုးနွံရမယ်တဲ့။

ဒီစကားကိုသူပြောထွက်တော့ တကယ်ကို

တရားလွန်လွန်းတယ်ဟု တွေးခဲ့မိတယ်။

အခုသူ့ရဲ့ ရွှေရောင်တောက်နေသော

ကမ္ဘာထဲကို ၀င်လာရတော့မှ

သူဟာရွှေဇွန်းကိုက်ပြီးမွေးလာသူဖြစ်လို့

အရာရာကို သူလိုချင်တိုင်း၊ဖြစ်ချင်တိုင်း

ရနေတဲ့ သီးခြားကမ္ဘာတစ်ခုက လူပဲဟုနားလည်

သွားမိတယ်။


"မမဝိုင်းလေး..ကားပေါ်ကနေဆင်းတော့လေ..."


"ငါကဘာလို့ဆင်းရမှာလဲ..နင်တို့ဘာသာ

ဆင်းကြလေ..ငါကဒီပေါ်မှာပဲစောင့်နေခဲ့မယ်

ပေးစရာရှိတာကို ပေးပြီးတာနဲ့ပြန်ကြမယ်.."


"ပစ္စည်းတွေကအရမ်းများတယ်

မမပါကူသယ်ပေးမှ ရမှာ..."


ကြည်ကြည့်မျက်နှာကလည်း တော်တော်သနားစရာ

ရုပ်ဖြစ်နေပြီမို့ မတတ်နိုင်တော့ပဲ ကားပေါ်မှ

ဆင်းလိုက်ရလေသည်။

ကားနောက်ဖုံးကိုဖွင့်လိုက်တော့ ပစ္စည်းတွေက

တကယ်ကိုမနည်းမနောပါပဲ။


"ကြည်ကြည်..ပစ္စည်းတွေကများလှချည်လားဟ

သူ့ဘာသာလည်း၀ယ်စားနိုင်မှာပါ..

အခြားလူတွေကိုပါ ကူသယ်ပေးဖို့ခေါ်လိုက်ပါလား

ဒါမှမြန်မြန်ပြီးမှာ..."


"ရပါတယ်မမရာ..ဒီလောက်ကတော့ကိုယ့်ဘာသာ

သယ်ကြရအောင်..ရော့မမကဒီမုန့်ပုံးကိုသယ်ပြီး

ဟိုနားမှခဏသွားထားလိုက်..."


ကြည်ကြည်က သိပ်မလေးသောမုန့်ပုံးတစ်ခုကို

ကမ်းပေးလာ၍ လှမ်းယူလိုက်ပြီးသူပြသည့်

အိမ်အပေါက်၀နားရှိ လှေကားဆီသို့

သွားလိုက်သည်။


"ဒီနားလေးလားကြည်ကြည်...."


ကြည်ကြည့်ကိုလှည့်မေးလိုက်သည့် အချိန်မှာတော့

ကားပေါ်ကို ဘယ်အချိန်တည်းက

တက်သွားသလဲမသိလိုက်ပေ။

ကြည်ကြည်ဟာ ကားတံခါးကို

အတင်းစောင့်၍ပိတ်လိုက်လေသည်။


"ကိုကြီးမင်းသစ်ရေ..အမြန်မောင်းတော့..."


မင်းသစ်နဲ့ကြည်ကြည်ကတော့ အကြံတူချင်းမို့

ကားကိုခြံထဲမှအမြန်မောင်းထွက်ရန်သာ

စိတ်လောနေလေသည်။

မေဝိုင်းလေးကတော့ အနောက်မှပြေးလိုက်ရင်း

မမှီတော့တဲ့အဆုံး စိတ်တိုတိုနှင့်ဖိနပ်တစ်ဖက်ကို

ချွတ်၍ ကားကိုပြစ်ပေါက်လိုက်မိတော့သည်။


"ကြည်ကြည်အစုတ်ပလုတ်မ..

ငါ့ကိုတစ်ယောက်တည်းမထားခဲ့နဲ့လေ...

ကလိမ်ကကျစ်မဲ့..လက်စသတ်တော့

နင်တို့ပို့မဲ့ပစ္စည်းကငါဖြစ်နေခဲ့တာကို...

ပို့ပြီးတာနဲ့တန်းပြန်မယ်တဲ့...

တကယ်လည်းပြန်သွားတာ တန်းနေကြတာပဲ.."


ဘယ်လိုပဲအော်ပြောပြော ကားလေးဟာအဝေးသို့

ရောက်ကာ ပျောက်ကွယ်သွားလေတော့သည်။

ခြံ၀တွင် ဖိနပ်တစ်ဖက်မရှိသော ခြေဗလာနှင့်

ဖြစ်နေသည့် မေဝိုင်းလေးကိုခြံစောင့်ကြီးက

ပြူးပြူးပြဲပြဲအမူအရာနှင့်ကြည့်လာသလို

မေဝိုင်းလေးကလည်း ဘာလုပ်ရမလဲမသိတော့၍

ကူကယ်ရာမဲ့စွာ ထိုဦးလေးကြီးကိုပြန်ကြည့်လိုက်မိသည်။


"တူမကြီးက၀င်မှာလား..ထွက်မှာလား.."


"သမီးလည်း၀င်ရမလား..ထွက်ရမလားဆိုတာ

တကယ်ကို မတွေးတတ်တော့ပါဘူး..

ဟိုလေ..ကိုမင်းစက်ကဒီနေ့ရုံးပိတ်ရက်မဟုတ်လား

သူအခုအိမ်ထဲမှာလား..."


"ဆရာက...ဒီနေ့ဘယ်မှတော့မသွားဖြစ်ပါဘူး

ဒါပေမဲ့ အိမ်ထဲမှာအိပ်နေလောက်မယ်ထင်တယ်.."


"ဟုတ်လား..ဒါဆိုဝိုင်းလေးကို

သူ့ဆီလိုက်ပို့ပေးပါလားဟင်.."


"ဟာ..မဖြစ်ဘူးထင်တယ်..ဆရာကသူအိပ်နေရင်

ဘယ်သူမှလာနှိုးတာ မကြိုက်ဘူးသမီးရဲ့

တစ်ခါကဆို အလုပ်သမားကောင်လေး

တစ်ယောက်က ဥယျာဉ်ထဲကအနားယူတဲ့

စံအိမ်လေးမှာဆရာအိပ်နေတုန်း

သီချင်းအော်ဆိုလိုက်မိလို့

အလုပ်ပြုတ်သွားတယ်လေ..."


"ဟင်...အဲ့လောက်တောင်ပဲလား..

သီချင်းအော်ဆိုတာလေးလောက်နဲ့တောင်

အလုပ်ဖြုတ်တယ်ဆိုတော့...."

*သူ့ကိုကုတင်ပေါ်ကနေကန်ချမိလို့ ဝိုင်းလေးကို

အခုထိမကျေနပ်သေးတာက..မထူးဆန်းတော့ပါဘူး..ရှေ့ဆက်ပြီးသူ့ကိုဆန့်ကျင်ဖို့

တွေးထားတာကိုတောင် နောင်တရချင်လာပြီ*


ခြံစောင့်ဦးလေးကြီးကလည်း ဘယ်လိုအကူအညီတောင်းတောင်း ဟိုမာနမင်းသားကြီးကို

ဖင်တုန်အောင် ကြောက်နေတော့ကိုယ့်ဘာသာပဲ

ဖိနပ်တစ်ဖက်မပါသော အရူးလိုပုံစံနဲ့

အိမ်ကြီးရှိရာဆီသို့ ပြေးသွားရတော့သည်။

ဖုန်းကလည်းမပါသလို အ၀တ်တစ်ထည်

ကိုယ်တစ်ခုနဲ့ အထားခဲ့ခံရတဲ့ဘ၀က

သနားစရာလေးပါလား။

မာနမင်းသားကြီးဆီကနေ အကူအညီတောင်းပြီး

အိမ်ကိုပြန်ရမှာပဲ။


"ဟိုအစ်မကြီး...ခဏနေပါအုံး..."


အိမ်ထဲမှာ သွားလာနေသောအစ်မကြီးကို

လှမ်းခေါ်လိုက်မိလေသည်..


"ဟိုလေ..မင်းစက်အာဏာအခုဘယ်မှာရှိလည်း

သိလားဟင်..သူနဲ့ပြောစရာလေးရှိလို့..

ဖြစ်နိုင်ရင်သူ့ဆီကို ခေါ်သွားပေးပါလားဟင်..."


"ညီမကဘယ်သူလည်းမသိဘူး..."


"ဝိုင်းလေးကသူ့မိန်းမပါ.."


"ရှင်..."


ညီမတွေဘာတွေပြောလိုက်ရင် မထိရောက်မှာ

စိုးလို့ မိန်းမလို့ပြောလိုက်တော့ ထိုအစ်မက

မျက်လုံးကို ပြူးထွက်သွားအောင်အံ့ဩ

သွားလေသည်။

ဒီသေချင်းဆိုးကြီးကတော့ သူ့အိမ်ကအလုပ်သမား

တွေကိုတောင် ‌သူမိန်းမရတဲ့ကိစ္စမပြောရသေးဘူး

ပေါ့လေ။

ချီးကားဆယ်စီးလောက် တိုက်သေစေချင်လိုက်တာ။


"ဟိုလေ..အခုအချိန်ဆိုဆရာကရေကူးကန်နားမှာ

ရှိလောက်တယ်...ဒီကနေတန်းတန်းသွားပြီး

တံခါးဖွင့်လိုက်ပါနော်...ပြီးရင်လျှောက်လမ်းလေး

အတိုင်း နဲနဲလောက်လျှောက်လိုက်..ပြီးတာနဲ့

ညာကိုချိုး...."


"အစ်မဟာက..ဒီတစ်သက်ရောက်အုံးမှာလားဟင်

ကိုယ်တိုင်လိုက်ပို့လိုက်ပြီးရောကို.."


"ဆရာအနားယူတဲ့အချိန်မို့ မနှောက်ယှက်ရဲလို့ပါ

ညီမရယ်...စိတ်မရှိပါနဲ့နော်..

