(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း (၃၈)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
ဝိုင်းလေးဟာ မိဘမဲ့တစ်ယောက်ဖြစ်ပြီး
အသက်၅နှစ်လောက်မရှိတတ်ခင်မှာပဲ
အဖေ့ကြောင့်မိဘမဲ့ဂေဟာကနေ
ထွက်လာနိုင်ခဲ့တယ်။
ရှမ်းပြည်နယ်ရဲ့ တောင်ပေါ်ဒေသမှာရှိတဲ့
မိဘမဲ့ဂေဟာဆိုတဲ့အတိုင်း မြို့နေနဲ့အလှမ်းဝေး
တဲ့အပြင် အထောက်အပံ့အကူအညီလည်း
သိပ်မရတော့ ဂေဟာတည်ထောင်သူက
ရုတ်တရက်ဆုံးပါးသွားတဲ့အချိန်မှာ
ဂေဟာသည် ပိုလို့ရပ်တည်ရ ခက်ခဲသွားခဲ့တာပေါ့။
ဂေဟာမှမိဘမဲ့လေးများကို ဝိုင်းကြည့်ရှုပေးတဲ့
လူတွေကလည်း ရှိသမျှရန်ပုံငွေလေးတွေကို
ဖြတ်သားလာဘ်စားလုပ်ကြပြီး
ဂေဟာမှကလေးတွေကိုတော့
မ၀ရေဆာသာ ကျွေးကြတယ်။
မေဝိုင်းလေးဆိုတာ
လူမသိသူမသိဂေဟာလေးတစ်ခုမှာ
ဆင်းရဲကြီးစွာလည်း ရှင်သန်ရပ်တည်ခဲ့ရဖူးတယ်။
အစာမရှိလို့ တဂွီဂွီမြည်နေတဲ့ ဗိုက်ဟောင်းလောင်းနဲ့
ငတ်မွှတ်ဆာလောင်ခဲ့ရတဲ့ နေ့ရက်တွေကိုလည်း
အံကြိတ်ပြီး ဖြတ်သန်းခဲ့ရဖူးသူပါ။
ဗိုက်ဆာလို့ သူများတကာရဲ့အသီးခင်းထဲကို
ခိုး၀င်မိရာမှ အရွယ်နဲ့မလိုက်အောင်
အပြစ်ပေးတာလည်းခံခဲ့ရဖူးတယ်။
သူခိုးမလေးလို့ အကြိမ်ကြိမ်
အစွတ်စွဲခံခဲ့ရဖူးသလို ၊ ရွံ့ရှာတဲ့
အကြည့်တွေနဲ့လည်း အကြည့်ခံခဲ့ရဖူးတယ်။
အစပိုင်းကတော့ ၀မ်းနည်းမိတာပေါ့။
ရှက်လည်းရှက်တယ်။အားလည်းငယ်တယ်။
လူတွေကိုလည်း ကြောက်တယ်။
ဒါပေမဲ့အဲ့လိုအဖြစ်မျိုးက
ကိုယ်တစ်ယောက်တည်းမှာ
ဖြစ်နေတာမျိုးမဟုတ်ပဲ ကိုယ့်လိုဂေဟာက
ကလေးတိုင်းနီးပါး ကြုံရတဲ့အဖြစ်မျိုးမို့
နောက်ပိုင်းတော့ နေသားကျလာခဲ့ပါတယ်။
ဘယ်သူက ဘယ်လိုပဲကြည့်ကြည့်
ဂရုမစိုက်တတ်တော့ဘူး။
တစ်ဖက်မှာတော့ သိပ်နားမလည်တတ်သေးတဲ့
အရွယ်မို့လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အဲ့ဒီ့ဆင်းရဲနွမ်းပါးတဲ့ အချိန်ကာလကြီးကို
ဘယ်လောက်ပဲ အသက်ကြီးလာပါစေ
မေ့လို့မရခဲ့ဘူး။
ဂေဟာမှာနေခဲ့ဖူးတဲ့အချိန်တုန်းက ဝိုင်းလေးဟာ
အရမ်းအသက်ငယ်ပါသေးတယ်။
ထို့ကြောင့် အရာအားလုံးကိုမမှတ်မိနိုင်တော့ပေမဲ့
အဆဲအဆိုကြိမ်းမောင်းခံရတာတွေ
အထင်အမြင်သေးစွာ ဆက်ဆံခံရတာတွေကိုတော့
ဓာတ်ပုံရိုက်ထားသလို ဦးနှောက်ထဲမှာ
အခုထိစွဲမှတ်ထားမိတုန်းပါပဲ။
မှုန်ဝါးဝါးမှတ်ဉာဏ်တွေဆိုပေမဲ့
တစ်ခါတလေမှာ အိပ်မက်ဆိုးတွေအဖြစ်နဲ့
မြင်မက်မိနေတုန်းပဲ..
အဲ့ဒီ့လို ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေကို
ပြန်မသွားချင်တော့ဘူး။
နောက်ပိုင်း ဖေဖေ့ကြောင့်
ထိုကံကြမ္မာဆိုးကြီးထဲကနေ
လွတ်မြောက်ခဲ့ရပေမဲ့ မမထိပ်ထားရဲ့
အနာကိုအသစ်ပြန်ပြန် ဆွပေးမှုကြောင့်
စတိတ်ကျောင်းသား ဘ၀တစ်လျှောက်လုံး
အပေါင်းအသင်းသိပ်မရှိပဲ ကျီးလှန့်စာ
စားနေရသလို ကြောက်ရွံ့သိမ်ငယ်ခဲ့ရတယ်။
အခုလည်း လူတစ်ယောက်ကဝိုင်းလေးအတွက်
သေရာပါစေမည့် အိပ်မက်ဆိုးတစ်ခုကို
ဖန်တီးပေးနေပြန်သည်။
"ကွာရှင်းမယ်တဲ့.."သူကတော့ထိုစကားပဲပြောပြီး
ယာဉ်မောင်းနေရာမှာ ပြန်ထိုင်နေလေရဲ့။
ကားကိုတော့ မောင်းနှင်ခြင်းမရှိပဲ
သူဟာ ကားခေါင်းခန်းမှာ
ငြိမ်ငြိမ်လေးထိုင်နေလေတယ်။
ဝိုင်းလေးမှာသာ သူပေးအပ်ခဲ့တဲ့အနမ်းတွေကို
မေ့မေ့မောမော သိမ်းပိုက်ထားရင်း
မျက်ရည်ဝဲလာမိတယ်။
ဆယ်တန်းအောင်ပြီးနောက်မှာ စီးပွားရေး
တက္ကသိုလ်ကို အဖွားတို့ဆန္ဒအရရွေးချယ်ပြီး
တက်ခဲ့တယ်။
တက္ကသိုလ်တက်နေစဉ်အတွင်းမှာ ကောင်လေးတွေ
တစ်ယောက်ပြီးတစ်ယောက် ချစ်ရေးဆိုခဲ့ပေမဲ့
အကုန်လုံးကို ငြင်းလွှတ်လိုက်တာကြီးပါပဲ။
ဝိုင်းလေးဟာ ဘယ်တုန်းကမှ
ဘ၀မမေ့တတ်ခဲ့ပါဘူး။
ကိုယ်ဘယ်ဘ၀ကနေ လာခဲ့ရသလဲဆိုတာကို
အမြဲနှလုံးသွင်းနေခဲ့သူပါ။
မွေးစားမိဘတွေကိုလည်း မိဘအရင်းလိုပဲ
သတ်မှတ်ထားခဲ့ပြီး ကျေးဇူးတရားတွေကို
ကျေပွန်အောင် ဆပ်ရစေ့မယ်လို့
အမြဲ တွေးနေခဲ့မိတာပါ။
ဘွဲ့ရပြီးသည့်တိုင် ရည်းစားသနာကိစ္စဆိုတာ
ဘာမှန်းကိုမသိခဲ့သလို သိအောင်လည်း
မကြိုးစားချင်ခဲ့ပေ။
ငါအလုပ်တစ်ခုရအောင်လုပ်ပြီး မိဘတွေကို
ပြန်ကြည့်ရှုမယ်ဆိုတဲ့ စိတ်ကိုသာ
အမြဲမွေးမြူခဲ့တယ်။
နောက်ဆုံး စောစောစီးစီးအိမ်ထောင်ကျရတဲ့
အကြောင်းအရင်းကလည်း မိဘတွေရဲ့ဆန္ဒကို
မလွန်ဆန်ချင်ခဲ့လို့ပါပဲ။
ကိုမင်းစက်ရဲ့ စရိုက်ကိုလက်မထပ်ခင်ကတင်
သိလိုက်ရပေနဲ့
အားလုံးအဆင်ပြေပါစေတော့ရယ်လို့
တွေးတောခဲ့ပြီး မျက်စိစုံမှိတ်ကာ
လက်ခံပစ်ခဲ့မိတယ်။
အစပိုင်းမှာ ဝိုင်းလေးအမြဲတွေးနေမိတဲ့
တစ်ခုတည်းသောအကြောင်းအရာက
သူ့ကို ကွာရှင်းနိုင်ဖို့ပါပဲ။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ
သူ့အပေါ်မှာထားတဲ့ သဘောထားတွေဟာ
ပြောင်းလဲလာခဲ့တယ်။
သူ့ကစကားပြောရင် တင်စီးတတ်တယ်။
ဘာလုပ်လုပ်လေးနက်ပြီး အလျှော့လည်း
မပေးတတ်ပြန်ဘူး။
ဘ၀မြင့်လွန်းတဲ့အပြင် မာနခပ်ကြီးကြီးနဲ့
စကားကြမ်းတွေပဲ ပြောတတ်တဲ့အကျင့်ရှိတယ်။
ဒါပေမဲ့ သူ့ကိုသဘောကျလာမိတာနဲ့အမျှ
ထိုအရာတွေကို အပြစ်လို့မမြင်မိတော့ပဲ
သူနဲ့စကားအခြေအတင် ပြောနေရတာကိုတောင်
နှစ်သက်လာမိတယ်။
သူဘာပြောပြော အရင်လိုမုန်းတီးစိတ်တွေ
ဖြစ်လာမှာ မဟုတ်တော့ပါဘူး။
ဒါပေမဲ့ အခုသူပြောလိုက်တဲ့စကားကတော့
ဝိုင်းလေးရဲ့ ရင်၀ကိုအဆိပ်မျှားနဲ့
ပြစ်ချလိုက်သလို ခံစားလိုက်ရတယ်။
"ကွာရှင်းလိုက်ရင် ကျွန်မဘက်က
ကျေနပ်မယ်လို့
ရှင်ဘာလို့ ထင်နေရတာလဲ.."
