(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၅၆)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
မနက်ဆယ်နာရီထိုးနေပြီဖြစ်၍ နေ့အပူရှိန်ကလည်း
ပိုပြင်းလာလေပြီ။
သူ့မျက်နှာကို လေပူတစ်ချက်တိုက်ခတ်သွားတိုင်း
မေ့ကို တွေ့ချင်စိတ်တွေက ပို၍ပြင်းထန်လာသည်။
သည်အဆောက်အဦးထဲမှာ မေရှိနေသည်ဆိုသော
အချက်က သူ့ကိုစိတ်သက်သာရာရစေပေမဲ့
မေ့ကို မကယ်တင်နိုင်သေးတဲ့အတွက်
ရင်အပူတော့ မလျော့သေးပေ။
"အဲ့ဒီ့တိုက်ပျက်ကြီးပဲ မနက်ကဦးလေး
ဖြတ်လျှောက်တော့ ဟိုနေရာကနေ
လူနှစ်ယောက် ထွက်လာဝာာတွေ့တယ်.."
ကား၀ပ်ရှော့ခ်မှ မန်နေဂျာကြီးကလည်း
အသက်ကြီးနေပြီပေမဲ့ စိတ်အားထက်သန်စွာနှင့်
သူတို့ကို ကူညီလာသည်။
"ခဏလောက် စောင့်ကြည့်ကြတာပါ့
ဒီဦးလေးပြောသလို အထဲမှာလူသုံးယောက်ပဲ
ရှိတာသေချာရင်တော့ ဒီလူတွေကိုဖမ်းဖို့
သိပ်ခက်ခဲမယ်မထင်ဘူး..ဒါပေမဲ့ဓားစာခံက
အထဲမှာရှိနေတော့ လက်လွတ်စပယ်လုပ်လိုက်လို့
မဖြစ်ဘူး.."
ရဲအရာရှိသည် မင်းစက်တစ်ယောက် စိတ်စောပြီး
ခြေလှမ်းတပြင်ပြင်ဖြစ်နေ၍ တားသည့်အနေနှင့်
အကြံပြုလိုက်သည်။
ထိုစဉ်မှာ အရပ်၀တ်နှင့်ရဲအရာရှိလေး
တစ်ယောက်က ခြံထဲမှအခြေအနေကို
စုံစမ်းပေးမည်ဟုဆိုပြီး ခြံရှေ့မှသာမာန်
သွားလာနေသည့် ဟန်မျိုးနှင့်
ဖြတ်လျှောက်ကြည့်လိုက်သည်။
"ဘယ်လိုလဲ..အထဲမှာလူရှိနေလား.."
"ရှိတယ်ဆရာ..သုံးယောက်လုံးကိုမတွေ့ပေမဲ့
တစ်ယောက်က ခြံထဲမှာဖုန်းပြောနေတာတော့
တွေ့ခဲ့တယ်..သူကျွန်တော့်ကိုတောင်
သတိမထားမိဘူး.."
"ဒါဆို စပြီးလှုပ်ရှားကြတာပေါ့.."
မင်းစက်တို့အဖွဲ့လည်း တိုက်အနောက်ဘက်မှာ
ပြေးစရာအပေါက်ရှိမရှိ အသာစစ်ဆေးလိုက်ကြပြီး
မရှိတာသေချာမှ တိုက်အရှေ့ဘက်ကနေ
အလစ်၀င်ကာ ဖုန်းပြောနေသောသူကို
အလစ်၀င်၍ ဖမ်းချုပ်ထားလိုက်ကြလေသည်။
🔥🔥🔥🔥🔥🔥
"မင်းဒင်..ဒီကောင်မကတော်တော်ခေါင်းမာနေတယ်
မုန့်တွေကျွေးတာလည်း အကုန်ထွေးထုတ်ပစ်တယ်"
မေဝိုင်းလး၏ ပါးစပ်မှာစည်းထားသည့်
အ၀တ်စကို ဖြုတ်ပေးပြီး သူတို့မှာရှိသည့်
ကိတ်မုန့်ကို အတင်းထိုးထည့်ကာ
ကျွေးနေသောကြောင့် မေဝိုင်းလေးလည်း
အကုန်လုံးကို ထွေးထုတ်ပစ်လိုက်တာ့သည်။
မကျေမနပ်ဖြစ်သွားသည့် တေဇသည်
မေဝိုင်းလေး၏ ခေါင်းမာမှုကြောင့်
ဒေါသအလွန်ထွက်သွားကာ ပါးစပ်ထဲမှ
သွေးတွေစီးကျလာသည်အထိ ရိုက်နေသည့်အချိန်
မင်းဒင်က ၀င်လာ၍တဖန်
တိုင်တောလိုက်ခြင်းဖြစ်သည်။
မင်းဒင်သည်လည်း လက်ထဲမှာပိုက်ဆံပြတ်နေ၍
ဆေးမသုံးနိုင်ဖြစ်ကာ စိတ်ညစ်နေရသည့်အထဲ
မေဝိုင်းလေးကပါ ညိမ်ညိမ်မနေပဲ
အာခံနေတော့ ခါးထောက်ပြီး မေဝိုင်းလေးကို
ကြောက်စရာကောင်းစွာ
စိုက်ကြည့်လိုက်သည်။
"ဟဲ့ကောင်မလေး..နင်အသက်ရှင်ချင်သေးရင်
ငါတို့ခိုင်းတာလုပ်..ငါတို့ကျွေးတာကိုစားလိုက်
မဟုတ်ရင်တော့ နင့်ယောက်ျားရဲ့မျက်နှာကို
ဒီတစ်သက်ပြန်တွေ့ရမယ်မထင်နဲ့..
ငါတို့ပြောတဲ့စကားကိုနားမထောင်ရင်
နင့်ယောက်ျားကို ခေါင်းမီးတောက်အောင်
အလုပ်ပေးပစ်လိုက်မယ်..ဘာမှတ်နေလဲ.."
ဦးမင်းဒင်၏ ခြိမ်းခြောက်သည့်စကားကို
ကြားနေရပေမဲ့ အခုလည်းသေလူနှင့်မထူးသည့်
ဘ၀ကို ရောက်နေပြီဖြစ်၍ ထူး၍စိတ်လှုပ်ရှားဟန်
မပြပဲ နှုတ်ခမ်းကိုသာမဲ့ပစ်လိုက်သည်။
ဦးမင်းဒင်ဆိုသည့် လူကိုလည်းမျက်လုံးလှန်၍
နားကျည်းမုန်းတီးစွာ ကြည့်ပစ်လိုက်သည်။
"ကျွန်မယောက်ျားဆီကနေ
ပိုက်ဆံတွေရပြီးရင်လည်း..ရှင်တို့ကျွန်မကို
ပြန်လွှတ်ပေးမှာမဟုတ်ပါဘူး..အပိုစကားတွေနဲ့
ကျွန်မကိုလာပြီး ခြိမ်းခြောက်မနေနဲ့တော့.."
"ဟား..ဟား..ဟား..နင်ကငါတို့ရဲ့အကြံအစည်ကို
သိနေတယ်ပါ့လေ.."
ဦးမင်းဒင်သည် ဝိုင်းလေး၏မေးစေ့ကနေ
ပါးပြင်တစ်လျှောက် သူ့လက်ကြမ်းကြီးနှင့်
ဖြစ်ညှစ်လာလေရာ ဝိုင်းလေးလည်း
ခေါင်းကို ဘယ်ညာရမ်းပစ်နေမိသည်။
ဒီလူယုတ်မာတွေနှင့် အသားကြီးထိမိရင်
ကိုယ့်ကိုကိုယ်တောင် ပြန်ရွံမိတဲ့အထိပဲ။
ထိုလူကတော့ အသားမာတက်နေသည့်
သူ့လက်ကြမ်းကြီးနှင့် ဝိုင်းလေး၏
လည်ပင်းကို ထပ်၍ညှစ်လိုက်ပြန်သည်။
အသက်ရှူကြပ်သွားသောကြောင့်
လည်ချောင်းတစ်ခုလုံး သေလောက်အောင်
နာကျင်နေမိ၍ ပါးပြင်တစ်လျှောက်
မျက်ရည်စီးကြောင်းကြီး ဖြစ်သွားရသည်။
"နင်ခန့်မှန်းတာမှန်တယ်..နင့်ယာက်ျားဆီကနေ
ပိုက်ဆံရပြီးလဲ..ငါတို့ကနင့်ကိုရောင်းစားပစ်မှာ.."
"လူယုတ်မာတွေ ရှင်တို့လုပ်ခဲ့တဲ့အပြစ်တွအတွက်
ပြန်ပြီဒဏ်ခတ်ခံရပါစေ.."