လျှောက်လမ်းလေးအတိုင်း 

နဲနဲလောက်လျှောက်လိုက်..ပြီးတာနဲ့

ညာကိုချိုးရင်ရောက်ပါပြီ...."


"ပြီးရော..."


ထိုအစ်မကြီးကိုပါ မျက်စောင်းထိုးပြစ်ခဲ့ပြီး

သူညွှန်ပြတဲ့အတိုင်း ရေကူးကန်ဆီသို့

သွားလိုက်သည်။

ဘယ်သူမှအကူအညီတောင်းမရ၍

စိတ်တိုပြီး တော်တော်တင်းလာတာနဲ့ပဲ

လမ်းတစ်လျှောက် ပွစိတက်အောင်

မကျေနပ်ချက်တွေကို ကြွေးကြော်လာမိတာ

ရေကူးကန်ဆီသို့ ရောက်တဲ့အထိပါပဲ။


"..စိတ်တွေညစ်လိုက်တာ

သူ့အိမ်ကိုလာရတာလဲ..

၀င်္ကပါထဲမှာသေး၀င်ပေါက်ရင်း

လမ်းပျောက်တာထက်အခြေအနေဆိုးတယ်...

ကိန်းကြီးခန်းကြီးနိုင်လိုက်တာပြောမနေတဲ့...

မသိရင်သူ့ကိုယ်သူ ဟာကျူလီကြီးမှတ်နေသလား

မသိဘူး...‌

လူသေးသေးလေးတစ်ယောက်တည်းနေတာကို

ဆောက်ထားလိုက်တဲ့အိမ်က နည်းတာကြီး

မဟုတ်ဘူး...နေတာကတစ်ယောက်တည်း

ငှားထားတဲ့အလုပ်သမားတွေက

ဘောလုံးကွင်းထောင်စားလို့ရလောက်တယ်

ဂေါက်ကြောင်ဆိုတာ သူမှအစစ်....

........

အဲ့ဒါပေါ့ပိုက်ဆံရှိပြီး ကျပ်မပြည့်တဲ့

ကုဋေရှစ်ဆယ်သူဌေးသားဆိုတာ.."


"ဟေ့..မင်းဘယ်သူ့ကိုပြောနေတာလဲ..."


ဝိုင်းလေးက ရေကန်နှုတ်ခမ်းစပ်သို့အရောက်

အနောက်မှအော်ခေါ်လိုက်တဲ့အသံကြောင့်

ထိတ်လန့်တကြား ဆတ်ကနဲလှည့်ကြည့်လိုက်မိသောအခါ....


"အား!!!!!အမေ့ရေ...."


ရေကန်စပ်မှရေတွေနှင့် ‌တစ်ဖက်တည်းသာ

ကျန်ခဲ့သော ဖော့ဖိနပ်ဟာရှပ်တိုက်သွားခဲ့ပြီး

"ဗွမ်း!!"ကနဲမြည်အောင် ရေထဲသို့ပလက်လန်

ကျသွားခဲ့လေသည်။

ကံကောင်းတာလား ကံဆိုးတာလားမသိပေမဲ့

ရေကန်ဘေးမှာရှိနေသည့် တစ်ဦးတည်းသော

လူ၏မျက်နှာတည့်တည့်သို့ ‌ခြေထောက်မှ

ကျွတ်ပြီး မြောက်တက်သွားသောဖော့ဖိနပ်ဟာ

ဖက်ကနဲ သွားကပ်လေ‌တော့သည်။


ပို၍ကံဆိုးတာကတော့ ရေပြင်ကိုခြေထောက်

ထောက်၍ မရပဲမြုပ်လိုက်ပေါ်လိုက်

ဖြစ်ကာ ရေနစ်နေ‌ခြင်းပင်။


"အား...ကယ်ကြပါအုံး...!!!!"


..အခန်း(၁၁)ဆက်ရန်ရှိသည်


စာရေးသူ..ဆောင်းငွေ့ဝေ


❤️❤️❤️❤️❤️


ယောက်ျားကိုပြစ်မှားလို့ရေနစ်သူမိဝိုင်း😁


ဖတ်ရှုပေးသူ တစ်‌ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူးတင်ရှိပါတယ်


=========================================================================


အခန္း   (၁၀)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


"မဂၤလာပါရွင္..."


စူပါမားကတ္ႀကီး၏ ဒုတိယထပ္တြင္ရိွေသာ

‌အေအးဆိုင္ေလးထဲသို႔ ၀င္လိုက္သည္ႏွင့္

၀န္ထမ္းေတြဟာ ေဖာ္ေရြစြာျဖင့္ ႀကိဳဆိုလာၾကသည္။


ေဆာင္းရာသီကိုေရာက္ေနေပမဲ့ ဆိုင္အျပင္အဆင္ကေတာ့ ေနြးဦး၏အရသာကို

ခံစားလိုက္ရသကဲ့သို႔ ေနြးေထြးၿပီး

သစ္လြင္မႈကို ခံစားရေစသည္။

ဆိုင္အတြင္းမွ အခန္းရနံ႔ေလးကအစ

 သင္းပ်ံ႔လြန္းသည္။


*ဒီဆိုင္ေလးကို ဘယ္သူပိုင္တာမ်ားလဲ.."


နံရံကပ္စကၠူေတြႏွင့္ မီးအလင္းေရာင္ေတြကို

ေသခ်ာခ်ိန္ၫွိႏိုင္တာဟာ ေတာ္ရံုစိတ္ကူး

ေကာင္းပံုမ်ိဳးမဟုတ္ဘူး။

ပန္းခ်ီကားခ်ပ္ေတြကိုပါ ေနြအရသာေပၚေစတဲ့ ကားခ်ပ္ေတြကိုမွ ခ်ိတ္ဆဲြထားတယ္။

ဝိုင္းေလးလည္း ဒီလိုဆိုင္မ်ိဳးေလးကို

ပိုင္ဆိုင္ႏိုင္ရင္ သိပ္ေကာင္းမွာပဲ။


"ဟဲ့..ဟိုမွာသြားထိုင္ၾကမယ္ေလ..အဲ့မွာ

ရပ္ၿပီးဘာလုပ္ေနတာလဲ.."


ဆိုင္အျပင္အဆင္ကို လိုက္ေငးေနမိရာမွ

သူငယ္ခ်င္း ၀တ္ရည္ကလွမ္းေခၚလိုက္၍

သူရိွရာဆီသို႔ သြားလိုက္ရေလသည္။

 ၀တ္ရည္က ညာဘက္အျခမ္းရိွခံုတန္းတြင္

ထိုင္ေန၍ ဝိုင္းေလးလည္းသူ႔ေနာက္သို႔

လိုက္ထိုင္ရေလသည္။


"ဘာေတြ အဲ့ေလာက္ေတာင္သေဘာက်ေနတာလဲ.."


"ငါ..ဒီဆိုင္ေလးကိုတစ္ခါမွ မေရာက္ဖူးလို႔ပါဟာ

..ေတာ္ေတာ္ေလးလွတယ္ေနာ္..

ေနြဦးကို ေရာက္သြားသလိုပဲ.."


"ငါလည္း ဟိုတစ္ခါကမိတ္ကပ္၀ယ္ၿပီး

တူမေလးေတြအတြက္ဒီမားကတ္မွာ

အရုပ္၀င္၀ယ္ရင္းနဲ႔ဒီဆိုင္ေလးကို

စေရာက္ျဖစ္တာပဲ..ဆိုင္နာမည္ကိုက

"Dear May..ခ်စ္ရပါေသာေမ"..ဆိုေတာ့

ဆိုင္ပိုင္ရွင္က ေမလကိုသေဘာက်လို႔

ေနမွာေပါ့.."


"Dear Mayဆိုေတာ့ေမကိုသေဘာက်တာထက္  ခ်စ္တာေနမွာေပါ့.."


"အဟြန္း..ဟုတ္မွာေပါ့..."


ဝိုင္းေလးေျပာလိုက္သၫ့္စကားကို

ဘာေတြအထေကာက္လိုက္သလဲမသိေပ။

ႃပံုးစိစိႏွင့္ ထရယ္ေတာ့သည္။


"နင္ကဘာရယ္တာလဲဟ..

ငါကအေကာင္းေျပာေနတာကို.."


"မဟုတ္ပါဘူး..ဆိုင္နာမည္မွာေမပါေနေတာ့

နင့္နာမည္နဲ႔ သြားၿပီးတိုက္ဆိုင္ေနလို႔

ရယ္မိတာပါ.."


"ေအးဟယ္..ငါလည္းဒီလိုဆိုင္မ်ိဳးေလးကို

ပိုင္ခ်င္လိုက္တာ..ၿပီးရင္ငါ့နာမည္ေလးပါေအာင္ ေပးခ်င္တာဟ.."


"..ဝိုင္းေလးရယ္..ဒီဆိုင္ကိုမပိုင္ရလဲ

ဘာျဖစ္တုန္း..ေဟာ့ဒီ့စူပါမားကတ္ႀကီးရဲ့

ပိုင္ရွင္ကို ေယာက္်ား‌ေတာ္ထားရၿပီပဲဥစၥာ..

ဘာေတြေၾကကဲြေနတာလဲ.."


"..ဘာေတြေလ်ွာက္ေျပာေနတာလဲ..

သူမ်ားေတြၾကားရင္ ကဲ့ရဲ့ေနအုန္းမယ္.."


"ငါေလ်ွာက္ေျပာေနတာမဟုတ္ဘူးေလ

ကုန္တိုက္ထဲကို၀င္လာတုန္းက..

KGဆိုတဲ့နာမည္ႀကီးျပဴးေနတာကို

မေတြ့လိုက္ဘူးလား..ဒီမားကတ္က

နင့္ေယာက္်ားပိုင္တဲ့ကုန္တိုက္ေလ.."


ဝိုင္းေလးမွာ ပါးစပ္အေဟာင္းသားႏွင့္

စြန႔္အသြားရေလၿပီ။

၀တ္ရည္သည္ ေျမနီကုန္းကစူပါမားကတ္မွာ

အက်ႌေလး၀ယ္ခ်င္တယ္ဆိုလို႔ လိုက္လာမိေပမဲ့ မင္းစက္အာဏာပိုင္တဲ့

စူပါမားကတ္မွန္း မသိခဲ့ဘူး။


"ဟဲ့..၀တ္ရည္.."