ဝိုင်းလေးက သူ့ကိုလှမ်းကြည့်ပြီးပြောနေပေမဲ့
သူကတော့ ဝိုင်းလေးကိုလုံး၀လှည့်ကြည့်မလာပဲ
အရှေ့တည့်တည့်သို့သာ ကြည့်နေခဲ့တယ်။
အဲ့ဒီ့လိုအမူအရာတွေက လူကိုပိုပြီး
၀မ်းနည်းစေမှန်းသူမသိဘူးလား။
ဝိုင်းလေးကို လျစ်လျှူရှုထားသလို
ခံစားရစေတယ်။
"ဒီမေးခွန်းကို ကိုယ်ကဖြေဖို့လိုသေးလို့လား
ငါမင်းကို ကွာရှင်းပေးလိုက်ရင်
မင်းကြိုက်နှစ်သက်တဲ့လူဆီကို
မင်းသွားလို့ရနိုင်မယ်လေ..အဲ့ဒီ့အခွင့်အရေးကို
ငါအခုမင်းကိုပေးနေတာ.."
"ကျွန်မကအဲ့ဒီ့အခွင့်အရေးကို
မလိုချင်ဘူးဆိုရင်ရော.."
"ကိုယ်ယုံမယ်လို့ ထင်နေတာလား.."
"ရှင်ကျွန်မရဲ့မျက်နှာကို ဘာလို့
လှည့်မကြည့်ရတာလဲ.."
"မလိုအပ်တော့ဘူးထင်လို့ပေါ့..
မင်းစိတ်ချပါ..ငါနဲ့လက်ထပ်ခဲ့ရတဲ့အတွက်
မင်းဘက်က လုံး၀မနစ်နာစေရပါဘူး..
ကွာရှင်းစာချုပ်နဲ့အတူ မင်းရသင့်ရထိုက်တာကို
နစ်နာကြေးအဖြစ် ငါပေးမှာပါ.."
"ဒါဆို ကျွန်မဘယ်လိုပဲရှင်းပြပြ
ဘာမှ မထူးတော့ဘူးပေါ့.."
"ကိုယ်ကမြင်တာကိုပဲ ယုံတတ်တယ်..
ပထမတစ်ခါကို ခွင့်လွှတ်ပေးနိုင်ပေမဲ့
အခုတစ်ခါတော့ သိပ်ကိုခက်ခဲသွားပြီ..
မင်းပျော်လွန်းလို့ထခုန်သင့်တယ်မဟုတ်ဘူးလား
သူကလည်း မင်းကိုဘယ်လိုအခြေအနေမျိုးမဆို
ရရင်ပြီးရောဖြစ်နေတာလေ"
သူ့စကားအဆုံးမှာ ပါးပေါ်သို့
မျက်ရည်တွေ စီးကျလာခဲ့တယ်။
ရှိုက်သံမထွက်အောင်လို့ ပါးစပ်ကိုလက်နဲ့
အတင်းပိတ်ထားလိုက်မိတယ်။
*သူအရမ်းရက်စက်တာပဲ..
မဟုတ်ဘူး..သူကအရမ်းသွေးအေးလွန်းတာ
တစ်ဖက်လူ ဘယ်လိုခံစားသွားရမလဲ
မတွေးပေးတတ်လောက်အောင်ကို
သွေးအေးတာ..*
ဂါ၀န်အဖြူလေးကို ကျစ်ကျစ်ပါအောင်
ဆုပ်ချေနေမိပြီး စိတ်ကိုတင်းထားပေမဲ့
ငိုကြွေးရုံမှတစ်ပါး မတတ်နိုင်ခဲ့ဘူး။
နစ်နာကြေးတဲ့..ရသင့်ရထိုက်တာတွေတဲ့လေ။
သူ့စကားတစ်လုံးချင်းဆီက ဝိုင်းလေးကို
အထင်အမြင်သေးနေမှန်း သိသာလွန်းလိုက်တာ။
တစ်ဖက်ကတွေးကြည့်ရင် ဝိုင်းလေးအပေါ်မှာ
နည်းနည်းလေးမှ မခင်တွယ်လို့၊သံယောဇဉ်မရှိလို့
အခုလို ဝေဿန္တာရာလက်သစ်လုပ်နိုင်တာ
နေမှာပေါ့။
လူတစ်ယောက်ကို တကယ်ချစ်ရင်ဘယ်သူက
အလွယ်တကူ စွန့်ပစ်ရက်မှာလဲ။
ဒီလောက်တောင် ရွံရှာစက်ဆုပ်နေရင်လည်း
ဘာကြောင့်များ လူကိုသူ့ရဲ့ညှို့ဓာတ်နဲ့
ယစ်မူးအောင် လုပ်လိုက်ရတာလဲ။
သူ့ဟာ တစ်ဖက်သတ်သံသယတွေ၊
သူ့ရဲ့တစ်ဖက်သတ်ကောက်ချက်ချလိုက်တဲ့
အတွေးတွေနဲ့သာ ပိတ်မိနေတဲ့လူကြီး။
သူထင်တာကိုပဲ မှန်စေချင်တဲ့
အဆိုးမြင်ဝါဒသမားကြီး။
သူ့စကားအရဆို ဝိုင်းလေးကဘယ်လိုပဲ
ရှင်းပြပါစေ မယုံကြည်ပေးနိုင်ဘူးဆိုတဲ့
အဓိပ္ပာယ်ပေါ့။
ဝိုင်းလေးဟာ ဖောက်ပြန်မှုကိုခုံမင်တဲ့
မိန်းမတစ်ယောက်အဖြစ်
သူသတ်မှတ်လိုက်ပြီးပြီထင်ပါရဲ့။
သူ့စိတ်ထဲမှာ ဝိုင်းလေးကသူ့ရဲ့မြင်းဇောင်းတံခါး
ဖွင့်ပေးလိုက်တာနဲ့ အခြားလူရဲ့ခြံထဲကို
အားရ၀မ်းသာ ခုန်ကျော်သွားမယ်လို့
တစ်ထစ်ချ တွက်ထားပုံရတယ်။
"ရှင်ကျွန်မကို အစတည်းက
ဒီလိုလွယ်လွယ် စွန့်ပြစ်ဖို့စိတ်ကူးထားရင်..
ဘာဖြစ်လို့ပါတီပွဲကိုအတူတွဲတက်ပြီး
ကျွန်မတို့ရဲ့ဆက်ဆံရေးကို
လူသိရှင်ကြားဖြစ်အောင်
လုပ်လိုက်ရတာလဲ..ဒီနေ့ပဲလူလည်ခေါင်မှာ
ရှင့်ရဲ့ဇနီးဟာ ကျွန်မပါလို့ချပြပြီး
နောက်နေ့မှာ ကွာရှင်းမယ်ဆိုတော့
ရှင်အရမ်းရက်စက်လွန်းတယ်လို့ မထင်ဘူးလား
ကျွန်မရဲ့အရှက်သိက္ခာတွေကို ဒီလိုပုံစံနဲ့
နင်းချေရမှ ကျေနပ်မှာလား..
ကျွန်မဘက်ကိုလည်း ငဲ့ကြည့်ပေးပါအုံး.. "
ပြန်လည်ချေပလာသော မေဝိုင်းလေး၏
စကားကြောင့် မင်းစက်တစ်ချက်မျှ
တွေဝေသွားမိလေသည်။
မေဝိုင်းလေးကို ကိုယ့်ရဲ့ပါတနာအနေနဲ့
လူအများသိအောင် ကြော်ငြာချင်ခဲ့ပေမဲ့
မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကြောင့်
ဆုံးဖြတ်ချက်တွေလည်း ပြောင်းလဲသွားခဲ့ရတယ်။
ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။
ရင်ထဲမှာ သံသယတွေပြည့်သိပ်နေတဲ့ဘ၀ကြီးနဲ့
ထပ်ပြီး မရှင်သန်ချင်တော့ဘူး။
ဘယ်အချိန်များ ကိုယ့်ရင်ခွင်ထဲကနေ
သူများဆွဲထုတ်သွားမလဲ..။
ဘယ်အချိန်များ ကိုယ့်ကို
သစ္စာဖောက်သွားမလဲဆိုတဲ့
ခံစားချက်တွေကိုပေရှည်အောင်
မလုပ်ချင်တော့ဘူး။
အခြားယောက်ျားလေးတွေနဲ့ အကြည့်ချင်း
ဆုံယုံလေးနဲ့တင် သံသယ၀င်နေရတာမျိုး
မဖြစ်ချင်တော့ဘူး။
အဓိကကတော့ ကိုယ့်ကိုကိုယ်ထက်
ဘယ်သူ့ကိုမှ ချစ်ဖို့မကြိုးစားချင်တော့သလို
ယုံကြည်ဖို့လည်း မကြိုးစားချင်တော့တာပါ။
ငယ်ငယ်ကဆို အမေ့ဆီကမေတ္တာတရားတွေကို
မျှော်လင့်ရင်းနဲ့ တိုင်းတစ်ပါးကနေမြန်မာနိုင်ငံကို
မျှော်လင့်တကြီးပြန်လာခဲ့ဖူးတယ်။
အများကြီးမျှော်လင့်ထားခဲ့မိတော့
ဥပက္ခာပြုမှုလေးနဲနဲကတောင် ရင်ကွဲလုမတတ်
နာကျင်ခဲ့ရတယ်။
ထပ်မချစ်ချင်တော့ဘူး။
ဘာမှလည်းထပ်ပြီး မမျှော်လင့်ချင်တော့ဘူး။
နောက်ဆုံးမှာ ဖြစ်ချင်တိုင်းဖြစ်မလာတဲ့အခါ
ကိုယ်ပဲ နာကျင်ရတာ။
ခံစားရလည်း ခဏပေါ့။
အချိန်တန်ရင် သက်သာသွားမှာပဲ။
ဟုတ်တယ်..။ဒီမိန်းကလေးကဘာမို့လို့လဲ။
ငါ့ဘ၀ထဲကို ခဏတာ၀င်ရောက်လာတဲ့
အပိုင်းအစလေးတစ်ခုသာသာပါပဲ။
သူမရှိလည်း ငါ့ဘ၀ကြီးကဗိုလ်နေမြဲ
ကျားနေမြဲပဲပေါ့။
သူက ငါ့ဘ၀ကိုဘာတွေများ
ပြောင်းလဲသွားစေမှာမို့လို့လဲ။
ပြင်းထန်နေတဲ့ စိတ်ခံစားချက်တွေကို
ဖြေလျှော့ပစ်လိုက်ပြီး သူ့စိတ်ကိုသူ
တည်ငြိမ်အောင်ထားလိုက်သည်။
"မင်းအတွက်အချိန်လိုအပ်တယ်ဆိုလည်း
အချိန်တစ်ခုတော့ ယူလိုက်ပေါ့..