"ပထမတစ်ခါနင့်ဆုတောင်းတွေ ပြည့်ခဲ့ပေမဲ့
ဒီတစ်ခါတော့ ပြည့်တော့မှာမဟုတ်ဘူး.."
"ရှင်ဘာပြောလိုက်တယ်.."
ဦးမင်းဒင်၏စကားကြောင့် ဝိုင်းလေးအံ့ဩ
သွားမိသည်။
ပထမတစ်ခါဆိုတော့ အဲ့ဒီ့နေ့ကအမှောင်ထုထဲမှာ
ဝိုင်းလေးနဲ့အတူ ရှိနေခဲ့တဲ့လူက
ဦးမင်းဒင်များလား ။
ထိတ်လန့်တုန်လှုပ်စွာနှင့် ဦးမင်းဒင်၏
မျက်၀န်းတွေထဲအထိ စူးစိုက်ကြည့်နေမိချိန်
ဦးမင်းဒင်က ခပ်ဟဟတစ်ချက်ရယ်လိုက်ပြီး
သူ့ရဲ့လက်မနှင့် လက်ညှိုးကိုသထွေးစွတ်လိုက်ကာ
ဝိုင်းလေး၏ နားရွက်ဖျားကို လာတို့လေသည်။
*အမှောင်ထုထဲက မကောင်းဆိုးဝါးကြီးလည်း
ဝိုင်းလေးကို ဒီလိုလုပ်ခဲ့ဖူးတယ်..*
ဝိုင်းလေး၏ မျက်၀န်းတွေချက်ချင်း
ပြူးကျယ်သွားသလို ဦးမင်းဒင်းကိုလည်း
ပို၍ကြောက်ရွံ့လာမိသည်။
ငယ်ငယ်တည်းက အမြစ်တွယ်လာသည့်
အကြောက်တရားတစ်ခု၊အိပ်မက်တွေထဲအထိ
အမြဲခြောက်လှန့်နေခဲ့သည့် အမှောင်ထုထဲက
မကောင်းဆိုးဝါးကြီးဟာ ဝိုင်းလေး၏
ရှေ့တည့်တည့်မှာ ရှိနေသည်။
"နင့်ကိုစတွေ့တော့ မေဝိုင်းလေးဆိုတဲ့နာမည်ကို
ကြားလိုက်ရတည်းက ငါမှတ်မိနေခဲ့တာ
အဲ့ဒီ့နေ့က နင့်မိဘတွေနင့်နာမည်ကို
အော်ခေါ်ပြီး ရေကန်စပ်ကအိမ်ကို
ရောက်လာတည်းက သေရာပါအောင်
မှတ်ထားခဲ့လိုက်တာလေ..ပထမတစ်ခါက
လွတ်မြောက်သွားခဲ့ပေမဲ့ အခုတစ်ခေါက်တော့
မင်းကိုရောင်းမစားခင် ငါကိုယ်တိုင်
သေချာမြည်းစမ်းဖို့ စဉ်းစားထားပြီးသား.."
"ရှင်မယုတ်မာနဲ့နော်.."
ပြောရင်းဆိုရင်း ဝိုင်းလေး၏ပေါင်ကို
ထိကိုင်ဖို့ ကြိုးစားလာသောကြောင့်
အာခေါင်ခြစ်၍အော်နေမိသည်။
*ဒုန်း!!!!!*
ထိုအချိန်ခဏတာအတွင်းမှာ လူတစ်ယောက်က
အခန်းတံခါးကို ခပ်ပြင်းပြင်း
ဆောင့်ကန်လိုက်သံနှင့်အတူ အဖြစ်အပျက်မျိုးစုံ
ဖြစ်ပွားသွားခဲ့သည်။
အခန်းထဲသို့ ကိုကိုနှင့်အခြားသူများ
၀င်လာပြီး ဦးမင်းဒင်တို့ကိုဖမ်းချုပ်လိုက်ကြသည်။
နောက်ဆုံးအခိုက်အတန့်အထိ
အတင်းရုန်းကန်နေပြီး နောင်တရားမရှိသော
ဦးမင်းဒင်သည် လက်ထိပ်ခတ်ခံထားရသည့်
ပုံစံနှင့် ရဲများကဖမ်းဆီးချုပ်နှောင်တာ
ခံလိုက်ရသည်။
ကိုကိုသည်လည်း ဦးမင်းဒင်၏မျက်နှာကို
အချက်ပေါင်းများစွာ ထိုးနှက်ခဲ့၍
လက်သီးဆုပ်တွေပါ ယောင်ကိုင်းနေလေသည်။
"မေ..မေအရမ်းကြောက်နေမှာပဲနော်.."
ရုတ်တရက်ဆန်သည့်အဖြစ်အပျက်ကြောင့်
အာရုံထွေပြားသည်ထင်ပြီး ကိုကို့အသံကို
ကြားတစ်ချက်၊မကြားတစ်ချက်ဖြစ်နေသည်။
ဝိုင်းလေး၏ ခန္ဓာကိုယ်ပေါ်မှအချုပ်အနှောင်တွေ
အားလုံးကို ဖယ်ရှားပေးလိုက်ပြီးနောက်
ကိုကိုက ဝိုင်းလေးကို သူ့ရင်ခွင်ရိပ်အား
ခိုလှုံစေသည်။
ဝိုင်းလေးကတော့ ဘာစကားတစ်ခွန်းမှ
မပြောနိုင်တော့ပဲ ကိုကို့လက်မောင်းကိုသာ
အားကိုးတကြီး ဆုပ်ကိုင်ထားလိုက်မိသည်။
ဝိုင်းလေး၏ ဆံစတွေကိုပွတ်သပ်ပေးလာသော
နွေးထွေးသည့် အထိအတွေ့တစ်ခု၊
ဝိုင်းလေး၏ မျက်ရည်တွေကို
သိမ်းဆည်းပေးနေသော လက်ချောင်းလေးတွေနှင့်
နဖူးပေါ်သို့ ဖိကပ်လိုက်သည့် ပူပူနွေးနွေး
အနမ်းတစ်ပွင့်...ထာ၀ရဆုံးရှုံးရတော့မည်ဟု
ထင်ခဲ့မိတာပါ။
"မငိုနဲ့တော့လေ..မေ့အနားမှာကိုကိုရှိတယ်နော်
ဘာမှအားမငယ်နဲ့..မေအခုလွတ်မြောက်သွားပြီ
အခုဘာအန္တရာယ်မှ မရှိတော့ဘူးသိလား..
ကိုကိုမေ့ကို ကာကွယ်ပေးမယ်..."
ဘာအန္တရာယ်မှ မရှိတော့ဘူး...။
မေ့အနားမှာကိုကိုရှိတယ်နော်..ဆိုသည့်
စကားကြောင့် ရင်ခုန်နှုန်းတွေပြန်တည်ငြိမ်သွားပြီး
စိတ်သက်သာရာ ရမှုနှင့်အတူမျက်၀န်းတွေကို
မှေးစဉ်းချလိုက်မိသည်။
ထိုအချိန်ခဏလေးမှာ ကိုကို့ရင်ခွင်ထဲ၌
သတိမေ့သွားသည်လား ၊တစ်ကိုယ်လုံး
နာကျင်နေသောကြောင့် ပင်ပန်းနွမ်းနွယ်ကာ
အိပ်စက်လိုက်မိသည်လားဆိုတာ
ကိုယ်တိုင်တောင် မမှတ်မိတော့ပေ။
*ဝိုင်းလေးသိတာတစ်ခုက အခုအချိန်မှာ
ဝိုင်းလေးလုံခြုံသွားပြီဆိုတာပါပဲ..
ကိုကိုသာ အနားမှာရှိနေရင်
ဝိုင်းလေးဘာကိုမှ မကြောက်ဘူး..*
🔥🔥🔥🔥🔥🔥🔥🔥
ဆေးရုံကြီး၏ ဗွီအိုင်ပီအခန်းထဲတွင်တော့
နှစ်ဖက်မိသားစုများအားလုံးသည်
လူနာကုတင်ပေါ်တွင် လှဲနေသော
မေဝိုင်းလေးကိုသာ သနားစာနာသော
မျက်၀န်းများနှင့် ကြည့်နေမိကြလေသည်။
မင်းစက်ကနေ ဆေးရုံအခန်း၏
ပြူတင်းတံခါးဘေးတွင်ရပ်ကာ
မေ့ကိုကျောပေးထားမိလေသည်။
မေ့မျက်နှာလေးကို ကြည့်လိုက်မိသည်နှင့်
သူ့ရင်ထဲမှာ အပ်ရှလာသည်။
ပြန်ပေးသမားတွေလက်ထဲကနေ မေ့ကို
ပြန်ကယ်တင်လိုက်နိုင်ခဲ့ပေမဲ့ အစတည်းက
သေချာမကာကွယ်ပေးနိုင်ခဲ့မိတဲ့
ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေမိသည်။
"ငါ့မြေးလေးသနားပါတယ်နုရယ်..