"ဘာလဲ.."


"နင္ငါ့ကို ဓားစာခံအျဖစ္ေခၚလာတာေတာ့

မဟုတ္ပါဘူးေနာ္.."


"နင္ဘာေတြေလ်ွာက္ေျပာေနတာလဲ.."


"ငါေျပာခ်င္တာက..ငါ့မ်က္ႏွာျပရံုနဲ႔ေတာ့

ဘာပရိုမိုးရွင္းမွ မရႏိုင္ဘူးလို႔ေျပာခ်င္တာ

သူနဲ႔ငါကအခုထိ အေၾကာတၫ့္ေသးတာ

မဟုတ္ေတာ့ သူပိုင္တဲ့ပစၥည္းဆို

ဘာကိုမွထိခ်င္တာမဟုတ္ဘူး..အခုေတာင္

ၾကည္ၾကၫ့္ဆီကေန ပိုက္ဆံေခ်းလာရတာ.."


"..ၾကည္ၾကည္ကဘယ္သူတုန္း.."


"ငါတို႔အိမ္ကအလုပ္သမားေလ.."


"ဗုဒၶေါ..ေမဝိုင္းေလး..နင္အဲ့ေလာက္ေတာင္

အေျခအေနဆိုးေနၿပီလားဟယ္..

ဒီမားကတ္တစ္ခုလံုးပိုင္တဲ့ေယာက္်ားကို

ယူထားၿပီး ကိုယ့္အိမ္ကအလုပ္သမားဆီကေန ပိုက္ဆံေခ်းလာရတယ္ဆိုေတာ့..

နင္ရူးမ်ားေနတာလားဟင္.."


၀တ္ရည္တစ္ေယာက္ ကိုယ့္နဖူးကိုယ္

ျပန္ရိုက္လိုက္မိေလသည္။

အေရ႔ွမွာထိုင္ေနေသာ ႂကြက္မခုတ္တတ္သၫ့္ ေၾကာင္မေလးကိုလည္း အံ့ဩမိေလသည္။

ဝိုင္းေလးအေၾကာင္းကို ငယ္ေပါင္းျဖစ္တဲ့

ကိုယ္ကအသိဆံုးပဲ။


သူမ်ားပစၥည္းဆို မတရားမယူတတ္သလို

သူတန္ဖိုးထားတဲ့ပစၥည္းကို သြားလုရင္လည္း

လံုး၀မႀကိဳက္ဘူး။

‌တစ္ခါတစ္ေလမွာစြာတယ္ထင္ရေပမဲ့ 

သူ႔ေလာက္ရိုးၿပီး တံုးအတာသူပဲရိွတယ္။


မိသားစုအေပၚမွာ အရမ္းခင္တြယ္တတ္သလို

ကတိတစ္ခုကိုလည္း အေလးထားတတ္တယ္။

ေမဝိုင္းေလးဟာ ေနြဦးေရာက္မွ

ထူးဆန္းစြာ ပြင့္ဖူးတတ္တဲ့ရြက္ႏုကေလးလိုပါပဲ။


အတြင္းစိတ္က ထိရွလြယ္ၿပီး

အင္မတန္ႏူးညံ့တယ္။ခံစားခ်က္ကို

အေရးေပးလြန္းလို႔ မိသားစုေၾကာင့္၊

ေဘးပတ္၀န္းက်င္ေၾကာင့္ ခဏခဏ

ထိခိုက္ခံစားခဲ့ရတယ္။

အမွန္းအတိုင္းေျပာရရင္ ကိုယ့္သူငယ္ခ်င္းေလးကို ခ်မ္းသာတဲ့လူနဲ႔ညားလို႔ အရမ္း၀မ္းသာခဲ့ရတယ္။


ကံဆိုးခ်င္ေတာ့ မိသားစုရဲ့ေနြးေထြးမႈ၊

ခ်စ္ခင္မႈနဲ႔အေရးေပးဆက္ဆံမႈေတြကို

တကယ္လိုလားေနတဲ့ ေကာင္မေလးဟာ

အိမ္ေထာင္ေရး ကံမေကာင္းခဲ့ရွာဘူး။

မင္းစက္အာဏာကို တိုက္ရိုက္သြားေတြ့ၿပီး

ကၽြန္မသူငယ္ခ်င္းအေပၚကို ေကာင္းေပးပါလို႔

ဒူးေထာက္ၿပီးသာ ေတာင္းဆိုလိုက္ခ်င္ေတာ့တယ္။


"..အေအးမွာၾကမယ္ေလ..."


ဝိုင္းေလးက အေအးမွာဖို႔သတိေပးေတာ့မွပဲ

၀တ္ရည္လည္း ကိုယ့္စိတ္ကိုယ္ျပန္ျဖည္သိမ့္

လိုက္ရင္း အေအးတစ္ေယာက္တစ္ခြက္ဆီ

မွာလိုက္ၾကေလသည္။


"ဝိုင္းေလး..နင္တကယ္ပဲသူ႔ကုမၸဏီမွာ

အလုပ္ျပန္လုပ္ဖို႔ စဉ္းစားထားတာလား.."


"ဟုတ္တယ္..ငါစဉ္းစားၿပီးသြားၿပီ..

လာမဲ့တနလၤာေန့ကစၿပီး ငါအလုပ္၀င္ေတာ့မွာ.."


"ဒီကိစၥကို သူကေရာလက္ခံရဲ့လား.."


"သူမသိ‌ေသးဘူး..အဖြားကမန္ေနဂ်ာနဲ႔

ဆက္သြယ္ၿပီး ငါအရင္ကအလုပ္လုပ္ခဲ့တဲ့ဌာနကေခါင္းေဆာင္ကို ျပန္၀င္လို႔ရေအာင္

ေျပာေပးထားတာ.."


"..အဲ့ဒါျပႆနာေနာ္..တကယ္လို႔

သူသိသြားရင္ ဘယ္လိုလုပ္မလဲ.."


"အဖြားရဲ့ခြင့္ျပဳခ်က္နဲ႔ အလုပ္၀င္တာလို႔

ေျပာလိုက္မွာေပါ့.."


"အလုပ္၀င္တာေတာ့ ဟုတ္ပါၿပီ..

နင္ကသူ႔ရဲ့ဇနီးမွန္းအလုပ္ကလူေတြက

သိေနေတာ့..နင္ေနရခက္မွာေပါ့.."


"တကယ္ေတာ့..ငါတို႔ႏွစ္ေယာက္ရဲ့အေၾကာင္းကို သူ႔လုပ္ငန္းခြင္ကရွယ္ယာရွင္

အခ်ိဳ႕ေလာက္ပဲသိၾကတာပါ..ဒါေပမဲ့

ေတာ္ေတာ္မ်ားမ်ားက ငါ့ကိုမျမင္ဖူးၾကပါဘူး

နင္လည္းသိပါတယ္..

သူငါ့အေပၚမွာေမာက္မာလြန္းလို႔

ငါကသူထင္ေနသလို ေငြမက္တဲ့မိန္းမ

မဟုတ္ေၾကာင္း သက္ေသျပတဲ့အေနနဲ႔

လက္ထပ္ပဲြကိုအက်ဉ္းရံုးၿပီး

က်င္းပဖို႔ေတာင္းဆိုခဲ့တာေလ

ဒါေၾကာင့္ ငါတို႔ရဲ့မဂၤလာဆြမ္းကၽြေးကို

သူ႔အလုပ္သမားေခါင္းေဆာင္ေတြကိုေတာင္

သူမဖိတ္ခဲ့ဘူး..ၾကၫ့္ရတာငါနဲ႔လက္ထက္တဲ့

ကိစၥကို လူအမ်ားႀကီးမသိေစခ်င္လို႔ေနမယ္.."


"အဲ့ဒါေတာ့ အရမ္းတရားလြန္သြားၿပီ

ဒီကိစၥနဲ႔ပတ္သတ္ၿပီး နင့္မိဘေတြကို

ေျပာျပသင့္တယ္ေနာ္..ဒါမွသူတို႔လည္း

နင့္ရဲ့အေျခအေနအစစ္အမွန္ကိုသိၿပီး

တစ္ခုခုလုပ္ေပးလို႔ရမွာေပါ့..."


"ဘယ္လိုလုပ္ၿပီးျဖစ္မွာလဲ..ဖြားဖြားႏုက

ငါတို႔မိသားစုကို အႂကြေးကူဆပ္ေပးထားတာဟ

ငါ့ေၾကာင့္ျပႆနာေတျြဖစ္ကုန္ၾကရင္

ႏွစ္ဖက္လံုး မ်က္ႏွာပ်က္စရာေတျြဖစ္ကုန္မွာ

အေမတို႔၊အန္တီေလးတို႔သာငါျဖစ္ေနတဲ့

ျပႆနာကိုသိရင္ လံုး၀ေျဗာင္းဆန္ကုန္လိမ့္မယ္..

ဒါေၾကာင့္ငါေတြးထားတာတစ္ခုရိွတယ္.."


"နင္ကဘာကိုေတြးထားလို႔လဲ..."


ဝိုင္းေလး၏အေတြးထဲတြင္ မင္းစက္အာဏာႏွင့္

သူ႔ရဲ့အတြင္းေရးမွဴးတို႔၏ပံုရိပ္ေတြ ေပၚလာၿပီးေနာက္ မဲ့ႃပံုးႃပံုးလိုက္ကာ မွာထားေသာ

ဘလူးဘယ္ရီကိုပိုက္ေလးႏွင့္ စုပ္၍တစ္ငံု

ေသာက္လိုက္သည္။

ၿပီးေနာက္ ၀တ္ရည္ကိုျပန္ၾကၫ့္လိုက္ကာ


"ငါေတြးထားတာက မင္းစက္အာဏာရဲ့

ခ်ိဳ႕ယြင္းခ်က္ကိုရွာၿပီး ကလဲ့စားေခ်ဖို႔..."