မနက်ဖြန်မနက်စောစော ငါချင်းမိုင်ကို
ခရီးထွက်ဖို့ရှိတယ်..တစ်လလောက်ကြာမယ်ကွာရှင်းဖို့ကိစ္စက ပြန်လာမှဆက်ပြီး
ဆွေးနွေးကြတာပေါ့..ဒီအတောအတွင်းမှာ
နစ်နာကြေးအနေနဲ့ မင်းလိုချင်တာဘာရှိသလဲ
တွေးထားပေါ့..မင်းကျေနပ်အောင်
အတတ်နိုင်ဆုံး ကိုယ်ဖြည့်ဆည်းပေးပါ့မယ်.."
"ရှင်ကျွန်အအပေါ်မှာ ခံစားချက်
နည်းနည်းလေးတောင် မရှိဘူးလားဟင်.."
"မရှိဘူး.."
တွေဝေခြင်းအလျှင်းမရှိပဲ ပြန်ဖြေလိုက်တည်းက
သူဝိုင်းလေးအပေါ် ဘယ်လိုသဘောထားလဲ
သိလိုက်ပါပြီ။
ရက်စက်လိုက်တာ ကိုမင်းစက်ရယ်။
ဝိုင်းလေးရဲ့မျက်နှာကို လုံး၀
လှည့်မကြည့်ချင်တဲ့အထိ ရှင်ကျွန်မကို
အရမ်းပဲ မုန်းနေသလားဟင်။
ကျွန်မတို့ကြားမှာ ဘယ်လိုအာဃာတမျိုးမှ
မရှိခဲ့ဖူးပဲ ဒီလောက်အထိ စိမ်းပြတ်ဖို့
လိုသလားရှင်ရယ်။
"ကျွန်မအပေါ်မှာ ခံစားချက်မရှိဘူးဆိုရင်
ဘာလို့ ခုဏကကျွန်မကိုနမ်းရတာလဲ.."
"အဲ့ဒါက ကိုယ့်ရဲ့တစ်ဒင်္ဂဖြစ်သွားတဲ့
အမှားအယွင်းတစ်ခုလို့ပဲ မှတ်လိုက်ပါ
ကိုယ်တို့ ပြန်ကြရအောင်..မင်းခေါင်းမူးနေတယ်
မဟုတ်လား..စောစောပြန်ပြီးအနားယူသင့်တယ်.."
ကားနောက်ခန်းကနေ သူ့ရဲ့ ဘေးတိုက်မျက်နှာကို
ကြည့်ပြီး မျက်ရည်ကျမိပြန်ပါသည်။
ဘာခံစားချက်မှမရှိဘူးဆိုရင် ဘာကြောင့်
လူကိုစိတ်ပူပေးခဲ့ရတာလဲ။
ပွဲထဲကနေ အပြင်အထိပွေ့ချီပေးလာတဲ့အပြင်
အသေးစိတ်ကအစ ဘာကြောင့်များ
ဂရုစိုက်ပေးခဲ့ရတာလဲ။
ရှင်ဟာတကယ်ကို လူလိမ်အကြီးစား
တစ်ယောက်ပါ။
ကိုယ့်ကိုကိုယ်ထက် တစ်ခြားသူတွေကို
ချစ်ပေးရမှာ ယုံကြည်ပေးရမှာ
အဲ့သလောက်တောင် ကြောက်နေရင်လည်း
ရှင့်ရဲ့ ဆန္ဒကိုကျွန်မဖြည့်ဆည်းပေးလိုက်ပါ့မယ်။
*ဝိုင်းလေးလည်း ကိုယ့်အပေါ်မှာသံသယ
မျက်လုံးတွေနဲ့ပဲ ကြည့်နေမဲ့ခင်ပွန်းကို
ဆွဲမထားချင်ပါဘူး..*
❤️❤️❤️❤️❤️❤️❤️
"မမဝိုင်းလေးတို့ပြန်လာပြီလား..
ဟင်..ခြေထောက်ကဘယ်လိုဖြစ်လာရတာလဲ.."
ကားပေါ်မှထော့နဲ့ထော့နဲ့ဖြင့် ဆင်းလာသော
၀ိုင်းလေးကိုမြင်သည်နှင့် ကြည်ကြည်လည်း
အပြေးလေး လာကူတွဲပေးရှာပါတယ်။
ကိုမင်းစက်ကတော့ တစ်ဖက်ကားတံခါးကို
ဖွင့်၍ဆင်းလိုက်ပြီး ခံစားချက်မဲ့နေသော
မျက်နှာတည်ကြီးနှင့်သာ ရပ်ကြည့်နေလေသည်။
"ကြည်ကြည်..မေဝိုင်းလေးကို
အိပ်ခန်းထဲရောက်တဲ့အထိ တွဲသွားပေးလိုက်
သူလိုအပ်တာ မှန်သမျှလည်း
နင်ပဲလုပ်ပေးလိုက်..ကြားလား.."
"ဟုတ်ကဲ့ပါအစ်ကိုလေး..ဒါနဲ့လေ..
အစ်ကိုလေးကရော..အိမ်ထဲကိုမ၀င်တော့ဘူးလား"
"မ၀င်တော့ဘူး..ငါ့ဗီလာမှာပဲဒီညအိပ်မှာ
မနက်ဖြန်မနက်စောစော ထိုင်းကို
ခရီးထွက်စရာရှိတယ်..အဲ့ဒါတစ်လလောက်
ကြာမယ်လို့ အဖွားတို့ကိုပြောလိုက်ပါ.."
"ဟင်..တစ်လတောင်လား.."
"အင်းလေ..ဘာဖြစ်လို့လဲ.."
ကြည်ကြည်လည်း မျက်လုံးလေးပြူးပြီး
အစ်ကိုလေးကိုရော မမဝိုင်းလေးကိုပါ
မရဲတရဲဝေ့ဝဲကြည့်လိုက်မိလေသည်။
ရာသီဥတုကတော့ မသာယာဘူးထင်တယ်။
စသွားကြတုန်းကတော့ အကောင်းကြီးကို
ပြန်လည်းရောက်လာရော တစောင်းစေးနဲ့
မျက်ချေးလို မတည့်ကြတော့ပါလား။
ဘယ်လို ဖြစ်ကြသလဲမသိဘူး။
ညနေကတောင် အန်တီရတနာက
သူ့ချွေးမ မြန်မြန်ကလေးရအောင်
တိုင်းရင်းဆေးဆရာပြမလို့ ပြောနေသေးတယ်။
ဘယ်မှာပဲသွားပြပြ ဘယ်ဘုရားမှာပဲ
ဆုတောင်းတောင်း အခုလိုအစ်ကိုလေးက
လနဲ့ချီပြီး ခရီးတွေထွက်ထွက်နေမှတော့
ဘယ်လိုလုပ်ပြီး ကလေးကရမှာတဲ့လဲ။
လေဥဥမှပဲ ရလိမ့်မယ်။
အန်တီရတနာတို့သားအမိတွေနဲ့ ဒီလင်မယားရဲ့
အဖြစ်ကတော့ ယုန်တောင်ပြေး
ခွေးမြောက်လိုက်တော့ ဖြစ်ကုန်ပြီနဲ့တူပါတယ်။
*အင်း..သူတို့ဟာသူတို့ဘာဖြစ်ဖြစ်
ငါနဲ့တော့ မဆိုင်ပါဘူးလေ*
"ကျန်တဲ့ အိမ်သားတွေကအနားယူနေကြပြီ
အစ်ကိုလေးရဲ့ မနက်မှပဲကြည်ကြည်
ပြောထားလိုက်မယ်နော်.."
"အေး..ဒါနဲ့ဖွားဖွားကိုပြောလိုက်ပါ မေဝိုင်းလေးက
ခြေထောက်နာနေတော့ ဒီရက်ပိုင်းဘာမှ
မခိုင်းမိပါစေနဲ့လို့..အမေ့ကိုလည်း
ပြောလိုက်အုံး.."
"ဟုတ်ကဲ့..ကြည်ကြည်ပြောလိုက်ပါ့မယ်
အစ်ကိုလေး ဘာများထပ်မှာစရာရှိပါသေးလဲ.."
"မရှိတော့ဘူး..."
အကိုလေးကစကားကို ခပ်တိုတို
ခပ်ပြတ်ပြတ်ပြောပြီး ကားပေါ်တက်ကာ
ခြံအပြင်သို့ ပြန်မောင်းထွက်သွားလေသည်။
ကြည်ကြည်လည်း သက်ပြင်းချလိုက်မိပြီး
မမဝိုင်းလေးဘက်သို့ လှည့်ကြည့်လိုက်မိတော့
မမကခြံပေါက်၀သို့ လှည့်ကြည့်ရင်းနှင့်
မျက်ရည်၀ဲနေလေသည်။
မျက်လုံးလေးတွေက ညှို့မှိုင်းနေပြီး
တော်တော်လေး စိတ်မကောင်းဖြစ်နေပုံရတယ်။
"..ဘာဖြစ်လို့ငိုနေတာလဲ..မမရယ်.."