ကြည့်ပါအုံး တစ်ကိုယ်လုံးလည်း
ဒဏ်ရာဒဏ်ချက်တွေနဲ့.."
"တောင်းပန်ပါတယ်မိစံရယ်..အခုလိုဖြစ်ရတာ
ငါတို့သေချာမကြည့်ပဲခန့်လိုက်တဲ့
ဒါရိုင်ဘာကြောင့်ဆိုပေမဲ့ အဓိကတရားခံက
ငါတို့ပါပဲ..ငါတောင်းပန်ပါတယ်ဟာ.."
"မလိုပါဘူးအန်တီရယ်..အခုကိစ္စကအန်တီတို့လည်း
ကြိုသိတာမှ မဟုတ်ပဲ.."
ဒေါ်တင်မမက ၀င်ပြီးဖြန်ဖြေပေမဲ့ အဒေါ်ဖြစ်သူ
ရွှေရည်၀င်းကတော့ မေဝိုင်းလေး၏
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုကြည့်မိလေ
ပိုဒေါသထွက်လာလေ ဖြစ်နေသည်။
"ငါတို့ကိုကမှားတာပါ ဝိုင်းလေးကို
ကောင်းစားစေချင်လို့ ပိုက်ဆံချမ်းသာတဲ့လူနဲ့
ပေးစားလိုက်မိတဲ့ ငါတို့ကိုကမှားတာ
မဟုတ်ရင် ဒီလိုအဖြစ်မျိုးကြုံရမှာမဟုတ်ဘူး.."
"ရွှေရည်၀င်းရယ်..ဘာတွေလျှောက်ပြောနေတာလဲ
အခုကိစ္စကသူတို့ကြောင့်မှမဟုတ်ပဲ
မဟုတ်တာတွေကို
လျှောက်မပြောစမ်းပါနဲ့.."
"အမေကလည်း ဒေါ်လေးပြောတာလည်း
မှန်နေတာပဲလေ..ဝိုင်းလေးပြန်ပေးဆွဲခံရတဲ့
အဓိကအကြောင်းအရင်းက ကိုစက်က
ပိုက်ဆံချမ်းသာနေလို့ပဲ မဟုတ်ဘူးလား..
အမေတို့က ချမ်းသာတာကိုမက်မောပြီး
ပေးစားလိုက်လို့ အခုလိုတွေဖြစ်ရတာ.."
ဒေါ်ရွှေရည်၀င်းက တူမဖြစ်သူ၏ဒဏ်ရာဗလပွနှင့်
ပုံစံကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကာ
ပြောလိုက်တာကို ခင်ထိပ်ထားဦးက
တမင်းမြှောက်ဆောင့် လုပ်ပေးလိုက်လေသည်။
ဒီလိုပြောလာတော့ တစ်ဖက်မိသားစုမှ
ဂျိုပါသော ဒေါ်ခိုင်မိုးမြင့်က လက်သီးကို
ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရှေ့ထွက်လာခဲ့သည်။
"နင်တို့အဲ့လိုတော့မပြောနဲ့ဟဲ့..ဒီလက်ထပ်ပွဲက
နှစ်ဦးနှစ်ဖက် သဘောတူလို့ဖြစ်လာတာ
မဟုတ်ဘူးလား..အခုမှဟိုလူ့လွှဲချ၊ဒီလူ့လွှဲချနဲ့
ဘာလို့လာရမ်းနေတာလဲ..နင်တို့လိုပြောကြေးဆို
ငါ့တူက မေဝိုင်းလေးကိုလက်ထပ်လိုက်ရတော့
ပိုတောင်နစ်နာသေးတယ်သိရဲ့လား.."
"မမခိုင်ရယ်..အားလုံးစိတ်မကောင်း
ဖြစ်နေကြတဲ့အချိန် ညိမ်ညိမ်လေးနေပေးစမ်းပါ.."
"ဟဲ့..ငါကညိမ်ညိမ်နေချင်တယ်လေ..
ဟိုကနင်တို့ကိုပြောနေတာမကြားဘူးလား.."
"အားလုံးတော်ကြတော့..!!!!"
အခန်းတစ်ခုလုံး ဟိန်းသွားအောင် အော်လိုက်သည့်
မင်းစက်၏ အသံဩဩကြီးကြောင့်
အားလုံးတိတ်ကျသွားလေသည်။
မင်းစက်သည် ပြူတင်းပေါက်နားမှာရပ်နေရင်း
ဟိုးအဝေးကြီးကို ရောက်တတ်ရာရာ
မျှော်ငေးကြည့်နေမိတာကို ရပ်တန့်လိုက်ပြီး
မေဝိုင်းလေး၏ ခုတင်နားတွင်ရပ်လိုက်ကာ
ဒေါ်တင်မမတို့ကို တောင်းပန်သည့်မျက်၀န်းများနှင့်
ကြည့်လိုက်သည်။
"ကျွန်တော်ကတိပေးပါတယ်..နောက်တစ်ခါ
ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေရတော့ပါဘူး
မေ့ကို ကျွန်တော့်အသက်နဲ့လဲပြီး
ကာကွယ်ပေးသွားမှာပါ..ကျွန်တော့်ကို
အခွင့်အရေးထပ်ပေးပါလို့ တောင်းဆိုပါတယ်.."
မင်းစက်က မေဝိုင်းလေး၏မိသားစုတွေအားလုံးကို
ဦးညွှတ်ကာ တောင်းဆိုလိုက်တော့
ဒေါ်ရတနာတို့အားလုံးလည်း
အံ့အားသင့်ကုန်ကြလေသည်။
မေဝိုင်းလေးရဲ့ မိသားစုကတော့မင်းစက်၏
အကြောင်းကိုထဲထဲ၀င်၀င်မသိတော့
မင်းစက်၏ တောင်းပန်မှုကို
သာမာန်မျက်၀န်းများနှင့်သာ ကြည့်နေကြလေသည်။
ဒေါ်ရတနာတို့အတွက်တော့ မင်းစက်အာဏာလို
နတ်ဘုရားအငယ်စားလေးဆီကနေ
တောင်းပန်စကားဆိုလာခြင်းက
သာမာန်မဟုတ်ပေ။
သူတို့သိတဲ့ မင်းစက်ဟာဒီလိုသာမာန်ရပ်ကွက်က
အမျိုးသမီးများကို ဦးညွှတ်လိမ့်မည်မဟုတ်ပေ။
စီးပွားရေးနှင့်ပတ်သတ်သည့်
ထူးချွန်ဆုများကိုတောင်
နိုင်ငံတကာ ဆင်မြင့်ပေါ်မှာ
ခေါင်းမော့၊ရင်ကော့ပြီး တက်ယူခဲ့သည့်
လူဖြစ်သည်။
သူ့ပတ်၀န်းကျင်မှာ အရှိန်အဝါတလက်လက်နှင့်
အလေးစားခံ ပုဂ္ဂိုလ်ငယ်လေးက
အခုတော့ သူ့မိန်းမအတွက်ဆိုအရာအားလုံးကို
ဦးညွှတ်နိုင်နေတာလား။
*မေဝိုင်းလေးက ကံအကောင်းဆုံးလူသား
ဖြစ်သွားပြီမဟုတ်ပါလား..
မင်းစက်အာဏာအတွက် သီးသန့်အခွင့်ထူးခံ
လူသားလေး...*
"ဟယ်..ဝိုင်းလေးသတိရလာပြီ.."
လူနာကုတင်ခါင်းရင်းဘက်တွင် ထိုင်နေသော
ဒေါ်မိစံက သတိပေးလိုက်တော့
အားလုံး ၀မ်းသာသွားကြပြီးအရှ့သို့
တိုးကပ်သွားကြလေသည်။
မင်းစက်သည်လည်း မေ့ရဲ့ဘေးမှာထိုင်လျှက်
မေ့လက်ကလေးကို ကိုင်ထားလိုက်မိသည်။
"မေ..သက်သာရဲ့လား..."