"ဘယ္လို..‌ဝိုင္းေလး..နင္ဘာေတြ

ေလ်ွာက္ေတြးေနတာလဲ..."


"ရန္သူရဲ့အနီးဆံုးကိုသြားၿပီး သူ႔ရဲ့အမွားကို

ရွာဖို႔ေတြးေနတာေလ..မဂၤလာေဆာင္ၿပီးၿပီးခ်င္း

ငါ့ကိုျပစ္ထားခဲ့တာအတြက္ေရာ..

ငါ့ကိုအထင္ေသးတဲ့အေျပာေတြ၊အၾကၫ့္ေတြနဲ႔

အၿမဲႏိွမ့္ခ်တတ္တဲ့ အျပဳအမူေတြအတြက္ပါ

သူျပန္ေပးဆပ္ေစရမယ္.."


ဝိုင္းေလးထင္တာမမွားဘူးဆိုရင္ သူနဲ႔သူ႔ရဲ့

အတြင္းေရးမွဴးမဟာ သိပ္ရိုးသားပံုမေပၚဘူး။

တကယ္လို႔ သူတို႔ႏွစ္ေယာက္က သာမာန္ထက္

ပိုေနခဲ့တယ္ဆိုရင္ ႏွစ္ေယာက္လံုးကို

အမိဖမ္းၿပီး လူအမ်ားသိေအာင္ကို

အရွက္ခဲြျပစ္မယ္။


ကိုယ့္ေယာက္်ားေဖာက္ျပန္တာကို 

သံသယရိွေနတယ္လို႔ေတာ့

၀တ္ရည္ကိုမေျပာခ်င္ေပ။

ဒါဟာ ကိုယ့္ရဲ့အတြင္းေရးျဖစ္တဲ့အတြက္

ေသခ်ာမွသာ ခ်ျပမယ္။

ေတြ့ၾကေသးတာေပါ့ ကိုမင္းစက္ရယ္။

ရွင္ကကၽြန္မရိွတဲ့ေနရာကို ေရာက္မလာမွေတာ့

ရွင္ရိွတဲ့ေနရာကို အေရာက္လာၿပီး

ရွင့္ရဲ့ လ်ိႈ႔ဝွက္ခ်က္ေတြကို ေဖာ္ထုတ္ျပမယ္။


"ဝိုင္းေလးေရ..စကားေျပာတာလည္းေကာင္းေပမဲ့

အိက်ႌ၀ယ္ဖို႔ သြားၾကရေအာင္

ကိုယ္ပိုင္ကားနဲ႔လာတာမဟုတ္ေတာ့

 အရမ္းေနာက္က်ေနလို႔မျဖစ္ဘူး..

သူေဌးမႀကီးနဲ႔ေပါင္းမိပါတယ္

ကားေလးေတာင္ ကပ္ၿပီးစီးခြင့္မရဘူး..ဟြန႔္.."


"နင္ကလည္း..ပိုက္ဆံရိွတဲ့ေယာက္်ားကို

ယူတိုင္း ခ်မ္းသာသြားတာမွမဟုတ္တာ..

ဖြားဖြားႏုတို႔အိမ္မွာက ကားေတြရိွေပမဲ့ငါမွ

မေမာင္းတတ္တာ..က်န္တဲ့လူေတြက

ကိုယ့္ကားကိုယ္ေမာင္းၾကတာေလ..

ရိွတဲ့ ဒါရိုင္ဘာၾကေတာ့ဟိုလူႀကီးက

အၿမဲေခၚထားတယ္..ဖြားဖြားႏုကေတာ့

ဒါရိုင္ဘာအသစ္ ေခၚေပးမယ္ေျပာတာပဲ..."


"ေအးပါဟယ္..တစ္ခုခ်င္းဆီရြတ္မျပလည္း

ရပါတယ္.."


ႏွစ္ေယာက္သား အေအးေသာက္ၿပီး၍

 ေကာင္တာသို႔သြားကာ ေငြရွင္းလိုက္ၾကေလသည္။

အေအးဖိုးကိုေတာ့ ဝိုင္းေလးက

ညီးတြားလြန္းအားႀကီး၍

၀တ္ရည္ကပဲ ရွင္းေပးလိုက္ရသည္။


ဟိုအရင္တည္းက ဘယ္ေနရာကိုသြားသြား

တစ္ေယာက္တစ္၀က္ဆီ အၿမဲေငြရွင္းတတ္ၾကေပမဲ့

အခု အိမ္ေထာင္က်သြားတဲ့ ဝိုင္းေလးက

မိဘဆီကေန ပိုက္ဆံလည္းျပန္မေတာင္းရဲသလို

၀င္ေငြလည္း မရိွေလေတာ့ကိုယ္ေယာကၡမအိမ္ရိွ

အလုပ္သမားဆီကေနေငြေခ်းလာရတဲ့အျဖစ္ကို

ေရာက္ေနရေလၿပီ။


မဂၤလာလက္ဖဲြ႔ပစၥည္းေတြထဲမွာ

တန္ဖိုးႀကီးတာေတြပါေပမဲ့ မင္းစက္အာဏာတို႔အမ်ိဳးေတြ လက္ဖဲြ႔ထားတာမို႔ မထိခ်င္ေပ။

‌ဝိုင္းေလးဟာ အဲ့လိုလူမ်ိဳးပဲ။

ပိုက္ဆံမရိွေပမဲ့ မာနေတာ့ရိွတယ္။

တစ္ခါေျပာၿပီးရင္ တစ္သက္လံုး

မွတ္ထားတတ္တာမို႔ သူနဲ႔ပတ္သတ္သၫ့္

ဘယ္အရာကိုမွမထိခ်င္ေပ။


သူ႔ရဲ့စည္းစိမ္ကို မက္လို႔လက္ထက္တာဟု

စြပ္စဲြခံခဲ့ရတဲ့အတြက္ သူ႔ရဲ့ပစၥည္းဥစၥာကို

တစ္စက္ကေလးမွ စိတ္မ၀င္စားဘူးဆိုတာ

သူသိေစရမယ္။


"အစ္မတို႔..အခ်ိန္ရမယ္ဆိုရင္ေလ..

အမွတ္တရစကားလံုးျဖစ္ျဖစ္..

ဆိုင္ကို မွတ္ခ်က္ေကာင္းေလးျဖစ္ျဖစ္

ဒီစာရြက္ေလးေပၚမွာ ေရးခဲ့ေပးပါလားဟင္..

နံရံေလးမွာ ကပ္ထားဖို႔ပါ..."


ဆိုင္၏နံရံတစ္ခုေပၚတြင္ ဒီဆိုင္ေလးကို

လာသူမ်ားဟာ ကပ္ခြာစာရြက္ေလးေတြကို ကပ္ထားခဲ့ၾကၿပီး

အခ်ိဳ႕ကေတာ့ ခ်စ္သူႏွင့္အမွတ္တရဒိတ္သၫ့္

ေန့စဲြေလးကို ေရးခဲ့ၾကကာ..အခ်ိဳ႕ကေတာ့

ကဗ်ာေလးေတြ ေရးထားခဲ့ၾကေလသည္။

ဝိုင္းေလးလည္း ဆိုင္၀န္ထမ္း၏

ေတာင္းဆိုမႈေၾကာင့္ ဒီဆိုင္ေလးထဲကို

၀င္လာစဉ္မွာ ခံစားမိတာေလးကို ေရးေပးထားခဲ့လိုက္သည္။


"ေက်းဇူးတင္ပါတယ္ေနာ္မမတို႔..."


"ရပါတယ္..အေအးကလည္းေသာက္လို႔ေကာင္းသလို ‌ဆိုင္ေလးရဲ့အျပင္အဆင္ကိုလည္း

အရမ္းသေဘာက်တယ္..."


ဆိုင္အ၀တြင္ေခါင္းေလာင္းေသးေသးေလးပါေသာ

ႀကိဳးေလးတပ္ထား၍ ေမဝိုင္းေလးတို႔

ထြက္သြားေသာအခါ ထိုေခါင္းေလာင္းေလးဟာ

အသံျမည္သြားခဲ့ေလသည္။


ျပန္၍အသံၿငိမ္သြားေသာ ေခါင္းေလာင္းေလးသည္

ခဏအၾကာမွာ ျပန္၍လႈပ္ခက္သြားခဲ့ၿပီး

ဆိုင္းအတြင္းသို႔ အနက္ေရာင္ႏွာေခါင္းစည္း

တပ္ထားေသာ လူတစ္ေယာက္၀င္လာခဲ့သည္။

ထိုသူသည္ ေကာင္တာဆီသို႔တန္းသြားလိုက္ၿပီး

၀န္ထမ္းေလး တစ္ေယာက္ကိုလက္တို႔၍

ေခၚလိုက္သည္။


"မန္ေနဂ်ာဦးျမင့္ရိွလား..."


"ရိွပါတယ္ရွင့္..ရံုးခန္းထဲမွာထိုင္ေနပါတယ္.."


"ဟုတ္ၿပီ..ဒါဆိုခဏေလာက္သြားေခၚေပးစမ္းပါ..

အျပင္သြားစရာရိွလို႔ အထဲကိုမ၀င္ေတာ့ဘူး.."


"ရွင္..အစ္ကိုကဘယ္သူမို႔လို႔လဲ..."


မန္ေနဂ်ာကိုေတာင္ အထက္စီးကေလသံႏွင့္

သြားေခၚခိုင္းေန၍ ေကာင္တာမွေကာင္မေလးသည္

မယံုသကၤာျဖင့္ ေမးလိုက္ေတာ့ ေနြဦးေလျပည္ဟာ သူ႔ရဲ့ႏွာေခါင္းစည္းကို ခၽြတ္ရေလေတာ့သည္။


"ငါကဒီဆိုင္ပိုင္ရွင္...."


"ဟင္..အဆိုေတာ္ေနြဦးေလျပည္..."


"ရႉး...ဦးျမင့္ကိုသာသြားေခၚေပးေတာ့.."