"ငါအရမ်း၀မ်းနည်းလို့ပါဟာ..
သူငါ့ကိုနှုတ်တောင်မဆက်သွားခဲ့ဘူးနော်.."
"..မမဝိုင်းလေးစိတ်မကောင်းဖြစ်မှာစိုးလို့
နှုတ်မဆက်ခဲ့တာ နေမှာပေါ့..
နောက်တစ်လနေရင် ပြန်တွေ့ရမှာပဲကို
၀မ်းမနည်းပါတော့နဲ့နော်.."
"နောက်တစ်လနေလို့ ပြန်တွေ့ကြတဲ့အခါ
ငါတို့က သူစိမ်းတွေဖြစ်နေလောက်မယ်ထင်တယ်"
"ဘာတွေလျှောက်ပြောနေတာလဲမမရယ်..
မဟုတ်တာတွေ.."
"ထားလိုက်ပါတော့ ကြည်ကြည်ရယ်
ငါ့ကိုအခန်းထဲသာ တွဲပို့ပေးပါ.."
"ဟုတ်ကဲ့..ကြည်ကြည့်ကိုတွဲထားနော်.."
💘💘💘💘💘💘💘
အခန်းထဲသို့ ရောက်သည်နှင့် တံခါးကိုလော့ချကာ
ကုတင်ပေါ်၌ ခေါင်းမှောက်၍ အားရအောင်
ငိုမိလေသည်။
တိတ်ဆိတ်နေသော အခန်းကြီးသည်
၀ိုင်းလေး၏ ငိုသံတွေနှင့်သာပြည့်နှက်နေလေသည်။
အစကတော့ သူနဲ့လမ်းခွဲရမှာကို
ပျော်နေသင့်တယ်လို့ ကိုယ့်ကိုကိုယ်
နှစ်သိမ့်ပေးနေခဲ့မိပေမဲ့
အဲ့ဒီ့လို မလုပ်နိုင်ခဲ့ဘူး။
လူတွေဟာ ဆန့်ကျင်ဘက်အရာကိုမှ
နှစ်သက်မိကြတယ် ထင်ပါတယ်။
ကိုယ့်ကို တွန်းကန်နေတဲ့အရာဆီကိုမှ
ပြေး၀င်ချင်မိကြတယ်။
တကယ်ကို ရယ်စရာအရမ်းကောင်းတာပဲ။
*ဝိုင်းလေးသူ့ကို ချစ်မိနေပြီထင်တယ်..*
ဒါကြောင့် ကွာရှင်းမယ်လို့သူစပြောလိုက်တဲ့
အချိန်တည်းက ရင်ထဲမှာစူးနင့်ပြီး
၀မ်းနည်းခဲ့ရတာပေါ့။
*သူ့ကိုချစ်နေမိပြီ။*
ဒီစိတ်ကြောင့်ပဲ သူနဲ့ခွဲရဖို့ကို
တွေးမိလေ နာကျင်ရလေပဲ....
သူ့ရဲ့ အရိုင်းဆန်တဲ့ဥယျာဉ်ထဲမှာ
ပျော်မွှေ့လာမိခါမှ ဒီခံစားချက်နုနုလေးတွေကို
အမြစ်ကနေ မြေလှန်ပြီးဆွဲနှုတ်ခံလိုက်ရတယ်။
သူသိပ်ရက်စက်တာပဲ။
*ဦးမင်းစက်ရယ်..ရှင့်အသဲနှလုံးက
ဘာသားနဲ့များ ထုထားရတာလဲဟင်
လူကိုအမျိုးမျိူနာကျင်ရအောင်
သိပ်ညှင်းဆဲနိုင်တာပဲ..
သံသယများစွာနဲ့ ဆူးတွေအပြည်ကာရံထားတဲ့
ရှင့်နှလုံးသားတံခါးကို ကျွန်မဘယ်တော့မှ
ဖွင့်ခွင့်မရတော့ဘူးပေါ့နော်.."
သူဟာ သိပ်အတ္တကြီးသလို။
မာနလည်း သိပ်ကြီးတယ်။
သူ့မာနကို ထိခိုက်စေတဲ့ဘယ်အရာကိုမဆို
အလွယ်လေး ဖယ်ရှားနိုင်တဲ့လူကြီးပါပဲ။
*ရှင်အမြဲတမ်း အဲ့လိုပဲစိတ်မာနိုင်ပါစေ
ရှင့်ဘက်ကနေ လက်မလွတ်နိုင်လောက်အောင်
ဖက်တွယ်ထားချင်တဲ့ မိန်းကလေးနဲ့တွေ့တဲ့အခါ
ပြန်ပြီး ၀ဋ်မလည်ပါစေနဲ့လို့
ကျွန်မဆုတောင်းလိုက်ပါတယ်...*
သူ့ကိုကျိန်ဆဲနေမိတာလား တမ်းတနေမိတာလား
မဝေခွဲနိုင်သော အတွေးများစွာနှင့်
ထိုညမှာ လုံး၀အိပ်၍မပျော်နိုင်ခဲ့ပေ။
မနက်၅နာရီခွဲလောက်မှသာ ပင်ပန်းပြီး
အိပ်ပျော်လုနီးပါး ဖြစ်သွားခဲ့သည်။
"တူ..တူ!!တူ!!"
အိပ်ပျော်ယုံရှိသေး ဖုန်းကထမြည်လာ၍
အင်အားချိနဲ့စွာဖြင့် ဖုန်းကိုအိတ်ထဲမှ
အမြန်ထုတ်ယူလိုက်ရသည်။
"ဟင်..ဒီအချိန်ကြီးမှ အမေကဘာလို့
ဖုန်းဆက်ရတာလဲ..အိမ်မှာတစ်ခုခု
ဖြစ်လို့များလား.."
ပုံမှန်ဆို အမေကဒီအချိန်ကြီး
ဖုန်းမဆက်တတ်တော့ ရင်ထိတ်သွားမိသည်။
အိမ်မှာ တစ်ယောက်ယောက်များ
ဘာဖြစ်သလဲ မသိဘူး။
"ဟယ်လို..အမေ..ဘာဖြစ်လို့ဒီအချိန်ကြီး
ဖုန်းဆက်လာတာလဲ တစ်ခုခုအရေးကြီးနေလို့လား.."
"ဝိုင်းလေး..သမီး..စိတ်ကိုခိုင်ခိုင်ထားနော်..
အမေပြောတာကို နားထောင်ပြီးရင်
ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံး ထိန်းထားနော်.."
အမေ့အသံက တုန်ယင်နေပြီး ဝိုင်းလေးတစ်ခုခု
ဖြစ်သွားမှာကို စိုးရိမ်နေသလိုပဲ။
ဒီလိုပြောနေလေ ဝိုင်းလေးကပိုထိတ်လန့်လေ
ဆိုတာကိုတော့ အမေသိပါရဲ့လား။
"အမေရယ်..သမီးကိုလန့်အောင်မလုပ်ပါနဲ့နော်
ပြောစရာရှိတာ မြန်မြန်ပြောပါနော်
အဖေများ တစ်ခုခုဖြစ်လို့လားဟင်
..သမီးရင်တွေပူလိုက်တာအမေရယ်.."
"ဝိုင်းလေး..လွန်ခဲ့တဲ့မိနစ်နှစ်ဆယ်လောက်ကပဲ
သမီးအဖေ ဆုံးသွားပြီသမီးရယ်..
သမီးအဖေဆုံးသွားရှာပြီ..အဟင့်"
"အဖေဆုံးသွားပြီ.."
လက်ထဲမှာ ကိုင်ထားသောဖုန်းလေးလည်း
ပြုတ်ကျသွားခဲ့လေသည်။
ရင်ထဲမှာလည်း ယူကြုံးမရစိတ်တွေ
ဖုံးလွှမ်းလာပြီးနောက် မျက်ရည်တွေ
အတားအဆီးမရှိ ကျလာခဲ့ပြီးနောက်
နေရာမှာတင် အရုပ်ကြိုးပြတ်လုနီးပါး
ဖြစ်သွားခဲ့သည်။
"အဖေဆုံးပြီတဲ့..ဝိုင်းလေးသိပ်ချစ်ရတဲ့အဖေက
သေဆုံးသွားခဲ့ပြီတဲ့လား.."
💘💘💘💘💘💘
ဘာဆက်ဖြစ်ကြမလဲ..???
ခန့်မှန်းကြည့်ကြ??