မင်းစက်သည် သူ့ဘ၀တွင်အနူးညံ့ဆုံးဟု
ရာဇ၀င်တွင်နိုင်သည့် လေသံမျိုးနှင့်မေ့ရဲ့
လက်ဖဝါးလေးတွေကို ပွတ်သပ်ကာ
မေးလိုက်တော့ မေကမျက်လုံးမှေးမှေးလေးနှင့်
ပြန်ကြည့်လာကာ ခေါင်းညိမ့်ပြလာသည်။
"မေဝိုင်းလေး..နင့်ကိုပြန်ပေးဆွဲတဲ့လူတွေက
နင့်ကို တစ်ခုခုလုပ်လိုက်ကြသေးလား.."
ခင်ထိပ်ထားဦး၏စကားကြောင့် မေဝိုင်းလေး၏
အပြုံးဖျော့ဖျော့လေးတွင်နေသော
မျက်နှာလေးသည် ချက်ချင်းမဲ့၍သွားတော့သည်။
"မမ..နင့်စကားကဘာကိုဆိုလိုတာလဲ.."
"နင်ကငယ်ငယ်ကလည်း ဒီလိုအဖြစ်မျိုး
ကြုံဖူးတော့ ငါကစိုးရိမ်လို့မေးတာပါ..
နင်တစ်ညလုံးသူတို့နဲ့အတူ
ရှိခဲ့တာဆိုတော့ သူတို့နင့်ကိုမတရားကြံတာမျိုး
လုပ်သေးလား.."
"ခင်ထိပ်ထားဦး..နင်ဘာစကားတွေ
လျှောက်ပြောနေတာလဲ.."
အဖွားမိစံလည်း မမေးသင့်မမေးအပ်သည့်
စကားတွေကို ပြောထွက်သည့်ခင်ထိပ်ထားဦးကို
မာန်မဲလိုက်တော့သည်။
ခင်ထိပ်ထားဦးကတော့ အစောတည်းက
မေဝိုင်းလေးကို စိတ်ဆင်းရဲစေချင်သူမို့
မျက်နှာတစ်ချက်မပျက်ပဲ ဟန်လုပ်ကာ
မဲ့လိုက်လေသည်။
"သမီးပြောတာမမှန်လို့လား...
သူအသက်ဆယ့်တစ်နှစ်လောက်တုန်းကလည်း
ဒီလိုတစ်ခါဖြစ်သေးတယ်လေ..အဲ့ဒီ့တုန်းက
ကလောမှာရှိတဲ့ တောင်ခြေကအိမ်ပျက်ကြီးထဲမှာ
မေဝိုင်းလေးကို ပြန်ရှာတွေခဲ့တာမဟုတ်ဘူးလား.."
"ခင်ထိပ်ထားဦး နင့်ပါးစပ်ကိုပိတ်လိုက်တော့နော်.."
ဒေါ်တင်မမကလည်း စကားတွေမလွန်ခင်
ဒေါသတကြီး အော်လိုက်ကာသမီးဖြစ်သူ၏
လက်မောင်းကို ဖိဆုပ်လိုက်မိလေသည်။
ဝိုင်းလေးကတော့ ဒဏ်ရာဟောင်းကို
ပြန်တူးဖော်နေသည့် ခင်ထိပ်ထားဦးကြောင့်
ရှက်လွန်းသဖြင့် မျက်နှာကိုလက်နှစ်ဖက်နှင့်
အုပ်ကာ ငိုရှိုက်နေမိတော့သည်။
"မေဝိုင်းလေး..နင်ကဘာလို့ငိုနေတာလဲ..
ဒီကိစ္စကို..နင့်ယောက်ျားမသိဘူးလား.."
"မိစံ..ခင်ထိပ်ထားဦးပြောနေတာတွေက
အမှန်တွေပဲလား.."
ဖွားဖွားနုသည်လည်း သူငယ်ချင်းအရင်းဖြစ်သူ
မိစံကို ကြည့်ကာပွင့်ပွင့်လင်းလင်း
မေးလိုက်မိတော့သည်။
ဖွားမိစံကတော့ စိတ်မလုံမလဲဖြစ်လာ၍
မျက်နှာလွှဲကာ ခေါင်းသာငုံ့လိုက်လေတော့သည်။
"လက်စသတ်တော့..ဖွားဖွားတို့၊မေမေတို့
အားလုံးက မေဝိုင်းလေးငယ်ငယ်က
လူတစ်ယောက်နဲ့အိမ်ပျက်ကြီးထဲမှာ
အတူရှိခဲ့တဲ့ကိစ္စကို ..ကိုစက်တို့မသိအောင်
လျှို့ဝှက်ထားကြတာပဲ.."
ခင်ထိပ်ထားဦးသည် မိသားစုကိုပါထပ်မံ
အပုတ်ချလိုက်ပြီး ခနဲ့တဲ့တဲ့ပြုံးလိုက်ကာ
မင်းစက်ကို စိုက်ကြည့်လိုက်သည်။
"ကိုစက်..ရှင်တော့နားဖားကြိုးထိုးခံလိုက်ရတာပဲ..
မေဝိုင်းလေးက ရှင်ထင်သလို
သန့်စင်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်ဘူး.."
"ခင်ထိပ်ထားဦး..နင်တော်လိုက်တော့..."
*ဖြန်း!!!!"
ဆေးအပ်ချိတ်ထားလျှက်နှင့်ပင် ဝိုင်းလေးလည်း
သည်းမခံနိုင်တော့ပဲ မမထိပ်ထားဦး၏ပါးကို
ရိုက်ချပစ်လိုက်သည်။
ခင်ထိပ်ထားဦးသည်လည်း ဒေါ်သထွက်သွားကာ
မေဝိုင်းလေးကို ပြန်ရိုက်ဖို့လုပ်လိုက်ပေမဲ့
သူ့လက်ကို ဖမ်းဆွဲလိုက်သည့် သန်မာသော
လက်တစ်စုံကြောင့် သူရှေ့ဆက်တိုးလို့
မရတော့ဘူးဖြစ်နေသည်။
သူ့လက်ကို ဖမ်းဆွဲထားသူအား ကြည့်လိုက်တော့
မီးတောက်တော့မလို မျက်၀န်းတွေနှင့်
ခံစားချက်လှိုင်းထန်နေသော မင်းစက်ကို
တွေ့လိုက်ရသည်။
]
မင်းစက်သည်လည်း ခင်ထိပ်ထားဦး၏လက်ကို
ဖမ်းဆွဲထားမိရာမှ ဆောင့်ခါပစ်လိုက်ပြီး
အခန်းထဲတွင် ရှိသမျှလူတိုင်းကို
ထွက်သွားစေလိုသော အကြည့်မျိုးဖြင့်
ကြည့်ပစ်လိုက်သည်။
"အားလုံးထွက်သွားပေးကြပါ..
ဒီကိစ္စနဲ့ပတ်သတ်ပြီး မေနဲ့နှစ်ယောက်တည်း
စကားပြောချင်တယ်.."
အခန်း(၅၇)ဆက်ရန်***
🔥🔥🔥🔥🔥🔥🔥
နောက်တစ်ခန်းက ဇာတ်သိမ်းခန်းပါ..
=============================
============================
အခန္း(၅၆)
💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘
မနက္ဆယ္နာရီထိုးေနၿပီျဖစ္၍ ေန႔အပူရွိန္ကလည္း
ပိုျပင္းလာေလၿပီ။
သူ႔မ်က္ႏွာကို ေလပူတစ္ခ်က္တိုက္ခတ္သြားတိုင္း
ေမ့ကို ေတြ႕ခ်င္စိတ္ေတြက ပို၍ျပင္းထန္လာသည္။
သည္အေဆာက္အဦးထဲမွာ ေမရွိေနသည္ဆိုေသာ
အခ်က္က သူ႔ကိုစိတ္သက္သာရာရေစေပမဲ့
ေမ့ကို မကယ္တင္ႏိုင္ေသးတဲ့အတြက္
ရင္အပူေတာ့ မေလ်ာ့ေသးေပ။
"အဲ့ဒီ့တိုက္ပ်က္ႀကီးပဲ မနက္ကဦးေလး
ျဖတ္ေလွ်ာက္ေတာ့ ဟိုေနရာကေန
လူႏွစ္ေယာက္ ထြက္လာဝာာေတြ႕တယ္.."