ေကာင္မေလးကထေအာ္လိုက္လ်ွင္

လူေတြဝိုင္းအံုလာၾကမည္စိုး၍ ႏႈတ္ခမ္းနားမွာ

လက္ၫွိုး‌ေတ့ျပလိုက္ရေလသည္။

ေကာင္မေလးကေတာ့ သူ႔ကိုေတြ့တာႏွင့္

အံ့ဩတာေရာ စိတ္လႈပ္ရွားတာေရာေပါင္းလ်ွက္

ဦးျမင့္ရိွေသာ ရံုးခန္းဆီသို႔ ေျပးေလေတာ့သည္။

၀င္းကေတာ့ maskကိုျပန္အုပ္ကာ သေဘာတက်

ရယ္လိုက္မိေလသည္။


"ဒါကဘာလဲ.."


ေကာင္တာေပၚမွာတင္ထားေသာ အေရာင္စံု

ကပ္ခြာစာရြက္ေလးေတြကို ေတြ့လိုက္ရ၍

ကိုင္ၾကၫ့္လိုက္မိသည္။


"ေအာ္...အမွတ္တရေရးေပးခဲ့တဲ့စာေလးပဲ..."


စာရြက္ေလးေပၚမွာ ေရးထားေသာစာလံုးေလးေတြဟာ ဝိုင္းစက္ေနၿပီးေသေသသပ္သပ္ေလး 

ျဖစ္ေန၍ စိတ္၀င္စားစြာ ဖတ္ၾကၫ့္လိုက္မိေတာ့...


"ဒီဆိုင္ေလးကိုအရမ္းသေဘာက်မိပါတယ္

အဓိကကေတာ့..ဆိုင္နာမည္Dear Mayမွာ

ေမဆိုတာကၽြန္မရဲ့နာမည္အစစာလံုးပါေနတယ္

ဆိုင္ေလးရဲ့အျပင္အဆင္ေၾကာင့္

လူတစ္ေယာက္ကိုေတာင္ သတိရမိတယ္

သူ႔နာမည္က"ေနြဦးေလျပည္"တဲ့


                                 "ေမဝိုင္းေလး..."


သူ႔မွာမိန္းကေလးပရိတ္သတ္ေတြအမ်ားအျပား

ရိွေသာေၾကာင့္ သူ႔နာမည္ကိုထၫ့္ေရးတာက

မထူးဆန္းေပမဲ့ "ေမဝိုင္းေလး"ဆိုတဲ့နာမည္ကေတာ့

သိပ္ကိုထူးဆန္းတယ္။

သူဆယ့္ကိုးႏွစ္အရြယ္မွာ ကေလာကို

အလည္သြားတဲ့အခ်ိန္ ဆံုေတြ့ခဲ့ရတဲ့

ေကာင္မေလးတစ္ေယာက္..

ဆံပင္ရွည္ရွည္ေလးႏွင့္ပါးေဖာင္းေဖာင္းေလးကို

ပိုင္ဆိုင္ထားၿပီး ရယ္လိုက္ရင္အရမ္းခ်စ္စရာ

ေကာင္းတဲ့ ေကာင္မေလး။

ၿပီးေတာ့..သူမဟာကိုယ့္ရဲ့အခ်စ္ဦး


"ေဟ့..၀င္း..ဘယ္တုန္းကျပန္ေရာက္ေနတာလဲ..."


မန္ေနဂ်ာဦးျမင့္က သူ႔ပခံုးကိုလာပုတ္လိုက္၍

အေတြးမ်ားေနရာမွ လန႔္သြားမိေလသည္။

ကပ္ခြာစာရြက္ေလးကို ခြာယူလိုက္ၿပီး

ေကာင္တာတြင္ ျပန္၀င္ထိုင္ေနေသာ

ေကာင္မေလးကို လွမ္းၾကၫ့္လိုက္မိသည္။


"ညီမ..ဒီစာရြက္မွာစာေရးေပးသြားခဲ့တဲ့

ေကာင္မေလးကဘယ္အခ်ိန္တုန္းက

လာသြားခဲ့တာလဲ..."


"ရွင္..အဲ့ဒီ့စာရြက္လား..အဲ့ဒါသူေဌးမလာခင္

ျပန္ထြက္သြားတဲ့အစ္မႀကီးေတြ ေရးေပးခဲ့တာပါ.."


"သူတို႔ဘယ္ဘက္ကိုထြက္သြားတာလဲသိလား..."


"အဲ့ဒါေတာ့မသိလိုက္ဘူးရွင့္..."


ေကာင္မေလး၏စကားဆံုးသည္ႏွင့္ ဆိုင္ထဲမွ

ခ်က္ခ်င္းေျပးထြက္လိုက္ၿပီး ကုန္တိုက္ထဲရိွ

ေနရာမ်ိဳးစံုမွာ ေမဝိုင္းေလးကိုလိုက္ရွာမိေလသည္။

စက္ေလွကားကို အျပန္ျပန္အလွန္လွန္တက္ရ၍

သူ႔ေျခေထာက္ေတြ ေညာင္းညာေနလည္းပဲ

အရူးတစ္ေယာက္ကဲ့သို႔ ေျပးလႊားေနမိသည္။


ေနာက္ဆံုးအခ်ိန္အထိ ရွာေဖြလိုက္ၿပီးေနာက္

သူလက္ေလ်ွာ့ဖို႔ ဆံုးျဖတ္လိုက္မိစဉ္မွာပဲ

တတိယထပ္ရိွ မွန္ခ်ပ္မ်ားကာရံထားေသာေနရာမွ

အျပင္ကားလမ္းဘက္သို႔ ‌ငံု႔ၾကၫ့္လိုက္ေသာအခါ တကၠစီတစ္စီးကိုတားေနေသာ ေကာင္မေလး

ႏွစ္ေယာက္ကို လွမ္းေတြ့လိုက္ရေလသည္။

ဆံပင္အရွည္ႏွင့္ ေကာင္မေလးကို ေသခ်ာၾကၫ့္ေနစဉ္မွာပဲ စူပါမားကတ္ဘက္အျခမ္းသို႔

ေကာင္မေလးက မ်က္ႏွာမူလာခဲ့သည္။


"‌ဝိုင္းဝိုင္း...တကယ္ပဲမင္းေပါ့.."


ေမဝိုင္းေလးမွန္းေသခ်ာသြား၍ သူအရမ္း

၀မ္းသာသြားမိသည္။

ခ်က္ခ်င္းပဲ ေအာက္ထပ္သို႔

ဆင္းဖို႔ရန္ စက္ေလွကားဆီသို႔အသဲအသန္

ေျပးရေလသည္။

‌ေအာက္ဆံုးအလႊာသို႔ ေရာက္သည္ႏွင့္

ကုန္တိုက္၏အျပင္ဘက္သို႔ ေျပးထြက္လိုက္ေပမဲ့

ေကာင္မေလးႏွစ္ေယာက္၏ အရိပ္အေယာင္ကိုေတာင္ မေတြ့ရေတာ့ေပ။


"ဟာကြာ..မ်က္စိအေရ႔ွတင္ကိုဘာ‌လို႔ဒီေလာက္

ျမန္ျမန္ထြက္သြားရတာလဲ..."


မေက်နပ္ခ်က္မ်ိဳးစံုႏွင့္ ညီးတြားမိရင္း

ထိုေနရာ၌အၾကာႀကီးရပ္ေနမိေလသည္။

အဆိုေတာ္တစ္ေယာက္အေနနဲ႔

သူနာမည္ရတဲ့အခ်ိန္မွာ ကေလာဘက္ကို

လူလြတ္ၿပီး ဝိုင္းဝိုင္းရဲ့အေၾကာင္းကို

စံုစမ္းၾကၫ့္မိေပမဲ့ဘာသတင္းမွ ေသခ်ာမသိခဲ့ရဘူး။ကိုယ္နဲ႔သူစေတြ့တည္းက 

ဝိုင္းဝိုင္းတို႔မိသားစုသည္ မႏၲေလးမွာအေျခက်

ေနခဲ့သည္တဲ့ေလ။

မႏၲေလးမွာ ထပ္စံုစမ္းၾကၫ့္ေတာ့ အစအနကို

ရွာမရခဲ့ဘူး။


ကေလာကိုသြားလည္စဉ္က ကၽြန္းေတာထဲမွာ

ဝိုင္းဝိုင္းနဲ႔ေန့တိုင္းနီးပါးေတြ့ခဲ့ရေပမဲ့

ဝိုင္းဝိုင္းနဲ႔အတူပါလာတတ္တဲ့ သူ႔ရဲ့အစ္မဆိုသူကလဲြ၍ဝိုင္းဝိုင္းရဲ့အေၾကာင္းကို သူမသိခဲ့သလို၊

ေမးလည္းမေမးမိခဲ့ဘူး။

အခုေတာ့ေကာင္းေရာ..ေကာက္ရိုးပံုထဲမွာ

အပ္ေပ်ာက္ရွာေနရသလိုပဲ..။


❤️❤️❤️❤️❤️❤️


"ကားဆရာ...ခဏရပ္ေပးပါအံုး..."


ဟံသာ၀တီအဝိုင္းကို ေက်ာ္လာၿပီး

သိပ္မၾကာခင္မွာပဲ ေဆးရံုတစ္ခုထဲသို႔၀င္သြားေသာ

မမခင္ထိပ္ထားဦးႏွင့္ သူ႔သူငယ္ခ်င္းတစ္ေယာက္ကို ေတြ့လိုက္ရေလသည္။

မမထိပ္ထားရဲ့မ်က္ႏွာက

ျဖဴဖက္ျဖဴေလ်ွာ္ျဖစ္ေနကာ 

သူ႔သူငယ္ခ်င္းကဘာလို႔တဲြၿပီး ေခၚလာခဲ့တာလဲ..။


"ဝိုင္းေလး..တစ္ခုခုျဖစ္လို႔လား.."