===========================
===========================
အခန္း၃၈
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
ဝိုင္းေလးဟာ မိဘမဲ့တစ္ေယာက္ျဖစ္ၿပီး
အသက္၅ႏွစ္ေလာက္မရွိတတ္ခင္မွာပဲ
အေဖ့ေၾကာင့္မိဘမဲ့ေဂဟာကေန
ထြက္လာႏိုင္ခဲ့တယ္။
ရွမ္းျပည္နယ္ရဲ႕ ေတာင္ေပၚေဒသမွာရွိတဲ့
မိဘမဲ့ေဂဟာဆိုတဲ့အတိုင္း ၿမိဳ႕ေနနဲ႔အလွမ္းေဝး
တဲ့အျပင္ အေထာက္အပံ့အကူအညီလည္း
သိပ္မရေတာ့ ေဂဟာတည္ေထာင္သူက
႐ုတ္တရက္ဆုံးပါးသြားတဲ့အခ်ိန္မွာ
ေဂဟာသည္ ပိုလို႔ရပ္တည္ရ ခက္ခဲသြားခဲ့တာေပါ့။
ေဂဟာမွမိဘမဲ့ေလးမ်ားကို ဝိုင္းၾကည့္ရႈေပးတဲ့
လူေတြကလည္း ရွိသမွ်ရန္ပုံေငြေလးေတြကို
ျဖတ္သားလာဘ္စားလုပ္ၾကၿပီး
ေဂဟာမွကေလးေတြကိုေတာ့
မ၀ေရဆာသာ ေကြၽးၾကတယ္။
ေမဝိုင္းေလးဆိုတာ
လူမသိသူမသိေဂဟာေလးတစ္ခုမွာ
ဆင္းရဲႀကီးစြာလည္း ရွင္သန္ရပ္တည္ခဲ့ရဖူးတယ္။
အစာမရွိလို႔ တဂြီဂြီျမည္ေနတဲ့ ဗိုက္ေဟာင္းေလာင္းနဲ႔
ငတ္မႊတ္ဆာေလာင္ခဲ့ရတဲ့ ေန႔ရက္ေတြကိုလည္း
အံႀကိတ္ၿပီး ျဖတ္သန္းခဲ့ရဖူးသူပါ။
ဗိုက္ဆာလို႔ သူမ်ားတကာရဲ႕အသီးခင္းထဲကို
ခိုး၀င္မိရာမွ အ႐ြယ္နဲ႔မလိုက္ေအာင္
အျပစ္ေပးတာလည္းခံခဲ့ရဖူးတယ္။
သူခိုးမေလးလို႔ အႀကိမ္ႀကိမ္
အစြတ္စြဲခံခဲ့ရဖူးသလို ၊ ႐ြံ႕ရွာတဲ့
အၾကည့္ေတြနဲ႔လည္း အၾကည့္ခံခဲ့ရဖူးတယ္။
အစပိုင္းကေတာ့ ၀မ္းနည္းမိတာေပါ့။
ရွက္လည္းရွက္တယ္။အားလည္းငယ္တယ္။
လူေတြကိုလည္း ေၾကာက္တယ္။
ဒါေပမဲ့အဲ့လိုအျဖစ္မ်ိဳးက
ကိုယ္တစ္ေယာက္တည္းမွာ
ျဖစ္ေနတာမ်ိဳးမဟုတ္ပဲ ကိုယ့္လိုေဂဟာက
ကေလးတိုင္းနီးပါး ႀကဳံရတဲ့အျဖစ္မ်ိဳးမို႔
ေနာက္ပိုင္းေတာ့ ေနသားက်လာခဲ့ပါတယ္။
ဘယ္သူက ဘယ္လိုပဲၾကည့္ၾကည့္
ဂ႐ုမစိုက္တတ္ေတာ့ဘူး။
တစ္ဖက္မွာေတာ့ သိပ္နားမလည္တတ္ေသးတဲ့
အ႐ြယ္မို႔လည္း ျဖစ္ႏိုင္ပါတယ္။
ဒါေပမဲ့ အဲ့ဒီ့ဆင္းရဲႏြမ္းပါးတဲ့ အခ်ိန္ကာလႀကီးကို
ဘယ္ေလာက္ပဲ အသက္ႀကီးလာပါေစ
ေမ့လို႔မရခဲ့ဘူး။
ေဂဟာမွာေနခဲ့ဖူးတဲ့အခ်ိန္တုန္းက ဝိုင္းေလးဟာ
အရမ္းအသက္ငယ္ပါေသးတယ္။
ထို႔ေၾကာင့္ အရာအားလုံးကိုမမွတ္မိႏိုင္ေတာ့ေပမဲ့
အဆဲအဆိုႀကိမ္းေမာင္းခံရတာေတြ
အထင္အျမင္ေသးစြာ ဆက္ဆံခံရတာေတြကိုေတာ့
ဓာတ္ပုံ႐ိုက္ထားသလို ဦးေႏွာက္ထဲမွာ
အခုထိစြဲမွတ္ထားမိတုန္းပါပဲ။
မႈန္ဝါးဝါးမွတ္ဉာဏ္ေတြဆိုေပမဲ့
တစ္ခါတေလမွာ အိပ္မက္ဆိုးေတြအျဖစ္နဲ႔
ျမင္မက္မိေနတုန္းပဲ။
အဲ့ဒီ့လို ခက္ခဲၾကမ္းတမ္းတဲ့ ေန႔ရက္ေတြကို
ျပန္မသြားခ်င္ေတာ့ဘူး။
ေနာက္ပိုင္း ေဖေဖ့ေၾကာင့္
ထိုကံၾကမၼာဆိုးႀကီးထဲကေန
လြတ္ေျမာက္ခဲ့ရေပမဲ့ မမထိပ္ထားရဲ႕
အနာကိုအသစ္ျပန္ျပန္ ဆြေပးမႈေၾကာင့္
စတိတ္ေက်ာင္းသား ဘ၀တစ္ေလွ်ာက္လုံး
အေပါင္းအသင္းသိပ္မရွိပဲ က်ီးလွန႔္စာ
စားေနရသလို ေၾကာက္႐ြံ႕သိမ္ငယ္ခဲ့ရတယ္။
အခုလည္း လူတစ္ေယာက္ကဝိုင္းေလးအတြက္
ေသရာပါေစမည့္ အိပ္မက္ဆိုးတစ္ခုကို
ဖန္တီးေပးေနျပန္သည္။
"ကြာရွင္းမယ္တဲ့.."သူကေတာ့ထိုစကားပဲေျပာၿပီး
ယာဥ္ေမာင္းေနရာမွာ ျပန္ထိုင္ေနေလရဲ႕။
ကားကိုေတာ့ ေမာင္းႏွင္ျခင္းမရွိပဲ
သူဟာ ကားေခါင္းခန္းမွာ
ၿငိမ္ၿငိမ္ေလးထိုင္ေနေလတယ္။
ဝိုင္းေလးမွာသာ သူေပးအပ္ခဲ့တဲ့အနမ္းေတြကို
ေမ့ေမ့ေမာေမာ သိမ္းပိုက္ထားရင္း
မ်က္ရည္ဝဲလာမိတယ္။
ဆယ္တန္းေအာင္ၿပီးေနာက္မွာ စီးပြားေရး
တကၠသိုလ္ကို အဖြားတို႔ဆႏၵအရေ႐ြးခ်ယ္ၿပီး
တက္ခဲ့တယ္။
တကၠသိုလ္တက္ေနစဥ္အတြင္းမွာ ေကာင္ေလးေတြ
တစ္ေယာက္ၿပီးတစ္ေယာက္ ခ်စ္ေရးဆိုခဲ့ေပမဲ့
အကုန္လုံးကို ျငင္းလႊတ္လိုက္တာႀကီးပါပဲ။
ဝိုင္းေလးဟာ ဘယ္တုန္းကမွ
ဘ၀မေမ့တတ္ခဲ့ပါဘူး။
ကိုယ္ဘယ္ဘ၀ကေန လာခဲ့ရသလဲဆိုတာကို
အၿမဲႏွလုံးသြင္းေနခဲ့သူပါ။
ေမြးစားမိဘေတြကိုလည္း မိဘအရင္းလိုပဲ
သတ္မွတ္ထားခဲ့ၿပီး ေက်းဇူးတရားေတြကို
ေက်ပြန္ေအာင္ ဆပ္ရေစ့မယ္လို႔
အၿမဲ ေတြးေနခဲ့မိတာပါ။
ဘြဲ႕ရၿပီးသည့္တိုင္ ရည္းစားသနာကိစၥဆိုတာ
ဘာမွန္းကိုမသိခဲ့သလို သိေအာင္လည္း
မႀကိဳးစားခ်င္ခဲ့ေပ။
ငါအလုပ္တစ္ခုရေအာင္လုပ္ၿပီး မိဘေတြကို
ျပန္ၾကည့္ရႈမယ္ဆိုတဲ့ စိတ္ကိုသာ
အၿမဲေမြးျမဴခဲ့တယ္။
ေနာက္ဆုံး ေစာေစာစီးစီးအိမ္ေထာင္က်ရတဲ့
အေၾကာင္းအရင္းကလည္း မိဘေတြရဲ႕ဆႏၵကို
မလြန္ဆန္ခ်င္ခဲ့လို႔ပါပဲ။
ကိုမင္းစက္ရဲ႕ စ႐ိုက္ကိုလက္မထပ္ခင္ကတင္
သိလိုက္ရေပနဲ႔
အားလုံးအဆင္ေျပပါေစေတာ့ရယ္လို႔
ေတြးေတာခဲ့ၿပီး မ်က္စိစုံမွိတ္ကာ
လက္ခံပစ္ခဲ့မိတယ္။
အစပိုင္းမွာ ဝိုင္းေလးအၿမဲေတြးေနမိတဲ့
တစ္ခုတည္းေသာအေၾကာင္းအရာက
သူ႔ကို ကြာရွင္းႏိုင္ဖို႔ပါပဲ။
ဒါေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ်
သူ႔အေပၚမွာထားတဲ့ သေဘာထားေတြဟာ
ေျပာင္းလဲလာခဲ့တယ္။
သူ႔ကစကားေျပာရင္ တင္စီးတတ္တယ္။
ဘာလုပ္လုပ္ေလးနက္ၿပီး အေလွ်ာ့လည္း
မေပးတတ္ျပန္ဘူး။
ဘ၀ျမင့္လြန္းတဲ့အျပင္ မာနခပ္ႀကီးႀကီးနဲ႔
စကားၾကမ္းေတြပဲ ေျပာတတ္တဲ့အက်င့္ရွိတယ္။
ဒါေပမဲ့ သူ႔ကိုသေဘာက်လာမိတာနဲ႔အမွ်
ထိုအရာေတြကို အျပစ္လို႔မျမင္မိေတာ့ပဲ
သူနဲ႔စကားအေျခအတင္ ေျပာေနရတာကိုေတာင္
ႏွစ္သက္လာမိတယ္။
သူဘာေျပာေျပာ အရင္လိုမုန္းတီးစိတ္ေတြ
ျဖစ္လာမွာ မဟုတ္ေတာ့ပါဘူး။
ဒါေပမဲ့ အခုသူေျပာလိုက္တဲ့စကားကေတာ့
ဝိုင္းေလးရဲ႕ ရင္၀ကိုအဆိပ္မွ်ားနဲ႔
ျပစ္ခ်လိုက္သလို ခံစားလိုက္ရတယ္။
"ကြာရွင္းလိုက္ရင္ ကြၽန္မဘက္က
ေက်နပ္မယ္လို႔
ရွင္ဘာလို႔ ထင္ေနရတာလဲ.."