ကား၀ပ္ေရွာ့ခ္မွ မန္ေနဂ်ာႀကီးကလည္း
အသက္ႀကီးေနၿပီေပမဲ့ စိတ္အားထက္သန္စြာႏွင့္
သူတို႔ကို ကူညီလာသည္။
"ခဏေလာက္ ေစာင့္ၾကည့္ၾကတာပါ့
ဒီဦးေလးေျပာသလို အထဲမွာလူသုံးေယာက္ပဲ
ရွိတာေသခ်ာရင္ေတာ့ ဒီလူေတြကိုဖမ္းဖို႔
သိပ္ခက္ခဲမယ္မထင္ဘူး..ဒါေပမဲ့ဓားစာခံက
အထဲမွာရွိေနေတာ့ လက္လြတ္စပယ္လုပ္လိုက္လို႔
မျဖစ္ဘူး.."
ရဲအရာရွိသည္ မင္းစက္တစ္ေယာက္ စိတ္ေစာၿပီး
ေျခလွမ္းတျပင္ျပင္ျဖစ္ေန၍ တားသည့္အေနႏွင့္
အႀကံျပဳလိုက္သည္။
ထိုစဥ္မွာ အရပ္၀တ္ႏွင့္ရဲအရာရွိေလး
တစ္ေယာက္က ၿခံထဲမွအေျခအေနကို
စုံစမ္းေပးမည္ဟုဆိုၿပီး ၿခံေရွ႕မွသာမာန္
သြားလာေနသည့္ ဟန္မ်ိဳးႏွင့္
ျဖတ္ေလွ်ာက္ၾကည့္လိုက္သည္။
"ဘယ္လိုလဲ..အထဲမွာလူရွိေနလား.."
"ရွိတယ္ဆရာ..သုံးေယာက္လုံးကိုမေတြ႕ေပမဲ့
တစ္ေယာက္က ၿခံထဲမွာဖုန္းေျပာေနတာေတာ့
ေတြ႕ခဲ့တယ္..သူကြၽန္ေတာ့္ကိုေတာင္
သတိမထားမိဘူး.."
"ဒါဆို စၿပီးလႈပ္ရွားၾကတာေပါ့.."
မင္းစက္တို႔အဖြဲ႕လည္း တိုက္အေနာက္ဘက္မွာ
ေျပးစရာအေပါက္ရွိမရွိ အသာစစ္ေဆးလိုက္ၾကၿပီး
မရွိတာေသခ်ာမွ တိုက္အေရွ႕ဘက္ကေန
အလစ္၀င္ကာ ဖုန္းေျပာေနေသာသူကို
အလစ္၀င္၍ ဖမ္းခ်ဳပ္ထားလိုက္ၾကေလသည္။
🔥🔥🔥🔥🔥🔥
"မင္းဒင္..ဒီေကာင္မကေတာ္ေတာ္ေခါင္းမာေနတယ္
မုန႔္ေတြေကြၽးတာလည္း အကုန္ေထြးထုတ္ပစ္တယ္"
ေမဝိုင္းလး၏ ပါးစပ္မွာစည္းထားသည့္
အ၀တ္စကို ျဖဳတ္ေပးၿပီး သူတို႔မွာရွိသည့္
ကိတ္မုန႔္ကို အတင္းထိုးထည့္ကာ
ေကြၽးေနေသာေၾကာင့္ ေမဝိုင္းေလးလည္း
အကုန္လုံးကို ေထြးထုတ္ပစ္လိုက္တာ့သည္။
မေက်မနပ္ျဖစ္သြားသည့္ ေတဇသည္
ေမဝိုင္းေလး၏ ေခါင္းမာမႈေၾကာင့္
ေဒါသအလြန္ထြက္သြားကာ ပါးစပ္ထဲမွ
ေသြးေတြစီးက်လာသည္အထိ ႐ိုက္ေနသည့္အခ်ိန္
မင္းဒင္က ၀င္လာ၍တဖန္
တိုင္ေတာလိုက္ျခင္းျဖစ္သည္။
မင္းဒင္သည္လည္း လက္ထဲမွာပိုက္ဆံျပတ္ေန၍
ေဆးမသုံးႏိုင္ျဖစ္ကာ စိတ္ညစ္ေနရသည့္အထဲ
ေမဝိုင္းေလးကပါ ညိမ္ညိမ္မေနပဲ
အာခံေနေတာ့ ခါးေထာက္ၿပီး ေမဝိုင္းေလးကို
ေၾကာက္စရာေကာင္းစြာ
စိုက္ၾကည့္လိုက္သည္။
"ဟဲ့ေကာင္မေလး..နင္အသက္ရွင္ခ်င္ေသးရင္
ငါတို႔ခိုင္းတာလုပ္..ငါတို႔ေကြၽးတာကိုစားလိုက္
မဟုတ္ရင္ေတာ့ နင့္ေယာက္်ားရဲ႕မ်က္ႏွာကို
ဒီတစ္သက္ျပန္ေတြ႕ရမယ္မထင္နဲ႔..
ငါတို႔ေျပာတဲ့စကားကိုနားမေထာင္ရင္
နင့္ေယာက္်ားကို ေခါင္းမီးေတာက္ေအာင္
အလုပ္ေပးပစ္လိုက္မယ္..ဘာမွတ္ေနလဲ.."
ဦးမင္းဒင္၏ ၿခိမ္းေျခာက္သည့္စကားကို
ၾကားေနရေပမဲ့ အခုလည္းေသလူႏွင့္မထူးသည့္
ဘ၀ကို ေရာက္ေနၿပီျဖစ္၍ ထူး၍စိတ္လႈပ္ရွားဟန္
မျပပဲ ႏႈတ္ခမ္းကိုသာမဲ့ပစ္လိုက္သည္။
ဦးမင္းဒင္ဆိုသည့္ လူကိုလည္းမ်က္လုံးလွန္၍
နားက်ည္းမုန္းတီးစြာ ၾကည့္ပစ္လိုက္သည္။
"ကြၽန္မေယာက္်ားဆီကေန
ပိုက္ဆံေတြရၿပီးရင္လည္း..ရွင္တို႔ကြၽန္မကို
ျပန္လႊတ္ေပးမွာမဟုတ္ပါဘူး..အပိုစကားေတြနဲ႔
ကြၽန္မကိုလာၿပီး ၿခိမ္းေျခာက္မေနနဲ႔ေတာ့.."
"ဟား..ဟား..ဟား..နင္ကငါတို႔ရဲ႕အႀကံအစည္ကို
သိေနတယ္ပါ့ေလ.."
ဦးမင္းဒင္သည္ ဝိုင္းေလး၏ေမးေစ့ကေန
ပါးျပင္တစ္ေလွ်ာက္ သူ႔လက္ၾကမ္းႀကီးႏွင့္
ျဖစ္ညႇစ္လာေလရာ ဝိုင္းေလးလည္း
ေခါင္းကို ဘယ္ညာရမ္းပစ္ေနမိသည္။
ဒီလူယုတ္မာေတြႏွင့္ အသားႀကီးထိမိရင္
ကိုယ့္ကိုကိုယ္ေတာင္ ျပန္႐ြံမိတဲ့အထိပဲ။
ထိုလူကေတာ့ အသားမာတက္ေနသည့္
သူ႔လက္ၾကမ္းႀကီးႏွင့္ ဝိုင္းေလး၏
လည္ပင္းကို ထပ္၍ညႇစ္လိုက္ျပန္သည္။
အသက္ရႉၾကပ္သြားေသာေၾကာင့္
လည္ေခ်ာင္းတစ္ခုလုံး ေသေလာက္ေအာင္
နာက်င္ေနမိ၍ ပါးျပင္တစ္ေလွ်ာက္
မ်က္ရည္စီးေၾကာင္းႀကီး ျဖစ္သြားရသည္။
"နင္ခန႔္မွန္းတာမွန္တယ္..နင့္ယာက္်ားဆီကေန
ပိုက္ဆံရၿပီးလဲ..ငါတို႔ကနင့္ကိုေရာင္းစားပစ္မွာ.."
"လူယုတ္မာေတြ ရွင္တို႔လုပ္ခဲ့တဲ့အျပစ္တြအတြက္
ျပန္ၿပီဒဏ္ခတ္ခံရပါေစ.."
"ပထမတစ္ခါနင့္ဆုေတာင္းေတြ ျပည့္ခဲ့ေပမဲ့
ဒီတစ္ခါေတာ့ ျပည့္ေတာ့မွာမဟုတ္ဘူး.."
"ရွင္ဘာေျပာလိုက္တယ္.."