၀တ္ရည္က သတိေပးလာေတာ့မွ ေငးေနမိေသာ

အာရံုကို ျဖတ္ေတာက္လိုက္ၿပီး ေခါင္းသာ

ခါျပလိုက္မိသည္။

ဘယ္လိုပဲျဖစ္ျဖစ္ မမထိပ္ထားကဝိုင္းေလးကို

ေတြ့ခ်င္မွာလည္း မဟုတ္သလို၊ေတြ့လ်ွင္လည္း

အျမင္ၾကည္မွာမဟုတ္ဘူး။


အိမ္ကို ေတာ္ရံုမျပန္ခ်င္တာကလည္း

သူနဲ႔ထိပ္တိုက္မေတြ့ခ်င္၍ ျဖစ္သည္။

မမထိပ္ထားကိုေတာ့ ငယ္ေၾကာက္ျဖစ္၍

သူကမ်က္လံုးနဲ႔ေဆြၾကၫ့္ရင္ေတာင္ စိတ္ထဲမွာ

အခုထိ ေၾကာက္ရတံုးပင္။

ငယ္ငယ္ကဆိုရင္ဝိုင္းေလးကို ေရဆိုးေျမာင္းထဲသို႔

တြန္းခ်ရဲတဲ့အထိ ရဲတင္းလြန္းသူျဖစ္သည္။


*ေနမေကာင္းတာကသူလား

သူ႔သူငယ္ခ်င္းလား..မေရရာေပမဲ့

သူကစိမ္းမွေတာ့ကိုယ္ကလည္းျပန္စိမ္းလိုက္တာပဲ

ေကာင္းပါတယ္...

သူ႔ေနရာမွာ ကိုယ္ဆိုရင္

သူလွၫ့္ေတာင္ၾကၫ့္မယ္ မထင္ဘူး..*


❤️❤️❤️❤️❤️❤️❤️


"မမဝိုင္းေလး..ၾကည္ၾကည္နဲ႔အတူ

တစ္ေနရာကိုလိုက္ခဲ့ပါလား..."


အခန္းထဲတြင္ အ၀တ္ေတြကိုမီးပူထိုးေနတုန္း

ၾကည္ၾကည္က အတင္းေျပး၀င္လာခဲ့ေလသည္။


"ဘယ္ေနရာကိုလိုက္ခဲ့ရမွာလည္းၾကည္ၾကည္ရဲ့.."


ဝိုင္းေလးကေမးေတာ့ ၾကည္ၾကည္သည္

တစ္ခုခုကိုလ်ိႈ႔ဝွက္ထားသလိုမ်က္ႏွာေလးႏွင့္

မခ်ိဳမခ်ဉ္ေလးႃပံုးလိုက္ကာ..


"လမ္းေရာက္မွေျပာျပရမယ္လို႔ ဖြားႏုက

မွာလိုက္တယ္..မမေလးအိမ့္ခ်စ္မွဴးက

အညာမွာသီခ်င္းေခြအတြက္ရိုက္ကူးေရး

သြားလုပ္ရင္းနဲ႔အညာလက္ေဆာင္ေတြ

၀ယ္လာလို႔ေလ..ဖြားဖြားႏုကသြားပို႔ခိုင္းလိုက္တာ

အဲ့ဒါမမဝိုင္းေလးကိုပါ ေခၚသြားရမယ္တဲ့..

လိုက္ခဲ့ပါေနာ္..."


"ဘာကိစၥမို႔လို႔ လ်ိႈ႔ဝွက္ေနရတာလဲ...

အခုေျပာလိုက္လည္းရတာပဲကို..."


"မမကလည္းလမ္းေရာက္လည္းသိမွာပဲကို

လာပါ..လိုက္ခဲ့ပါ..."


"ေနအံုးေလ..အ၀တ္အစားလဲလိုက္အံုးမယ္..

ဂါ၀န္ကပါးသလားလို႔.."


ပန္းႏုေရာင္လက္ျပတ္ ဇာဂါ၀န္ျဖစ္၍

လဲၿပီးသြားခ်င္ေပမဲ့ ၾကည္ၾကည္ကလည္း

ကိုယ္စိတ္ေျပာင္းမွာ စိုးလို႔ထင္ပါရဲ့

အတင္းကိုဆဲြေခၚေနေတာ့တာပဲ။

ေဆာင္းတြင္းဆိုေပမဲ့ ရန္ကုန္ေဆာင္းက

ေန့လည္ဘက္ဆို ပူၿမဲပူဆဲမို႔ အေနြးထည္လည္း

ယူမေနေတာ့ပဲ အိမ္ေနရင္းအတိုင္းပဲ

ဖိနပ္ပါးေလးကို စီးကာထြက္လာခဲ့လိုက္သည္။


ကားဒါရိုင္ဘာက ကိုမင္းသစ္ျဖစ္ေန၍

ဒီေန့ဟာ ကိုမင္းစက္တို႔ရံုးပိတ္ရက္မွန္း

သတိရလိုက္မိေလသည္။

သူ႔အေၾကာင္းကို ေတြးမိတိုင္းရင္ထဲမွာ

ေအာ္ဂလီဆန္ေအာင္ကို မုန္းတယ္။


ခၽြေးမခ်င္းအတူတူေတာင္ မခ်စ္သက္လ်ွာက

အားအားရိွႏိွမ္တာလည္းမေျပာနဲ႔

ဒင္းကဝိုင္းေလးကို သူမိဖုရားၿမွောက္ၿပီး

မခ်စ္မႏွစ္သက္၍ ေဆာင္ေတာ္မကူးခ်င္သလို

အခ်ိဳးမ်ိဳး ခ်ိဳးေနခဲ့တာၾကေလၿပီ။

ဘုရင္ေခာတ္ကလို လင္ေတာ္ေမာင္

မင္းႀကီးႂကြခ်ီလာမဲ့အခ်ိန္ကို ေစာင့္ေနမဲ့

ေမာင္းမေတာ္မ်ား မွတ္ေနသလားမသိဘူး။


အခုေနာက္ပိုင္းဆိုရင္ သူနဲ႔ကိုယ္ကယူထားၿပီး

အေနစိမ္းေနတဲ့ျပင္ ‌သူကေနခ်င္တဲ့ေနရာမွာ

သြားေနေနေတာ့ ေယာကၡမႀကီးကပါ

ကိုယ့္ကို အျဖစ္မရိွတဲ့လူလို႔ျမင္လာသလိုပဲ။

သူတို႔အေဒၚႀကီးဆိုရင္ ေတြ့တာနဲ႔ကိုရန္ရွာေတာ့

တာပဲ။


အမ်ားရဲ့အျမင္မွာ ဝိုင္းေလးဟာ

ေယာက္်ားတစ္ေယာက္ကို လံုး၀စဲြေဆာင္ႏိုင္စြမ္း

မရိွတဲ့မိန္းမျဖစ္ေနေလၿပီ။

ျမစ္လိုခ်င္တဲ့ ဖြားဖြားႏုကေတာ့

သူ႔ေျမးကိုလည္းေျပာမရသလို ဝိုင္းေလးကိုလည္း

ေျဖာင္းဖ်မရ၍ စိတ္ညစ္ေနေလၿပီ။


ဒီျပႆနာေတြဟာ ဘယ္ကေနစခဲ့သလဲဆိုရင္

သူ႔ကိုအိပ္ယာေပၚကေန ကန္ခ်လိုက္မိတဲ့

ညကေနစခဲ့တာပဲ။

မိန္းမတစ္ေယာက္ရဲ့စိတ္ကိုလည္း တစ္စက္မွ

နားမလည္ဘူး။သူျဖစ္ခ်င္တာပဲသူသိတယ္။

ေယာက္်ားႀကီးျဖစ္ၿပီး စိတ္ေကာက္တတ္လိုက္တာလည္း လြန္ေရာ။

စကားအေျပာအဆိုကလည္း ရိုက္ေပါက္ႀကီး..။

ဒီလိုလူမ်ိဳး စီးပြားေရးလုပ္လို႔ေအာင္ျမင္တာ

သူတစ္ေယာက္ပဲရိွအံုးမယ္။


ကိုယ့္ဘာသာအေတြးမ်ားေနတာနဲ႔ ကားက

အိမ္ႏွင့္အေတာ္ေလးအလွမ္းေဝးလာေတာ့မွ

သာ လမ္းေရာက္ရင္ေျပာျပမည္ဆိုေသာ

ၾကည္ၾကၫ့္ရဲ့စကားကို သတိရေလေတာ့သည္။


"ၾကည္ၾကည္..တို႔ေတြဘယ္ကိုသြားေနၾကတာလဲ.."


"ဟိုေလ..ေရႊေတာင္ၾကားလမ္းကိုသြားေနတာပါ

မမ..."


"ေရႊေတာင္ၾကားလမ္းဟုတ္လား..ဘယ္သူ႔ဆီကို

သြားေနတာလဲဟင္..."


"အစ္ကိုေလးမင္းစက္အာဏာရဲ့အိမ္ကိုပါ..."


"ဘာ!!!"


ဝိုင္းေလးကအသံက်ယ္က်ယ္ႏွင့္ ေအာ္လိုက္ေတာ့

ၾကည္ၾကည္က မတတ္သာလို႔လုပ္ရတာပါဆိုသၫ့္

မခ်ိႃပံုးေလးႏွင့္ေတာင္းပန္လာေလသည္။

အဲ့လူနဲ႔မေတြ့ခ်င္ပါဘူးဆိုေနမွ ဖြားဖြားႏုတို႔က

လုပ္ခ်လိုက္ျပန္ၿပီ....။

ဘယ္တတ္ႏိုင္ေတာ့မွာလဲ လမ္းကျဖင့္

တစ္၀က္က်ိဳးေနၿပီ..။


"ပစၥည္းပို႔ၿပီးရင္ ခ်က္ခ်င္းတန္းျပန္မွာ

မဟုတ္လား..."


"ဟုတ္ပါတယ္...ပို႔ၿပီးတာနဲ႔တန္းျပန္မွာပါ..."


"ဒါဆိုလည္းၿပီးေရာ...ဒီတစ္ခါပဲရမယ္ေနာ္

ေနာက္တစ္ခါလိမ္ေျပာတာတို႔လ်ိႈ႔ဝွက္ထားတာတို႔

ဆိုရင္ လံုး၀ခြင့္မလႊတ္ဘူး..."


"စိတ္ခ်ပါမမဝိုင္းေလးရယ္..."