ဝိုင္းေလးက သူ႔ကိုလွမ္းၾကည့္ၿပီးေျပာေနေပမဲ့
သူကေတာ့ ဝိုင္းေလးကိုလုံး၀လွည့္ၾကည့္မလာပဲ
အေရွ႕တည့္တည့္သို႔သာ ၾကည့္ေနခဲ့တယ္။
အဲ့ဒီ့လိုအမူအရာေတြက လူကိုပိုၿပီး
၀မ္းနည္းေစမွန္းသူမသိဘူးလား။
ဝိုင္းေလးကို လ်စ္လွ်ဴရႈထားသလို
ခံစားရေစတယ္။
"ဒီေမးခြန္းကို ကိုယ္ကေျဖဖို႔လိုေသးလို႔လား
ငါမင္းကို ကြာရွင္းေပးလိုက္ရင္
မင္းႀကိဳက္ႏွစ္သက္တဲ့လူဆီကို
မင္းသြားလို႔ရႏိုင္မယ္ေလ..အဲ့ဒီ့အခြင့္အေရးကို
ငါအခုမင္းကိုေပးေနတာ.."
"ကြၽန္မကအဲ့ဒီ့အခြင့္အေရးကို
မလိုခ်င္ဘူးဆိုရင္ေရာ.."
"ကိုယ္ယုံမယ္လို႔ ထင္ေနတာလား.."
"ရွင္ကြၽန္မရဲ႕မ်က္ႏွာကို ဘာလို႔
လွည့္မၾကည့္ရတာလဲ.."
"မလိုအပ္ေတာ့ဘူးထင္လို႔ေပါ့..
မင္းစိတ္ခ်ပါ..ငါနဲ႔လက္ထပ္ခဲ့ရတဲ့အတြက္
မင္းဘက္က လုံး၀မနစ္နာေစရပါဘူး..
ကြာရွင္းစာခ်ဳပ္နဲ႔အတူ မင္းရသင့္ရထိုက္တာကို
နစ္နာေၾကးအျဖစ္ ငါေပးမွာပါ.."
"ဒါဆို ကြၽန္မဘယ္လိုပဲရွင္းျပျပ
ဘာမွ မထူးေတာ့ဘူးေပါ့.."
"ကိုယ္ကျမင္တာကိုပဲ ယုံတတ္တယ္..
ပထမတစ္ခါကို ခြင့္လႊတ္ေပးႏိုင္ေပမဲ့
အခုတစ္ခါေတာ့ သိပ္ကိုခက္ခဲသြားၿပီ..
မင္းေပ်ာ္လြန္းလို႔ထခုန္သင့္တယ္မဟုတ္ဘူးလား
သူကလည္း မင္းကိုဘယ္လိုအေျခအေနမ်ိဳးမဆို
ရရင္ၿပီးေရာျဖစ္ေနတာေလ"
သူ႔စကားအဆုံးမွာ ပါးေပၚသို႔
မ်က္ရည္ေတြ စီးက်လာခဲ့တယ္။
ရႈိက္သံမထြက္ေအာင္လို႔ ပါးစပ္ကိုလက္နဲ႔
အတင္းပိတ္ထားလိုက္မိတယ္။
*သူအရမ္းရက္စက္တာပဲ..
မဟုတ္ဘူး..သူကအရမ္းေသြးေအးလြန္းတာ
တစ္ဖက္လူ ဘယ္လိုခံစားသြားရမလဲ
မေတြးေပးတတ္ေလာက္ေအာင္ကို
ေသြးေအးတာ..*
ဂါ၀န္အျဖဴေလးကို က်စ္က်စ္ပါေအာင္
ဆုပ္ေခ်ေနမိၿပီး စိတ္ကိုတင္းထားေပမဲ့
ငိုေႂကြး႐ုံမွတစ္ပါး မတတ္ႏိုင္ခဲ့ဘူး။
နစ္နာေၾကးတဲ့..ရသင့္ရထိုက္တာေတြတဲ့ေလ။
သူ႔စကားတစ္လုံးခ်င္းဆီက ဝိုင္းေလးကို
အထင္အျမင္ေသးေနမွန္း သိသာလြန္းလိုက္တာ။
တစ္ဖက္ကေတြးၾကည့္ရင္ ဝိုင္းေလးအေပၚမွာ
နည္းနည္းေလးမွ မခင္တြယ္လို႔၊သံေယာဇဥ္မရွိလို႔
အခုလို ေဝႆႏၲာရာလက္သစ္လုပ္ႏိုင္တာ
ေနမွာေပါ့။
လူတစ္ေယာက္ကို တကယ္ခ်စ္ရင္ဘယ္သူက
အလြယ္တကူ စြန႔္ပစ္ရက္မွာလဲ။
ဒီေလာက္ေတာင္ ႐ြံရွာစက္ဆုပ္ေနရင္လည္း
ဘာေၾကာင့္မ်ား လူကိုသူ႔ရဲ႕ညႇိဳ႕ဓာတ္နဲ႔
ယစ္မူးေအာင္ လုပ္လိုက္ရတာလဲ။
သူ႔ဟာ တစ္ဖက္သတ္သံသယေတြ၊
သူ႔ရဲ႕တစ္ဖက္သတ္ေကာက္ခ်က္ခ်လိုက္တဲ့
အေတြးေတြနဲ႔သာ ပိတ္မိေနတဲ့လူႀကီး။
သူထင္တာကိုပဲ မွန္ေစခ်င္တဲ့
အဆိုးျမင္ဝါဒသမားႀကီး။
သူ႔စကားအရဆို ဝိုင္းေလးကဘယ္လိုပဲ
ရွင္းျပပါေစ မယုံၾကည္ေပးႏိုင္ဘူးဆိုတဲ့
အဓိပၸာယ္ေပါ့။
ဝိုင္းေလးဟာ ေဖာက္ျပန္မႈကိုခုံမင္တဲ့
မိန္းမတစ္ေယာက္အျဖစ္
သူသတ္မွတ္လိုက္ၿပီးၿပီထင္ပါရဲ႕။
သူ႔စိတ္ထဲမွာ ဝိုင္းေလးကသူ႔ရဲ႕ျမင္းေဇာင္းတံခါး
ဖြင့္ေပးလိုက္တာနဲ႔ အျခားလူရဲ႕ၿခံထဲကို
အားရ၀မ္းသာ ခုန္ေက်ာ္သြားမယ္လို႔
တစ္ထစ္ခ် တြက္ထားပုံရတယ္။
"ရွင္ကြၽန္မကို အစတည္းက
ဒီလိုလြယ္လြယ္ စြန႔္ျပစ္ဖို႔စိတ္ကူးထားရင္..
ဘာျဖစ္လို႔ပါတီပြဲကိုအတူတြဲတက္ၿပီး
ကြၽန္မတို႔ရဲ႕ဆက္ဆံေရးကို
လူသိရွင္ၾကားျဖစ္ေအာင္
လုပ္လိုက္ရတာလဲ..ဒီေန႔ပဲလူလည္ေခါင္မွာ
ရွင့္ရဲ႕ဇနီးဟာ ကြၽန္မပါလို႔ခ်ျပၿပီး
ေနာက္ေန႔မွာ ကြာရွင္းမယ္ဆိုေတာ့
ရွင္အရမ္းရက္စက္လြန္းတယ္လို႔ မထင္ဘူးလား
ကြၽန္မရဲ႕အရွက္သိကၡာေတြကို ဒီလိုပုံစံနဲ႔
နင္းေခ်ရမွ ေက်နပ္မွာလား..
ကြၽန္မဘက္ကိုလည္း ငဲ့ၾကည့္ေပးပါအုံး.. "
ျပန္လည္ေခ်ပလာေသာ ေမဝိုင္းေလး၏
စကားေၾကာင့္ မင္းစက္တစ္ခ်က္မွ်
ေတြေဝသြားမိေလသည္။
ေမဝိုင္းေလးကို ကိုယ့္ရဲ႕ပါတနာအေနနဲ႔
လူအမ်ားသိေအာင္ ေၾကာ္ျငာခ်င္ခဲ့ေပမဲ့
မထင္မွတ္ထားတဲ့ အျဖစ္အပ်က္ေတြေၾကာင့္
ဆုံးျဖတ္ခ်က္ေတြလည္း ေျပာင္းလဲသြားခဲ့ရတယ္။
ဒါေပမဲ့ ဘယ္လိုလုပ္ရမလဲ။
ရင္ထဲမွာ သံသယေတြျပည့္သိပ္ေနတဲ့ဘ၀ႀကီးနဲ႔
ထပ္ၿပီး မရွင္သန္ခ်င္ေတာ့ဘူး။
ဘယ္အခ်ိန္မ်ား ကိုယ့္ရင္ခြင္ထဲကေန
သူမ်ားဆြဲထုတ္သြားမလဲ..။
ဘယ္အခ်ိန္မ်ား ကိုယ့္ကို
သစၥာေဖာက္သြားမလဲဆိုတဲ့
ခံစားခ်က္ေတြကိုေပရွည္ေအာင္
မလုပ္ခ်င္ေတာ့ဘူး။
အျခားေယာက္်ားေလးေတြနဲ႔ အၾကည့္ခ်င္း
ဆုံယုံေလးနဲ႔တင္ သံသယ၀င္ေနရတာမ်ိဳး
မျဖစ္ခ်င္ေတာ့ဘူး။
အဓိကကေတာ့ ကိုယ့္ကိုကိုယ္ထက္
ဘယ္သူ႔ကိုမွ ခ်စ္ဖို႔မႀကိဳးစားခ်င္ေတာ့သလို
ယုံၾကည္ဖို႔လည္း မႀကိဳးစားခ်င္ေတာ့တာပါ။
ငယ္ငယ္ကဆို အေမ့ဆီကေမတၱာတရားေတြကို
ေမွ်ာ္လင့္ရင္းနဲ႔ တိုင္းတစ္ပါးကေနျမန္မာႏိုင္ငံကို
ေမွ်ာ္လင့္တႀကီးျပန္လာခဲ့ဖူးတယ္။
အမ်ားႀကီးေမွ်ာ္လင့္ထားခဲ့မိေတာ့
ဥပကၡာျပဳမႈေလးနဲနဲကေတာင္ ရင္ကြဲလုမတတ္
နာက်င္ခဲ့ရတယ္။
ထပ္မခ်စ္ခ်င္ေတာ့ဘူး။
ဘာမွလည္းထပ္ၿပီး မေမွ်ာ္လင့္ခ်င္ေတာ့ဘူး။
ေနာက္ဆုံးမွာ ျဖစ္ခ်င္တိုင္းျဖစ္မလာတဲ့အခါ
ကိုယ္ပဲ နာက်င္ရတာ။
ခံစားရလည္း ခဏေပါ့။
အခ်ိန္တန္ရင္ သက္သာသြားမွာပဲ။
ဟုတ္တယ္..။ဒီမိန္းကေလးကဘာမို႔လို႔လဲ။
ငါ့ဘ၀ထဲကို ခဏတာ၀င္ေရာက္လာတဲ့
အပိုင္းအစေလးတစ္ခုသာသာပါပဲ။
သူမရွိလည္း ငါ့ဘ၀ႀကီးကဗိုလ္ေနၿမဲ
က်ားေနၿမဲပဲေပါ့။
သူက ငါ့ဘ၀ကိုဘာေတြမ်ား
ေျပာင္းလဲသြားေစမွာမို႔လို႔လဲ။
ျပင္းထန္ေနတဲ့ စိတ္ခံစားခ်က္ေတြကို
ေျဖေလွ်ာ့ပစ္လိုက္ၿပီး သူ႔စိတ္ကိုသူ
တည္ၿငိမ္ေအာင္ထားလိုက္သည္။
"မင္းအတြက္အခ်ိန္လိုအပ္တယ္ဆိုလည္း
အခ်ိန္တစ္ခုေတာ့ ယူလိုက္ေပါ့..