ဦးမင္းဒင္၏စကားေၾကာင့္ ဝိုင္းေလးအံ့ဩ
သြားမိသည္။
ပထမတစ္ခါဆိုေတာ့ အဲ့ဒီ့ေန႔ကအေမွာင္ထုထဲမွာ
ဝိုင္းေလးနဲ႔အတူ ရွိေနခဲ့တဲ့လူက
ဦးမင္းဒင္မ်ားလား ။
ထိတ္လန႔္တုန္လႈပ္စြာႏွင့္ ဦးမင္းဒင္၏
မ်က္၀န္းေတြထဲအထိ စူးစိုက္ၾကည့္ေနမိခ်ိန္
ဦးမင္းဒင္က ခပ္ဟဟတစ္ခ်က္ရယ္လိုက္ၿပီး
သူ႔ရဲ႕လက္မႏွင့္ လက္ညႇိဳးကိုသေထြးစြတ္လိုက္ကာ
ဝိုင္းေလး၏ နား႐ြက္ဖ်ားကို လာတို႔ေလသည္။
*အေမွာင္ထုထဲက မေကာင္းဆိုးဝါးႀကီးလည္း
ဝိုင္းေလးကို ဒီလိုလုပ္ခဲ့ဖူးတယ္..*
ဝိုင္းေလး၏ မ်က္၀န္းေတြခ်က္ခ်င္း
ျပဴးက်ယ္သြားသလို ဦးမင္းဒင္းကိုလည္း
ပို၍ေၾကာက္႐ြံ႕လာမိသည္။
ငယ္ငယ္တည္းက အျမစ္တြယ္လာသည့္
အေၾကာက္တရားတစ္ခု၊အိပ္မက္ေတြထဲအထိ
အၿမဲေျခာက္လွန႔္ေနခဲ့သည့္ အေမွာင္ထုထဲက
မေကာင္းဆိုးဝါးႀကီးဟာ ဝိုင္းေလး၏
ေရွ႕တည့္တည့္မွာ ရွိေနသည္။
"နင့္ကိုစေတြ႕ေတာ့ ေမဝိုင္းေလးဆိုတဲ့နာမည္ကို
ၾကားလိုက္ရတည္းက ငါမွတ္မိေနခဲ့တာ
အဲ့ဒီ့ေန႔က နင့္မိဘေတြနင့္နာမည္ကို
ေအာ္ေခၚၿပီး ေရကန္စပ္ကအိမ္ကို
ေရာက္လာတည္းက ေသရာပါေအာင္
မွတ္ထားခဲ့လိုက္တာေလ..ပထမတစ္ခါက
လြတ္ေျမာက္သြားခဲ့ေပမဲ့ အခုတစ္ေခါက္ေတာ့
မင္းကိုေရာင္းမစားခင္ ငါကိုယ္တိုင္
ေသခ်ာျမည္းစမ္းဖို႔ စဥ္းစားထားၿပီးသား.."
"ရွင္မယုတ္မာနဲ႔ေနာ္.."
ေျပာရင္းဆိုရင္း ဝိုင္းေလး၏ေပါင္ကို
ထိကိုင္ဖို႔ ႀကိဳးစားလာေသာေၾကာင့္
အာေခါင္ျခစ္၍ေအာ္ေနမိသည္။
*ဒုန္း!!!!!*
ထိုအခ်ိန္ခဏတာအတြင္းမွာ လူတစ္ေယာက္က
အခန္းတံခါးကို ခပ္ျပင္းျပင္း
ေဆာင့္ကန္လိုက္သံႏွင့္အတူ အျဖစ္အပ်က္မ်ိဳးစုံ
ျဖစ္ပြားသြားခဲ့သည္။
အခန္းထဲသို႔ ကိုကိုႏွင့္အျခားသူမ်ား
၀င္လာၿပီး ဦးမင္းဒင္တို႔ကိုဖမ္းခ်ဳပ္လိုက္ၾကသည္။
ေနာက္ဆုံးအခိုက္အတန႔္အထိ
အတင္း႐ုန္းကန္ေနၿပီး ေနာင္တရားမရွိေသာ
ဦးမင္းဒင္သည္ လက္ထိပ္ခတ္ခံထားရသည့္
ပုံစံႏွင့္ ရဲမ်ားကဖမ္းဆီးခ်ဳပ္ေႏွာင္တာ
ခံလိုက္ရသည္။
ကိုကိုသည္လည္း ဦးမင္းဒင္၏မ်က္ႏွာကို
အခ်က္ေပါင္းမ်ားစြာ ထိုးႏွက္ခဲ့၍
လက္သီးဆုပ္ေတြပါ ေယာင္ကိုင္းေနေလသည္။
"ေမ..ေမအရမ္းေၾကာက္ေနမွာပဲေနာ္.."
႐ုတ္တရက္ဆန္သည့္အျဖစ္အပ်က္ေၾကာင့္
အာ႐ုံေထြျပားသည္ထင္ၿပီး ကိုကို႔အသံကို
ၾကားတစ္ခ်က္၊မၾကားတစ္ခ်က္ျဖစ္ေနသည္။
ဝိုင္းေလး၏ ခႏၶာကိုယ္ေပၚမွအခ်ဳပ္အေႏွာင္ေတြ
အားလုံးကို ဖယ္ရွားေပးလိုက္ၿပီးေနာက္
ကိုကိုက ဝိုင္းေလးကို သူ႔ရင္ခြင္ရိပ္အား
ခိုလႈံေစသည္။
ဝိုင္းေလးကေတာ့ ဘာစကားတစ္ခြန္းမွ
မေျပာႏိုင္ေတာ့ပဲ ကိုကို႔လက္ေမာင္းကိုသာ
အားကိုးတႀကီး ဆုပ္ကိုင္ထားလိုက္မိသည္။
ဝိုင္းေလး၏ ဆံစေတြကိုပြတ္သပ္ေပးလာေသာ
ေႏြးေထြးသည့္ အထိအေတြ႕တစ္ခု၊
ဝိုင္းေလး၏ မ်က္ရည္ေတြကို
သိမ္းဆည္းေပးေနေသာ လက္ေခ်ာင္းေလးေတြႏွင့္
နဖူးေပၚသို႔ ဖိကပ္လိုက္သည့္ ပူပူေႏြးေႏြး
အနမ္းတစ္ပြင့္...ထာ၀ရဆုံးရႈံးရေတာ့မည္ဟု
ထင္ခဲ့မိတာပါ။
"မငိုနဲ႔ေတာ့ေလ..ေမ့အနားမွာကိုကိုရွိတယ္ေနာ္
ဘာမွအားမငယ္နဲ႔..ေမအခုလြတ္ေျမာက္သြားၿပီ
အခုဘာအႏၲရာယ္မွ မရွိေတာ့ဘူးသိလား..
ကိုကိုေမ့ကို ကာကြယ္ေပးမယ္..."
ဘာအႏၲရာယ္မွ မရွိေတာ့ဘူး...။
ေမ့အနားမွာကိုကိုရွိတယ္ေနာ္..ဆိုသည့္
စကားေၾကာင့္ ရင္ခုန္ႏႈန္းေတြျပန္တည္ၿငိမ္သြားၿပီး
စိတ္သက္သာရာ ရမႈႏွင့္အတူမ်က္၀န္းေတြကို
ေမွးစဥ္းခ်လိုက္မိသည္။
ထိုအခ်ိန္ခဏေလးမွာ ကိုကို႔ရင္ခြင္ထဲ၌
သတိေမ့သြားသည္လား ၊တစ္ကိုယ္လုံး
နာက်င္ေနေသာေၾကာင့္ ပင္ပန္းႏြမ္းႏြယ္ကာ
အိပ္စက္လိုက္မိသည္လားဆိုတာ
ကိုယ္တိုင္ေတာင္ မမွတ္မိေတာ့ေပ။
*ဝိုင္းေလးသိတာတစ္ခုက အခုအခ်ိန္မွာ
ဝိုင္းေလးလုံၿခဳံသြားၿပီဆိုတာပါပဲ..
ကိုကိုသာ အနားမွာရွိေနရင္
ဝိုင္းေလးဘာကိုမွ မေၾကာက္ဘူး..*
🔥🔥🔥🔥🔥🔥🔥🔥
ေဆး႐ုံႀကီး၏ ဗြီအိုင္ပီအခန္းထဲတြင္ေတာ့
ႏွစ္ဖက္မိသားစုမ်ားအားလုံးသည္
လူနာကုတင္ေပၚတြင္ လွဲေနေသာ
ေမဝိုင္းေလးကိုသာ သနားစာနာေသာ
မ်က္၀န္းမ်ားႏွင့္ ၾကည့္ေနမိၾကေလသည္။
မင္းစက္ကေန ေဆး႐ုံအခန္း၏
ျပဴတင္းတံခါးေဘးတြင္ရပ္ကာ
ေမ့ကိုေက်ာေပးထားမိေလသည္။
ေမ့မ်က္ႏွာေလးကို ၾကည့္လိုက္မိသည္ႏွင့္
သူ႔ရင္ထဲမွာ အပ္ရွလာသည္။
ျပန္ေပးသမားေတြလက္ထဲကေန ေမ့ကို
ျပန္ကယ္တင္လိုက္ႏိုင္ခဲ့ေပမဲ့ အစတည္းက
ေသခ်ာမကာကြယ္ေပးႏိုင္ခဲ့မိတဲ့
ကိုယ့္ကိုကိုယ္သာ အျပစ္တင္ေနမိသည္။
"ငါ့ေျမးေလးသနားပါတယ္ႏုရယ္..