ၾကည္ၾကည္ကတိေပးလိုက္ေတာ့မွ လက္ပိုက္ၿပီး

အေနာက္သို႔မွီခ်လိုက္သၫ့္ မမဝိုင္းေလးသည္

သိပ္ေတာ့ ေက်နပ္ပံုမေပၚေသးေပ။

ဒါေပမဲ့ ၾကည္ၾကည္လည္းမတတ္ႏိုင္ဘူးေလ။

ဒါက ဖြားဖြားႏုရဲ့တစ္ခ်က္လြတ္အမိန႔္ဆိုေတာ့

ၾကည္ၾကၫ့္လို တံုးေအာက္ကဖားေလးက

မျပားရေအာင္ေတာ့ ကိုယ္‌ေဘးကိုယ္ကာကြယ္

ရမွာပဲ။


ဒါေပမဲ့ မမဝိုင္းေလးအတြက္ၾကည္ၾကည္လည္း

ဖြားႏုရဲ့အႀကံဟာ ေကာင္းမယ္ထင္မိလို႔

ငရဲႀကီးရွစ္ထပ္မွာ ဂ်ိဳးကပ္လည္းကပ္ပါေစေတာ့

ၾကည္ၾကည္ ရဲရဲႀကီးခံလိုက္ပါေတာ့မယ္ဆိုၿပီး

အရဲစြန႔္မိတာပါ။


"မမဝိုင္းေလး...ေရာက္ၿပီ..ဒီအိမ္ပဲ..."


ေရႊေတာင္ၾကားလမ္း၏VIPရပ္ကြက္ျဖစ္၍

တိတ္ဆိတ္မႈအားေတာ့ အလြန္ေကာင္းသည္။

မင္းစက္အာဏာ၏ဗီလာသည္ ‌ကုန္းျမင့္ေလးေပၚမွာ တည္ရိွေနျခင္းျဖစ္ၿပီး အျခားေနအိမ္မ်ားႏွင့္

နည္းနည္းေတာ့ အလွမ္းေဝးကာတသီးတသန႔္တည္း ျဖစ္၍ေနသည္။


ကားဟြန္းတီးလိုက္သၫ့္အခါ ေရႊေရာင္

ကႏုတ္မ်ားျဖင့္ အေသးစိတ္ဖန္တီးထားေသာ

သံဗန္းတံခါးႀကီးက ပြင့္သြားခဲ့ေလသည္။

မထင္မွတ္ထားသည္က မင္းစက္အာဏာ၏

အိမ္သည္ ဖြားဖြားႏုတို႔၏အိမ္ထက္

အဆေပါင္းမ်ားစြာ ႀကီးေနျခင္းျဖစ္သည္။

ဒါေၾကာင့္လည္း သူကဟိုအိမ္ကိုျပန္မလာတာ

ေနမွာေပါ့။


အိမ္ႀကီးဆီသို႔ သြားေသာလမ္းတစ္ေလ်ွာက္တြင္

အလွသစ္ပင္မ်ားကို ေသခ်ာေလးပံုေဖာ္ထားၿပီး

အရမ္းလွတဲ့ဥယ်ာဉ္ႀကီးကိုလည္း လွမ္း၍

ျမင္လိုက္ရသည္။

ထိုဥယ်ာဉ္ထဲတြင္ေတာ့ အလုပ္သမားငါးေယာက္ေလာက္ ရိွေနေလသည္။

တစ္ဖက္ျခမ္းမွာလည္း အလွစိုက္ထားေသာ

ျမက္ပင္ေတြကို ေရျဖန္းေနသူမ်ားလည္း

သံုးေယာက္ေလာက္ ေတြ့လိုက္ရသည္။


ၿခံႀကီးကဧကဘယ္ေလာက္ က်ယ္မလဲမသိေပမဲ့

စ၀င္လာတည္းက အလုပ္သမားမ်ားစြာကို

ေတြ့ေနတာက တကယ္ကိုထူးဆန္းလြန္းသည္။

သူဟာ မာနသိပ္ႀကီးလြန္းတာလည္း

မဆန္းေတာ့ပါဘူး။

ဘုရင္တစ္ပါးလို ေနေနတဲ့လူပဲ။


ဒါေၾကာင့္လည္း အႂတၲကီးလြန္းတဲ့ဘုရင္ႀကီးက

မိန္းမတစ္ေယာက္ကို လြယ္လြယ္ေလး

ေကာက္ယူၿပီး ျပစ္ထားခဲ့တာေပါ့ေလ။

သူ႔ကိုအျပစ္မတင္ရဲၾကေတာ့ ေနာက္ဆံုးမွာ

ဝိုင္းေလးဟာ ေယာက္်ားတစ္ေယာက္ကို

ကိုယ့္ဘက္ပါေအာင္ မစဲြေဆာင္ႏိုင္နဲ႔မိန္းမ

ျဖစ္သြားရေတာ့တာပဲ။


သူ႔ကိုက်ိဳးႏြံရမယ္တဲ့။

ဒီစကားကိုသူေျပာထြက္ေတာ့ တကယ္ကို

တရားလြန္လြန္းတယ္ဟု ေတြးခဲ့မိတယ္။

အခုသူ႔ရဲ့ ေရႊေရာင္ေတာက္ေနေသာ

ကမ႓ာထဲကို ၀င္လာရေတာ့မွ

သူဟာေရႊဇြန္းကိုက္ၿပီးေမြးလာသူျဖစ္လို႔

အရာရာကို သူလိုခ်င္တိုင္း၊ျဖစ္ခ်င္တိုင္း

ရေနတဲ့ သီးျခားကမ႓ာတစ္ခုက လူပဲဟုနားလည္

သြားမိတယ္။


"မမဝိုင္းေလး..ကားေပၚကေနဆင္းေတာ့ေလ..."


"ငါကဘာလို႔ဆင္းရမွာလဲ..နင္တို႔ဘာသာ

ဆင္းၾကေလ..ငါကဒီေပၚမွာပဲေစာင့္ေနခဲ့မယ္

ေပးစရာရိွတာကို ေပးၿပီးတာနဲ႔ျပန္ၾကမယ္.."


"ပစၥည္းေတြကအရမ္းမ်ားတယ္

မမပါကူသယ္ေပးမွ ရမွာ..."


ၾကည္ၾကၫ့္မ်က္ႏွာကလည္း ေတာ္ေတာ္သနားစရာ

ရုပ္ျဖစ္ေနၿပီမို႔ မတတ္ႏိုင္ေတာ့ပဲ ကားေပၚမွ

ဆင္းလိုက္ရေလသည္။

ကားေနာက္ဖံုးကိုဖြင့္လိုက္ေတာ့ ပစၥည္းေတြက

တကယ္ကိုမနည္းမေနာပါပဲ။


"ၾကည္ၾကည္..ပစၥည္းေတြကမ်ားလွခ်ည္လားဟ

သူ႔ဘာသာလည္း၀ယ္စားႏိုင္မွာပါ..

အျခားလူေတြကိုပါ ကူသယ္ေပးဖို႔ေခၚလိုက္ပါလား

ဒါမျွမန္ျမန္ၿပီးမွာ..."


"ရပါတယ္မမရာ..ဒီေလာက္ကေတာ့ကိုယ့္ဘာသာ

သယ္ၾကရေအာင္..ေရာ့မမကဒီမုန႔္ပံုးကိုသယ္ၿပီး

ဟိုနားမွခဏသြားထားလိုက္..."


ၾကည္ၾကည္က သိပ္မေလးေသာမုန႔္ပံုးတစ္ခုကို

ကမ္းေပးလာ၍ လွမ္းယူလိုက္ၿပီးသူျပသၫ့္

အိမ္အေပါက္၀နားရိွ ေလွကားဆီသို႔

သြားလိုက္သည္။


"ဒီနားေလးလားၾကည္ၾကည္...."


ၾကည္ၾကၫ့္ကိုလွၫ့္ေမးလိုက္သၫ့္ အခ်ိန္မွာေတာ့

ကားေပၚကို ဘယ္အခ်ိန္တည္းက

တက္သြားသလဲမသိလိုက္ေပ။

ၾကည္ၾကည္ဟာ ကားတံခါးကို

အတင္းေစာင့္၍ပိတ္လိုက္ေလသည္။


"ကိုႀကီးမင္းသစ္ေရ..အျမန္ေမာင္းေတာ့..."


မင္းသစ္နဲ႔ၾကည္ၾကည္ကေတာ့ အႀကံတူခ်င္းမို႔

ကားကိုၿခံထဲမွအျမန္ေမာင္းထြက္ရန္သာ

စိတ္ေလာေနေလသည္။

ေမဝိုင္းေလးကေတာ့ အေနာက္မွေျပးလိုက္ရင္း

မမွီေတာ့တဲ့အဆံုး စိတ္တိုတိုႏွင့္ဖိနပ္တစ္ဖက္ကို

ခၽြတ္၍ ကားကိုျပစ္ေပါက္လိုက္မိေတာ့သည္။


"ၾကည္ၾကည္အစုတ္ပလုတ္မ..

ငါ့ကိုတစ္ေယာက္တည္းမထားခဲ့နဲ႔ေလ...

ကလိမ္ကက်စ္မဲ့..လက္စသတ္ေတာ့

နင္တို႔ပို႔မဲ့ပစၥည္းကငါျဖစ္ေနခဲ့တာကို...

ပို႔ၿပီးတာနဲ႔တန္းျပန္မယ္တဲ့...

တကယ္လည္းျပန္သြားတာ တန္းေနၾကတာပဲ.."


ဘယ္လိုပဲေအာ္ေျပာေျပာ ကားေလးဟာအေဝးသို႔

ေရာက္ကာ ေပ်ာက္ကြယ္သြားေလေတာ့သည္။

ၿခံ၀တြင္ ဖိနပ္တစ္ဖက္မရိွေသာ ေျခဗလာႏွင့္

ျဖစ္ေနသၫ့္ ေမဝိုင္းေလးကိုၿခံေစာင့္ႀကီးက

ျပဴးျပဴးၿပဲျပဲအမူအရာႏွင့္ၾကၫ့္လာသလို

ေမဝိုင္းေလးကလည္း ဘာလုပ္ရမလဲမသိေတာ့၍

ကူကယ္ရာမဲ့စြာ ထိုဦးေလးႀကီးကိုျပန္ၾကၫ့္လိုက္မိသည္။


"တူမႀကီးက၀င္မွာလား..ထြက္မွာလား.."