မနက္ျဖန္မနက္ေစာေစာ ငါခ်င္းမိုင္ကို
Sora Sora, [4/6/2025 11:49 AM]
ခရီးထြက္ဖို႔ရွိတယ္..တစ္လေလာက္ၾကာမယ္ကြာရွင္းဖို႔ကိစၥက ျပန္လာမွဆက္ၿပီး
ေဆြးေႏြးၾကတာေပါ့..ဒီအေတာအတြင္းမွာ
နစ္နာေၾကးအေနနဲ႔ မင္းလိုခ်င္တာဘာရွိသလဲ
ေတြးထားေပါ့..မင္းေက်နပ္ေအာင္
အတတ္ႏိုင္ဆုံး ကိုယ္ျဖည့္ဆည္းေပးပါ့မယ္.."
"ရွင္ကြၽန္အအေပၚမွာ ခံစားခ်က္
နည္းနည္းေလးေတာင္ မရွိဘူးလားဟင္.."
"မရွိဘူး.."
ေတြေဝျခင္းအလွ်င္းမရွိပဲ ျပန္ေျဖလိုက္တည္းက
သူဝိုင္းေလးအေပၚ ဘယ္လိုသေဘာထားလဲ
သိလိုက္ပါၿပီ။
ရက္စက္လိုက္တာ ကိုမင္းစက္ရယ္။
ဝိုင္းေလးရဲ႕မ်က္ႏွာကို လုံး၀
လွည့္မၾကည့္ခ်င္တဲ့အထိ ရွင္ကြၽန္မကို
အရမ္းပဲ မုန္းေနသလားဟင္။
ကြၽန္မတို႔ၾကားမွာ ဘယ္လိုအာဃာတမ်ိဳးမွ
မရွိခဲ့ဖူးပဲ ဒီေလာက္အထိ စိမ္းျပတ္ဖို႔
လိုသလားရွင္ရယ္။
"ကြၽန္မအေပၚမွာ ခံစားခ်က္မရွိဘူးဆိုရင္
ဘာလို႔ ခုဏကကြၽန္မကိုနမ္းရတာလဲ.."
"အဲ့ဒါက ကိုယ့္ရဲ႕တစ္ဒဂၤျဖစ္သြားတဲ့
အမွားအယြင္းတစ္ခုလို႔ပဲ မွတ္လိုက္ပါ
ကိုယ္တို႔ ျပန္ၾကရေအာင္..မင္းေခါင္းမူးေနတယ္
မဟုတ္လား..ေစာေစာျပန္ၿပီးအနားယူသင့္တယ္.."
ကားေနာက္ခန္းကေန သူ႔ရဲ႕ ေဘးတိုက္မ်က္ႏွာကို
ၾကည့္ၿပီး မ်က္ရည္က်မိျပန္ပါသည္။
ဘာခံစားခ်က္မွမရွိဘူးဆိုရင္ ဘာေၾကာင့္
လူကိုစိတ္ပူေပးခဲ့ရတာလဲ။
ပြဲထဲကေန အျပင္အထိေပြ႕ခ်ီေပးလာတဲ့အျပင္
အေသးစိတ္ကအစ ဘာေၾကာင့္မ်ား
ဂ႐ုစိုက္ေပးခဲ့ရတာလဲ။
ရွင္ဟာတကယ္ကို လူလိမ္အႀကီးစား
တစ္ေယာက္ပါ။
ကိုယ့္ကိုကိုယ္ထက္ တစ္ျခားသူေတြကို
ခ်စ္ေပးရမွာ ယုံၾကည္ေပးရမွာ
အဲ့သေလာက္ေတာင္ ေၾကာက္ေနရင္လည္း
ရွင့္ရဲ႕ ဆႏၵကိုကြၽန္မျဖည့္ဆည္းေပးလိုက္ပါ့မယ္။
*ဝိုင္းေလးလည္း ကိုယ့္အေပၚမွာသံသယ
မ်က္လုံးေတြနဲ႔ပဲ ၾကည့္ေနမဲ့ခင္ပြန္းကို
ဆြဲမထားခ်င္ပါဘူး..*
❤️❤️❤️❤️❤️❤️❤️
"မမဝိုင္းေလးတို႔ျပန္လာၿပီလား..
ဟင္..ေျခေထာက္ကဘယ္လိုျဖစ္လာရတာလဲ.."
ကားေပၚမွေထာ့နဲ႔ေထာ့နဲ႔ျဖင့္ ဆင္းလာေသာ
၀ိုင္းေလးကိုျမင္သည္ႏွင့္ ၾကည္ၾကည္လည္း
အေျပးေလး လာကူတြဲေပးရွာပါတယ္။
ကိုမင္းစက္ကေတာ့ တစ္ဖက္ကားတံခါးကို
ဖြင့္၍ဆင္းလိုက္ၿပီး ခံစားခ်က္မဲ့ေနေသာ
မ်က္ႏွာတည္ႀကီးႏွင့္သာ ရပ္ၾကည့္ေနေလသည္။
"ၾကည္ၾကည္..ေမဝိုင္းေလးကို
အိပ္ခန္းထဲေရာက္တဲ့အထိ တြဲသြားေပးလိုက္
သူလိုအပ္တာ မွန္သမွ်လည္း
နင္ပဲလုပ္ေပးလိုက္..ၾကားလား.."
"ဟုတ္ကဲ့ပါအစ္ကိုေလး..ဒါနဲ႔ေလ..
အစ္ကိုေလးကေရာ..အိမ္ထဲကိုမ၀င္ေတာ့ဘူးလား"
"မ၀င္ေတာ့ဘူး..ငါ့ဗီလာမွာပဲဒီညအိပ္မွာ
မနက္ျဖန္မနက္ေစာေစာ ထိုင္းကို
ခရီးထြက္စရာရွိတယ္..အဲ့ဒါတစ္လေလာက္
ၾကာမယ္လို႔ အဖြားတို႔ကိုေျပာလိုက္ပါ.."
"ဟင္..တစ္လေတာင္လား.."
"အင္းေလ..ဘာျဖစ္လို႔လဲ.."
ၾကည္ၾကည္လည္း မ်က္လုံးေလးျပဴးၿပီး
အစ္ကိုေလးကိုေရာ မမဝိုင္းေလးကိုပါ
မရဲတရဲေဝ့ဝဲၾကည့္လိုက္မိေလသည္။
ရာသီဥတုကေတာ့ မသာယာဘူးထင္တယ္။
စသြားၾကတုန္းကေတာ့ အေကာင္းႀကီးကို
ျပန္လည္းေရာက္လာေရာ တေစာင္းေစးနဲ႔
မ်က္ေခ်းလို မတည့္ၾကေတာ့ပါလား။
ဘယ္လို ျဖစ္ၾကသလဲမသိဘူး။
ညေနကေတာင္ အန္တီရတနာက
သူ႔ေခြၽးမ ျမန္ျမန္ကေလးရေအာင္
တိုင္းရင္းေဆးဆရာျပမလို႔ ေျပာေနေသးတယ္။
ဘယ္မွာပဲသြားျပျပ ဘယ္ဘုရားမွာပဲ
ဆုေတာင္းေတာင္း အခုလိုအစ္ကိုေလးက
လနဲ႔ခ်ီၿပီး ခရီးေတြထြက္ထြက္ေနမွေတာ့
ဘယ္လိုလုပ္ၿပီး ကေလးကရမွာတဲ့လဲ။
ေလဥဥမွပဲ ရလိမ့္မယ္။
အန္တီရတနာတို႔သားအမိေတြနဲ႔ ဒီလင္မယားရဲ႕
အျဖစ္ကေတာ့ ယုန္ေတာင္ေျပး
ေခြးေျမာက္လိုက္ေတာ့ ျဖစ္ကုန္ၿပီနဲ႔တူပါတယ္။
*အင္း..သူတို႔ဟာသူတို႔ဘာျဖစ္ျဖစ္
ငါနဲ႔ေတာ့ မဆိုင္ပါဘူးေလ*
"က်န္တဲ့ အိမ္သားေတြကအနားယူေနၾကၿပီ
အစ္ကိုေလးရဲ႕ မနက္မွပဲၾကည္ၾကည္
ေျပာထားလိုက္မယ္ေနာ္.."
"ေအး..ဒါနဲ႔ဖြားဖြားကိုေျပာလိုက္ပါ ေမဝိုင္းေလးက
ေျခေထာက္နာေနေတာ့ ဒီရက္ပိုင္းဘာမွ
မခိုင္းမိပါေစနဲ႔လို႔..အေမ့ကိုလည္း
ေျပာလိုက္အုံး.."
"ဟုတ္ကဲ့..ၾကည္ၾကည္ေျပာလိုက္ပါ့မယ္
အစ္ကိုေလး ဘာမ်ားထပ္မွာစရာရွိပါေသးလဲ.."