ၾကည့္ပါအုံး တစ္ကိုယ္လုံးလည္း
ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔.."
"ေတာင္းပန္ပါတယ္မိစံရယ္..အခုလိုျဖစ္ရတာ
ငါတို႔ေသခ်ာမၾကည့္ပဲခန႔္လိုက္တဲ့
ဒါ႐ိုင္ဘာေၾကာင့္ဆိုေပမဲ့ အဓိကတရားခံက
ငါတို႔ပါပဲ..ငါေတာင္းပန္ပါတယ္ဟာ.."
"မလိုပါဘူးအန္တီရယ္..အခုကိစၥကအန္တီတို႔လည္း
ႀကိဳသိတာမွ မဟုတ္ပဲ.."
ေဒၚတင္မမက ၀င္ၿပီးျဖန္ေျဖေပမဲ့ အေဒၚျဖစ္သူ
ေ႐ႊရည္၀င္းကေတာ့ ေမဝိုင္းေလး၏
ခႏၶာကိုယ္ေပၚက ဒဏ္ရာေတြကိုၾကည့္မိေလ
ပိုေဒါသထြက္လာေလ ျဖစ္ေနသည္။
"ငါတို႔ကိုကမွားတာပါ ဝိုင္းေလးကို
ေကာင္းစားေစခ်င္လို႔ ပိုက္ဆံခ်မ္းသာတဲ့လူနဲ႔
ေပးစားလိုက္မိတဲ့ ငါတို႔ကိုကမွားတာ
မဟုတ္ရင္ ဒီလိုအျဖစ္မ်ိဳးႀကဳံရမွာမဟုတ္ဘူး.."
"ေ႐ႊရည္၀င္းရယ္..ဘာေတြေလွ်ာက္ေျပာေနတာလဲ
အခုကိစၥကသူတို႔ေၾကာင့္မွမဟုတ္ပဲ
မဟုတ္တာေတြကို
ေလွ်ာက္မေျပာစမ္းပါနဲ႔.."
"အေမကလည္း ေဒၚေလးေျပာတာလည္း
မွန္ေနတာပဲေလ..ဝိုင္းေလးျပန္ေပးဆြဲခံရတဲ့
အဓိကအေၾကာင္းအရင္းက ကိုစက္က
ပိုက္ဆံခ်မ္းသာေနလို႔ပဲ မဟုတ္ဘူးလား..
အေမတို႔က ခ်မ္းသာတာကိုမက္ေမာၿပီး
ေပးစားလိုက္လို႔ အခုလိုေတြျဖစ္ရတာ.."
ေဒၚေ႐ႊရည္၀င္းက တူမျဖစ္သူ၏ဒဏ္ရာဗလပြႏွင့္
ပုံစံကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ကာ
ေျပာလိုက္တာကို ခင္ထိပ္ထားဦးက
တမင္းေျမႇာက္ေဆာင့္ လုပ္ေပးလိုက္ေလသည္။
ဒီလိုေျပာလာေတာ့ တစ္ဖက္မိသားစုမွ
ဂ်ိဳပါေသာ ေဒၚခိုင္မိုးျမင့္က လက္သီးကို
က်စ္က်စ္ပါေအာင္ဆုပ္ကာ ေရွ႕ထြက္လာခဲ့သည္။
"နင္တို႔အဲ့လိုေတာ့မေျပာနဲ႔ဟဲ့..ဒီလက္ထပ္ပြဲက
ႏွစ္ဦးႏွစ္ဖက္ သေဘာတူလို႔ျဖစ္လာတာ
မဟုတ္ဘူးလား..အခုမွဟိုလူ႔လႊဲခ်၊ဒီလူ႔လႊဲခ်နဲ႔
ဘာလို႔လာရမ္းေနတာလဲ..နင္တို႔လိုေျပာေၾကးဆို
ငါ့တူက ေမဝိုင္းေလးကိုလက္ထပ္လိုက္ရေတာ့
ပိုေတာင္နစ္နာေသးတယ္သိရဲ႕လား.."
"မမခိုင္ရယ္..အားလုံးစိတ္မေကာင္း
ျဖစ္ေနၾကတဲ့အခ်ိန္ ညိမ္ညိမ္ေလးေနေပးစမ္းပါ.."
"ဟဲ့..ငါကညိမ္ညိမ္ေနခ်င္တယ္ေလ..
ဟိုကနင္တို႔ကိုေျပာေနတာမၾကားဘူးလား.."
"အားလုံးေတာ္ၾကေတာ့..!!!!"
အခန္းတစ္ခုလုံး ဟိန္းသြားေအာင္ ေအာ္လိုက္သည့္
မင္းစက္၏ အသံဩဩႀကီးေၾကာင့္
အားလုံးတိတ္က်သြားေလသည္။
မင္းစက္သည္ ျပဴတင္းေပါက္နားမွာရပ္ေနရင္း
ဟိုးအေဝးႀကီးကို ေရာက္တတ္ရာရာ
ေမွ်ာ္ေငးၾကည့္ေနမိတာကို ရပ္တန႔္လိုက္ၿပီး
ေမဝိုင္းေလး၏ ခုတင္နားတြင္ရပ္လိုက္ကာ
ေဒၚတင္မမတို႔ကို ေတာင္းပန္သည့္မ်က္၀န္းမ်ားႏွင့္
ၾကည့္လိုက္သည္။
"ကြၽန္ေတာ္ကတိေပးပါတယ္..ေနာက္တစ္ခါ
ဒီလိုအျဖစ္မ်ိဳး ထပ္မျဖစ္ေစရေတာ့ပါဘူး
ေမ့ကို ကြၽန္ေတာ့္အသက္နဲ႔လဲၿပီး
ကာကြယ္ေပးသြားမွာပါ..ကြၽန္ေတာ့္ကို
အခြင့္အေရးထပ္ေပးပါလို႔ ေတာင္းဆိုပါတယ္.."
မင္းစက္က ေမဝိုင္းေလး၏မိသားစုေတြအားလုံးကို
ဦးၫႊတ္ကာ ေတာင္းဆိုလိုက္ေတာ့
ေဒၚရတနာတို႔အားလုံးလည္း
အံ့အားသင့္ကုန္ၾကေလသည္။
ေမဝိုင္းေလးရဲ႕ မိသားစုကေတာ့မင္းစက္၏
အေၾကာင္းကိုထဲထဲ၀င္၀င္မသိေတာ့
မင္းစက္၏ ေတာင္းပန္မႈကို
သာမာန္မ်က္၀န္းမ်ားႏွင့္သာ ၾကည့္ေနၾကေလသည္။
ေဒၚရတနာတို႔အတြက္ေတာ့ မင္းစက္အာဏာလို
နတ္ဘုရားအငယ္စားေလးဆီကေန
ေတာင္းပန္စကားဆိုလာျခင္းက
သာမာန္မဟုတ္ေပ။
သူတို႔သိတဲ့ မင္းစက္ဟာဒီလိုသာမာန္ရပ္ကြက္က
အမ်ိဳးသမီးမ်ားကို ဦးၫႊတ္လိမ့္မည္မဟုတ္ေပ။
စီးပြားေရးႏွင့္ပတ္သတ္သည့္
ထူးခြၽန္ဆုမ်ားကိုေတာင္
ႏိုင္ငံတကာ ဆင္ျမင့္ေပၚမွာ
ေခါင္းေမာ့၊ရင္ေကာ့ၿပီး တက္ယူခဲ့သည့္
လူျဖစ္သည္။
သူ႔ပတ္၀န္းက်င္မွာ အရွိန္အဝါတလက္လက္ႏွင့္
အေလးစားခံ ပုဂၢိဳလ္ငယ္ေလးက
အခုေတာ့ သူ႔မိန္းမအတြက္ဆိုအရာအားလုံးကို
ဦးၫႊတ္ႏိုင္ေနတာလား။
*ေမဝိုင္းေလးက ကံအေကာင္းဆုံးလူသား
ျဖစ္သြားၿပီမဟုတ္ပါလား..