"သမီးလည္း၀င္ရမလား..ထြက္ရမလားဆိုတာ

တကယ္ကို မေတြးတတ္ေတာ့ပါဘူး..

ဟိုေလ..ကိုမင္းစက္ကဒီေန့ရံုးပိတ္ရက္မဟုတ္လား

သူအခုအိမ္ထဲမွာလား..."


"ဆရာက...ဒီေန့ဘယ္မွေတာ့မသြားျဖစ္ပါဘူး

ဒါေပမဲ့ အိမ္ထဲမွာအိပ္ေနေလာက္မယ္ထင္တယ္.."


"ဟုတ္လား..ဒါဆိုဝိုင္းေလးကို

သူ႔ဆီလိုက္ပို႔ေပးပါလားဟင္.."


"ဟာ..မျဖစ္ဘူးထင္တယ္..ဆရာကသူအိပ္ေနရင္

ဘယ္သူမွလာႏိႈးတာ မႀကိဳက္ဘူးသမီးရဲ့

တစ္ခါကဆို အလုပ္သမားေကာင္ေလး

တစ္ေယာက္က ဥယ်ာဉ္ထဲကအနားယူတဲ့

စံအိမ္ေလးမွာဆရာအိပ္ေနတုန္း

သီခ်င္းေအာ္ဆိုလိုက္မိလို႔

အလုပ္ျပဳတ္သြားတယ္ေလ..."


"ဟင္...အဲ့ေလာက္ေတာင္ပဲလား..

သီခ်င္းေအာ္ဆိုတာေလးေလာက္နဲ႔ေတာင္

အလုပ္ျဖဳတ္တယ္ဆိုေတာ့...."

*သူ႔ကိုကုတင္ေပၚကေနကန္ခ်မိလို႔ ဝိုင္းေလးကို

အခုထိမေက်နပ္ေသးတာက..မထူးဆန္းေတာ့ပါဘူး..ေရ႔ွဆက္ၿပီးသူ႔ကိုဆန႔္က်င္ဖို႔

ေတြးထားတာကိုေတာင္ ေနာင္တရခ်င္လာၿပီ*


ၿခံေစာင့္ဦးေလးႀကီးကလည္း ဘယ္လိုအကူအညီေတာင္းေတာင္း ဟိုမာနမင္းသားႀကီးကို

ဖင္တုန္ေအာင္ ေၾကာက္ေနေတာ့ကိုယ့္ဘာသာပဲ

ဖိနပ္တစ္ဖက္မပါေသာ အရူးလိုပံုစံနဲ႔

အိမ္ႀကီးရိွရာဆီသို႔ ေျပးသြားရေတာ့သည္။

ဖုန္းကလည္းမပါသလို အ၀တ္တစ္ထည္

ကိုယ္တစ္ခုနဲ႔ အထားခဲ့ခံရတဲ့ဘ၀က

သနားစရာေလးပါလား။

မာနမင္းသားႀကီးဆီကေန အကူအညီေတာင္းၿပီး

အိမ္ကိုျပန္ရမွာပဲ။


"ဟိုအစ္မႀကီး...ခဏေနပါအံုး..."


အိမ္ထဲမွာ သြားလာေနေသာအစ္မႀကီးကို

လွမ္းေခၚလိုက္မိေလသည္..


"ဟိုေလ..မင္းစက္အာဏာအခုဘယ္မွာရိွလည္း

သိလားဟင္..သူနဲ႔ေျပာစရာေလးရိွလို႔..

ျဖစ္ႏိုင္ရင္သူ႔ဆီကို ေခၚသြားေပးပါလားဟင္..."


"ညီမကဘယ္သူလည္းမသိဘူး..."


"ဝိုင္းေလးကသူ႔မိန္းမပါ.."


"ရွင္..."


ညီမေတြဘာေတြေျပာလိုက္ရင္ မထိေရာက္မွာ

စိုးလို႔ မိန္းမလို႔ေျပာလိုက္ေတာ့ ထိုအစ္မက

မ်က္လံုးကို ျပဴးထြက္သြားေအာင္အံ့ဩ

သြားေလသည္။

ဒီေသခ်င္းဆိုးႀကီးကေတာ့ သူ႔အိမ္ကအလုပ္သမား

ေတြကိုေတာင္ ‌သူမိန္းမရတဲ့ကိစၥမေျပာရေသးဘူး

ေပါ့ေလ။

ခ်ီးကားဆယ္စီးေလာက္ တိုက္ေသေစခ်င္လိုက္တာ။


"ဟိုေလ..အခုအခ်ိန္ဆိုဆရာကေရကူးကန္နားမွာ

ရိွေလာက္တယ္...ဒီကေနတန္းတန္းသြားၿပီး

တံခါးဖြင့္လိုက္ပါေနာ္...ၿပီးရင္ေလ်ွာက္လမ္းေလး

အတိုင္း နဲနဲေလာက္ေလ်ွာက္လိုက္..ၿပီးတာနဲ႔

ညာကိုခ်ိဳး...."


"အစ္မဟာက..ဒီတစ္သက္ေရာက္အံုးမွာလားဟင္

ကိုယ္တိုင္လိုက္ပို႔လိုက္ၿပီးေရာကို.."


"ဆရာအနားယူတဲ့အခ်ိန္မို႔ မေနွာက္ယွက္ရဲလို႔ပါ

ညီမရယ္...စိတ္မရိွပါနဲ႔ေနာ္..

ေလ်ွာက္လမ္းေလးအတိုင္း 

နဲနဲေလာက္ေလ်ွာက္လိုက္..ၿပီးတာနဲ႔

ညာကိုခ်ိဳးရင္ေရာက္ပါၿပီ...."


"ၿပီးေရာ..."


ထိုအစ္မႀကီးကိုပါ မ်က္ေစာင္းထိုးျပစ္ခဲ့ၿပီး

သူၫႊန္ျပတဲ့အတိုင္း ေရကူးကန္ဆီသို႔

သြားလိုက္သည္။

ဘယ္သူမွအကူအညီေတာင္းမရ၍

စိတ္တိုၿပီး ေတာ္ေတာ္တင္းလာတာနဲ႔ပဲ

လမ္းတစ္ေလ်ွာက္ ပြစိတက္ေအာင္

မေက်နပ္ခ်က္ေတြကို ႂကြေးေၾကာ္လာမိတာ

ေရကူးကန္ဆီသို႔ ေရာက္တဲ့အထိပါပဲ။


"..စိတ္ေတြညစ္လိုက္တာ

သူ႔အိမ္ကိုလာရတာလဲ..

၀ကၤပါထဲမွာေသး၀င္ေပါက္ရင္း

လမ္းေပ်ာက္တာထက္အေျခအေနဆိုးတယ္...

ကိန္းႀကီးခန္းႀကီးႏိုင္လိုက္တာေျပာမေနတဲ့...

မသိရင္သူ႔ကိုယ္သူ ဟာက်ူလီႀကီးမွတ္ေနသလား

မသိဘူး...‌

လူေသးေသးေလးတစ္ေယာက္တည္းေနတာကို

ေဆာက္ထားလိုက္တဲ့အိမ္က နည္းတာႀကီး

မဟုတ္ဘူး...ေနတာကတစ္ေယာက္တည္း

ငွားထားတဲ့အလုပ္သမားေတြက

ေဘာလံုးကြင္းေထာင္စားလို႔ရေလာက္တယ္

ေဂါက္ေၾကာင္ဆိုတာ သူမွအစစ္....

........

အဲ့ဒါေပါ့ပိုက္ဆံရိွၿပီး က်ပ္မျပၫ့္တဲ့

ကုေဋရွစ္ဆယ္သူေဌးသားဆိုတာ.."


"ေဟ့..မင္းဘယ္သူ႔ကိုေျပာေနတာလဲ..."


ဝိုင္းေလးက ေရကန္ႏႈတ္ခမ္းစပ္သို႔အေရာက္

အေနာက္မွေအာ္ေခၚလိုက္တဲ့အသံေၾကာင့္

ထိတ္လန႔္တၾကား ဆတ္ကနဲလွၫ့္ၾကၫ့္လိုက္မိေသာအခါ....


"အား!!!!!အေမ့ေရ...."


ေရကန္စပ္မွေရေတြႏွင့္ ‌တစ္ဖက္တည္းသာ

က်န္ခဲ့ေသာ ေဖာ့ဖိနပ္ဟာရွပ္တိုက္သြားခဲ့ၿပီး

"ဗြမ္း!!"ကနဲျမည္ေအာင္ ေရထဲသို႔ပလက္လန္

က်သြားခဲ့ေလသည္။

ကံေကာင္းတာလား ကံဆိုးတာလားမသိေပမဲ့

ေရကန္ေဘးမွာရိွေနသည့္ တစ္ဦးတည္းေသာ

လူ၏မ်က္ႏွာတၫ့္တၫ့္သို႔ ‌ေျခေထာက္မွ

ကၽြတ္ၿပီး ေျမာက္တက္သြားေသာေဖာ့ဖိနပ္ဟာ

ဖက္ကနဲ သြားကပ္ေလ‌ေတာ့သည္။


ပို၍ကံဆိုးတာကေတာ့ ေရျပင္ကိုေျခေထာက္

ေထာက္၍ မရပဲျမဳပ္လိုက္ေပၚလိုက္

ျဖစ္ကာ ေရနစ္ေန‌ျခင္းပင္။


"အား...ကယ္ၾကပါအံုး...!!!!"


..အခန္း(၁၁)ဆက္ရန္ရိွသည္


စာေရးသူ..ေဆာင္းေငြ့ေဝ


❤️❤️❤️❤️❤️


ေယာက္်ားကိုျပစ္မွားလို႔ေရနစ္သူမိဝိုင္း😁


ဖတ္ရႈေပးသူ တစ္‌ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူးတင္ရိွပါတယ္

No comments:

Post a Comment