"မရွိေတာ့ဘူး..."
အကိုေလးကစကားကို ခပ္တိုတို
ခပ္ျပတ္ျပတ္ေျပာၿပီး ကားေပၚတက္ကာ
ၿခံအျပင္သို႔ ျပန္ေမာင္းထြက္သြားေလသည္။
ၾကည္ၾကည္လည္း သက္ျပင္းခ်လိုက္မိၿပီး
မမဝိုင္းေလးဘက္သို႔ လွည့္ၾကည့္လိုက္မိေတာ့
မမကၿခံေပါက္၀သို႔ လွည့္ၾကည့္ရင္းႏွင့္
မ်က္ရည္၀ဲေနေလသည္။
မ်က္လုံးေလးေတြက ညႇိဳ႕မႈိင္းေနၿပီး
ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ေနပုံရတယ္။
"..ဘာျဖစ္လို႔ငိုေနတာလဲ..မမရယ္.."
"ငါအရမ္း၀မ္းနည္းလို႔ပါဟာ..
သူငါ့ကိုႏႈတ္ေတာင္မဆက္သြားခဲ့ဘူးေနာ္.."
"..မမဝိုင္းေလးစိတ္မေကာင္းျဖစ္မွာစိုးလို႔
ႏႈတ္မဆက္ခဲ့တာ ေနမွာေပါ့..
ေနာက္တစ္လေနရင္ ျပန္ေတြ႕ရမွာပဲကို
၀မ္းမနည္းပါေတာ့နဲ႔ေနာ္.."
"ေနာက္တစ္လေနလို႔ ျပန္ေတြ႕ၾကတဲ့အခါ
ငါတို႔က သူစိမ္းေတြျဖစ္ေနေလာက္မယ္ထင္တယ္"
"ဘာေတြေလွ်ာက္ေျပာေနတာလဲမမရယ္..
မဟုတ္တာေတြ.."
"ထားလိုက္ပါေတာ့ ၾကည္ၾကည္ရယ္
ငါ့ကိုအခန္းထဲသာ တြဲပို႔ေပးပါ.."
"ဟုတ္ကဲ့..ၾကည္ၾကည့္ကိုတြဲထားေနာ္.."
💘💘💘💘💘💘💘
အခန္းထဲသို႔ ေရာက္သည္ႏွင့္ တံခါးကိုေလာ့ခ်ကာ
ကုတင္ေပၚ၌ ေခါင္းေမွာက္၍ အားရေအာင္
ငိုမိေလသည္။
တိတ္ဆိတ္ေနေသာ အခန္းႀကီးသည္
၀ိုင္းေလး၏ ငိုသံေတြႏွင့္သာျပည့္ႏွက္ေနေလသည္။
အစကေတာ့ သူနဲ႔လမ္းခြဲရမွာကို
ေပ်ာ္ေနသင့္တယ္လို႔ ကိုယ့္ကိုကိုယ္
ႏွစ္သိမ့္ေပးေနခဲ့မိေပမဲ့
အဲ့ဒီ့လို မလုပ္ႏိုင္ခဲ့ဘူး။
လူေတြဟာ ဆန႔္က်င္ဘက္အရာကိုမွ
ႏွစ္သက္မိၾကတယ္ ထင္ပါတယ္။
ကိုယ့္ကို တြန္းကန္ေနတဲ့အရာဆီကိုမွ
ေျပး၀င္ခ်င္မိၾကတယ္။
တကယ္ကို ရယ္စရာအရမ္းေကာင္းတာပဲ။
*ဝိုင္းေလးသူ႔ကို ခ်စ္မိေနၿပီထင္တယ္..*
ဒါေၾကာင့္ ကြာရွင္းမယ္လို႔သူစေျပာလိုက္တဲ့
အခ်ိန္တည္းက ရင္ထဲမွာစူးနင့္ၿပီး
၀မ္းနည္းခဲ့ရတာေပါ့။
*သူ႔ကိုခ်စ္ေနမိၿပီ။*
ဒီစိတ္ေၾကာင့္ပဲ သူနဲ႔ခြဲရဖို႔ကို
ေတြးမိေလ နာက်င္ရေလပဲ။
သူ႔ရဲ႕ အ႐ိုင္းဆန္တဲ့ဥယ်ာဥ္ထဲမွာ
ေပ်ာ္ေမႊ႕လာမိခါမွ ဒီခံစားခ်က္ႏုႏုေလးေတြကို
အျမစ္ကေန ေျမလွန္ၿပီးဆြဲႏႈတ္ခံလိုက္ရတယ္။
သူသိပ္ရက္စက္တာပဲ။
*ဦးမင္းစက္ရယ္..ရွင့္အသဲႏွလုံးက
ဘာသားနဲ႔မ်ား ထုထားရတာလဲဟင္
လူကိုအမ်ိဳးမ်ိဴနာက်င္ရေအာင္
သိပ္ညႇင္းဆဲႏိုင္တာပဲ..
သံသယမ်ားစြာနဲ႔ ဆူးေတြအျပည္ကာရံထားတဲ့
ရွင့္ႏွလုံးသားတံခါးကို ကြၽန္မဘယ္ေတာ့မွ
ဖြင့္ခြင့္မရေတာ့ဘူးေပါ့ေနာ္.."
သူဟာ သိပ္အတၱႀကီးသလို။
မာနလည္း သိပ္ႀကီးတယ္။
သူ႔မာနကို ထိခိုက္ေစတဲ့ဘယ္အရာကိုမဆို
အလြယ္ေလး ဖယ္ရွားႏိုင္တဲ့လူႀကီးပါပဲ။
*ရွင္အၿမဲတမ္း အဲ့လိုပဲစိတ္မာႏိုင္ပါေစ
ရွင့္ဘက္ကေန လက္မလြတ္ႏိုင္ေလာက္ေအာင္
ဖက္တြယ္ထားခ်င္တဲ့ မိန္းကေလးနဲ႔ေတြ႕တဲ့အခါ
ျပန္ၿပီး ၀ဋ္မလည္ပါေစနဲ႔လို႔
ကြၽန္မဆုေတာင္းလိုက္ပါတယ္...*
သူ႔ကိုက်ိန္ဆဲေနမိတာလား တမ္းတေနမိတာလား
မေဝခြဲႏိုင္ေသာ အေတြးမ်ားစြာႏွင့္
ထိုညမွာ လုံး၀အိပ္၍မေပ်ာ္ႏိုင္ခဲ့ေပ။
မနက္၅နာရီခြဲေလာက္မွသာ ပင္ပန္းၿပီး
အိပ္ေပ်ာ္လုနီးပါး ျဖစ္သြားခဲ့သည္။
"တူ..တူ!!တူ!!"
အိပ္ေပ်ာ္ယုံရွိေသး ဖုန္းကထျမည္လာ၍
အင္အားခ်ိနဲ႔စြာျဖင့္ ဖုန္းကိုအိတ္ထဲမွ
အျမန္ထုတ္ယူလိုက္ရသည္။
"ဟင္..ဒီအခ်ိန္ႀကီးမွ အေမကဘာလို႔
ဖုန္းဆက္ရတာလဲ..အိမ္မွာတစ္ခုခု
ျဖစ္လို႔မ်ားလား.."
ပုံမွန္ဆို အေမကဒီအခ်ိန္ႀကီး
ဖုန္းမဆက္တတ္ေတာ့ ရင္ထိတ္သြားမိသည္။
အိမ္မွာ တစ္ေယာက္ေယာက္မ်ား
ဘာျဖစ္သလဲ မသိဘူး။
"ဟယ္လို..အေမ..ဘာျဖစ္လို႔ဒီအခ်ိန္ႀကီး
ဖုန္းဆက္လာတာလဲ တစ္ခုခုအေရးႀကီးေနလို႔လား.."
"ဝိုင္းေလး..သမီး..စိတ္ကိုခိုင္ခိုင္ထားေနာ္..
အေမေျပာတာကို နားေထာင္ၿပီးရင္
ကိုယ့္စိတ္ကိုအတတ္ႏိုင္ဆုံး ထိန္းထားေနာ္.."
အေမ့အသံက တုန္ယင္ေနၿပီး ဝိုင္းေလးတစ္ခုခု
ျဖစ္သြားမွာကို စိုးရိမ္ေနသလိုပဲ။
ဒီလိုေျပာေနေလ ဝိုင္းေလးကပိုထိတ္လန႔္ေလ
ဆိုတာကိုေတာ့ အေမသိပါရဲ႕လား။
"အေမရယ္..သမီးကိုလန႔္ေအာင္မလုပ္ပါနဲ႔ေနာ္
ေျပာစရာရွိတာ ျမန္ျမန္ေျပာပါေနာ္
အေဖမ်ား တစ္ခုခုျဖစ္လို႔လားဟင္
..သမီးရင္ေတြပူလိုက္တာအေမရယ္.."
"ဝိုင္းေလး..လြန္ခဲ့တဲ့မိနစ္ႏွစ္ဆယ္ေလာက္ကပဲ
သမီးအေဖ ဆုံးသြားၿပီသမီးရယ္..
သမီးအေဖဆုံးသြားရွာၿပီ..အဟင့္"
"အေဖဆုံးသြားၿပီ.."
လက္ထဲမွာ ကိုင္ထားေသာဖုန္းေလးလည္း
ျပဳတ္က်သြားခဲ့ေလသည္။
ရင္ထဲမွာလည္း ယူႀကဳံးမရစိတ္ေတြ
ဖုံးလႊမ္းလာၿပီးေနာက္ မ်က္ရည္ေတြ
အတားအဆီးမရွိ က်လာခဲ့ၿပီးေနာက္
ေနရာမွာတင္ အ႐ုပ္ႀကိဳးျပတ္လုနီးပါး
ျဖစ္သြားခဲ့သည္။
"အေဖဆုံးၿပီတဲ့..ဝိုင္းေလးသိပ္ခ်စ္ရတဲ့အေဖက
ေသဆုံးသြားခဲ့ၿပီတဲ့လား.."
💘💘💘💘💘💘
ဘာဆက္ျဖစ္ၾကမလဲ..???
ခန႔္မွန္းၾကည့္ၾက?
No comments:
Post a Comment