မင္းစက္အာဏာအတြက္ သီးသန႔္အခြင့္ထူးခံ
လူသားေလး...*
"ဟယ္..ဝိုင္းေလးသတိရလာၿပီ.."
လူနာကုတင္ခါင္းရင္းဘက္တြင္ ထိုင္ေနေသာ
ေဒၚမိစံက သတိေပးလိုက္ေတာ့
အားလုံး ၀မ္းသာသြားၾကၿပီးအရွ႕သို႔
တိုးကပ္သြားၾကေလသည္။
မင္းစက္သည္လည္း ေမ့ရဲ႕ေဘးမွာထိုင္လွ်က္
ေမ့လက္ကေလးကို ကိုင္ထားလိုက္မိသည္။
"ေမ..သက္သာရဲ႕လား..."
မင္းစက္သည္ သူ႔ဘ၀တြင္အႏူးညံ့ဆုံးဟု
ရာဇ၀င္တြင္ႏိုင္သည့္ ေလသံမ်ိဳးႏွင့္ေမ့ရဲ႕
လက္ဖဝါးေလးေတြကို ပြတ္သပ္ကာ
ေမးလိုက္ေတာ့ ေမကမ်က္လုံးေမွးေမွးေလးႏွင့္
ျပန္ၾကည့္လာကာ ေခါင္းညိမ့္ျပလာသည္။
"ေမဝိုင္းေလး..နင့္ကိုျပန္ေပးဆြဲတဲ့လူေတြက
နင့္ကို တစ္ခုခုလုပ္လိုက္ၾကေသးလား.."
ခင္ထိပ္ထားဦး၏စကားေၾကာင့္ ေမဝိုင္းေလး၏
အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတြင္ေနေသာ
မ်က္ႏွာေလးသည္ ခ်က္ခ်င္းမဲ့၍သြားေတာ့သည္။
"မမ..နင့္စကားကဘာကိုဆိုလိုတာလဲ.."
"နင္ကငယ္ငယ္ကလည္း ဒီလိုအျဖစ္မ်ိဳး
ႀကဳံဖူးေတာ့ ငါကစိုးရိမ္လို႔ေမးတာပါ..
နင္တစ္ညလုံးသူတို႔နဲ႔အတူ
ရွိခဲ့တာဆိုေတာ့ သူတို႔နင့္ကိုမတရားႀကံတာမ်ိဳး
လုပ္ေသးလား.."
"ခင္ထိပ္ထားဦး..နင္ဘာစကားေတြ
ေလွ်ာက္ေျပာေနတာလဲ.."
အဖြားမိစံလည္း မေမးသင့္မေမးအပ္သည့္
စကားေတြကို ေျပာထြက္သည့္ခင္ထိပ္ထားဦးကို
မာန္မဲလိုက္ေတာ့သည္။
ခင္ထိပ္ထားဦးကေတာ့ အေစာတည္းက
ေမဝိုင္းေလးကို စိတ္ဆင္းရဲေစခ်င္သူမို႔
မ်က္ႏွာတစ္ခ်က္မပ်က္ပဲ ဟန္လုပ္ကာ
မဲ့လိုက္ေလသည္။
"သမီးေျပာတာမမွန္လို႔လား...
သူအသက္ဆယ့္တစ္ႏွစ္ေလာက္တုန္းကလည္း
ဒီလိုတစ္ခါျဖစ္ေသးတယ္ေလ..အဲ့ဒီ့တုန္းက
ကေလာမွာရွိတဲ့ ေတာင္ေျခကအိမ္ပ်က္ႀကီးထဲမွာ
ေမဝိုင္းေလးကို ျပန္ရွာေတြခဲ့တာမဟုတ္ဘူးလား.."
"ခင္ထိပ္ထားဦး နင့္ပါးစပ္ကိုပိတ္လိုက္ေတာ့ေနာ္.."
ေဒၚတင္မမကလည္း စကားေတြမလြန္ခင္
ေဒါသတႀကီး ေအာ္လိုက္ကာသမီးျဖစ္သူ၏
လက္ေမာင္းကို ဖိဆုပ္လိုက္မိေလသည္။
ဝိုင္းေလးကေတာ့ ဒဏ္ရာေဟာင္းကို
ျပန္တူးေဖာ္ေနသည့္ ခင္ထိပ္ထားဦးေၾကာင့္
ရွက္လြန္းသျဖင့္ မ်က္ႏွာကိုလက္ႏွစ္ဖက္ႏွင့္
အုပ္ကာ ငိုရႈိက္ေနမိေတာ့သည္။
"ေမဝိုင္းေလး..နင္ကဘာလို႔ငိုေနတာလဲ..
ဒီကိစၥကို..နင့္ေယာက္်ားမသိဘူးလား.."
"မိစံ..ခင္ထိပ္ထားဦးေျပာေနတာေတြက
အမွန္ေတြပဲလား.."
ဖြားဖြားႏုသည္လည္း သူငယ္ခ်င္းအရင္းျဖစ္သူ
မိစံကို ၾကည့္ကာပြင့္ပြင့္လင္းလင္း
ေမးလိုက္မိေတာ့သည္။
ဖြားမိစံကေတာ့ စိတ္မလုံမလဲျဖစ္လာ၍
မ်က္ႏွာလႊဲကာ ေခါင္းသာငုံ႔လိုက္ေလေတာ့သည္။
"လက္စသတ္ေတာ့..ဖြားဖြားတို႔၊ေမေမတို႔
အားလုံးက ေမဝိုင္းေလးငယ္ငယ္က
လူတစ္ေယာက္နဲ႔အိမ္ပ်က္ႀကီးထဲမွာ
အတူရွိခဲ့တဲ့ကိစၥကို ..ကိုစက္တို႔မသိေအာင္
လွ်ိဳ႕ဝွက္ထားၾကတာပဲ.."
ခင္ထိပ္ထားဦးသည္ မိသားစုကိုပါထပ္မံ
အပုတ္ခ်လိုက္ၿပီး ခနဲ႔တဲ့တဲ့ၿပဳံးလိုက္ကာ
မင္းစက္ကို စိုက္ၾကည့္လိုက္သည္။
"ကိုစက္..ရွင္ေတာ့နားဖားႀကိဳးထိုးခံလိုက္ရတာပဲ..
ေမဝိုင္းေလးက ရွင္ထင္သလို
သန႔္စင္တဲ့ မိန္းကေလးတစ္ေယာက္မဟုတ္ဘူး.."
"ခင္ထိပ္ထားဦး..နင္ေတာ္လိုက္ေတာ့..."
*ျဖန္း!!!!"
ေဆးအပ္ခ်ိတ္ထားလွ်က္ႏွင့္ပင္ ဝိုင္းေလးလည္း
သည္းမခံႏိုင္ေတာ့ပဲ မမထိပ္ထားဦး၏ပါးကို
႐ိုက္ခ်ပစ္လိုက္သည္။
ခင္ထိပ္ထားဦးသည္လည္း ေဒၚသထြက္သြားကာ
ေမဝိုင္းေလးကို ျပန္႐ိုက္ဖို႔လုပ္လိုက္ေပမဲ့
သူ႔လက္ကို ဖမ္းဆြဲလိုက္သည့္ သန္မာေသာ
လက္တစ္စုံေၾကာင့္ သူေရွ႕ဆက္တိုးလို႔
မရေတာ့ဘူးျဖစ္ေနသည္။
သူ႔လက္ကို ဖမ္းဆြဲထားသူအား ၾကည့္လိုက္ေတာ့
မီးေတာက္ေတာ့မလို မ်က္၀န္းေတြႏွင့္
ခံစားခ်က္လႈိင္းထန္ေနေသာ မင္းစက္ကို
ေတြ႕လိုက္ရသည္။
မင္းစက္သည္လည္း ခင္ထိပ္ထားဦး၏လက္ကို
ဖမ္းဆြဲထားမိရာမွ ေဆာင့္ခါပစ္လိုက္ၿပီး
အခန္းထဲတြင္ ရွိသမွ်လူတိုင္းကို
ထြက္သြားေစလိုေသာ အၾကည့္မ်ိဳးျဖင့္
ၾကည့္ပစ္လိုက္သည္။
"အားလုံးထြက္သြားေပးၾကပါ..
ဒီကိစၥနဲ႔ပတ္သတ္ၿပီး ေမနဲ႔ႏွစ္ေယာက္တည္း
စကားေျပာခ်င္တယ္.."
အခန္း(၅၇)ဆက္ရန္***
🔥🔥🔥🔥🔥🔥🔥
ေနာက္တစ္ခန္းက ဇာတ္သိမ္းခန္းပါ..
No comments:
Post a Comment